အပိုင်း (၄၄)
Viewers 31k

part 44


စုန့်ထင်ရှန်းနှင့်လီကျင်းတို့သည် နောက်ဆုံးရောက်လာသောသူများဖြစ်ကြသည်။


လီယွမ်ဟန်က သူတို့မြို့ ၌နာမည်ကြီးသော ပင်လယ်စာ စားသောက်ဆိုင်တွင် အခန်းတစ်ခန်းကို သီးသန့်မှာထားခဲ့သည်။ 


အခန်းထဲရှိ စားပွဲ၂လုံးတွင် လူအများပြားနှင့်ပြည့်ကျပ်နေလေသည်။ စုန့်ထင်ရှန်းရောက်ရှိလာခြင်းက ညနေခင်းကိုပိုအသက်ဝင်သွားစေသည်။


လီယွမ်ဟန်က သူ့ သူငယ်ချင်းကို မိန်းမခေါ်လာဖို့ ပြောထားသော်လည်း  ယွမ်ရှ မပာလာသည်ကို  မအံ့သြပေ။  သူ စုန့်ထင်ရှန်းကို နှုတ်ဆက်လိုက်ပြီး ထိုင်ခိုင်းလိုက်သည်။


လီကျင်းက စုန့်ထင်ရှန်း၏ဘေးတွင် သဘာဝကျစွာ ဝင်ထိုင်လိုက်သည်။


စုန့်ထင်ရှန်းသည် ကောလိပ်တက်နေစဉ်အချိန်၌ အလုပ်လုပ်နေရသောကြောင့် သူ၏အခန်းဖော်များမှလွဲ၍ အခြား အခန်းဖော်များနှင့်

ရင်းနှီးခြင်းမရှိပေ။


"ဘာလို့ ခယ်မ ကိုခေါ်မလာတာလဲ..."


စုန့်ထင်ရှန်း၏ကောလိပ်အခန်းဖော်ဖြစ်ခဲ့ဖူးသော ယန်ချောင် ကပြုံးပြလိုက်ရင်း ...


"စဉ်းစားကြည့်မယ်ဆိုရင် 

ခယ်မကိူ  နောက်ဆုံးတွေ့ခဲ့တာက ဝမ်လေးရဲ့ ပထမဆုံးမွေးနေ့ မင်းသူ့ကိုငါတို့ကျောင်းလာတက်ဖို့ရာတောင်မခေါ်ကြဘူး..မင်းဒီနေ့အတန်းဖော်ပြန်လည်တွေ့ဆုံပွဲမှာ ဘာလို့ သူမကိုခေါ်မလာပြန်တာလဲ

မနက်ဖြန် ယွမ်ဟန်ရဲ့ မင်္ဂလာဆောင်ကိုရောလာမှာမဟုတ်ဘူးလား..."


ထိုကိစ္စနှင့်ပတ်သက်ပြီးအမှန်တကယ်ပြောစရာမရှိချေ။ 


စုန့်ထင်ရှန်းသည် ယွမ်ရှအား သူ့သူငယ်ချင်း မင်္ဂဆောင်သို့ ခေါ်ရန် ရည်ရွယ်ချက်မရှိပေ။


"သူ အရမ်းအလုပ်များနေတာ..."


 သူက အရင်အတိုင်းပင် ရည်ရွယ်ချက်ရှိစွာ ထိုအကြောင်းပြချက်ကို အကြိမ်များစွာ သုံးလေ့ရှိသည်။


"သူမက ဘာတွေအလုပ်ရှုပ်နေတာလဲ ...

နာမည်ကြီးမင်းသမီးတောင် မင်းမိန်းမလောက် အလုပ်မရှုပ်ဘူး ...."


 သူ၏ကောလိပ်ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ကပြောလိုက်သည်။


"နာမည်ကြီးမင်းသမီးတွေတောင် အနားယူချိန်ဆိူတာရှိတယ် လောင်စန်း အမှန်တိုင်းပြောစမ်းပါ မင်းနဲ့ မင်းမိန်းမတို့ ဘာတွေဖြစ်ထားကြတာလဲ..."


 လူတိုင်းသည် စုန့်ထင်ရှန်းကသူ့မိန်းမနှင့် ကောင်းမွန်သောဆက်ဆံရေးမဟုတ်ဘူးဟု တွေးထင်ခဲ့ကြသည်။ ထိုသို့မဟုတ်ခဲ့ပါက သူမသည် သူတို့နှင့်တွေ့ဆုံခြင်းကို လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဘယ်ကြောင့်တစ်ခါ မှမလုပ်ခဲ့သနည်း။


လီယွမ်ဟန်က ပျော်ရွှင်နေသော အသံဖြင့်ဝင်ပြောလိုက်သည်။


"လောင်အာ့  မင်းဒီနေ့ သောက်တာများသွားတော့အိပ်သင့်ပြီ နောက်ရက်မှ နောင်တရလိမ့်မယ်နော်

တစ်ခုခု မပြောရသေးခင် မြန်မြန်အိပ်လိုက်တော့

မဟုတ်ရင် မနက်ဖြန်မင်းဘာမှမမှတ်မိတဲ့အချိန်ကျ 

တောင်းပန်ဖို့နောက်ကျသွားလိမ့်မယ်..."


ခင်မင်ရင်းနှီးပေါင်းသင်းဆက်ဆံရေးကောင်းသောကောလိပ်ကျောင်းနေဖက်သူငယ်ချင်းများသည် တစ်သက်လုံး သူငယ်ချင်းကောင်းများဖြစ်လာနိုင်သည်။ 


စုန့်ထင်ရှန်းသည် သူ၏ကောလိပ်ကျောင်းနေဖက်သူငယ်ချင်းဟောင်းများနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိသည်။သူသည် ထိုသူငယ်ချင်းများနှင့် နှစ်ပေါင်းများစွာခင်မင်ရင်းနှီးမှုရှိခဲ့ပြီး အလွန်ပင်ချစ်မြတ်နိုးခဲ့လေသည်။


သို့သော် သူတို့က အလွန်ခင်သော သူငယ်ချင်းများဖြစ်ကြသော်လည်း စုန့်ထင်ရှန်းသည်သူတို့နှင့် သူ၏အိမ်ထောင်ရေးအကြောင်းကိုမပြောပြပေ။ထို့ကြောင့် အဖွဲ့ထဲတွင် စုန့်ထင်ရှန်းနှင့် အရင်းနှီးဆုံးသူငယ်ချင်းလီယွမ်ဟန်လည်း သူ၏သူငယ်ချင်းက ယွမ်ရှနှင့် မည်သို့ ပေါင်းသင်းနေသည်ကို မသိပေ။


စုန့်ထင်ရှန်း၏အမြင်သည် စုံတွဲတစ်တွဲကြားရှိ ကိစ္စများနှင့်ပတ်သက်လျှင် မိဘများပင်အပြင်လူဖြစ်ပြီး သူငယ်ချင်းမျာသည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ဤသို့ဖြင့် သူသည် ဘာမှမပြောပြချင်တော့ပေ။ 


တကယ်တမ်း သူက ဘာတွေပြောနိုင်မှာမို့လဲ....


ယွမ်ရှက လှည့်ကွက်သုံးကာ ကြံစည်ခဲ့သည်ဆိုရင်တောင်မှ သူတို့၂ယောက်ကြားထဲ၌သာ ထားရှိမည်။


ထို့အပြင် သူမသည် သူ့ကလေး၏မိခင်လဲဖြစ်သည်။ အပြင်လူများရှေ့၌ (သို့) သူနှင့်ရင်းနှီးသောလူများရှေ့တွင် သူမနှင့်ပတ်သက်၍ မကောင်းကြောင်းတစ်စုံတစ်ရာကိုဘယ်တော့မှ မပြောခဲ့ချေ။


စုတ့်ထင်ရှန်း သူရှေ့ရှိ ဝိုင်ခွက်ကို မြှောက်လိုက်ရင်းထရပ်လိုက်သည်။


"ဒီနေ့ ရောက်လာတဲ့ လူတွေထဲမှာ ငါက နောက်ဆုံးလူဘဲ ဒါကြောင့် တစ်ခွက်လုံးသောက်ပြီး ကိုယ့်ကိုကိုယ် အပြစ်ပေးပါ့မယ်..."


သူသည် ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။


အစာမရှိပဲ အရက်သောက်လိုက်ရင် ဗိုက်ထဲမှာ ဘယ်လိုအဆင်ပြေနိုင်ပါ့မလဲ...။


 လီကျင်း သူမ၏နှုတ်ခမ်းကို တင်းတင်းဖိလိုက်မိသည်။


သူမ အစ်ကိုသူငယ်ချင်းများက အလွန်လွန်သည်ဟု ခံစားရသည်။သူတို့က စုန့်ထင်ရှန်းကို အရက်သောက်ရန် တွန်အားပေးကြသည်။


တစ်ချိန်ထဲတွင်  မစ္စ စုန့်က ညဏ်များသည်ဟုခံစားလိုက်ရသည်။


သူတို့ဇနီးမောင်နှံကြား ဆက်ဆံရေး မကောင်းပါက ချစ်ခြင်းမေတ္တာမရှိသော အိမ်ထောင်ရေး၌ စုန့်ထင်ရှန်းကို အဘယ်ကြောင့် ချုပ်ထားရသနည်း။


သူမ ဝိုင်ခွက်ကိုမြှောက်လိုက်ပြီး


"ကျွန်မလည်း နောက်ဆုံးရောက်လာတဲ့လူတွေထဲက တစ်ယောက်ပါ

ဒါကြောင့် ကျွန်မကိုယ်ကို အပြစ်ပေးပါ့မယ်..."