အပိုင်း ၁၀၂
Viewers 10k

Chapter 102



မကြာခင် မနက်စာရလာသည်။

ယဲ့ကျားကပိုက်ဆံရှင်းပြီးနောက် လက်တစ်ဖက်က မနက်စာ ကျန်တစ်ဖက်က တစ်ဆိုင်လုံးအနှံ့စပ်စုနေသော ကျီရွှမ်ကိုဆွဲပြီးထွက်လာခဲ့သည်။

"ဘာလို့ဆိုင်ထဲမှာတင်မစားတာလဲ"

ကျီရွှမ်ကလမ်းဘေးမှာတင် ရပ်နေပြီးမေးသည်။

ဘာလို့လဲဆိုတော့ မင်းက စန်းပွင့်လွန်းနေလို့...

ယဲ့ကျားနှုတ်ခမ်းထောင့်များက တွန့်သွားသည်။

"ထိုင်ခုံမရှိလို့"

"ထိုင်ခုံ?"

ကျီရွှမ်က မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီး "အဲဒါတော့ငါလည်းလုပ်နိုင်ပါတယ်...."

"ပြီးတော့..."

ယဲ့ကျားက သူအန္တရာယ်ရှိသည့်စကားမပြောလာခင်ကြားဖြတ်လိုက်သည်။

"အပြင်ဘက်ကလေထုကကောင်းတယ်...."

"....."

ကျီရွှမ်သည် သူ့ဘေးမှဖွတ်ချက်ဖွတ်ချက်နှင့်ကားကိုလှည့်ကြည့်ပြီး စိတ်မပါ့တပါဖြင့် သူ၏ဖြေရှင်းချက်ကိုလက်ခံလိုက်သည်။

"ကောင်းပြီလေ...ဒါဆိုလည်း..."

နှစ်ယောက်လုံးသည် လမ်းဘေးတွင်ရပ်ပြီး ဖက်ထုပ်စွပ်ပြုတ်နှင့်ပဲနို့ကိုစားလိုက်ကြသည်။ ယဲ့က်ားက တစ်ဖက်လှည့်ပြီးကျီရွှမ်ကိုမျက်မှောင်ကြုတ်ကြည့်သည်။

"မင်းတကယ်လူစားတဲ့စားစရာကို စားလို့ရတာလား"

ကျီရွှမ်ကပြုံးလိုက်ပြီး "ကိုကိုက ငါ့ကိုစိတ်ပူပေးနေတာလား"

သူအမှိုက်ကို ပုံးထဲသို့အားနှင့်မာန်ဖြင့်ပစ်ထည့်လိုက်ပြီး မျက်နှာသေဖြင့်: "မင်းအတွေးလွန်နေတာ...."

ပဲနို့နှင့်ဖက်ထုပ်စွပ်ပြုတ်အစွမ်းက အံ့အားသင့်စရာကောင်းသည်။ ယဲ့ကျား၏အေးခဲ့သောလက်ချောင်းများက နောက်တဖန်နွေးထွေးလာသည်။ သူကျီရွှမ်ကိုလှည့်ကြည့်ပြီး "နောက်တစ်နေရာ မင်းဘယ်ကိုသွားချင်လဲ"

ကျီရွှမ်: "ဒီမှာစိတ်ဝင်စားစရာကောင်းတာမရှိဘူးလား"

ယဲ့ကျား: "မသိဘူး"

ကျီရွှမ်: "အို့..."

ကျီရွှမ်ကဖုန်းထုတ်လိုက်သည်။

"ငါကြည့်လိုက်မယ်"

ယဲ့ကျား: "......"

မင်းတကယ်ခရီးသွားတွေလည်တဲ့နေရာသွားမလို့လား...

ကျီရွှမ်သည် သူသွားချင်သည့်နေရာကိုအမြန်ရှာတွေ့သွားပြီး အင်မတန်စိတ်မပါလက်မပါဖြစ်နေသော ယဲ့ကျားကိုတရွတ်ဆွဲခေါ်သွားသည်။ ယဲ့ကျားကလက်မှတ်ဖြတ်ပေးပြီး သဘာဝဥယျာဉ်ကိုလောကကြီးအားစိတ်ကုန်နေသည့်မျက်နှာဖြင့်လိုက်သွားသည်။ ကျီရွှမ်ကအလွန်ပျော်နေပုံရသည်။ ထိုသူသည်ဖုန်းထုတ်ပြီး ပြုံးကာ "ကိုကို၊ ဒီနေရာကိုတလမ်းလုံးလာခဲ့ရတာ၊ ဓာတ်ပုံရိုက်ရအောင်!"

ယဲ့ကျားကအမူအရာမဲ့နေပြီး: "ဟင့်အင်း"

ကျီရွှမ်က ဆံပင်ကိုကစားနေပြီးသနားစရာမျက်နှာလေးဖြင့် "ဒါပေမဲ့ကိုကိုပဲမနက်က ကတိပေးထားပြီးတော့...."

ဖြတ်သွားဖြတ်လာအကုန်လုံးက ယဲ့ကျားကိုထူးဆန်းသောမျက်လုံးများဖြင့်ကြည့်သွားကြသည်။ ယဲ့ကျား၏နှလုံးသွေးများဆောင့်တိုးကုန်သည်။ သူအံကြိတ်သံဖြင့် "ကောင်းပြီ"

ဒီတစ်ခါတော့မင်းနိုင်တယ်....

သူ၏လှည့်ကွက်ကအောင်မြင်သွားသည့်အခါ ကျီရွှမ်၏အပြုံးကနက်ရှိုင်းသွားသည်။ သူသည်ကင်မရာကိုဖွင့်ကာ အင်မတန်ထိုင်းမှိုင်းနေသောယဲ့ကျား၏ တောင့်တင်းနေသောမျက်နှာကိုချိန်သည်။ အပေါ်၊အောက်၊ ဘယ်၊ ညာ။ ရှုထောင့်မျိုးစုံမှဓာတ်ပုံများကိုရိုက်အပြီး ယဲ့ကျားခမျာခေါင်းမူးနေချေပြီ။ သဘောကောင်းသည့်လူတစ်ယောက်က အနားမှဖြတ်သွားပြီး မြင်သွားသည့်အခါ "ဟေ့ မိန်းမလှလေး၊ မင်းကောင်လေးနဲ့အတူ ဓာတ်ပုံရိုက်ပေးရမလား"

ယဲ့ကျားက ချက်ချင်းခေါင်းနပမ်းကြီးသွားသည်။

"မ...မဟုတ်...."

သူပင်စကားပြော၍မပြီးသေးခင် မျက်လုံးအရောင်တောက်နေသောကျီရွှမ်က ကြားဖြတ်သွားသည်။

"တကယ်? ကျေးဇူးပါပဲ!"

သူသည်ကူညီတတ်သောသူစိမ်းလက်ထဲကို ဖုန်းအားထိုးထည့်ပေးလိုက်သည်။ ထို့နောက် သူ၏အေးစက်စက်လက်ကြီးဖြင့်ယဲ့ကျားပုခုံးကိုသိုင်းဖက်ပြီး သူတို့နှစ်ယောက်အရပ်တူသွားစေရန်ကိုယ်ပါနိမ့်ပေးလိုက်ရာ သူ၏မေးစေ့ကယဲ့ကျားပုခုံးပေါ်သို့တင်၍ရသွားသည်။

ယဲ့ကျား: "....."

သူ၏အမူအရာကစိတ်ပျက်မှုများအပြည့်။

ဘုရားသခင်၊ ကျွန်တော်ဘာအပြစ်လုပ်မိလို့ ဒီလိုအပြစ်ပေးရတာလဲဗျာ...

ဓာတ်ပုံရိုက်ပြီးသွားသည့်အခါ ကျီရွှမ်က သူစိမ်းလက်ထဲမှသူ၏ဖုန်းကိုပျော်ပျော်ကြီးပြန်ယူပြီးကျေးဇူးတင်နေရင်းဖြင့် ယဲ့ကျားအားနောက်တစ်နေရာသို့ဆွဲခေါ်သွားသည်။

ယဲ့ကျားအတွက် အချိန်ကုန်သည်ကနှေးလွန်းသည်။ ခေါင်းပေါ်မှနေရောင်ခြည်ကတောက်ပလွန်းပြီး ၎င်းအပူချိန်ကတရိပ်ရိပ်တိုးလာသည်။ ယခု သူတို့တစ်နေရာလုံးအားလည်ပတ်ပြီးစီးသွားခဲ့ပြီ။

ဓာတ်ပုံအပြည့်ဖြင့်ဖုန်းကိုင်ထားရင်း ကျီရွှမ်သည်ဖုတ်ကောင်တပိုင်းယဲ့ကျားကို သဘာဝဥယျာဉ်ထဲမှပြန်ဆွဲထုတ်လာသည်။ ထိုသူကကျေနပ်ပုံမရသေးပေ။ သူတို့အနားမှလူများကနှစ်ယောက်မှသုံးယောက်ဖြစ်လာသည်။ ယဲ့ကျားကဖုန်းပေါ်မှအချိန်ကိုစစ်ပြီး နေရာတွင်မေ့လဲကျတော့မယောင်ဖြစ်သွားသည်။

ဘာလို့ငါးနာရီပဲကုန်ရသေးတာလဲ!

သူဖုန်းအားပြန်သိမ်းပြီးမေးလိုက်သည်။

"နောက်ထပ်ရော? နေ့လည်ကျမင်းဘယ်နေရာသွားချင်သေးလဲ"

ကျီရွှမ်ကတွေးနေပြီး "ဈေးဆိုင်တွေလျှောက်ကြည့်မယ်..."

ယဲ့ကျား: "တစ်ခုခုဝယ်စရာရှိလို့လား"

ကျီရွှမ်က မျက်တောင်လေးခတ်ပြပြီး "မိန်းကလေးတွေကဝယ်စရာမရှိရင်ဈေးဆိုင်တွေလျှောက်ကြည့်စရာမလိုဘူးလား"

ယဲ့ကျား၏နဖူးကြောများထောင်လာသည်။ သူအသက်ပြင်းပြင်းရှူလိုက်မှ ၎င်းအကြောများငြိမ်သက်သွားသည်။

"မင်း က မိန်းမ မ ဟုတ် ဘူး!"

ကျီရွှမ်ကမျက်ခုံးပင့်ပြပြီး "အို့...ရှင်ကမယုံဘူးလား"

သူက ယဲ့ကျား၏လက်ကိုဆွဲကာ ရင်ဘတ်ကိုထိခိုင်းသည်။

"မင်းစမ်းကြည့်လို့ရတယ်...."

ဘုရားရေ! ယဲ့ကျားမှာ ထိတ်လန့်ခြင်းကြီးစွာအနောက်သို့တလှမ်းခုန်ဆုတ်လိုက်ပြီး သူ၏လက်ကိုရေနွေးပူလောင်သလိုပြန်ရုတ်သွားသည်။

"မလိုဘူး!"

အနားမွလူများက အထူးအဆန်းဖြင့်ကြည့်သွားကြပြန်သည်။

ဘာပဲဖြစ်ဖြစ် ဒီနေရာကနေအရင်သွားရမယ်...

ယဲ့ကျား အသက်ပြင်းပြင်းရှူပြီး ခက်ခက်ခဲခဲဖြင့်ပြန်ညှစ်ထုတ်လိုက်ရသည်။

"မင်းဘယ်သွားချင်သေးလဲ"

ကျီရွှမ်ကပြုံးလိုက်သောကြောင့် မျက်လုံးများမှေးကျဉ်းသွားသည်။

"ကျွန်မတို့မိန်းကလေးတွေကရှော့ပင်းမောလ်သွားရတာကြိုက်တယ်"

ရှော့ပင်းမောလ်ထဲတွင်.....

နေရောင်သည် မြင့်မားသောမှန်သားမျက်နှာကြတ်များအပေါ်သို့ ဖြာကျနေပြီး အတွင်းပိုင်းရှိအရာအားလုံးကို ပြတ်ပြတ်သားသားမြင်တွေ့နိုင်သည်။ မှန်ပြတင်းများကပိုင်းခြားထားပြီးလင်းထိန်နေသည်၊ ယောကျ်ားသားနှင့်အမျိုးသမီးများက ဖက်ရှင်တကျဝတ်စားထားကြပြီးနှစ်ယောက်သုံးယောက် စသဖြင့်သွားလာနေကြသည်။ လေထုသည် ထုတ်ကုန်သစ်၏အငွေ့အသက်များဖြင့်ပြည့်နှက်နေသည်။ လှုပ်ရှားနေကြသောလူထုအလယ် အရပ်မြင့်မြင့်နှင့်သေးသွယ်သောလူငယ်လေးသည်ထင်ပေါ်နေသည်။

သူကဘေးပတ်ဝန်းကျင်ကိုစူးစမ်းနေသည်။ လူငယ်လေးသည် ကျန်းမာရေးချို့တဲ့မှုကြောင့် ဖျော့တော့သည့်အသားအရေဖြင့်ချောမောပြေပြစ်ပြီး အရောင်ဖျော့သည့်ဆံပင်နှင့်မျက်လုံးအိမ်များရှိသည်။ သူ၏အနီးအနားမှလေထုသည် လူတိုင်းကိုအကွာအဝေးတစ်ခုတွင်ထားကာ ချဉ်းကပ်ရခက်သောခံစားချက်မျိုးကိုပေးသည်။ ထို့အပြင် သူ၏မျက်ခုံးများကကျုံ့နေသေးပြန်ရာ အဆင်မပြေဖြစ်နေဟန်လည်းပေါ်သည်။ ထိုသို့ဖြစ်နေလျှင်ပင် သူ၏ပုံပန်းသွင်ပြင်ကအခြားသူများ၏မျက်လုံးထဲတွင် ပေါ်တင်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေဆွဲဆောင်နိုင်သည်။

အချိ်န်နှင့်အမျှ မိန်းကလေးများကသူ့အားကြည့်သွားကြပြီး သူ့အနားချဉ်းကပ်ရန်အသင့်ဖြစ်နေကြသည်။ သို့သော် ထိုအချိန်မှာပင် အရပ်ရှည်သောအမျိုးသမီးတစ်ယောက်က ထွက်လာသည်။

သူမအသွင်အပြင်သည် အင်မတန်မှအကြည့်မလွှဲနိုင်အောင်လှပသည့်တိုင် ထက်မြက်ပြီးရန်လိုမှုအနည်းငယ်ရှိသည်။ သူမကလူငယ်ကိုပြုံးပြပြီး သာမန်အမျိုးသမီးတစ်ယောက်၏အသံထက်တိုးလျစွာဖြင့် "ဘာလို့လိုက်မဝင်လာတာလဲ"

ယဲ့ကျား: "....."

မလိုက်လာချင်လို့....

သို့ထိတိုင် တဖက်လူကသူငြင်းဆန်နေသည်ကိုမသိဘဲ ယဲ့ကျားလက်မောင်းကိုလာဖက်ပြန်သည်။ ယဲ့ကျားက မျက်နှာသေဖြင့်လေပူမှုတ်ထုတ်ပြီး ထိုသူဆွဲခေါ်ရာနောက်ပါသွားရပြန်သည်။ ကျီရွှမ်ကမျက်လုံးမှေးမှေးဖြင့်ပြန်လှည့်ကြည့်ပြီး ယဲ့ကျားလက်မောင်းကိုတင်းကျပ်နေအောင်ကိုင်ထားကာ ပိုင်ရှင်ရှိကြောင်းသက်သေပြနေသည်။

အားလုံးထံမှစိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချသံများထွက်လာ၏။

သေချာတာပေါ့၊ အဆင်လေးကပိုင်ရှင်ရှိပြီးသား....

စတိုးဆိုင်ထဲဝင်ဝင်ချင်းပင် ယဲ့ကျားတောင့်တင်းသွားသည်။

အမျိုးသမီးအထည်ဆိုင်မဟုတ်ဘူး....

ခဏေလး....

ပထမအချက်အနေဖြင့် ကျီရွှမ်ကအမျိုးသမီးမဟုတ်၍ အမျိုးသမီးအထည်ဆိုင်ကိုသွားသင့်သည်!

သူပြောသလိုမလုပ်နဲ့!

ယဲ့ကျားသည် ခေါင်းယမ်းပြီယုတ္တိမရှိသောအတွေးများကို ဖယ်ထုတ်ပစ်လိုက်သည်။

သို့ထိတိုင် သူစတိုးဆိုင်ထဲသို့ရောက်သည်နှင့် ကျီရွှမ်ကသူ့အားလက်လွှတ်ပေးလိုက်ပြီး ပျောက်ကွယ်သွားလေသည်၊ ယဲ့ကျားတစ်ယောက်တည်းသာဆိုင်ထဲတွင် ရပ်ကျန်နေခဲ့၏။

အနှီအမျိုးသားဝတ်အထည်ဆိုင်သည် ဈေးကြီးမည့်ဟန်ပေါ်ပြီး ရယ်ဒီမိတ်အဝတ်အစားများ သို့မဟုတ် ကိုယ်တိုင်းဖြင့်ချုပ်ပေးသည့်အထည်ကိုမှာယူ၍ရသည်။ တွဲရရွဲချိတ်ထားသောအထည်တိုင်းတွင် ငွေ့နံ့များရနေသည်။ ယဲ့ကျားက ကြုံရာအဝတ်တစ်ထည်ကိုကောက်ပြီးဈေးကြည့်လိုက်သည်။ ရှော့ခ်ရလွန်းသောကြောင့် အသက်ရှူရန်ပင်မေ့လျော့သွား၏။

နောက်နေတာလား....

ယဲ့ကျားကသုညများကိုရေတွက်ကြည့်ပြီး ဌာနမှသူ၏လစာကိုပြန်တွက်ကြည့်သည်။

သူငါးနှစ်လုံး မစားမသောက်ဘဲအလုပ်လုပ်လျှင်ပင် ဤမျှပမာဏကိုတတ်နိုင်မည်မဟုတ်ချေ။ သေစမ်း! ယဲ့ကျားကသူ၏လစာများကိုတွေးပြီးအသည်းကွဲနေခိုက် ကျီရွှမ်ကဒီဇိုင်းနာကိုပုံအပ်နေသည်။ သူမသိမသာလေးနောက်ပြန်ဆုတ်လိုက်သည်။ နေဦး! ကျီရွှမ်ကဒီပုံစံနဲ့ ဘယ်လိုလုပ်ယောကျ်ားဝတ်တဲ့အဝတ်အစားတွေဝတ်လို့ရမှာလဲ?

ယဲ့ကျားကအဖြေရှာနေစဉ် ကျီရွှမ်ကသူ့အားလက်ညိုးထိုးကာ ဘေးမှဒီဇိုင်းနာကိုပြုံးလျက်ပြောနေလေသည်။

"အားကိုးမယ်နော်"

ယဲ့ကျား: "....."

သူအသိစိတ်ပြန်ဝင်လာသည့်အခါ ဒီဇိုင်းနာကလက်ထဲတွင်ပေကြိုးဖြင့်သူ၏ကိုယ်တိုင်းကိုစယူနေပြီ။ ယဲ့ကျားကိုယ် တောင့်တောင့်ကြီးဖြစ်နေသည်။ သူကျီရွှမ်ကိုအဓိပ္ပါယ်ပါသောအကြည့်ဖြင့်- ဘာတွေဖြစ်နေတာလဲ

ကျီရွှမ်က သူ့ကိုလေထဲမှအနမ်းလေးပေးသည်- မွ

ယဲ့ကျား: "....."

လူငယ်လေးကအကြည့်လွှဲသွားပြီး ကျီရွှမ်၏အပြုံးကပိုမိုလေးနက်လာသည်။ ၎င်းကိုကြည့်ရသည်မှာကျေနပ်နေသယောင်။ ဒီဇိုင်းနာသည် အင်မတန်စကေးရှိပြီး ကျွမ်းကျင်သည်။

မကြာခင်မှာပင် သူလိုအပ်နေသောအတိုင်းအတာရသွားသည်။ ထို့နောက် သူသည်အနောက်လှည့်ပြီးစတိုးဆိုင်တွင်းသို့ပြန်ဝင်သွားသည်။ယဲ့ကျားကအခွင့်အရေးယူကာ ကျီရွှမ်၏လက်ကိုလှမ်းဆွဲပြီး အသံကိုနှိမ့်မေးသည်။

"မင်းဘာလုပ်ချင်နေတာလဲ"

ကျီရွှမ်ကပေါ့ပေါ့ပါးပါးပင်ပြုံးပြသည်။

"အဝတ်အစားဝယ်ပေးတာလေ"

ယဲ့ကျားအသံမှာအနည်းငယ်ကျယ်သွားရသည်။

"ငါမဝယ်နိုင်ဘူးကွ!"

ကျီရွှမ်: "ငါဝယ်ပေးနိုင်တယ်...."

သူနဖူးကြောများထောင်လာသည်။ သူအသက်ပြင်းပြင်းရှူပြီး လှည့်ထွက်သွား၏။ ကျီရွှမ်ကလှမ်းဆွဲသည်။

"ဘယ်သွားမလို့လဲ"

ယဲ့ကျားကအံကြိတ်သံဖြင့်ပြော၏။ "သွား...တော့...မယ်"

ကျီရွှမ်: "ဒီနေ့တနေ့လုံးငါနဲ့အတူနေပေးမယ်လို့ကတိပေးထားတယ်လေ၊ ငါသွားချင်တဲ့နေရာသွားပြီး လုပ်ချင်တာတွေလုပ်လို့ရတယ်လို့ပြောတာမဟုတ်ဘူးလား"

ယဲ့ကျား: "....."

ငါအဲဒီလိုမပြောမိပါဘူး!

တဖက်လူ၏အံ့အားသင့်နေပုံကိုမြင်သွားပြီး ကျီရွှမ်၏နှုတ်ခမ်းများကရေးရေးမျှကွေးသွားခဲ့သည်။

"ဒီနေ့ငါမင်းအတွက် ဒီနေရာကနေအဝတ်အစားလေးတွေဝယ်သွားချင်လို့"

သူနီးနီးကပ်ကပ်မှီလိုက်သည်၊ အေးစက်စက်အငွေ့များကလူငယ်လေး၏နွေးထွေးသောနားတွင်းသို့ ဝင်ရောက်လာသည်။ အမျိုးသမီးတစ်ယောက်၏အသံမဟုတ်ဘဲ အနည်းငယ်အက်နေသောအသံကပျင်းတွဲတွဲနိုင်ပြီး ဒွိဟဖြစ်စေသောလေထုကိုသယ်ဆောင်ထားသည်။

"ပြီးတော့ ဒီနေ့မင်းကငါ့အပိုင်ပဲ"

ယဲ့ကျား၏နားများထူပူသွားသည်။ သူသည်အလိုလိုနောက်ဆုတ်မိပြီးကျီရွှမ်ကို အထိတ်တလန့်ဖြင့်ကြည့်မိသည်။

တဖက်လူကဘာမှမဖြစ်ခဲ့သလို တစ်ဖက်လှည့်ကာဒီဇိုင်းနာ၏နားအနီးသို့ကပ်ပြီး တစ်ခုခုပြောခဲ့သည်။ ထိုသူ၏ရှုထောင့်မှကြည့်လျှင် ယဲ့ကျားသည် မကြာသေးခင်ကထူးဆန်းသောအထိအတွေ့ကိုဖျောက်ပစ်ရန် သူ၏နားသံသီးကိုဆိတ်နေသည်ဟုထင်ရနိုင်သည်။

ကျီရွှမ်ကြည့်နေသည်ကိုမြင်ရသည်တွင် သူချက်ချင်းလက်ကိုအောက်ချလိုက်ပြီး သူ၏အရှေ့မှအကျႌတန်းကိုကြည့်နေသည်။

ကျီရွှမ်က ထိုသူထံလျှောက်သွားသည်၊ သူ၏အနက်ရောင်မျက်ဝန်းများက တစ်ဖက်လူ၏အနည်းငယ်နီမြန်းနေသည့်နားရွက်တွင်တဝဲလည်လည်ဖြစ်နေပြီး ထိုသူကသူ၏အရှေ့မှရှပ်အကျႌတန်းတွင်ရပ်သွားသည်အထိလိုက်ကြည့်နေမိသည်။ သူ၏နှုတ်ခမ်းထောင့်များကချိတ်ပမာကွေးနေသည်။

"မင်းကြိုက်လို့လား"

ယဲ့ကျားကချက်ချင်းသတိအပြည့်ဖြစ်သွားသည်။

"မကြိုက်ပါဘူး"

သူပင်မငြင်းရသေးခင် ကျီရွှမ်ကဆိုင်အကူကိုလှမ်းခေါ်သည်။

"ဒီမှာရှိတာတွေအကုန်ထုပ်ပေးပါ"

ယဲ့ကျား: "?"

သူကျီရွှမ်လက်ကိုဆွဲပြီး အသံတိမ်တိမ်ဖြင့် "မလိုဘူးလို့!"

ကျီရွှမ်က တစ်ခုခုကိုနားလည်သွားသည်။ "မင်းပြောတာမှန်တယ်"

ယဲ့ကျား: "?"

ဘာလဲဟ?

တဒင်္ဂမျှ သူအခြေအနေကိုမထိန်းချုပ်နိုင်ပေ။ ထို့နောက် သူကျီရွှမ်ဆက်ပြောလာသည်ကိုကြားရသည်။

"မင်းမှာဘယ်လိုလုပ်ရှပ်အကျႌတွေပဲရှိနေရတာလဲ၊ ဘောင်းဘီနဲ့ဖိနပ်ကိုတွဲမဝတ်လို့ဘယ်ရမလဲ"

ယဲ့ကျား: "!"

နေအုံး! ငါပြောချင်တာအဲဒီလိုမဟုတ်ဘူး!

ကျီရွှမ်ကသူ၏ black card နှင့် gold card ကိုမြှောက်ပြသည်။

"ဒါတွေအကုန်လုံးကို ကျွန်မပေးထားတဲ့လိပ်စာဆီပို့ပေးပါ"

ထို့နောက် သူသည် ချက်ချင်းပင်ရှော့ခ်ရနေသောယဲ့ကျားကိုဆွဲပြီးဆိုင်အပြင်ဘက်ထွက်လာသည်။ ယဲ့က်ားက သူ၏အနောက်မှသေးပြီးရင်းသေးသွားသော စတိုးဆိုင်ကိုပြန်လှည့်ကြည့်မိသည်။ သူဖြည်းဖြည်းချင်းမေးကြည့်လိုက်သည်။

"ဘယ်...ဘယ်လောက်ကျလဲ"

ကျီရွှမ်က သူ၏ရေခဲရိုက်ထားသောလက်များကို ယဲ့ကျား၏လက်မောင်းတွင်ရစ်ပတ်လိုက်ပြီး ပြုံးကာပြန်ဖြေ၏။

"ပြန်ပေးမလို့လား"

ယဲ့ကျား: "......"

ပေးချင်ပေမဲ့ ငါ့မှာပိုက်ဆံမရှိဘူး...

သူပြန်ပြောလိုက်သည်။ "ငါနောက်မှပြန်ပေးပါ့မယ်"

ကျီရွှမ်ကမျက်လုံးများကိုမှေးလိုက်ပြီး တခစ်ခစ်ရယ်သည်။

"ပြန်သွင်းလို့မရဘူး..."

ယဲ့ကျား: "အဲဒါဆိုလည်းမယူတော့ဘူး"

"ကောင်းပြီလေ"

ကျီရွှမ်က မျက်နှာပေးမပြောင်းဘဲခေါင်းညိတ်သည်။

"ဒါပေမဲ့ မင်းရဲ့ကိုယ်တိုင်းနဲ့ဝယ်ထားတာလေ၊ မင်းမဝတ်ရင်လွှင့်ပစ်လိုက်ရမှာပေါ့"

ယဲ့ကျား: "....."

သုညအတန်းလိုက်ကြီးက သူ၏စိတ်ထဲတွင်ပြန်ပေါ်လာသည်။

ဖာ့ခ်...

ကျီရွှမ်ကယဲ့ကျားကိုပြန်လှည့်ကြည့်သည်။

"သွားရအောင်၊ ငါဈေးဝယ်ထွက်လို့မဝသေးဘူး"

သူသည်အားဖြင့်အင်ဖြင့် လူငယ်လေးကိုနောက်တစ်ဆိုင်သို့ဆွဲခေါ်သွားပြန်သည်။ အနောက်တွင်ကျန်ခဲ့ဆိုင်ထဲရှိကောင်တာမှ အကူလေးနှစ်ယောက်မှာ ဝေး ဝေးသွားသောစုံတွဲကို ကြည့်နေသည်။ တစ်ယောက်က အားကျသလိုပြောသည်။

"ကောင်းကင်ဘုံရဲ့အလိုတော်ပဲ၊ ချမ်းသာတဲ့အမျိုးသမီး"

တစ်ယောက်ကလည်းခေါင်းညိတ်ပြီး ဝန်တိုစိတ်ဖြင့်သံယောင်လိုက်သည်။

"လှလည်းလှတယ်၊ ချမ်းလည်းချမ်းသာတယ်၊ အရပ်ရှည်ပြီးခန္ဓာကိုယ်ကလည်းသွယ်သွယ်လေး"

"နည်းနည်းလေးအရပ်ပိုရှည်ရုံပါ"

"ဒါပေမဲ့ ငါကတော့လက်ခံတယ်"

"ငါရောပဲ"

ဒီဇိုင်းနာကသူတို့၏ခေါင်းများကိုခေါက်ပြီး သူတို့၏အိပ်မက်များမှနိုးထခိုင်းလိုက်သည်။

"နင့်-င်ကိုပဲလက်ခံလိုက်၊ သူကောင်မလေးလိုချောလာတဲ့နေ့မှစဉ်းစာ"

ဆိုင်အကူလေးနှစ်ယောက်ကပါးစပ်ပိတ်သွားသည်။

"......"

အမှန်ပဲ...ငြင်းစရာကိုမရှိတာ....

ယဲ့ကျားကမည်မျှပင် ရုန်းကန်ပါစေ၊ ကျီရွှမ်ကသူ့အား ရှော့ပင်းမောလ်တွင်းမှအမျိုးသားဝတ်အကျႌဆိုင်များထံ တောက်လျှောက်ဆွဲသွားသည်။

နောက်ဆုံးတွင် ယဲ့ကျားတွင်ငြင်းရန်အားမရှိတော့ရှာပေ။

သူမသည်မျှပင် တိုက်ရိုက်တဖုံ၊ သွယ်ဝိုက်၍တလှည့်ငြင်းဆန်နေလင့်ကစား တဖက်လူကထူးဆန်းပြီးကို့ရို့ကားယားနိုင်သောအကြောင်းပြချက်များဖြင့် အခြေအနေကိုပြောင်းပစ်လိုက်သည်။

အိတ်ကြီးအိတ်ငယ်များ လက်ထဲတွင်ဆွဲထားလျက် ယဲ့ကျားခမျာကျီရွှမ်အနောက်သို့ အားအင်ချိနဲ့စွာဖြင့်လိုက်လာရသည်။ ကျီရွှမ်၏တောက်ပနေသောမျက်လုံးများက ဆိုင်၏ပြတင်းပေါက်များကိုစကမ်င်ဖတ်နေသည်။ သူအလွန်အမင်းကိုပျော်ရွှင်နေပုံရသည်။

စုံတွဲတစ်တွဲက အရှေ့မှလျှောက်လာသည်။ အမျိုးသမီး၏မျက်လုံးများက ယဲ့ကျားအပေါ်တွင်ရှိနေသည်။ သူမသည်သူမ၏ကောင်လေးကိုတံတောင်ဖြင့်တို့ကာ အရယ်တဝက်နှော၍ပြော၏။

"သူတို့ကိုကြည့်စမ်းပါအုံး၊ နှစ်ယောက်သားရှော့ပင်းထွက်နေတာဘယ်လောက်လိုက်ဖက်ညီလိုက်လဲ၊ ရှင်ကလမ်းလေးနည်းနည်းလျှောက်ရရုံရှိသေးတယ်၊ ပါးစိပါးစပ်ကများနေပြီ"

ယဲ့ကျား: "မဟုတ်ဘူး၊ ကျွန်တော်က...."