အပိုင်း ၁၂၅
Viewers 10k

Chapter 125


တဖက်လူ၏နှုတ်ခမ်းများနှင့် သူ၏နှုတ်ခမ်းတစ်စုံထိတွေ့သွားခိုက် ကျီရွှမ်၏မျက်လုံးအိမ်မှာ ကျဉ်းမြောင်းသွားရသည်။

ထိုသူက သူ၏နှုတ်ခမ်းသားများပေါ် သို့ထိတွေ့လာရသည့်အခါ အနည်းငယ် အေးစက်နေပြီး လျှော်ဖွပ်ထားသည့်ချည်ထည်အိပ်ရာခင်းတစ်ခုနှယ် နူးညံ့စွတ်စိုနေသည်။ အပူလှိုင်းသည်သူ၏နှလုံးသားအခြေမှအုံကြွလာကာ ရင်ဘတ်အတွင်းစူးစူးဝါးဝါးအော်ဟစ်ရင်း လည်ချောင်းရှိရာသို့ဆန်တက်လာသည်။ သံချေးအရသာက ပါးစပ်အပြည့်ဖုံးနေပြီး ပူလောင်းပြင်းပြသောအထိအတွေ့က နောက်မှတလျှောက်လုံးကပ်ပါလာသည်။ စိတ်လှုပ်ရှားမှုက သူ၏အသားကိုစုတ်ဖြဲပစ်ပြီး သွေးများကိုပွက်ပွက်ဆူစေသည်။

အလွန်တရာပူပြင်းလှသည်။

အင်မတန်ဆာလောင်မွတ်သိပ်နေသည်။

ရေထဲမှသွေးအနံ့ကိုရလိုက်သော ငါးမန်းတစ်ကောင်နှယ်၊ ကျီရွှမ်သည်အနမ်း၏အနောက်ကို ထပ်ကြပ်မကွာလိုက်ပါလာသည်။ ချက်ချင်းပင်အနောက်မှဆိုဖာခုံသည် ဝုန်းကနဲလဲသွားပြီး စာရွက်များကလေထဲပျံတက်သွားကာ ၎င်းတို့အနားတွင်နှင်းမှုန်လေးပမာ ပြန့်ကျဲကုန်သည်။ကျီရွှမ်က လူငယ်လေး၏ခေါင်းအနောက်ကိုကိုင်ထားပြီး ကြမ်းပြင်နှင့်မခိုက်မိရန်ကာကွယ်ထားသည်။ သွယ်လျဖွေးဖြူသောလက်ချောင်းများမွာ ယဲ့ကျားဆံပင်များအကြားနစ်မြုပ်နေပြီး လက်မှသွေးကြောများမှာအားအင်ကြောင့် ပေါက်ကွဲတော့မည့်အတိုင်းတင်းမာနေသည်။

သူသည်တဖက်လူ၏ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲလိုက်ချင်သော်ငြား ကျန်ရှိနေသေးသောအသိစိတ်ကြောင့် ၎င်းဆန္ဒကိုထိန်းချုပ်လိုက်ဟန်ရှိသည်။ သူသည်ရူးသွပ်မှုနှင့်တည်ငြိမ်အေးချမ်းမှုအကြား ရုန်းရင်းဆန်ခတ် ဆက်လက်ဖြစ်နေခဲ့ပြီး အပြန်အလှန်နမ်းရှုံ့နေသည်ထက် သားရဲကောင်များအချင်းချင်း ကိုက်ဖြဲနေသည်နှင့်တူနေခဲ့သည်။ သူ အားသုံးပြီးလျှာကိုထိုးသွင်းနေကာ တဖက်လူ၏လည်ချောင်းအတွင်းမှညည်းညူသံတိုးတိုးနှင့် သတ္တုအရသာဖျော့ဖျော့ကိုအရသာခံနေခဲ့သည်။ သူ၏သွေးနံ့နှင့် တွယ်ဆက်နေသောအသား၏ဆွဲဆောင်မှုကိုခံစားနေရပြီး စားကောင်းသောက်ဖွယ်တစ်ခုပမာ အရသာခံနေသည်။

သူကျီရွှမ်ကိုအားသုံးပြီးတွန်းဖယ်နေရသည်လူငယ်လေး၏လက်ဆစ်များကပြင်းထန်သောအားကြောင့် ဖြူဖျော့လာရသည်။ ၎င်း၏မျက်လုံးများက အမှောင်ယံတွင်တဖိတ်ဖိတ်လက်နေကာ ရက်စက်မှု၊ အေးစက်ခြင်းနှင့် ကျုးကျော်လိုစိတ်များကြောင့်တောက်ပနေသည်။

၎င်း၏မျက်လုံးအောက်ခြေတွင် မီးတောက်လေးကလောင်ကျွမ်းနေဆဲဖြစ်ကာ ထိုသူ၏လည်ပင်းကိုတတိတိကိုက်လျက် မိန်းမောစွာဆိုသည်: "လုံလောက်ပြီ"

....လုံလောက်ပြီ။

သူစိတ်ရှည်သင့်သည်။ မတိုင်ခင်အချိန်ကအတိုင်း ထိုသူ၏နံရံတံတိုင်းကိုဖြိုချပစ်ပြီး တိုးတက်လာမည့်အခွင့်အရေးကိုစောင့်ဆိုင်းနေရသလိုစိတ်ရှည်ရှည်စောင့်ရမည်။ ထိုသူကို အဝေးကြီးမတွန်းထုတ်ခဲ့သင့်ပေ။ လုံလောက်သွားပြီ။

ကျီရွှမ်မှာ ခဲယဉ်းစွာဖြင့်မျက်လုံးမှိတ်ထားရသည်။ သူ၏ရင်ဘတ်မှာ မူမမှန်စွာဖြင့်မြင့်လိုက်နိမ့်လိုက်ရှိ၏။ ခေါင်းဖြတ်စက်အပေါ် မေးတင်ရန်အလိုရှိနေသည့် သားရိုင်းတစ်ကောင်ကဲ့သို့ တဖက်သူထက်အရင်သူ၏အပြစ်များကို ဝန်ချတောင်းပန်နေသည်။ ကျီရွှမ်သည်အံကြိတ်ရင်းမျက်လုံးများကမည်းမှောင်လာသည်။

သူသည်အားကုန်သုံးပြီး အလိုရမ္မက်များကိုထိန်းချုပ်လိုက်သည်။ နည်းနည်းချင်းစီ သူ၏ကိုယ်ကို မ ကာ ကျိုးကျိုးနွံနွံဖြင့်အနောက်ပြန်ဆုတ်သွားသည်။ ယဲ့ကျားက ထထိုင်လိုက်ကာ ဆံပင်များကိုလက်ချောင်းဖြင့်သပ်ရင်း အန္တရာယ်ရှိဟန်အရောင်ပြန်နေသော နီရဲရဲမျက်လုံးများကိုအနည်းငယ်ကျဉ်းမြောင်းလျက် သူ၏ချောမောပြီးစံနမူနာထားဖွယ်ပုံရိပ်ကိုထုတ်ဖော်လာသည်။ လူငယ်လေး၏အသံမှာ အမှုမဲ့အမှတ်မဲ့ဖြင့်ပျင်းရိနေသယောင်: "မင်းအကျိုးသင့်အကြောင်းသင့်လေးလုပ်လို့မရဘူးလား"

ကျီရွှမ်က တောင့်တင်းသွားကာတုံ့ပြန်၏: "မင်းတစ်ယောက်ပဲအားဘယ်လိုသုံးရမလဲသိတာလေ"

ယဲ့ကျားက အတော်နီးနီးကပ်သွားကာမှီလိုက်ရင်း အသံတိုးတိုးဖြင့်ပြန်မေးသည်: "ဟမ့်"

သူ၏အေးစက်စက်လက်ချောင်းများက ထိုသူ၏မေးကိုပင့်ကာညင်သာစွာဖြင့် မ လိုက်သည်။ သူ၏နီမြန်းသောမျက်လုံးများက အမှောင်ယံတွင်တောက်ပနေသည်။ လူငယ်လေးကခေါင်းငုံ့သည်။ ၎င်း၏ပြေနေသာဆံပင်များကအနည်းငယ်ဆိုက်ကျသွားပြီး တဖက်လူ၏ပါးကိုပွတ်သပ်သွားသောကြောင့် ယားကျိကျိဖြစ်စေသည်။ ထိုသူ၏အောက်ဘက်နှုတ်ခမ်းကို နမ်းရှိုက်လိုက်ရင်း: "မျက်လုံးမှိတ်ထား၊ ငါမင်းကိုသင်ပေးမယ်"

"ဒီနေရာဆိုတာသေချာလား"

......



ဘလပ်စ် သူ့ရှေ့မှ အဆောက်အအုံကိုကြည့်ကာမရေမရာမေးလိုက်သည်။

ချန်းချင်းယဲ့: "အင်း"

သူသည်လက်ကိုမြှောက်ကာ ဝတ်ရုံလက်ထဲမှပိုးစုန်းကြူးလေးများကိုထုတ်လိုက်သည်။ ၎င်းတို့ပျံသန်းသွားသည့်အခါ ကျောဘက်ကပုံစံပြောင်းသွားပြီး အနက်ရောင်အဖြစ်ည၏အမှောင်ထုဖြင့်ရောထွေးသွားသည်။

တစ်မိနစ်။

နှစ်မိနစ်။

ဆယ်မိနစ်ကုန်သွားခဲ့ပြီ။ ဘလပ်စ်က ချန်းချင်းယဲ့ကိုကြည့်ပြီးမေးသည်။ "ဘယ်လောက်တောင်ကြာမှာလဲ"

ချန်းချင်းယဲ့က မျက်မှောင်ကြုတ်ကာဖြေ၏: "တစ်ခုခုတော့မှားနေပြီ၊ သူတို့အခုဆိုပြန်လာဖို့သင့်ပါပြီ"

ဘလပ်စ်ကမှင်သက်သွားသည်။ "မကောင်းတော့ဘူး"

ချက်ချင်းပင် သူချန်းချင်းယဲ့အားပြန်ဆွဲခေါ်လိုက်သည်။ ကျည်ဆန်များသည်အစုလိုက်အပြုံလိုက်ဖြင့် သူတို့မတိုင်ခင်ကရပ်နေခဲ့သည့်နေရာသို့ကျလာသည်။ အဆောက်အအုံအတွင်းမှ ကျယ်ကျယ်လောင်လောင်ထွက်လာသည့်အသံများကိုကြားရသည်။ ၎င်းသည် ဌာနမှတန်ပြန်တိုက်စစ်ဆင်ရန်ပြင်နေသည့်အချိန်မျိုးမှထွက်လာတတ်ခြင်းဖြစ်၏။

ဒီကလုံခြုံရေးကဘာလို့ ဒီလောက်ကြပ်ရတာလဲ?

"အိုက်ယား"

ချန်းချင်းယဲ့က ဘလပ်လက်ထဲမှအင်္ကျီကော်လာကိုဆွဲဖြုတ်ကာ: "ငါကသူတို့မသိဘဲခိုးဝင်လို့ရမယ်ထင်တာ"

ဘလပ်ကသူ၏အစွယ်များကိုဖြဲပြပြီး "ဒီလိုဆိုမှတော့လည်း ဒဲ့ပဲဝင်ကြတာပေါ့ကွာ"

မီးဘောလုံးတစ်လုံးက သူ၏လက်ဖဝါးထဲမှထွက်လာသည်။ ဘလပ်ကလည်ဂုတ်မှအကြောများကိုလျှော့ပြီး သွားမည်အပြု ချန်းချင်းယဲ့ကပြန်ဆွဲထားသည်။

"နေအုံး"

"ဘာလဲ"

ဘလပ်ကနောက်ပြန်ဆုတ်လိုက်သည်။ အားချန်းက ချန်းချင်းယဲ့၏ဝတ်ရုံလက်စအတွင်းမှလျှောထွက်လာသည်။ ၎င်းသည် ညိုးခြောက်နေသည့်မြက်ပင်များအကြားဖြည်းညှင်းစွာဖြင့်ဝင်သွားပြီး မိနစ်အနည်းငယ်အကြာ၌ တခုခုအားတွေ့ထားသယောင်ယမ်းပြသည်။

ချန်းချင်းယဲ့က မျက်လုံးမှေးကာအတွေးနက်နေသည်။ စက္ကန့်အနည်းငယ်ကြာ၊ သူခေါင်းမော့ကာဘလပ်စ်ကိုလှမ်းကြည့်လိုက်သည်။

"အခုလေးတင်လွင့်လာတာတွေက ကျည်ဆံတွေမဟုတ်ဘူး"

"ဘာလဲ"

ဘလပ်စ် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်သည်။

ချန်းချင်းယဲ့: "အားချန်းက ဂိမ်းထဲကဇာတ်ကောင်တွေအနံ့ရတယ်"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဘလပ်ကသူဟာသူတီးတိုးရေရွတ်သည်။ ရုတ်ချည်း သူသည်တစုံတရာကိုနားလည်သွားပြီး မျက်လုံးများပြူးကျယ်သွားကာ ချန်းချင်းယဲ့ကိုပြန်ကြည့်လိုက်၏။

"အား! ငါသိပြီ!"

ချန်းချင်းယဲ့ကသူ၏တုံ့ပြန်မှုကြောင့် အံဩသွား၏။ "မင်းကဘာကိုသိတာလဲ"

ဘလပ်စ်: "ငါနောက်ဆုံးတစ်ခါကပြောခဲ့ဖူးတာကိုမေ့တော့မလို့၊ အေ့စ်နဲ့ငါ အပြင်ထွက်ပြီး သိုလှောင်ရုံကိုဓားပြတိုက်ခဲ့သေးတယ်၊ သိုလှောင်ရုံထဲမှာကစားသမားတွေရော၊ တစ္ဆေတွေရော၊ မကောင်းဆိုးဝါးတွေလည်းရှိတယ်၊ အဲဒီသိုလှောင်ရုံထဲမှာ ဂိမ်းထဲကပစ္စည်းတွေကိုမှောင်ခိုဝယ်ထားတာတွေချည့်ပဲ"

ချန်းချင်းယဲ့: "ကြည့်ရတာ ဒီကိစ္စက အဲဒီဒါရိုက်တာနဲ့ပတ်သတ်မယ်ထင်တယ်"

"ဟုတ်တယ်"

ဘလပ်စ်ကဒေါသတကြီးသွားကြိတ်ပြီး သူ၏ဆံပင်များက မီးဟုန်းဟုန်းတောက်နေသယောင်။ သူဆဲရေးလေတော့သည်။

"နောက်ဆုံးတစ်ခေါက် အမေကရုံးချုပ်ကိုဝင်တိုက်တာလည်း အဲဒီခွေးဝဲစားကြောင့်နေမှာ"

ချန်းချင်းယဲ့: "ဖြစ်နိုင်တယ်"

သူ စက္ကန့်အနည်းငယ်ကြာအောင်တွေဝေနေပြီးနောက်ဘလပ်စ်ကိုကြည့်လာသည်။

"ဒီကိစ္စမှာ ငါတို့ပြင်ဆင်ထားသင့်တယ်"

ဘလပ်: "ဟမ်? ဘာကိုပြင်ထားရမှာလဲ"

ချန်းချင်းယဲ့က စိတ်တိုတိုဖြင့်သူ့ခေါင်းကိုခေါက်ထည့်လိုက်သည်။

"တုံးလှချေလားကွာ၊ ကစားသမားတွေနဲ့ဂိမ်းဇာတ်ကောင်တွေကိုရန်တိုက်ပေးဖို့ပြင်ရမယ်လို့ပြောတာ"

"အို့.."

ဘလပ်စ်သည်အထုခံလိုက်ရသည့်ခေါင်းထိပ်လေးအားပွတ်သပ်ပြီး ရုတ်တရက်ကြီးတွေးမိသွားသည်။

"တကယ်တော့....ငါတို့မှာရွေးစရာမရှိတော့တာမျိုးမဟုတ်ပါဘူး"

"ဟမ်?"

ချန်းချင်းယဲ့ကပြန်ကြည့်သည်။ ထို့နောက် သူမြင်လိုက်ရသည်မှာ ဘလပ်စ်တစ်ယောက် နောက်တီးနောက်တဲ့နှင့်တခစ်ခစ်ရယ်နေသည်ကိုပင်။သူ၏လက်ချောင်းထိပ်ဖျားတွင် မီးလုံးလေးတစ်လုံးထွက်လာသည်၊ ၎င်းသည်အမှောင်ကိုခွင်း၍ အလင်းဆောင်ကြဉ်းပေး၏။

"ငါဒါမျိုးလုပ်ဖူးတာပထမဆုံးမဟုတ်တော့ဘူး"

အမှောင်ယံကြီးစိုးသောညခင်း၌ သိပ်သည်းသောမီးခိုးငွေ့များကမြေပြင်ပေါ်မှတိုးထွက်လာပြီး မီးလျံများကအရှိန်ညီးညီးတောက်လောင်လာသည်။ လေထုကား အန္တရာယ်ကြီးစွာပူပြင်းနေ၏။

"အမြန်!!! မီးလောင်နေတယ်!!! မီးကိုငြှိမ်းကြ!!!"

မဝေးလှသောအဆောက်အအုံမှ ညာသံများကျယ်လောင်စွာထွက်ပေါ်လာပြီး သုတ်သီးသုတ်ပျာခြေလှမ်းများက တိတ်ဆိတ်သောညတွင်ပဲ့တင်ထပ်နေသည်။

"ခဏေလး!!! ဒီမီးကငြှိမ်းလို့မရဘူး!!! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!!"

"အား..!!! ပြေးကြ!!"

ချန်းချင်းယဲ့က အသက်ပြင်းပြင်းရှူကာ နားကွဲနိုင်သည်အထိအော်ဟစ်နေသောဘလပ်ကိုလှမ်းကြည့်သည်။

"ကောင်းတယ်"

"ဒါပဲလေ"

ဘလပ်သည် သူ့ရင်ဘတ်သူပုတ်ကာ ဂုဏ်ဆာနေဟန်။ "ငါ့ရဲ့မီးကသာမန်လူတွေငြှိမ်းလို့ရတာမဟုတ်ဘူး၊ မဟုတ်ရင် သိုလှောင်ရုံဓားပြတိုက်မှာကိုအေ့စ်က ငါ့ကိုခေါ်သွားမှာလား"

ချန်းချင်းယဲ့: "......"

အကြောင်းတချို့ကြောင့် မင်းကြည့်ရတာဂုဏ်ယူနေသလိုပဲ။

သူအဝေးမှအဆောက်အအုံကိုလှမ်းကြည့်လိုက်သည်။ အထိန်းအကွပ်မဲ့စွာလောင်ကျွမ်းနေသောမီးက အဆောက်အအုံတစ်ခုလုံးကိုတမဟုတ်ချင်းဝါးမြိုသွားသည်။ သစ်လုံးတိုင်များပြိုကျလာသည်၊ နံရံများပဲ့အက်လာသည်၊ သတ္တုချောင်းများကအရည်ပျော်ကာ ပုံသဏ္ဍာန်ပြောင်းသွားသည်။

လူပေါင်းများစွာက အဆောက်အအုံတွင်းမှပြေးထွက်လာကြသည်၊ နောက်ခံအလင်းရောင်ကြောင့် သူတို့ပုံစံမှာရှင်းလင်းပြတ်သားနေသည်။

"အဲဒီမှာ!

ချန်းချင်းယဲ့ကလက်ညိုးထိုးပြလိုက်ရာ ဘလပ်စ် ရှော့ခ်ရသွားသည်။

"မင်းမျက်လုံးကကောင်းလှချေလား၊ ဒီလောက်အဝေးကြီးကနေတောင်မြင်ရတယ်?"

ချန်းချင်းယဲ့: "....."

သူသက်ပြင်းချလိုက်၏: "အဲဒီလူက တိုက်ခိုက်ရေးဌာနခွဲမှာ "ကာကွယ်ခံထားရတဲ့တစ်ယောက်တည်းသောလူ"

သူတို့၏စောင့်ရှောက်ပေးမှုအောက်တွင် ဒါရိုက်တာကလွတ်မြောက်သွားခဲ့သည်။ ထိုသူ၏ပုံစံကမငယ်တော့သည့်တိုင် အဆောက်အအုံကြီးနှင့်သူ၏မျက်နှာပေါ်မှအရေးအကြောင်းများက ကာလတစ်ခုအထိတည်ငြိမ်မှုနှင့်ပုံသေလေထုတစ်ခုရှိခဲ့ပုံကိုပြသနေသည်။ သူ၏အနားမှ သက်တော်စောင့်က စောဒကတက်သည်။

"ဒါရိုက်တာ...အဝတ်တွေက..."

သူ၏အင်္ကျီထောင့်က မီးစွဲနေပြီ။ အနားမှလူများက ငြှိမ်းသတ်ရန်အကောင်းဆုံးကြိုးစားကြစေကာမူ ဆက်လက်လောင်နေ၍ရွေးချယ်စရာမရှိတော့ဘဲ အင်္ကျီကိုချွတ်ကာလွှင့်ပစ်လိုက်ရသည်။ ကုတ်အင်္ကျီသည်အလျှင်အမြန်မီးလောင်သွားသည့်တိုင် ၎င်းအောက်မှမြက်များကပျက်စီးသွားပုံမရပေ။

ဒါရိုက်တာကအနောက်ဆုတ်လိုက်ပြီး ခေါင်းမော့ကာအရှေ့မှမြင်ကွင်းကိုကြည့်သည်။ လူပေါင်းမြောက်များစွာ မီးလောင်နေသောအဆောက်အအုံမှ အော်ဟစ်ပြေးထွက်လာကြသည့်တိုင် အနီးနားမှအပင်များက အန္တရာယ်ကင်းပြီးမည်သူမှလည်းထိခိုက်ဒဏ်ရာရခြင်းမရှိပေ။ သူ၏မျက်လုံးများမှာ ရုတ်ချည့်ဝိုင်းစက်သွားလေ၏။

မကောင်းတော့ဘူး။ ဒီမီးကမတော်တဆလောင်တာမဟုတ်ဘူး။

၎င်းကလူတစ်ယောက်မှထိန်းချုပ်ခြင်းဖြစ်ပြီး ယခုလေးတင်ပျံထွက်လာသောအင်းစက်များနည်းတူ။

ဒါရိုက်တာ၏မျက်နှာမှာ အကျည်းတန်လာသည်။ သူ၏အနောက်မှလူများကိုကြည့်ကာ တချက်လွှတ်အမိန့်ထုတ်လေ၏။

"ဟား..."

သူပြော၍ပင်မဆုံးသေးခင် အရှေ့မှလူတိုင်း၏မျက်နှာများမှာဖြူဖွေးပြီးထိတ်လန့်နေကြသည်။ အနက်ရောင်အရိပ်က သူ့အားဖုံးအုပ်သွားသည်။ ဒါရိုက်တာကအေးခဲသွားပြီး သူဖြည်းဖြည်းချင်း အနောက်လှည့်ကြည့်လိုက်သည်။ အကြောင်းအရင်းသေချာမသိရဘဲ ကင်းခြေများကြီးသည် မီတာပေါင်းများစွာရှည်ထွက်လာပြီး သူ၏အနောက်တွင်ပေါ်လာသည်။ ၎င်းကိုယ်ပေါ်တွင် မျက်လုံးအများအပြားလည်နေပြီး လူများကိုကြောက်လန့်လွန်း၍ တုန်ယင်သွားစေသည်။

"သတ်ပစ်!!!"

ဒါရိုက်တာက အနောက်သို့ဖြည်းဖြည်းချင်းဆုတ်သည်။ သူ၏အသံကအက်ကွဲနေ၏။

"အဲဒီရွံစရာကောင်းတဲ့အင်းဆက်တွေကိုသတ်ပစ်!!"

ထိတ်လန့်ဖွယ်အော်ဟစ်သံများက သူ၏အနောက်မှထွက်လာ၏။ သူအလျှင်အမြန်နောက်လှည့်ကြည့်လိုက်သည်တွင် အရွယ်အမျိုးမျိုးဖြင့်အင်းဆက်ပိုးများ ဖုံးနေသောအဖွဲ့သားများကိုသာတွေ့လိုက်ရ၏။

"အား!!"

"ကယ်ကြပါ!!!"

ဒါရိုက်တာသည်ကြောက်လန့်တကြားဖြင့် တံတွေးမြိုချမိလိုက်ကာအနောက်ဆုတ်သွားသည်၊ သို့တစေ သူခြေတစ်လှမ်းပင်ပြည့်အောင်မလှမ်းရသေးခင် ယောက်ျားတစ်ယောက်၏တည်ငြိမ်နေသောအသံကိုကြားလိုက်ရသည်။

"ဘာပြောလိုက်တာလဲ"

ချန်းချင်းယဲ့ကမျက်မှန်ကိုပင့်တင်ရင်းလျှောက်လာသည်။ မီးရောင်ကသူ၏မျက်မှန်တွင် ထင်ဟပ်နေပြီး မျက်လုံးထဲမှအကြည့်ကိုဖုံးကွယ်ထားသည်။

"ရွံစရာကောင်းတယ်ဟုတ်လား..."

ဘလပ်စ်က ထိုသူ၏ကံဆိုးမိုးမှောင်ကျမှုကိုဘေးမှကြည့်နေသည်။

ဒါက အမေရှေ့မှာတင်ကလေးကို ရုပ်ဆိုးလိုက်တာလို့ပြောတာနဲ့အတူတူပဲမဟုတ်လား။

ကြည့်ရသည်မှာ သူယခုခံစားရတော့မည်ထင်သည်။


"လောင်ပစ်လိုက်"

.........

အမျိုးသမီးတစ်ယောက်သည် မီးတောက်များကြားမှနွဲ့နွဲ့နှောင်းနှောင်းထွက်လာသည်။ သူမ၏သွေးမရှိသောလက်ချောင်းများမှာ သွေးစက်များစွန်းထင်းနေဆဲဖြစ်ကာ ထိတ်လန့်စရာကောင်းနေသည်။

"ဟုတ်ကဲ့"

ခက်ထန်သောအဆင့်တစ္ဆေသည်တုန်ယင်စွာဖြင့်: "သူတို့ကကူးနိုင်သေးလား"

အမေမေးလာသောကြောင့် သူမသည်ခေါင်းကိုဖြည်းညှင်းစွာမော့လာသည်။ မြေကြီးအတွင်းမှ ရေဘဝဲလက်ကဲ့သို့စက်ကွင်းတစ်ခုပေါ်လာပြီးလွတ်မြောက်ရန်ရုန်းကန်ရင်း ကြောက်လန့်နေသောလူတစ်စုကိုဆွဲယူသွားသည်။ လူ၏ကိုယ်ကိုချက်ချင်းရစ်ပတ်လိုက်ရာ ထိုလူအလန့်တကြားအော်ဟစ်လေ၏။ ထိုသူသည်လေထဲတွင် တွဲလောင်းဖြစ်နေကာချက်ချင်းလက်ငင်းပင် ရေဘဝဲလက်က ရုတ်တရက်အားပုံသုံးကာ၎င်းကိုညှစ်လိုက်လေသည်။ ဆုပ်ဖြဲလိုက်သံနှင့်အတူ ထိုသူ၏ကိုယ်သည်အလယ်မှနှစ်ပိုင်းပြဲထွက်သွားသည်။

အတွင်းအဂါင်္များက မြေပြင်ပေါ်သို့တစ်နေရာစီကျသွားပြီး ၎င်းနောက်မှသွေးနှင့်လက်ချောင်းများကျလာသည်။ ဂေါ်ဖီထုပ်များနှယ် ထိတ်လန့်နေသောအမူအရာဖြင့် ခေါင်းများကလွှင့်ပစ်ခံရသည်။ ထိုနေရာတဝိုက်မှာပင် ခေါင်းများကအပုံလိုက်ဖြစ်လာသည်။ လူ၊ မကောင်းဆိုးဝါးနှင့်တစ္ဆေများအားလုံး တစုတစည်းထဲ။ အပေါ်ပိုင်းက အကောင်းအတိုင်းရှိနေသေးစဉ် အောက်ပိုင်းကစတင်ပုပ်လာသည်။ ကြောက်ရွံ့မှုနှင့်သေမတတ်နာကျင်မှုတို့က သူတို့၏မျက်နှာပေါ်တွင်ရှိနေဆဲ။

ပြင်းထန်သောသွေးအနံ့နှင့်ယင်စွမ်းအင်များကြောင့် သေဆုံးပြီးသည်ကိုပင်ခက်ထန်သောအဆင့်တစ္ဆေ၏အလောင်းများက ပျောက်မသွားသေးပေ။ ကိုယ်တွင်းအစိတ်အပိုင်းများ ကျသွားသည့်နေရာတွင် သွေးကွက်ကြီးရှိသည်။ လက်ချောင်းများနှင့်ကိုယ်တွင်းအဂါင်္များတဝက်ခန့်က အရည်ပျော်သွားပြီး အရည်အဆင့်နီးပါးဖြစ်လာသည်။ အမျိုးသမီးကသူမ၏လက်ကိုမြှောက်ကာ သူမ၏မျက်နှာပေါ်ရှိသွေးစက်များကိုညင်ညင်သာသာလေးသုတ်သည်။ ပါးစပ်ဟကာ လူနှင့်ကွဲပြားသောလျှာကိုထုတ်ပြီး အဆိုပါသွေးများကိုထည့်သည်။ သူမ၏အရှေ့မှခက်ထန်
သောအဆင့်တစ္ဆေသည် တုန်လှုပ်သွားပြီး: "မ...မလုပ်ပါနဲ့..."

အမေကအရှေ့သို့တိုးသွားကာ ကိုယ်ကိုကိုင်းလိုက်ပြီး သွေးများရွှဲနေဆဲမူမမှန်သောခေါင်းကိုပွတ်သပ်လိုက်သည်: "ကလေးရယ်၊ အမေ့ကိုချစ်တယ်မဟုတ်လားဟင်"

ခက်ထန်သောအဆင့်တစ္ဆေသည် ကြောက်ကြောက်လန့်လန့်ဖြင့်ခေါင်းညိတ်ပြရှာသည်: "ဒါဆို အမေ့အတွက်ဘာပဲဖြစ်ဖြစ်လုပ်ပေးမယ်မလား"

ခက်ထန်သောအဆင့်တစ္ဆေသည် ထိတ်လန့်စွာဖြင့်တုန်ယင်လာသည်။ ၎င်းကိုယ်ပေါ် ရှိမျက်လုံးများက တုန်ယင်နေပြီး မသိစိတ်အရထွက်ပြေးလွတ်မြောက်ချင်သည့်တိုင် ၎င်းကိုယ်သည်ထိန်းချုပ်မရနိုင်ပေ။ အမျိုးသမီး၏မျက်နှာပေါ်မှ အပြုံးသည် ပိုမိုကြီးထွားလာသည်။

"လိမ္မာလိုက်တဲ့ကလေး"

နောက်ထပ်စက္ကန့်အနည်းငယ်အကြာ၌ သူမ၏အနောက်မှမရေမတွက်နိုင်သောရေဘဝဲလက်များပေါ်လာပြီး တစ္ဆေကိုဖောက်ထွင်းသွားသည်။၎င်းက နာနာကျင်ကျင်ဖြင့်အော်ဟစ်နေချိန်အတွင်း ၎င်းကိုယ်သည်အလယ်မှပြဲသွားပြီးသူမ၏ခေါင်းမှာဆတ်ကနဲလိမ်ချိုးခံလိုက်ရ၏။ ၎င်း၏အသုံးဝင်သောအစိတ်အပိုင်းတိုင်းသည် မတိုင်ခင်ကထက်ပိုအရောင်ရင့်လာသည့်သွေးကန်ထဲသို့ ပစ်ချခံလိုက်ရ၏။ ထိုနေရာကခြောက်ခြားဖွယ်အတိ တိတ်ဆိတ်သွားသည်။

အမေသည် ခေါင်းမော့ပြီးအဝေးမှနေကာလက်ဖြင့်အချက်ပြသည်။နောက်ထပ် ခက်ထန်သောအဆင့်တစ္ဆေသည်သူမအရှေ့တွင် ဒူးထောက်ကာ: "ကျေး..ကျေးဇူးပြုပြီးအမိန့်ပေးပါ"

ဂျယ်လီနှင့်တူသောကိုယ်သည် မြေပြင်ပေါ်မှကြောက်မက်ဖွယ်စိုက်ကြည့်နေသောမျက်နှာလေးငါးခုကြောင့် တုန်ယင်နေသည်။ ၎င်းသည် အစောပိုင်းမှတစ္ဆေများကဲ့သို့ အဆုံးသတ်သွားမည်ကို စိုးရိမ်နေပုံပင်။

"မြေအောက်မှာအခြေအနေဘယ်လိုလဲ"

မိခင်က ရေကန်အစွန်ကိုလျှောက်သွားပြီး သူမခြေဖျားလေးဖြင့် အပြီးတိုင်မမြုပ်သွားသေးသော လက်ချောင်းကိုတွန်းလိုက်သည်။

"လို..လိုအပ်တဲ့ပမာဏကိုရနေပါပြီ"

အမျိုးသမီးကခေါင်းညိတ်ကာ ချိုချိုသာသာအမိန့်ပေးသည်။

"သူတို့အကုန်လုံးကို ဒီကန်ထဲချလိုက်တော့"

သူမကမျက်လုံးများကို ဖြည်းဖြည်းချင်းကျဉ်းလိုက်ကာ "ဌာနအတွက်ကတော့...မင်းကဆက်သွယ်ဖို့သင့်တော်တယ်"

ခက်ထန်သောအဆင့်တစ္ဆေကသူ၏ကိုယ်ကိုဖြည်းဖြည်းချင်းနှိမ့်ပြီး ဂျယ်လီနှင့်တူသောကိုယ်က တဆတ်ဆတ်တုန်ခါနေကာ သွားအချင်းချင်းရိုက်လျက်: "ဟုတ်...ဟုတ်ကဲ့!"

အမေက ကိုယ်အစိတ်အပိုင်းများထံငုံ့ကြည့်သည်: "မင်း သူတို့လိုမဖြစ်
ချင်ဘူးမလား"

ခက်ထန်သောအဆင့်တစ္ဆေသည် ခေါင်းပိုငုံ့သွားပြီး "နား...နားလည်ပါပြီ"

"သွားတော့"