အပိုင်း ၁၀၆
Viewers 10k

Chapter 106



ယဲ့ကျားက ထိတ်လန့်မှုအကြီးစားရသွားသည်။ ကံကောင်း၍ သူသေတ္တာကိုဖွင့်ချိန်တွင် အားအလွန်အကျွံမသုံးမိရန်စီစဉ်ခဲ့သောကြောင့်သာ သူတို့၏အားထုတ်မှုကိုအချည်းနှီးမဖြစ်စေခဲ့ပေ။

လျိုကျောက်ချန်ကဆက်ပြောနေသည်။

"ဌာနကပြန်ဖွဲ့ပြီးသွားတော့ သူတို့ကလေ့ကျင့်မှုမရှိသေးတာကြောင့်ကိစ္စတွေအများကြီးတော့မဖြစ်ခဲ့ပါဘူး၊ ထုတ်လုပ်မှုကလည်းမကြာရှည်ခဲ့ဘူးလေ၊ မင်းအဲဒါကိုဘယ်နေရာကရတာလဲ"

ယဲ့ကျားမျက်လုံးများက နက်မှောင်သွားသည်။ တဖက်လူ၏မေးခွန်းကိုပြန်မဖြေဘဲ ပြန်မေးသည်။

"ဘယ်လိုဖွင့်ရမလဲသိလား"

"အဲဒါတော့ငါလည်းသေချာမသိဘူး၊ ဒါပေမဲ့ မြို့တော်မှာ ကျန်နေတဲ့ဖိုင်တွေရှိအုံးမယ်ထင်တယ်၊ မင်းအဲဒီကလူတွေကိုဆက်သွယ်ပြီးမေးကြည့်လို့ရတယ်"

ထိုသူတို့သည် လက်ရှိတွင်မြို့တော်၌ရှိနေလောက်၏။

ယဲ့ကျား: "အိုကေ၊ အကူအညီအတွက်ကျေးဇူးပါပဲ"

သို့သော် ဖုန်းမချခင် တစ်ဖက်မှ လျိုကျောက်ချန်း၏အသံသည် မသင်္ကာမှုများသယ်ဆောင်ထားလေ၏။

"မင်းထပ်ပြီးမဟုတ်တာတွေထဲဝင်ပါနေပြန်တာ မဟုတ်ပါဘူးနော်"

ယဲ့ကျားက ချက်ချင်းဆိုသလိုငြင်းပယ်လာသည်။

"မဟုတ်ပါဘူး၊ လုံးဝမဟုတ်ပါဘူး!"

လျိုကျောက်ချန်းက နှာမှုတ်သံပြုပြီး "အမြန်အိမ်ပြန်တော့၊ M မြို့မှာလုပ်စရာတွေရှိသေးတယ်၊ အလုပ်မပြီးရင် ဘောနပ်စ်ကြေးဆိုတာကိုယောင်လို့တောင်စိတ်မကူးနဲ့!"

ဆက်သွယ်မှုပြတ်တောက်သွားပြီ။ ဘလပ်စ်သည်ဘေးတွင်လက်ပိုက်ရပ်ကာ ယဲ့ကျားအားမှုန်တေတေဖြင့်ကြည့်နေ၏။ သူ၏အသံအေနအထားမွာ အတော်လေးဆိုးရွားနေ၏:

"ဟေး...မင်း...မင်းသူ့ကိုဒီလိုပြောခိုင်းတာပဲလား?"

လေထုသည်အင်မတန်တိတ်ဆိတ်လွန်းနေပါသဖြင့် ခိုးနားထောင်ရန်စိတ်ကူးမရှိသည့်တိုင် တဖက်လူ၏အသံကိုကြားနေရဆဲ။ အေ့စ်၏ဖုံးကွယ်ထားသောနောက်ခံက ဌာနတွင် ရာထူးနေရာသေးသည်ကိုသိနေလင့်ကစား အထက်ကသူ့အားထိုသို့ပြောလာသည်ကိုကြားရသည်တွင် ပျော်စရာမကောင်းတော့ပေ။ ဘွင်းဘွင်းရှင်းရှင်းပင် ကျန်သူများကပါထပ်တူတွေးကြသည်။

"ဟုတ်တယ်!"

ဝေ့ရွှယ်ချုးသည် ယဲ့ကျား၏ဘေးသို့ခုန်ဝင်လာပြီး စိတ်ဆိုးမာန်ဆိုးဖြင့်ဆိုသည်။ ဤနေရာတွင်ရှိနေသည့်လူများနှင့်မတူစွာ သူမသည်ဌာနတွင်အချိန်အကြာဆုံးရှိနေခဲ့သူဖြစ်ပြီး သူမ ယဲ့ကျားကိုအေ့စ်မှန်းသတိမထားမိစဉ်ကလည်း ခေါင်းဆောင်လျိုက ယဲ့ကျားကိုခက်ခဲရန်အကြိမ်ပေါင်းများစွာလုပ်ခဲ့ဖူးသည်ကိုသက်သေခံပေးခဲ့ဖူးသည်။

ထိုအချိန်က သူမအများအပြားမတွေးမိခဲ့စေကာမူ ယခုထိုလူကသူ၏နတ်ဘုရားကိုရိုင်းပြလိုက်သည့်အတွက် သူမ၏နှလုံးသားထဲ၌ဒေါသလှိုင်းထန်လာသည်။ ဝေ့ရွှယ်ချုးသည် အန္တရာယ်ကင်းပြီးအပြစ်ကင်းစင်ပုံဖြင့်ချစ်စရာကောင်းသောအမျိုးသမီးတစ်ယောက်၏အပြုံးကိုထုတ်ဖော်ပြလာပြီး "ရှင်အဆင်မပြေရင်လည်း ကျွန်မသူ့ကိုသင်ခန်းစာလေးပေးလိုက်မယ်...."

ချန်းချင်းယဲ့ကအံ့အားသင့်သွားရပြီး "သူအင်းဆက်တွေကြောက်တတ်လား"

"နေကြပါအုံး...နေကြပါအုံး!"

ယဲ့ကျားခေါင်းကိုက်လာသည်။ ထိုသူတို့၏ လျိုကျောက်ချန်အားပညာပေးမည့်အစီအစဉ်ကိုအမြန်ဝင်ဖြတ်လိုက်ရ၏။

"မင်းတို့တွေအားနေကြတာလား"

ဝေ့ရွှယ်ချုးက ခေါင်းနောက်ကိုပွတ်သပ်နေပြီး ရှက်နေသည့်ပုံဖြင့် "အခုတော့မဟုတ်သေးပါဘူး...M မြို့ကိုပြန်ရောက်တဲ့အခါမှပေါ့"

"တကယ်တော့ ခေါင်းဆောင်လျိုက ကြင်နာတတ်တဲ့နှလုံးသားနဲ့အရူးတစ်ယောက်ပါပဲ"

ယဲ့ကျားကမျက်လွှာချကာ "ဒီဂိမ်းကြီးကိုခက်ထန်တဲ့အဆင့်တစ္ဆေ တွေဖျက်ဆီးပြီးသွားတာနဲ့ မင်းတို့တွေငါနဲ့အတူအစစ်အမှန်ကမ်ဘာကိုပြန်လို့ရမှာဒါပေမဲ့....ငါတို့ပြန်သွားပြီးရင်လည်း ဒီနေရာကြီးကသာမန်ကမ်ဘာကြီးမှာဆက်ရှိနေအုံးမှာပဲ"

အမှတ်တရများက ဖုန်မှုန်သဲမှုန်များပမာစုဝေးပြီး လှိုင်းလုံးများသဖွယ်သူ့ထံပြန်လည်ရောက်ရှိလာကြသည်။ ထိုအချိန်က သူ့အားစကားလုံးတစ်လုံးတည်းသုံးပြီးဖော်ပြနိုင်သည်...အရံှုးသမား။ အလင်းရောင်ကတောက်ပလွန်းသည်၊ လူပေါင်းများစွာပြွတ်သိပ်နေပြီး ပတ်ဝန်းကျင်ကတည်ငြိမ်လွန်းလှသည်။ ရက်စက်ကြမ်းကြုတ်သောဂိမ်းကမ်ဘာတွင် နှစ်ပေါင်းများစွာအသက်ရှင်နေရသောယဲ့ကျားအတွက် ပကတိခြားနားလွန်းနေသည်။ ကားတစ်စီးဖြတ်သွားလျှင်ပင် သူ၏အသိတရားကိုအပြည့်ဖြစ်နေစေသောစွဲလန်းစိတ်နှင့်ရန်လိုစိတ်များက ၎င်းကိုထက်ခြမ်းခွဲလိုက်မိခါနီးမှ ပင်ကိုယ်အသိစိတ်အားလုံးနီးပါးကိုသုံးစွဲပြီး သူ့ကိုယ်သူ ရပ်တန့်ရတော့မည်အထိဖြစ်စေခဲ့သည်။ ညစဉ်ညတိုင်း အဝေးမှလာသောအသံ သို့တည်းမဟုတ် အလင်းရောင်များကြောင့် တစ်ကိုယ်လုံးချွေးအေးတရွှဲရွှဲဖြင့်နိုးထလာရတတ်ပြီး သူ၏လက်များကတိုက်ခိုက်ရန်အသင့်အနေအထားဖြင့် လက်နက်အပေါ်ကိုတင်းနေအောင်ဆုပ်ကိုင်ထားမိတတ်သည်။

သူဂိမ်းထဲမှထွက်ခွာလာခဲ့ပြီဟုထင်မိသော်ငြား မထြက္ခြာလာရေသးသည့်အတိုင်း။ ယဲ့ကျားသည် အမှတ်ပေးဇယား၏ထိပ်ဆုံးတွင်အမြဲရှိနေခဲ့ဖူးစေကာမူ ဂိမ်းမှထွက်နိုင်ရန် အမှတ်တစ်သောင်းခန့်အထိလိုအပ်နေသေးသည်။ ကျီရွှမ်ကိုသတ်ပြီးသည်နှင့် ယဲ့ကျားသည် အဆင့်မြင့် ခက်ထန်သောအဆင့်တစေၦကိုသတ်လိုက်ပြီဟုယူဆနိုင်ပြီး အမှတ်များကတမဟုတ်ချင်းမြင့်တက်သွားမည်ဖြစ်ကာ အစစ်အမှန်ကမ်ဘာကိုပြန်နိုင်မည့် လက်မှတ်ကိုရလိမ့်မည်။ သို့ဖြစ်၍ ဂိမ်းမှမထွက်ခွာခင် ယဲ့ကျားနောက်ဆုံးရရှိလိုက်သည့်အတွေ့အကြုံမှာ ကျီရွှမ်၏သစ္စာခံမှုပင်။၎င်းမတော်တဆမှုအရင်းခံက ယဲ့ကျားကိုအစစ်အမှန်ကမ်ဘာသို့ပြန်သွားလျှင်ပင် ဆက်လက်ခြောက်လှန့်နေလိမ့်မည်။

ဂိမ်းကသူ့အားခြောက်လှန့်နေသည့် အိပ်မက်ဆိုးအဖြစ်ပြောင်းလဲသွားပြီး သူ၏နားထဲသို့တီးတိုးလေးကပ်ပြောနေသည်။ သည့်အပြင် အစစ်အမှန်ကမ်ဘာမှာလည်းပုံမှန်အတိုင်း ကြာရှည်ရှိနေတော့မည်မဟုတ်ပေ။'ယဲ့ကျား' ဆိုသည့်လူက အချိန်အတန်ကြာအောင်ပျောက်ဆုံးနေခဲ့ပြီးသေဆုံးသွားခဲ့သည်မှာကြာပြီဟု သတ်မှတ်ထားလောက်ပြီ၊ သူနေထိုင်ခဲ့သည့်နေရာကိုလည်း လေလံတင်ရောင်းချပစ်ကြလောက်ပြီး မွေးရပ်မြေမှလူများနှင့် နေရာများမှာလည်းပြောင်းလဲသွားကြလောက်ပြီ။ သူအကျွမ်းတဝင်ရှိခဲ့ဖူးသော အတိတ်မှအရာတိုင်းက သဲလွန်စ တစ်စလေးပင်ကျန်ရစ်ခဲ့တော့မည်မဟုတ်။ ဆွေမျိုးသားချင်းနှင့်ကိုယ်ပိုင်အချက်အလက်လေးပင်မရှိဘဲ ကမ္ဘာမြေပေါ်တွင်သွားစရာမရှိသောခြေသလုံးအိမ်တိုင်လို လှည့်လည်နေရလိမ့်မည်။ ဂိမ်းကမ်ဘာကပင် အစစ်အမှန်ကမ်ဘာထက်အိမ်ဟုပိုမိုခံစားရသည်။ ၎က....ကြင်နာတတ်သောနှလုံးပိုင်ရှင်အရူးထွက်မလာခင်အထိ ဆက်ရှိနေခဲ့သေးသည်။ ယဲ့ကျားက အရှေ့မှလူသုံးယောက်ကိုကြည့်ကာ ပုခုံးတွန့်ပြသည်။

"သူကငါ့ကို ID ကတ်လုပ်ပေးဖို့လူလည်းကူရှာပေးတယ် ပြီးတော့ ငါ့ကိုဒီအလုပ်ပေးတာလည်းသူပဲ၊ ငါငှါးနေတဲ့တိုက်ခန်းကိုတောင် အာမခံပေးပြီးပထမသုံးလစာအတွက် ငှါးခကိုလည်းသူပဲပေးခဲ့တာ"

သူကူညီပေးခဲ့သည့်အကြောင်းအရင်းက ရိုးရှင်းလွန်းနေ၍ အနည်းငယ်ရယ်စရာကောင်းသည်။ လျိုကျောက်ချန်၏စရိုက်အတိုင်းဆိုပါက ထိုအချိန်က ထောက်ပံ့ပို့ဆောင်ရေးဌာနတွင်လူမရှိဘဲဖြစ်နေခြင်းနှင့် အလှည့်အပြောင်းအပေါ်တွင်ချမှတ်သောဆုံးဖြတ်ချက်ကြောင့် သို့မဟုတ် တစ်နေကုန်အားယားပြီးအလေလိုက်နေသော အလုပ်သမားများကိုပြန်လည်ဖွဲ့စည်းရာတွင်အမှားလုပ်မိသောကြောင့်ဖြစ်နိုင်သည်။ သို့သော်လက်တွေ့၌ ဌာနကိုမလာခင် ယဲ့ကျားသည်အစုံအစေ့ အနည်းငယ်လေ့လာခဲ့သည်။ သူအလွန်အကျွံသတိထားခဲ့ပြီး ဤလောကကြီးတွင်ကြင်နာမှုမရှိဘဲမည်သည့်သံယောဇဉ်ကြိုးကများ ချည်နှောင်နိုင်ပါမည်နည်း။

ထို့အပြင် ယဲ့ကျားသည်ရဲစခန်းတွင် လျိုကျောက်ချန်၏ရာဇဝတ်မှုမှတ်တမ်းကိုမြင်တွေ့ခဲ့သည်။ လွန်ခဲ့သောငါးနှစ်က လျိုကျောက်ချန်၏တစ်ဦးတည်းသောသားသည် B အဆင့်ခက်ထန်သောအဆင့်တစ္ဆေ များကြောင့် အထိကရုဏ်းဖြစ်ရာတွင်သေဆုံးခဲ့ရသည်။ ထိုအချိန်က အနှီသူသည်ယဲ့ကျားနှင့်အသက်အရွယ်အတူတူမျှပင်။ နောက်ပိုင်း၌ ယဲ့ကျားသည်သူ၏စေတနာကြောင့် ထောက်ပံ့ပို့ဆောင်ရေးဌာနတွင်အလုပ်ရခဲ့သည်။ လျိုကျောက်ချန်သည် အသံစာပြီးဒေါသထွက်လွယ်လင့်ကစား သူ၏စရိတ်မှန်သမျှကိုအကုန်ကျခံခဲ့၍ ယဲ့ကျားမှာလည်းသူ့အပေါ်စေတနာပြန်ထားပေးရသည်။ ထိုအတိုင်းဖြစ်သွားသည့်အခါ သူ့ကဲ့သို့သောကြင်နာတတ်သည့်နှလုံးသားပိုင်ရှင်အရူးက ထပ်ရှိတော့မည်မဟုတ်ပေ။

"အာ....ဒီလိုလား"

ဝေ့ရွှယ်ချုးခမျာ ကိုယ့်ခေါင်းကိုယ်ဆွဲဆုပ်နေမိသည်။

"ငါလေ ထိပ်ပြောင်နေတဲ့လူအိုကြီးတစ်ယောက်က ဒီလိုလူကောင်းဖြစ်နေမယ်လို့မထင်ထားခဲ့ဘူး"

ချန်းချင်းယဲ့: "ဟုတ်ပါရဲ့ ဆံပင်တွေသိပ်မရှိပေမဲ့ သူကလူကောင်းပါ"

ဘလပ်စ်: "ငါတော့သူ့ဆံပင်တွေသန်လာမယ့် ခေါင်းလျှော်ရည်အမျိုးအစားကိုပြောပြပေးနိုင်မယ်ထင်တယ်"

ယဲ့ကျား: "......"

အမယ်၊ အမယ်...မင်းတို့တွေအကုန်လုံးတလွဲတွေချည့်ပဲ....!!!

သူအသက်ပြင်းပြင်းရှူပြီး မျက်ခုံးကြောများကိုနှိပ်နယ်နေမိသည်။

"ရပ်လိုက်၊ အခုကသူဆံပင်သန်တဲ့အကြောင်းပြောရမှာမဟုတ်သေးဘူး"

ယဲ့ကျား၏အားထုတ်မှုကြောင့် စကားဝိုင်းကမူလလမ်းကြောင်းမှန်သို့ပြန်ရောက်သွားသည်။

ဝေ့ရွှယ်ချုးက မျက်လုံးများကိုမှေးကာ ယဲ့ကျားလက်ထဲတွင်စိတ်ချရလောက်သောအကာအကွယ်ဖြင့်ရှိနေသော သေတ္တာလေးကိုလှမ်းကြည့်သည်။

"ဒါဆိုအခုဘာလုပ်ကြမလဲ"

ချန်းချင်းယဲ့: "ဝူစူးကိုဆက်သွယ်မယ်၊ သူအရင်ကမြို့တော်မှာအလုပ်လုပ်ဖူယတယ်မလား၊ သူလည်းတစ်ခုခုသိလောက်တယ်...."

ယဲ့ကျားကသူ၏လက်ထဲမှသေတ္တာကိုငုံ့ကြည့်ပြီးနောက် ဆက်ပြောသည်။

"ဒါပေမဲ့ ငါတို့ကအခုမြို့တော်မှာပဲမဟုတ်ဘူးလား"

ချန်းချင်းယဲ့: "မင်းပြောတဲ့အတိုင်းပဲလေ"

ယဲ့ကျားကမော့ကြည့်ပြီးပြုံးသည်: "အခုအချိန်မရှိတော့ဘူး၊ ဌာနချုပ်ကိုပြန်သွားရအောင်"

"ဒါပေမဲ့...."

ချန်းချင်းယဲ့ကမျက်မှောင်ကြုံ့ကာ: "ညလယ်ခေါင်ကြီးကို...."

ဘလပ်စ်က စိတ်မရှည်လက်မရှည်ဖြင့်ဝင်နှောင့်ယှက်သည်။

"ဝေ့...မင်းဘာလို့အဘိုးကြီးလိုလုပ်နေရတာလဲ...စည်းမျဉ်းလောက်လေးကိုကပ်သတ်နေသေးတယ်...ညဘက်ကြီးငါတို့အပြင်ထွက်လို့မရဘူးလို့ဘယ်သူပြောလဲ"

"ပြီးတော့....မင်းနားမလည်ဘူးလား"

ထို့နောက် သူသည်ရယ်မောနေပြီး သူ၏မီးလျံကဲ့သို့သောမျက်ဝန်းတစ်စုံက သူ၏မီးတောက်ကဲ့သို့များနှင့်အရောင်တူနေသည်

"ငါတို့ဒီတစ်ခါခိုးဝင်မှာကွ"

.......

စီမံခန့်ခွဲရေးဗျုရိုတွင်ဖြစ်သည်။

M မြို့တော်မှ 'စွမ်းအင်ပြန်လည်သန့်စင်ရေး' ဌာနခွဲ၏ဆိုင်းပုတ်ချိတ်ဆွဲထားပုံနှင့်နှိုင်းစာလျှင် ဌာနချုပ်ကပိုမိုသားနားသည်။ ယုတ်စွအဆုံး အဆောက်အအုံတစ်ခုလုံးပင်။

တစ္ဆေများတိုက်ခိုက်သည့်ညအပြီး ဌာနချုပ်ကိုပြည်သူ့ဌာနအဖြစ်ပြောင်းလဲလိုက်သောကြောင့် ဆက်လက်ဖုံးကွယ်မထားကြတော့ဘဲ ဌာနပိုင် အမှတ်အသားများကိုတိုးချဲ့သတ်မှတ်လိုက်သည်။ အပေါ်မှအမှတ်အသားဆိုလျှင် တံဆိပ်ထွင်းထုထားသည်။ ၎င်းသည် သေတ္တာပေါ်မွ တံဆိပ်နှင့်အတူတူပင်။ ညဥ့်နက်ချိန်ပင်ဖြစ်ပါစေ မြေညီထပ်မှမီးများကထွန်းထားဆဲပင်။ ခက်ထန်သောအဆင့်တစေၦနှင့်မကောင်းဆိုးဝါးများထကြွလာသည့်အခါ ဌာနချုပ်မှဝန်ထမ်းများကညသန်းခေါင်အထိအလုပ်လုပ်နေမည်ဖြစ်ကြောင်း အာမခံနိုင်သည်။

ဌာနချုပ်သည်ကြီးမားလွန်းလှသောကြောင့် သူတို့သည်တာဝန်များကိုခွဲယူရန်ဆုံးဖြတ်ကြသည်။ တစ်ဦးချင်းစီသည် ဌာနမဖွဲ့စည်းမီကအနောက်တွင်ချန်နေခဲ့သော လျိုကျောက်ချန်၏အကြံပေးချက်အတိုင်းပစ္စည်းများကိုရှာဖွေရသည်။

"......"

ယဲ့ကျား အသက်ဝဝရှူလိုက်သည်။

" 'တာဝန်ကိုခွဲဝေယူတယ်' ဆိုတဲ့အဓိပ္ပါယ်ကိုမင်းတို့နားမလည်ကြတာလား"

ကျီရွှမ်သည်ယဲ့ကျားအနောက်တွင် အေးအေးဆေးဆေးရပ်နေပြီးမျက်နှာတစ်ချက်မပြောင်းဘဲပြောသည်။

"ငါလည်းမင်းတို့လိုတူညီတဲ့လမ်းကိုရွေးမိတော့မလိုပဲ..အများကြီးမတွေးနေကြနဲ့"

ယဲ့ကျား: "....."

ငါ့-င်မလို့မတွေးဘဲနေရမှာလား....

ကျီရွှမ်က ယဲ့ကျားအနားသို့တတ်နိုင်သမျှအမြန်လျှောက်သွားသည်။သူဖြည်းဖြည်းချင်းလှည့်ကြည့်လာသည့်အခါ နီမြန်းသောမျက်လုံးတစ်စုံသည် မည်းမှောင်နေသောကော်ရစ်တာတွင် ထူးဆန်းစွာတောက်ပနေသည်။

"မင်းဒီကိုဘာလို့ညဘက်ကြီးလာတာလဲဆိုတာ အနောက်ကသုံးယောက်ကိုမပြောခဲ့ဖူးမလား"

ယဲ့ကျားကလမ်းလျှောက်နေသည်ကိုခဏရပ်လိုက်သည်။ လမ်းလျှောက်နေသည့်နှုန်းကိုအသာပြန်ထိန်းလိုက်ပြီး

"အို့...မင်းငါ့အကြောင်းသိတာပဲ"

အပြုံးများက ကျီရွှမ်၏နှုတ်ခမ်းတလျှောက်ပျံ့နှံ့သွားသည်။ သူသည်အနားထိရောက်အောင်မှီလိုက်ပြီး အသံကိုနှိမ့်ကာဆို၏။

"ဒါပေါ့ဒီလောကကြီးမှာ ကျွန်တော်တစ်ယောက်တည်းကပဲ ကို့ကို့ကိုနားလည်မှုအပေးနိုင်ဆုံးလေ"

ယဲ့ကျားကသူ့အားအေးတိအေးစက်သာကြည့်သည်။

"အဲဒါကြောင့် မင်းငါ့ကိုဂိမ်းထဲက ခက်ထန်တဲ့အဆင့်တစ္ဆေဖြစ်အောင်ကြိုးစားခဲ့တာပေါ့?"

ကျီရွှမ်: "....."

သူ၏ခြေလှမ်းများက အလိုလိုရပ်သွားပြီးယဲ့ကျား၏အနောက်တွင်ကျန်နေခဲ့သည်။ ကျီရွှမ်သည်အကွာအဝေးတစ်ခုခြားကာ ယဲ့ကျားအနောက်မှလိုက်လာပြီး အမြန်တောင်းပန်သည်။

"ကိုကို...ကျွန်တော်မှားသွားပါတယ်...."

ယဲ့ကျားကသူ့အား အာရုံမစိုက်ပေ။ ထိုအခိုက် သူ၏အကျႌလက်ကအောက်သို့အနည်းငယ်ဆွဲခံရသယောင်။ သူငုံ့ကြည့်လိုက်သည်တွင်ဆံပင်အနက်နှင့်မျက်လုံးနီနီကောင်လေးတစ်ယောက်က သူ၏အကျႌလက်စကိုဂရုတစိုက်ဆွဲထားပြီး ကြည့်ရသည်မှာကရုဏာသက်စရာကောင်းနေသည်: "ကိုကို...ကျွန်တော်တကယ်ကိုမှားသွားပါတယ်"

သူကဒီလိုကိစ္စမျိုးမှာ ဆရာကြီးပဲ။

ယဲ့ကျားကမှုန်ကုပ်နေသောမျက်နှာထားဖြင့်ပြောလိုက်သည်: "ငါဒီလှည့်ကွက်မှာပါသွားမှာမဟုတ်ဘူး"

သို့ပေတည့် ကျီရွှမ်သည်တစ်ဖက်လူ၏အသံကညင်သာနေသေးသည်ကို သတိထားမိသည်။

အဓိပ္ပါယ်မရှိလိုက်တာ....မင်းလုံးဝကိုကျရံှုးနေပြီလေ

ကောင်လေးသည် အရှေ့သို့အနည်းငယ်လျှောက်သွားပြီး လူငယ်လေး၏ ဘေးတွင်ချထားသောလက်ကိုကိုင်ထားကာ သူတို့၏လက်ချောင်းများကိုတွယ်ချိတ်လိုက်သည်။

သူသည်ယဲ့ကျားအား မျက်ရည်များဝိုင်းနေပြီးနီရဲနေသောမျက်လုံးတစ်စုံဖြင့် နူးညံ့စွာခေါ်သည်: "ကိုကို....."

ယဲ့ကျား၏မျက်ခွံများလှုပ်သွားသည်။

"ပြန်သွားပြောင်းစမ်း!"

ကျီရွှမ်: "မပြောင်းချင်ဘူး"

ယဲ့က်ား: "......"

အနှီအပြန်အလှန်စကားပြောပုံက ရင်းနှီးနေသည်။ သူအသက်ပြင်းပြင်းရှူကာစကားလမ်းကြောင်းပြောင်းလိုက်ရ၏။

"ဒါပေမဲ့ မင်းပြောတာတစ်ခုတော့မှန်ပါတယ်"

သူမျက်လွှာချလိုက်သည်၊ အမှောင်ယံတွင် အေးစက်စက်အလင်းရောင်သည် ပယင်းရောင်မျက်ဝန်းအောက်ခြေတွင်လျှပ်တပြက် ဖြတ်သန်းသွားသည်။

"တကယ်လည်း ငါဒီကိုညဘက်ကြီးလာရတဲ့အကြောင်း နောက်ကသုံးယောက်ကိုမပြောပြခဲ့ဘူး"

လျိုကျောက်ချန်၏ပြောပြချက်အရ ထိုပစ္စည်းသည်ဌာနကိုပြန်လည်ဖွဲ့စည်းစဉ်ကတည်းက ဆက်လက်မထုတ်လုပ်တော့ဘဲ ယခုခေတ်တွင်ရှာတွေ့ရန်လည်းခက်ခဲသွားပြီ။ ယဲ့ကျားသည် အဆိုပါခက်ထန်သည့်အဆင့်တစ္ဆေအရိုးစုက ၎ကို မည်သည့်နေရာမှရှာတွေ့ခဲ့မှန်းမသိပေ။ ၎င်းသည် ခိုးလာသည်လည်းဖြစ်နိုင်သလို ဆတ်ကနဲယူပြီးလုပြေးလာသည်လည်းဖြစ်နိုင်သည်။ ရှာတွေ့ရန်ခက်ခဲလျှင်ပင် ၎င်းကမရှိနေဟုမဆိုလိုပေ။ Lord အဆင့် ခက်ထန်သည့်တစ္ဆေအနေဖြင့် ၎င်းထံတွင်လှည့်ကွက်မျိုးစုံရှိနိုင်သေးသည်။ ဌာနအတွင်းပိုင်း၌ သူလျိုရှိနေခဲ့လျှင်ပင် အံ့ဩစရာမဟုတ်တော့ပေ။ သို့သော်ငြား....ယဲ့ကျားသည်နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကို တွန့်ဆုတ်ဆုတ်ဖြင့်တွေးကြည့်မိသည်။ ပြန်လည််ဖွဲ့စည်းခဲ့သည်က ဆယ်စုနှစ်တစ်စုမကတော့ပေ....အမေနဲ့ပတ်သက်နေတာလား?

အခြားသူသုံးယောက်သည် ကျန်ခဲ့ပြီးသောဂိမ်းအကြောင်းကိုမပြောလိုကြတော့သော်ငြား ယဲ့ကျားကမတူပေ။ ယခုပင် မိုးသည်းလေထန်နေသည့်ညက သူ၏အဖေဖြစ်သူသည်အမေ၏အေးစက်နေသောအလောင်းကို ဓားဖြင့်အကြိမ်ကြိမ်ထိုးနေခဲ့ညကိုပြန်မြင်ယောင်နေသေးသည်၊သွေးစက်များနှင့် ကိုယ်တွင်းအဂါၤအစိတ်အပိုင်းမှအသားစများက ပွစာကြဲနေပြီး ထိုသူ၏ရူးသွပ်နေသောမျက်လုံးများက တံခါးနားတွင်ရပ်နေသောယဲ့ကျားကို ကြည့်နေသည်။ သူနောက်ဆုံးတစ်ခါကမြင်ခဲ့သည့် လူနှင့်အတူတူပင်။ သူဂိမ်းထဲဆွဲထည့်မခံရခင် ဆယ့်ငါးနှစ်အလိုကဖြစ်ခဲ့သည်။ ထို့အပြင် ဌာနပြန်လည်ဖွဲ့စည်းခဲ့သည့်အချိန်နှင့်လည်းတိုက်ဆိုင်သည်။ ယဲ့ကျားကနှုတ်ခမ်းကိုဖိပြီး သူ့အတွေးနှင့်သူနစ်မြုပ်နေသည်။

ရုတ်ချည်းပင် သူ့အားကိုင်ထားခဲ့သည့်လက်သေးသေးလေးက ကြီးမားလာပြီး အရွယ်ရောက်ပြီးလူတစ်ယောက်၏ ရေခဲရိုက်ထားသောလက်အဖြစ်ပြောင်းလဲသွားသည်။

ယဲ့ကျားက ပါးစပ်အဟောင်းသားဖြင့်ခေါင်းမော့ကြည့်သည်။ ကျီရွှမ်ကသူ့အားပြုံးပြနေပြီး "မင်းလိုက်ရှာနေတဲ့နေရာကိုသိတယ်"

ယဲ့ကျားက ကြောင်အသွားကာ "ဘာ?"

ကျီရွှမ်၏အပြုံးက ပိုလေးနက်လာ၏။

"ဘာလဲ? ငါကမင်းတို့ဌာနမှာ စပိုင်ထားလို့မရဘူးလား"

ယဲ့ကျား: "......"

မင်းကသိပ်ကိုဖြောင့်မတ်ပါတယ်...ဟုတ်ပြီလား?

ထိုသူက သူ့လက်အားကိုင်ထားသည့်အားကိုပိုတင်းလိုက်ပြီး မကြာမီသူ၏အမြင်အာရုံတစ်ခုလုံးဝေဝါးလာသည်။ ထို့နောက် သူ့ကိုယ်သူသိုလှောင်ခန်းကြီးတစ်ခုအတွင်းရောက်နေသည်ကို သိလိုက်ရ၏။ ၎င်းတွင် မျက်နှာကြတ်အထိရောက်လုနီးပါးပုံနေသော ဖိုင်တွဲများနှင့် အောက်သိုးသိုးမှိုနံ့ ဖျော့ဖျော့ကိုပါရသည်။ ယဲ့ကျားသည် သိုလှောင်ခန်းထောင့်မှ သော့ပေါက်အရွယ်အမျိုးမျိုးနှင့် စားပွဲငယ်လေးတစ်လုံးအားတွေ့ရသည်။ ၎င်းတို့အရွယ်အစားနှင့် ယဲ့ကျားလက်ထဲမှသေတ္တာ၏အရွယ်အစားနှင့်အတူတူပင်။ ယဲ့ကျားက လက်ထဲမှသေတ္တာကိုငုံ့ကြည့်သည်။ သူသည်သတိကြီးစွာဖြင့် သေတ္တာကိုအံပေါက်တစ်ခုထဲထည့်လိုက်သည်။ အံဝင်ကျသွားသည့်အခါ ၎င်းသည် 'ကလစ်' ဆိုသည့်အသံတိုးတိုးဖြင့် ငွေသေတ္တာငယ်လေး၏မျက်နှာပြင်ပေါ်တွင် လိမ်ယှက်နေသောမျဉ်းလေးနှစ်ကြောင်းပေါ်လာပြီး ဖြည်းဖြည်းချင်းပွင့်သွားသည်။