အပိုင်း ၉၅
Viewers 10k

Chapter 95



အိမ်မက်ဖန်ဆင်းသူက ယဲ့ကျားဆီ လျှောက်လာပြီး သူ့မျက်နှာပေါ်က အပြုံးက တစ်ဖန် ပြန်နူးညံ့သွားလေသည်။

"ကြည့်…ငါက ဦးနှောက်မရှိတဲ့ တစ္ဆေတွေနဲ့မတူဘူးမလား…ငါက ငြိမ်းချမ်းရေးကို ချစ်တယ်…ငြိမ်းချမ်းရေးက ငါ့ကို ဖန်တီးနိုင်တယ်…"

သူက လက်ဆန့်ထုတ်လိုက်ပြီး သူ့၏ လက်မဖြင့် ယဲ့ကျား၏ လက်ကောက်၀တ်ကို ပွတ်သပ်လိုက်သည်။

ထိုအခါ သူ့လက်ကောက်၀တ်ရှိ အမာရွတ်နှစ်ခုက အနီဖျော့ဖျောတောက်ပလာပြီး ဖြူဖျော့သော အရေပြားပေါ်တွင် သိသာနေလေသည်။

အိမ်မက်ဖန်ဆင်းသူ၏ မျက်လုံးများက ယဲ့ကျား၏ လက်ကောက်၀တ်ပေါ်မှ အမာရွတ်ကို စိုက်ကြည့်နေပြီး လောဘကြီးသည့် အမူအရာ ပေါ်လာလေသည်။

"ငါ့လက်ထဲက လွတ်သွားတဲ့ ဝိညာဉ်က ငါ့ရှေ့ကို ပြန်ရောက်တာပဲ…"

ပြောနေစဉ် သူ့၏ ပေတစ်၀က်နီးပါး ရှည်လျားသည့် နီရဲနေသော လျှာကြီးထွက်လာပြီး တစ်ဖက်လူ၏ အရေပြားကို ထိထားသော လက်မကို လျှက်လိုက်လေသည်။

သို့သော် ထိုအခိုက်အတန့်တွင် အိမ်မက်ဖန်ဆင်းသူက ပူလောင်သွားဟန်ပေါ်ပြီး သူ့မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာကာ လျှာရှည်ကြီးက လေထဲတွင် လူးလွန့်နေပြီး ချွဲသလိပ်များ စီးကျလာလေသည်။

"ဒါ…ဒါက…"

သူက ယဲ့ကျားကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်း…မင်း ဘာကို ခေါ် လာတာလဲ…"

ထိုအခိုက်အတန့်တွင် ယဲ့ကျား၏ နောက်မှ အမျိုးသားတစ်ယောက်၏ အက်ရှရှအသံ ထွက်ပေါ်လာလေသည်။

"ငါလေ...''

အိမ်မက်ဖန်ဆင်းသူက ရုတ်တရက် နောက်ပြန်ဆုတ်လိုက်ပြီး ယဲ့ကျား၏ နောက်တွင်ရုတ်တရက် ပေါ်လာသော လူကိုကြည့်လိုက်ကာ မျက်နှာက ကြောက်စရာကောင်းသွားလေသည်။

"ကျီရွှမ်…"

ယဲ့ကျားက နောက်လှည့်ကြည့်လိုက်သောအခါ ကျီရွှမ်က ဖြည်းညှင်းစွာ လျှောက်လာသည်ကို မြင်လိုက်ရသည်။

သူက အမူအရာကင်းမဲ့နေသောကြောင့် တစ်ဖက်လူကို ဖိနှိပ်နေပြီး အေးစိမ့်မှုများနှင့် ခြိမ်းခြောက်နိုင်စွမ်းက သူ့အရိုးများထဲမှ စိမ့်ထွက်နေလေသည်။

နီရဲနေသော မျက်လုံးတစ်စုံက ဂရုမစိုက်ဟန်ပေါ်ပြီး တစ်ယောက်နှင့်တစ်ယောက် အထင်သေးစွာ ကြည့်နေကာ သူတို့၏ သူငယ်အိမ်များက ပိုမိုပြန့်ကားလာလေသည်။

သို့သော် ယဲ့ကျား သိသည်။

ကျီရွှမ်က အခုအားနည်းနေတုန်းပဲ…အားနည်းနေတဲ့ အချိန်မှာ‌တောင် ကျီရွှမ်ရဲ့ခွန်အားက အားမနည်းပေမဲ့ နှစ်တွေအများကြီး တစ္ဆေသရဲတွေကို ကိုင်တွယ်ခဲ့တဲ့ ဝါရင့်ကစားသမားတစ်ယောက်အနေနဲ့ တ‌‌စ္ဆေလောကရဲ့ စည်းမျဉ်းတွေက အပြင်ကမ္ဘာနဲ့ တူတာကို သူသိတယ်…

‌တစ္ဆေသရဲ‌တွေက တစ္ဆေဘုရင်ရဲ့ စွမ်းအားကို ကြောက်လို့ ဘာမှ မလုပ်ရဲကြပေမဲ့ သူတို့ ခေါင်းဆောင်က အားနည်းနေတာကို သိသွားကြည့်ပါလား…သေချာပေါက် တော်လှန်လာလိမ့်မယ်…အထူးသဖြင့် ကျီရွှမ်က အခု အမေ့ကို ဆန့်ကျင်နေမှန်း သိသာနေတဲ့ အခြေအနေမှာ တစ္ဆေသရဲတွေ အများကြီးက အမှောင်ထဲကနေ သူ့ကို စောင့်ကြည့်နေကြတာ…အခုထိ ဘာမှမဖြစ်သေးတဲ့ အကြောင်းရင်းက တစ္ဆေသရဲတွေက ကျီရွှမ့်ကိုကြောက်နေကြသေးလို့ပဲ…

သူက ကျီရွှမ်ကို Fမြို့ကို မလာဖို့ တားရတဲ့ အကြောင်းရင်းကလည်း ဒါကြောင့်ပဲ…ဒီအားသာချက်ကို သူတို့ ဆုံးရှုံးသွားလို့ ရှိရင် နောက်က လိုက်လာတဲ့ အကျိုးဆက်တွေကိုထိန်းလို့ ရမှာ မဟုတ်ဘူး…

မလှမ်းမကမ်းမှ အိမ်မက်ဖန်ဆင်းသူက သူ့၏ မျက်နှာအမူအရာကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တည်ငြိမ်သော အသွင်အပြင်ကို ပြန်လည်ဖွဲ့စည်းလိုက်သည်။

သူ့အင်္ကျီကို ဖြန့်လိုက်ပြီး အင်္ကျီပေါ်မှ ဖုန်များကို ခါလိုက်ကာ ယဲ့ကျားကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"မင်းက ဒီလိုမြင်ကွင်းကို လိုချင်နေတာလား…"

"ဒါပေမဲ့ ငါလည်း မပြင်ဆင်ထားတာ မဟုတ်ဘူး…"

အိမ်မက်ဖန်ဆင်းသူက ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။

"အမေက ငါတို့ကို သတိပေးထားတာ ကြာပြီ…ရုပ်သေးသခင်က မင်းဖမ်းတာကို ခံလိုက်ရပြီး‌‌နောက် ငါတို့နဲ့ အနှေးနဲ့ အမြန်တွေ့ကြလိမ့်မယ်လို့ သတိပေးပြီးသား…"

သူက လက်မြှောက်လိုက်ပြီး ကွန်ပျူတာပေါ်မှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

နောက်တစ်ခဏတွင် ဘေးဘက်နံရံများပေါ်သို့ ပရိုဂျက်တာများ လွင့်ပျံလာပြီး ယဲ့ကျားနှင့်အတူပါလာ‌သော ချန်ချင်းယဲ့၊ ဝေ့ရွှယ်ချူးနှင့် ဘလပ်စ်တို့ကို ပြနေသည်။

သူတို့သုံးယောက်၏ နောက်ခံမြင်ကွင်းများက ကွဲပြားသော်လည်း ‌အမှောင်ထဲမှ တစ်ခုခုက သူတို့ကို စောင့်ကြည့်နေကြခြင်းကတော့ တူညီလေသည်။

ယဲ့ကျားက မျက်လုံးကို မှေးစင်းလိုက်ပြီး အိမ်မက်ဖန်ဆင်းသူကို စိုက်ကြည့်လိုက်သည်။

အိမ်မက်ဖန်ဆင်းသူက ပြောလိုက်သည်။

"သူတို့သုံးယောက်က ငါ့အဆောက်အအုံထဲမှာမလား…ဟုတ်တာပေါ့…မင်းအဖော်တွေကအားမနည်းဘူးဆိုတာ ငါ ယုံတယ်…ငါ့မှာသူတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် မရှိဘူး…ဒါပေမဲ့ ငါ အဲ့အတွက် ပြင်ဆင်ထားပြီးပြီ…"

သူက ခလုတ်ကို ထပ်နှိပ်လိုက်သည်။

ပရိုဂျက်တာပေါ်မှ မြင်ကွင်းများက ပြောင်းလဲသွားပြီး တို့ဟူးတုံးအရွယ် စတုရန်းအကွက်များစွာ ဖြစ်သွားလေသည်။ အကွက်တစ်ကွက်စီတွင် လူတစ်ယောက်၏ မျက်နှာ ရှိနေလေသည်။ ယဲ့ကျား သူတို့ထဲမှ အချို့ကို လော်ဘီ တွင် မြင်ဖူးလေသည်။ သို့သော် မျက်နှာတော်‌တော်များများကို မသိပေ။

အိမ်မက်ဖန်ဆင်းသူ၏ မျက်နှာပေါ်မှ အပြုံးက ပိုမို နက်ရှိုင်းလာလေသည်။

"ငါ့ကုမ္ပဏီမှာ ၀န်ထမ်းနှစ်ရာကျော်ရှိတယ်…ပြီးတော့ ငါနဲ့ ပုံမှန်လုပ်ငန်းလုပ်နေတဲ့လူတွေက ‌ထောင်ကျော်ရှိတယ်…သူတို့တွေက ငါနဲ့ အလုပ်သမား စာချုပ်တွေ၊ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ…ခဏနေဦး…သူတို့တွေက ငါ့ဆီမှာ ဝိညာဉ်ကို ပေါင်မထားကြဘူးနော်…ဒါပေမဲ့ စာချုပ်ချုပ်ထားတယ် ဆိုမှတော့ ငါ့ရဲ့ခြေတွေလက်တွေပဲပေါ့…ဟုတ်တယ်မလား…ငါသာ တစ်ခုခု ဖြစ်သွားရင် မင်းအ‌‌ဖော်တွေပဲ ထိခိုက်သွားမှာ မဟုတ်ဘူး…ဒီကောင်းကောင်းအသက်ရှင်ချင်နေတဲ့ သာမာန်လူတွေလည်း သေသွားကြလိမ့်မယ်…"

သူ့မျက်နှာပေါ်တွင် ကောက်ကျစ်သော အမူအရာတစ်ခု ပေါ်လာလေသည်။

"ငါက ‌တစ္ဆေပဲလေ…ငါ့မှာ လူသားဆန်မှု မရှိဘူး…ဒါပေမဲ့ မင်းကျ‌တော့ရော…မင်းက ဒီအပြစ်မဲ့တဲ့လူတွေကို သေစေချင်တာလား…မင်းက သာမာန်လူမဟုတ်ဘူးလို့ တစ်ခါမှ မတွေးဖူးဘူးမလား…"

ယဲ့ကျား၏ အကြည့်က ပိုမိုအေးစက်လာလေသည်။

အိမ်မက်ဖန်ဆင်းသူက ထိုင်ခုံနောက်ကို မှီလိုက်ပြီး စားပွဲပေါ်မှ ဘောပင်ကို လှမ်းယူလိုက်သည်။

"ငါ မင်းနဲ့ အပေးအယူလုပ်ထားတယ်…ငါ မင်းကို ထိလိုက်ကတည်းက ငါ ခြေတစ်လှမ်း လှမ်းပြီးသွားပြီ…ငါ့ညီအစ်ကို မောင်နှမတွေက မင်းရောက်လာရင် သုံးဖို့ အများကြီး ပြင်ဆင်ပေးထားတယ်…ဒါပေမဲ့ ငါ အဲ့ဒါတွေကို မလိုပါဘူး…"

"ငွေရှာချင်တဲ့ စီးပွားရေးသမားတွေက လူတွေရဲ့ အားနည်းချက်ကို နားလည်ထားရမယ်…ဒီနည်းလမ်းကပဲ သူတို့ဈေးကွက်ကို လုံခြုံအောင် လုပ်နိုင်တယ်လေ…အားနည်းချက်ရှိနေသရွေ့ အောင်နိုင်တယ်…"

အိမ်မက်ဖန်ဆင်းသူက အထင်သေးစွာ ပြောလိုက်သည်။

"မင်းရောပဲ…အေ့စ်…"

ကျီရွှမ်က ရှေ့သို့ သွားချင်သော်လည်း ယဲ့ကျားက သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်လာသည်။

ကျီရွှမ်က အောက်ကို ငုံ့လိုက်ကာ ယဲ့ကျားကို ကြည့်‌လိုက်ပြီး နာခံစွာ ရပ်နေ‌လိုက်သည်။

အိမ်မက်ဖန်ဆင်းသူက လက်ထဲမှ ဘောပင်ကို ကစားနေပြီး ပြောလိုက်သည်။

"မင်း ငါနဲ့ လုပ်စရာ မရှိမှတော့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ…"

သူက နူးညံ့စွာ ပြုံးလိုက်သည်။

"ငါ လုံခြုံရေးတွေကိုတော့ ‌ခေါ်စရာ မလိုဘူးလို့ ထင်တာပဲ…"

ယဲ့ကျား၏ စိတ် အနည်းငယ် လှုပ်ရှားသွားလေသည်။

အခု တစ်ဖက်လူနဲ့ တိုက်ပွဲမှာ တစ်ဖက်လူဆီမှာ ဓားစာခံတွေ ‌ထောင်နဲ့ ချီပြီး ရှိနေတယ်…သူ အဲ့ဒါတွေကို တကယ် လျစ်လျူရှုလို့ မရဘူး…ဒါ့အပြင် ကျီရွှမ်ကလည်း အထွတ်အထိပ်အခြေအနေမှာ မရှိဘူး…ဒီလိုအခြေအနေတွေ အောက်မှ တိုက်ပွဲတစ်ပွဲ စတင်လို့ အကျိုးမရှိဘူး…ယာယီဆုတ်ခွာလိုက်တာက ပိုကောင်းမယ်…နောက်မှ အစီအစဉ်တွေကိုပြန်ဆွဲတော့မယ်…

သူက အိမ်မက်ဖန်ဆင်းသူကို တည်ငြိမ်စွာ ပြုံးပြလိုက်သည်။

"တကယ် မလိုပါဘူး…"

ယဲ့ကျား၏ ‌လက်ချောင်းများက ကျီရွှမ်၏ သေးသွယ်အေးစက်‌သော လက်ကောက်၀တ်ကို ဆွဲကာ ထွက်လာလေသည်။

သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသော်လည်း သူ့နောက်မှ အိမ်မက်ဖန်ဆင်းသူ၏ ပျင်းရိသောအသံက ထွက်ပေါ်လာလေသည်။

"‌မမျှော်လင့်ထားဘူး…ဂုဏ်သိက္ခာကြီးမားတဲ့ တစ္ဆေဘုရင်ကြီးက လူသားတွေ ခွေးလို့ခေါ်တဲ့ သတ္တဝါဖြစ်နေပါ့လား…တကယ်ကို ရှက်စရာကောင်းတာပဲ…"

ထိုအခါ ယဲ့ကျား၏ ခြေလှမ်းများက ရပ်တန့်သွားပြီး တစ်ဖက်လူ၏ စကားများကြောင့် မျက်လုံးက အေးစက်သွားလေသည်။

သူ နောက်လှည့်ကြည့်လိုက်သည်။

အိမ်မက်ဖန်ဆင်းသူ၏ မျက်နှာပေါ်မှ အပြုံးက ပိုမို ဆိုးရွားလာလေသည်။

"အမေက သူ့ရဲ့တိုက်ရိုက်ဆင်းသက်သူက လူသားရှေ့မှာ ခွေးလို လက်နှစ်ဖက်မြှောက်နေတာသာ မြင်ရင် ၀မ်းနည်းနေမလား မသိဘူး…"

ယဲ့ကျား၏ အသံက တည်ငြိမ်နေဆဲဖြစ်သည်။

"သူ့ရဲ့ တိုက်ရိုက်ဆင်းသက်သူက လူသား‌ကြောင့် သူနဲ့ အဆက်ဖြတ်လိုက်တာကိုသာ မြင်ရင် ဘယ်‌လိုနေမလဲ ငါလည်း သိချင်တယ်…ဒါပေမဲ့ သူက အခုအားနည်းနေတာ…လှည့်ကွက်လေးတွေပဲ လုပ်လို့ရတယ်…သူခမျာ အားနည်းတဲ့ လူသားနဲ့တောင် ထိပ်တိုက် ရင်မဆိုင်နိုင်ဘူး…"

အိမ်မက်ဖန်ဆင်းသူ၏ မျက်နှာက အနည်းငယ်ပြောင်းလဲသွားလေသည်။

ယဲ့ကျား၏ နှုတ်ခမ်းများက အနည်းငယ် ကော့တက်လာလေသည်။ သို့‌သော် ပယင်းရောင်မျက်လုံးထဲတွင်မူ အပြုံးမရှိပေ။ ဖိနှိပ်နိုင်သော အော်ရာများက ပျံ့နှံ့သွားလေသည်။

"သူ ၀မ်းနည်းနေမှာ မဟုတ်ဘူးဆိုတာ ငါ ယုံတယ်…ဒါပေမဲ့လည်း နောက်ဆုံးတော့ မင်းလို သာမာန်တစ္ဆေနဲ့ တိုက်ရိုက်ဆင်းသက်သူက ဘယ်ယှဉ်နိုင်ပါ့မလဲ…"

အိမ်မက်ဖန်ဆင်းသူ၏ မနာလိုလှောင်ပြောင်မှုများက ပြန်လည်တည်ငြိမ်သွားလေသည်။

သူ့မျက်နှာက အထိန်းအကွပ်မဲ့သွားပြီး အုပ်မှိုင်းလာလေသည်။ သူ့၏တွန့်ရှုံ့ရှုံ့မျက်နှာပေါ်တွင် အန္တရာယ်ပြုနိုင်သော အမူအရာများဖြင့် ဖုံးလွှမ်းနေသည်။ သူ မတ်တပ်ရပ်လိုက်သောအခါ သူ့၏နီရဲနေသော လျှာကြီးက ပါးစပ်ထဲ ပြန်၀င်သွားပြီး ရှည်လျား‌သော လက်သည်းများဖြင့် သစ်သားစားပွဲကို တကျိကျိ ကုတ်ခြစ်နေလေသည်။

ယဲ့ကျားက တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

သူ့လက်ထဲတွင် တံစဉ်းတစ်လက်ပေါ်လာပြီး နေရောင်အောက်တွင် အေးစက်စက်အလင်းရောင်က တောက်ပနေလေသည်။ ချွန်ထက်သည့် တံစဉ်းသွားက အခန်းတစ်ခုလုံးကို ကျဉ်းကျပ်စေသည်။

အိမ်မက်ဖန်ဆင်းသူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

သူ့အကြည့်က ယဲ့ကျား၏ လက်ထဲရှိ တံစဉ်းအပေါ်ရောက်နေပြီး သူ့၏အမူအရာက အနည်းငယ် တောင့်တင်းနေကာ မကောင်းသည့်အမှတ်တရအချို့ကို တွေးမိသွားပုံပေါ်သည်။

"ကံမကောင်းစွာနဲ့ ငါ့ရဲ့တံစဉ်းသွားက မင်းရဲ့အရသာကို မေ့နေတာပဲ…"

ထို့နောက် ယဲ့ကျားက တံစဉ်းသွားကို ဖြူဖျော့ဖျော့ လက်ချောင်းများဖြင့် ပွတ်သပ်လိုက်ပြီးဖြည်းညှင်းစွာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့…မင်းက မကြာခင် ပြန်သတိရတော့မှာပါ…"

အိမ်မက်ဖန်ဆင်းသူက သူ့ရှေ့မှ လူငယ်ကို ဝါးမျိုချင်ဟန် ပေါ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း တစ်ဖက်လူက သူ့ကို ပြုံးပြနေပြီး အရပ်ရှည်ရှည်နှင့် အမျိုးသားလက်ကို ဆွဲကာ ထွက်သွားလေသည်။

ယဲ့ကျား၏ နောက်မှ တံခါးက ပြန်ပိတ်သွားပြီး ကော်ရစ်တာတစ်လျှောက် ပဲ့တင်သံများနှင့် ဆူညံနေသည်။

ယဲ့ကျားက တည်ငြိမ်နေဆဲဖြစ်ပြီး ကျီရွှမ်၏လက်ကို ဆွဲကာ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

ကျီရွှမ်က ဘာမှ မပြောပေ။ မျက်လုံးများက သူ့လက်ကောက်၀တ်ကို ကိုင်ထားသည့် တစ်ဖက်လူ၏ လက်ချောင်းများပေါ် ကျရောက်နေပြီး အနည်းငယ် ပျော်ရွှင်နေလေသည်။

လမ်းတစ်၀က်ခန့် လျှောက်ပြီးနောက် ယဲ့ကျားက ရုတ်တရက် ရပ်လိုက်ပြီး သူ့နောက်မှ အမျိုးသားကို လှည့်ကြည့်လိုက်သည်။

ကျီရွှမ်လည်း လျင်မြန်စွာ ရပ်လိုက်ပြီး တစ်ဖက်လူကို အပြစ်ကင်းစင်စွာ ကြည့်နေလေသည်။

ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

"နောက်တစ်ခါ လိုက်မလာနဲ့…"

ထို့နောက် အံကြိတ်လိုက်လေသည်။

ကျီရွှမ်က သူ့အမှားသူ သိသဖြင့် နာခံစွာ ခေါင်းငြိမ့်လိုက်သည်။

ယဲ့ကျားက လက်ကို လွှတ်ပေးလိုက်ပြီး ပြောလိုက်သည်။

"ပြန်တော့…"

ကျီရွှမ်က တစ်ဖက်လူကိုင်ထားသည့် သူ့လက်ကောက်၀တ်ကို သနားသွားလေသည်။ တစ်ဖက်လူ၏ အပူချိန်ကို ဆက်လက်ရှိနေစေချင်သော်လည်း ပေါက်ကွဲလုနီးနီး ဖြစ်နေသည့် ယဲ့ကျားကို ဒေါသမထွက်‌စေချင်သောကြောင့် လက်ရှိအခြေအနေကို နားလည်သဘောပေါက်ကာ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့…"

တစ်ဖက်လူ၏ အသံက တိုးညှင်းသွားလေသည်။

သို့သော် ယဲ့ကျားက တစ်ဖက်လူက သူ့ရှေ့တွင် ရှိနေသေးသည်ကို မြင်လိုက်ရပြီး သူ့ကို ဖြူစင်စွာ ကြည့်နေလေသည်။

ယဲ့ကျား : "ဘာဖြစ်လို့လဲ…"

ကျီရွှမ် :"ပြန်သွားလို့ မရဘူး…"

ယဲ့ကျား :"..."

ကျီရွှမ် :"ဘာလို့လဲ…"

ကျီရွှမ် :"ဒီနေရာက တစ္ဆေတွေ ခေါ်သွင်းလို့ မရဘူး…ကျွန်တော် ပေါ်လာနိုင်တာက ကောကောပေါ်မှာ ထားထားတဲ့ အမှတ်အသားကြောင့်ပဲ…"

ထို့ကြောင့် အိမ်မက်ဖန်ဆင်းသူက ကျီရွှမ်ကိုမြင်သောအခါ အလွန်အံ့အားသင့်သွားရခြင်းဖြစ်သည်။

ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ကို မြှောက်ကာ မျက်ခုံးကို ဖိလိုက်သည်။

ဒီလိုဆို ကျီရွှမ်က ထွက်သွားချင်ပေမဲ့ ထွက်သွားလို့ မရဘူးပေါ့….

ဒါပေမဲ့…

သူ့ကို ‌စောင့်နေတဲ့ လူသုံးယောက် ရှိသေးတယ်လေ…သူ ခေါင်းကိုက်လာပြီနော်…

ကျီရွှမ်က ပြောလိုက်သည်။

"ကောကောလိုချင်ရင် ကျွန်တော် ကလေးပုံစံပြောင်း‌ပေးလို့ရပါတယ်…"

ယဲ့ကျား ပြန်မပြောမီပင် သူ့ရှေ့က အမျိုးသားက လျင်မြန်စွာ ကျုံ့သွားပြီး မျက်စိတစ်မှိတ်အတွင်း သူ့ခါးလောက်သာ ရှိသည့် ကောင်လေးအဖြစ် ပြောင်းသွားလေသည်။

ကျီရွှမ်က နူးညံ့သော မျက်နှာကို မော့လိုက်ပြီး သူ့၏ နီရဲနေသော မျက်လုံးများက အနက်ရောင် ပြောင်းသွားသည်။ သူက ကျီရွှမ်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ကလေးဆန်သော အသံဖြင့် ပြောလိုက်သည်။

"ကောကော…"

ယဲ့ကျား : "..."

အိုကေ...

ကျီရွှမ်ရဲ့ ကလေးမျက်နှာနဲ့ လူကြီးမျက်နှာက တူပေမဲ့ အော်ရာတွေ၊ မျက်လုံးအရောင်တွေက ကွဲတယ်…ကျီရွှမ်နဲ့ နေ့နေ့ညည အတူတူ နေနေတဲ့ သူ့ကိုယ်တိုင်တောင် ချက်ချင်း မှတ်မိဖို့ ခက်ခဲတယ်…ခဏပဲတွေ့ဖူး တဲ့ ကစားသမားတွေဆို မမှတ်မိလောက်ဘူး…

တစ္ဆေဘုရင် ကျီရွှမ်က အိမ်မက်ဖန်ဆင်းသူရဲ့ ကုမ္ပဏီမှာ ကလေးဘ၀နဲ့ ပေါ်လာလိမ့်မယ်ဆိုတာ စိတ်ကူးယဉ်ဖို့တောင် ခက်ခဲတယ်…

ဧည့်ကြို၀န်ထမ်းက ဓာတ်လှေကားအပြင်တွင် ချိုမြိန်စွာ ပြုံးကာ စော‌င့်နေလေသည်။ အစကတည်းက စောင့်နေခြင်းဖြစ်ကြောင်း သိသာလှသည်။

သူက ယဲ့ကျားကို ကြည့်ကာ ပြောလိုက်သည်။

"လူကြီးမင်း အခုပြင်ဆင်ပြီးပြီလား…"

ဧည့်ကြို၀န်ထမ်းက ကျီရွှမ်ကို မြင်သောအခါ အလွန်ထိတ်လန့်သွားလေသည်။ အတက်အဆင်း သေချာထိန်းချုပ်ထားသည့် အပေါ်ဆုံးအထပ်တွင် ကလေးတစ်ယောက် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယဲ့ကျား : "သူက ငါနဲ့ လိုက်လာတာ…"

ဧည့်ကြို၀န်ထမ်း : "ဒါပေမဲ့..."

ယဲ့ကျား : "စိတ်မပူနဲ့…မင်းရဲ့ သူဌေးသိတယ်…."

"ဟုတ်ကဲ့ရှင့်..."

ရှင်းပြပြီးနောက် ဧည့်ကြို၀န်ထမ်းက တစ်ဖန်ပြုံးလိုက်လေသည်။

"ကျေးဇူးပြုပြီး Sir အထဲကို ကြွပါ…"

ဓာတ်လှေကားက ဖြည်းညှင်းစွာ ဆင်းနေလေသည်။

မြေညီထပ်သို့ ရောက်သောအခါ ဒင်ခနဲ မြည်သံနှင့်အတူ တံခါးက ဖြည်းညှင်းစွာ ပွင့်လာလေသည်။

တံခါးရှေ့တွင် ဝေ့ရွှယ်ချူး၊ ချန်ချင်းယဲ့နှင့် ဘလပ်စ်က စောင့်နေလေသည်။

သူတို့က အလောတကြီး ၀န်းရံလိုက်ပြီး မေးလိုက်သည်။

"ဘယ်လိုလဲ…"

တစ်ချိန်တည်းမှာပင် အားလုံး၏ မျက်လုံးများက ယဲ့ကျား၏ဘေးမှ ထူးဆန်းသောကလေးပေါ်သို့ ရောက်သွားလေသည်။ သုံးယောက်လုံး ထိတ်လန့်သွားကြသည်။ သူတို့က ဓာတ်လှေကားထဲတွင် ကလေးတစ်‌ယောက်ပါ လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"သူက…"

ဧည့်ကြို၀န်ထမ်းက ပြုံးကာ ပြောလိုက်သည်။

"ဒီကလေးက ဒီလူကြီးမင်းနဲ့ အတူပါလာတာပါ…"

ယဲ့ကျား : "..."

သွားပြီ…

သူက ကျီရွှမ်အပေါ်မှာ အခြားလူတွေ သူ့ကိုမမြင်စေမဲ့ အကာအကွယ် ထားခဲ့သင့်တယ်…

ဒါတွေအားလုံးက အိမ်မက်ဖန်ဆင်းသူကြောင့်ပဲ…မဟုတ်ရင် သူက ကော်ရစ်တာမှာ ကျီရွှမ်ကို ကလေးအဖြစ်ပြောင်းဖို့ ခွင့်ပြုခဲ့မှာ မဟုတ်ဘူး…

ပြီးတော့ သူက အခု အခြားသုံးယောက်ကို အေ့စ် အနေနဲ့ တွေ့နေတာ…ဒါက အန္တရာယ်များ‌သွားပြီ….

ယဲ့ကျားက ပင့်သက်ရှိုက်လိုက်ပြီး သူ့ရှေ့မှ သုံးယောက်သုံးမျိုးဖြစ်နေသည့် မျက်နှာအမူအရာ ပိုင်ရှင်များအား ပြောလိုက်သည်။

"ဒါက ပြောရရင် ရှည်တယ်…"

မကြာမီ သူတို့လေးယောက်က အဆောက်အအုံထဲမှ ထွက်လာကြလေသည်။

အိမ်မက်ဖန်ဆင်းသူ၏ စောင့်ကြည့်ဧရိယာမှ ထွက်လာပြီးသည်ကို အတည်ပြုပြီးနောက် ယဲ့ကျား၏ရှင်းပြချက်ကို နား‌ထောင်ရန် ကြည့်လိုက်ကြသည်။

ယဲ့ကျား : "..."

ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်ခုံးကို ပွတ်ကာ ပြောလိုက်သည်။

"သူက…"

ကျီရွှမ်က ခေါင်းမော့လာပြီး ကြီးမားပြီး နက်မှောင်သော မျက်လုံးကြီးဖြင့် သူ့ကို ကြည့်နေလေသည်။ သူ့အဖြေကို စောင့်စားနေဟန် ပေါ်၏။

"သူက ငါ့ရဲ့ အဖော်ဟောင်းပဲ..."

ယဲ့ကျားက မိတ်ဆက်ပေးလိုက်သည်။

ဝေ့ရွှယ်ချူးက မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။

"အို…နင်က ဂိမ်းထဲမှာ အသင်းဖော်တွေ မရှိဘူးလို့ ကြားဖူးတယ်…ကလေးတစ်ယောက်နဲ့ပဲ တစ်ချိန်လုံး ရှိနေတာဆို…အဲ့ဒါ သူလား…"

ယဲ့ကျား :"အင်း…"

ချန်ချင်းယဲ့နှင့် ဘလပ်စ်တို့က မှင်သက်သွားလေသည်။

အေ့စ်က ဖြစ်ရပ်တွေကို ရှင်းတဲ့နေရာမှာ တစ်ယောက်တည်း လှုပ်ရှားပေမဲ့ ကစားသမားတော်တော်များများက အေ့စ်မှာ ဖြစ်ရပ်တွေရဲ့ အပြင်ဘက်မှာ အမြဲကာကွယ်ပေးနေတဲ့ ကလေးတစ်ယောက်ရှိမှန်း သိကြတယ်…ဘာလို့ သန်မာတဲ့ ကစားသမားက ကြင်နာတတ်နေမှန်း မသိဘူး…ဒါ့ကြောင့် ရက်စက်တဲ့ ဂိမ်းထဲမှာ အေ့စ်မှာ ဆီပုလင်းတစ်လုံး ရှိနေခဲ့တယ်…အဲ့ကလေးကို ဂိမ်းက ခေါင်းစဉ် မပေးထားဘူး…လူတွေက အဲ့ကလေးနာမည်ကို မသိကြဘူး…အမှတ်စာရင်းဇယားထဲမှာလည်း မပါဘူး…ဒါ့ကြောင့် ကစားသမားတွေက အဲ့ကလေးက ဒီလောက်ကြာကြာ အသက်ရှင်နေနိုင်တာက အေ့စ်ရဲ့ ကာကွယ်ပေးမှုကြောင့်ဆိုတာ သိကြတယ်…