အပိုင်း ၁၁၂
Viewers 10k

Chapter 112



ကောင်းကင်ကမှောင်စသန်းလာပြီ။

ဌာနချုပ်ဒါရိုက်တာသည် လေးလံနေသောခြေလှမ်းများကိုသယ်ကာ နှေးတိနှေးကန်ဖြင့်အိမ်ပြန်လာခဲ့သည်။ အရပ်ရှည်ရှည်ဖြင့်လူသည် လေ့ကျင့်ခန်းလုပ်ထားပြီးပင်ပန်းနေပုံပေါ်၏။ သူ၏ဆံပင်များကဖြူနေပြီဖြစ်သည့်တိုင် ခန္ဓာကိုယ်ဖွဲ့စည်းပုံကကောင်းမွန်နေသေးသည်။ ၎င်းမျက်လုံးအောက်ဘက်တွင် အမည်းရောင်အကွင်းနှစ်ကွင်းရှိနေသည်။ သူအနားမယူခဲ့ရသည်မှာကြာမြင့်လှပြီဖြစ်ကြောင်းသိသာနေသည်။

သူ လက်ဗွေနှိပ်ပြီးတံခါးဖွင့်ကာ အထဲဝင်သွားသည်။ သို့သော် ခြေလှမ်းဘယ်နှလှမ်းမှမလှမ်းရသေးခင် သူရုတ်တရက်ရပ်သွားခဲ့သည်။သူ၏အရှေ့မှအခန်းက မှောင်မည်းနေသည်။ အချို့အကြောင်းအရင်းများကြောင့် ဒါရိုက်တာသည်စောင့်ကြည့်ခံနေရသောခံစားချက်မျိုးရနေသည်။ အေးစိမ့်စိမ့်ခံစားချက်သည် သူ၏ကိုယ်ပေါ်သို့ဖြတ်ပြေးလာပြီး ထိန်းသိမ်းမရအောင်တုန်ယင်လာစေသည်။ သူသည်ချက်ချင်းပင်ခါးမှသေနတ်ကိုဖြုတ်ကာ အခန်းထဲရှိအမှောင်တွင်းသို့ချိန်ရွယ်ပစ်ခတ်လိုက်သည်။

"ဒိုင်း!"

သူ၏အနောက်မှတံခါးကပိတ်သွားသည်။

ဒါရိုက်တာ၏ကိုယ်လုံးက တုန်ခါနေပြီ။ သူ၏နောက်ကျောကဆွဲဆန့်ခံထားရသည့်အတိုင်း တောင့်တင်းနေပြီး သူ၏လက်ချောင်းများက သေနတ်ပေါ်တွင် မြဲမြံစွာရှိနေကာ အရှေ့မှအမှောင်ထုကိုချိန်ရွယ်ထားသည်။

"ဘယ်သူလဲ ထွက်လာခဲ့စမ်း!"

သူ၏အသံနေအသံထားမှာ လေးစားဖွယ်ကောင်းလှသည့်တိုင် စိတ်ထဲ၌ အကြောက်တရားများကအဆမတန်ကြီးထွားနေပြီ။ တစေၦတံခါးပွင့်လာတည်းက ရှိသမျှချိပ်တံဆိပ်များနှင့် အိမ်ပတ်လည်ကိုအခိုင်အမာကာကွယ်ထားသည်မှာသေချာသည်၊ မည်သည့်အရာမဆိုဝင်လာသည်နှင့် ခြေရာလက်ရာမကျန်ဘဲပြန်ထွက်သွားရန်ခက်သည်။

တကယ်...အမှန်တကယ်ကြောက်စရာကောင်းသည်။

စားပွဲတင်မီးအိမ်ကို ရှည်သွယ်ဖြူဖျော့သည့်လက်ချောင်းများက ဖွင့်လိုက်သည်။ အလင်းရောင်သည် အခန်းထဲရှိအမှောင်ထုကိုဖြိုခွင်းသွားသည်။ စားပြဲအနားမွ တစ်လုံးတည်းသောဆိုဖာတွင် လူငယ်တစ်ယောက်ထိုင်နေသည်။ အလင်းရောင်ကသူ၏မျက်နှာတခြမ်းပေါ်သာကျရောက်နေ၏၊ ရွှေအိုရောင်အလင်းသည် သူ၏ကေက်သရေရှိသောပုံရိပ်ကိုထင်ရှားစေသည်။

"ကောင်းသောညနေခင်းပါ"

"မင်းကဘယ်သူလဲ"

ဒါရိုက်တာ၏အသံက ခက်ထန်နေသည်။ သူသည်အနောက်သို့အနည်းငယ်ဆုတ်ကာ တဖက်လူနှင့်အကွာအဝေးတစ်ခုခြားလိုက်သည်။ အရှေ့မှလူငယ်လေးကပြုံးပြသည်:

"ကျွန်တော်ဘယ်သူလဲအရေးမကြီးပါဘူး"

လူငယ်သည် မတ်တပ်ရပ်ပြီး အလျင်မလိုဟန်ဖြင့်သူ့ထံလျှောက်လာသည်။ သူ၏သြယ္လ်သောပုံရိပ်သည်အလင်းနှင့်အမှောင်ကြားတွင်လိမ်ကောက်နေသည်၊ တဖက်လူကိုအသက်ရှူရခက်ခဲစေသည်အထိဖိနှိပ်ထားသည်:

"တကယ်အရေးကြီးတဲ့အရာကိုတော့ ခင်ဗျားသိမှာပါ"

ဆယ်မိနစ်အကြာ၌...

ဒါရိုက်တာသည်ဆိုဖာပေါ်တွင်ကြိုးတုပ်ခံထားရသည်။ သူ၏မျက်နှာမှာ သွေးရောင်မရှိတော့ဘဲ ချွေးသီးချွေးပေါက်များကနဖူးထက်မှကျဆင်းနေကာ သူ၏မျက်လုံးများကအရှေ့မှလူငယ်လေး၏ မပီမပြင်ပုံရိပ်ပေါ်၌ရှိနေသည်။ သူနည်းလမ်းပေါင်းစုံထုတ်သုံးခဲ့ရ၍ အားကုန်သွားပြီ၊ သူအကြပ်ကိုင်ရန်၊ ညှိနှိုင်းရန် မည်မျှကြိုးစားပါစေ တဖက်လူ၏လှုပ်ရှားမှုများကိုမရပ်တန့်နိုင်ပေ။ အချိန်များစွာကြာမြင့်ခဲ့လင့်ကစား အပြင်မှလှုပ်ရှားသံ ဘာဆိုဘာမှမကြားရသေးပေ။

အကူအညီကိုစောင့်နေရန် သူလုံးဝမရွေးချယ်ထားပေ။ သူ၏မျက်နှာကိုအလင်းထိုးထားသော်ငြား တဖက်လူကအမှောင်ထဲတွင်သာရှိနေသေးသည်။ ဤသို့သော အခြေအနေမျိုးက သူ့အားစိတ်လှုပ်ရှားစေရန်မွအပ မည်သည့်ကောင်းကျိုးမှမပေးသော်လည်း လေနှင့်မိုးပေါင်းစုံကိုကြုံတွေ့ခဲ့ရပြီးနောက် သူ၏ခံစားချက်မှန်သမျှကို မျက်နှာပေါ်တွင်ထုတ်မပြတော့ပေ။

"ဒီတော့ မင်းဘာသိချင်တာလဲ"

"လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်က"

လူငယ်လေး၏အသံက ကွာခြားခြင်းမရှိပေ။

"ဌာနကိုဘာလို့အသစ်ပြန်ဖွဲ့ရတာလဲ"

ဒါရိုက်တာ၏မျက်လုံးအိမ်က ကျဉ်းမြောင်းသွားသည်။ တဖက်လူ၏ေမးခွန်းတစ်ခုတည်းဖြင့် သူချက်ကောင်းကိုထိုးခံရမည်ဟု မမျှော်လင့်ခဲ့ပေ။သူအံကြိတ်ထားပြီး အသက်ရှူသံများကမြန်လာသည်။ လူငယ်လေးကသူ့အားအပေါ်မှမိုးကြည့်နေပြီး ထပ်မေးသည်။

"M မြို့က၊ ဘယ်လိုလုပ်တံခါးဖြစ်သွားရတာလဲ"

နဖူးပေါ်မှ ချွေးစက်များအလုံးလိုက်ကျလာသည်။ ၎င်းတို့ကလိမ့်ဆင်းလာပြီးပါးပေါ်မှတဆင့် ကော်လံထဲဝင်သွားသည်။

တဖက်လူက ဖြည်းဖြည်းချင်းကိုယ့်ကိုနှိမ့်လိုက်သည်။ ထိုသူ၏အသံသည်ရေခဲနေသောဓားသွားနှယ် အေးစက်နေ၏: "....ချီရော့ရဲ့အလောင်းကဘယ်မှာလဲ"

ဒါရိုက်တာသည် တစေၦသရဲတွေ့ရသလိုထိတ်လန့်သွားသည်။ သူသည်အရှေ့မှလူငယ်ကိုကြည့်နေသည်၊ အသံမှာအက်ကွဲလွန်းနေသောကြောင့် မူရင်းအသံကိုပင်မကြားရပေ။

"မင်း...မင်းက...ဘယ်သူလဲ"

စက္ကန့်အနည်းငယ်အကြာတွင် 'ကလစ်' ဆိုသောအသံဖြင့် အခန်းမီးပွင့်လာသည်။ ပိန်သွယ်သွယ်လူငယ်လေးသည် အကာအကွယ်မပါဘဲရပ်နေပြီး ပယင်းရောင်မျက်ဝန်းများက ဒေါသနှင့်ပျော်ရွှင်မှုများမရှိဘဲသူ့အားငုံ့ကြည့်နေသည်။

သူ၏ဖြူဖတ်ဖြူရော် နှုတ်ခမ်းများကကွေးတက်သွားပြီး အပြုံးဖျော့ဖျော့သန်းလာသည်။

"ကျွန်တော်ကယဲ့ကျားပါ"

ဒါရိုက်တာ၏မျက်နှာကဖြူဖွေးသွားသည်။ ဖြူဖတ်ဖြူရော်နှုတ်ခမ်းများက လူငယ်လေးကိုကြည့်နေရင်း တဆတ်ဆတ်တုန်ယင်နေပြီးမျက်လုံးအစုံကပြူးကျယ်နေ၏။ ယဲ့ကျားကပြုံး၏။

"ကြည့်ရတာ ဒီနာမည်ကိုကြားဖူးတယ်ထင်တယ်"

ဒါရိုက်တာသည် ခြင်ဖြတ်ပြေးသွားသောအသံဖြင့်ရေရွတ်လိုက်သည်: "မင်းက...သူ့ရဲ့သားကိုး"

မူလက သူအဆုံးထိငြင်းဆန်ရန်စိတ်ကူးထားခဲ့သော်ငြား ဤလူ၏နောက်ခံအမှန်ကိုသိလိုက်ရပြီးနောက် သူ၏တကိုယ်လုံးရှိအားအင်များဆုတ်ယုတ်သွားသည်။ သူသည် သူဟာသူတီးတိုးရေရွတ်နေ၏:

"ကံဆိုးလိုက်လေ..."

ယဲ့ကျားကသူ့အားငုံ့ကြည့်ကာ ငြိမ်ငြိမ်သက်သက်စောင့်ဆိုင်းနေသည်။ အတန်ကြာမှ ဒါရိုက်တာသည်အတွေးနွံနစ်နေရာမှ အသိပြန်ဝင်လာသည်။ သူသည်မျက်လုံးပင့်၍ အရှေ့မှလူငယ်လေးအားကြည့်သည်၊ သူ၏အသံကအင်မတန်မှဖျော့တော့နေသည်:

"ကောင်းပြီ၊ ငါမင်းကိုအားလုံးပြောပြမယ်"

ယဲ့ကျား၏လက်ချောင်းများ တင်းကျပ်သွားသည်။

ထို့နောက် အနှီသူပြောလာသည်မှာ: "ဒါပေမဲ့..အဲဒါမတိုင်ခင် ငါမင်းကိုတွေ့စေချင်တဲ့လူရှိတယ်"

ဒါရိုက်တာ၏အပြုံးကခါးသက်သက်။

"စိတ်ချပါ..ငါထွက်မပြေးပါဘူး"

ယဲ့ကျားကသူ့အား စေ့စေ့ကြည့်ကာကိုယ်ကိုငုံ့ကိုင်းလိုက်သည်။ အေးစက်စက်အလင်းရောင်သည် သူ၏လက်ချောင်းထိပ်ဖျားများသို့အလင်းဟပ်နေပြီး ထိုလူကိုယ်ပေါ်ရှိကြိုးများကပြတ်တောက်သွားခဲ့သည်။ ဒါရိုက်တာကမတ်တပ်ရပ်ပြီး သက်ပြင်းရှိုက်ကာ "သွားရအောင်"

......

ဌာနချုပ်၌

ဓာတ်လှေကားက တထစ်ချင်းအောက်သို့ဆင်းလာသည်။ နံပါတ်များက အနုတ်လေးမှအနုတ်ငါးသို့ပြောင်းသွားသည်။ ယဲ့ကျားမျက်လုံးများကတဖြည်းဖြည်းကျဉ်းမြောင်းလာသည်။ သူသည်လည်းဌာနတွင်ဝန်ထမ်းဖြစ်ခဲ့ဖူးပြီး မတိုင်ခင်က အလုပ်အရခရီးသွားလာခဲ့ဖူးသည်။ ဌာနချုပ်၏ဖွဲ့စည်းပုံအားအတပ်မပြောနိုင်သည့်တိုင် အခြေခံမျှနားလည်ထား၏။ သို့သော်....ငါးထပ်မြောက်က မြေအောက်ထပ်ဖြစ်မည်ဟုသူမထင်မြင်ခဲ့ပေ။ အဆိုပါအထပ်က ဓာတ်လှေကားခလုတ်ပင်မပါ။ ဒါရိုက်တာက မျက်လုံးအားစကန်င်ဖတ်ပြီး လက်ဗွေနှိပ်လိုက်သည်ကိုသာသိနိုင်သည်။

ဓာတ်လှေကားတံခါးပွင့်သွားပြီ။

မဝေးလှသောသတ္တုနံရံကြီးသည် အေးစက်ခိုင်ခံ့ပုံပေါ်ပြီး နံဘေးမှအဆင့်မြင့်နည်းပညာဖြင့်တံခါးသည် အလုံအခြုံသော့ခတ်ထားသည်။

ဒါရိုက်တာသည် ယဲ့ကျားအနောက်မှလိုက်လာသောကျီရွှမ်ကို တွန့်ဆုတ်သည့်အကြည့်ဖြင့်တစ်ချက်ကြည့်သည်။ ယဲ့ကျားသည် ထိုသူ၏မယုံသင်္ကာဖြစ်နေမှုကိုသတိထားမိပြီး: "မပူပါနဲ့၊ သူကယုံရပါတယ်"

ဒါရိုက်တာသည်အံကြိတ်ပြီးသက်ပြင်းချသည်။

"ပြီးတာပဲ"

သူကတ်တစ်ကတ်ကိုထုတ်ပြီး စကန်င်ဖတ်သည့်စက်ပေါ်တွင် ကပ်လိုက်သည်။ မျက်လုံးနှင့်လက်ဗွေရာကို စကန်င်ဖတ်ပြီးနောက် တံခါးအလေးကြီးကဖြည်းဖြည်းချင်းပွင့်သွားသည်။ ယဲ့ကျားကတောင့်တင်းနေ၏။ အေးစက်ပြီးအဖော်မဲ့နေသောကော်ရစ်တာကို သတ္တုတန်းများဝန်းရံထားသည်။ ၎င်းက....အကျဉ်းထောင်ကြီးနှင့်ခပ်ဆင်ဆင်တူသည်။

"သွားရအောင်"

ဒါရိုက်တာကအရင်ဝင်သွားသည်။ ထိုအခိုက် သူတို့ခေါင်းပေါ်မှအချက်ပေးစက်များမြည်လာသည်။ အန္တရာယ်ရှိကြောင်းအသိပေးသည့် အနီရောင်မီးများလင်းထိန်သွားသည်။ ဒါရိုက်တာကအံ့ဩသွားသည်။

"ဘာဖြစ်တာလဲ"

သူတို့၏အရှေ့က အနက်ရောင်ဖန်သားပြင်တွင်ပုံရိပ်တစ်ခုက ရုတ်တရက်ပေါ်လာသည်။

A-S အဆင့်သတိပေးချက်။

အပြင်မှ စောင့်ကြည့်ကင်မရာများ၏ပုံရိပ်ပေါ်လာသည်။ အဝေးမှ တိမ်မည်းများမှာပြိုကျလာပြီး ရက်စက်ကြောက်မက်ဖွယ်သက်ရှိများကအဆောက်အအုံထံသို့ပြေးဝင်လာကြသည်။

တည်ရှိမှုကိုအခြေခံကြည့်ပါက S အဆင့်ခက်ထန်သောတစေၦမှာ အနည်းဆုံးသုံးကောင်ခန့်ရှိလိမ့်မည်။ ယဲ့ကျားကမျက်ခုံးကြုံ့သည်။ သူ၏အမူအရာကားတည်ငြိမ်နေသည်။

ဘာလို့လဲ?

အမေကခက်ထန်သောတစ္ဆေတွေကိုလွှတ်လိုက်တာဆိုရင်...သူတို့ဒီမှာရှိနေတာကိုဘယ်လိုသိသွားတာလဲ..

ကျီရွှမ်ကမျက်လုံးနီများကို ပင့်ပြီး သူ၏ခေါင်းပေါ်မှကြည့်သည်။

"ငါတို့တော့ ဒီကိုမြှားခေါ်ခံရပြီထင်တယ်"

ယဲ့ကျားကနောက်ပြန်ဆုတ်သည်။ ကျီရွှမ်၏နှုတ်ခမ်းများက ချိတ်ကောက်တစ်ခုပမာကွေးသွားသည်။

"သွေးသားတော်စပ်မှုလေ...မှတ်မိလား"

အမေနှင့်သူ၏မျိုးဆက်တွင် ဖြေရှင်းရခက်သည့်ဆက်နွယ်မှုရှိသည်။ ယခုမူ သူမကစိတ်လှုပ်ရှားလွန်နေသည်။ သူ၏သွေးနီရောင်မျက်လုံးအိမ်ကနက်မှောင်လာသည်။ သူသည်ဓာတ်လှေကားထံပြန်လှည့်သွားသည်:

"မင်းတို့နှစ်ယောက်သွားနှင့်လိုက်ကြ"

ယဲ့ကျား: ".....အင်း"

"ငါအကောင်းအတိုင်းပြန်လာမှာပါ...မပူပါနဲ့"

ဓာတ်လှေကားတံခါးပိတ်သွားသည့်အခါ ကျီရွှမ်ကပြုံးသည်။

"ပြီးတော့...ကိုကို..ကျွန်တော်ပြောတာကိုလက်ခံတယ်နော်?"

ယဲ့ကျား: "?"

ငါဘယ်တုန်းကလက်ခံလို့လဲ....

သို့သော် သူဘာမျှမပြောရသေးခင်ဓာတ်လှေကားတံခါးကပိတ်သွားခဲ့ပြီ။

ဒါရိုက်တာကအရှေ့တွင်စောင့်နေသည်။ ယဲ့ကျားကအသက်ကိုဖြည်းဖြည်းချင်းရှူကာ လှည့်ထွက်လာသည်:

"သွားကြမယ်"

သူတို့သည်အရှေ့နှင့်အနောက်ဆင့်ကာ မြေအောက်ထပ်၏အတွင်းပိုင်းအထိဝင်လာခဲ့ကြသည်။ လူသူကင်းမဲ့သောကော်ရစ်တာတွင် သူတို့၏ခြေသံသာကြားရသည်။

ကော်ရစ်တာအဆုံးတွင် ရောင်ပြန်နံရံကြီးတစ်ချပ်ရှိပြီး ၎င်းအနောက်တွင်အကာအကွယ်အဖြစ် သတ္တုတန်းများရှိသည်။ အကာအကွယ်လွှာအနောက်ဝယ် လူနှင့်တူသောကြောက်မက်ဖွယ်ပုံရိပ်ကိုမြင်တွေ့နိုင်သည်။

၎င်းကိုယ်တပိုင်းသည်အိုမင်းနေပြီး လူသားအရေပြားကတွဲကျနေသည်။ နှစ်ရာချီကြာမြင့်နေပြီဖြစ်သောကြောင့် အရေပြားသည် သစ်သီးတစ်လုံးမှအရည်များကိုစုပ်ထုတ်ထားသလိုပိန်ရှုံ့နေပြီး မျက်လုံးမှာလည်းမည်းနက်ကာသဲသဲကွဲကွဲမမြင်ရပေ။ ကျန်တစ်ပိုင်းမှာ အပြာနှင့်ခရမ်းရောင်သန်းနေသော သွေးကြောလုံးများကပြူးထွက်နေကာ တူညီသောစည်းချက်နှင့်အတူလှုပ်ရှားနေသည်။ ၎င်းသည်အဆမတန်ကြီးမားပြီး အကျဉ်းခန်းထက်ဝက်ခန့်ပင်နေရာယူနေသည်။ ဒါရိုက်တာကမျက်မှန်ချွတ်ကာ မှန်ပေါ်မှအခိုးများကိုသုတ်သည်။

"အဲဒါ လွန်ခဲ့တဲ့နှစ်သုံးဆယ်က စီမံခန့်ခွဲရေးဗျုရိုရဲ့ဒါရိုက်တာပေါ့"

သူမျက်မှန်ကိုပြန်တပ်လိုက်သည်: "ရှီရှန်းကျဲ"

ယဲ့ကျားကတုန့်ဆိုင်းသွားကာ "...ရှီ"

"ဟုတ်တယ်"

ဒါရိုက်တာကခေါင်းညိတ်ပြသည်။ အချိန်တစ်ခုကြာပြီးသည့်နောက် သူအနေရခက်စွာထပ်ပေါင်းပြောသည်။

"...သွေးသားတော်စပ်ပုံအရသူကမင်းရဲ့ ဘိုးဘေးလို့ပြောလို့ရတယ်"

ထိုစကားကို ကြားသည့်နောက် ယဲ့ကျား၏ မျက်ဝန်းအိမ်များ တုန်လှုပ်သွားရ၏။

…...အဖိုးအရင်း … အမေဘက်ကတဲ့လား … အေးစက်စက် စတီးချောင်းများကို ဖြတ်သန်း၍ လူအိုကြီး၏ ကိုးရို့ကားယားနိုင်ကာ ပုံပျက်နေသော ကိုယ်ခန္ဓာသည် အသက်ရှူလိုက်တိုင်း တွန့်လိမ်သွားသည်ကို တွေ့နေရသည်။ ချောကျိကျိနှင့် ပြောင်လက်နေသည့် ကြက်သွေးရောင် အသားများကို မြင်ရသည်မှာ ထိတ်လန့်စရာပင်။

“သူဒီလိုမျိုး မသေမရှင်ဖြစ်နေတာ နှစ် သုံးဆယ်ရှိပြီ ….”

ဒါရိုက်တာက အေးစက်စက် ဖန်သားပြင် အကာအကွယ်ကို လက်ဆန့်ကာ ထိရင်း စိတ်ထိခိုက်နေဟန်ဖြင့် ဆိုလာ၏။

“လူ့သက်တမ်းအနေနဲ့ဆို ဒီလောက်ကြာကြာ နေဖို့ ခက်ခဲတယ် ဆိုပေမယ့် ဒီအသားဘောလုံးတွေက သူ့အသက်ကို နည်းနည်းပိုရှည်အောင် ဆန့်ထားပေးတယ်လေ…”

ယဲ့ကျားက ထောင်ထဲရှိ တစ်ဝက်သာ အသက်ရှင်သည် ဆိုရုံမျှ ရှင်သန်နေသည့် အဖိုးကြီးကို ကြည့်လိုက်မိသည်။ သူ၏ နှုတ်ခမ်းပါးများက တင်းတင်းစေ့သွား၏။ အားအင် ချိနဲ့နေသော အဖိုးအိုက သူ၏ မှုန်ရီနေသော မီးခိုးရောင် မျက်ဝန်းများကို ဖွင့်ကာ ယဲ့ကျားအား ကြည့်လာသည်။ သူ့မျက်နှာက အနည်းငယ် လှုပ်ရှားသွားပြီး အရေတွန့်နေသော နှုတ်ခမ်းထောင့်မှ အသံအက်အက် ပွင့်ကျလာ၏။

“….ဘယ်… သူ…လဲ…” ဒါရိုက်တာက ဖြေရန် ပြင်လိုက်သော်လည်း ယဲ့ကျား၏ ကြားဖြတ်ခံလိုက်ရသည်။

“သူ ဘာလို့ဒီလို ဖြစ်သွားခဲ့တာလဲ … ” ဒါရိုက်တာ အနည်းငယ် အံ့ဩသွားခဲ့သည်။ သူ့အမူအရာက ဝမ်းနည်း စိတ်ထိခိုက်ဟန်သို့ ပြောင်းလဲသွား၏။ သူက အသက်ပြင်းပြင်း ရှူလိုက်ရင်း ခက်ခက်ခဲခဲ ဆိုလာသည်။

“တကယ်တော့ … လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က တံခါး ပွင့်လာခဲ့တယ် ....”

ယဲ့ကျား အသက်ရှူတန့်သွား၏။ သူက ဒါရိုက်တာအား ချက်ချင်း လှည့်ကြည့်လိုက်မိသည်။

တံခါးက ပွင့်သွားတယ်တဲ့လား … ဒါက ဘာကို ဆိုလိုတာလဲ …

......

ဗျူရိုဌာနချုပ် အပြင်ဘက်တွင် မှုန်မှိုင်းနေသော အမှောင်ထုက အထပ်မြင့် အဆောက်အဦးကြီးအား ဖြည်းညှင်းစွာ ရစ်ပတ်ထားသည်မှာ ညအချိန်ကဲ့သို့ပင်။ အလင်းပင် တိုးမပေါက်နိုင်သည့် အမှောင်ထုထဲတွင် ဂရုတစိုက် ကြည့်ရှုပါက ကြောက်မက်ဖွယ် မျက်နှာများကို ဝိုးတဝါး မြင်ရမည် ဖြစ်သည်။ တစ္ဆေများဖြင့် ဖြစ်ပေါ်လာသည့် ယင်စွမ်းအင် ဝဲကတော့ကြီးက ဗျူရိုဌာနချုပ်အား နောက်တစ်စက္ကန့်တွင် ဝါးမြိုသွားတော့မလိုပင်။ အကူအညီ တောင်းနေသည့် အော်သံများကဲ့သို့ စူးရှသော အသံများက အဆောက်အဦးထဲမှ ထွက်ပေါ်လျှက်ရှိကာ အချက်ပြမီးများကလည်း လင်းလာလျှက် ရှိသည်။ ဌာနချုပ်ရှိ အလုပ်သမားများက အပြင်ဘက်မှ အမှောင်ထုကြီးကို ကြည့်ရင်း မျက်နှာများ ဖြူဖျော့လာကြ၏။

“ဘယ်လောက်မြင့်လဲ … ”

နောက်တစ်ဦးက ပြောလိုက်သည်။

“တိုင်း … တိုင်းလို့မရဘူး … ”

ဗြူရိုရှိ အတော်ဆုံး စုံထောက်က တိုင်းတာသည့် အခါ၌ပင် ပါးလွှာသည့် ညွှန်ပြစက်လေးက ဆက်လက်တိုင်းတာရန် လိုအပ်နေသကဲ့သို့ ညွှန်ပြမှတ်၏ ထိပ်ဆုံးတွင် ရပ်တည်နေသည်။

“မြန်မြန် … စစ်ကူခေါ်တော့ …”

ရှေ့ဆုံးခုံရှိ ဝန်ထမ်းက ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ ဖုန်းကိုကိုင်ထားသော သူ၏ လက်ချောင်းများက အေးစက်တောင့်တင်းနေ၏။ အခြားတစ်ဖက်မှ လိုင်းမအားဖြစ်နေသော အသံသာ ထွက်ပေါ်လာသည်။

“ဆက်လို့မရဘူး ….”

အပြင်ဘက်ကမ္ဘာနှင့် အဆက်အသွယ်အားလုံး ဖြတ်တောက်ခံလိုက်ရ၏။ သူတို့က ယခု တသီးတသန့်ဖြစ်နေပြီး အကူအညီမဲ့သော အခြေအနေတွင် ကျရောက်သွားပြီ ဖြစ်သည်။

ရုတ်တရက် အပြင်ဘက်ရှိ အနက်ရောင်တိမ်တိုက်ကြားမှ ဖြူဖျော့သော လက်တစ်ဖက်က မှန်ပြတင်းများကို ဖြတ်သန်းကာ ထွက်ပေါ်လာသည်။ ထို့နောက် တံခါးနှင့် အနီးဆုံးတွင် ရပ်နေသော အမျိုးသားထံသို့ လျှင်မြန်စွာ ဦးတည်သွား၏။ ထိုလက်ရှိ ထက်မြသော လက်သည်းများက အေးစက်စက် အလင်းများ လက်ဖြာနေပြီး သံမဏိကိုပင် ဖြတ်တောက်နိုင်မည့်ပုံပင်။ ဝန်ထမ်း၏ မျက်လုံးများက ထိတ်လန့်မှုဖြင့် ကျယ်သွား၏။ သူက အလွန်ကြောက်လန့်သွားသည့် အလျောက် နေရာ၌ပင် တောင့်တောင့်ကြီး ရပ်နေမိသည်။ သူ့မျက်လုံးများ၌ ကြီးမားသော လက်ကြီး၏ ပုံရိပ်က ထင်ဟပ်လျှက်ရှိကာ သူက အသက်ရှူရန်ပင် မေ့လျော့နေ၏။

နောက်တစ်စက္ကန့်တွင် သွေးနံရံတစ်ခုက မြေကြီးထဲမှ ရုတ်တရက် မြင့်တက်လာကာ ထိုလက်ကြီးအား လက်ကောက်ဝတ်မှ ဖြတ်ချလိုက်၏။ ရွံစရာကောင်းသည့် သွေးနက်များက နေရာအနှံ့ လွင့်စင်သွားလေသည်။ ဘုတ် ခနဲ့အသံနှင့်အတူ ဧရာမလက်ကြီးက မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး အပြင်ဘက်မှ နာနာကျင်ကျင် အော်ဟစ်လိုက်သံက မှန်နံရံများကိုပင် ရိုက်ခတ်လာခဲ့၏။ သွေးများက ဝန်ထမ်း၏ ဖြူလျော်နေသော မျက်နှာတစ်ခုလုံး ပက်ဖြန်းလိုက်သကဲ့သို့ပင်။ ထိုအခိုက် ဆွဲဆောင်မှုရှိသော အသံနိမ့်နိမ့်က သူ့အနောက်ဘက်မှ ထွက်ပေါ်လာသည်။

“အာ …. မှီတယ်ဆိုရုံလေးပဲ …”

အားလုံး ထိတ်လန့်သွားကြ၏။ သူတို့က အသံထွက်ပေါ်လာရာသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။ အရပ်ရှည်ရှည် ပုံရိပ်က အမှောင်ထဲမှ ထွက်ပေါ်လာ၏။ သူ၏ မျက်နှာသွင်ပြင်များက ထင်ရှားလှပြီး သွေးနီရောင် မျက်ဝန်းများက အမှောင်ထုနှင့် ဆန့်ကျင့်၍ တောက်ပနေခဲ့သည်။ သူက မြေပေါ်တွင် တွန့်လိမ်နေသည့် လက်ကြီးကို တစ်ချက်ကြည့်ကာ အကြည့်လွှဲလိုက်ပုံအရ အရေးမပါသည့် ဖုန်မှုန့်အား ကြည့်လိုက်သကဲ့သို့ပင်။

“အဲဒီ့လူသားသာ တကယ်သေသွားရင် ကောကောကို ကြွားလို့ရမှာမဟုတ်တော့ဘူး ...”