အပိုင်း ၁၀၉
Viewers 10k

Chapter 109



ရဲများရောက်လာကြသည့်အခါ တစ်ကိုယ်လုံးသွေးများပေနေသောကောင်လေးသည် သွေးအပြည့်ဖြင့်အခန်းထဲရှိသူ၏မိခင်အလောင်းဘေးတွင် မိုးရေကြောင့်ရွှဲနစ်နေသောဆံပင်ဖြင့်ဒူးထောက်ထိုင်နေသည်။နံဘေးမှသူ၏အဖေအလောင်းမှာ တဖြည်းဖြည်းချင်းအေးစက်လာနေပြီး သစ်သီးလှီးဓားကသူ၏ရင်ဘတ်တွင်စိုက်နေဆဲ။

ဒေါက်တာချန်း နောက်တစ်ကြိမ်သက်ပြင်းချမိပြန်သည်။

"နောက်ပိုင်းကျတော့ ရဲတွေက ကလေးကသူ့ကိုယ်သူကာကွယ်ခဲ့ရုံပဲလို့ကောက်ချက်ချပြီး အမှုမဖွင့်ခဲ့ဘူး၊ ဆွေမျိုးသားချင်းတွေလည်းရှာမတွေ့တော့ မွေးစားပေးမယ့်မိသားစုကိုပဲပို့လိုက်ရတယ်"

သူမသည် ရုတ်ချည်းတစ်ခုခုကိုတွေးမိပုံရပြီး စကားပြောရပ်သွားသည်။ဒေါက်တာချန်းသည်ခေါင်းမော့ကာ သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသောယဲ့ကျားကိုကြည့်ပြီး ရှက်နေပုံဖြင့်ဆို၏:

"အို့...အသက်ရလာတော့ပြောချင်တာတွေပြောနေမိတယ်၊ ကောင်လေး၊ မင်းထပ်မေးလိုက်တာဘာလဲ"

"သေဆုံးသူအမျိုးသမီးရဲ့ကိုယ်ပေါ်မှာ...ပျောက်နေတဲ့အဂါၤအစိတ်အပိုင်းများရှိသေးလား"

"အဲဒါကေတာ့......"

ဒေါက်တာချန်းတစ်ယောက် ငြိမ်ကျသွားသည်။ တဖက်လူက ထိုသို့သောမေးခွန်းမျိုးကိုမေးလာလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ သူမသည် မျက်ခုံးများကိုတွန့်ကွေးထားပြီး အတွေးထဲ၌နစ်မြုပ်နေပြီးမှပြောလာသည်။

"အဲဒီအချိန်က အလောင်းကကြောက်စရာကောင်းနေတော့၊ ငါလည်းပျောက်နေတဲ့အဂါၤအစိတ်အပိုင်းရှိမရှိသေချာမသိဘူး"

ယဲ့ကျားက သူမအဖြေကိုမအံ့ဩမိပေ။ ရှေ့လက သေခဲ့သောအလောင်းပင် လက်မည်းလေးကြောင့်သာမဟုတ်ပါက နှလုံးပျောက်နေသည်ကိုသူသတိထားမိမည်မဟုတ်။

"ဒါဆို စစ်ဆေးနေတုန်းမှာ ထူးဆန်းတာတွေ့မိသေးလား"

ဒေါက်တာချန်း၏မျက်ခုံးများက နက်နက်နဲနဲကြုံ့ဝင်သွားပြန်ပြီး သူမမှတ်ဉာဏ်များကိုပြန်လည်ဖော်ထုတ်နေပုံရသည်။

"ဟင်?...ငါတော့မတွေ့ခဲ့မိပါဘူး"

အဖြေကို ကြိုတင်မျှော်လင့်ပြီးသားဖြစ်သည့်တိုင် သူအနည်းငယ်တော့စိတ်ပျက်သွားခဲ့သည်။ သူစာရွက်အလွတ်တစ်ရွက်ပေါ်တွင် သူ၏ဖုန်းနံပါတ်ကိုချရေးပြီး စားပွဲပေါ် ချပေးလိုက်သည်။

"တစ်ခုခုမှတ်မိလာတာရှိရင် အချိန်မရွေးဆက်သွယ်လိုက်ပါ"

ထို့နောက် ယဲ့ကျားကမတ်တပ်ရပ်ပြီး ထွက်သွားရန်ပြင်သည်။ ထိုအခိုက်အတန့်မှာပင် ဒေါက်တာချန်း၏ အားနည်းဖျော့တော့သောအသံကအနောက်မှထွက်ပေါ်လာသည်။

"အာ...နည်းနည်းထူးဆန်းနေတာတော့ရှိသလိုပဲ"

ယဲ့ကျား၏ကိုယ်က အနည်းငယ်တောင့်ဆတ်သွားသည်။ သူပြန်လှည့်ကြည့်လိုက်၏။ အမျိုးသမီးကြီးသည် ခေါင်းမော့လာပြီး ယဲ့ကျားအားသူမ၏မှုန်မှိုင်းနေသော မျက်လုံးများဖြင့်ကြာညောင်းခဲ့ပြီးသော မှတ်ဉာဏ်များကိုရလာသယောင်ကြည့်လာသည်။

"ကျောရိုးမှာထူးဆန်းနေတာတော့ရှိတယ်ထင်တယ်...ဓားထိုးခံရလို့ကျန်ခဲ့တဲ့ဒဏ်ရာနဲ့လည်းမတူဘူး...ဒါပေမဲ့ အဲဒီအချိန်ကတခြားဖြေရှင်းပြစရာလည်းမရှိခဲ့ဘူးလေ"

ယဲ့ကျား၏ အသက်ရှူသံများက ရပ်တန့်သွားသည်။

"ကျွန်တော့်ကို ပုံဆွဲပြပေးနိုင်မလား"

အဆောင်အပြင်ဘက်တွင် နေသာနေသည်။ နွေးထွေးသောနေခြည်အလင်းတန်းသည် ကော်ရစ်တာမှအေးစက်သောလေများကို သန့်စင်လိုက်သည်။ ယဲ့ကျားကခေါင်းငုံ့ကာ သူ၏လက်ထဲမှပုံဆွဲစာရွက်ကိုကြည့်သည်။ အမျိုးသမီးကြီး၊လက်များက မငြိမ်ဘဲတုန်နေခဲ့သော်ငြား ယဲ့ကျားအတွက် မှတ်မိဖို့ရာလုံလောက်သည်။

၎င်းသည် ရင်းနှီးနေသောတံဆိပ်တစ်ခုပင်။ စီမံခန့်ခွဲရေးဗျုရို၏တံဆိပ်။

သူ၏လက်ချောင်းများက တင်းကျပ်လာသောကြောင့် စာရွက်ပေါ်တွင်တွန့်ကြေရာများကျန်ရစ်ခဲ့သည်။

ယဲ့ကျား ဖြည်းဖြည်းချင်းအသက်ရှူလိုက်သည့်တိုင် အသက်ရှူသံကအနည်းငယ်တုန်ယင်နေသည်။ သူသည်အံကြိတ်ပြီး စာရွက်ကိုအကျအနခေါက်ကာ အိတ်ကပ်ထဲထည့်လိုက်၏။ ထို့နောက် သူဖုန်းထုတ်ပြီးအခြားအမှုနှစ်ခုကိုသွားစစ်ဆေးနေသော ချန်းချင်းယဲ့နှင့်ဝေ့ရွှယ်ချုးကိုဖုန်းခေါ်လိုက်သည်။

"အလောင်းရဲ့ကျောရိုးတွေကိုသတိထားကြည့်ကြ၊ ထူးဆန်းတဲ့အမှတ်ပါနေလားဆိုတာစစ်ဆေးကြည့်"

ဖုန်းချပြီးသည့်နောက် ယဲ့ကျားသည်ဖုန်းကိုလက်ထဲတွင်ဆက်လက်ကိုင်ထားခဲ့သည်။ သူ၏မျက်နှာပေါ်တွင်ပြီးပြည့်စုံသောမျက်နှာဖုံးတစ်ခုတပ်ဆင်ထားသည့်အတိုင်း မည်သို့သောအမူအရာမျိုးမှရှိမနေပါချေ။ ကျီရွှမ်က နံဘေးတွင်ရပ်ကာ လူငယ်လေးအား အနီရောင်မျက်လုံးများဖြင့်မလှုပ်မယှက်ကြည့်နေခဲ့သည်။

နှစ်ယောက်လုံးသည် တစ်ခုခုအားစောင့်နေသယောင် တိတ်တဆိတ်သာရပ်နေခဲ့ကြ၏။ ခဏအကြာ၌ လူငယ်လေးလက်ထဲမှဖုန်းကတုန်ခါလာသည်။ ယဲ့ကြားသည် ကြက်သေသေသွားပြီးနောက် အသိစိတ်ကပ်သွားသလို ဖုန်းကိုပြန်ကြည့်လိုက်သည်။
ဝေ့ရွှယ်ချုးနှင့်ချန်းချင်းယဲ့တို့နှစ်ယောက်လုံး သူ့ထံမက်ဆေ့ချ်ပို့ထားကြသည်။

အလောင်းအများစုသည် မြေမြုပ်ပြီး သို့မဟုတ် သင်္ဂြိုလ်ပြီးသားဖြစ်ပြီးမူလအခြေအနေတွင်မရှိတော့ပေ၊ သို့သော် ထိုအမှုတွဲမှတ်တမ်းကိုစစ်ဆေးကြည့်ပြီး အလောင်းစစ်ဆေးချက်အဖြေများအရ အလောင်း၏ကျောရိုးပေါ်တွင်အမည်းရောင်အမှတ်အသားများတွေ့ရသည်။ ၎င်းတို့ကအရိုးအပေါ်သို့လည်းမသက်ရောက်သလို ရောဂါကြောင့်လည်းမဟုတ်ရပ၊ ထို့ကြောင့် သူတို့သည် သာမန်ရိုးကျအတိုင်းရေးမှတ်ထားကြပြီး၎င်း၏ပုံစံနှင့်ပတ်သက်၍ အသေးစိတ်မရေးပြထားချေ။

စုစုပေါင်းအလောင်းနှစ်ဆယ်အနက်မှ အလောင်းလေးလောင်းကိုသာထိုအမှတ်အသားရှိကြောင်း အစီအရင်ခံထားသည်။ အလောင်းက လေးလောင်းသာရှိနိုင်သည့်တိုင် ဆရာဝန်များမှာဖြစ်နိုင်ချေတစ်ခုကိုလွဲချော်ခဲ့ကြသည်။ ထို့အပြင် ကျောရိုးပေါ်ရှိအမည်းရောင်အမှတ်အသားက ထိုအချိန်ကသူတို့အာရုံစိုက်နေခဲ့ကြသည့် အရာမဟုတ်ခဲ့နိုင်ချေရှိသည်။

ယဲ့ကျား၏ ဖုန်းအားကိုင်ထားသည့်လက်ချောင်းများက တင်းကျပ်လာသည်။ သူသည် အဝေးတစ်နေရာသို့ခဏတာခန့်ကြည့်နေပြီးမှ ကျီရွှမ်အားလှမ်းကြည့်လာ၏:

"ငါသချိုင်းကိုသွားကြည့်မယ်"

သချိုင်းသည်အလွန်အိုဟောင်းနေလင့်ကစား လိုအပ်သည့်အရာတိုင်းကို တစ်ကြိမ်တည်းဖြင့်ရနိုင်သည်။ အုတ်ဂူကိုလာကန်တော့သည့် လူများရှိနေပြီး အုတ်ဂူများ၏ရှေ့တွင် လတ်ဆတ်နေသောပန်းများနှင့် ညိုးခြောက်နေသောပန်းများအစုံရှိနေသည်။ အေးစက်သောကျောက်အုတ်ဂူသည် ဖုန်မှုန်များလွှမ်းခြုံနေပြီး ဘေးပတ်လည်တွင်မြက်ပင်များအစုလိုက်ပေါက်နေသည်။ ၎င်းထီးထီးတည်းသော အုတ်ဂူသည်လာရောက်ဂါရဝပြုသူ မရှိသည်မှာကြာမြင့်ခဲ့ပြီဖြစ်ကြောင်းသိသာလှ၏။ ယဲ့ကျားက ကိုယ်ကိုငုံ့ကိုင်းပြီး ကျောက်အုတ်ဂူပေါ်သို့ညင်သာစွာလက်တင်လိုက်၏။

သူ၏လက်ဖဝါးပြင်သည် အေးစိမ့်သောကျောက်အုတ်ဂူ၏မျက်နှာပြင်နှင့်ထိတွေ့သွားသည်။ သူ တစေပိုင်နက်ကိုဖွင့်ကာ လက်မည်းလေးအားဆွဲထုတ်လိုက်သည်။

ဖုန်းကိုကိုင်ထားသည့်လက်မည်းလေးမှာ သတိလက်လွတ်ပါလာလေသည်။

"ဟေ့...ဟေ့...ဟေ့...မင်းဘာလုပ်တာလဲ"

ယဲ့ကျားဆွဲထုတ်သည်ကိုခံလိုက်ရသည်တွင် ၎င်းကဆဲဆိုလေတော့၏။

"မင်းငါ့ကို ကြိုတင်ပြီးပြောပါလား!"

လက်သည်းများနှင့်ကုပ်ခြစ်နေသောလက်မည်းလေးက ကျီရွှမ်အားမြင်ပြီးနောက် တမဟုတ်ချင်းရပ်သွားလေ၏။

ကျီရွှမ်၏မျက်လုံးအကြည့်က ၎င်းနှင့်ခံစားချက်ကင်းမဲ့စွာဆုံတွေ့သွားသည်။ လက်မည်းလေးသည် အလွန်တရာထိတ်လန့်သွားရပြီး ယဲ့ကျားလက်အားမြဲမြဲကိုင်ထားလိုက်သည်။

"အစ်ကိုကြီး...ကျွန်တော့်ကိုဘာလုပ်စေချင်လို့လဲ၊ အမိန့်သာပေးလိုက်ပါ!"

ယဲ့ကျားက သူ့အားအုတ်ဂူပေါ်သို့ပစ်ပေါက်လိုက်လေသည်။

"အထဲဝင်သွားပြီး ကြည့်လိုက်"

လက်မည်းလေး: "ဟမ်?"

ယဲ့ကျားကလေကိုတဝကြီးရှူကာ: "ငါမှတ်မိသေးတယ်၊ ငါတို့ပထမဆုံးတွေ့ခဲ့တဲ့ အရေဆုပ်တစ္ဆေ တွေနဲ့အဆောက်အအုံမှာတုန်းက မင်းညစ်ညမ်းဝိညာဉ်တွေစားမိပြီး အသိစိတ်ပျောက်သွားဖူးတယ်ဆို? ဟုတ်လား..

လက်မည်းလေးကတပတ်လည်လာသည်။

"ဟုတ်တယ်လေ"

ယဲ့ကျားကငုံ့ကြည့်ပြီး: "မင်းက သူတို့နှလုံးကိုဆွဲထုတ်ခံလိုက်ရတဲ့ အလောင်းတွေရဲ့ အငြိုးကိုလည်းခံစားလို့ရတယ်ဆို? ဟုတ်လား"

လက်မည်းလေးက ဇဝေဇဝါဖြစ်လာသော်ငြား လိမ်လိမ်မာမာဖြင့်ဖြေပေးရှာသည်။

"ဟုတ်တယ်"

ယဲ့ကျားသည် ကျောက်အုတ်ဂူကိုလက်ညိုးထိပ်လေးဖြင့်အသာအယာပွတ်သပ်နေပြီးမှ: "အထဲဝင်သွားပြီးစစ်ဆေးကြည့်၊ အဲဒါတွေကလည်းညစ်ညမ်းနေလားဆိုတာ"

လက်မည်းလေးက 'အိုကေ' ဟုဆိုကာ မြေကြီးများကြားထဲပျောက်သွားသည်။ မိနစ်အနည်းငယ်အကြာ၌ မြေကြီးအောက်ထဲမှ မသဲမကွဲစကားပြောသံထွက်လာ၏။

"ဘာမှမရှိဘူး"

ယဲ့ကျားကအံ့ဩသွားသည်။

ဘာမှမရှိဘူးတဲ့လား...

"ကျောရိုးကိုစစ်ဆေးကြည့်...အဲဒီမှာ...."

သူပြော၍ပင်မဆုံးသေးခင် မြေကြီးအောက်မှထွက်လာသည့်လက်မည်းလေး၏နှောင့်ယှက်မှုကို ခံလိုက်ရသည်။ ၎င်းကဖြည်းဖြည်းချင်းထွက်လာပြီး ယဲ့ကျားထံသို့လာကာစိတ်မရှည်စွာဖြင့်ဆိုသည်:

"ဘုရားရေ၊ မင်းငါပြောနေတာကို နားမလည်ဘူး၊ အောက်မှာဘာမှမရှိဘူးလို့!"

ထိုအခိုက်အတန့်မှာပင် ယဲ့ကျားသည်မိုးကြိုးပစ်ချခံလိုက်ရသည့်အတိုင်း အနောက်သို့တလှမ်းခုန်ဆုတ်ပြီး ဓားတစ်ချောင်းနှင့်တူနေသောလက်မည်းလေးအားကြည့်နေသည်:

"ဘာဖြစ်တယ်?"

ဘာမှ...မရှိဘူး?

လက်မည်းလေးသည် ယဲ့ကျားကြောင့်ကြက်သေသေသွားသည်။ လက်ချောင်းလေးများက လှုပ်ခါနေပြီး ဇဝေဇဝါဖြင့်ထူးဆန်းနေသည့်အသွင်ဖြစ်စေသည်။

"ဟုတ်တယ်၊ အခေါင်းထဲမှာဘာမှမရှိဘူး"

အခေါင်းအလွတ်ကြီး?

ယဲ့ကျားသည် သချိုင်းအလယ်တည့်တည့်တွင်ကြောင်ရပ်နေမိ၏။ သူ၏ခြေထောက်များက အောက်ဘက်ရှိပျော့ပျောင်းစွတ်စိုသောမြေကြီးပေါ်တွင်အမြစ်တွယ်ထားသလိုဖြစ်နေပြီး မျက်လုံးအစုံသည် အရှေ့ဘက်ဆီမှ ကျောက်အုတ်ဂူထက်ဝယ် ဗလာသက်သက်တွေကြည့်နေ၏။၎င်းပေါ်မှ ထွင်းထုထားသောစာလုံးတစ်လုံးချင်းစီသည် ရင်းနှီးနေပြီးအားလုံးပေါင်းကြည့်လိုက်သည်တွင် သူမမှတ်မိသည့်အရာဖြစ်နေပြန်သည်။ သူ၏စိတ်အစဉ်သည်ကမောက်ကမ:

"ဟုတ်သားပဲ!"

လက်မည်းလေးကား မှတ်မိသွားသည့်အရာရှိသည်ထင်။

"အခေါင်းကလွတ်နေပေမဲ့ အခေါင်းအောက်ခြေမှာတစ်ခုခုရှိသလိုပဲ..."

ယဲ့ကျားမွာ အိပ်မက်မှလန့်နိုးလာသည့်နှယ်။ ကြောက်စရာကောင်းသည့်မျက်လုံးများဖြင့် လက်မည်းလေးအားခဏတွင်းချင်းလှည့်ကြည့်လာသည်။ အသံမှာမတိုင်ခင်ကနှင့်မတူဘဲ အက်ကွဲနေသောကြောင့် မူရင်းအသံကိုပင်ကြားရရန်ခက်ခဲသည်။

"ဘာလဲ"

လက်မည်းလေးကထိတ်လန့်သွားသည်။ ၎င်းသည်အလိုအလျောက်အနောက်ယို့သွားပြီး ထစ်ငေါ့စွာဖြင့်: "ဒီ...ဒီတိုင်း...တစ်ခုက..."

ကျန်နေသေးသောစကားလုံးများက သူ၏လည်ချောင်းထဲတွင်တစ်စို့နေသည်။ လူငယ်လေးက တံစဉ်ကြီးအားဆွဲထုတ်လိုက်ရာ နေရောင်အောက်တွင် ၎င်း၏အသွားက အေးစက်စက်ဖြင့်မျက်စိကျိန်းဖွယ်ရောင်ပြန်ဟပ်နေသည်။ သူ၏အသံကတိုးလျအောရှနေသည်၊ ရေခဲပြင်ချပ်များအောက်မှ ချော်ရည်ပူများနှင့်အလားတူသော ပြင်းပြသည့်ခံစားချက်များမပေါက်ထွက်သွားစေရန် ချုပ်တည်းနေရသည့်အတိုင်း။

"ဘေးဖယ်စမ်း"

လက်မည်းလေးခမျာ ကြောင်တက်သွားသည်။ ထို့နောက် ထိတ်လန့်တကြားဖြင့်တုန်ချိစွာ ထောင့်ဘက်သို့တရွေ့ရွေ့ကပ်သွား၏။

နောက်တစ်စက္ကန့်တွင် ဓားသွားသည် အောက်ဘက်မှပျော့ပျောင်းသည့်မြေဆီလွှာကိုခုတ်ပိုင်းပစ်လိုက်သည်။ ကမ်ဘာမြေပြင်သည်အေးစက်စိုထိုင်းသည်။ မြေကြီးကွဲထွက်သွားသည်နှင့် အောက်ဘက်မှအခေါင်းလည်းပေါ်လာ၏။ လူငယ်လေး၏အေးစက်ဖျော့တော့သည့်လက်ချောင်းများမှာ တံစဉ်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားသည်၊ အားပြင်းလွန်းသောကြောင့် ၎င်း၏လက်ချောင်းများမှာဖြူဆုတ်လာရ၏။ သို့ထိတိုင်တုန်ယင်မနေပါချေ။ မိုးကြီးလေကြီးကျနေခဲ့ချိန်က သူ၏အဖေရင်ဘတ်အားဓားဖြင့် ထိုးစိုက်ခဲ့စဉ်ကအတိုင်း။

လက်မည်းလေးကား ၎င်းအားကျောပေးထားသူကိုကြည့်နေသည်။ လူငယ်လေး၏ကျောပြင်သည် ဖြောင့်တန်းနေကာ အုတ်ဂူရှေ့တွင်မယိမ်းမယိုင်ရပ်နေသည်။

ချက်ချင်းပင် မမြင်ရသည့်အားတစ်ခုက လက်မည်းလေးအားအနောက်ပြန်ဆွဲလိုက်သည်။ လက်မည်းလေးက ကြောင်အန်းအန်းဖြင့်နောက်လှည့်ကြည့်လိုက်ရာ မျက်ဝန်းနီနီ။ အေးတိအေးစက်ပုံဖြင့်လူတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည်၊ ၎င်း၏ကိုယ်ပေါ်မှ အရှန်အဝါတစ်ခုကိုထုတ်လွှတ်နေသည်။

လက်မည်းလေးကရုန်းကန်ချင်သည့်တိုင် ထိုသူကစကားမပြောဘဲလက်မည်းလေးအားခေါင်းခါပြလေသည်။ သူသည်အဝေးမှလူငယ်လေးအားလှမ်းကြည့်နေပြီး မျက်လုံးအောက်ခြေတွင်ဖော်ပြမရသောခံစားချက်များနစ်မြုပ်နေ၏။ ယဲ့ကျားကအခေါင်းရှေ့တွင် ဖြည်းဖြည်းချင်းကိုယ်ကိုငုံ့ကိုင်းလိုက်သည်။ အခေါင်းသည် မြေကြီးထဲတွင်အနက်ကြီးမြုပ်နေခဲ့ခြင်းမဟုတ်၍ လက်ဖြင့်ပင်ဆွဲထုတ်၍ရသည်။ ယဲ့ကျား၏လက်သည်လေထဲတွင်ရပ်နေပြီးမှ အခေါင်းကိုဖြည်းဖြည်းချင်းထိတွေ့လိုက်၏။

ထို့နောက် အဖုံး၏မျက်နှာပြင်က အပေါ်ယံခုတ်လိုက်ခြင်းကြောင့် 'ဂလောက်' ခနဲအသံဖြင့်ပွင့်သွားကာ အပိုင်းပိုင်းပြတ်သွားပြီးဘာမျှမရှိသည့်အတွင်းပိုင်းကထွက်ပေါ်လာသည်။

လက်မည်းလေးပြောသည့်အတိုင်း။ အခေါင်းကအလွတ်သာ။ အတွင်းဘက်၌ မည်သည့်အရာမှရှိမနေခဲ့ပေ။ ယဲ့ကျား၏အကြည့်က အခေါင်း၏အောက်ခြေတွင်ရပ်သွားသည်။

အနက်ရောင်အမှတ်အသားသည် သစ်သားအပိုင်းအစတစ်ခုပေါ်တွင်တံဆိပ်ခတ်ထားလျက်သားရှိနေသော်ငြား သွေးစက်တစ်စက်နှင့်တူသည်။ ယဲ့ကျားကလက်ဖြင့် သစ်သားအစအနများကိုဖယ်လိုက်သည်တွင် ၎င်း၏ပုံသဏ္႑ာန်ပေါ်လာလေသည်...၎င်းသည်ဌာနချုပ်၏ တံဆိပ်ဟောင်းပင်။ သို့သော် မျက်လုံးပါသည့်သတ္တုသေတ္တာပေါ်မှ ပုံစံနှင့်နှိုင်းယှဉ်ကြည့်ပါက လွတ်နေသည့်နေရာများ၌ စုတ်ချက်အချို့ကိုဖြည့်ဆွဲထားပြီး ပိုမိုပြည့်စုံအောင်ပြုလုပ်ထားသည်။

ယဲ့ကျားသည် အခေါင်းပေါ်မှအမှတ်အသားတစ်ခုကိုထိကြည့်သည်။ ခြောက်ကပ်နေသောသွေးများသည် အခေါင်းတလားဟောင်းပေါ်တွင်ကပ်နေသည်။ ထိကြည့်ရုံဖြင့်ပင် ယဲ့ကျားသည် ပန်းချီကအခေါင်းနီးပါးမျှဟောင်းနေပြီဖြစ်ကြောင်းသိသည်။

မြေမြုပ်လိုက်တဲ့အချိန်မှာတောင် အခေါင်းကအလွတ်ဖြစ်နေလောက်လား?

ဒါဆို...သူ၏မိခင်အလောင်း မည်သည့်နေရာတွင်ရှိနေမည်နည်း။

ယဲ့ကျား၏လက်များက တဆတ်ဆတ်တုန်လာသည်။ သူသည်ယဲ့ယဲ့မျှအသက်ရှူပြီး သွားများကိုကြိတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ဌာနသည်ပါဝင်ပတ်သတ်နေခဲ့သည်။

အေးစက်သည့်မီးတောက်များမှာ လူငယ်လေး၏မျက်လုံးအောက်ခြေ၌တိတ်ဆိတ်စွာလောင်ကျွမ်းနေခဲ့သည်။ ၎င်း၏မျက်နှာတွင်ခံစားချက်အထူးတလည်မရှိပေ၊ သို့သော် ၎င်းပတ်လည်မှလေထုက အသက်ရှူကျပ်ဖွယ်။ ယဲ့က်ားက အနောက်ပြန်ဆုတ်ကာရပ်လိုက်သည်။ ထိုအခိုက်မှာပင် လက်မည်းလေးအသံကသူ၏အနောက်မှထွက်လာသည်။

"ဟေး!"

အနည်းငယ်အံ့အားသင့်သွားကြောင့် သူအနောက်ပြန်လှန်ကြည့်လိုက်သည်။

လက်မည်းလေးကမျောလာပြီး အခေါင်းတွင်ရပ်သွားသည်။ ၎င်းသည်တစုံတရာကိုတွေးတောနေသယောင် ပတ်ချာလည်နေပြီး အောက်သို့နိမ့်ဆင်းသွားသည်။ မိနစ်အနည်းငယ်အကြာ၌ အော်သံခပ်တိုးတိုးကမြေကြီးအောက်မှထွက်လာ၏။

ယဲ့ကျားကအံ့အားသင့်သွားရပြီး ရှေ့သို့ခြေတစ်လှမ်းတိုးမိသည်။ သို့သော် သူပင်ဘာမှမလုပ်ရသေးခင် လက်မည်းလေးကမြေကြီးအောက်မှတိုးထွက်လာသည်၊ ၎င်းသည် တစုံတရာ၏လက်မှလွတ်မြောက်လာပုံရကာ အခေါင်း၏အစွန်အဖျားတွင်တွဲလောင်းချိတ်နေလေသည်။

"အောက်မှာ...အောက်...အောက်မှာ...."

ယဲ့ကျား၏အကြည့်များက နက်မှောင်သွားသည်။ သူသည်၎င်းကိုမြေကြီးအောက်မှဆွဲထုတ်ပြီး ပုခုံးပေါ် ပစ်တင်ကာ တံစဉ်ကိုဆွဲထုတ်လိုက်၏။ ယဲ့ကျားအကြည့်များက အရှေ့ရှိကျောက်သားအုတ်ဂူတွင် တခဏမျှရပ်နေပြီး မချိတင်ကဲဖြစ်နေမှုတို့က ၎င်း၏မျက်လုံးအောက်တွင်ခပ်ဖျော့ဖျော့ရိပ်သန်းနေသည်။ ထို့နောက် သူသည်အကြည့်ကိုပြန်ရုတ်သိမ်းကာ လက်ကိုဖြည်းဖြည်းချင်းမြှောက်ကာ အရှေ့မှအခေါင်းတလားကိုဖျက်ဆီးပစ်ရန်ဟန်ပြင်သည်။ ထိုအခိုက်မှာပင် အေးစက်စက်လက်တစ်ဖက်က သူ၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်လာ၏။

ယဲ့ကျားမှင်သက်သွားကာ လှည့်ပြီးဘေးမှလူကိုကြည့်လိုက်၏။ ကျီရွှမ်က မည်သည့်အချိန်တည်းကမသိ၊ သူ့ဘေးတွင်ရပ်နေသည်၊ သူ၏လက်သည်လူငယ်လေး၏ သေးသွယ်သောလက်ကိုအဓိပ္ပါယ်တစ်မျိုးဖြင့်ကိုင်ထားခဲ့သည်။ သူသည် အားအနည်းငယ်သုံးကာ လူငယ်အားအနောက်သို့ပြန်ဆွဲထားပြီး: "ငါလုပ်လိုက်မယ်"

စက္ကန့်အနည်းငယ်ကြာပြီးနောက် သွေးပင်လယ်သည်မြေပြင်ပေါ်မှကြွတက်လာပြီး အခေါင်းကိုပင့်တင်လိုက်သည်။ မမြင်နိုင်သောအားတစ်ခုသည် အောက်ဘက်မှမြေကြီးများကိုဖယ်ထုတ်ပစ်ပြီး ဆယ်မီတာအနက်ရှိမြေသားထုပေါ်လာသည်။ ကျီရွှမ်၏နဂိုတည်းမှသွေးရောင်မရှိသောမျက်နှာသည် ဖြူရော်လာသည့်တိုင် သူ၏မျက်နှာတွင် အမူအရာပြောင်းလဲမှုမရှိချေ။ ယဲ့ကျားကသူ့အားမျက်တောင်မခတ်ဘဲ ကြည့်နေသည်။

အခေါင်းအောက်ခြေတွင် အမေနှင့်ဆက်နွယ်မှုအရှိဆုံးအရာကို ဝှက်ထားသည်။ ဤသို့သောအရာမျိုးကိုလုပ်နေသူကလည်း သူနှင့်အမျိုးတူသောအမေကို သွေးချင်းတော်စပ်ပါလျက် တိုက်ရိုက်ဆန့်ကျင်နေသည်။ ထိုအချက်များကြောင့် သူယခင်က ကျီရွှမ်၏ကိုတိုက်ရိုက်အညီမတောင်းခဲ့ခြင်းပင်။

ဘာလို့....ကျီရွှမ်ကဒါမျိုးလုပ်ရတာလဲ....

ကျီရွှမ်ကဘာမှမပြောပေ။ သူသည်အေးအေးလူလူအနောက်ဆုတ်ပြီးဘေးဖယ်ပေးလိုက်သည်။ ယဲ့ကျားက ဆက်မကြည့်တော့။ ယခု လက်မည်းလေးကဘာမှမပြောလျှင်ပင် ယဲ့ကျားသည် ၎င်းအောက်မှတုန်လှုပ်ဖွယ်ပြောင်းလဲမှုကို အာရုံခံနိုင်သည်။

ကျီရွှမ်ကယခုလေးတင် ၎င်းဘေးမှဖယ်လိုက်သည်။ ဆယ်မီတာအနက်အောက်ခြေ၌ပင် လေထုကိုလုံးဝဖုံးကွယ်မထားနိုင်ပေ။ ယဲ့ကျား နှင့်လက်မည်းလေးကြောင့်သာမဟုတ်လျင် ၎င်းရှိနေသည်ကိုမသိဘဲဖြစ်သွားနိုင်သည် ထို့ပြင် အခြားကာကွယ်ရေးကိရိယာတစ်ခုသည်လည်း ၎င်းတွင်တပ်ဆင်ထားသည်။