အပိုင်း (၄၅)
Viewers 31k

part 45


သူတိူ့အားလုံး လီယွမ်ဟန့်ကို ဂုဏ်ပြုရန်အတွက် ထိုနေရာကို ရောက်လာခဲ့ကြသည်။


စုန့်ထင်ရှန်း အဘယ်ကြောင့်သူ့မိန်းမကို ခေါ်မလာရတာလဲဆိုတာ သူတို့သည်မေးမှာမဟုတ်ပေ။ထိုမေးခွန်းမျိုးသည် သာမန်အားဖြင့် စိတ်အနှောက်ဖြစ်စေသည့်မေးခွန်းမျိုးဖြစ်သည်။ ထိုနေရာရှိလူတိုင်းသည်လည်း စုန့်ထင်ရှန်း၏ဒေါသကို သိကြသည်။


သူတို့သည် ကောလိပ်မှ ဘွဲ့ရင်္ပြးသည်အထိ ပေါင်းခဲ့ကြသည်မှာ ၁၀နှစ်ကျော်ရှိပြီဖြစ်သည်။ တချို့တွင် မူလန်းတန်းတက်နေသော ကလေးများပင် ရှိနေပြီဖြစ်သည်။သူတို့နှစ်ယောက်ပေါင်းသည်းဖို့သည် မလွယ်သောကြောင့် အချိန်ကိုအမှတ်ရစေရန်ပိုအရေးကြီးသည်။


စုန့်ထင်ရှန်း သူ့သူငယ်ချင်းများနှင့် ပျော်ပါးသွာ အရက်သောက်နေစဉ် ယွမ်ရှ သည် ဝမ်ကလေးကို ရေချိုးပေးပြီးနောက် ကာတွန်းကြည့်ကာ အိပ်ရာထဲ၌ရှိနေလေသည်။


ဝမ်လေးသည်  အလွန် ကောင်းသော  အစီစဉ်ဖြင့် အလှည့်ကျ အိပ်စက်ခဲ့သည်။သူ မနေ့က သူ့အဖေနှင့်အိပ်ခဲ့ရသည်ဆိုတော့ ယနေ့ သူ့အမေနှင့် အိပ်ရမည်ဖြစ်သည်။ သူသည် မိဘများကို လျစ်လျူမရှုဘဲ ဘုရင် တစ်ပါးလိုပင် လေးစားသည်။


သို့သော် သူလေးက ယွမ်ရှ၏စကားကို နားထောင်ခဲ့သည်။သူ မနက်မိုးလင်းလို့ အိပ်ရာမှနိုးရင်တောင် သူ့အမေကိုမနှိုးခဲ့ပေ။ အထူးသဖြင့် သူ အိပ်ရာမှ ထကာ သူ့အခန်းထဲမှ သူမထွက်သွားမည်စိုးရိမ်နေသည်။ ထို့ကြောင့်ပင် ယွမ်ရှက ကလေးလေးက သူမနှင့်နေ့တိုင်းအိပ်ချင်နေသည်ကို စိတ်မရှိတော့ချေ။


ဝမ်လေးသည် မူကြိုသာတက်ရသေးသော်လည်း ဘာသာစကား၂မျိုးတတ်မြောက်သောကြောင့် အင်္ဂလိပ်ကာတွန်းကားများစွာ ကြည့်ရှုခဲ့သည်။ ယွမ်ရှသည်လည်း အင်္ဂလိပ် စကားပြော သင်တန်းတက်နေသောကြောင့် ကလေးနှင့်အတူတူ ကာတွန်းကားများကို နေ့တိုင်းကြည့်လေ့ရှိသည်။


သူမသည် အင်္ဂလိပ်အခြေခံအုတ်မြစ်ရှိပြီး ယခုအခါ နိုင်ငံခြားသားဆရာများနှင့် တစ်ယောက်ချင်းသင်ကြားခွင့်ရသောကြောင့် သူမ၏အင်္ဂလိပ် စကားပြောသည် လျင်မြန်စွာ တိုးတက်လာတော့သည်။


(T/N-အင်္ဂလိပ်စာသည် မူလတန်းကျောင်းမှစတင်၍တရုတ်နိုင်ငံတွင် လိုအပ်သော သဘာရပ်ဖြစ်သောကြောင့် ယွမ်ရှသည် အင်္ဂလိပ်ဘာသာရပ်တွင်အခြေခံရှိပြီးဖြစ်သည်)


သူမ မူလဘဝသို့ ပြန်ဖြစ်ရန်မဖြစ်နိုင် မသိသော်လည်း မူလပိုင်ရှင်သည် ပြန်မလာချင်သောကြောင့်  သူတို့လိုချင်သောအရာက ရလဒ်ပေါ် မလွှမ်းမိုးနိုင်ကြောင်းကို သိလိုက်ရသည်။ထို့ကြောင့် သူမသည် အခွင့်အရေးရစဉ် မိမိုကိုယ်ကို တိုးတက်အောင် ကြိုးစားနေလေသည်။


အရင်အချိန်တုန်းက သူမမှာ ပိုက်ဆံနှင့်အားလပ်ချိန်မရှိဘူးဟု ညည်းတွားခဲ့ရသည်။ယခုချိန်တွင် ထို ၂ခုလုံးသည် သူမအတွက် ရနိုင်ပြီဖြစ်သောကြောင့်သူမ မပြောင်းလဲဘဲ မူလဘဝကိုပြန်သွားပါက ဖြုန်းတီးလိုက်ပြီဟု ခံစားရလိမ့်မည်။


ယွမ်ရှ အောက်ထပ်မှ အသံများကိုကြားလိုက်သောအခါ ဝမ်လေးက အိပ်ပျော်နေပြီဖြစ်သည်။


သူမ စုန့်ထင်ရှန်း ပြန်ရောက်လာပြီဟု ခန့်မှန်းလိုက်သည်။


သူမ အောက်ထပ်သို့ဆင်းရန် စိတ်ကူးမရှိပေ။သူမက ဝေ့ပေါ်ကို ကြည့်နေရင်း တစ်ယောက်ယောက်က သူမ၏တံခါးကို လာခောက်သံကိုကြားလိုက်ရသည်။


ယွမ်ရှ ကုတင်ပေါ်မှဆင်းကာ တံခါးကို တွန်းဖွင့်လိုက်သည်။ အိမ်စောင့်အဒေါ်ကိုမြင်လိုက်တာနှင့်တစ်ခုခု မှားနေကြောင်းသိလိုက်သည်။


"မစ္စစုန့် သခင်လေး ပြန်ရောက်ပြီ သူမူးနေတယ်"


ယွမ်ရှ စိတ်ထဲမှ "ဘာလို့ ငါ့ပြသာနာဖြစ်ရပြန်ပြီလဲ"ဟု တွေးတာ တံတွေးကိုမျိုချလိုက်သည်။ သူမ နှင့်စုန့်ထင်ရှန်းတို့သည် အခြားသူများအမြင်အရ ကောင်းမွန်သော ဆက်ဆံရေးမရှိပေမဲ့ သူတိူ့က အိမ်ထောင်သည် လင်မယားများဖြစ်နေကြဆဲပင်။သူမ ခေါင်းညိမ့်လိုက်ပြီး အပေါ်ထပ်ဝတ်ကာ အိမ်အကူအဒေါ်နောက်သို့လိုက်သွားခဲ့သည်။


သူမ စုန်းထင်ရှန်းကိုထမ်းထားသည့် အမျိုးသားကို မှတ်မိသည်။သူက စုန့်ထင်ရှန်း၏ကားမောင်းသူပင်ဖြစ်သည်။


ယွမ်ရှ၌ အရက်မူးနေသူအား ပြုစုရန် အတွေ့အကြုံမရှိချေ။


အိမ်အကူအဒေါ်က...


မဒမ်...မဒမ် နဲ့ ကားသမားတို့က မစ္စတာစုန့် ကို အခန်းထဲခေါ်သွားလိုက်ပါ ပြီးရင် မဒမ်က သူ့ကိုရေသောက်ခိုင်းလိုက်ပါ ကျွန်မ မနက်ဖြန်ကျရင် အမူးပြေ ဟင်းချိုချက်ပေးပါ့မယ် 

မနက်ဖြန်အိပ်ရာက နိုးလာရင် မစ္စတာစုန့် ခေါင်းကိုက်မှာမဟုတ်ပါဘူး..."


ကားဒရိုင်ဘာက  ယွမ်ရှ၏အကူညီမပါဘဲ စုန့်ထင်ရှန်းကို အခန်းထဲသို့ ပို့ပေးခဲ့သည်။ သူ့သူဌေးကုတင်ပေါ်၌ လဲလျောင်းနေပြီးနောက် ထွက်လာခဲ့လေသည်။


ယွမ်ရှ အမူးသမားကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။


သူမ သူ၏ဖိနပ်ကိုကြိုးစားပမ်းစားချွတ်ပြီးနောက်..."စုန့်ထင်ရှန်း စုန့်ထင်ရှန်း ...ရှင် ကျွန်မပြောတာကြားလား.."ဟုမေးလိုက်သည်။


သူက သူမ၏မေးခွန်းကို တုံ့ပြန်ခြင်းမရှိပေ။ သူမ အသက်ရှူလိုက်တိုင်း အရက်နံ့ပင်ရနေလေသည်။ မခံနိုင်အောင်ဆိုးသော အနံ့မဟုတ်ပေမဲ့လဲ နှစ်သက်စရာကောင်းသော အနံ့လဲမဟုတ်ခဲ့ချေ။


ယွမ်ရှ  ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ သူ့ကိုရေတိုက်ရန်ကလွဲပြီး ဘာမှမလုပ်တတ်ပေ...။


သူက ငြိမ်သက်စွာအိပ်ပျော်နေသောကြောင့် ယွမ်ရှလည်း သူ့ကိုငြိမ်းချမ်းစွာ အိပ်စက်နိုင်စေရန် အပြင်ထွက်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူမ အခန်းထဲက ထွက်လာချိန်တွင် ရုတ်တရက် သူ့အိတ်ကပ်ထဲမှ  ဖုန်းမြည်လာတော့သည်။


ယွမ်ရှ ဖုန်းကိုမကိူင်ရန်ဆုံးဖြတ်လိုက်ပြီး ခဏအကြာတွင် နောက်ထပ် ဖုန်မြည့်သံထွက်လာခဲ့လေသည်။

 ဖုန်းမြည်သံကြောင့် စုန့်ထင်ရှန်းနိုးမှာစိုးသောကြောင့် အိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။ ထိုဖုန်းခေါ်ဆိုသူ၏ အိုင်ဒီတွက် အမျိုးသမီး တစ်ယောက်၏အမည် လီကျင်း ဟု ပြသနေလေ၏။