အပိုင်း ၁၀၇
Viewers 10k

Chapter 107



ပြင်းထန်သောသွေးနံ့များထွက်ပေါ်လာသည်။

ယဲ့ကျားကအသက်ကိုထိန်းရှူပြီး တစ်လှမ်းချင်းကပ်လာလိုက်သည်။

သေတ္တာသည်ပြစ်ချွဲချွဲ သွေးများကိုအပြည့်ဖြည့်ထားသည်။ သွေးကန်ထဲတွင် မျက်လုံးနှစ်လုံးကပေါလောပေါ်နေသည်။ အိုင်းရစ်ပန်းမျက်လုံးများကကတ္တရာစေးများလိုမည်းနက်နေပြီး အဖြူရောင်မျက်သားကသန့်ရှင်းနေသည်။ သွေးကြောအမျှင်တန်းပင်အနောက်တွင်ရှိနေသေး၏။

သွေးအပြည့်ဖြင့် သေတ္တာငယ်လေးထဲတွင် မျက်လုံးနှစ်လုံးမြုပ်ချည်ပေါ်ချည်ဖြစ်နေပုံက တုန်လှုပ်ဖွယ်အတိ။

ယဲ့ကျား တခဏမျှကြက်သေသေသွားသည်။

မျက်လုံးအိမ်လား... ဘာလို့လဲ...

ချက်ချင်းပင် အတွေးတစ်စသည် ယဲ့ကျားစိတ်ထဲတွင်ဖျတ်ကနဲဝင်လာပြီး သူ၏မျက်လုံးများပြူးကျယ်သွားသည်။ ခဏတဖြုတ်ခန့် သူအသက်ရှူရန်ပင်မေ့လျော့သွားရလုနီးပါးပင်။

သဲလွန်စများက တစ်ခုနှင့်တစ်ခုချိတ်နေသည်။ အမျိုးသမီးသည် ရူးသွပ်နေသောသူမခင်ပွန်းကြောင့် နှလုံးကိုဆွဲထုတ်ခံရပြီး အစာအိမ်ကိုတစစီစုတ်ဖြဲခံရသည်။ အရေပြားကိုနွာခံရသည်။ ထို့နောက်....အိပ်မက်ဖန်တီးသူ၏ရည်မှန်းချက်ကြီးအရ သေတ္တာထဲတွင်ပစ္စည်းတစ်ခုရှိနိုင်သည်။

သူကျီရွှမ်၏မျက်ဉာဏ်ထဲမှ ကိုယ်ထည်အဆမတန်ကြီးမားပြီး လူးလွန့်နေကာ လေပေါ်တွင်မျောနေသောအလုံးတစ်လုံးကိုသတိရမိသည်။ကျီရွှမ် တစ်ခါကပြောခဲ့ဖူးသည်။

"အဆင့်မြင့်တစ္ဆေက အမေ့ရဲ့ကိုယ်စားလှယ်ပဲ"

အကြောင်းမှာ လက်ရှိတွင်သူမက လူ့လောကသို့ထွက်မလာနိုင်သောကြောင့်။ ထိုအချိန်မှာပင် ယဲ့ကျားသည် အမေကသူမကလေးများကို ပေးခဲ့သည့်တာဝန်အကြောင်းနားလည်သွားသည်...သူမက သူမအတွက် ခန္ဓာကိုယ်တစ်ခုလိုချင်နေရုံပင်။


ယဲ့ကျားသည် သူ့အရှေ့မှအဖုံးဖွင့်လျက်သားသေတ္တာအား စိုက်ကြည့်နေသည်။

ပျစ်နှစ်ချောကျိနေသောသွေးအိုင်ထဲတွင် မျက်လုံးနှစ်လုံးမြုပ်ချည်ဖြစ်နေပုံကို ခပ်မှိန်မှိန်အလင်းရောင်ကထိုးပြထားသည်။ ၎င်းကသွေးအိုင်ထဲတွင်လည်နေရင်း ဘေးပတ်လည်ကိုတိတ်တဆိတ်ကြည့်နေသည်။ အမှောင်ယံတွင် ယဲ့ကျားသည်အဆိုပါမျက်ဝန်းတစ်စုံဖြင့်အကြည့်ဆုံသွားသည်။ ၎င်းသည်စကားပြောချင်ပုံရသည့်တိုင် ဆိတ်ငြိမ်နေဆဲ။ သူသည်ခန့်မှန်းချက်များကို ထဲထဲဝင်ဝင်ရှာဖွေပြီး ရရှိထားသမျှသဲလွန်စများနှင့်တိုက်ဆိုင်ကြည့်သည်။ သူပိုတွေးလေ၊ ပိုမိုချိတ်ဆက်မိလေပင်။ သူ၏ပယင်းရောင်မျက်လုံးအိမ်အတွင်း သေတ္တာထဲမှသွေးရောင်ကထင်ဟပ်နေပြီး သွေးစက်လေးတစ်စက်က ၎င်း၏နက်ရှိုင်းသောအောက်ခြေတွင်နစ်မြုပ်နေသည်။

ဂိမ်းကမ်ဘာကပျက်ဆီးပြီး တစ္ဆေတံခါးကပွင့်သွားပြီဖြစ်သော်ငြား ထူးဆန်းစွာဖြင့် အမေကဂိမ်းထဲမှမထွက်သွားသေးပေ။ အဆင့်မြင့်တစ္ဆေမှာလည်း အခြားခက်ထန်သောအဆင့်တစ္ဆေများ သူမ၏ကိုယ်အစိတ်အပိုင်းအားလိုက်ရှာရန် တာဝန်မျိုးစုံလုပ်နေရချိန်တွင် အမေ၏ကိုယ်စားလှယ်ဖြစ်နေသည်။

M မြို့တော်ရှိ လူအရေပြားများမှစ၍ အမျိုးသမီးကိုယ်တွင်းရှိပျောက်နေသောနှလုံးအထိ ထို့နောက် သူ့အရှေ့မှမျက်လုံးနှစ်လုံး။

စုဆောင်းရန်လိုအပ်နေသောအဂါၤအစိတ်အပိုင်းများအတွက် တင်းကျပ်သောကန့်သတ်ချက်တစ်ခုရှိနေနိုင်ခြင်း သို့မဟုတ် အမေကဆက်လက်ထိန်းမထားနိုင်တော့၍ ထွက်မသွားနိုင်ဖြစ်နေခြင်းသာဖြစ်နိုင်၏။ယခု အရေးအကြီးဆုံးမေးခွန်းက....်အမေဘယ်နှခုလိုနေတာလဲ?ခက်ထန်တဲ့အဆင့်တွေဘယ်လောက်ခရီးရောက်ပြီလဲ? ဘယ်လောက်အထိပြီးပြီလဲ? လူသားတွေအတွက် ထွက်သွားဖို့ အချိန်ဘယ်လောက်လိုသေးလဲ?

ယဲ့ကျား၏မျက်ခုံးများက ပိုတွန့်ချိုးလာပြီး သူ၏အတွေးများကရှုပ်ထွေးလာသည်။ တွဲလောင်းချထားသည့်လက်က နှာရိုးကိုဖိညှစ်နေသည်။သွေးရောင်ဖျော့သောလက်ချောင်းများမှာ အားကြောင့်အဖြူရောင်ပြောင်းသွားပြီး လက်ဖဝါးပေါ်တွင် တိတိရိရိညှပ်ထားသောလက်သည်းထိပ်မှအရာများ ကျန်ရစ်ခဲ့သည်။

ရုတ်တရက် လူငယ်လေး၏လက်ပေါ်၌ အေးစက်စက်အထိအတွေ့တစ်ခုရိုက်ခတ်လာသည်။ နှင်းမှုန်လေးပမာ ၎င်းကညင်သာစွာကျလာပြီးသူ၏နွေးထွေးသောအရေပြားကို ဖွဖွလေးနမ်းရှိုက်သွားသည်။ ယဲ့ကျားကကြက်သေသေသွားပြီး သူ့အားပြန်လှည့်ကြည့်လိုက်သည်။

ကျီရွှမ်ကမည်သည့်အချိန်တည်းက သူ့အနားရောက်နေသည်မသိ၊ နံဘေး၌ရပ်နေသည်။ သူ၏ရဲတောက်နေသောမျက်လုံးများက အောက်ဘက််သို့နိမ့်နေပြီး သူဝအကြည့်သည်လည်းသွေးအိုင်ထဲမှမျက်လုံးနှစ်လုံးပေါ်တွင်ရှိမနေပေ။ သူသည်ယဲ့ကျား၏လက်ကို သာသာလေးကိုင်ကာလက်ချောင်းအချင်းချင်းကိုယှက်သွယ်ထားသည်။ အေးစက်ဖြူဖျော့သောလက်ချောင်းများက လက်ဖဝါးထက်မှလက်သည်းရာများကို လေပြည်ညှင်းလေးပမာပွတ်သပ်သွားသည်။ လူငယ်လေး၏လက်ချောင်းများကတုန်ယင်သွား၏။

ယဲ့ကျားသည် မသိစိတ်အရ လက်များကိုပြန်ရုတ်သိမ်းချင်သည့်တိုင်တစ်ဖက်လူ၏လက်ချောင်းများကြားမှမလွတ်မြောက်နိုင်ပေ။ ကျီရွှမ်ကမျက်လုံးများကိုပင့်ကြည့်လိုက်ပြီး သူ၏အနီရင့်ရောင်မျက်လုံးများကယဲ့ကျားကို မျက်တောင်တစ်ချက်မခတ်ဘဲကြည့်နေသည်။ သူ၏အသံကတိုးလျအက်ကွဲနေ၏:

"ကိုကိုသိလား၊ ကိုကို့မှာဘယ်တော့မှသတိမထားမိနိုင်လောက်တဲ့စွမ်းရည်ရှိတယ်"

အနှီသူသည်လက်ဆန့်ပြီး သူ၏နွေးထွေးပါးလွှာသောမျက်ခွံလေးများကိုထိတွေ့သည်။ ယဲ့ကျားက မျက်လုံးများကိုမှိတ်လိုက်ရသည်။

"မင်းကအမြဲလိုရင်းအချက်ကိုဆွဲထုတ်နိုင်ပြီထင်ရတယ်"

မှောင်ရိပ်ထဲတွင် ထိုသူ၏ဩရှသည့်အသံကနီးနီးလေးမှထွက်ပေါ်လာသည်။

"မဆီငေါ်တဲ့စိတ်အနှောင့်အယှက်ဖြစ်စရာတွေအကုန်လုံးကို လျစ်လျုရှုထားတယ်၊ ရက်စက်တဲ့သဲလွန်စတွေနဲ့ပြဿနာအရင်းအမြစ်ကိုအတိအကျရှာတွေ့နိုင်တယ်၊ အချိန်တိုင်း၊ ဖြစ်ရပ်တိုင်း အမြဲဒီတိုင်းပဲ"

ယဲ့ကျားက တခဏမျှမှင်သက်သွားသည်။ ထိုသူ၏လက်ချောင်းများကသူ၏မျက်ခမ်းစပ်လေးများထက် ရွေ့လျားနေသည်ကိုခံစားရသည်။ သူ၏အရှေ့မှအရပ်ရှည်ရှည်နှင့်လူက ခေါင်းငုံ့လိုက်သည်။ သူ၏ရှင်းလင်းနေသောလက်ဖမိုးအပေါ်သို့ အေးစက်သည့်အနမ်းတစ်ပွင့်ပေးလိုက်ပြီးအပြုံးဖျော့ဖျော့ဖြင့်သူ့အားကြည့်ကာ: "မင်းတောင်မှဒီပုစ္ဆာ ကိုမဖြေရှင်းနိုင်ရင် ဘယ်သူမှဖြေရှင်းနိုင်မှာမဟုတ်တော့ဘူး"

ယဲ့ကျားက သူ၏အရှေ့မှလူကိုကြည့်နေသည်။ သူ၏မျက်လုံးများကမှေးကျဉ်းသွားခဲ့ပြီး စိတ်ရှုပ်ထွေးနေသောအမူအရာဖြစ်လာသည်။

စိတ်အနှောင့်အယှက်ဖြစ်စရာတွေအကုန်လုံးကိုလျစ်လျုရှုထားတယ်?

သူကြောင်အသွားသည်။ ယဲ့ကျားမျက်လုံးများက တဖြည်းဖြည်းပြူးကျယ်လာပြီး ကျီရွှမ်လက်ကိုအလိုအလျောက်လှမ်းဆွဲမိသည်။ ပယင်းရောင်မျက်ဝန်းတစ်စုံသည် အလင်းတစ်ချက်ဖြာသွားသည်မှာ ထက်ရှသောဓားတစ်ချောင်းက အမှောင်ထုကိုဖောက်ထွင်းသွားသည့်နှယ်။စိတ်လှုပ်ရှားမှုနှင့်ကြောက်ရွံ့မှုများကြောင့် သူ၏အသက်ရှူသံများပင်မမှန်တော့ပေ။

"အမြန်...ငါတို့ M မြို့ကိုပြန်ရမယ်"

.........

ရထားပေါ်။

ချန်းချင်းယဲ့၊ ဝေ့ရွှယ်ချုးနှင့် ဘလပ်စ်တို့သည်ယဲ့ကျားနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်ကြသည်။

အားလုံးတွင် မေးခွန်းပေါင်းသောင်းခြောက်ထောင်ပြည့်နေသော အမူအရာကိုယ်စီရှိနေ၏။ ရထားပေါ်မှ အသာအယာခုန်လှုပ်မှုက တိတ်ဆိတ်လွန်းလှသောရထားတွဲတလျှောက် ပဲ့တင်သံညံနေပြီးလူများကိုငိုက်မျဉ်းစေသည်။

ရထားတွဲတစ်တွဲလုံးက သူတို့မှလွဲပီး လူတစ်ယောက်မှရှိမနေပေ။ ချန်းချင်းယဲ့မျက်မှောင်ကြုတ်ကာ မျက်မှန်ကိုပင့်တင်သည်။

"ဘာလို့ ပြန်သွားရမှာလဲ"

ဝေ့ရွှယ်ချုးကလည်းဇဝေဇဝါဖြင့်: "ရှင်တွေးထားတာမှန်တယ်ဆိုရင် ခက်ထန်တဲ့အဆင့်တစ္ဆေတွေနဲ့မကောင်းဆိုးဝါးတွေက အမေကိုလူသားကမ်ဘာခေါ်သွားနိုင်အောင်စိတ်အပိုင်းတွေလိုက်စုနေတာကို အခြားအဆင့်မြင့်ခက်ထန်တဲ့တစ္ဆေတွေကိုလိုက်ရှာပြီး အစီအစဉ်ကိုဖျက်ဆီးသင့်တာမဟုတ်လား၊ သူတို့တာဝန်မပြီးမြောက်အောင်လို့လေ၊ M မြို့ကိုပြန်ပြီးဘာလုပ်ကြမှာလဲ"

ယဲ့ကျားကအရှေ့မှစားပွဲကိုသာ မမှိတ်မသုန်ကြည့်နေသည်၊ ၎င်းအပေါ်မှသော့ပေါက်ကိုလေ့လာနေသယောင်။ ဝေ့ရွှယ်ချုးမေးခွန်းကြောင့် သူမော့ကြည့်သည်။

"မင်း M မြို့မှာဖြစ်ခဲ့တဲ့ အရေခွံဆုတ်ခံရတဲ့ကိစ္စကို မှတ်မိလား"

သုံးယောက်လုံးခေါင်းညိတ်ပြကြသည်။

ယဲ့ကျား: "ပြီးတော့ ငါ M မြို့က သင်္ဘော ဆိပ်မှာ နစ်နာသူတွေရဲ့အရေပြားကိုတွဲလောင်းချိတ်ထားတဲ့စင်ကိုတွေ့ခဲ့တယ်လို့ မင်းတို့ကိုပြောခဲ့ဖူးတယ်"

သုံးယောက်လုံး နောက်တကြိမ်ခေါင်းညိတ်ပြကြပြန်သည်။ ယဲ့ကျားကစားပွဲခုံကို လက်ချောင်းလေးများဖြင့်စည်းချက်တကျခေါက်ကာ "တစ်ခုတည်းမဟုတ်ဘူး၊ စင်တစ်ခုလုံးပဲ"

ချန်းချင်းယဲ့မှာ ပါးစပ်အဟောင်းသားဖြင့်: "ဆိုလိုချင်တာက....?"

ယဲ့ကျားကခေါင်းညိတ်ပြီး: "ဟုတ်တယ်၊ အမေရဲ့ခန္ဓာကိုယ်လုပ်ဖို့တားမြစ်ထားတဲ့အစိတ်အပိုင်းတွေရှိပေမဲ့ ဒီကမ်ဘာမှာသုံးလို့ရတာတစ်ခုပဲရှိတယ်လို့မဆိုလိုဘူး၊ ဒီတခေါက် ငါတို့မျက်လုံးတွေကိုကြားဖြတ်ယူဖို့စီစဉ်ခဲ့ပေမဲ့ အမေကလိုအပ်တဲ့ပစ္စည်းတွေအတွက်တခြားမျက်လုံးတွေကိုရှာဖို့ ခက်ထန်တဲ့အဆင့်တစ္ဆေတွေကိုလွှတ်ခဲ့တယ်၊ ငါတို့တစ်မြို့ပြီးတစ်မြို့သာ သူတို့နောက်ကိုလျှောက်လိုက်နေရင် ငါတို့ခြေတစ်လှမ်းနောက်ကျနေလိမ့်မယ်"

အခြားသူသုံးယောက်၏အမူအရာများက အလေးအနက်ဖြစ်သွားသည်။ ယဲ့ကျားက ဖြည်းဖြည်းချင်းမျက်လုံးမှေးလိုက်ပြီး "ငါတို့ခြေတလှမ်းသာချင်ရင် အဓိကအချက်ကိုရှာရမယ်"

ကျီရွှမ် ထိုညကသူ့အားသတိပေးခဲ့သည့်အတိုင်းပင်။ ပြီးတော့ အဓိကအချက်ကဘယ်မှာလဲ?

လွန်ခဲ့သော နှစ်သုံးဆယ်၊ မိုးကြီးသောညက တစ္ဆေဂိတ်တံခါးမပွင့်လာခင် အစစ်အမှန်ကမ်ဘာတွင် အမေ၏အရိပ်အယောင်တစ်ခုသာထွက်ပေါ်လာခဲ့ဖူးသည်။ ယဲ့ကျားက အရှေ့မှလူသုံးယောက်ကိုမော့ကြည့်သည်။

"ငါရဲစခန်းမှာ ရာဇဝတ်မှုမှတ်တမ်းတွေရှာကြည့်ခဲ့ပြီးပြီ၊ လူအရေခွံခွာတဲ့အမှုက M မြို့မှာပဲဖြစ်ခဲ့တာ၊ နှလုံးပျောက်တဲ့ကိစ္စ၊ တစ္ဆေအထိကရုဏ်း..ပြီးတော့...."

သူစကားပြောနေသည့်အမှုက ယာယီပြတ်တောက်သွားသည့်တိုင်ဆက်ပြောလာခဲ့သည်။

"တစ္ဆေဘုရင်ကျီရွှမ် ပေါ်လာတာကလည်း M မြို့မှာပဲ"

သူ၏လက်ချောင်းများကို ရေထဲတွင်နှစ်ကာ စိတ်အလိုအလျောက် စားပွဲပေါ်တွင် မြေပုံကိုဆွဲလိုက်သည်။

"အကြောင်းအရင်းကိုမသိရသေးပေမဲ့ M မြို့ကမုန်တိုင်းအလယ်ကိုရောက်နေတယ်"

ယဲ့ကျားစကားများက လိုရင်းကိုထိထိမိမိရောက်သည်။ သုံးယောက်သားအတွေးကိုယ်စီနစ်မျောသွားသည်။ ရုတ်တရက် ဘလပ်စ်ကပြောလာသည်။

"အဲဒီတော့...."

အခြားသူများကသူ့ထံသို့လှည့်ကြည့်ကြသည်။

"သူကဘာလာလုပ်တာလဲ"

ဆံပင်အနီဖြင့် သက်လတ်ပိုင်းလူသည် မဝေးလှသောထိုင်ခုံကိုမျက်နှာသေဖြင့်လက်ညိုးထိုးပြသည်။ အရပ်ရှည်ရှည်ဖြင့်လူသည် ရထားတွဲအကြားမှ စပ်ကြားနေရာတွင်ရပ်နေသည်။ သူ၏မျက်ဝန်းနီသည် ကတ္တရာစေးရောင်မည်းနက်နေပြီး ထိုအချိန်တွင် ခွက်ထဲသို့ရေနွေးပူတစ်ခွက်လောင်းထည့်နေသည်။

ချန်းချင်းယဲ့နှင့်ဝေ့ရွှယ်ချုး: "......"

မင်းတကယ်ကြီးမမေးဘူးဆိုတာငါတို့သိတယ်....

သို့ထိတိုင် သူတို့အဖြေကိုအမှန်တကယ်သိချင်ကြသည်။

နှစ်ယောက်က ယဲ့ကျားအားတပြိုင်တည်းလှည့်ကြည့်ကြသည်။ ထိုအခိုက် ဝေ့ရွှယ်ချုးသည် ရုတ်တရက်တစ်ခုခုကိုစဉ်းစားမိပုံရသည်။

"ဒါနဲ့ စွန့်ပစ်အဆောက်အအုံမှာတုန်းက ရှင်ရှင်းပြမယ်ဆို? ဘာရှင်းပြမှာလဲ"

ယဲ့ကျား: "......"

ချန်းချင်းယဲ့ကလည်းခေါင်းညိတ်သည်။

"အခုငါတို့ဆက်ပြောဖို့အချိန်ကြပြီထင်တယ်"

ယဲ့ကျား: "....."

အာ...ကိုယ့်ခြေထောက်ကိုသေနတ်နဲ့ပစ်မိတဲ့ခံစားချက်ကြီးပါလား?

အချိန်ကိုက်ပင် ကျီရွှမ်က ရေနွေးတစ်ခွက်ဖြင့်ပြန်ရောက်လာသည်။သူသည် ယဲ့ကျားအနားတွင် ပုံမှန်အတိုင်းခြေနှစ်ချောင်းချိတ်ကာထိုင်လိုက်ရာ ရုတ်တရက်နေရာလွတ်မရှိတော့ဘဲ ပူးကပ်သွားသည်။ ခွက်မှဖြူလွလွအငွေ့များကအလျှင်အမြန်ပျောက်ကွယ်သွားသည်မှာ သာမန်မျက်စိဖြင့်ပင်မြင်နိုင်သည်။ ၎င်းသည် ကျိုက်ကျိုက်ဆူထားသည့်ရေနွေးအဖြစ်မှ အစာကြေလွယ်သောရေနွေးအဖြစ်တိုက်ရိုက်ပြောင်းသွားသည်။ ကျီရွှမ်သည် ယဲ့ကျားလက်ထဲသို့ သဘာဝတကျပင်ရေနွေးခွက်ထည့်ပေးလိုက်ပြီး "ရေဆာလား?"

ကျန်သုံးယောက်မှာ ပါးစပ်အဟောင်းသား။ သူတို့သည် အရှေ့မှတစ္ဆေဘုရင်ကိုပြူးကြည့်ကြပြီး ရေခွက်ကိုတလှည့်၊ နေရာမှာပင်အကြောသေနေသည်မျက်နှာဖြင့် ယဲ့ကျားကိုတလှည့်ကြည့်ကြသည်။ မျက်ဝန်းသုံးစုံသည် စပ်စုလိုစိတ်များအပြည့်။

ယဲ့ကျား: "....."

မင်းတို့ကဘာမှကိုအားမကိုးရဘူး!!!

သူအသက်ကိုပြင်းပြင်းရှူပြီး တောင့်တောင့်ကြီးဆိုသည်။

"ပြောရရင်တော့အရှည်ကြီးပဲ..."

"ရတယ်...ကျွန်မတို့မှာအချိန်ရှိတယ်"

ဝေ့ရွှယ်ချုးက တည်တည်ငြိမ်ငြိမ်သာဖြေသည်။ ကျီရွှမ်ကခိုးခိုးခစ်ခစ်ရယ်ပြီး "အို့....အဲဒီအကြောင်းကိုပြောနေတာလား"

သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အဓိပ္ပါယ်ဖော်ရခက်သည့်အပြုံးတစ်ပွင့်ပေါ်လာသည်။

"ငါမင်းတို့သုံးယောက်ကိုသိလာတာကြာလှပြီ"

သုံးယောက်သား အံ့အားသင့်သွားကြသည်။ ဘာလဲဟ?

"ငါတို့ရဲ့ဆက်ဆံရေးက...အရမ်းရှုပ်ထွေးတယ်"

ထိုလူ၏တိုးလျသောအသံက အဓိပ္ပါယ်နှစ်ခွထွက်နေသည်။ ထိုသူ၏ဖြူဖတ်ဖြူရော်လက်ချောင်းများမှာ ကော်လံကိုကိုင်ကာအောက်သို့ဆွဲချပြီး ၎င်း၏ညှပ်ရိုးကိုပြကာ "မင်းတို့တွေ၊ ကိုကိုကငါ့ကိုယ်ပေါ်ချန်ထားခဲ့တဲ့အမှတ်ကိုကြည့်ချင်သေးလား"

လူတိုင်း: "ဝက်သားဖတ်!!!!...သတင်းထူးကြီး!!...ရှော့ရစရာသတင်းထူးကြီးဟေ့!!!"

ယဲ့ကျားသည် အမူအရာမဲ့စွာ တံတောင်ဖြင့်ထိုလူ၏ဗိုက်ကိုတွတ်လိုက်သည်။ ကျီရွှမ်က ကိုယ်ကိုကိုင်းကာ နာကျင်သည့်အသံကိုတီးတိုးပြုပြီး "...နာတယ်ဟ"

ယဲ့ကျားက လူသုံးယောက်ကိုကြည့်သည်။ သူတို့သည် ထိတ်လန့်ဖွယ်သတင်းကြောင့် ပြောစရာစကားမဲ့နေပြီး သူတို့၏စိတ်မှာလည်း ပကတိဟောင်းလောင်းဖြစ်နေကာ အရှေ့မှလူနှစ်ယောက်ကို ကြောင်တောင်တောင်ဖြင့်ကြည့်နေကြသည်။ သူတို့စိတ်က မယုံကြည်နိုင်မှုနှင့်စိတ်ဓာတ်ကျမှုကြားတွင် ရှေ့တိုးနောက်ငင်လွန်ဆွဲနေပုံရ၏။

ယဲ့ကျားခမျာ ခေါင်းထိုးကိုက်လာသည်။ သူ၏မျက်ခုံးရိုးကြောများကိုနှိပ်နေကာ "ရပါတယ်.....ဘယ်လိုဖြစ်ဖြစ် ဒီလူကဂိမ်းထဲမှာငါ့နောက်ကိုတကောက်ကောက်လိုက်နေခဲ့တဲ့ကလေးလေ"

ဝေ့ရွှယ်ချုးမှာ လန့်ဖျန့်သွားသည်။ သူမမျက်လုံးများသည် စကောခန့်ပြူးထွက်လာပြီး လက်ရှိအခြေအနေမှာပင် အေးအေးလူလူပြုံးပြနေနိုင်သေးသောလူကိုလက်ညိုးပြကာ "ရှင်...ရှင်က...."

မဖြစ်နိုင်တာ.....!

အိပ်မက်ဖန်တီးရှင်ရဲ့ ကုမ္ပဏီမှာတွေ့ခဲ့ရတဲ့ ချစ်စရာကောင်းတဲ့ကောင်လေးက....တကယ်ကြီးကျီရွှမ်လား?

ကျီရွှမ်ကမျက်ခုံးပင့်ကာဆိုသည်။ ထွက်လာသောသူ၏အသံမှာလူငယ်လေးတစ်ယောက်၏ ညင်သာသိမ်မွေ့သောအသံပင်။

"ဘာလဲ...မမှတ်မိကြတော့ဘူးလား..ကျွန်တော်နာတယ်ဗျ"

ဝေ့ရွှယ်ချုး၏မျက်လုံးများကား ပေါက်ထွက်လာတော့မည်။

"!!!!"

သူ၏ဆံပင်များနှင့်ကြက်သီးမွှေးများ တမဟုတ်ချင်းထောင်ထကုန်၏။

ဖာ့ခ်...ဒီလူကကြောက်စရာကောင်းလိုက်တာ!!

သူမယဲ့ကျားထံပြန်လှည့်လိုက်သည်။

"ဒါဆို....သူပြောတာတွေကရှင့်ကိုစိတ်ဆိုးစေတာလား၊ သူက...."

"အို့...အဲဒါလား"

ကျီရွှမ်က ပျင်းရိပျင်းတွဲဖြင့်ခုံနောက်ကျောကိုမှီသည်။ မျက်လုံးနက်များအတွင်း အပြုံးတစ်စရှိနေ၏။

"ငါအဲဒီတုန်းကသူ့ကို့သတ်ချင်နေတာ"

လူတိုင်း: "?!"

ယဲ့က်ားအမူအရာက မပြောင်းလဲပေ။ "ဟုတ်တယ်...သူကငါ့ကိုသရဲဖြစ်စေချင်တာလေ"

လူတိုင်း: "?!!!"

နေစမ်းပါဦး....ဒီတိုးတက်မှုကြီးကဘာလဲဟ?

ကျီရွှမ်က အကျႌကော်လံကိုအောက်ဆွဲချပြီး သူ၏ဖြူဖတ်ဖြူရော်ရင်ဘတ်ကအနာရွတ်ကိုပြသည်။ သူ၏နောက်ထပ်ပြောလာသည့်စကားကနောင်တရနေသယောင်ပင်။

"အဲဒါကြောင့်ပဲ ငါသင်ခန်းစာရသွားတာ"

လူတိုင်း: "......"

သူတို့၏အမူအရာများက လုံးဝကိုဗလာသက်သက်ဖြစ်နေသည်။ တခဏမျှသူတို့သည် အနှီ....ထူးဆန်းပြီးခန့်မှန်းရခက်သည့်ဆက်ဆံရေးကိုဘယ်လိုတုံ့ပြန်ရမည်မသိ။ ကျီရွှမ်ကတခုခုကိုတွေးမိပြီး "အို့...ဟုတ်သားပဲ...ငါကသူ့ရဲ့...."

ကောင်မလေး။

ယဲ့ကျားက ခံစားချက်မရှိသည့်မျက်နှာဖြင့် သူ့ခြေထောက်ကိုပြန်ကြွမရအောင် အညှာအတာမဲ့စွာဖိနင်းထားသည်။ ထိုအချိန်၌ ရထားတွဲကယမ်းသွားပြီး သတ္တုအချင်းချင်းပွတ်တိုက်သည့်အသံကြောင့် ရထားသွားနေသည့်အရှိန်ကနှေးလာသည်။ ယဲ့ကျားက လိုက်ကာကိုပင့်တင်ကာ အလျင်စလိုပြောလိုက်သည်

"ရောက်ပြီ"

သူဖြည်းဖြည်းချင်းမတ်တပ်ရပ်ပြီး ဘေးမှလူကိုကျော်သွားသည်။

"အသင့်ပြင်ထား...ငါတို့ဆင်းရတော့မယ်"

သူထွက်သွားပြီး ထပ်သိချင်နေသေးသောမျက်လုံးသုံးစုံကို အနောက်တွင်ချန်ထားရစ်ခဲ့သည်...ခဏေလး..ဘာကြီးလဲ?...သူဘာပြောမလို့ပါလိမ့်....

သူတို့အရှေ့မှလူက သေးငယ်လှသောအပြုံးပြုံးပြပြီး နောက်တစ်စက္ကန့်တွင် သူတို့အားတုံ့ပြန်ချိန်ပင်မပေးဘဲ အရပ်ရှည်ရှည်ဖြင့် တစ္ဆေဘုရင်နေရာတွင် မျက်ဝန်းနက်များဖြင့်ပိန်ပါးပါးလူငယ်လေးတစ်ယောက်အသွင်အစားထိုးသွားသည်။ သူသည်ခုံပေါ်မှထလာပြီး ယဲ့ကျားပျောက်သွားသည့်နေရာသို့ပြေးလိုက်လာသည်။

"ကိုကို...ကျွန်တော့်ကိုစောင့်ဦး!"

ချန်းချင်းယဲ့: "...."

ဝေ့ရွှယ်ချုး: "....."

ဘလပ်စ်: "....."

တိတ်ဆိတ်နေသောလေထုကိုမည်သူကအရင် ဖျက်ဆီးလိုက်သည်မသိ။

"မင်းတို့နည်းနည်းကြောက်စရာကောင်းတာကိုမတွေ့လိုက်ဘူးလား"

"တွေ့လိုက်တယ်"

"သောက်ရမ်းကိုပဲ"