အပိုင်း ၁၀၀
Viewers 10k

Chapter 100



ထိုနေ့ညက မြို့တော်တွင် ဌာနချုပ်ရှိအချက်ပေးခေါင်းလောင်းသံကရုတ်တရက်မြည်လာခဲ့သည်။

မြို့တော်တောင်ဘက်ပိုင်းမှ ယင်စွမ်းအင်တိုင်းတာသောကိရိယာမှပမာဏမြင့်လာခဲ့ပြီး တစ်ညလုံး နှုန်းထားများမြင့်တက်နေခဲ့သည်။ မနေ့ညကတစေ များဝင်မွှေပြီးတည်းက ထိုသို့သောနှုန်းမျိုးကိုတစ်ခါမှမကြုံဖူးခဲ့ကြပေ။ ရုံးချုပ်တစ်ခုလုံးက ပျာယာခတ်နေပြီး အချက်ပေးသံကတစ်ရုံးလုံးတွင်မြည်နေခဲ့လေရာ လူတိုင်းထိတ်လန့်ကုန်ကြသည်။

"ဘာတွေဖြစ်နေတာလဲ"

ညဂျုတီကျသောအဖွဲ့ခေါင်းဆောင်တစ်ယောက်မှာ သူ၏နဖူးမှချွေးများကိုသုတ္ကာ အမြန်ပြေးလွှားနေရသည်။ နှုန်းပြကိရိယာ၏ မော်နီတာကိုကြည့်နေသောအဖွဲ့ဝင်တစ်ယောက်က မပြောင်းလဲသောမျက်နှာဖြင့် အသေအလဲခေါင်းယမ်းပြသည်။

"ငါလည်းမသိဘူး၊ အဖွဲ့ဝင်တွေတစ်ယောက်မှလည်းဆက်သွယ်လို့မရဘူး"

"နှုန်းကဘယ်လောက်ရှိလဲ"

အဖွဲ့ဝင်၏မျက်နှာက နောက်တစ်ကြိမ်အကျည်းတန်သွားပြန်၏။

"သန်းနှစ်ဆယ်....."

ခေါင်းဆောင်မှာ ရှော့ခ်ရသွားသည်။ ခြောက်ကပ်နေသောလည်ချောင်းထဲသို့တံတွေးမြိုချလိုက်ပြီး တည်ငြိမ်ဟန်ဆောင်ကာ "ငါနားနေတဲ့တိုက်ခိုက်ရေးဌာနခွဲက အဖွဲ့ဝင်တွေကိုစုလိုက်မယ်"

ယနေ့ညကခက်ခဲနေသော်ငြား မဖြစ်နိုင်သည်မှာ.....

"မင်းနားမလည်ပါဘူး"

အခြားသူ၏မျက်နှာကဖြူလျော်နေပြီး အေးစက်စက်ချွေးများကသူ၏နဖူးမှဖြည်းဖြည်းချင်းစီးကျလာနေသည်။ သူသည်ခေါင်းဆောင်ဘက်သို့ဖြည်းဖြည်းချင်းလှည့်ကြည့်ပြီး တစ်လုံးချင်းစီကိုဖိပြောလိုက်သည်။

"မြို့တော်တောင်ပိုင်းကနှုန်းထားပြကိရိယာက သန်းနှစ်ဆယ်ကိုပြနေတယ်"

နှုန်းထားပြမျဉ်းကြောင်းက သူ၏ခေါင်းကိုတည့်တည့်ကြီးဝင်တိုက်သွားသည်။ ခေါင်းဆောင်ခမျာ ကမ်ဘာကြီးတစ်ခုလုံးချာချာလည်နေသယောင်ပင်။ ယင်စွမ်းအင်နှုန်းထားသည် ကိရိယာ၏သတ်မှတ်ထားသည်ထက်ကျော်နေခဲ့ပြီ။ ဆိုလိုသည်မှာ.....သူတို့မည်သို့သောအခြေအနေကိုရင်ဆိုင်နေရမှန်းသိနိုင်မည့်နည်းလမ်း လုံးဝမရှိတော့ပေ။

A+ အဆင့် အကြမ်းစားတစ္ဆေမှ S- အဆင့်အကြမ်းစားတစ္ဆေအထိ ဖြစ်နိုင်သည်။ သူသည်အသက်ပြင်းပြင်းရှူကာ တည်ငြိမ်အောင်ထိန်းပြီးညွှန်ကြားသည်။

"အမြင့်ဆုံးသတိပေးချက်...အမြန်!"

အမြင့်ဆုံးသတိပေးချက်အကြောင်းကြားပြီးသည်နှင့် တိုက်ခိုက်ရေးဌာနခွဲနှင့် ထောက်ပံ့ရေးဌာနမှအဖွဲ့ဝင်များမှာအသင့်ဖြစ်နေကြပြီ။ ထောက်ပံ့ရေးဌာနက လူထုကိုဘေးလွတ်ရာရွှေ့ပြောင်းပေးရန်တာဝန်ယူပြီးမတော်တဆဖြစ်နိုင်ချေများကိုလျှော့ချနေစဉ် ကွန်ဘတ်စီရင်စုကဧရိယာထဲသို့ဝင်ရောက်နေသည်။ သို့သော် သူတို့အမှုဖြစ်ရာနေရာသို့ရောက်ချိန်တွင် အားလုံးမှင်သက်သွားသည်။

အဆောင်ဧရိယာသည် မီးများကိုပိတ်ထားကာငြိမ်းချမ်းနေသည်၊ လူတိုင်းကအိပ်မောကျနေပြီး ပြတင်းပေါက်အချို့သာမီးလင်းနေသေးသည်။ ဧရိယာတစ်ခုလုံးတွင် တစ္ဆေခြောက်ခံထားရသောလက္ခဏာမျိုးရှိမနေပေ။

ဒီမှာဘာတွေဖြစ်နေတာလဲဟ.....

ခေါင်းဆောင်သည်ထောက်ပံ့ရေးအဖွဲ့ဝင်များကိုလှည့်ကြည့်ကာ

"ဒီနေရာလား"

ထောက်ပံ့ရေးအဖွဲ့ဝင်များလည်းဇဝေဇဝါဖြစ်နေကြသည်။

သူတို့လက်ထဲမှကိရိယာများကို မျက်မှောင်ကြုတ်ကြည့်ကာ သံသယအနည်းငယ်ဖြင့် "ဒီနေရာသေချာပါတယ်...အရင်ကအတွေ့အကြုံတွေအရဆို ဒီနေရာမှာတစ္ဆေစွမ်းအင်တွေကျုးကျော်ထားတာမျိုးဖြစ်ရမှာ..ဒါပေမဲ့...."

ဤဧရိယာသည် သက်ရောက်မှုမရှိဘဲ မည်သည့်တစ္ဆေသရဲမှလည်းမတွေ့ရပေ။

"အခုကနေစပြီးဆက်ရှာကြမယ်"

ခေါင်းဆောင်ဖြစ်သူက အနည်းငယ်တွေးပြီးပြောလိုက်သည်။ ခဏမျှရှာဖွေနေကြပြီးနောက် မကြာမီ လမ်းဘေးတွင်လူများသတိလစ်မေ့လဲနေသည်ကိုတွေ့ကြရသည်။ သူတို့သည်အစုအပြုံလိုက် ကျောချင်းကပ်နေပြီး ခြေချောင်းများကအချင်းချင်းကုပ်တွယ်ထားကာ လုံးဝကိုသတိလစ်နေကြသည်။ ခေါင်းဆောင်သည်သူတို့၏ကိုယ်ပေါ်မှ ယူနီဖောင်းများကိုမှတ်မိပြီးအံ့အားသင့်သွားသည်။

သူတို့သည်မြို့တော်၌တစိတ်တပိုင်းအဖြစ် ရုံးစိုက်ထားသောစီမံခန့်ခွဲရေးဌာနမှဝန်ထမ်းများဖြစ်သည်။ ဆေးဘက်အကူများကမကြာမီရောက်လာပြီး သူတို့အားလူနာတင်ထမ်းစင်ပေါ်တင်သွားကြသည်။ သို့သော်ဆေးရုံကားပေါ်သို့ပင် မရောက်သေးခင် တစ်ယောက်ပြီးတစ်ယောက်ထလာကြသည်။ သူတို့၏အမူအရာကကြောင်တောင်တောင်ဖြစ်နေပြီးအကြာကြီးအိပ်နေရာမှပြန်နိုးထလာသယောင်ပင်။ သူတို့ဘေးပတ်လည်မှစိမ်းသက်သက်မြင်ကွင်းများကိုကြည့်ပြီး ငေးကြောင်ကြောင်ဖြင့်မေးလာသည်။

"ဟင်"

"ဒါကဘယ်နေရာလဲ"

ခေါင်းဆောင်ကအမြန်ရောက်လာကာ "ဘာတွေဖြစ်သွားကြတာလဲ"

ထိုလူများမှာလည်း စိတ်ရှုပ်ထွေးနေသည်။ သူတို့ဘာကိစ္စနှင့်လမ်းဘေးတွင်လှဲနေမိမှန်းမသိကြချေ။ သူတို့ကလုပ်ရိုးလုပ်စဉ်အတိုင်း တာဝန်ချပေးရန်သွားနေခဲ့ကြသည့်တိုင် မည်သည့်အကြောင်းကြောင့်လမ်းဘေးတွင်မေ့လဲနေမှန်းမသိပေ။ ကိစ္စများက ပိုပို၍ထူးဆန်းလာသည်...

ထိုအခိုက်အတန့်မှာပင် သူ၏လက်ထဲမှတိုင်းတာရေးစက်က ပေါက်ကွဲသွားသည်။ ကသုတ်ကရက်နိုင်သောအချက်ပေးမြည်သံက ညကိုဖြတ်တောက်ပစ်ပြီး လူတိုင်း၏တည်ရှိမှုကိုခြောက်ချားစေသည်။

ဘာတွေဖြစ်နေတာလဲ....

သူတို့ပတ်လည်တွင် မည်သည့်အရာမှမဖြစ်ပျက်ခဲ့သည့်တိုင် တိုင်းတာရေးစက်ပေါ်မှနှုန်းထားသည် အမြင့်ဆုံးအမှတ်တွင်တရစ်ရစ်ဝဲနေပြီးမှရပ်သွားသည်၊ ဆက်တက်၍မရတော့ပေ။ ခေါင်းဆောင်ကသတိထားနေသည်။ သူသည်ထောက်ပံ့ရေးတပ်များနှင့် ဆေးအကူတပ်များကိုချက်ချင်းပြန်ဆုတ်ခိုင်းပြီး တိုက်ခိုက်ရေးအဖွဲ့နှင့်ဖြည်းဖြည်းချင်းပူးပေါင်းခိုင်းသည်။

သူတို့မီတာပေါင်းများစွာကို တစ်လှမ်းချင်းချီတက်လာသည်။ အားလုံးသည် ခက်ထန်သောတစေၦများက သွားကိုဖြဲ၊ လက်သည်းများကိုဖြန့်ကာ သူတို့ပတ်လည်တွင်ဗြုန်းစားကြီးပေါ်လာမည်ကို စိုးရိမ်သောစိတ်ဖြင့်အမှောင်ထုကို သတိထားကာစကင်န်ဖတ်နေကြသည်။ ထိုအချိန်မှာပင် သူတို့နားလည်သွားသည်မှာ....

တစ်ခုခုတော့မှားနေပြီ....

ခေါင်းဆောင်သည်ခေါင်းမော့ကြည့်ပြီး သူ၏ခေါင်းအပေါ်ဘက်နှင့်မဝေးသည့်နေရာတွင် ဖလင်လိပ်တစ်ခု၏အစွန်းထွက်နေသည်ကိုမြင်လိုက်ရသည်။

ကြီးမားသောမှန်ဘီလူးတစ်ခုနှယ် ၎င်းပတ်လည်မှအရာတိုင်းအားထင်ယောင်ထင်မှားဖြစ်စေရန်လုပ်နေသည်။ နောက်စက္ကန့်အနည်းငယ်ကြာပြီးသည်တွင် ပြင်ပအားကြောင့်နှစ်ခြမ်းပြဲသွားသလို ဆုတ်ဖြဲလိုက်သည့်အသံကကျယ်လောင်စူးရှစွာဖြင့်ထွက်လာသည်။ ပြင်းထန်သောတစ္ဆေစွမ်းအင်များမှာ ကြီးမားသောရေလုံးကြီးသဖွယ်လှိမ့်ဝင်လာပြီး သူတို့အား တိုက်ချသွားသည်၊ ဖလင်အတွင်းမှ အရိုးပြိုင်းပြိုင်းလက်များဆန့်ထွက်လာပြီး အနားမှအဆောက်အအုံများကိုကုပ်တွယ်ထားသည်။

ကျယ်လောင်လှသောကွဲအက်သံဖြင့် ခိုင်မာသောအဆောက်အအုံသည်ချက်ချင်းပြိုကျသွားပြီး နေရာတွင်ပိပြားသွားသည်၊ လက်များကည၏အမှောင်ထုထဲမှ သူတို့ထံဦးတည်လာသည်။

"ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြ!"

ခေါင်းဆောင်က အသံကုန်အော်ဟစ်လိုက်သည်။ သူက တွန်းလှန်နိုင်မှုအပြည့်ပြသထားသော်ငြား ယုံကြည်မှုမရှိဘဲအနည်းငယ်အလျင်စလိုဖြစ်နေသည်။ သူတို့ရင်ဆိုင်နေရသည့်တစေၦက အနည်းဆုံး A+အဆင့်ရှိရမည်! သူတို့ဒီလူလောက်လေးနဲ့ အားလုံးကိုတပြိုင်တည်းရင်ဆိုင်နိုင်မှာလား

ထိုအချိန်မှာပင် ရှင်းလင်းအေးစက်သည့်အသံကအပေါ်မှထွက်လာသည်။

"နောက်ဆုတ်နေကြ...."

ထို့နောက်မှာပင် ထက်ရှသောဓားသွားက မာကျောလှသည့်အရိုးများကိုရှောင်ကွင်းပြီးတမဟုတ်ချင်း လေထုကိုဖြတ်ဖောက်သွားသည်။ ဓားသည်အလင်းတန်းတစ်ခုကဲ့သို့ အရိုးများကြားမှအဆစ်ကိုခုတ်ဖြတ်သွားသည်။ နောက်စက္ကန့်အနည်းငယ်မှာပင် ကမ်ဘာမြေပြင်နှစ်ခြမ်းကွဲသွားလောက်မည့်အသံမျိုးထွက်ပေါ်လာသည်။

လက်အရိုးများက အဆောက်အအုံ၏အပျက်အစီးစများအပေါ်သို့တဖြုတ်ဖြုတ်ကျသည်။ မီးခိုးတလူလူ၊ ဖုန်မှုန်များတလွင့်လွင့်။ မကြာခင်ပင်မြူများအုံ့ဆိုင်းလာသည်။ လူတိုင်းကချောင်းဆိုးနေပြီး မြူများအကြားတွင်မြင်ရဖို့အပြင်းအထန် အားထုတ်နေရသည်။

လူငယ်လေးတစ်ယောက်ကအဝေးတွင်ရပ်နေပြီး လေထဲမှဖုန်နှင့်ပြာမှုန်များကြောင့် သူ၏ပုံစံမှာမသဲမကွဲပေ။ ထိုသူ၏လေချွန်သံကိုကြားရပြီးမကြာမီ အရိုးစုငါးကြီးတစ်ကောင်ကကူးခတ်လာကာသူ၏ရှေ့တွင်ကွေးသွားသည်။ လူငယ်လေးသည် ၎င်း၏ကျောပေါ်သို့အသာအယာခုန်တက္သြားကာ သူ၏ကျောပေါ်မှ ကြီးမားလွန်းသောတံစဉ်ကြီးက မှောင်ရိပ်ထဲတွင် အေးစက်စက်ဖြင့်အရောင်လက်သွားသည်။ ငါးကြီးသည် ၎င်း၏အမြီးနှင့်ခတ်နေပြီး အခုလေးတင်ပေါ်လာသောတွင်းပေါက်ရှိရာသို့ကူးခတ်သွားသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ၎င်းတို့သည်မျက်စိရှေ့တွင်ပျောက်သွားခဲ့သည်။ တိုက်ခိုက်ရေးဌာနခွဲမှလူများကတစ်ယောက်နှင့်တစ်ယောက်အူတိအူကြောင်ဖြင့်ကြည့်ကြပြီး "အခု..အခုဘာတွေဖြစ်နေတာလဲ"

"အဲဒီလူကဘယ်သူလဲ"

"မသိဘူး...မင်းရောအရင်ကမြင်ဖူးလား"

"အဲဒီလူက S အဆင့် ခက်ထန်တဲ့အဆင့်တစ္ဆေနဲ့တိုက်ခဲ့တဲ့လူမဟုတ်လား"

ခေါင်းဆောင်က ခေါင်းမော့ပြီးအဝေးမှအပျက်အစီးပုံကို ဗလာသက်သက်မျက်လုံးဖြင့်ကြည့်လိုက်သည်။

"တကယ်ပဲလား"

အရိုးစုကြီးနှင့်နေရာကို ဖျက်ဆီးပစ်ပြီးသည့်နောက် ယဲ့ကျားကတစ္ဆေပိုင်နက်သို့ပြန်ရောက်လာသည်။

ကျီရွှမ်ကမျက်လုံးများကိုပင့်ကာကြည့်လာပြီး သူ၏နှုတ်ခမ်းတွင်အပြုံးတစ်ပွင့်ကတွဲလွဲခိုနေသည်။

"ပြီးသွားပြီလား"

မြေပြင်ပေါ်တွင် သွေးပင်လယ်ဝေနေပြီး ခက်ထန်သောအဆင့်တစ္ဆေများက၎င်းထဲတွင်အကျဉ်းချခံထားရသည်။ သူတို့သည်တွားသွားပြီး တတ်နိုင်သမျှ တရှူးရှူးအသံပေးကာရုန်းကန်နေလင့်ကစား ဗွက်တောထဲမှမထွက်နိုင်ဘဲ နည်းနည်းချင်းစီဖဲ့စားနေသည်။ အလယ်တွင်အရေပြားနှင့် အရိုးများဖြင့်လုပ်ထားသော ထူထဲသည့်သံချပ်ကာဆင်ထားသည့်အရိုးစုကြီးရှိသည်။ သူတို့အားခက်ထန်သောမျက်လုံးစိမ်းတစုံဖြင့်ကြည့်နေပြီး၎င်းအသံတွင်ပြင်းပြသော ခံပြင်းစိတ်များရှိနေသည်။

"စက်ဆုပ်ဖို့ကောင်းလိုက်တာ!"

တဖက်လူက သူ၏ပုန်းနေသောနေရာကိုဘယ်လိုလုပ်တွေ့သွားခဲ့မှန်းမသိပေ။ ထိုမုန်းစရာကောင်းသည့်လူက အသိမေပးဘဲ သူတို့၏အခြေစိုက်စခန်းကိုဝင်လာပြီး သူတို့အားအပြင်ထွက်လာစေရန် ဂယက်ရိုက်အောင်လုပ်သည်။ သွေးပင်လယ်ကနီးကပ်လာမှ ၎င်းကထောင်ချောက်ဖြစ်နေမှန်း သိသွားကြသည်။

ယဲ့ကျား: "ငါတော့ဝမ်းသာတယ်"

ခက်ထန်သောအဆင့်တစ္ဆေ: "......"

ထိုသူသည်သူ၏ဘေးမှကျီရွှမ်ကို အထင်သေးစက်ဆုပ်သောမျက်လုံးစိမ်းများဖြင့်ကြည့်ကာ သူ၏မျက်လုံးသောအေးစက်သောအလင်းရောင်ဖြင့်လက်ခနဲဖြစ်သွားသည်။ ၎င်းသည်နှာမှုတ်ပြီး "မင်းက မင်းကိုယ်မင်းတစ္ဆေဘုရင်လို့ထင်နေတာလား၊ မင်းကဒီလူသားရဲ့ခွေးမနဲ့ပိုတူတယ်ကွ!"

ယဲ့ကျား၏အမူအရာကအေးစက်သွားသည်။ သူ၏ခြေဖျားမှအားများကိုဖြန့်ထုတ်ပစ်ပြီး နာကျင်မှုကြောင့်နားကွဲလောက်ဖွယ်ရာထွက်ပေါ်လာသောအော်ဟစ်သံများက ညကောင်းကင်ယံသိူ့ပဲတင်ရိုက်ခတ်သွားသည်။ နောက်တစ်စက္ကန့်မှာပင် ၎င်း၏ပုံသဏ္႑ာန်ကပြောင်းလဲသွားသည်။သူ၏အရပ်ရှည်ပြီးဖြောင့်တန်းသောအသွင်အပြင်မှ ပိန်ပါးသေးသွယ်သောပုံစံအဖြစ်ပြောင်းလဲသွားသည်။ သူသည်ယဲ့ကျား၏ပုခုံးပေါ်တွင်မှီနေပြီး ရှည်လျားနက်မှောင်သောဆံနွယ်ရှည်များကဖြာကျနေသည်။သူ၏ဖျော့တော့သေးသွယ်သောလက်ချောင်းများက လူငယ်လေး၏ရင်ဘတ်တွင်စက်ဝိုင်းပုံဆွဲနေပြီး သူ၏နှုတ်ခမ်းများကိုရှက်စနိုးဖြင့်ဖိပြုံးကာဆို၏။

"ကျေးဇူးအများကြီးတင်ပါတယ်နော်"

"!"

ယဲ့ကျာူခေါင်းမွှေးများက တဆုံးထောင်ကုန်ပြီး သူ့တစ်ကိုယ်လုံးတောင့်တင်းသွားသည်။

သူသည်ရပ်နေသည့်နေရာမှ အနောက်သို့ခုန်ဆုတ်မိပြီး အိမ်ခေါင်မိုးပင်ပွင့်ထွက်သွားတော့မည့်အသံဖြင့် "မင်းကစားလို့ဝပြီလား!"

သူ့အရှေ့မှ အရပ်မြင့်မြင့်နှင့်ဆံနွယ်နက်ပိုင်ရှင်အလှလေးသည်မျက်ခုံးပင့်သည်။ သူမ၏သွယ်လျသည့်လက်ချောင်းဖြင့်ဆံပင်ကိုလိမ်နေပြီးမျက်ဝန်းနီတစ်စုံကို မှေးထားပုံက အသက်ရှူမှားလောက်ဖွယ်လှပသည်။ သူမ၏အသံက ကြားနေကျအတိုင်းအနည်းငယ်ဩရှနေသေး၏။

"ရှင့်ရဲ့ခွေးလေးကသူတို့ကိုအမှန်အတိုင်း သက်သေပြချင်ရုံပါ"

ယဲ့ကျား: "......"

သောက်ရေးထဲမှ...

သူအံကြိတ်ပြီး "မင်းအခြေအနေနဲ့အချိန်အခါကိုထည့်မတွက်တော့ဘူးလား"

ကျီရွှမ်သည် ၎င်း၏ရှည်လျားသေးသွယ်သောမျက်လုံးများကို အပြစ်ကင်းစွာဖြင့်ပြူးပြပြီးဆို၏။

"အခြေအနေနဲ့အချိန်အခါ မှားနေတာရှိလို့လား"

ထိုသူက အရိုးမရှိသလို ယဲ့ကျားကိုမှီနေပြန်သည်။ ယဲ့ကျားကအမြန်နောက်ဆုတ်လိုက်သည်။ သူ၏မျက်ခုံးများက လူတစ်ယောက်ကိုရိုက်ချင်နေသည့်စိတ်အားထိန်းသိမ်းထားရသည့်အတိုင်း တွန့်ကွေးနေသည်။စကားလုံးတိုင်းက လည်ချောင်းဝရောက်သည်နှင့်အမိန့်ပေးသည့်အသံဖြစ်သွားသည်။

"အခုချက်ချင်းပြန်ပြောင်းလိုက်"

ကျီရွှမ်: "မပြောင်းချင်ဘူး"

ယဲ့က်ား: "ပြန်ပြောင်းစမ်း!"

ကျီရွှမ်: "မပြောင်းချင်ဘူးလို့!"

ခက်ထန်သောအဆင့်တစ္ဆေ "....."

သူတို့၏တစ်ယောက်နှင့်တစ်ယောက်ကျီစယ်ပြီး ကလူနေကြပုံကိုမြင်ပြီးသည့်နောက် ဒေါသဖြစ်လွန်း၍တုန်ယင်လာရသည်။

"မင်း...မင်းတို့..."

အရှက်ကိုမရှိဘူး

လုံးဝကိုအရှက်မရှိကြဘူး

ယခုမှပင် သူတို့အနီးအနားတွင်ခက်ထန်သောအဆင့်တစ္ဆေအုပ်စုရှိနေသေးသည်ကိုသတိရကြသည်။ နှစ်ယောက်လုံးသည် စုစည်းနေသောခက်ထန်သောတစ္ဆေအုပ်စုကြီးအားလှမ်းကြည့်လိုက်သည်။ သူတို့ရှေ့မှ ဆံနွယ်နက်နှင့်အလှလေးက သူမနှုတ်ခမ်းများကိုဖိကာ ရင်သပ်ရှုမောဖွယ်အပြုံးဖြင့် "အို့...နင်တို့ဒီမှာရှိနေသေးတာပဲ...ငါကလည်းမေ့တတ်လိုက်တာနော်"

ခက်ထန်သောအဆင့်တစ္ဆေအုပ်စု: "....."

စိတ်တိုလွန်းလို့ အသက်တောင်မရှူနိုင်တော့ဘူး။

ယဲ့ကျားကလည်း မျက်ခုံးပင့်သည်။ သူ ပုခုံးတွန့်ပြပြီး သွေးကန်ထဲတွင်ပိတ်မိနေသည့် ခက်ထန်သောအဆင့်တစ္ဆေထံလျှောက်သွားသည်။ နွေးထွေးသောအပြုံးကို သူ၏နှုတ်ခမ်းထက်တွင်ချိတ်ဆွဲထားလျက် "ငါအခုမှပဲသတိရတော့တယ်၊ ငါတို့အလုပ်ကိုမေ့နေမိတာပဲ"

တားမြစ်စည်းက တစ္ဆေစွမ်းအင်နှင့်အလင်းရောင်နှစ်ခုလုံးကိုပိတ်ဆို့လိုက်သည်၊ သို့ထိတိုင် အသံမများက ဟနေသည့်နေရာမှအပြင်ဘက်သို့လျှံထွက်နေသေး၏။ မည်သူမှ ဤမျှနားမချမ်းသာစရာကောင်းသောငိုသံကိုမကြားဖူးခဲ့ကြချေ။

အရိုးများကျိုးသွား၍ သွားကြိတ်နေသည့်အသံနှင့် ခြောက်ချားဖွယ်ငိုယိုသံများက ည၏အမှောင်ထုထဲတွင်ပဲ့တင်ထပ်နေကာခေါင်းကြိမ်းစေသည်။ စည်းအပြင်တွင်....တိုက်ခိုက်ရေးဌာနခွဲမှအဖွဲ့ဝင်များသည် အဝေးမှ ထိတ်လန့်ဖွယ်အသံများကိုနားထောင်ရင်း မှင်သက်နေကြသည်။ တဒင်္ဂမျှ သူတိူ့သည်ငရဲကျနေသည်ဟုထင်သွားကြပြီး "ခေါင်း...ခေါင်းဆောင်"

အဖွဲ့ဝင်တစ်ယောက်က ထိတ်လန့်သောအမူအရာဖြင့်ဖြည်းဖြည်းချင်းမေးလာသည်။

"ဘာ...ဘာလို့...ကျွန်တော်တို့တွေမလုပ်...."

ခေါင်းဆောင်ကသူ့အား ဆတ်ကနဲကြည့်ကာ "အခုလေးတင် အရိုးစုလက်တွေနဲ့တွေ့ပြီးပြီ၊ ငါတို့ကအဲဒါတွေကိုနိုင်အောင်တိုက်နိုင်မယ်ထင်လို့လား"

အဖွဲ့ဝင်: "......"

"မင်းမြင်တယ်မလား"

ခေါင်းဆောင်ကနောက်လှည့်ကြည့်သည်။

"ဘာပဲဖြစ်ဖြစ် ငါတို့အလောတကြီးလုပ်လို့မဖြစ်ဘူး"

သည့်အပြင် သူတို့တာဝန်က ပြည်သူများကိုကာကွယ်ရန်ပင်။ ၎အသံမျာူက ယခုလေးတင် တွေ့ခဲ့ရသောလူလုပ်နေသည်ဆိုလျှင်ပင် မကြာသေးခင်ကပင် ထိုသူကသူတို့ကိုကယ်ခဲ့ခြင်းဖြစ်၍ အပြေးအလွှားသွားကူညီရန်မသင့်ပေ။ ထို့အပြင် အခြေအနေတစုံတရာဖြစ်ပျက်လာပါက တပ်ကူများမလာခင် အခြေအနေကိုထိန်းသိမ်းထားရန်လိုအပ်ပြီးအဆောင်ဧရိယာတဝိုက်ကိုလည်း ပြောင်းရွှေ့ပေးရန်လိုအပ်သည်။ပြီးတော့....အဲဒီအသံက ခက်ထန်အဆင့်တစ္ဆေတွေအော်နေတာဆိုရင်...ခေါင်းဆောင်သည် အသက်ရှူရကျပ်သွားပြီးစိတ်ကူးကြည့်၍ပင်မရပေ။

ဒါမျိုးကဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ....

သို့သော် ယခုလေးတင်ဖြစ်ပျက်သွားသည့်မြင်ကွင်းကိုတွေ့ပြီး သူစိတ်မလှုပ်ရှားဘဲမနေနိုင်ချေ။

တကယ်လို့ အချိန်တွေကဘယ်လောက်မှန်းမသိကြာမယ်ဆိုရင်ရော...

အသည်းခိုက်လောက်အောင် နာကျင်နေရသောအော်သံနက်ကြီးကရုတ်ချည်းရပ်သွားပြီး မကြာမီ ပကတိတိတ်ဆိတ်သွားသည်။ သူတို့အားလုံးသည် သူတို့နှလုံးခုန်နေသံနှင့် အဖွဲ့ဝင်များအသက်ရှူနေသံကိုသာကြားရသည်။ နံနက်ခင်းအစောပိုင်းနေရောင်ခြည်က မြူထုကိုဖြိုခွဲလိုက်သလိုအရှေ့မှစည်းကဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ သိပ်သည်းပြီးအေးစက်သောတစ္ဆေစွမ်းအင်များက ပျံ့နှံ့သွားပြီးသူတို့ပတ်ဝန်းကျင်မှအပူချိန်က ရုတ်တရက်ကျဆင်းသွားသည်။

အသက်ရှူလိုက်တိုင်း ဖြူလွလွအငွေ့များက သူတို့၏နှာခေါင်းနှင့်ပါးစပ်မှ ထွက်နေသည်ကိုမြင်နိုင်သည်။