Chapter 99
မိနစ်အနည်းငယ်ကြာပြီးနောက် အိမ်မက်ဖန်ဆင်းသူက ရယ်မောနေခြင်းကို ရပ်လိုက်သည်။ သူက ယဲ့ကျားကို မှင်သဖွယ် အနက်ရောင်မျက်လုံးဖြင့် စိုက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"မင်းတို့လူသားတွေက ဒီကမ္ဘာကို မင်းတို့ပိုင်တယ်လို့ ထင်နေတာမလား…"
သူက ထူးဆန်းသည့်အပြုံးကို ပြုံးပြလိုက်သည်။
"ဒါပေမဲ့ အမေထွက်လာရင် အရာအားလုံးက ပြောင်းလဲသွားလိမ့်မယ်…"
ယဲ့ကျားက မေးလိုက်သည်။
"မင်း ဘာပြောချင်တာလဲ…"
အိမ်မက်ဖန်ဆင်းသူက တစ်ဖန် ရယ်မောလိုက်သည်။
"ဒီကမ္ဘာကြီးက ငါတို့ဟာ…မင်းတို့လူသားတွေက ငါတို့ရဲ့ အစာဖြစ်ဖို့ပဲ ထိုက်တန်တယ်…"
သူက ရယ်မောနေရင်း သွေးများသီးသွားပြီး ချောင်းဆိုးလာလေသည်။
"ဟမ်..."
ယဲ့ကျားက ပြုံးကာ နူးညံ့စွာ ပြောလိုက်သည်။
"မင်းက စိတ်ဖိစီးမှုတွေကို ခံနိုင်ဖို့ ယုံကြည်ချက် ရှိနေတယ်ပေါ့..."
အိမ်မက်ဖန်ဆင်းသူ၏ သွေးစွန်းနေသော မျက်နှာက အနည်းငယ် တွန့်ရှုံ့သွားလေသည်။
ယဲ့ကျား၏ မျက်နှာက ပြောင်းလဲခြင်း မရှိချေ။
"ငါ့ကိုယုံ…ရုပ်သေးသခင်က ငါ ဖမ်းဝာာကို ခံရပြီးတေ့ာ မင်းလိုပဲ ပြောခဲ့တယ်…"
သူ့နှုတ်ခမ်းပေါ်မှ အပြုံးက ပိုကျယ်လာလေသည်။
"မင်းနေရာကို ဘယ်သူပြောပြခဲ့လဲ မှန်းကြည့်လေ…"
အိမ်မက်ဖန်ဆင်းသူ၏ မျက်နှာက ပိုမိုကြောက်စရာကောင်းလာသော်လည်း အမုန်းတရားများနှင့် ပြည့်နှက်နေသော မျက်လုံးထဲတွင် ကြောက်ရွံ့မှုများရှိနေလေသည်။
ယဲ့ကျားက စိတ်မပူသကဲ့သို့ ပေါ့ပါးစွာ စောင့်နေလေသည်။
တစ္ဆေတွေက တစ်ယူသန်တဲ့ စိတ်ဆန္ဒနဲ့အမုန်းတရားကို ပေါင်းပြီးဖွဲ့စည်းထားတာ…သူတို့က အရမ်း တစ်ကိုယ်ကောင်းဆန်တဲ့လူတွေ…ကြောက်ဖို့ကောင်းလေလေ ပိုကြောက်တတ်လေလေပဲ…
အထူးသဖြင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အရှုံးပေးလိုက်ရပြီ…အဲ့ဒါကြောင့် အိမ်မက်ဖန်ဆင်းသူက ယဲ့ကျားရဲ့ အောက်ခြေလိုင်းကို မထရဲဘူး…
ဒါပေမဲ့ ဒါက အမေပေးထားတဲ့ တာ၀န်လေ…
သူက ယဲ့ကျားကို တိုက်ရိုက်မပြောပြနိုင်ဘူး…
သူက ပိုကောင်းတဲ့ အခွင့်အလမ်းကို ရှာရမယ်…
ယဲ့ကျားက တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး မေးလိုက်သည်။
"ငါက မင်းနဲ့ အပေးအယူစာချုပ် ချုပ်ခဲ့တယ်နော်…ငါ ဘာလိုချင်ခဲ့တာလဲ…"
သူက အိမ်မက်ဖန်ဆင်းသူနှင့် စာချုပ်ချုပ်ခဲ့သည်။ သို့သော် သူက ထိုအချိန်က အခြေအနေများနှင့် အကြောင်းအရာများကို မေ့နေလေသည်။
အိမ်မက်ဖန်ဆင်းသူ၏ သွေးများနှင့် ဖုံးလွှမ်းနေသော မျက်နှာပေါ်တွင် ကွေးညွှတ်သော အပြုံးတစ်ခုပေါ်လာသည်။
"မင်းက အဖြေတစ်ခု လိုချင်တာ…"
"ဘာအဖြေလဲ…"
ယဲ့ကျားက အနည်းငယ်ထိတ်လန့်သွားသည်။
ဒါက သူထင်ထားတာနဲ့လည်း မတူဘူး…
ဒီလိုကိစ္စမျိုးကအရမ်းယုတ္တိဆန်တယ်…အိမ်မက်ဖန်ဆင်းသူက နေရာမှာတင် အဖြေပေးလိုက်လို့ရတယ်…လ၀က်ကြာမှာ မဟုတ်ဘူး…
သူ့မှာ အိမ်မက်ဖန်ဆင်းသူရဲ့ စာချုပ်က ဟာကွက်ကို ရှာဖို့ အချိန်လည်း မရှိခဲ့ဘူး…
အိမ်မက်ဖန်ဆင်းသူ၏ အပြုံးက ပိုကျယ်လာပြီး စကားလုံးများဖြင့် တစ်ဖက်လူ၏ ခံစားချက်များကို ဝါးမျိုနေရသည်ကို ကျေနပ်နေပုံပေါ်သည်။
"မင်းက မင်းအမေ ဘယ်လိုသေသွားလဲဆိုတာကို သိချင်တာ…"
.......
"အား......."
စူးရှကျယ်လောင်လှသောအော်သံနက်ကြီးက မြေအောက်ဥမင်တလျှောက် ပဲ့တင်ထပ်သွားသည်။ ၎င်းသည် အသည်းခိုက်ဖွယ်နာကျင်မှုမှပေါ်ထွက်လာသံဖြစ်ကာ လူအော်သည့်အသံနှင့်ပင်မတူ။ လေကိုဓားတစ်ချောင်းကဖြတ်တောက်သွားပုံနှင့်တူပြီး မူလကရှိခဲ့သော အခန်းထဲမှတိတ်ဆိတ်မှုကိုအဆုံးသတ်ပစ်လိုက်သည်။ ၎င်းကဆံပင်မွှေးများကိုထောင်တက်သွားစေပြီး ထိတ်လန့်မှုကြောင့်သူတို့တစ်ကိုယ်လုံးကိုတုန်ယင်သွားကြသည်။ အပြင်ရှိလူများက အလန့်တကြားဖြင့်အနောက်လှည့်ကြည့်ကြပြီး အောက်ဘက်တွင်ဖြစ်ပျက်နေသမျှကိုအလိုအလျောက် ခန့်မှန်းမိသွားကြသည်။ ထိတ်လန့်နေသောမျက်လုံးများစွာသည်ကျီးကန်းတောင်းမှောက်။
သို့သော် ၎င်းအော်သံနက်ကြီးဆက်လက်ထွက်ပေါ်နေဆဲသာဖြစ်ပြီး မကျေမနပ်ဖြင့်ဆဲရေးတိုင်းထွာသံများပါရောပါလာသေးသည်။ ၎င်းသည်ကြောက်မက်ဖွယ်အတိဖြစ်ကာ လူသတ်နေသောပြကွက်တစ်ခုလိုပင်။
"ဒါ....ဒါက...."
ဝေ့ရွှယ်ချူး၏မျက်နှာပေါ်ရှိအပြုံးက တောင့်တင်းနေသည်။
"ဒါကထူးခြားဖြစ်စဉ်ဌာနရဲ့ရုံးခန်း....."
သို့ထိတိုင် သူမ၏ရှင်းပြချက်ကအသုံးမဝင်တော့ပေ။ လူတိုင်းသည်အသက်မသေအောင်ပြေးလွှားကြပြီး မိနစ်အနည်းငယ်အတွင်းနားနေခန်းကြီးတစ်ခုလုံးက လူသူကင်းမဲ့သွားသည်။
ဘလပ်စ်: "မင်းပြောကြည့်...သူတို့ရဲခေါ် လောက်လား"
ချန်းချင်းယွဲ့သည်သူ၏မျက်မှန်ကိုပင့်တင်ကာ "အင်း"
ဝေ့ရွှယ်ချူးသည်လေကိုတဝကြီးရှူကာ စိတ်ငြိမ်အောင်ထိန်းလိုက်ပြီး
"သူတို့ရီပို့တင်ချင်လည်း တင်ကြပါစေပေါ့၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကငါတို့စိတ်ပူစရာလည်းလိုတော့တာမှမဟုတ်တာ"
သူမသည် အကြင်နာတရားကင်းမဲ့စွာဖြင့် ရှိသမျှတာဝန်များကို F မြို့တော်ဌာနထံ အပ်ထားလိုက်သည်။ သူတို့သည်ရဲများနှင့်ဆက်ဆံရေးကောင်းသောကြောင့် ထိုကိစ္စမှာအလွယ်တကူဖြေရှင်းပြီးသွားနိုင်လောက်သည်။
အဆိုပါနားမုဒိမ်းကျင့်နေသောအသံကြီးကား မိနစ်အနည်းငယ်ကြာပြီးနောက်တွင် လူတစ်ယောက်ကတူရိယာတီးခတ်နေရင်း တီးကွက်ပြဂီတစာရွက်တွင် ခဏနားသည့်သင်္ကေတကိုမြင်လိုက်သလို ရုတ်တရက်ရပ်သွားသည်။
ဗလာလေထုဖြစ်နေသော နားနေခန်းသည်ထိုအခိုက်အတန့်မှာပင်အင်မတန်တိတ်ဆိတ်သွားပြီး သူတို့အားအနည်းငယ်နေထိုင်ရသက်သာသွားစေသည်။
လူသုံးယောက်ကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ဆိတ်ငြိမ်မှုအတွင်း၌ ဖြည်းဖြည်းမှန်မှန်နီးကပ်လာသောခြေသံက တိုးလျစွာထွက်လာသည်။ ဖိနပ်အောက်ခြေနှင့်ကျောက်သားကြမ်းခင်းတို့ထိခတ်သွားသည့်အချိန်သည် နှလုံးခုန်နေသောကြိမ်နှုန်းနှင့် စည်းချက်တကျရှိနေသည်။
မြေအောက်ဥမင်တံခါးဝတွင် လူငယ်တစ်ယောက်ပုံရိပ်ပေါ်လာသည်။ သူသည်လှေကားပေါ်သို့တစ်ထစ်ချင်းတက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကအောက်ပိုင်းမှစတင်ပေါ်လာသည်။
ဓားကောက်ကို အချိန်မီသိမ်းထားနှင့်ပြီး အနီရင့်ရောင် သွေးများရွှဲနေသောလက်နှစ်ဖက်က ကိုယ်၏ဘေးနှစ်ဖက်တွင်ကျနေသည်။ အရိုးအချို့နှင့် ပူပူနွေးနွေးသွေးနံ့များက သူ၏အသားထဲတွင်ကပ်ငြိနေဆဲပင်။ တစ်စက်ပြီးတစ်စက်။ သွေးများကသူ၏လက်ချောင်းထိပ်မှတဆင့်တစ်စက်ချင်းကျနေပြီး ချောမွေ့သောကြမ်းပြင်ပေါ်တွင်အိုင်ထွန်းနေသည်။
ခေါင်းစွပ်၏အရိပ်ကျနေသောအောက်တွင် လူငယ်လေး၏မျက်နှာကအမူအရာကင်းမဲ့နေသည်။ သွေးစက်အနည်းငယ်ကသူ၏ပါးပေါ် တဆင့်မေးရိုးအောက်သို့ဖြာကျနေသည်။ ၎င်းကသူ၏ဖြူဖွေးနေသောအသားအရေပေါ်တွင် ထင်ရှားနေကာ သွေးထွက်နေသလိုဒဏ်ရာကသူ့အားအလှသွေးကြွယ်စွာ ရက်စက်ခက်ထန်ပြီးထိတ်လန့်ဖွယ်ကောင်းစေသည်။ သူ၏နှုတ်ခမ်းက မျဉ်းဖြောင့်တစ်ကြောင်းနှယ်အေးစက်စွာဖြင့်ပိပြားနေကာ တစ်ကိုယ်လုံးပေါ်မှသွေးအနံ့သည် အသက်ရှူကျပ်လောက်သည်အထိ ပြင်းထန်လွန်းပြီး သွေးလွှမ်းသောတစေစွမ်းအင်ကိုဖုံးအုပ်ထားသည်။ ထိုသူသည် တောင်လိုပုံနေသောအလောင်းကောင်များနှင့်သွေးပင်လယ်အကြားမှနင်းဖြတ်လာသော သေမင်းတမန်တစ်ပါးနှယ် လူများကိုမသိစိတ်မှအလိုလိုတုန်လှုပ်မိစေ၏။ ဘလပ်စ်ကမသိစိတ်ကြောင့် တံတွေးမြိုချမိသည်။
သူသည် အရင်ဂိမ်းပွဲမှလူကိုတိုက်ခိုက်နိုင်ခဲ့ပြီး မကြာသေးခင်ကလည်း အစစ်အမှန်ကမ်ဘာတွင် ACE ၏ ဖုံးကွယ်ထားမှုကိုပါ အလိုက်သင့်တုံ့ပြန်နိုင်ခဲ့သည့်တိုင် ပြိုင်ဘက်၏အထိန်းအကွပ်မဲ့နေပုံကို သူပထမဆုံးအကြိမ်ကြုံတွေ့ရသည်ပင်။ ၎င်းကအနည်းငယ်....ကြောက်စရာကောင်းသည်။ သို့သော်.....သူ၏အကြည့်က ACE ၏လက္ကိုရွေ့သွားပြီးစိတ်ရှုပ်ထွေးစွာဖြင့်ခေတ္တရပ်သွားသည်။
အိပ်မက်ဖန်တီးရှင်ရဲ့ခေါင်းက ဘာဖြစ်သွားတာလဲ......
တစ်ချိန်တည်းမှာပင် လူနှစ်ယောက်လုံး၏စိတ်ထဲတွင် တူညီသောမေးခွန်းရှိနေသည်။ ဝေ့ရွှယ်ချုးသည် သတိကြီးကြီးထားကာ "အမ်...တစေခေါင်းကဘယ်မှာလဲ"
ယဲ့ကျားသည် မေးခွန်းတစ်ခုတည်းကြောင့်အတွေးလွန်နေရာမှသတိပြန်လည်လာပုံရသည်။ သူဝေ့ရွှယ်ချုးကိုလှမ်းကြည့်လိုက်၏။ ထိုသူသည်စကားပြောလာချိန်တွင် နှုတ်ခမ်းလေးများကယောင်ယောင်လေးကွေးတက်သွားသည်။
"အို့..သူလား"
သူသည်အနောက်မှဥမင်လမ်းကြောင်းကိုညွှန်ပြသည်။
"အဲဒီ့အောက်မှာ...."
သို့သော် သူတို့သုံးယောက်လုံးစိတ်အေးလက်အေးဖြင့်သက်မ မချရသေးခင် လူငယ်လေးကထပ်လောင်းပြောလာသည်။
"ဒါပေမဲ့ သူ့ကိုနောက်တစ်ခါအပိုင်းပိုင်းဖြစ်အောင်စုတ်ဖြဲဖို့ဆိုရင် မင်းတို့အတွက်ခက်လိမ့်မယ်"
သူတို့သုံးယောက်: "......"
ဖာ့ခ်...ဒါကရက်စက်တာပဲ.....
ယွဲ့ကျားသည်ပြောင်ရှင်းနေသောကောင်တာကိုသွားပြီး တစ်သျူးအနည်းငယ်ကိုဖြဲယူသည်၊ ပျစ်နှစ်နေသောသွေးများဖြင့်သူ၏နဂိုအသားအရေကိုပင်မမြင်ရလောက်အောင်ပေကျံနေသောသူ၏လက်ကိုဖြည်းဖြည်းချင်းသုတ်သည်။ အဆိုပါဇယ်ဆက်သလိုလှုပ်ရှားမှုတိုင်းက ချောမွေ့နေသည့်တိုင် လူတိုင်း၏စိတ်ထဲတွင်နေထိုင်ရမသက်မသာဖြစ်စေသည်။ ဘလက်စ်သည်တံတွေးမြိုချပြီး ချန်းချင်းယဲ့ကိုမှီကာတီးတိုးကပ်ပြောသည်။
"အေ့စ် ကပြောင်းလဲသွားတယ်လို့မထင်ဘူးလား"......စိတ္တဇလူသတ်မှုထဲကလိုလေ...
သို့သော် သူ၏စကားပင်မဆုံးသေးခင် ဘေးမှတစ်ယောက်ကသူ၏ခြေထောက်ကိုအားနှင့်တက်နင်းလိုက်သည်။ ဘလပ်စ်သည် နာကျင်လွန်း၍ရှုံ့ မဲ့သွားရသည့်တိုင် ရုပ်ပျက်ဆင်းပျက်ဖြင့်မအော်မိလိုက်ပေ။
ချန်းချင်းယဲ့က မျက်နှာအမူအရာမပြောင်းဘဲရှေ့တလှမ်းတိုးသွားသည်။ သူပြောမည့်စကားလုံးများကို အသေအချာစီစဉ်ပြီးမှ ချမ်းစိမ့်စိမ့်တိတ်ဆိတ်မှုကိုဖြိုဖျက်လိုက်၏။
"ဆိုတော့...မင်းလိုအပ်တဲ့သတင်းရခဲ့လား"
ယဲ့ကျားသည် မျက်လွှာချထားလျက် သွေးများရွှဲနစ်နေသောတစ်သျူးကိုလုံးချေပြီးဘေးမှအမှိုက်ပုံးထဲထည့်လိုက်သည်။ အမှိုက်ပုံး၏အဖုံးကဘန်းကနဲပိတ်သွားကာ သူ၏အသံကခန်းမလွတ်ထဲတွင်ပဲ့တင်သံပေါ်လာသည်။
"သူပြောလို့ရတာတော့ပြောသွားတာပဲ"
သို့ထိတိုင် သူ့အတွက်မလုံလောက်သေးပေ။ မရေမတွက်နိုင်သောလူသားဝိညာဉ်များနှင့် အပေးအယူလုပ်ရန် အိပ်မက်ဖန်တီးရှင်၏လက်ထဲတွင်ကျန်နေသေးသောခက်ထန်သောအဆင့်တစေများကိုရှင်းပစ်ရန်လိုအပ်သေးသည်။ နောက်ဆက်တွဲကိစ္စများက ခက်ခဲရှုပ်ထွေးသည်။ သူတို့တာဝန်ယူရန်မလိုအပ်တော့သည့်တိုင် ဌာနကသူတို့အကူအညီများကိုလိုအပ်နေဆဲပင်။ ယဲ့ကျားသည် ကျန်သုံးယောက်ကိုနှုတ်ဆက်ပြီးဥမင်ထဲမှထွက်လာသည်။ ကျီရွှမ်နှင့်တွေ့သည်တွင် သူအရင်မေးလှုက်သည်မှာ
"ရုပ်သေးတေစ္ဆဘယ်မှာလဲ"
ကျီရွှမ်သည်သူ၏နီမြန်းနေသောမျက်လုံးများကို မှေးပြီး ယဲ့ကျားကိုခဏတာမျှစိုက်ကြည့်နေခဲ့ပြီးမှ စကားမရှည်နေတော့ဘဲ တေစ္ဆပိုင်နက်ကို ဖန်တီးလိုက်သည်။
ယဲ့ကျားကခြေတစ်လှမ်းလှမ်းပြီးဝင်ရောက်သွားခဲ့၏။ သူ၏ပတ်ဝန်းကျင်က မည်းမှောင်နေသောသိုလှောင်ရုံအဖြစ် တမဟုတ်ချင်းပြောင်းလဲသွားသည်။ ယဲ့ကျားလှမ်းဝင်သွားသည်နှင့် ရုပ်သေးအရှင်ကသူ၏တည်ရှိမှုကိုသတိပြုမိသွားခဲ့သည်။ ထိုသူသည်ကျောမတ်သွားကာ သူလာနေသည့်ဘက်သို့လှမ်းကြည့်သည်။ ယဲ့ကျားသည်သူ၏အရှေ့တွင်ရပ်ပြီး ကလေးပုံစံဖြင့် ခပ်ကြမ်းကြမ်းသရဲလေးကိုငုံ့ကြည့်လိုက်သည်။ သူ၏နက်ရှိုင်းသည့်ပယင်းရောင်မျက်လုံးအိမ်ထဲတွင် မည်သို့သောခံစားချက်မှပြောင်းလဲသွားခြင်းမရှိ။ ခဲတောက်နေသောရေကန်တစ်ကန်လို လှိုင်းဂယက်နှင့်ပြောင်းလဲမှုတို့ကင်းမဲ့နေသည်။
ရုပ်သေးအရှင်၏မျက်လုံးထဲတွင် အံ့အားသင့်သောအရိပ်အယောင်အနည်းငယ်မျှ ဖြတ်ပြေးသွားသည်။ ယဲ့ကျား၏ကိုယ်ပေါ်မှရင်းနှီးနေသောသွေးနံ့ကိုရသည်။ ထိုသူဘာဖြစ်ခဲ့သည်ကို သူချက်ချင်းနားလည်သွားသည်။
သူတကယ်ကြီး....နိုင်လာတယ်?
ယဲ့ကျားသည် ဖြည်းညှင်းစွာဖြင့်နောက်ထပ်ခြေတလှမ်းတိုးကပ်လာသည်၊ သူ၏ကိုယ်ပေါ်မှအေးစက်သောတေစ္ဆ စွမ်းအင်များထွက်ပေါ်လာပြီး ရုပ်သေးအရှင်ကိုဖိနှိပ်ထားသည်။
အဆိုပါစွမ်းအင်သည် ကျီရွှမ်၏ကိုယ်ပေါ်မှသွေးနံ့နှင့်ဆင်တူပြီး တဖက်လူကသာမန်လူသားတစ်ယောက်အဖြစ်ဆက်ရှိနေသည်မှာအံ့ဩထိတ်လန့်စရာကောင်းသည်။
ရုပ်သေးအရှင်သည်ကြောက်ရွံ့မှုကြောင့်မသိစိတ်အလိုအရ အနောက်သို့တစ်လှမ်းဆုတ်မိသွားသည်။ Ace က အိပ်မက်ဖန်တီးသူကိုစားလိုက်ပြီ။ S အဆင့်ရှိ lord ကိုစားလိုက်ပြီးဖြစ်၍ Ace ၏စွမ်းအားကကြောက်မက်ဖွယ်မြန်နှုန်းဖြင့်တက်လာသည်။ အနှီတုန်လှုပ်ဖွယ်စွမ်းအားကရိုးရှင်းပြီး....နှလုံးရပ်သွားစေနိုင်သည်။ ယဲ့ကျားကကိုယ်ကိုကိုင်းပြီး လေသံအေးအေးဖြင့်မေးသည်။
"ဆိုတော့...မင်းအဲဒီအကြောင်းကိုတွေးထားပြီးသားမဟုတ်လား"
သူသည်နောက်ဆုံးတခေါက်က မေးခွန်းကိုရည်ရွယ်ပြီးမေးသည်။
ရုပ်သေးအရှင်၏စိတ်က အလျှင်အမြန်အလုပ်လုပ်သည်။ တကယ်တမ်းတွင်မူ သူနှေးကွေးနေသည်။ အိပ်မက်ဖန်တီးရှင်၏နေရာကိုသူ့အားပြောပြလိုက်ခြင်းက လက်စားချေခြင်းနှင့်စမ်းသပ်ခြင်းတစ်မျိုးပင်။ အိပ်မက်ဖန်တီးသူသည် S အဆင့်ရှိ lord များအကြားတွင်အင်အားအကြီးဆုံးတစေဟုသတ်မှတ်နိုင်သည်၊ သို့သော် အဆက်မပြတ်ဒဏ်ရာအပြင်းအထန်ရပြီးနောက် သူ၏အင်အားများလျော့သွားခဲ့သည်။ သူသာ Ace ကိုသတ်နိုင်ခဲ့ပါက ပုံမှန်တွင် ရုပ်သေးအရှင်ကကျေနပ်မည်မှန်လင့်ကစား သူရှုံးသွားခဲ့ပါက အမေ၏အစီအစဉ်ကို ကြီးကြီးမားမားပြန်လည်ချမှတ်ရမည်ဖြစ်ကာ အလှည့်အပြောင်းအနေဖြင့်အငြိုးအရ သူရှိနေသောနေရာကိုပြပေးသလိုဖြစ်သွားမည်။
သည့်နောက် အမေကသူ့အားအပြင်ပန်းအရသာ စွမ်းအားပေးထားသလိုဖြစ်ပြီး လက်တွေ့တွင် သူ့အားချောင်ထိုးထားတော့မည်။ သို့တစေ Aceက အိပ်မက်ဖန်တီးရှင်ကိုသတ်လိုက်ရုံမက စွမ်းအားများကိုပါစုပ်ထားလိုက်သေးသည်။
အမေ့အတွက်မှာဖြေရှင်းရမည့်ကိစ္စက သေးသေးမွှားမွှားမဟုတ်။ရုပ်သေးအရှင်ကို ခက်ခဲသောအခြေအနေတွင်လွှတ်ချထားလျှင်ပင် မယ်တော်သည် သစ္စာဖောက်မှုအတွက်လုံးဝခွင့်မလွှတ်တော့မည့်အနေအထားတွင်ရှိနေသည်။ သူ Ace လက်ထဲမှလွတ်သွားလည်း အမေ၏ ဒေါသကိုရင်ဆိုင်ရမည်။
ထိုအတွက် လက်ရှိအချိန်တွင် အေ့စ် နှင့်ပူးပေါင်းပြီး သူ့အတွက်လွတ်လမ်းရှာဖွေသင့်သည်။
"ဒါပေါ့...."
ရုပ်သေးအရှင်၏မျက်နှာတွင် အပြုံးတစ်စပွင့်လန်းလာ၏။
"ငါမင်းကိုကူညီချင်ရင်တောင် မေးခွန်းအတွက်ဖြေပေးဖို့ကခက်ခဲတယ်လေ...ဒါပေမဲ့...."
ရုပ်သေးအရှင်သည် သူချုပ်ခံထားရသောသိုလှောင်ရုံကိုလက်ညိုးထိုးပြပြီး အလင်းတစက သူ၏နက်မှောင်သောမျက်လုံးအိမ်တွင်ဖျတ်ကနဲလက်သွားလေ၏။
"ငါတော့မင်းနားလည်သင့်ပြီလို့ထင်တယ်...မဟုတ်ဘူးလား"
"ကောင်းတယ်"
ယဲ့ကျားက မတ်တပ်ရပ်သည်။ သူ၏အမူအရာက တဖက်လူထံမှအဖြေကိုမျှော်လင့်ထားသလိုတည်ငြိမ်နေသည်။
"အိပ်မက်ဖန်တီးသူရဲ့ ဥမင်ထဲမှာ နေရာလွတ်ရှိတယ်၊ အဲဒီမှာတစ်ခုခုရှိနေခဲ့တယ်ထင်တယ်၊ ငါရောက်သွားတော့ အဲဒါကမရှိတော့ဘူး"
ယဲ့ကျားသည် သူ၏မျက်လုံးများကိုဖြည်းညှင်းစွာမှေးလိုက်ရင်း
"အရင်တစ်ခါက အိပ်မက်ဖန်တီးသူပေးခဲ့တဲ့ ဒိတ်ဘယ်လောက်ပါလိမ့်"
ရုပ်သေးအရှင်၏နှလုံးသားက ရေအေးကန်ထဲပြုတ်ကျသွားသလိုအေးကနဲဖြစ်သွားပြီး သူ၏မျက်နှာကတောင့်တင်းသွားသည်။ သူသည်အနည်းငယ်မယုံကြည်နိုင်ဖြစ်နေသလိုပင်။
တစ်ဖက်လူက အဓိကအချက်ကိုအမိအရဆုပ်ကိုင်လိုက်ပြီ။ မူလကသူသည်လက်ရှိအခြေအနေအတွက်အဖြေရအောင် အချိန်ခဏဆွဲထားနိုင်မည်ဟုကြံစည်ခဲ့ပြီး ယခုမူ ယဲ့ကျားကသူ၏အကြံအစည်များကိုဖောက်ထွင်းမြင်နေပုံရသည်။ သူ၏နှုတ်ခမ်းတွင် အပြုံးရေးရေးလေးပေါ်လာသည်။
"အဲဒါကမင်းအဖမ်းမခံရခင်ကဖြစ်ခဲ့တာ"
အကြောင်းအရင်းမှာ ရုပ်သေးအရှင်သည်အိပ်မက်ဖန်တီးရှင်၏တာဝန်ကိုသိချင်၍ အိပ်မက်ဖန်တီးသူ၏နယ်မြေထဲခိုးဝင်ခဲ့သည်၊ ထိုသူသာတာဝန်ပြီးမြောက်သွားပါက ရံှုးနိမ့်၍ဖြစ်စေ၊ အသတ်ခံရလျှင်ဖြစ်စေ အမေ၏အလုံးစုံသောအစီအစဉ်ပေါ်မသက်ရောက်ပေ။ သူကောင်းကောင်းသိသည်။
ရုပ်သေးအရှင်၏မျက်နှာထားက မလှုပ်မယှက်ပင်။
"အဲဒီတော့ဘာဖြစ်လဲ"
"ဘာမှမဖြစ်ပါဘူး"
ယဲ့ကျားက ရယ်လိုက်သည်။
"ငါအခုချိန်မှာလိုချင်တာက နေရာအတိအကျပဲ...ဒါပေမဲ့...."
သူနောက်ဆုံးစကားလုံးများကိုထုတ်ပြောပြီးသည်နှင့် သူ၏မျက်လုံးအောက်ခြေမှ အေးစက်သောအလင်းရောင်လက်သွားသည်။
"ဒီတစ်ခါ ငါ item မထုတ်ရသေးတဲ့ ခပ်ကြမ်းကြမ်းသရဲတစ်ကောင်လိုချင်တယ်"
ရုပ်သေးအရှင်က သူ့အားအဓိပ္ပါယ်ဖော်ရခက်သောအကြည့်မျိုးဖြင့်ပြန်ကြည့်လာသည်။ ယဲ့ကျားကအလျင်မလိုပေ။ သူအတန်ကြာအောင်စောင့်လိုက်ရပြီးနောက် ရုပ်သေးအရှင်က အသက်ပြင်းပြင်းတစ်ချက်ရှူသည်၊ ဘောပင်ကိုယူပြီး စက္ကူပေါ်တွင်စာကြောင်းအချို့ရေးကာ ဖြဲ၍ယဲ့ကျားထံပစ်ပေးလိုက်သည်။ ထို့နောက် သူသည်ကိုယ်ထက်မှရှိသမျှအားကုန်ခမ်းသွားပြီး ကြမ်းပြင်ပေါ် သို့ဝုန်းကနဲလဲကျသွားသည်။ မျက်နှာမှာဖြူလျော်နေပြီး မျက်လုံးများကအားအင်မရှိတော့။ သူခြေတစ်လှမ်းထပ်လှမ်းလိုက်သည်နှင့် Ace ၏ဓားပြလှေပေါ်ကျော်မိလျက်သားဖြစ်သွားတော့မည်မှန်း သူအတပ်သိနေသည်။ တမန်တော်နှစ်ကျော့ပြန်ဖြစ်ရခြင်းက ရွေးချယ်စရာမရှိ။
ယခင်ကသူသည် အမေ၏နံဘေးသို့ပြန်သွားနိုင်ပြီးအသက်ရှင်နိုင်ရန်အခွင့်အရေးရှိသည့်တိုင် သည်တစ်ကြိမ်တွင် သူသည် Ace က အမေကိုသတ်လိုက်ရန်သာတောင့်တမိသည်။ ထိုအရာကမွ သူအသက်ရှင်နိုင်ရန် စိတ်ချရသည့်တစ်ခုတည်းသောနည်းလမ်းပင်။
ယဲ့ကျားကပြုံးပြီးလှည့်ထွက်သွားသည်။ သူ၏အနောက်မှ ရုပ်သေးအရှင်၏နမိတ်မကောင်းလှသောအသံထွက်လာ၏။
"မင်းနိုင်သွားတာပိုကောင်းပါတယ်"
ယဲ့ကျားကပြန်လှည့်မကြည့်ပေ။ သူကလက်ကိုယမ်းပြပြီး "မင်းစိတ်ပူစရာမလိုပါဘူး"
ကျီရွှမ်ကအပြင်တွင်စောင့်နေသည်။ ယဲ့ကျားကအပြင်ထွက်လာသည့်အခါ အရှေ့တိုးလာသည်။ သူ၏မျက်လုံးများကိုဖြည်းဖြည်းချင်းအောက်ဘက်ရွှေ့လိုက်ပြီး နီရဲနေသောအိုင်းရစ်ပန်းကဲ့သို့ အမှောင်ထုထဲတွင်တောက်ပနေကာ သူ၏အသံကတိုးလျညင်သာနေသည်။
"မင်းလိုချင်တာရခဲ့လား"
ယဲ့ကျား၏မျက်နှာအမူအရာသည် နံနက်ခင်းအလင်းရောင်ထွက်ပြူလာသလိုပျောက်ကွယ်သွားသည်။ သူသည်ကျီရွှမ်းကို ဖျတ်ကနဲကြည့်ပြီး အသံသာပေးသည်။
သူသည်လက်ထဲမှမှတ်စုစာအုပ်ကို ပစ်ပေးလိုက်သည်။ ကျီရွှမ်ကခေါင်းငုံ့ကာ လက်ထဲမှစာအုပ်ကိုကြည့်သည်။ သည်တစ်ကြိမ်တွင်၎င်းသည် မြို့တော်နေရာကိုပေးထားပြီး နောက်ဆုံးအကြိမ်ကထက်ပင်ရက်ရက်ရောရောဖြင့်လမ်းအမည်များကိုရေးပေးထားသည်။
ယဲ့က်ား: "ငါတို့နောက်တစ်ခါသွားရမှာ ဒီနေရာပဲ"
ကျီရွှမ်ကမျက်ခုံးပင့်ကာ "ငါတို့?"
ယဲ့ကျားကလှည့်ထွက်သွားသည်။ "ဟုတ်တယ်"
ကျီရွှမ်သည် မျက်လုံးများကိုကျဉ်းမြောင်းလိုက်ကာ နှုတ်ခမ်းများကချိတ်တစ်ခုနှယ်ကွေးသွားလေ၏။
"ဟိုသုံးယောက်ကမလိုက်ဘူးလား"
ယဲ့ကျားကလမ်းလျှောက်နေရင်း ရပ်သွားလင့်ကစား ပြန်လှည့်မကြည့်ပေ၊ သူ၏ကျောပြင်ကထုံးစံအတိုင်း ဖြောင့်တန်းနေဆဲ။ သူစကားပြောလာသည့်အသံထဲတွင် မည်သို့သောခံစားချက်မှလွှမ်းခြုံမထားခဲ့ချေ။
"ဟုတ်တယ်"