အပိုင်း ၁၀၄
Viewers 10k


Chapter 104



ယဲ့ကျားက လေကိုဖြည်းဖြည်းချင်းရှူထုတ်လိုက်သည်။ ခြေလှမ်းအနည်းငယ်အကွာတွင်ရပ်နေလျက် အဖုံးကိုတံစဉ်ထိပ်ညင်သာစွာ မ လိုက်သည်။ သူ အသက်ကိုပင်ရဲရဲမရှူနိုင်ဘဲ သတိအပြည့်ရှိနေ၏။

'ဖောက်' ဆိုသောအသံဖြင့် အဖုံးပွင့်သွားသည်။ ၎င်းကို မ လိုက်သည်နှင့် ပျစ်နှစ်စေးကပ်သောသွေးများက မရပ်မနားထွက်လာပြီး ကြမ်းပြင်ပေါ်တွင် စီးဆင်းသွားသည်။

ယဲ့ကျားသည် သူ၏တံစဉ်ကိုတင်းကျပ်နေအောင်ဆုပ်ကိုင်ထားပြီး ဖြည်းဖြည်းချင်းအနောက်ဆုတ်သည်၊ သူ၏မျက်လုံးများက သွေးများအဆက်မပြတ်စိမ့်ကျနေဆဲ သေတ္တာပေါ်တွင်သာရှိနေသည်....သေတ္တာကမကြီးသည့်တိုင် သွေးများကမရပ်မနားစီးကျနေမည့်ပုံပေါ်၏။သွေးများကမည်းညစ်ပြီး မှုန်ပြပြလရောင်အောက်တွင် ထူးဆန်းသောအရောင်စိုမှုကအလင်းပြန်ဟပ်နေသည်။ ၎င်းကသာအသက်ရှိမည်ဆိုလျှင် ထိကိုင်၍ရသမျှအရာတိုင်းကိုဝါးမြိုပစ်မည့်ဟန်ရှိသည်။

သိပ်မကြာလိုက်ခင် ၎င်းကရပ်တန့်သွားသည်။

ကြမ်းပြင်ပေါ်ရှိသွေးအိုင်သည် ပြစ်ချက်မရှိဝိုင်းစက်နေပြီး သေတ္တာကိုဝန်းပတ်ထားသည်။ ထိုအခိုက် တိုးလျသောယောကျ်ားအသံတစ်သံကသူ၏အနောက်မှပေါ်လာသည်။

"သွားမကိုင်နဲ့"

ယဲ့ကျားကအနောက်လှည့်ကြည့်လိုက်ရာ ကျီရွှမ်ကအမှောင်ထုအတွင်းမှဖြည်းဖြည်းချင်းပေါ်လာသည်။ ၎င်းကမူလပုံစံသို့ပြန်ရောက်နေသည်၊ အရပ်ရှည်ပြီးဖြောင့်တန်းသောကိုယ်က လေးနက်တင်းမာနေ၏။အနီရောင်မျက်လုံးတစ်စုံက သွေးနှင့်အလားတူစွာရောင်ပြန်ထင်ဟပ်နေသည်။

"အမေ့ ရဲ့အစိတ်အပိုင်းတစ်ခုကဒီမှာရှိနေတာပဲ"

ယဲ့ကျားသည် အမှောင်ထဲတွင်အလင်းပြန်နေသော သူ၏တံစဉ်ကို မျက်လုံးများကိုမှေးကျဉ်းလျက်ကြည့်မိသည်။

"ငါသွားကိုင်လိုက်ရင် Vision လိုဖြစ်သွားမှာလား"

ကျီရွှမ်က သူ့ကိုမမှိတ်မသုန်ကြည့်နေသည်။ သူသည် ယဲ့ကျားက M မြို့တော်တွင်သူ့အားပြန်တိုက်ခိုက်ခဲ့သော ခက်ထန်သောအဆင့်တစ္ဆေကို သိနေသည့်အတွက် အံ့ဩနေပုံမရပေ။

"မဖြစ်ပါဘူး"

ယဲ့ကျားက မျက်ခုံးပင့်ပြကာ သူ့အားပြန်ကြည့်လိုက်သည်။

"ဘာလို့လဲ"

ကျီရွှမ်က အကြည့်လွှဲလိုက်သည်၊ ၎င်းက ကြမ်းပေါ်မှသွေးစက်များကိုကြည့်နေပြီး "ပြင်းအားကွာတယ်...."

"ဒါဆို ဒီပြင်းအား level ကဘာဖြစ်နိုင်လဲ"

ကျီရွှမ်ကလက်ချောင်းများကို ကွေးလိုက်ရာ ကြမ်းပြင်ပေါ်မှကျောက်တုံးနှစ်တုံးက ကြွတက်လာသည်။ ကျောက်တုံးအကြီးနှင့်အသေးက သွေးအိုင်ရှိရာသို့တန်းတန်းမတ်မတ်ပျံသွားပြီး ၎င်းအနားရောက်သည်နှင့် မည်းနက်တောက်ပြောင်သောသွေးများက သားရဲတစ်ကောင်နှယ်ကျောက်တုံးနှစ်တုံးကိုဝါးမြိုပစ်လိုက်သည်။

ကျောက်တုံးအကြီးကို သွေးကဝါးမြိုပစ်ပြီးနောက် ပုံမှန်ထက်ကြမ်းတမ်းစွာကြိတ်ဝါးနေပြီး လေထုထဲတွင်အမှုန်များအဖြစ်ပျံ့ကျဲသွား၏။

တမဟုတ်ချင်း မည်းနက်ပြောင်လက်သောသွေးများက အောက်ဘက်သို့ပြန်ကျသွားပြီး ၎င်း၏အပေါ်သံမျက်နှာပြင်ကငြိမ်သက်သွား၏။

"ပြိုင်ဘက်ကသန်မာလေ သူတို့ကသန်မာလေပဲ"

ခက်မည့်ပုံပင်။ သူကျီရွှမ်ကိုလှည့်ကြည့်လိုက်ပြီး "သူ့မှာကန့်သတ်ချက်ရှိလား"

ကျီရွှမ်သည် ယဲ့ကျားဆိုလိုချင်သည်ကိုနားလည်သည်။ သူပြုံးလိုက်ပြီး

"ဒါပေါ့၊ အရာအားလုံးမှာ ကန့်သတ်ချက်ဆိုတာရှိတာပဲ"

......

F မြို့မှကော်ဖီဆိုင်တွင်။

ချန်းချင်းယဲ့နှင့်ဝေ့ယွဲ့ချုးသည် ကောင်တာနှင့်ခပ်လှမ်းလှမ်းတွင်ထိုင်နေပြီး ကော်ဖီသုံးခွက်ကိုဖြည်းဖြည်းချင်းသည်းခံသောက်နေသော ဘလပ်စ်ကဲ့သို့ ပြတင်းပေါက်အနားတွင် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ သူ၏လက်ထဲမှကော်ဖီခွက်က ယိမ်းထိုးနေပြီးဖိတ်ကျတော့မယောင်။ ချန်းချင်းယဲ့က ချက်ချင်းသူ၏လက်ထဲမှကော်ဖီခွက်ကို လှမ်းယူပြီးစားပွဲပေါ်တင်ထားလိုက်သည်။ သူသည် မျက်မှန်ကိုပင့်တင်ပြီး မျက်မှောင်ကျုံ့ကာ "မင်းမှာအကူအညီလိုနေရင်ပြောလို့ရတယ်"

ဘလက်စ်က မှုန်ကုပ်ကုပ်ဖြင့် "ဟမ်?"

သူ၏အမူအရာက သူ၏ဆံပင်အရောင်အတိုင်းတင်စီးလွန်းနေသည်။

"မင်းတို့ကငါ့ကိုလျှော့တွက်ထားကြတာလား၊ ငါမင်းတို့ကိုအဲဒါယူလာပေးပြီးရင်ပြီးပြီမဟုတ်ဘူးလား"

ဝေ့ရွှယ်ချုးသည် သူမ၏ကော်ဖီကိုမွှေနေပြီး "အမှန်ပဲလေ"


သူမက ဘလပ်စ်ကိုအမိန့်ပေးနိုင်မည့် နည်းလမ်းကိုရှာတွေ့ထားသည်။ ထိုသူ၏ယှဉ်ပြိုင်လိုစိတ်ပြင်းပြမှုကိုစိန်ခေါ်သရွေ့ ထိုသူအလုပ်အားလုံးလုပ်သွားနိုင်အောင်ဖန်တီးနိုင်သည်။

နောက်တစ်ယောက်ကတော့....ဝေ့ရွှယ်ချုးက ချန်းချင်းယဲ့အားမျက်လုံးပင့်ကြည့်လိုက်သည်။ ဝေ့ရွှယ်ချုးက အိတ်ကပ်ထဲမှတစ်သျူးကိုထုတ်ကာ တစ်ခုကိုဘလပ်စ်ထံပေးပြီး ကျန်တစ်ခုဖြင့်စားပွဲပေါ်မှ ကော်ဖီအစက်များအားပွတ်သုတ်ပြီးနောက် ပြန်ထိုင်လိုက်သည်။ သူမသည် အသန့်ကြိုက်ပြီး တဗျစ်ဗျစ်တောက်တောက်ပြောတတ်သောအမယ်အိုကြီးလိုပင်။

ဝေ့ရွှယ်ချူးက သူမအကြည့်များကိုပြန်ရုတ်သိမ်းလိုက်ပြီး ကော်ဖီနှစ်ငုံကိုစုပ်သောက်လိုက်သည်။ သူမ၏လုပ်ဖော်ကိုင်ဖက်နှစ်ယောက်အပေါ် ထူးခြားသောခံစားချက်မျိုးမရှိစေကာမူ အတူတကွရှိလာကြပြီးသည့်နောက်ပိုင်း စတွေ့စဉ်ကထက် ကို့ရို့ကားယားနိုင်သောခံစားချက်မျိုးမရှိတော့ပေ။ ယနေ့ အလုပ်အကြာကြီးလုပ်ပြီးကြသည့်အခါ သူတို့သုံးယောက်စုပြီးစကားစမြည်ပြောရန် အကြံပေးခဲ့သည်။ ကျန်နှစ်ယောက်က အခြားအစီအစဉ်များလည်းမရှိကြသောကြောင့် ချက်ချင်းလက်ခံလိုက်ကြ၏။

ပုံမှန်အရ သူတို့ဘားသွားတွေ့တတ်ကြသော်ငြား အစစ်အမှန်ကမ်ဘာတွင် ဝေ့ရွှယ်ချုးရော ဘလပ်စ်ပါ ၂၂အရွယ်မရောက်ကြသေးသောကြောင့် ကော်ဖီဆိုင်တွင်ထိုင်ကြသည်က အကောင်းဆုံးအကြံပင်...ညဘက်တွင်ကော်ဖီသောက်ကြသည်။ အခြားသူများက သူတို့အားစိတ်လွတ်နေပြီဟုထင်ကြလောက်မည်။

ဝေ့ရွှယ်ချုးက သက်ပြင်းဖွဖွချကာ "အခုငါတို့တွေ F မြို့မှာနေစရာမလိုတော့ဘူးမဟုတ်လား"

သူမကထိုမေးခွန်းဖြင့် တိတ်ဆိတ်မှုကိုဖျောက်ဖျက်လိုက်သည်။ ချန်းချင်းယွဲ့ကခေါင်းညိတ်သည်။

"ဟုတ်တယ်"

ဤတစ်ခေါက်တွင် DM ကုမ္ပဏီကပိတ်သိမ်းခံလိုက်ရပြီး အိပ်မက်ဖန်တီးသူလက်အောက်တွင်အလုပ်လုပ်နေရသည့်တစ္ဆေများက ဖမ်းဆီးခံရသည်။ ပျောက်ဆုံးသွားသော သက်ရှိများနှင့်ခွဲခွာခြင်းကမှ အကောင်းဆုံးဖြေရှင်းနည်းဖြစ်လိမ့်မည်။

"ငါတို့အဆင်ပြေမှာပါ၊ ဒါပေမဲ့....."

ဘလပ်စ်ကကော်ဖီတစ်ငုံသောက်ပြီး စိတ်ကြီးဝင်နေသောလေသံဖြင့်ဆို၏။

"မင်းတို့တွေ ဌာနကအထက်လူကြီးတွေရဲ့စားပွဲပေါ်က ဖိုင်တွေအပုံလိုက်ကြီးကိုတွေ့ကြလား၊ စိတ်ဆင်းရဲစရာကြီး..ဟား...ဟား..."

ချန်းချင်းယွဲ့က သူ့အားမျက်နှာသေဖြင့်ကြည့်လိုက်သည်။

"ဘာလဲ၊ ရန်ဖြစ်ချင်လို့လား"

"ဟမ့်!"

ဝေ့ရွှယ်ချုးကအေးအေးလူလူပင် စကားဝင်ထောက်သည်။

"မင်းကအားချန်ကိုတောင်မကြောက်တော့ဘူးပေါ့..."

ဘလပ်စ်: "....."

အအေးဓာတ်ဖြင့်ထိတွေ့သွားသော ခရမ်းသီးနှယ် သူချက်ချင်းရံှု့တွသွားသည်။ လေထုက ခဏတာခန့်တိတ်ဆိတ်နေသည်။ သုံးယောက်သား ဟိုကြည့်သည်ကြည့်ဖြင့်ကော်ဖီသောက်နေကြသည်။ သူတို့၏စိတ်ထဲတွင်တူညီသောမေးခွန်းတစ်ခုသာရှိနေသည်။

အေ့စ် ကဘယ်ကိုသွားတာလဲ..

မနေ့က သူတို့နှင့်လမ်းခွဲခဲ့ကြပြီးသည့်နောက် တစ်ဖက်လူက ပင်လယ်ထဲဒိုင်ပင်ထိုးဆင်းတော့မည့် ရွှံ့လူးနေသောနွားထီးတစ်ကောင်လိုဖြစ်နေပြီး မည်သည့်သတင်းမှမကြားရတော့ချေ၊ သုံးယောက်သည်ကိုယ်စီသဘောတူညီထားချက်ကြောင့်ဖြစ်မည်၊ မည်သူကမှ Ace နှင့် ၎င်းနှင့်အတူပျောက်သွားသောယဲ့ကျားအကြောင်းကို အစမဖော်ကြပေ။ သုံးယောက်လုံး၏အတွေးထဲတွင် မေးခွန်းများပြည့်နေသည်။ သူတို့ကိုယ်သူတို့မေ့နေကြသော်ငြား အခြားသူနှစ်ယောက်က အဘယ်ကြောင့်ကိစ္စကြီးမဟုတ်သလိုဟန်ဆောင်နေကြသနည်း ဟုတွေးနေမိကြလေသည်

ရုတ်တရက် WeChat က noti ပေးသံသည် ဆိတ်ငြိမ်နေသောလေထုကိုဖျက်ဆီးလိုက်သည်။ သုံးယောက်လုံးသည် တစ်ချိန်တည်းမှာပင်ကိုယ်စီဖုန်းထုတ်လိုက်ကြသည်။ စာပို့လာသူကိုတွေ့လိုက်ကြချိန်မှာ မျက်နှာများအေးခဲသွားသည်။ ချန်းချင်းယဲ့ကဖုန်းကိုချက်ချင်းသိမ်းပြီးဖြည်းဖြည်းချင်းထရပ်သည်။

"ဆောရီး...ငါ..."

ဝေ့ရွှယ်ချုးအသံကလည်း တပြိုင်တည်းပေါ်လာသည်။

"ငါရုတ်တရက်ကြီးသတိရလာတာရှိလို့..."

"ငါ...."

ဘလပ်စ်၏အသံကပါ အနောက်ကလိုက်လာသည်။

ချန်းချင်းယဲ့က ခေါင်းမော့ကြည့်မိပြီးကျန်နှစ်ယောက်ကလည်းသူ့နည်းတူဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

သုံးယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လှုပ်ရှားနေမှုများကလည်းတန့်သွားသည်။

နေပါဦး....ဒါကဘာကြီးလဲဟ....

ခွတီးခွကျနိုင်သောအတွေးများက သုံးယောက်လုံး၏စိတ်ထဲတွင်တပြိုင်တည်းပေါ်လာသည်။ ဝေ့ရွှယ်ချုးက မျက်လုံးမှေးပြီးချန်းချင်းယဲ့ကိုကြည့်သည်။

"နင်နောက်တစ်နေရာကိုဘယ်သွားမှာလဲ...."

ချန်းချင်းယဲ့၏မျက်လုံးများက မှန်ဘီလူး(မျက်မှန်)ကိုဖြတ်ပြီးဝေ့ရွှယ်ချုးထံရောက်လာသည်၊ နှစ်ဦးနှစ်ဖက်၏အကြည့်များက လေထုအလယ်တွင်ဆုံတွေ့သွားသည်။

"ပြောပြလို့မရဘူး"

ချန်းချင်းယဲ့ကလည်း မျက်လုံးများကိုကျဉ်းမြောင်းလိုက်ကာ "မင်းကရော? ဘယ္သြားမွာလဲ?"

"ငါလည်းပြောပြလို့မရဘူး"

နှစ်ဦးလုံးကအပြန်အလှန်စိုက်ကြည့်နေသည်။

"ဒါနဲ့...."

ချန်းချင်းယဲ့သည် သူနှင့်မျက်နှာချင်းဆိုင်မှ အမျိုးသမီးကိုမျက်တောင်မခတ်ဘဲကြည့်နေရင်း မေးခွန်းထုတ်သည်။

"မင်းအဖွဲ့ကလူတွေကို သူတို့အကြောင်းမေးလေ့မရှိပါဘူး"

ဝေ့ရွှယ်ချုးကလည်းပြန်ပက်သည်။

"ရှင်လည်းအတူတူပဲလေ"

ရုတ်တရက်ကြီး သူတို့သဘောပေါက်သွားသည်။

သူတို့အမူအရာများက တည်ငြိမ်လာပြီး မျက်လုံးများကတဖြည်းဖြည်းပြူးထွက်လာသည်။

"မင်း..."

"ရှင်..."

ဘလပ်စ်သည် သူ့အရှေ့မှလူနှစ်ယောက်ကိုစိုက်ကြည့်နေပြီး မျက်ခုံးများကိုနှိပ်နေသည်။

"မင်းတို့နှစ်ယောက်က ဘာတွေဉာဏ်စမ်းမေးခွန်းမေးနေတာလဲ"

ဝေ့ရွှယ်ချုးက ဘလပ်စ်လက်ထဲမှဖုန်းကိုဆတ်ကနဲယူသွားသည်။ ဘလပ်စ်ကကြက်သေသေနေပြီး " ဟေ့...ဘာလုပ်တာလဲ"

ချန်းချင်းယဲ့ကပြန်မဖြေ။ သူ၏အိတ်ကပ်ထဲမှဖုန်းကိုထုတ် ဖွင့်ပြီးနောက်စားပွဲပေါ်တင်လိုက်သည်။

ဝေ့ရွှယ်ချုးသည်လည်း သူ၏ဖုန်းကိုဘေးချင်းကပ်ထားလိုက်သည်။ ဖုန်းသုံးလုံးပေါ်မှ မက်ဆေ့ချ်သုံးခုလုံးမှာလူတစ်ယောက်ထံမှလာသည်မှာအတိအကျပင်။ သူတို့အားလုံး ပရိုဖိုင်ပုံကိုကြည့်ပြီးအသံတိတ်နေကြသည်။

ဖာ့ခ်

ဘလပ်စ်က အရင်ဆုံးအသိပြန်ဝင်လာပုံရ၏။ သူ၏မျက်လုံးများက ရှော့ခ်ရမှုကြောင့်ပြူးကျယ်နေပြီး အရှေ့မှညီတူညီမျှ အမူအရာမဲ့နေသည့် လူနှစ်ယောက်ကိုလက်ညိုးထိုးသည်။

"မင်း...မင်း....မင်းတို့...."

ချန်းချင်းယွဲ့ကမျက်မှန်ကိုပင့်တင်သည်၊ အဖြူရောင်အလင်းက မှန်ဘီလူးကိုအလင်းပြန်သွားစေ၍ မျက်လုံးထဲမှကြည့်ပုံကြည်နည်းကိုဖုံးကွယ်ထားသည်။

"မင်းခန်မှန်းတာမှန်တယ်ထင်တယ်"

ဘလပ်စ်မှာမယုံကြည်နိုင်သေးသည့်အတိုင်း။

"မဖြစ်နိုင်တာ၊ သူပြောတော့ငါတစ်ယောက်တည်းသိထားတာတဲ့!"

ဝေ့ယွဲ့ချုးက နူးညံ့သောအပြုံးဖြင့်ဖြည်းဖြည်းချင်းပြောလာသည်။

"သူ ငါ့ကိုလည်း အဲဒီအတိုင်းပဲပြောခဲ့တာ...."

ချန်းချင်းယွဲ့ကမျကမှန်ကိုပင့်ပြီး "ငါ့ကိုရောပဲ"

ဖာ့ခ်.....

သူတို့အကုန်လုံးဂျင်းထည့်ခံလိုက်ရပြီ။

သူတို့အားလုံးသည် လူတစ်ယောက်တည်းထံမှအလိမ်အညာတစ်ခွန်းတည်းဖြင့် လှည့်စားခံလိုက်ရခြင်း။

ဘလပ်စ်မှာ စကားတစ်လုံးတည်းမပြောခင်အသက်ဝအောင်ရှူလိုက်သည်။

"Ace!"

ထိုစကားလုံးတစ်လုံးထဲတွင်ပင် အငြိုးတရားများပေါင်းထည့်ထားသည်၊ ဖြစ်နိုင်လျှင် တစ်ဖက်လူကိုမြိုချပစ်တော့မည့်အတိုင်း။

"မင်းတို့တွေအသင့်ပြင်ထားလိုက်ကြတော့၊ ဒီ Ace ဆိုတဲ့ကောင်ကသိက္ခာမရှိတဲ့ကောင်၊ ရိုက်သတ်ချင်စရာကောင်းတယ်၊ ပြီးတော့ မင်းတို့ကောင်တွေကလည်းငါ့ကိုမယုံကြဘူး!"

သူကဒေါသတကြီးတိုင်တောနေသည်။ ချန်းချင်းယဲ့ကတိုးတိုးလေးမေးသည်။

"ဒါဆို မင်းကဘယ်လောက်ကြာအောင်မပြောဘဲနေမလို့လဲ"

ဘလပ်စ်: "......"

သူ၏မျက်နှာတပြင်လုံးက နီမြန်းလာသည်။

"ငါထင်ခဲ့တာက မင်းတို့နှစ်ကောင်ကတုံးလွန်းလို့အကြာကြီးအရူးလုပ်ခံလာရတာ၊ ငါတစ်ယောက်ပဲသူ့ရဲ့မကောင်းတဲ့အကျင့်ကိုသိနေတယ်ဆိုပြီးတော့"

ဝေ့ရွှယ်ချု: "......."

အေး...ငါမှတ်ထားလိုက်ပြီ...

ဘလက်စ်သည် တဖန်ခေါင်းငုံ့သွားပြန်ပြီးသူ၏အရှေ့မှဖုန်းသုံးလုံးကိုကြည့်နေပြန်၏။ သူသည်တခဏမျှ မှင်သက်နေပြီးနောက် မက်ဆေ့ချ်များကိုအသေအချာဖတ်ကြည့်သည်။ သူ၏မျက်လုံးများက ဒေါသကြောင့်ဖျတ်ကနဲအရောင်လဲ့သွားသည်။

"ဒီသူတောင်းစားတော့! မက်ဆေ့ချ်ပို့ရင်လည်း group ဖွဲ့လိုက်ပါတော့လား"

စာလုံးတစ်လုံးတောင်မလွဲဘူး!

.........


"......"

ယဲ့ကျားက သူ၏အရှေ့မှလူသုံးယောက်ကိုကြည့်ကာ နောက်အနည်းငယ်ဆုတ်လိုက်သည်။ သူသည် အနေရခက်စွာဖြင့်ချောင်းဆိုးလိုက်ပြီး

"ငါရှင်းပြပါ့မယ်"

ယင်မီးတောက်သည် ဘလက်စ်၏လက်ဖဝါးပေါ်တွင်လောင်ကျွမ်းနေပြီး သူ၏မျက်ဝန်းအခြေအထိမီးလျံများအရိပ်ထင်နေသည်။ သူအော်လိုက်သည့်အခါ ၎င်း၏အနီရောင်ဆံပင်များက အပူဒဏ်ကြောင့်ဖျတ်ဖျတ်ခါနေသည်။

"အေ့စ်!"

ယဲ့ကျားကချက်ချင်းပင် သူ၏တိုက်ခိုက်မှုကိုရှောင်လိုက်သည်။ သူ ဘလပ်စ်၏လက်မောင်းကိုဖိချထားပြီး အားနာနေသလိုဆိုလိုက်သည်။

"ဆောရီးကွာ...ဒီတစ်ခါငါမှားသွားတာ"

"ခွေးသူတောင်းစား!"

ဘလပ်စ်၏မျက်လုံးထဲမှမီးလျံများက အရှိန်အဟုန်ပြင်းစွာဖြင့်တောက်နေပြီး လက်ဖဝါးပေါ်ရှိမီးကလက်မောင်းတလျှောက်ပျံ့သွားသည်။ယဲ့ကျားက ချက်ချင်းသူ့ကိုလွှတ်ပေးလိုက်ပြီး ဘေးဘက်သို့ခုန်ရှောင်ကာ ဘလပ်စ်၏နောက်ထပ်တိုက်ခိုက်မှုကိုရှောင်တိ်မ်းသည်။ သူ၏ခေါင်းပေါ်မှ ချိတ်ကောက်ကို ယင်စွမ်းအင်ဖြင့်မပြင်နိုင်တော့လေရာ လေကဖြတ်တိုက်သွားပြီး ၎င်းကသူ၏ပုခုံးပေါ်သို့ တွဲလောင်းကျလာသည်။

ငယ်ရွယ်ချောမောသောမျက်နှာလေးကပေါ်လာသည်။ သူ၏အရောင်ဖျော့သောဆံပင်များက လရောင်နှင့်အလားတူညီပြီး ပယင်းရောင်မျက်လုံးများက ဝင်းလက်နေသည်။ ထိုပုံစံသည် သူကကြမ်းတမ်းခက်ထန်မှုနှင့်အန္တရာယ်မရှိသလိုပင်။

"မင်းကိုဒီနေ့ဒီတံခါးဝကနေ မောင်းမထုတ်နိုင်သရွေ့ ငါ့နာမည်ကိုဖုံးထားလိုက်တော့မယ်...."

စကားပင်ဆုံးအောင်မပြောဘဲ သူ့အားထပ်မံတိုက်ခိုက်လာပြန်သည်။

"ဟေ့...ငါစကားဆုံးအောင်ပြောပါရစေအုံးဟ"

ယဲ့ကျားသည် ဘလပ်စ်၏တိုက်ခိုက်မှုကိုရှောင်ရန် ချန်းချင်းယဲ့အနောက်တွင်ဝင်ပုန်းလိုက်သည်။ ဘလပ်စ်က ချန်းချင်းယဲ့၏အင်းဆက်များကိုကြောက်ရ၍ သူ၏လှုပ်ရှားနေမှုကိုချက်ချင်းအရှိန်လျှော့လိုက်သည်။ ယဲ့ကျားကအခွင့်အရေးကိုအရယူပြီး "ဒါပေမဲ့ ငါတို့မှာတွေ့နိုင်တာအဲဒီတစ်ချိန်ပဲရှိတယ်လေ၊ အဲဒါကြောင့်စုပြီးပြောလိုက်တာ...."

ဘလပ်စ်သည် သူ၏အရှေ့မှလူငယ်လေးကိုလူသတ်တော့မည့်မျက်လုံးဖြင့်ကြည့်နေပြီး စိတ်ဆိုးမာန်ဆိုးဖြင့်ပြောသည်။

"မင်းလူလိမ်ကောင်! ငါမင်းကိုထပ်မယုံတော့ဘူး"

ယဲ့ကျား: "မင်းဘာလို့ငါ့ကိုဒီလိုမျိုးထင်ရတာလဲ"

ကောင်လေး၏အသွင်အပြင်သည် လရောင်အောက်တွင်စဉ်းလဲသည့်နူးညံ့မှုများပြည့်နေသည်။ အထူးသဖြင့် သူမျက်မှောင်ကြုတ်လိုက်သည့်အခါ အပြစ်ကင်းစင်ပုံပေါ်ပြီး သနားစရာကောင်းနေသယောင်။ ဘလပ်စ်က အနည်းငယ်မျှတုန်လှုပ်သွားသည်။

ယဲ့ကျားအားကျောပေးထားသော ချန်းချင်းယဲ့သည်ဘေးဘက်သို့တိုးပြီးဖယ်ပေးလိုက်သည်။

ယဲ့ကျား: "......"နင့်မေကလွှားတဲ့မှ.....

သူ့အားခြိမ်းခြောက်နေသောအင်းစက်မရှိတော့သည့်အခါ ဘလပ်စ်သည်သူ၏ကြင်နာသိမ်မွေ့မှုကို ခေါင်းထဲမှထုတ်ပစ်ပြီး ယဲ့ကျားအားနောက်တခါတိုက်ခိုက်ပြန်သည်။ ယဲ့ကျားကသက်ပြင်းချပြီး ရှောင်တိမ်းရန် နောက်တစ်ကြိမ်ဝိုင်းကြီးပတ်ပတ်ကစားရပြန်သည်။

ဘယ်သောအခါမှမတိုက်ခိုက်ဘဲ ဘလကပ်စ်၏အရှေ့မှအသည်းယားလာအောင်ပတ်ချာလည်ပြေးနေသည့်ယဲ့ကျားကို မည်သို့များယှဉ်နိုင်မည်နည်း။

မကြာမီ သူပင်ပန်းပြီးအားကုန်လာသည်။ သူနံရံကိုပစ်လှဲပြီး လှမ်းအော်သည်။

"တော်ပြီ...မပြေးနဲ့တော့!"

ယဲ့ကျားကရပ်ပြီး တွေးစစဖြင့်ဆိုသည်။

"ခဏနားချင်သေးလား"

ဘလပ်စ်: "......"

ခွေးကောင်! သေသင့်တဲ့လူလိမ်လူညာ! သွားသေလိုက်!

သို့သော်လည်း သူအလွန်အမင်းပင်ပန်းနေပြီ။ သူကိုယ်ကိုကိုင်းကာအသက်လုရှူနေရပြီး ရုပ်ပိုင်းဆိုင်ရာအင်အားပြန်ရရန်အချိန်ယူနေရသည်။ တစ်ခုကတော့ယာယီသက်သာသွားသည်။ ယဲ့ကျားက ဝေ့ရွှယ်ချုးဘက်လှည့်ပြီး ယဉ်ကျေးသမှုရှိသည့်ပုံဖြင့်တောင်းပန်သည်။

"ငါ့အမှားပါ၊ အဲဒီအချိန် မြားကိုလည်းလေးပေါ်တင်ပြီးပြီဆိုတော့ အဲဒီအတိုင်းပဲပြောဖို့ကလွဲပြီး...တောင်းပန်ပါတယ်"

သူ၏ပုံပန်းသွင်ပြင်က သိမ်မွေ့ပြီး ရန်လိုနေဟန်လည်းမပြသောကြောင့်လူများကသူ့ကို စိတ်သဘောကောင်းသည်ထင်ပြီးယုံကြည်ကြလိမ့်မည်။ အဆိုပါ ပယင်းရောင်မျက်လုံးများက ရုန့်ရင်းသောအကြည့်များနှင့်သိမ်မွေ့သောလရောင်တို့ပေါင်းစပ်ပြီး လူတိုင်းကထိုက်တန်သည်ဟုခံစားရလွယ်ကူစေသည်။ ဝေ့ယွဲ့ချုက အနည်းငယ်တုန်လှုပ်သွားရသည်။

ယခုမှပင် ထိုမေးခွန်းကိုသူမပထမဆုံးမေးခဲ့သည်ပင်။ တွေးကြည့်မှပင်တဖက်လူက ထိုအတိုင်းအလိုက်သင့်သွားခဲ့ဟန်တူသည်။ သည့်အပြင်ထိုအချိန်က အခြေအနေကအန္တရာယ်များလွန်းကာ အရေမရအဖတ်မရ ငြင်းခုန်နေခြင်းက အဖိုးတန်သောအချိန်များကိုဖြုန်းတီးပစ်ရာရောက်သည်။ သူသည်တဖက်လူအတွက် ကာကွယ်ပေးစရာအကြောင်းပြချက်ရသွားသည်။ ဘလပ်စ်၏အမောဖောက်နေသံက အဝေးမှထွက်လာသည်။

"မင်း...မပြောနဲ့..."

အဲဒီခွေးကောင်အရူးလုပ်တာမခံနဲ့....

သို့ထိတိုင် သူအင်မတန်မောဟိုက်နေသည်၊ အသက်ပင်ကောင်းကောင်းမရှူနိုင်၊ စကားလေးတစ်ခွန်းသာပြောနိုင်သည်။ အဝေးတွင်ရပ်နေသူများပင် ကောင်းကောင်းမကြားရပေ။ ဝေ့ယွဲ့ချုးသည် သူမရှေ့မှကောင်လေးကိုကြည့်လိုက်သည်။ တဖက်သူ၏ မျက်ဝန်းများကနူးညံ့ပြီးသဘောထားက ဆီလျော်မှုရှိသည့်တိုင် ထိုသူကတကယ်ဆိုးဝါးသူပင်။သူမရှက်လာပြီး နောက်စေ့ကိုဆွဲဆုပ်မိသည်။