အပိုင်း (၄၈)
Viewers 31k

part 48


နောက်တစ်နေ့မနက်ရောက်သောအခါ...


 စုန့်ထင်ရှန်း အိပ်ရာမှ နိုးလာခဲ့ချိန်၌  ခေါင်းကိုက်သော်လည်း ခံနိုင်ရည်ရှိနေသေးသည်။ထို့နောက်သူရေချိုးပြီးသောအခါခေါင်းကြည်လာပြီး သက်သာလာတော့သည်။ 

သူ ထုံးစံအတိုင်းဖုန်းခေါ်ဆိုမှုများကိုစစ်ဆေးရန်အတွက်  ဖုန်းကိုစစ်ဆေးကြည့်လိုက်ရာ မနေ့ညက လီကျင်း ဖုန်းခေါ်ထားသည်ကို တွေ့လိုက်ရသည်။ထိုဖုန်းခေါ်ဆိုမှုသည် ၂မိနစ်ခန့်ကြာမြင့်ခဲ့သည်။ စုန့်ထင်ရှန်း၏စိတ်ထဲတွင် သူမ၏ဖုန်းကိုအိမ်အကူအဒေါ် သို့မဟုတ် ကားမောင်းသူက ဖြေကြားခဲ့သည်ဟု တွေးနေ၏။


အောက်ထပ် ဧည့်ခန်းသို့ဆင်းလာချိန်တွင်  အိမ်အကူအန်တီက မနက်စာပြင်ဆင်နေလေပြှ


"ဝမ်လေး ဘယ်မှာလဲ..." 


စုန့်ထင်ရှန်း သူမကို မေးလိုက်သည်။ သားလေးသည် များသောအားဖြင့် ယခုလိုအချိန်တွင် အမြဲတက်ကြွပျော်ရွှင်နေလေ့ရှိသည်။


အိမ်အကူလဲ  နွားနို့ကျိုနေရင်း "ကလေးက ရေချိုးခန်းထဲမှာ ရှိတယ် မစ္စစ်စုန့်လဲ ရှိတယ် "ဟုဖြေလိုက်သည်။


စုန့်ထင်ရှန်း "အော်..."


"မစ္စတာ စုန့် ခောင်းကိုက်နေမယ်ထင်လို့ အမူးပြေဟင်းရည် ချက်ပေးထားတယ်မနေ့ညက အိမ်ပြန်ရောက်တော့တော်တော်မူးနေပြီ ကားမောင်းသမားက ပြန်ခေါ်လာပေးတာ ကျေးဇူးတင်စရာဘဲ 

နောက်ပြီး မစ္စစ်စုန့်လည်း တစ်ညလုံး ဂရုစိုက်ပေးနေတာ..."


အိမ်အကူအန်တီ  ညက ဖြစ်ပျက်သမျှအကုန်လုံးကိုပြောပြလိုက်သည်။


သူမက နွေးထွေးသောအမျိုးသမီးတစ်ယောက်ဖြစ်ပြီး ယွမ်ရှနှင့် စုန့်ထင်ရှန်းတို့၏ဆက်ဆံရေးကို သဘောပေါက်သောကြောင့် သူတို့အတွက်အမှန်ပင်စိတ်ပူမိသည်။


ဟုတ်ပါတယ်...စိုးရိမ်မိသည်ဆိုသော်လည်း သူမက မနေ့ညက ဖြစ်ပျက်ခဲ့သောအရာများကိုပြောပြခြင်းသာဖြစ်သည်။ ထို့နောက်  ဘာမှထပ်မပြောခဲ့ပေ။ သူမက ဒီအလုပ်မှထွက်ရမည်ကို အလွန်စိုးရိမ်၏။ယနေ့ခေတ်တွင် အိမ်အကူအဖြစ်အခြားအလုပ်ကိုရှာရန်လွယ်ကူသော်လည်း 

သင့်လျော်သော အခြားမိသားစုကိုရှာတွေ့ရန် ခက်ခဲလိမ့်မည်။


စုန့်ထင်ရှန်း ခဏအကြာမျှ အံ့သြနေမိသည်။ ယွမ်ရှ သူ့ကိုဂရုစိုက်လိမ့်မည်ဟုမထင်ထားခဲ့မိတာ အမှန်ပင်။


မနေ့ညက လီကျင်းဖုန်းခေါ်တာကို ကိုင်လိုက်တာ သူမများ ဖြစ်နိုင်မလား....။


ဝမ်လေးက ရေချိုးခန်းထဲတွင် ကလေးသွားတိုက်တံနှင့်သွားတိုက်နေသည်။ကလေးတစ်ယောက်အတွက် သွားတိုက်ရသည်မှာ ပျော်စရာမကောင်းပေ။


ပေါက်စီလုံးလေးက တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်လုံး ကျောင်းတက်နေရသောကြောင့် ယွမ်ရှ ထိုနေ့မျိုးတွင် စောစောထရန်မလိုအပ်ပေ။ သို့သော် အားလပ်ရက်များတွင် သားလေးနှင့် ကစားပေးဖို့ အခြားရက်များထက် စောစောထလေ့ရှိသည်။


ဝမ်လေး သွားတိုက်နေချိန်တွင် ယွမ်ရှက သူမ၏မျက်နှာကို ဆပ်ပြာမြှပ်များဖြင့် ဆေးကြောနေလေသည်။


"မာမား... မာမားက ဘာလို့ မျက်နှာပေါ် ဆပ်ပြာတွေ တိုက်နေတာလဲ..."


ဝမ်လေးက စိတ်ဝင်တစားမေးလိူက်သည်။


"ဒါ ရေချိုးဆပ်ပြာမဟုတ်ဘူး...ဒါက မျက်နှာသစ်ဆပ်ပြာ ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်သုံးတယ် ရေချိုးတဲ့အခါ ရေချိုးဆပ်ပြာသုံးတယ် မာမားက ပောက်ပောင်ထက် အသားနည်းနည်း ကြမ်းတော့ မျက်နှာသစ်ဆပ်ပြာသုံးရတာပေါ့..."


ဝမ်လေး "ဘာလို့ သားမှာရောမျက်နှာသစ်ဆပ်ပြာမရှိတာလဲ..."


"ဝမ်လေးက ငယ်သေးတယ်လေ သုံးလို့မရသေးဘူး"


"ဖေဖေ့မှာလဲမရှိဘူးလေ..."


ထိုစကားကို ယွမ်ရှလုံးဝမအံ့သြပေ။ 

ယခုအချိန်တွင် အမျိုးသားသုံးအသားရေထိန်းသိမ်းရေးပစ္စည်းများ အများအပြားရှိပေမဲ့ စုန့်ထင်ရှန်းကဲ့သို့ အမျိုးသားသည် ဆောင်းရာသီ၌ တာပေါင်း အသုံးပြုခြင်းတောင် ကန့်သတ်ချက် ရှိသည်ဟု သူမ ခန့်မှန်းလိုက်သည်။


*စာကြွင်း တာပေါင်းသည် စျေးပေါသော တရုတ်အသားရေထိန်းသိမ်းရေးထုတ်ကုန်များ၏အမှတ်တံဆိပ်ဖြစ်သည်။


အမှန်တကယ်တော့ နှိုင်းယှဉ်မှုသည် ပျော်ရွှင်မှု၏သူခိုးဖြစ်သည်။(ယှဉ်လိုက်တော့ စိတ်ပျက်ရတာကိုပြောတာပာ) စုန့်ထင်ရှန်း ထိုပစ္စည်းများမသုံးပေမဲ့ သူ၏အသားအရေသည် ကာင်းမွန်ပြီး ချွေးပေါက်များမရှိချေ။


ယွမ်ရှက "သားဖေဖေက လှပတဲ့ကောင်လေးမဟုတ်လို့ပေါ့...."


ရေချိုးခန်းထဲဝင်လာပြီး တံခါးပေါက်မှာ ရပ်နေသော စုန့်ထင်ရှန်း ထိုစကားကို ကြားလိုက်သည်။ "..."


ယွမ်ရှ သူမ၏မျက်နှာပေါ်ရှိ ဆပ်ပြာများကို ဆေးကြောလိုက်သည်။ ထို့နောက် သူမ၏မျက်နှာသည် ကြည်လင်သွားပြီး မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ  တံခါးပေါက်တွင် ရပ်နေသော စုန့်ထင်ရှန်းကို တွေ့လိုက်ရသည်။


သူမက မှန်ထဲ၌ မြင်နေရသော သူမ၏ပထမအဆင့်အလှကို ကြည့်လိုက်ကာ သဘောကျရန် မမေ့ချေ။


သူမ တောင်ကိုရီးယား၏ကိုးကားချက်ကိုပင် ခဏယူသုံးချင်မိသည်။


 ထို့သို့ ပြစ်မျိုးမှည့်မထင် အလှတရားမျိုး လက်တွေ့ဘဝတွင် အမှန်တကယ် တည်ရှိနိုင်ပါသလား...။