အပိုင်း ၁၀၁
Viewers 10k

Chapter 101



အဖွဲ့ဝင်များက အပြန်အလှန်မျက်နှာသေဖြင့်ကြည့်ကြသည်။ ခဏကြာသည်အထိ နားထောင်ပြီးနောက် ခေါင်းဆောင်ကသူတို့အား 'ချီတက်' ဆိုသောလက်ဟန်ပြလိုက်သည်။ အဖွဲ့ဝင်များက တစုတည်းစုလိုက်ကြကာ သူတို့၏လက်နက်များကို ခပ်တင်းတင်းဆုပ်ကိုင်၍ အရှေ့ကိုတစ်လှမ်းစီချီတက်ကြသည်။

သူတို့ပတ်ဝန်းကျင်မှလေထုက ပြင်းထန်သောတစ္ဆေ စွမ်းအင်များဝန်းရံထားသောမြင်ကွင်းအဖြစ်ပြောင်းသွားသည်။ ဗုံးဒဏ်ကြောင့်ပျက်စီးသွားသောအုတ်အကျိုးအပဲ့အစအနများဖြင့်နယ်မြေတစ်ခုနှင့်တူပြီး ပျော့ပျောင်းစိုစွတ်သောမြေကြီးပေါ်မှ ကျိုးပဲ့နေသောစတီးပိုက်ခေါင်းများတိုးထွက်နေသည်။ အပျက်အစီးနေရာနှင့်ဝေးလာလေ၊ ယင်စွမ်းအင်ကပိုမိုပြင်းထန်လာလေပင်။ ခြေလက်အပိုင်းအစများက မြေကြီးတွင်ပြန့်ကျဲနေပြီး အချိန်တိုင်း ၎င်းတို့ထံမှအနက်ရောင်အခိုးအငွေ့များ ပလုံစီထွက်နေသည်။ ၎င်းကအရှိန်ဖြင့်အငွေ့ပျံနေသည်ကို သာမန်မျက်လုံးဖြင့်ပင်မြင်နိုင်ပြီး လေထုထဲတွင်ပျံ့နှံ့နေသည်။

၎င်းမြင်ကွင်းတစ်ခုတည်းနှင့်ပင် ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းနေပြီ။ ထိုအချိ်န်၌ပင် ခေါင်းဆောင်ကလက်ပြလိုက်၍ တဖွဲ့လုံးချက်ချင်းရပ်သွားသည်။

ခေါင်းဆောင်ကအရှေ့ကိုဆက်လျှောက်လာသည်၊ သူ၏ခြေထောက်အောက်မှ စိုစွတ်သောမြေကြီးသည် အလေးချိန်ဖြင့်ဖိနင်းလိုက်တိုင်းသွေးများကတစွတ်စွတ်အသံမြည်ကာ စိမ့်ထွက်လာသည်။ သူသည်ငုံ့ကိုင်းပြီးမြေကြီးကိုလက်ချောင်းဖြင့်ဖျစ်ကြည့်လိုက်သည်။ ခေါင်းဆောင်ကခေါင်းမော့ကာ ဘေးပတ်လည်ကိုလှမ်းကြည့်သည်။

သူခန့်မှန်းထားသည်ကမှန်ခဲ့လျှင် သူတို့သည်ယခုစစ်မြေပြင်၏အလယ်တွင်ရောက်နေခဲ့ပြီ။

ဒါပေမဲ့...ဘယ်သူနိုင်သွားတာလဲ....

ထိုအခိုက် မဝေးလှသောနေရာမှ အသံဗလံများကိုကြားရသည်။ ခေါင်းဆောင်ကအနောက်ပြန်ဆုတ်လာသည်။ အဖွဲ့က ကောင်းစွာလေ့ကျင့်ထားကြသည်။ သူတို့အသံလာရာနေရာမှ အမြန်ဝိုင်းလိုက်ကြပြီး မကြာမီ သေရာမှပြန်ထလာသောမကောင်းဆိုးဝါးအုပ်လိုက်ကြီးကိုမြင်လိုက်ကြသည်။

လူများကိုမြင်သည်နှင့် ၎င်းတို့သည်ဆွဲငင်စွာမြည်တမ်းပြီး အမှောင်ထုထဲတွင်ချက်ချင်းလှုပ်ရှားလာကြသည်။ အဖွဲ့ဝင်များမှာအထိတ်တလန့်နှင့်အချင်းချင်းကြည့်ကြသည်။ သူတို့ သည်လိုအရာမျိုးကိုမျှော်လင့်မထားခဲ့သည်မှာသေချာ၏၊ သို့သော် ကောင်းကောင်းလေ့ကျင့်ထားကြလေရာ ရုတ်တရက်ထိတ်လန်မှုမှအသိပြန်ဝင်လာကြပြီးသူတို့ကိုယ်သူတို့ကာကွယ်ရန် ၎င်းဧရိယာမှအမြန်ရှောင်တိမ်းကြကာလူများရှိနေသောအဆောင်ဧရိယာအတွင်းသို့ဝင်လိုက်ကြသည်။

ခေါင်းဆောင်သည်သေနတ်ကိုသိမ်းကာ ညကောင်းကင်ယံကိုကြည့်သည်။ ထူထဲသောယင်စွမ်းအင်များမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီ၊ ၎င်းအနောက်တွင်ပုန်းကွယ်နေခဲ့သောအေးမြသည့် ညကောင်းကင်သည်အဝေးမှကြယ်များကိုမြင်ရလုနီးပါးပင်။

ခေါင်းဆောင်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာစိတ်ရှုပ်ထွေးနေသည်၊ အနှီပြောင်းလဲမှုအတွက်သူအသင့်မပြင်နိုင်ခဲ့ပေ။

နိုင်သွားတာက...အဲဒီလူများလား

လူသားတစ်ယောက်မှာ ဒီလောက်ကြီးတဲ့စွမ်းအားမျိုးရှိလား....

စင်အပြည့်ဖြင့်သိုလှောင်ရုံအတွင်း တံခါးမကြီးကရုတ်တရက်ပွင့်သွားခဲ့သည်။ ရုပ်သေးအရှင်သည် အံ့အားသင့်စွာဖြင့်ခေါင်းမော့ပြီးစွမ်းအင်များလွှမ်းခြုံထားရာသို့ကြည့်လို်က်သည်။

မဖြစ်နိုင်တာ...မြန်လှချည်လား

သို့သော် Ace နှင့်ကျီရွှမ်အပြင် နောက်ထပ်တည်ရှိမှုတစ်ခုကိုပါခံစားမိသည်။ ဖြည်းဖြည်းမှန်မှန်ခြေလှမ်းများက နီးလာလိုက်၊ ဝေးသွားလိုက်နှင့် မကြာမီလူငယ်လေးတစ်ယောက်၏သေးသွယ်သောပုံရိပ်လေးကအမှောင်ထုထဲတွင်ပေါ်လာသည်။

သူသည်လက်ထဲတွင် သူ့ထက်နှစ်ဆခန့်ကြီးသောတစ္ဆေတစ်ကောင်ကိုတရွတ်တိုက်ဆွဲလာသည်။ ၎င်းပေါ်မှ အရိုးအကာအကွယ်သည်ပြဲစုတ်နေပြီး ကိုယ်ပေါ်တွင်တို့လို့တွဲလောင်းကျနေသည်၊ ပုပ်ပွမည်းသဲနေသော အသားသည်အောက်ဘက်တွင်ထွက်ပြူနေပြီး ၎င်းနောက်မှသွေးစီးကြောင်းက အနောက်တွင်ကျန်ခဲ့သည်။

တစ်ဖက်တည်းနှင့်ပင် အတော်လေး ရှော့ခ်ရစရာကောင်းနေသည်။

ယဲ့ကျားက ၎င်းကိုကြမ်းပေါ်သို့လေးလံစွာဖြင့်လွှင့်ပစ်လိုက်ရာ စင်များလှုပ်ခါသွားသည်။ ရုပ်သေးအရှင်ကထခုန်လိုက်ပြီး သူ့ခေါင်းပေါ်ကျတော့မည့်စာအုပ်ပုံကို ဖမ်းထိန်းလိုက်သည်။

"မင်းဘာလုပ်တာလဲဟ!"

ယဲ့ကျားကခပ်ပြတ်ပြတ်ပင်။ "အဲဒါတွေဘယ်မှာထားလဲငါသိချင်တယ်"

ရုပ်သေးအရှင်ကမျက်လုံးမှေးလိုက်သည်။ မျက်ဝန်းနက်များက ဖျက်လိုဖျက်ဆီးအရိပ်အယောင်များနှင့် တောက်ပနေပြီးနှာခေါင်းရံှု့သည်။

"ငါကဘယ်လိုလုပ်သိပါ့မလဲ"

ယဲ့က်ား: "သတိပေးရအုံးမလား၊ ငါတို့ကအခုတစ်လှေတည်းစီးနေကြတာနော်"

ရုပ်သေးအရှင်: "......"

သတိပေးစရာမလိုပါဘူး၊ ကျေးဇူးပဲ....

သို့သော်ငြား သူသည်အနှီမုန်းစရာကောင်းသည့်လူကို အလွယ်တကူမအောင်မြင်စေချင်ပေ။

ယဲ့ကျားကသူ၏တုံ့ပြန်မှုကို မျှော်လင့်ထားပြီးသလိုပင်။ သူဖွဖွလေးပြုံးလိုက်ပြီး "ငါနည်းလမ်းတွေစိတ်မဝင်စားဘူး၊အဖြေပဲလိုချင်တယ်"

ရုပ်သေးအရှင်က လက်သာယမ်းပြလိုက်သည်။ သူသည်ခေါင်းငုံ့ပြီးဆိုးဆိုးရွားရွားအရိုက်ခံထားရသော ခက်ထန်သည့်အဆင့်တစ္ဆေကိုလှမ်းကြည့်သည်၊ သူ၏အထင်အရ ၎င်းသည်နောက်တဖန်ထလာနိုင်တော့မည်မဟုတ်။

သူ ဤသိုလှောင်ရုံထဲမှအခေါင်းထဲတွင်နေခဲ့ရသည်မှာ အတော်အတန်ကြာမြင့်ခဲ့ပြီ။ သူစုဆောင်းထားသမျှအရာများကိုတန်ဖိုးထားနေခဲ့လျှင်ပင် ၎င်းတို့နှင့်တနေကုန်အချိန်ဖြုန်းရသည်ကပျင်းစရာကောင်းလွန်းသည်။ ၎င်း ညှင်းပန်းနှိပ်စက်ခံရမှုဒဏ်ကိုဖြတ်ကျော်လာခဲ့ပြီးဒေါသများကစုပုံလာသည်။

သူ၏ေဒါသများကို ထွက်ပေါက်ပေးလိုက်ခြင်းက ဆိုးရွားသည့်အကြံမဟုတ်။ သို့ထိတိုင် သူ၏စုဆောင်းမှုထဲသို့ ပစ္စည်းအသစ်မရောက်သည်မှာကြာခဲ့ပြီ။

အရိုးစုကဖြည်းဖြည်းချင်းခေါင်းမော့လိုက်သည်၊ သူ၏မျက်နှာကမှတ်မိစရာမရှိတော့၊ မျက်လုံးစိမ်းများက မခံချင်စိတ်ကြောင့်လက်ခနဲဖြစ်သွားသည်။

"သစ္စာဖောက်!"

ယဲ့ကျားကတည်တည်ငြိမ်ငြိမ်ပင် နောက်တစ်ကြောင်းထပ်ဖြည့်ပြောလိုက်သည်။

"ဘယ်လိုနည်းလမ်းဖြစ်ဖြစ်ရတယ်"

ရုပ်သေးအရှင်၏မျက်လုံးများက တဖြည်းဖြည်းချင်းတောက်ပလာသည်။ ယခုအချိန်က နောက်ထပ်ခက်ထန်သောအဆင့်တစ္ဆေအတွက်သူကြုံတွေ့ဖူးခဲ့ပြီးသော စိတ်မချမ်းသာစရာခံစားမှုလေးကိုအတွေ့အကြုံပေးရန်အချိန်ဖြစ်ကြောင်း ရုတ်တရက်နားလည်လာသည်။ အဆိုပါခံစားချက်ကား လက်ဖျားခါလောက်သည်။

ထိုအတွေးကြောင့် စိတ်လှုပ်ရှားလွန်ကာတစ်ကိုယ်လုံးတုန်ယင်လာရပြီး Ace ရှိနေသည်ကိုပင်မေ့သွားမိသည်။ ကလေးတစ်ယောက်အားပျိုးထောင်ပေးတော့မည့်ပုံဖြင့် ခက်ထန်သောအဆင့်တစ္ဆေကိုကြည့်ကာ ကျေနပ်အားရသည့်အပြုံးဖြင့်ပြောလိုက်သည်

"ဒါပေါ့"

ယဲ့ကျားကဝမ်းသာအားရပြုံးကာလှည့်ထွက်သွားလိုက်သည်။

"သတင်းကောင်းကိုစောင့်နေပါမယ်"

သူသိုလှောင်ရုံထဲမှထွက်လာသည်။ အရှေ့မှမြင်ကွင်းက ချက်ချင်းပြောင်းလဲသွားသည်။ အေးစက်မည်းမှောင်သော သိုလှောင်ရုံမှ အထပ်မြင့်အဆောက်အအုံအဖြစ်ပြောင်းလဲလာသည်။

သူ၏ခေါင်းပေါ်မှမှောင်မိုက်သောကောင်းကင်သည် ညရောက်တော့မယောင်ထင်ရပြီး တဟူးဟူးတိုက်ခတ်နေသောလေထဲတွင် သွေးနံ့ဖျော့ဖျော့ကိုရနိုင်သည်။

ကျီရွှမ်သည်အိတ်ထဲတွင်လက်ထည့်ပြီး လက်ရန်းကိုမှီနေသည်၊ ၎င်း၏နီရဲရဲမျက်ဝန်းများက ပေါ်လာသောယဲ့ကျားကိုစိုက်ကြည့်နေသည်။

ယဲ့ကျား: "....."

သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

"ဘာလို့ပြန်မပြောင်းသေးတာလဲ"

"ဒါဆို အဲဒီပုံစံကပိုကောင်းတယ်ထင်လို့လား"

ကျီရွှမ်က ခေါင်းယမ်းပြီး လက်ရန်းပေါ်တက်သည်။ ခဏတွင်းချင်း ၎ကအရပ်ရှည်ပြီးပုခုံးကျယ်လာသည်။ စက္ကန့်ပိုင်းအတွင်း ထိုသူသည်တဖက်သားကိုဖိိနှိပ်နိုင်သော အရွယ်ရောက်လူတစ်ယောက်အဖြစ်ပြန်ပြောင်းသွားသည်။ ယဲ့ကျားကသူ့အားတစ်ချက်ကြည့်ပြီး ကျီရွှမ်၏ဟိုမရောက်သည်မရောက်စကားများကို တုံ့ပြန်ရန်စကားတစ်ခွန်းမှမပြောခဲ့ပေ။

သူ၏မျက်နှာပေါ်တွင် အပိုခံစားချက်တစုံတရာမှပေါ်မနေပေ။ စာရွက်အဖြူတစ်ရွက်နှယ်တည်ငြိမ်နေသည်။ အခွံထူထူဖြင့်အုပ်ထားသည့်အတိုင်း အထက်ဆုံးဓားပင် ၎င်းကိုမထိုးဖောက်နိုင် သို့မဟုတ် ဖွင့်နိုင်မည်မဟုတ်ပေ။

ယဲ့ကျား လက်ရန်းရှိရာသို့လျှောက်သွားပြီး အောက်ဘက်မှမည်းမှောင်နေသောမြို့ကိုငုံ့ကြည့်လိုက်သည်။

ရေခဲတမျှအေးစက်သောအရိပ်များအထပ်ထပ်အတွင်း မည်းနက်တောက်ပြောင်သောအမိုးများကအမှောင်ထုထဲတွင် ဘေးချင်းကပ်စီရရီရှိနေပြီး ချောမွေ့သောလမ်းမထက်တွင်ကားများက တာထွက်မှလွှတ်လိုက်သလိုအခြေအနေအရဖြတ်သန်းမောင်းနှင်သွားကြ၏။

မြို့သည်အိပ်ပျော်နေသော သားရဲတစ်ကောင်နှင့်တူပြီး ၎င်း၏နိမ့်တခါမြင့်တလှည့်လှုပ်ရှားနေသော အသက်ရှူပုံကိုပင်မြင်ရနိုင်သည်။ သူကတည်ငြိမ်စွာပြောလိုက်ပါ၏။

"ရုပ်သေးအရှင်ကပူးပေါင်းဖို့သဘောတူလိုက်ပြီ၊ ဒါပေမဲ့ အချိန်စီးကြောင်းအရ အတွင်းနဲ့အပြင်ယှဉ်ကြည့်ရင် ငါတို့မြို့တော်မှာခဏတဖြုတ်နေရလိမ့်မယ်"

သူ၏အဝေးမှအလင်းပြန်နေသော ပယင်းရောင်မျက်ဝန်းသည် မတူညီဘဲဝေးကွာနေသလိုခံစားရသည်၊ အချိန်မရွေး အေးစက်သည့်ညကောင်းကင်ယံတွင်ပျောက်ကွယ်သွားတော့မည့်အတိုင်း။

ကျီရွှမ်ကသူ့အားကြည့်မြဲအတိုင်းကြည့်နေပြီး ရုတ်တရက်ပြောလာသည်။

"ဟေး..."

သူ၏အသံကိုကြားရ၍ ယဲ့ကျားကလှည့်ကြည့်လာသည်။

"စိတ်မပူနဲ့၊ ငါမင်းကိုအပြည့်ပြန်လျော်ပေးမှာပါ"

ယဲ့ကျားကမျက်လုံးလွှဲသွားပြီး အဝေးမှမြို့၏မြင်ကွင်ကိုဆက်ကြည့်နေသည်။

"မင်းအရင်သွားနှင့်..သတင်းရလာတဲ့အခါကျငါ့ကိုပြော"

ကျီရွှမ်၏မျက်လုံးများက နက်မှောင်လွန်းပြီး သူ၏အသံကတိုးလျလွန်း၍ညမှာပင် လွင့်မျောသွားတော့မယောင်။

"အိုကေ"

သူ၏ပုံရိပ်က အမှောင်ထဲမှာပင်ဖြည်းညှင်းစွာပျောက်သွားပြီး ယဲ့ကျားတစ်ယောက်သာ ခေါင်မိုးထပ်တွင်ကျန်ရစ်ခဲ့၏။

ညကားတိတ်ဆိတ်လွန်းလှသည်။ တမြို့လုံးက အိပ်မောကျနေပြီးသူတစ်ယောက်တည်းနိုးကြားနေသည်။ မမှတ်မိသောအသံများစွာက သူ၏နားထဲတွင်တဝဲဝဲလည်နေသည်။ အော်ဟစ်သံ၊ ဆဲဆိုသံ၊ လှောင်ပြောင်ထေ့ငေါ့သံ၊ ခနဲ့သံ၊ တောင်းပန်တိုးလျိုးနေသည့်အသံ: အရာအားလုံးကစုပေါင်းပြီး သူ၏နားထဲတွင်မြည်ဟည်းနေသည်။ အေးစက်သောညလေပြည်ကပင် ၎င်းကိုမောင်းထုတ်မပေးနိုင်ချေ။ သူသည်နေရာတွင်သာရပ်နေပြီး သူ၏သွယ်လျသောပုံရိပ်ကရှည်လျားဖြောင့်တန်းသည်။ သူ၏အရိပ္က ညအမှောင်ထုထဲသို့တိုးဝင်သွားတော့မည့်ပုံပေါ်သည်။

အချိန်များက တစ်မိနစ်ပြီးတစ်မိနစ်ကုန်ဆုံးသွားသည်။ အဝေးမှမိုးကုပ်စက်ဝိုင်းသည် တောက်ပလာပြီး မြူထုကဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။ မညီညာသောအဆောက်အအုံများသည် အလင်းရောင်ကြောင့်အနက်ရောင်အနားသတ်မျဉ်းအောက်မှတိုးထွက်လာသည်။ နံနက်ခင်းလင်းရောင်ခြည်သည် ကောင်းကင်နှင့်ကမ်ဘာမြေကြားရှိဆုံမှတ် အေးစက်သောအလင်းလွှာလေး ကာရံထားသော မြို့တခွင်ကို မသဲမကွဲကျရောက်သည်။

ယဲ့ကျားကအရှေ့သို့လှမ်းကြည့်လိုက်သည်။

သွေးနီရောင် နေမင်းကြီးကတဖြည်းဖြည်းထွက်လာသည်၊ အမှောင်ထုကိုမောင်းထုတ်ပစ်ပြီး နံနက်ခင်း၏နေရောင်ကကောင်းကင်တွင်ဖြန့်ကျက်သွားသလို မည်းမှောင်သောကောင်းကင်သည်ပြာလွင်လာသည်။ယဲ့ကျား၏ အရောင်ဖျော့ဖျော့မျက်ဝန်းများက ၎င်းကြောင့်တောက်ပနေပြီး အနီရောင်မျက်ဝန်းများအဖြစ်ရောင်ပြန်ဟပ်နေသည်။

အဖော်....ခက်ထန်သောအဆင့်တစ္ဆေ....ပြီးတော့..

လျှပ်စီးလက်သွားသည့်အခါ အေးစက်သည့်သွေးကန်သည် အမျိုးသမီးတစ်ယောက်၏ အေးတိအေးစက်ဖြင့်တောင့်တင်းနေသောမျက်နှာအောက်မှ စင်ထွက်လာသည်။ သူသည်မျက်လွှာချကာ အေးခဲနေပြီးသောလက်များကို အိတ်ကပ်ထဲထည့်ပြီးအောက်ထပ်ဆင်းလာသည်။ သည်တစ်ကြိမ်တွင် သူတစ္ဆေပိုက်နက်ကိုမဖွင့်တော့ပေ။ ယဲ့ကျားသည်အရေးပေါ်လှေကားမှ အောက်သို့တစ်ထစ်ချင်းဆင်းလာပြီး လေအေးများလွှမ်းခြုံထားသော အဆောက်အအုံမှထွက်လာသည်။

"ဟေး...."

ရင်းနှီးနှင့်ပြီးသားအသံသည်မဝေးသောနေရာမှထွက်လာသည်။ ယဲ့ကျား အံ့အားသင့်နေသောအမူအရာဖြင့်အသံလာရာသို့လှမ်းကြည့်လိုက်သည်။

ကျီရွှမ်က တဝက်မှေးထားသောနီရဲသောမျက်လုံးတစ်စုံဖြင့် သူရှိရာသို့ကြည့်လာသည်။ ယဲ့ကျားကမယုံသင်္ကာဖြင့်မျက်ခုံးပင့်ကာမေးလိုက်သည်။

"မင်းကဒီမှာဘာလုပ်နေတာလဲ"

ကျီရွှမ်ကလျှောက်လာပြီး "မင်းငါ့ကိုသွားခိုင်းတယ်၊ ဒါပေမဲ့ အောက်ထပ်မှာမစောင့်နေရဘူးလိုမ့ပြောဘူးလေ"

ယဲ့ကျား: "...."

"ငါစဉ်းစားကြည့်အုံးမယ်"

ကျီရွှမ်၏နှုတ်ခမ်းများကကွေးတက်သွားသည်။

"မင်းအခုငါ့ကိုနှစ်ဆယ့်လေးနာရီအကြွေးတင်သွားပြီ"

ယဲ့ကျား: "?"

သူခပ်ဖြည်းဖြည်းမေးလိုက်သည်။

"ဘာ?"

ကျီရွှမ်ကမျက်လွှာချထားပြီး ၎င်းအောက်တွင်ကျီစယ်ချင်သောအရိပ်အယောင်များတောက်ပနေ၏။

"တစ်နာရီစာအတွက်တောင်းလို့ရလား၊ မရဘူးလား"

"......"

ယဲ့ကျားကမျက်မှောင်ကြုတ်သည်။ ကျီရွှမ်က အေလးအနက်ထားပြီးစတင်တွက်ချက်နေ၏။

"မနေ့ကငါတို့မြို့တော်ကိုရောက်တာ ညနေပိုင်း ခြောက်နာရီဆယ့်ငါးမိနစ်....."

"ကောင်းပြီ"

ယဲ့ကျားက သူနှင့်အသေးအဖွဲလေးအားငြင်းခုန်ရန်အားမရှိတော့။

"သဘောတူတယ်၊ မင်းအခုသွားလို့ရပြီလား"

ကျီရွှမ်: "မရဘူး"

သူကရှေ့တိုးပြီးအလျင်မလိုပုံဖြင့်ဆိုသည်။

"ငါရစရာရှိတာကိုအခုလိုချင်တယ်"

နောက်စက္ကန့်အနည်းငယ်တွင်သွယ်လျပြီး အနက်ရောင်ဆံနွယ်ရှင်အလှလေးကား ယဲ့ကျားရှေ့တွင်ပေါ်လာ၏။ သူမသည်အောင်နိုင်သူနှယ်ယဲ့ကျား၏လက်မောင်းကိုကိုင်ကာ "ကိုကို၊ ဒါကကျွန်မမြို့တော်ကိုရောက်ဖူးတာပထမဆုံးပဲ၊ ကျွန်မတို့လျှောက်ကြည့်ကြမလား..."

ယဲ့ကျား: "...."

သူသည်နဖူးကိုကိုင်ကာအံကြိတ်ပြီး "ကျီရွှမ်၊ မင်းအခုဘာသောက်ရေးမပါတာတွေလုပ်နေပြန်တာလဲ!"

မည်သို့ပင်ဖြစ်စေ တဖက်လူကနောက်ဆုတ်သွားမည့်ပုံမပေါ်။ ကျီရွှမ်သည် မျက်ခုံးပင့်ပြီးသူ၏အသံကိုယောကျ်ားတစ်ယောက်၏ခပ်အက်အက်အသံဖြစ်အောင်နှိမ့်လိုက်သည်။

"အဲဒါဆို ဘဲကြီးတွေကိုလျှောက်ကြည့်ကြမလား"

ယဲ့ကျား: "....."

.....


နေမြင့်လာလေပြီ။

မြို့တော်က နောက်တဖန်လှုပ်ရှားလာခဲ့ပြီ။ မနက်စာရောင်းချသည့်ဆိုင်များက အချိန်ပြည့်ဖွင့်ထားသည်။ ရုံးသွားမည့်အလုပ်သမားများနှင့်ကျောင်းသားများက အရသာရှိလှသောအနံများဝန်းရံထားသောအစားအသောက်များအနားတွင် ခြေချင်းထပ်နေကြသည်။အရပ်ရှည်ပြီးဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်က စတိုးဆိုင်အတွင်းမတ်တပ်ရပ်နေသည်။

သူမ၏အသွင်အပြင်က ကျက်သရေရှိပြီး ထူထဲကာရှည်လျားနက်မှောင်၍ အနည်းငယ်ကောက်သောဆံပင်များက သာမန်အမျိုးသမီးများထက် ကျယ်ပြန့်သောပုခုံးထက်တွင်ဖြာကျနေသည်။ သူမ၏အနည်းငယ်ကျဉ်းမြောင်းသောမျက်လုံးများက ယုံကြည်မှုအပြည့်ဖြင့် ထက်မြက်မှုများကိုသယ်ဆောင်ထားသည်။ သူမအဝင်ဝတွင်ရပ်လိုက်သည်နှင့် စတိုးဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဤသို့သော မျက်နှာမျိုးကမြို့မှကြီးမားသော အမှတ်ပေးဇယားဘုတ်ပေါ်တွင် သို့မဟုတ် ဖန်သားပြင်များတွင်သာပေါ်လာတတ်ပြီး ဤသို့သေးငယ်ကျပ်သိပ်သောမနက်စာအရောင်းဆိုင်ငယ်လေးတွင်ပေါ်မလာသင့်ပေ။

သို့သော် သူမကမည်မျှပင်ကျက်သရေအပေါင်းခညောင်းပြီးလှပပါစေ၊လူတိုင်း သူမကိုအချိန်အကြာကြီးမကြည့်ရဲကြပေ။ သူမ၏သေးငယ်ကျဉ်းမြောင်းသောမျက်ဝန်းတစ်စုံက သွေးဆာမှုများဖုံးအုပ်ထားသည်။ လေထုအားတမင်တကာ ထိန်းသိမ်းထားလျှင်ပင် ဆိုင်ထဲမှလူတိုင်းမှာအသက်ရှူရန်ခက်ခဲနေကြဆဲ။ လူတိုင်းသည် ဤအမျိုးသမီးကဤနေရာတွင်လျှပ်တပြက်ပေါ်ထွက်လာခြင်းက မသင့်တော်ဟုထင်မြင်နေကြဆဲဖြစ်ပြီး မသိစိတ်မှပင်အကြောက်တရားများဝင်လာစေသည်။

သူမကခေါင်းမော့ပြီး မီနူးပေါ်မှဆီရွှဲသောစားစရာများကိုလှန်ကြည့်ပြီးအေးအေးလူလူဆိုသည်။

"ကျွန်မတစ်ခုစီယူပါ့မယ်"

"မင်းကုန်အောင်စားနိုင်လို့လား"

လူငယ်တစ်ယောက်၏ အေးစက်စက်လေသံကအဝင်ဝမှထွက်လာသည်။ ယခုလေးတင် မြူများအုံ့ဆိုင်းနေသောအကြည့်ဖြင့်အမျိုးသမီးကတမဟုတ်ချင်း ပြုံးလိုက်ပြီး ရှိပြီးသား ရက်ရက်စက်စက်လှပမှုက ညို့ငင်သွေးဆောင်နိုင်လာသည်။ သူမကတစ်ဖက်လှည့်ကာ အဝင်ဝကိုကြွကြွရွရွလမ်းလျှောက်သွားပြီး ပြောသူ၏လက်တစ်ဖက်ကိုလှမ်းဆွဲသည်။

"ကျွန်မမှရှင်ဘာကြိုက်တတ်မှန်းမသိတာ"

လူငယ်လေးသည် ဆိုင်ထဲသို့အလိုမပါဘဲဆွဲခေါ်ခံရ၍ အလိုအလျောက်မျက်ခုံးကျုံ့သွားသည်။ နှစ်ယောက်လုံးက အချောအလှစုံတွဲဖြစ်ပြီး လိုက်ဖက်ညီသည်။ အလှလေးသည် သူမဘေးမှလူငယ်ထက်ခေါင်းတဝက်စာမျှအရပ်ပိုရှည်သယောင်။

ယဲ့ကျားသည် ကြက်သေသေနေသောလူအုပ်ကိုလှည့်ပတ်ကြည့်ပြီးနောက်တစ်ကြိမ်ခေါင်းကိုက်လာရသည်။

သူကတော့တစ်ခုခုမှားနေတာပဲဖြစ်ရမယ်...

ကျီရွှမ်က မြို့တော်တွင်လျှောက်လည်ရန်ပြောစဉ်က သူလက်ခံလိုက်မိသည်ကိုသူ့ကိုယ်သူမယုံကြည်နိုင်သေးပေ။ အစ၌ သူသည်တစ်ရက်ခန့်လမ်းပတ်လျှောက်ခြင်းက အိပ်ရာထဲတွင်အဖက်ခံထားရခြင်းထက်ပိုကောင်းသည်ဟုတွေးခဲ့သည်၊ သို့သော် သူအင်မတန်ကို မိုက်မဲခဲ့မိသည်။

ယဲ့ကျားသည် အသက်ကိုဝအောင်ရှူလိုက်ပြီးသူ၏လက်ကို တစ်ဖက်လူ၏လက်ကြားထဲမှဆွဲထုတ်လိုက်သည်။ အမြန်ပြီးသွားစေရန် သူကိုယ်တိုင်သာသွားယူရန်ဆုံးဖြတ်လိုက်၏။ သူဆိုင်ရှင်ဘက်သို့လှည့်ကာ

"ဖက်ထုပ်စွပ်ပြုတ်နှစ်ပွဲနဲ့ ပဲနို့နှစ်ခွက်၊ ပါဆယ်ယူသွားပါမယ်"

"ကောင်းပြီဗျာ"

ဆိုင်ရှင်သည် အသိစိတ်ဝင်လာသည်နှင့်တစ်ဖက်လှည့်သွားပြီး အလုပ်များနေသည်။ ကျီရွှမ်ကနီးနီးကပ်ကပ်မှီပြီး တခစ်ခစ်ရယ်ကာ "ကိုကိုကကျွန်မအတွက်ပါမှာပေးတာလား"

ယဲ့ကျား: "....."

ဟုတ်သားပဲ၊ ဒီကောင်ကစားဖို့မှမလိုတာပဲ ငါမေ့သွားတယ်

သူခေါင်းမော့ပြီး "တစ်ပွဲပဲပေးပါတော့"

ကျီရွှမ်ကဝင်တားသည်။

"မလိုပါဘူး၊ ဒီတိုင်းလည်းရပါတယ်"

သူသည်ကျေနပ်စွာဖြင့် လိုချင်သည်ကိုရသွားသောမြေခွေးတစ်ကောင်ကဲ့သို့ မျက်လုံးများကိုမှေးလိုက်ပြီး သူ၏မျက်လုံးထောင့်များကပါကွေးသွားသည်။

"ကိုကိုကငါ့ကိုလက်ဆောင်ပေးတာ ဒီတစ်ခါပထမဆုံးပဲ"

ယဲ့ကျား: "....."

သည်သရဲကဘာဖြစ်နေမှန်း သူလည်းမသိတော့ပေ။