အပိုင်း (၄၇)
Viewers 31k

part 47


ယွမ်ရှ သူ့အခန်းသို့ ပြန်လာခဲ့လိုက်သည်။ ဝမ်လေးက မကြာသေးခင်က အိပ်ပျော်သွားခဲ့ပြီးဖြစ်သည်။သူမ သားငယ်ကို စောင့်ဖြင့်လုံအောင်ဖုံးလိုက်ကာဘေးတွင်ဝင်အိပ်လိုက်သည်။


ဝမ်လေးသည် အသက်၃နှစ်ပင်ရှိသော်လည်း နို့သောက်နေသေးသောကြောင့် အခန်းထဲတွင် နို့နံ့များသင်းနေလေသည်။


သူမ ဒီနေရာသို့မပြောင်းလာခင်က အကြိမ်အနည်းငယ် ချိန်းတွေ့ခဲ့ဖူးပြီး ထိုချိန်းတွေ့မှုမှ တစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိပေ။ သူမက သာမန်လူများနှင့်သာ ချိန်းတွေ့ခဲဖူးသည်။ ယခုတစ်ခါ၌ ယွမ်ရှနှင့် စုန့်ထင်ရှန်း၏ ဆက်ဆံရေးကို အနှောင့်ယှက်ပေးသော လီကျင်း ကဲ့သို့အမျိုးသမီး တစ်ယောက်နှင့် ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။


ယွမ်ရှ၏အမြင်မှကြည့်လျှင်စုန့်ထင်ရှန်းသည် အချစ်ဝတ္ထု၏ပုံစထဲမှအမျိုးသားဇာတ်ဆောင်ဖြစ်သည်။သူ့တွင် ငွေကြေး ရုပ်ရည် အရည်ချင်းများရှိသည်။

သူ့လိုလူတစ်ယောက်ကို သဘောကျသောသူအများကြီးရှိမှာသေချာပင်ဖြစ်သည်။ထို့ကြောင့် ယွမ်ရှ ခနအံ့သြသွားပြီးနောက်  အေးဆေးစွာ လက်ခံနိုင်သွားသည်။


လီကျင်းက စုန့်ထင်ရှန်းနှင့် သူမ၏ဆက်ဆံရေးကို နားလည်မှုလွဲစေလိုသည်ဟု သူမ ခန့်မှန်းခဲ့သည် သို့မဟုတ် လီကျင်းသည် သူမကိုယ်သူမ မစ္စစ်စုန့်အဖြစ် အစားထိုးရန်စိတ်မရှည်သောကြောင့် ရုတ်တရက် ပြုလုပ်ခဲ့ခြင်းဖြစ်ပေမည်။


မည်သို့ဖြစ်ဖြစ် ယွမ်ရှက လီကျင်း၏ဒေါသကို တုံ့ပြန်ရန် အစီစဉ်မရှိချေ။


လီကျင်းသည် စုန့်ထင်ရှန်း၏အငယ်နှောင်း သို့မဟုတ် နှစ်သက်သူဖြစ်ပါစေ သူမအတွက် အရေးကြီးသော ကိစ္စမဟုတ်ပေ။စုန့်ထင်ရှန်းသည် ယခုလက်ရှိ တွင် သူမနှင့်ကွာရှင်းရန် ရည်ရွယ်ချက် တစ်စုံတစ်ရာမရှိဘဲ သူတို့၏မျှတသော ဆက်ဆံရေးကို မဖျက်ဆီးခဲ့ပေ။ထို့ပြင် သူတို့၌ ကလေးတစ်ယောက်ရှိနေသေးသည်။အသံပိုင်ရှင်နှင့်စုန့်ထင်ရှန်းတို့သည် အလုပ်တူတူ လုပ်ကိုင်နေကြသည့်ဆက်ဆံရေးလဲရှိသည်။


ယွမ်ရှက စုန့်ထင်ရှန်း၏ အစားထိုးအပျော်ဇနီးအဖြစ်မပါဝင်ပေ။


ဟုတ်ပါတယ်....သူမနှင့် စုန့်ထင်ရှန်းတို့သည် ဟန်ဆောင်ဆက်ဆံရေးရှိသောကြောင့် ထိုသို့ဖြစ်လာမည်လဲမဟုတ်ပေ။ သူမ စုန့်ထင်ရှန်း၏အချစ်ရေးကိုစိတ်မဝင်စားသလို သူ့ကိုခင်ပွန်းအဖြစ်လဲ မမြင်ခဲ့ပေ။


သို့သော် သူတို့သည် မရှိမဖြစ် လိုအပ်ကြသော ဆက်ဆံရေးတစ်ခုဖြစ်သည်။စုန့်ထင်ရှန်းက ဘာကြောင့် သူမကို စိတ်နှောင့်ယှက်ဖြစ်စေပြီး နှစ်ယောက်လုံးကို စိတ်မချမ်းသာဖြစ်စေရမှာလဲ.....။


စုန့်ထင်ရှန်း ထိုကိစ္စနှင့်ပတ်သက်ပြီးသိခဲ့ပါက သူပျော်မည်မဟုတ်ကြောင်းသူမ သေချာသိသည်။ သို့သော် သူမသည် သေချာ တွေးကြည့်သောအခါ 

အရေးမပါသောသူတစ်ယောက်ကြောင့် လိုက်လျောညီထွေရှိသော သူတို့ရဲ့ ဟန်ဆောင်ဆက်ဆံရေးကို ပျက်သွားစေလိမ့်မည်။


သူမက ဘာမှမသိကြောင်း ဟန်ဆောင်လိုက်မယ်...။ဖုန်းခေါ်တာကို တစ်ခါမှ မဖြေဖူးသလို  နေလိုက်မယ်...။စုန့်ထင်ရှန်း မနက်အိပ်ယာနိုးလာချိန် သူ့ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ကြည့်ပြီး ထိုအကြောင်းမေးလာပါက သတိမေ့ချင်ယောင်ဆောင်ပြီး 

ဒီအတိုင်းထားလိုက်မယ်...။


ယွမ်ရှ ထိုအကြံကို တွေးရင်း လျင်မြန်စွာ အိပ်ပျော်သွားတော့သည်။


အခြားတစ်ဖက်၌ လီကျင်းက အိပ်မပျော်နိုင်ချေ။

သူမသည် ဖုန်းကို တင်းကြပ်စွာကိုင်ထားရင်း ထိတ်လန့်နေသကဲ့သို့ ခံစားရပြီး အဘယ်ကြောင့် ဖုန်းခေါ်လိုက်မှန်းသူမမသိတော့ပေ။


သူမသည် အရက်အလွန်အကျွံသောက်မိခြင်းကြောင့်ဖြစ်သလို အချိန်အတော်ကြာ ဖုံးကွယ်ထားခဲ့သောစိတ်ခံစားချက် ကြောင့်လည်းဖြစ်နိုင်သည်။စုန့်ထင်ရှန်း  မူးလာသည်ကိုမြင်လိုက်သောအခါ သူမသည် ထိန်းမရတော့ပေ။


ယွမ်ရှက မှန်ကန်စွာ ခန့်မှန်းနိင်ခဲ့သည်။လီကျင်းက

စုန့်ထင်ရှန်းမဟုတ်ဘဲ သူမနှင့် စကားပြောရန် ရည်ရွယ်ချက်ဖြင့်ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။


လီကျင်း ညအချိန်ကောင်းကင်ကိုမော့ကြည့်လိုက်သည်။သူမ မျှော်လင့်ထားသည်ကို  သေချာမသိပေ။

ထိုလင်မယားက သူ့ကြောင့် ရန်ဖြစ်ကြလိမ့်မယ်ဟု မျှော်လင့်ထားတာလား...။ဒါမှမဟုတ် မစ္စတာ စုန့်နှင့် သူမရဲ့ဆက်ဆံရေးကို သူ့ဇနီး နားလည်မှုလွဲသွားလိမ့်မယ်လို့  မျှော်လင့်နေတာလား...။


စုန့်ထင်ရှန်းက ပျော်ရွှင်နေပြီး သူ့မိန်းမနှင့်သာချစ်ခင်ပျော်ရွင်နေလျင် သူမ ဘာမှလုပ်မည် မဟုတ်ပေ။


သူမသည် မိမိကိုယ်ကို မှန်ကန်အောင် နေထိုင်မည်ဖြစ်သည်။သို့သော် အဖြစ်မှန်နှင့်အမှန်တရားက စုန့်ထင်ရှန်းသည် ကောင်းမွန်သောဘဝတွင် နေထိုင်ခြင်းမဟုတ်ကြောင်း သူမအားပြောပြခဲ့သည်။ ထို့ကြောင့် သူမ အချိန်ကြာအောင် ချစ်ခဲ့ရသော တိတ်တခိုးချစ်ရသူအတွက် အကောင်းဆုံး ကြိုးစားကြည့်ချင်သည်။