အပိုင်း (၄၆)
Viewers 31k

part 46


သူမ ခန့်မှန်းချက်တစ်ခု တွေးလိုက်မိသည်။ စုန့်ထင်ရှန်းကအငယ်နှောင်းထားနေတာ

ဖြစ်နိုင်လား...။


သူမ ဒီဖုန်းကို ကိုင်သင့်လား မကိုင်သင့်ဘူးလား...။


သေချာစဉ်းစားပြီးနောက် ယွမ်ရှက ဖုန်းကိုင်လိုက်သည်နှင့် "အစ်ကိုကြီး စုန့် အိမ်ပြန်ရောက်ပြီလား"ဟု မေးလာသော ချိုသာတဲ့အသံကိုကြားလိုက်သည်။


အစ်ကိုကြီးလား....


ယွမ်ရှ ဒရာမာ တစ်ခုကို သရုပ်ဆောင်နေသည်ဟု ခဏတွေး လိုက်သည်။ ထိုကဲ့သို့ လုပ်ခြင်းသည် ခေတ်နောက်ကျလွန်းသည်။


သူမက  စိတ်အနှောင့်ယှက်ဖြစ်စေရန် ရည်ရွယ်ကာ လီကျင်း၏အသံထက်ပင် ပိုမိုအသံချိုသာစွာဖြင့် ဖြေလိုက်သည်။


 "ဟယ်လို စုန့်ထင်ရှန်းက သူ့ဖုန်းကိုချက်ချင်းဖြေဖို့ အဆင်မပြေလို့ပါနော်..."


ခဏမျှတိတ်ဆိတ်သွားပြီး နောက် တစ်ဖက်မှ အသံထပ်ထွက်လာသည်။


 "အစ်ကိုစုန့် အဆင်ပြေရဲ့လားဟင် သူဒီနေ့ ဝိုင် တွေအများကြီးသောက်လိုက်တယ်..."


လိုအပ်လာသော အချိန်တွင် အမျိုးသမီးတစ်ယောက်၏ အိုင်ကျူနှင့် စူးစမ်းစွမ်းရည် သည် ရှားလော့ဒ်ဟုမ်း ၏စွမ်းဆောင်ရည်ထက်ပင် ကျော်သွားမည်ဖြစ်သည်။


ယွမ်ရှသည် စုန့်ထင်ရှန်းနှင့် အသံပိုင်ရှင် တို့ ဘယ်လိုဆက်ဆံရေးရှိလဲဆိူတာ မသိပေ။ ဘယ်လိုဘဲဖြစ်ဖြစ် ဖုန်းရှိအမျိုးသမီးသည် ရိုးသားမှု မရှိကြောင်း သူမပြောနိုင်သည်။


ထို့အပြင် အမျိုးသမီးက စုန့်ထင်ရှန်းအိမ်ပြန်ရောက်ပြီး မကြာမီတွင် ဖုန်းခေါ်ခဲ့သည်။ ယနေ့ည၌ စုန့်ထင်ရှန်းသည် လီကျင်းနှင့်အတူရှိခဲ့ကြောင်းအရူးပင် သိလိမ့်မည်။ သူ တစ်ယောက်ထဲ

ရှိနေခဲ့တာလား ဒါမှမဟုတ် အခြားသူတွေနဲ့ရှိနေခဲ့တာလား ဆိုတာတော့ မသိပေ။


ယွမ်ရှက လီကျင်း တစ်ခုခုကြံစည်နေသည်ဟု ထင်ရသော အကြောင်းရင်းမှာ စုန့်ထင်ရှန်း အရမ်းမူးနေသောကြောင့်ဖြစ်သည်။ သူသည် ရှင်းလင်းစွာမပြောနိုင်သလို အသိစိတ်လဲပျောက်ဆုံးနေလေသည်။


 အရက်မူးနေတဲ့သူကို ဖုန်းခေါ်တာ ဘာသဘောလဲ...။


ထိုလီကျင်းသည် သံသယအဝင်နိုင်ဆုံးအချိန်ကို ရွေးချယ်ပြီး ဖုန်းခော်ခဲ့သည်။ 


ဒီလိုဆို အဲ့အမျိုးသမီးက စုန့်ထင်ရှန်းနဲ့စကားပြောချင်လို့ ခေါ်တာဆိုတာ ဖြစ်နိုင်ပါ့မလား...။သူမရဲ့ ရည်ရွယ်ချက်က စုန့်ထင်ရှန်းရဲ့ဇနီး နဲ့စကားပြောပြီး နားလည်မှုလွဲအောင်လုပ်ဖို့လား..။


အကယ်၍ သူမနှင့် စုန့်ထင်ရှန်းသာ. ပုံမှန်အိမ်ထောင်ရေးဆက်ဆံမှုရှိခဲ့လျှင် စုန့်ထင်ရှန်းနှင့်ထိုအမျိုးသမီးတို့ကြား တစ်ခုခုရှိသည်ထင်ပြီး  နားလည်မှုလွဲသွားပေလိမ့်မည်။


ထိုအမျိုးသမီး၏အကြံစည် ပျက်စီးသွားသည်မှာ သနားစရာပင်ဖြစ်သည်။ ထိုဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်ပြီး သူမ တင်သာမက အသံပိုင်ရှင် အမျိုးသမီးပါ ဘာမှခံစားရမည် မဟုတ်ပေ။ထို့ကြောင့် ကိစ္စနှင့်ပတ်သက်ပြီးစုန့်ထင်ရှန်းအပေါ် စွပ်စွဲပြောဆိုခြင်း မရှိချေ။


ထိုအမျိုးသမီးသည် စစ်ပေါ်၌ ဖျော်ဖြေခွင့်ရနေသောကြောင့် သူမ ကိုယ်တိုင်အခွင့်သါ မသာကိုမသိပေ။ 


ယွမ်ရှ သေချာစဉ်းစားရင်း အိပ်ပျော်နေသော အမျိုးသားကိုကြည့်လိုက်ပြီး  အလွန် နူးညံ့သောလေသံဖြင့်ပြန်ပြောလိုက်သည်။


 "သူ အဆင်ပြေပါတယ် အခုက ဖုန်းဖြေဖို့အဆင်မပြေလို့လေ...ညီမ သူ့ကိုပြောချင်တာရှိရင် မက်ဆေ့ခ်ျပို့ပေးလိုက်ပါ..."


တစ်ဖက်ကအမျိုးသမီးသည် ခဏကြာ တိတ်ဆိတ်သွားကာ "တကယ်တော့ ပြောစရာတော့ရှိတယ် ဒါပေမဲ့အရေးမကြီးပါဘူး.."


ယွမ်ရှ တိတ်ဆိတ်စွာ ရယ်မောလိုက်ရင်း

"ပြောပါ အားနာစရာမလိုပါဘူး.."


ထိုအမျိုးသမီးက မပြောခင် ခဏမျှတွန့်ဆုတ်နေသလိုပုံမျိုးဖြင့် ပြောလာလေသည်။


"ကျွန်မ လက်ကောက်ပျောက်သွားလို့ပါ နေရာစုံလိုက်ရှာပေမဲ့မတွေ့ဘူး သူ့ကားထဲမှာပျောက်သွားတာလို့ထင်လို့ အဲ့ဒာကြောင့် သူ့ကိုမေးချင်လို့ ဖုန်းဆက်လိုက်တာ..."


ပျောက်နေတဲ့လက်ကောက်အကြောင်းကို အရက်မူးနေတဲ့သူကို မေးနေတာလား...။


 "အင်း ကောင်းပါပြီ မနက်ဖြန် သူ့ကိုငါပြောပေးလိုက်မယ်"


ထိုအမျိုးသမီးက ဉာဏ်ကောင်းတာလား မိုက်မဲနေတာလားတော့မသိပေ။ သူမနှင့်စုန့်ထင်ရှန်း၏ဆက်ဆံရေး ကောင်းသည်ဖြစ်ဖြစ် ဆိုးသည်ဖြစ်ဖြစ် သူမတို့သည် အကြင်လင်မယားပင်ဖြစ်သည်။


သူမက စုန့်ထင်ရှန်းအကြောင်းကို ကောင်းစွာသိသောကြောင့်... ထိုအမျိုးသမီး အပေါ်နှစ်သက်မှုရှိမည်မဟုတ်ကြောင်း သိပေသည်။


ထိုအမျိုးသမီးနှင့် စုန်းထင်ရှန်းတို့ကြား ဘယ်လိုဆက်ဆံရေးရှိကြလဲဆိုတာ အရေးမကြီးပေ....။


အကယ်၍ ထိုမိန်းမက သူ့၏အငယ်နှောင်းသာဖြစ်ခဲ့လျှင် ဇနီးမယားကို စကားဖြင့် သတ်ဖို့ အခွင့်အရေးရှာနေခြင်း သက်သက်သာဖြစ်ပေမည်။


သို့သော်  သူ့အငယ်နှောင်းဖြစ်ခဲ့လျှင် မျက်နှာသာပေးခြင်းကို ခံရလိမ့်မည်။ ချိုသာပြီးအပြစ်ကင်းသော အမျိုးသမီးတစ်ယောက်က ထိုအပြုအမူမျိုးကို လုပ်လိမ့်မည် မဟုတ်ချေ။


ထိုအမျိုးသမီးက စိတ်ရှည်ခြင်းလုံးဝမရှိပေ....။


ယွမ်ရှ ဖုန်းကိုချလိုက်ပြီးနောက် စုန့်ထင်ရှန်း၏မျက်နှာကို အချိန်အကြာကြီး ကြည့်နေရင်း


"ရှင့်မှာ အလှတရားပေါင်းသုံးထောင်(မောင်းမသုံးထောင်) ပိုင်ထားတယ်လို့ မပြောနဲ့နော်..."