Part 49
သူမ၏ အရင်ဘဝက မိတ်ကပ်လိမ်းထားသောအချိန်၌ အလှစစ်တစ်ခု ဟု မယူဆနိုင်ပေ။ သူမ၏မျက်နှာတွင် မိတ်ကပ်ဖျက်ပြီးသောအခါ အသားရေက အနည်းငယ် မွဲခြောက် လာကာမျက်လုံးအောက်ရှိ အစက်ပျောက်များပင် မြင်နေရလေသည်။
သို့သော် မူလကိုယ်၏ အသားရေကမူ အလွန်ကောင်းပြီးကြည်လင်သည်။သူမ၏မျက်နှာသည် မိတ်ကပ်မလိမ်းထားသည့်အချိန်မှာပင် ကြည့်ကောင်းနေသေးသည်။
စုန့်ထင်ရှန်းက ချောင်းဟန့်လိုက်ကာ "မနေ့က ငါ့ဆီကို ဖုန်းလာသေးလား..."
ယွမ်ရှက မျက်နှာသုတ်ပဝါဖြင့် မျက်နှာကိုသုတ်ပြီးနောက် စိတ်ရှည်ရှည်ဖြင့် သူမ၏အသားရေထိန်းသိမ်းမှုကို စတင်လုပ်တော့သည်။ သူမသည်တိုနာလိမ်းနေရင်းပြန်ဖြေလိုက်သည်။
"အင်း ရှင် မူးနေတာဆိုတော့ ကျွန်မက ဖုန်းကိုင်ပေးလိုက်တာပါ..."
"ကျေးဇူးတင်ပါတယ်..."
စုန့်ထင်ရှန်းက စိတ်ပါလက်ပါနှင့်ပြောလိုက်သည်။
ယွမ်ရှသည် စုန့်ထင်ရှန်းက ဖုန်းခေါ်တာကို ဖြေပေးလို့ ဒါမှမဟုတ် မနေ့က သူ့ကိုပြုစုပေးလို့ ကျေးဇူးတင်တာလားမသိပေ။
"ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး..."
သူမက လီကျင်း ဘယ်သူလဲလို့ မေးချင်ပေမဲ့ လီကျင်းမကောင်းကြောင်းပြောဖို့ လုံဝ မရည်ရွယ်ထားပေ။
ဝမ်လေးသည် သူ့အမေက သူမကိုယ်သူမပါးရိုက်လိုက်သည်ကို မြင်သွားသောကြောင့် စိတ်မကောင်းဖြစ်နေသည်။(တိုနာရိုက်လိမ်းတာကိုပြောတာ😖)
"မာမား အဲ့လိုမျိုးရိုက်တာ မနာဘူးလားဟင်"
ယွမ်ရှက
"မာမား သားကိုပြောထားတယ်လေ
ဒါက ဘဝမှာ ကောင်းမွန်အောင်နေနိုင်ဖို့ ကိုယ့်ကိုကိုယ်ဂရုစိုက်တာဘဲ..."
စုန့်ထင်ရှန်းက သားဝမ်လေးကို ကောက်ချီလိုက်သည်။ သားအဖနှစ်ယောက်သား ယွမ်ရှ၏မပြီးနိုင်သော အသားရေးထိန်းသိမ်းရေး လုပ်ငန်းစဉ်က အလွန်နားလည်ရခက်မှန်းသိသည်။
"ပါပါးနဲ့မာမား ဒီနေ့ အပြင်သွားကစားကြမယ်လို့ပြောထားတယ် အတူတူသွားရအောင်လေ..."
ကလေးလေးက စုန့်ထင်ရှန်း၏လည်ပင်းကို ဖက်ထားရင်းထပ်ပြောလိုက်သည်။
"ဆရာမက ပြောတယ် ဒီနေ့က
စနေနေ့တဲ့ ကျောင်းသွားစရာမလိုဘူး လူကြီးတွေလဲ အလုပ်သွားစရာမလိုဘူး..."
စုန့်ထင်ရှန်း၏မျက်နှာအမူအရာက ချက်ချင်းပင်တုံ့ဆိုင်းသွားသည်။သူ့ သူငယ်ချင်းက ဒီနေ့ လက်ထပ်ပွဲကျင်းပမည်ဖြစ်သည်။ သူက အိမ်ထောင်သည်ဖြစ်သောကြောင့် အစောကြီး သွားရန်မလိုအပ်သော်လည်း မနက်၁၁နာရီမတိုင်ခင် ဟိုတယ်သို့ရောက်အောင်သွားရမည်ဖြစ်သည်။ထိုအချိန်သည် သူရောက်ရမည့်အချိန်ဖြစ်သောကြောင့် ဆင်ခြေပြ၍မရနိုင်ချေ။
အနည်းငယ်စဉ်းစားပြီးနောက် သူ့သားကို ပြန်ဖြေလိုက်သည်။
"ပါပါးက ဒီနေ့ဦးလေးလီရဲ့ မင်္ဂလာဆောင်ကို သွားရအုံးမှာ မနက်ဖြန်မှဖေဖေနဲ့ ကစားကွင်းသွားမယ်လေရလား..."
သူက ထိုကိစ္စကို ဆွေးနွေးချင်နေပုံဖြစ်နေသည်။ ကလေးကို လိမ်ညာဖို့ ရည်ရွယ်ချက်လုံးဝမရှိပေ။
ယွမ်ရှ၏မျက်လုံးများက အရောင်တောက်လာတော့သည်။ သူမ စုန့်ထင်ရှန်းအား ဝမ်လေးနှင့် အတူမင်္ဂလာပွဲကိုတက်ရန်အကြံပေးမည်ဖြစ်သည်။
ထိုနည်းလမ်းဖြင့်သူမသည် တစ်နေ့လုံး လွတ်လပ်စွာနေနိုင်တော့မည်ဖြစ်၏။ သူမတွင် တနင်္လာနေ့မှ သောကြာနေ့အထိ အချိန်ဇယားများဖြင့်ပြည့်နေခဲ့သည်။ စနေနေ့တွင် သူမ ကောင်းမွန်စွာအနားယူချင်သည်။မည်သို့ပင်ပြည်စုံမှုတွေရှိနေပါစေ
လွတ်လပ်စွာ အိပ်စက်အနားယူချင်ပေသည်။
သို့သော် သူမ၏ရိုးရှင်းသောအကြံပေးစကားကို မပြောမီ ဝမ်လေးက အရင်ပြောလိုက်သည်။
"မင်္ဂလာဆောင်လား ...သားလည်း လိုက်ချင်တယ်..."
ယွမ်ရှ စိတ်ထဲမှတွေးလိုက်မိသည်။
ကောင်းလိုက်တဲ့သားလေးဘဲ ...လက်မတောင် ၂ချောင်းထောင်ပေးရမယ်....။
စုန့်ထင်ရှန်း ခဏတုံ့ဆိုင်းသွားလေသည်။
စုန့်ထင်ရှန်းက သဘောတူပြီး ခေါင်းငြိမ့်မည့်အချိန်
၌ ကလေးလေးက ယွမ်ရှကို မျှော်လင့်စောင့်စားသောအကြည့်နှင့်ကြည့်နေလေ၏။
ယွမ်ရှ ရုတ်တရက် ထူးဆန်းသော စကားတစ်ခွန်းကို ကြားလိုက်ရသည်။
"မာမားလဲ သားတို့နဲ့ လိုက်ခဲ့..."
ဝမ်လေးက စုန့်ထင်ရှန်းဆီမှ ဆင်းလာကာ ယွမ်ရှ၏ပေါင်ကို လက်ဖြင့်ပွေ့ဖက်လိုက်သည်။
ကလေးက သူမကို ပွတ်သပ်ကာ
မျက်နှာငယ်လေးဖြင့် တောင်းဆိုလိုက်သည်။
"မာမား သားတို့နဲ့လိုက်ခဲ့ပါ
မင်္ဂဆောင်တွေသွားရတာ ပျော်ဖို့ကောင်းတယ်
သားတို့နဲ့လိုက်ခဲ့ လိုက်ခဲ့ပါနော် ..."
ကလေးများသည် ကပ်ပါးကောင်ပိုးမွှားလေးများပင်ဖြစ်သည်။ ယွမ်ရှ သူနဲ့ လိုက်ရမည်မှ လွဲ၍ အခြားရွေးချယ်စရာမရှိပေ။
"မာမားက ဒီနေ့အလုပ်တွေရှုပ်နေတာ လေ..."
သူမ စိတ်ရှည်ရှည်နှင့် ပြောလိုက်သည်။
"လူလိမ်...မာမား ခုဏက သားကို အပြင်သွားကစားကြမယ်လို့ပြောခဲ့တယ်လေ အခု ဘယ်လို အလုပ်ရှုပ်သွားတာလဲဟင်..."
ကလေးလေးက အလွယ်တကူလှည့်စားလိမ်ညာနိုင်သော ၂နှစ်သားအရွယ် မဟုတ်တော့ပေ။သူသည် ၃နှစ်သားအရွယ်ရောက်နေပြီဖြစ်သည်။သူ့ကိုလှည့်စားဖို့မလွယ်တော့ပေ။
"မာမား သားကို လိမ်နေတာ ဘာလို့ သားကို လိမ်ရတာလဲ..."
ယွမ်ရှက မသွားချင်အေ....။သူမ သွားခဲ့ပါက စုန့်ထင်ရှန်းအတွက် အဆင်မပြေနိုင်သောကြောင့် သူမကို ကယ်တင်ရန် အသနားခံသောမျက်လုံးများဖြင့် သူ့ကိုကြည့်လိုက်သည်။
စုန့်ထင်ရှန်းက ဝမ်လေးကို ငုံ့ကြည့်ပြီးနောက် ယွမ်ရှကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ယွမ်ရှ၏မျက်လုံးများကို သိသာစွာ အထင်လွဲသွားတော့သည်။
"အားလုံးအတူတူ သွားကြရအောင်..."
ဟု သူကပြောလိုက်လေတော့သည်။