အပိုင်း ၁၀၃
Viewers 10k


Chapter 103



ထို့နောက် သူသည်သူစိမ်းတစ်ယောက်ကိုရှင်းပြနေရန်မလိုမှန်းနားလည်သွား၍ ထွက်လာတော့မည့်စကားလုံးများကိုပြန်လည်မြိုသိပ်လိုက်သည်။

ထိုအချိန်၌ပင် ကျီရွှမ်င အရှေ့မှလျှောက်နေရင်း သူရှေ့တည့်တည့်မှဆိုင်ကိုမြင်ပြီးသကာလ မျက်လုံးများတောက်ပသွားသည်။ သူသည်အမြန်လှည့်ကြည့်ပြီး ယဲ့ကျားကိုလက်ယမ်းပြသည်။

"အမြန်...ဒီတစ်ထည်ကရှင်နဲ့လိုက်တယ်!"

စုံတွဲသည် သူတို့၏ခေါင်းများကိုချက်ချင်းလှည့်လိုက်ကြပြီး သူတို့၏မျက်လုံးများက နာမည်ကြီးဒီဇိုင်းနာ၏တံဆိပ်ကိုတွေ့သွားကြသည်။ ယောကျ်ားဖြစ်သူကရေရွတ်လိုက်သည်။

"သူများတွေရဲ့ရည်းစားကိုကြည့်လိုက်အုံး၊ မင်းငါ့ကို မနှစ်က ၉.၉ ယွမ်တန် TaoBao လက်အိတ်တစ်စုံပဲဝယ်ပေးတယ်"

အမျိုးသမီး: "....."

ယဲ့ကျားကမနေနိုင်တော့ဘဲ လှမ်းကြည့်မိသည်။

"အဲဒီလိုမဟုတ်...."

သို့သော် စုံတွဲကထွက်သွားပြီ။ ယဲ့ကျားကသက်ပြင်းချပြီး ကျီရွှမ်၏အနောက်မှဆိိုင်ထဲသို့လိုက်ဝင်လာသည်။ ကျီရွှမ်၏ မျက်လုံးများမှေး၍ စင်များပေါ်သို့ဝေ့ကြည့်နေပြီး အကျႌတစ်ထည်ပြီးတစ်ထည်အားဆွဲကာ ကျီရွှမ်၏လက်မောင်းများထဲသို့ပစ်ထည့်သည်။

"ဒီတစ်ထည်...ဒီတစ်ထည်...ဒီဟာ...ဒီတစ်ထည်ရောပဲ"

ယဲ့ကျားခမျာ အထည်ပုံကြီးအနောက်မှ ခဲရာခဲဆစ်ခေါင်းပြူထုတ်ရပြီး

"မင်းလူသတ်မလို့လုပ်နေတာလား"

ကျီရွှမ်ရပ်သွားသည်။ ငြင်းခုန်မနေတောဘဲ ယဲ့ကျားကိုအဝတ်လဲခန်းထဲတွန်းပို့သည်။

"စမ်းဝတ်ကြည့်..."

ယဲ့ကျားက အရှေ့မှကျဉ်းကျဉ်းကြုတ်ကြုတ်အဝတ်လဲခန်းကိုကြည့်ပြီး တံခါးပိတ်လိုက်ကာ သက်ပြင်းရှိုက်၏။ ဒီအခြေအနေအထိရောက်လာပြီးမှတော့...သူရေလိုက်ငါးလိုက်နေသင့်သည်။ ငါးမိနစ်အကြာတွင် အဝတ်လဲခန်းတံခါးသည်အတွင်းဘက်မှပွင့်လာသည်။ လူငယ်လေးကထွက်လာသည်။

ဆိုင်အကူကချက်ချင်း ချီးကျူးလိုက်သည်

"ရှင့်ကောင်မလေးက အရမ်းရွေးတတ်တာပဲ!"

သူမသည် ဆိုင်အကူဝန်ထမ်းဖြစ်ခဲ့သည်မှာနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်၍ဈေးဝယ်သူများအပေါ် မျက်စိမှိတ်ချီးကျုးတတ်သည့်အကျင့်ကအရိုးစွဲနေခဲ့ပြီ၊ သို့သော် လက်ရှိတွင်သူမသည်စိတ်ရင်းအမှန်ဖြင့်ချီးကျုးနေမိခြင်းဖြစ်၏။ တစ်ဖက်လူ၏ပုံစံက သွယ်လျပြီးခန္ဓာကိုယ်မတ်၍အဝတ်အစားများနှင့် လုံးဝကွက်တိကျသည်။ ဈေးကြီးသောအဝတ်အစားများနှင့်သူသည်ကြော့ရှင်းပြီး ခေတ်မီသောပုံစံပေါ်လွင်စေသည်။ ၎င်း၏မျက်လုံးများကကြည်လင်သန့်စင်ပြီး အလင်းရောင်အောက်တွင်ပယင်းရောင်သန်းနေပုံက မှော်ဆန်ပြီးလက်လှမ်းမမီသောနေရာတွင်ရှိနေသလိုခံစားရသည်။ လူငယ်လေး၏တောင့်တင်းနေသောမျက်နှာအမူအရာကသာနှမြောစရာကောင်းနေသည်။

ယဲ့ကျား: "တကယ်တော့လေ...ကျွန်တော်...."

"ချီးကျုးပေးတာ ကျေးဖူးတင်ပါတယ်"

ကျီရွှမ်ကအသံတိုးတိုးဖြင့်ခိုးခိုးခစ်ခစ်ရယ်သည်။

"ကျွန်မဒီတစ်စုံယူမယ်နော်..."

ထိုသူသည် မျက်နှာလေးတစ်ချက်ပင်မပြောင်းဘဲဆရာကျစွာတုံ့ပြန်နိုင်သည်။

ယဲ့ကျား: "....."

ကျီရွှမ်ကရှေ့တိုးလာပြီး ၎င်း၏နက်မှောင်သောမျက်လုံးများက ယဲ့ကျားကိုအပေါ် အောက်စုန်ဆန်ကြည့်သည်။ ယဲ့ကျားကထိုသို့အကြည့်ခံနေရသည်ကိုသက်သောင့်သက်သာမရှိသလိုခံစားရသည်။ အခြားသူ၏မျက်လုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ရပ်နေရသလိုပင်။ သူမျက်မှောင်ကုပ်ပြီး သတိအပြည့်ဖြင့်ပြောလိုက်သည်။

"ဘာလဲ"

ကျီရွှမ်၏နှုတ်ခမ်းပါးပါးလေးများက မြင့်တက်သွားသည်၊ ရေကန်ထဲတွင်လှိုင်းထသွားသလို မည်းနက်သောမျက်လုံးအိမ်အတွင်း အနီရောင်အလင်းစက်လေးဖြတ်ပြေးသွားသည်။ ယဲ့ကျား၏အကျႌကော်လာကိုပြင်ပေးပြီး "ကျွန်မကအရမ်းအမြင်ရှိတာ"

မျှော်လင့်မထားမိလောက်အောင် အချိန်ကုန်သည်မှာမြန်ဆန်ခဲ့သည်။သူတို့ဆိုင်ထဲမှထွက်လာချိန်တွင် ရှောပင်းမောလ်တစ်ခုလုံးကို လင်းထိန်နေဆဲဖြစ်သော်လည်း မည်းမှောင်သောကောင်းကင်ကို ခေါင်းပေါ်မှမှန်ပြတင်းကိုဖြတ်ပြီးမြင်တွေ့နေရသည်။ ရှော့ပင်းမောလ်ထဲတွင် လူမည်မျှများနေပါစေ လူတိုင်း၏မျက်နှာပေါ်တွင်အပြုံးကိုယ်စီရှိသည်။ ယဲ့ကျား၏မျက်လုံးများသည်မောလ်ရှေ့မှ နို့လက်ဖက်ရည်ဆိုင်ရှေ့တွင်ရပ်သွားပြီး တနေ့လုံးအသက်မရှိသလိုသေနေသောမျက်လုံးများက ချက်ချင်းတောက်ပသွားသည်။ လက်ထဲမှအိတ်များကို ကျီရွှမ်လက်ထဲထိုးထည့်ပြီး

"ခဏစောင့်နေ...."

ကျီရွှမ်က အံ့အားသင့်သွားသည်။ တဖက်လူကသူထိုသို့လုပ်လာလိမ့်မည်ဟုမထင်မှတ်ထားခဲ့ပေ။

"ဟမ်...?"

နောက်ထပ် မည်သည့်စကားမှမပြောရသေးခင် တစ်ဖက်လူကပျောက်သွားနှင့်ပြီ။ ဆယ်မိနစ်အကြာတွင် လူငယ်လေးသည် နို့လက်ဖက်ရည်နှစ်ခွက်ဖြင့်ပြန်ရောက်လာသည်။ သဘာဝတကျဖြင့် တစ်ခွက်အားကျီရွှမ်ကိုပေးပြီး ကျန်တစ်ခွက်ကိုတစ်ငုံသောက်ကာ လက်ထဲကိုင်ထားသည်။

ပူနွေးချိုမြိန်ပြီး ပျော့ပျောင်းသောအနံ့ဖြင့်လက်ဖက်ရည်သည်သူ၏လည်ချောင်း တလျှောက်စီးဆင်းသွားသည်။ ၎င်းတွင်လူတစ်ယောက်၏စိတ်အခြေအနေကို ပိုကောင်းလာစေနိုင်သောမှော်စွမ်းရည်ရှိသည်။ယဲ့ကျားသည်ခုံတန်းရှည်တွင်ထိုင်ပြီး သူ၏ခြေထောက်များကိုသက်သောင့်သက်သာအနေအထားဖြင့်ချိတ်ထားသည်။

"ဒီဆိုင်က M မြို့မှာဆိုင်ခွဲမဖွင့်ထားဘူးတဲ့၊ ဒါပေမဲ့ လူတွေကတော့သောက်လို့ကောင်းတယ်လို့ပြောကြတာပဲ"

သူသည်ပုလင်းကိုလှုပ်ခါပြီး အတွေးထဲတွင်နစ်မြုပ်နေသည်။

"မှန်လည်းမှန်ပါတယ်"

ယဲ့ကျားကတစ်ငုံသောက်ပြီး ပုံမှန်အတိုင်းမေးလိုက်သည်။

"မင်းရောဘယ်လိုထင်လဲ"

ကျီရွှမ်သည် ခွက်မှနွေးထွေးမှုကသူ၏အေးစက်နေသောလက်ကိုထိုးဖောက်သွားပြီး သူ၏လက်ကိုဖြတ်သန်းသွားသည်ကိုခံစားမိသည်။ သူခေါင်းလှည့်လိုက်သည်၊ နက်မှောင်သောမျက်ဝန်းများက လူငယ်လေးအပေါ်တွင် ပုံသေကပ်တွယ်နေသည်။ သူသည်အသံကိုတိုးလိုက်ပြီးခပ်ဖြည်းဖြည်းပင်ပြောလေသည်။

"မှန်ပါတယ်"

ယဲ့ကျားကသူ့ကိုကြည့်ပြီး မျက်ခုံးပင့်သည်။

"ဒါပေမဲ့ မင်းမမြည်းကြည့်ရသေးဘူးမလား"

ကျီရွှမ်ကအသိမပေး၊ ဘာမပေးဖြင့် ရုတ်တရက်ကိုယ်ကိုငုံ့ကိုင်းလိုက်ပြီး သူ၏အေးစက်ပါးလွှာသောနှုတ်ခမ်းများက လူငယ်လေး၏နှုတ်ခမ်းဘေးဘက်ကိုပွတ်တိုက်သွားသည်။ ပုစဉ်းလေးတစ်ကောင်ကရေပေါ်နင်းလိုက်သလို၊ ငှက်မွှေးလေးတစ်ချောင်းနှင့်ထိလိုက်သလိုအထိအတွေ့က အိပ်မက်ထဲတွင်မျောလွင့််နှင့်တူသည်။

ယဲ့ကျားကကြက်သေသေသွားသည်။ သူ၏မျက်လုံးများက တမဟုတ်ချင်းပြူးကျယ်သွားသည်။ သို့သော် သူမတုံ့ပြန်နိုင်ခင် တဖက်လူကနောက်ဆုတ်သွားသည်။ ကျီရွှမ် ဖွဖွလေးရယ်ပြီး "အရသာခံစရာမလိုပါဘူးလေ"

ချိုလွန်းနေပြီ...

ယဲ့ကျားကတမင်တကာ ကျီရွှမ်နှင့်ခပ်ခွာခွာနေလိုက်သည်။ သူမျက်လွှာချထားသည်၊ သူ၏အကြည့်လားရာက သူနှင့်ခြေလှမ်းအနည်းငယ်အကွာမှမြေပြင်ပေါ်တွင်ရှိသည်၊ သူ၏မျက်နှာပေါ်တွင်အမူအရာတစုံတရာမှမရှိနေပေ။ သူ၏နှုတ်ခမ်းများကအေးစက်စွာဖြင့် မျဉ်းဖြောင့်တစ်ကြောင်းနှယ်တင်းတင်းစေ့ထားသည်။

သူ၏နှုတ်ခမ်းထောင့်များကပူနွေးနေပြီး ပြင်းထန်သောအားဖြင့်ဖိလျက်ထားခြင်းကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်နေဆဲ။ သူသည်နာကျင်ရမည်ကိုမကြောက်ဘဲ နာကျင်မှုနှင့်လည်းနေသားကျနေခဲ့သည်၊ သို့ထိတိုင် သူ၏နှုတ်ခမ်းတွင်စွဲကျန်နေခဲ့သော အဆန်းတကြယ်ခံစားချက်က သူ၏အရေပြားတစ်ခုလုံးကို စုတ်ဖြဲသွားသည့်အတိုင်းဖြစ်နေ၍လျစ်လျုရှုထား၍မရေပ။

ရုတ်တရက် အရှေ့တွင်လမ်းလျှောက်နေသောကျီရွှမ်ကသူ့ကိုနောက်လှည့်ကြည်လာသည်။ ယဲ့ကျားကမှင်သက်နေဆဲ။ သူကအနောက်ကိုပြန်လျှောက်လာပြီး စိတ်ပူပင်စွာဖြင့်မေးမြန်းသည်။

"ဘာဖြစ်လို့လဲ"

သို့သော် ယခုတခါ၌ ကျီရွှမ်၏စိတ်ပေါ့ပါးနေသောအကြည့်ကလွင့်စင်သွားသည်။ သူ၏အကြည့်က အနည်းငယ်မျှလေးနက်သွားပြီးဖြည်းညှင်းစွာပြန်ပြောပြသည်။

"ရုပ်သေးအရှင်မှာသတင်းအသစ်ရှိတယ်၊ သူအဖြေသိရပြီတဲ့"

ယဲ့ကျား၏မျက်နှာကအေးခဲသွားသည်။

"သွားကြမယ်"

နှစ်ယောက်လုံးက အမှောင်ထုထဲရှိလမ်းကြားထဲသို့အမြန်လျှောက်သွားကြပြီး မကြာမီ သူတို့၏ပုံရိပ်များပျောက်သွားကြသည်။ အပြင်ဘက်ရှိလမ်းလေးသည် မီးများဖြင့်လင်းထိန်နေဆဲဖြစ်ပြီးလူတိုင်းခြေချင်းထပ်သွားလာနေကြသော်ငြား ရုတ်တရက်ပျောက်သွားသည့်လူနှစ်ယောက်ကိုမည်သူမှသတိမထားမိကြပေ။

သိုလှောင်ရုံထဲတွင်.....ရုပ်သေးသခင်သည် ခပ်မြင့်မြင့်စာအုပ်ပုံပေါ်တွင်ထိုင်နေသည်၊ အောင်ပွဲခံသည့်အနေအဖြင့် ခြေထောက်များကိုလွှဲယမ်းနေသေးသည်။ သူ၏ခြေထောက်အောက်တွင် ခက်ထန်သောအဆင့်တစ္ဆေ သည် ရုပ်လုံးမပေါ်အောင်နှိပ်စက်ခံထားရသည်။ ကြမ်းပြင်သည် မသတီစရာသွေးနံ့များဖြင့်ချောကျိနေပြီး လောလောလတ်လတ် အရိုးစများက မြုပ်ချည်ပေါ်ချည်နှင့်ပင်။ ၎င်းမြင်ကွင်းကအတော်အတန်ထိတ်လန့်ဖွယ်ကောင်းသည်။

"ဘယ်လိုလဲ၊ ငါအရမ်းကျွမ်းတယ်မလား"

ရုပ်သေးအရှင်ကစတင်ပြီးကြွားလုံးထုတ်သည်။

"မင်းတို့ရဲ့ပင်ကိုယ်နည်းလမ်းကို ငါကပိုကောင်းအောင်လုပ်ပေးလိုက်တာ"

ယဲ့ကျားကသူ၏ညှင်းပန်းရေးနည်းလမ်းများကို နားထောင်ရန်စိတ်မဝင်စားပေ။ သူရလဒ်ကိုသာစိတ်ဝင်စားသည်။

"ဘယ်မှာလဲ"

ရုပ်သေးအရှင်ကနှုတ်ခမ်းကိုမဲ့ပြီး "မင်းကပျင်းစရာကြီး"

သူကခုန်ဆင်းပြီး သေမလောက်နှိပ်စက်ခံထားရသော ခက်ထန်သည့်အဆင့်တစ္ဆေအပေါ်တွင်ရပ်လိုက်သည်။ ထိုသူ တုန်ယင်သွားရပြီး နာကျင်လွန်း၍ လည်ချောင်းအောက်ခြေမှအော်လိုက်သည်။ ရုပ်သေးအရှင်သည် မျက်နှာတစ်ချက်မပြောင်းဘဲ ၎င်းပေါ်မှခုန်ဆင်းပြီး ယဲ့ကျားကိုမှတ်စုစာရွက်လေးပေးလိုက်သည်။

"ဆုအနေနဲ့...."

သူ၏အနောက်မှခက်ထန်သောအဆင့်တစ္ဆေကိုလက်ညိုးထိုးပြသည်။

"အဲဒီကောင်ကိုငါ့ကိုပေး"

ယဲ့ကျားက သည်လူ၏ဝါသနာကိုသတိထားမိသည်။ သူက၎င်းကိုရုပ်သေးလုပ်ချင်နေရုံသာ။ သူခေါင်းညိတ်ပြလိုက်သည်၊ "သေဘာပဲ..."

ပြောပြီးသည်နှင့်ယဲ့ကျားသည် ခပ်မြန်မြန်ပင် သိုလှောင်ရုံတွင်းမှထွက်လာခဲ့သည်။ ရုပ်သေးအရှင်က သူ၏ထွက်သွားသောပုံရိပ်ကိုကြည့်ပြီးနှုတ်ခမ်းမဲ့သည်။

"ပျင်းစရာပဲ"

ထို့နောက်သူသည် ကလေးကလားမျက်နှာဖြင့် ခက်ထန်သောအဆင့်တစ္ဆေဘက်သို့ပြုံးပြုံးလေးလှည့်လာပြီး ပြောလိုက်သည်

"ဒါပေါ့၊ မင်းကတော့ထူးခြားတာပေါ့၊ ငါ့ရဲ့ကလေးလေး..."

ကမ်းခြေတွင်....

ကုန်တင်သင်္ဘော ကြီးတစ်စင်းသည် ကမ်းခြေတွင်ကျောက်ချထားပြီး အလုပ်သမားများကကွန်တိန်နာကြီး၏အလယ်ရှိ ကုန်စည်များအပေါ်တွင်ရှိနေသည်။ အော်ဟစ်သံများက ညဥ့်ယံတွင်ပဲ့တင်ညံနေပြီး အဝေးမှလာသော၎င်းတို့၏အသံများမှာထူးဆန်းနေသည်။ ကုန်တင်သင်္ဘော ကြီး၏ဝမ်းဗိုက်ထဲတွင် ကစားသမားနှစ်ယောက်ကပျင်းပျင်းနှင့်ကတ်ကစားနေကြ၏။ ၎င်းတို့၏အနောက်၌မူ ကုန်စည်များရှိနေသည်။၎င်းတို့၏ခေါင်းပေါ်မှအလင်းရောင်သည် အပြင်ဘက်မှလှုပ်ရှားမှုများနှင့်အတူ လှုပ်ယမ်းနေပြီး မီးရောင်သည်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသည်။

"ငါတို့ဒီမှာဘယ်လောက်အထိကြာအောင်နေရမှာလဲ"

တဖက်ကစားသမားက ခြောက်ကတ်နှစ်ကတ်ကိုပစ်ချပြီး ပျင်းရိပျင်းတွဲဖြင့်မေးစေ့ကိုထောက်ထားသည်။


"အဲဒါကြီးမရောက်လာမချင်း.... အဲဒါကိုအစောင့်မပါဘဲပို့ပေးမယ်လို့ထင်လား"

King ကတ်နှစ်ကတ်။

"သင်္ဘောပေါ်မှာ သရဲနဲ့မကောင်းဆိုးဝါးတွေအများကြီးရှိနေတာ၊ သူတို့ဘာလို့ငါတို့ကိုရွေးတာလဲ"

ပထမကစားသမားက ရှင်းပြမလိုပါးစပ်ဖွင့်သည်။

"မရှင်းပြနဲ့"

တဖက်ကစားသမား: "ငါတို့ကျောက်ဆူးကိုဖယ်လိုက်တာနဲ့ သဘောၤကချက်ချင်းမျောသွားလိမ့်မယ်"

ထိုသူက Ace ကတ်နှစ်ကတ်ကိုပစ်ထုတ်လိုက်သည်။

တဖက်လူကတိတ်ဆိတ်နေသည်။

ကစားသမားသည် ၎င်းလက်ထဲမှကျန်နေသောကတ်ကိုကြည့်ပြီးပြုံးသည်။

"မကျန်တော့ဘူးလား၊ မချတော့ရင် ငါ...."

ပြောပြီးသည်နှင့် သူပြန်တွေးကြည့်လိုက်သည်။ သူ၏အရှေ့တွင်လူတစ်ယောက်မှရှိမနေပေ။ မည်သည့်အချိန်တွင်ဖြစ်ပျက်သွားခဲ့လဲ မည်သူမှမသိကြပေ၊ သို့သော် သူ၏အရှေ့တွင်ထိုင်နေခဲ့သူကအစောကြီးတည်းကပျောက်သွားခဲ့ပြီ။

ကစားသူသည် တဒင်္ဂခန့်ကြက်သေသေနေသည်။

သူသည်မသိစိတ်အရ လက်နက်အားဆွဲထုတ်ချင်သွားသည်။

နောက်တစ်စက္ကန့်တွင် သူ၏ခေါင်းပေါ်မှမီးကအပြင်းအထန်လှုပ်ယမ်းသွားပြီး သန်မာသည့်အားတစ်ခုကသူ့အားကြမ်းပြင်ပေါ် တွင်ဖိထားသည်။ သူ၏လက်ထဲမှလက်နက်က ဂလောက် ဟူသောအသံဖြင့်ပြုတ်ကျကာ မကြာမီအမှောင်ထဲတွင်ပျောက်သွားသည်။

အေးစက်သောလက်ချောင်းများက သူ၏လည်ပင်းကိုသံပြုတ်တူတစ်ချောင်းကဲ့သို့ညှစ်ထားပြီး ဒူးခေါင်းကသူ့အားရင်ဘတ်နှင့်ကြမ်းပြင်ကပ်နေစေရန်ဖိထားသည်။ နံရိုးများကျိုးသွားသောအသံထွက်လာသည်။

ကစားသမား၏မျက်လုံးများက အဆုတ်ထဲမှလေများကုန်ခမ်းသွားသလို ပတ်ချာလည်နေသည်။ သွေးများက အမြုပ်တစီစီဖြင့်သူ၏နှုတ်ခမ်းထောင့်မှစီးကျလာသည်။ သူ၏မှုန်ဝါးဝါးအမြင်အာရုံတွင် ခေါင်းပေါ်မှမီးလုံးသည်အရှိန်ပြင်းပြင်းဖြင့်ယမ်းနေပြီးလောင်ကျွမ်းနေသည်ကိုသာထင်ယောင်ထင်မှားမြင်လိုက်ရသည်။

သူသည် သူ့အားမြေကြီးတွင်ထမရအောင်ဖိထားသူကိုမြင်နိုင်ရန်ခက်ခဲနေပြီး ပိုးမွှားအလှပြပိတ်ကားပေါ်တွင်တွဲချိတ်ခံထားရသယောင်ပင်။

"ဘယ်နေရာလဲ"

ထိုသူ၏အသံက နှစ်ရာချီကြာလျှင်ပင် အရည်မပျော်နိုင်သည့်အတိုင်းအေးစက်လွန်းလှသည်။ လူသားတစ်ယောက်၏ခံစားချက် စိုးစဉ်းမျှမရှိ။ ကစားသမားကရုန်းကန်ပြီး ပြန်တိုက်ခိုက်ရန်ကြိုးစားသည်။ ထိုသူကသူ့အပေါ်ဖိထားသည့်အားကိုနည်းနည်းချင်းတိုးလိုက်သည်။ သူ၏ကျိုးထားသောနံရိုးက အဆုတ်ကိုထောက်မိပြီး သေလောက်အောင်နာကျင်စေသည်။

"မင်းကအပြင်ကခက်ထန်တဲ့အဆင့်တစ္ဆေတွေကို ဒီနေရာမှာဖြစ်နေတာတွေသိအောင်စောင့်နေတာလား"

ကစားသမားသည် လည်ပင်းအားလိမ်ညှစ်ခံထားရ၍စကားမပြောနိုင်ပေ၊ သို့သော် စိတ်ထဲတွင်ထိုမေးခွန်းကြောင့် အနည်းငယ်အံ့အားသင့်သွားရသည်။

မှန်သည်။ သူထိုအတိုင်းတွေးနေခဲ့သည်။

ထိုသူသည် သိမ်မွေ့စွာဖြင့်ခိုးခိုးခစ်ခစ်ရယ်လိုက်သည် ထိုအသံကသင်္ဘော ခန်းထဲတွင်ပျံ့နေ၍ ခေါင်းမွှေးများထောင်ချင်စဖွယ်ပင်။

"မပူပါနဲ့၊ သူတို့ဘာမှမကြားရတာမဟုတ်ပါဘူး"

ဘာ! ကစားသမားကထိတ်လန့်သွားသည်။

ဘာအဓိပ္ပါယ်လဲ?

ဘာမှမကြားရဘူးဆိုတာဘာသဘောလဲ?

ထိုအတွေးကသူ၏စိတ်ကိုပျာယာခတ်စေပြီး စီးဆင်းနေသောသူ၏သွေးများအေးခဲသွားသည်။

ကျိုးကြေထားသောနံရိုးများက သူ၏နူးညံ့သောကိုယ်တွင်းအဂါၤအပေါ်ဖိမိပြီး သူ၏ကိုယ်ထဲမှသွေးများကထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းအောင် ဆုံးရံှုးသွားသည်။ အဆောတလျင်နိုင်မှူနှင့် ကြောက်ရွံ့မှုများကအရိုးများ၏အောက်ခြေမှလှိုင်းထလာသည်။

"ဘယ်မှာလဲ"

လူငယ်လေးက ကိုယ်ကိုငုံ့ကိုင်းပြီးမေးလာသည်။ သူ၏အသံကညင်သာလွန်းသည်။ ကစားသူ၏အမြင်အာရုံကမှောင်အတိကျသွားသည်။နာကျင်မှုအောက်တွင် သူ၏တဆတ်ဆတ်တုန်ခါနေသောလက်များကိုအပေါ်ကိုထိုးပြပြီး ခက်ခက်ခဲခဲပြောလာသည်။

"တတိယထပ်...အမှတ် ၇၊ ၆၊ ၄၈...."

ယဲ့ကျားကဖြည်းဖြည်းချင်းမတ်တပ်ရပ်ပြီး ထိုသူလက်ညိုးထိုးပြသည့်နေရာထံသွားလိုက်သည်။ ပစ္စည်းအမှတ် ၇၆၄၈။ သေးငယ်ပြီးသတိထားမိရန်ခက်သည့် မီးခိုးရောင်သေတ္တာလေးက ဖုန်တထောင်းထောင်းဖြင့်စင်ပေါ်တွင်ရှိနေသည်၊ ယဲ့ကျားကိုင်ကြည့်လိုက်သည်တွင် ၎က ခိုးခံရခြင်းမှကာကွယ်နိုင်ရန် လုံခြုံရေးစည်းအထပ်ထပ်ချထားမှန်းသိနိုင်သည်။ တစုံတစ်ယောက်ကသာ ကုန်ပစ္စည်းအပြည့်ဖြင့် သင်္ဘော ခန်းတစ်ခန်းလုံးကိုသန့်ရှင်းရေးလုပ်လျှင် ကောက်ရိုးပုံထဲအပ်ရှာရသည့်အတိုင်းဖြစ်လိမ့်မည်။

ယဲ့ကျားက ၎င်းကိုသည်နေရာမှာပင်ဖွင့်လိုက်ရန် အစီအစဉ်မရှိချေ။ ပထမဆုံးအချက်က ဤနေရာတွင်ခြေရာခံစက်များတပ်ထားနိုင်သည်၊ဒုတိယအချက်မှာ အချိန်ပုပ်လိမ့်မည်။ ခက်ထန်သောအဆင့်တစေၦများအကူအနေဖြင့်ရောက်လာခဲ့ပါက လွတ်လမ်းရရန်ပိုခက်သွားလိမ့်မည်။

သူက ကစားသမားလဲကျနေသည့်နေရာသို့သွားကာ တိုးသဲ့သဲ့ရယ်ကာပြောလိုက်၏။

"ကျေးဇူးပါပဲ"

နောက်တစ်စက္ကန့်တွင် အေးစက်စက်အလင်းရောင်က သင်္ဘော အခန်းတစ်ခန်းလုံးကိုဖြာကျလာသည်၊ အမှောင်ထုက ထင်ယောင်ထင်မှားမှုတစ်ခုနှယ်။

နူးညံ့ပြီးတွန့်လိမ်နေသောခြေချောင်းများက လှုပ်ရှားမှုရပ်သွားသည်။အနီရင့်ရင့်သွေးရောင်များက ရေသေကန်တစ်ကန်နှယ်တဖြည်းဖြည်းပျံ့သွားပြီး ခေါင်းပေါ်မှအလင်းရောင်သည်သွေးနီကန်ထဲတွင်ရောင်ပြန်ဟပ်နေသည်။ ၎င်းက အေးစက်သောကြမ်းပြင်ကို နီမြန်းစေပြီး ပြည်ကြီးငါး၏လက်ချောင်းများနှယ် ပြန့်ကျဲနေသောကတ်များအပေါ်စွန်းထင်းသွားသည်၊ မျက်စိကျိန်းလောက်ဖွယ်အလင်းရောင်အောက်မှ အဖြူရောင်ကတ်၏ထောင့်သည်နီရဲနေသည်။

သည်အနီနှင့်အဖြူရောထွေးနေသည့်ကြားတွင် ထင်ရှားနေ၏။ ၎င်းသည် အေ့စ်ပင်။

ယဲ့ကျားသည် သူ့အရှေ့မှဖုန်များကပ်နေသည့်မီးခိုးရောင်သေတ္တာကိုစစ်ဆေးကြည့်သည်။ အလင်းရောင်ကသူ၏လက်ချောင်းထိပ်ဖျားများ၌တောက်ပနေ၏။

နောက်ထပ်စက္ကန့်အနည်းငယ်အကြာ ဓားတစ်ချောင်းသည် တိုင်ကို ချွင်ကနဲတိုက်မိပြီး မှောင်မိုက်သောညတွင် အလင်းစက်လေးက လင်းလက်နေသည်။ ယဲ့ကျားသည် လက်ချောင်းဖြင့်အောက်သို့ဖိချသည်၊ ဓားသွားသည် နှင်းစက်များနှင့်အလားတူသော၎င်း၏ပယင်းရောင်မျက်လုံး၏အောက်ခြေတွင် ပုံရိပ်ထင်နေသည်။ ထိုအသံ၏အနောက်မှ ကတ္တရာစေးသဖွယ်မည်းနက်သော အင်းဆက်များက စူးရှသောအသံများဖြင့် မီးခိုးရောင်သေတ္တာ၏နှုတ်ခမ်းပေါ်မှပြုတ်ကျလာသည်၊ မီးခိုးရောင်အခိုးအငွေ့များအဖြစ် လေထုထဲတွင်တမဟုတ်ချင်းပျောက်သွားကြ၏။

ထောက်တိုင်က သေတ္တာမပျောက်စေရန် ကာကွယ်ထားခြင်းဖြစ်၏။ယဲ့ကျား မီးခိုးများကိုလက်ဖြင့်ယမ်းထုတ်ကာ သူနှင့်မဝေးလှသောနေရာကို စိုက်ကြည့်လိုက်သည်။ မီးခိုးရောင်သေတ္တာလေးသည် ကြမ်းပြင်ပေါ်တွင်အန္တရာယ်မရှိသလိုကျနေသည်။