အပိုင်း ၁၂၇
Viewers 10k

Chapter 127



လက်မည်းလေးမှာ ထိုအကြောင်းကိုတဒင်္ဂမျှတွေးတောကြည့်ပြီးသည်တွင် စိတ်မပါလက်မပါနှင့်သာကူညီပေးလိုက်ရသည်။ သူသည်ရုပ်ရှင်ကိုကျော်နေရင်းမေးမြန်းလိုက်သည်။

"ဘာလို့ဒါတွေလုပ်နေတာလဲဆိုတာငါ့ကိုပြောပြပါလား"

ယဲ့ကျားသည်မေးထောက်ထားလျက် အရှေ့မှမှတ်စုစာအုပ်ကိုလှန်နေကာတုံ့ပြန်သည်။

"အတိုအစတွေဆွဲထုတ်ဖို့"

ဤတစ်ကြိမ်၌ သူသည် M မြို့တွင်နောက်ဆုံးဖြစ်ပျက်ခဲ့သမျှကို အတုခိုးရုံသာ။ မြို့အဝင်အထွက်များကိုပိတ်ဆို့ပြီး အပြင်လောကနှင့်အဆက်ဖြတ်ကာ ခက်ထန်သောအဆင့်တစ္ဆေများအလွယ်တကူဝင်လာပြီးကစားနိုင်ရန်ပြောင်းလဲထားသည်။ သို့မှသာ သူတို့သည်အမေ၏စောင့်ကြည့်ထိန်းချုပ်မှုအောက်မှလွတ်မြောက်နိုင်လိမ့်မည်။ သည့်အပြင် မှတ်စုစာအုပ်မှ ဝှက်စာကိုဖော်ရန်လည်းအချိန်ရမည်။ မသိစိတ်ကသူ့အားပြောနေသည်မှာ ဤအခြေအနေကိုပြောင်းပြန်လှန်ရန်က မှတ်စုစာအုပ်ထဲမှအချက်များနှင့်အများစုဆင်တူသည်ဟူ၍။

ယဲ့ကျားကခေါင်းလှည့်ပြီး မည်းမှောင်နေသောကောင်းကင်ကိုလှမ်းကြည့်သည်။ ဤတစ်ကြိမ်တွင်၌မူ သူကျီရွှမ်ကိုယုံကြည်ထားလိုက်သည်။

မြို့အပြင်ဘက် အစွန်အဖျားတွင်။

ချန်းချင်းယဲ့နှင့်ဘလပ်စ်သည် သူတို့အနောက်မှ အနက်ရောင်ကောင်းကင်ကိုကြည့်လိုက်ကြသည်။ နှစ်ယောက်လုံးတိတ်ဆိတ်သွားသည်။

"အင်း"

ဘလပ်စ်: "ဘာတွေဖြစ်နေတာလဲ"

ချန်းချင်းယဲ့: "....."

သူလည်း ထိုမေးခွန်းကိုမဖြေတတ်ပေ။ သူ၏ဘေးတွင်ဘောလုံးလေးတစ်လုံးပမာ ကွေးနေသူကတီးတိုးပြောသည်။

"လက်လျှော့လိုက်တော့"

ဘလပ်စ်က သူ့ကိုပိတ်ကန်လိုက်သည်။ ထိုလူကမြေကြီးပေါ်သို့ယိုင်ကျသွားကာ တီကောင်တစ်ကောင်နှယ်တွန့်လိမ်နေပြီး ပြန်မထနိုင်တော့ချေ။

"အင်း....."

ဘလပ်စ်ကမှုန်ကုပ်သွားပြီးမေးသည်။

"ဒီဒါရိုက်တာကိုဘယ်လိုလုပ်ကြမလဲ"

သူတို့သည် အနှီသူကိုနာရီအတန်ကြာစစ်မေးခဲ့ပြီး အခြေခံအားဖြင့် စိတ်ကူးထဲပင်မထည့်နိုင်သောနည်းလမ်းမျိုးစုံသုံးခဲ့လင့်ကစား ထိုသူသည်သူ့ပါးစပ်ကိုအသေပိတ်ထားနေသေးသည်။ ထိုသူထံမှ ဘာတစ်ခုမှထွက်မလာခဲ့ပေ။ အကောင်းဆုံးမှာ အနှီသူကိုယဲ့ကျားထံခေါ်သွားရန်ဖြစ်သော်လည်း ယဲ့ကျားမှာလည်း M မြို့တွင်စုပြုံနေသော တစ္ဆေနှင့်မကောင်းဆိုးဝါးများအကြားရောက်နေသည်၊ သူတို့ကိုယ်တိုင်လည်း အိတ်ကြီးတစ်အိတ်ကိုတလမ်းလုံးဆွဲသွားပြီး ခိုးဝင်နိုင်ရန်မှာမသေချာမရေရာပေ။ လွှတ်ပေး၍လည်းမရ၊ သတ်ပစ်လျှင်လည်းနှမြောစရာကောင်းသေးသည်။

ထိုလူကသူတို့နှင့်သောင်တင်နေသည်။ ထို့ကြောင့် အနှီသူကို ဌာနချုပ်ရှိရာပြန်ခေါ်သွားပြီး M မြို့အနီးတဝိုက်တွင်ဝှက်ထားရန်စီစဉ်လိုက်ကြသည်၊ ပြီးနောက်အခွင့်အရေးရှာပြီး အေ့စ်နှင့်ဆက်သွယ်ရန်ကြိုးစားမည်။ သို့လင့်ကစား သူတို့မြို့ထဲမဝင်ခင် သူတို့အနောက်မှတိမ်များကအလုံအုပ်သွားခဲ့သည်။ နောက်ဆက်တွဲဖြစ်မည့်အရာကို သူတို့သိနေသော်ငြား အကူအညီမဲ့နေခဲ့သည်။ ဘလပ်စ်မှာထိတ်လန့်စွာဖြင့်မျက်မှောင်ကြုတ်လိုက်မိ၏။

"ဘာလုပ်ကြမလဲ"

တိမ်များအကြားမှ အသည်းယားစရာအော်သံများကိုကြားနေရသည်။ ချန်းချင်းယဲ့က အံကြိတ်ပြီး အားချန်ကိုဆွဲထုတ်သည်။

"ငါတို့တိုက်ရုံပဲရှိတော့တယ်...ဒီမြို့မှာလူတွေအများကြီးရှိတယ်..ငါတို့ သူတို့ကိုသက်သက်မဲ့သေခိုင်းလို့မဖြစ်ဘူး"

သို့သော် အားချန်သည် အရွယ်အစားကိုကြီးအောင်ပြောင်းပြီးသည့်နောက် သခင်အမိန့်ကိုမနာခံဘဲ တရှူးရှူးဖြင့်အနောက်ဘက်ကိုဦးတည်လိုက်သောကြောင့် နှစ်ယောက်လုံးချက်ချင်းလှည့်ကြည့်ကြသည်။ သူတို့အနောက်တွင် မှိန်ဖျော့ပြီးမသဲမကွဲပုံဖြင့်တစ္ဆေများရှိနေသည်။ အားပြင်းသည့်အရှိန်အဝါများအရခက်ထန်သောအဆင့်တစ္ဆေများမှန်း သိသာသည်။

ကိစ္စတွေကပိုရှုပ်လာပြီ.....

အဆိုပါ အတွေးစက ဘလပ်စ်နှင့်ချန်းချင်းယဲ့တို့ နှစ်ယောက်လုံး၏စိတ်တွင်ရောင်ပြန်ဟပ်သွားသည်။ ဒါရိုက်တာသည် ခက်ထန်သောအဆင့်တစ္ဆေထံ အသံတိုးတိုးဖြင့်ညည်းညူရင်းတွားသွားနေသည်။

မကောင်းတော့ဘူး....

ဘလပ်စ်က ချက်ချင်းပင် ၎င်းတစ္ဆေထံဦးတည်လိုက်သည်။ ယခု ဒါရိုက်တာကသူတို့လက်ထဲတွင်ရှိနေကြောင်း တဖက်မှသိသွားခဲ့ပြီ၊ တစ္ဆေများကအမေ့ထံသတင်းပြန်ပို့ရာမှ ကာကွယ်နိုင်ရန် ၎င်းကိုသတ်ပစ်ရလိမ့်မည်။ လွှတ်ပေးလိုက်လျှင်ဖြင့် အကျိုးဆက်မှာမတွေးဝံ့စရာပေ။ သို့တစေ အရိပ်မည်းတစ္ဆေသည်ရုတ်တရက်ပြောလာပါသည်။

"အာ...မင်းတို့နှစ်ယောက်ကိုး!"

ဘလပ်စ်ကရပ်သွားသည်။

အရိပ်မည်းတစ္ဆေ: "မင်းတို့နှစ်ယောက်က...အားယဲ့...ငါပြောချင်တာ..အေ့စ်ရဲ့လက်တိုလက်တောင်းခိုင်းတဲ့ကလေးတွေမဟုတ်လား"

ငါ့-င်ကိုပဲလက်တိုလက်တောင်းခိုင်းစား....

ဘလပ်စ်၏မျက်ခွံများလှုပ်ခတ်သွားသည်။ သို့သော် ချန်းချင်းယဲ့ကရပ်အရှေ့ကိုလျှောက်သွားလိုက်ပြီး သတိကြီးစွာဖြင့်မျက်မှန်ကိုပင့်တင်သည်။

"ပြီးတော့...မင်းက..."

"ငါက ကင်းရဲ့အကူ!"

အားမီက အလွန်အမင်းတက်ကြွစွာဖြင့်ဖြေလေသည်။

"မင်းတို့အားယဲ့ကိုလိုက်ရှာနေတာလား....ငါပြောချင်တာ...အေ့စ်? လာကြ...လာကြ...ငါလည်းကင်းဆီကနေ ကူညီပေးဖို့အကြောင်းကြားစာရထားတယ်"

၎င်းကပြောရင်းဆိုရင်း လေထဲတွင်လွင့်မြောကာကပ်လာသည်။ ဘလပ်စ်၏ကိုယ်ကမသိမသာတောင့်တင်းသွားသော်ငြား ၎င်းကသူ့အားကျော်သွားပြီး တိမ်မည်းများဖုံးနေသောနံရံ၏ထောင့်ကို မ လိုက်သည်။

"မင်းတို့ငါ့နောက်ကိုလိုက်လာရုံပဲ!"

ချန်းချင်းယဲ့နှင့်ဘလပ်စ် အချင်းချင်းကြည့်လိုက်မိကြသည်။ သူတို့သည်တွန့်ထိုးနေသောဒါရိုက်တာကိုဆွဲခေါ်လာပြီး နံရံကိုဖောက်သွားသည့်အရိပ်မည်းတစ္ဆေအနောက်သို့လိုက်လာကြသည်။

၎င်းကိုယ်တွင် အကာအရံစည်းတစ်ခုရှိနေပုံရပြီး တိမ်မည်းများက၎င်းကိုမတိုက်ခိုက်ဘဲရှိသည်။ သုံးယောက်သားသည် မြူထုကိုဖြတ်သန်းလာကြသည်။ ချန်းချင်းယဲ့သည်မျက်လုံးကိုမှေးကျဉ်းပြီး ဖြည်းဖြည်းချင်းမေးလိုက်သည်:

"ဒါနဲ့...မင်းကဘာလို့အေ့စ်ကိုအားယဲ့လို့ခေါ်တာလဲတစ္ဆေတွေက ရာထူးဘာတွေကိုဂရုမစိုက်ကြဘူးလား"

အရှေ့မှသွားနေသောတစ္ဆေသည်ရုတ်ချည်းရပ်သွားသည်။ နောက်မှနှစ်ယောက်က အံ့ဩသွားပြီး တဖက်လူကသူတို့ထံပြေးလာရာမှတားဆီးနိုင်ရန် ရပ်ရမည်လား သို့မဟုတ် ပြေးဝင်သွားရမလား စဉ်းစားနေကြ၏။ ထို့နောက် အရိပ်မည်းတစ္ဆေက သူတို့ဘက်ကိုဖြည်းညှင်းစွာလှည့်ကြည့်လာသည်။

နောက်ဆုံးတွင် ဒေါသများကိုအန်ချရန်ထွက်ပေါက်ရသွားခဲ့ပြီ။ ၎င်းကစိတ်ဆိုးမာန်ဆိုးဖြင့်အော်လိုက်၏:

"သူကလူလိမ်အကြီးစားကွ!!!"

ချန်းချင်းယဲ့: "....."

ဘလပ်စ်: "....."

ကြည့်ရသည်မှာ တကယ်ကြီးသူတို့သိနေသည့်လူ ဖြစ်နိုင်သည်။

သူကဒီတစ္ဆေကိုတောင်လိမ်ထားသေးတာလား

ဘလပ်စ်ကစိုက်ကြည့်နေသည်။

"လာ...လာ...နားထောင်ကြည့်ရအောင်"

၎င်းသည် နားလည်ပေးနိုင်မည့်သူကိုရှာတွေ့သွားသည်ထင့်။ အားမီ၏မျက်လုံးများမှာ တဖိတ်ဖိတ်တောက်သွားသည်။

"သူ...သူက...ငါ့ခံစားချက်တွေကိုသစ္စာဖောက်သွားတယ်!"

ချန်းချင်းယဲ့: "?"

ဘလပ်စ်: "?"

နေအုံး....သိပ်တော့မဟုတ်သေးဘူး....

အားမေ့မှာလည်း အဓိပ္ပါယ်နှစ်ခွထွက်နေသောစကားကိုနားလည်သွား
ပုံရသည်။

"မဟုတ်ဘူး....အဲဒီလိုပြောလို့မရသေးဘူး"

တဖက်မှနှစ်ယောက်က စိတ်သက်သာသွား၍သက်ပြင်းပင်မချရသေးခင် အရှေ့မှတစ္ဆေကဆက်ပြောသည်။

"ငါ့ကိုသစ္စာဖောက်သွားတာ ကင်းရဲ့..."

ချန်းချင်းယဲ့: "??"

ဘလပ်စ်: "?????"

ဟမ်.....?????

.....
.....

ပြတင်းအပြင်တွင် အနက်ရောင်တိမ်တိုက်များမှာ အိဆင်းကျလာနေပြီး အတော်အတန်နိမိတ် မကောင်းပုံပေါ်သည်။

အခန်းမှာ မှောင်မည်းနေ၏။ ယဲ့ကျားသည်တောင်ခြစ်မြောက်ခြစ်ဖြင့် စာရွက်များပြန့်ကျဲနေသောကြမ်းပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ မျက်လွှာချထားသောကြောင့် ရှည်လျားသောမျက်တောင်မွှေးများသည် အနီရောင်မျက်လုံးကိုဖုံးကွယ်ထားသည်၊ သူ၏ရီဝေမှိုင်းပြသည့်အကြည့်သည် အရှေ့မှစာရွက်ပေါ်တွင်ရပ်တန့်နေသည်။

သူ တစုံတရာကိုစဉ်းစားနေပုံရသည်။ အမှောင်ယံအလယ်တွင်လူငယ်လေးသည်ငြိမ်သက်နေဆဲ။ သူ၏ရင်ဘတ်သည်အသက်ရှူနေခြင်းကြောင့် မြင့်တုံနိမ့်တုံမရှိဘဲ ကျောက်ဆစ်ရုပ်တစ်ရုပ်ပမာထိုင်နေခဲ့သည်။ ရုတ်တရက် သူသည် တခုခုအားသိရှိလိုက်သလို ကော်ရစ်တာအားလှမ်းကြည့်လိုက်သည်။

အရိပ်မည်းတစ္ဆေသည် အရှေ့ဆုံးမှလျှောက်လာပြီး ဂုဏ်ဆာနေသောလေသံဖြင့်ဆိုလေသည်။

"ရှေ့မှာဖြစ်မယ်!"

ချန်းချင်းယဲ့နှင့်ဘလပ်စ်သည် ၎င်းအနောက်မှလိုက်လာသည်။ သူတို့မျက်နှာထားမှာ စိတ်တည်ငြိမ်နေပုံရသည့်တိုင် သူတို့မျက်လုံးများအတွင်း၌မူ အနည်းငယ် ဝိညာဉ်လွင့်နေသယောင်ရှိပြီး တစ္ဆေအနောက်မှ သံပတ်ပေးထားသောအရုပ်များပမာ လိုက်လာကြသည်။

အားမီအသံကြောင့် သူတို့အသိစိတ်များပြန်လည်လာသည်။ ဘလပ်စ်က ချန်းချင်းယဲ့ကိုတောင့်တောင့်ကြီးလှည့်ကြည့်ပြီး တဖက်ကလည်းသူ့ကိုပြန်ကြည့်နေခဲ့သည်။ သူတို့သည် ရှော့ခ်ရမှုများကို တစ်ယောက်မျက်လုံးထဲမှတစ်ယောက်မြင်နေရသည်....အဲဒီတစ္ဆေကအခုလေးတင်ဘာပြောလိုက်တာ?...နောက်နေတာမဟုတ်လား? အမှန်တော့မဖြစ်နိုင်ပါဘူးနော်? ဟုတ်တယ်မလား? ဒါမှမဟုတ်...ပူပေါင်းကြံစည်တာပဲဖြစ်ရမယ်?

ရုတ်တရက် အရိပ်မည်းတစ္ဆေသည် သူ့လမ်းကြောင်းတွင်ရပ်လိုက်သည်။ ဘလပ်စ်နှင့်ချန်းချင်းယဲ့တို့မှာလည်း ပြိုင်တူရပ်သွားကြသည်။

သူတို့မည်သည့်ပြောင်းလဲမှုမှ မသိရသော်ငြား ၎င်းတစ်ခုတည်းကပင်သူတို့ကို မသိစိတ်အရသတိကပ်သွားမိစေသည်။ အရှေ့ဘက်ရှိ မည်းမှောင်နေသောနေရာတွင် လူငယ်လေး၏အရပ်ရှည်သွယ်လျသောပုံရိပ်ကို အတိုင်းသာမြင်တွေ့နိုင်၏။ သူ၏မျက်နှာသည်အရိပ်ထဲတွင် ပုန်းလျိုးနေပြီး ဘေးပတ်လည်မှလေထုက ဟန့်တားခံထားရသည့်တိုင် ဖိနှိပ်ထားသောခံစားချက်ကိုထုတ်လွှတ်နေဆဲ။

လူငယ်လေးက ရှေ့သို့တလှမ်းတိုးလျှောက်လာသည်။ သူ၏အရိပ်ကပင်သူ၏အသွင်အပြင်ကို ပိုမိုပေါ်လွင်လာစေသည်။ သူ၏နီမြန်းနေသောမျက်လုံးများသည် သူတို့ရှိရာဘက်သို့မှေးစင်းကြည့်နေ၏။ သူတို့သည် လူမဟုတ်သောအရာတစ်ခုအနောက်မှ လိုက်ပါလာခြင်းကိုအံ့ဩခြင်းမရှိသလို အဆိုပါမျက်လုံးများထဲတွင် ခံစားချက်အမြောက်အများမရှိနေချေ။ ချန်းချင်းယဲ့ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများမှာတောင့်တင်းသွားသည်။ စွမ်းအားကြီးပြိုင်ဘက်တစ်ယောက် သူတို့၏ကျောရိုးအပေါ်ကို တွားသွားတက်လာသယောင်။ အလိုအလျောက်ပင် သူ၏လက် က ဝတ်ရုံလက်အပေါ်ရောက်သွားပြီး သူ၏စိတ်ထဲမှချေဖျက်မရသောစိတ်ခံစားချက်ကိုဖြေရှင်းနိုင်ရန် အားချန်း၏ခေါင်းကိုတို့လိုက်သည်။ထို့နောက်တွင်မူ....ဘလပ်စ်ထံမှလာခဲ့သောအချက်အလက်များ။ သူ၏ကစားဖော်ကိုမယုံကြည်ခြင်းမျိုးမဟုတ်၊ သို့သော်ငြား.....

ချန်းချင်းယဲ့သည် အေ့စ်သည်လူများကိုလှည့်စားရာတွင် အလွန်တော်ကြောင်းကိုဝန်ခံရမည်။ တဖက်လူက ရေးရေးမျှမျက်ခုံးကြုတ်လိုက်ရာ ချန်းချင်းယဲ့၏အသက်ရှူသံက ပြေလျော့သွားသည်။

"မင်းတို့တကယ်ကြီးဒီနေရာရောက်လာကြတာပဲ"

ယဲ့ကျားက တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ သူ၏ဖြူဖတ်ဖြူရော်မျက်နှာသည် လူသားတစ်ယောက်နှင့်သဏ်ဏ္ဍာန်တူသောရင်းနှီးနေကျ အမူအရာကိုဖော်ပြလာသည်။ ပျင်းရိ သိမ်မွေ့ပြီး စိတ်ဝင်စားမှုမရှိသယောင်။

ချန်းချင်းယဲ့ကတောင့်တင်းသွားသည်။ သူ၏လက်ချောင်းထိပ်များက အားချန်ကို ရပ်လိုက်ရန် ခပ်ဖွဖွပုတ်ပေးလိုက်၏။ ယဲ့ကျားက ကိုယ်ကိုလှည့်ကာတံခါးမှခွာသည်။

"ဝင်ခဲ့ကြ"

တခန်းလုံးရှုပ်ပွနေသည်။ ဤနေရာက M မြို့မဟုတ်။ ယဲ့ကျားသည်ယာယီနေထိုင်ရန် မသင့်တော်သည့်အခန်းတစ်ခုကိုကျပန်းရွေးချယ်ခဲ့သည်။ ကွန်ပျုတာမှအလင်းရောင်က တခန်းလုံးကိုလင်းထိန်နေစေသည်။ လက်မည်းလေးက ဖန်သားပြင်မှခေါင်းပြူထွက်လာပြီး ပွစာကြဲနေသောကြမ်းပြင်ပေါ်မှစာရွက်တစ်ရွက်ကို လူနင်းတက်သွားသည့်မြင်ကွင်းအားကြည့်နေသည်။

"ဟေး...! အဲဒါတွေကအသုံးမလိုဘူးလား"

ယဲ့ကျားကငုံ့ကြည့်လိုက်သည်။

"အော်...ဒါလား"

သူလက်ချောင်းတစ်ချောင်းကိုမြှောက်လိုက်ပြီး မမြင်ရသည့်အားတစ်ခုဖြင့် လေထဲကိုယမ်းလိုက်သည်၊ ကြမ်းပြင်တွင်ပွသလဲနေသော စာရွက်များအကုန်ဘေးဘက်ရှဲသွားသည်။

"အခုတော့မလိုသေးဘူး"

"အို့...ဝှက်စာဖော်ပြီးသွားပြီလား"

လက်မည်းလေးက ချက်ချင်းနားလည်သွားပုံရသည်။ ယဲ့ကျားက တုံ့ပြန်သံသာပေးပြီး ဘာမှဆက်မပြောလာတော့ပေ။

သူသည်တံခါးဝတွင်ရပ်နေသေးသော လူနှစ်ယောက်နှင့်တစ္ဆေတစ်ကောင်ကိုလှည့်ကြည့်ကာမေးလေသည်။

"မင်းတို့ဘယ်လိုရောက်လာကြတာလဲ"

ချန်းချင်းယဲ့နှင့်ဘလပ်စ်သည် ဦးတည်ရာတစ်ခုတည်းကိုသာလက်ညိုးထိုးပြလိုက်သည်။ ယဲ့ကျားက သူတို့လက်ညိုးအတိုင်းလိုက်ကြည့်ပြီး မထင်မရှားကိုယ်ထည်နှင့် အရိပ်မည်းတစ္ဆေထံငေးကြည့်လိုက်၏။

အားမီ: "....."

အကြောင်းအချို့ကြောင့် ၎င်းကအပြစ်ရှိနေသလိုခံစားနေရသည်..အားမီကလည်ချောင်းရှင်းကာဆိုသည်။

"အာ...ကျွန်တော်ဒီကိုလာတာ ကင်းဆီကသတင်းကြောင့်ပါ!"

"ဒါကြောင့်...အင်း"

၎င်းကမပြောခင်တွေဝေနေသေးသည်။

"ကင်းက ခင်ဗျားကို ဝိညာဉ်နှစ်သိန်းကိစ္စကိုဖြေရှင်းဖို့မေးခိုင်းလိုက်တယ်၊ ခင်ဗျားစိတ်ပူစရာမလိုတော့ပါဘူး"

ယဲ့ကျားက 'အို့' ဟုသာပြောပြီး အတွေးထဲတွင်နစ်မြုပ်နေသည်။ အားမီက ထိုသို့သတင်းမျိုးကိုယူလာသည့်တိုင် အထွေအထူးအမူအရာမပြပါချေ။

"ဝိညာဉ်နှစ်သိန်းလား"

ကျန်သူနှစ်ယောက်ကယောင်တောင်တောင်ဖြင့်မေးသည်။

"ဘာတွေဖြစ်နေကြတာလဲ"

အရိပ်အမည်းတစ္ဆေသည် အကြောင်းအရာပြည့်ပြည့်စုံစုံဖြင့်ရှင်းပြလာသည်။

"အမေကဘုရင်နဲ့...အေ့စ်ကို မြို့ကိုအပြောင်ရှင်းပြီး ဝိညာဉ်နှစ်သိန်းကိုနှုတ်လာဖို့ပြောထားတယ်..အဲဒါကိုတံခါးလုံးဝပွင့်သွားဖို့အတွက်ပဲ၊မကြာခင် အမေကသူ့အစီအစဉ်အတိုင်း လုပ်လိမ့်မယ်လို့ယုံကြည်တယ်"

ချန်းချင်းယဲ့မှာ ကြက်သေသေနေပြီးယဲ့ကျားကိုလှမ်းကြည့်သည်။

"ဒါဆိုအပြင်က တိမ်မည်းတွေအကုန်လုံးက....?"

ယဲ့ကျားက ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်...ငါလုပ်ထားတာ"

ဘလပ်စ် ကသူ့ခေါင်းသူကိုဆွဲဆုပ်လိုက်သည်။

"ဒါဆို...ဘာလို့အဲဒီအော်သံတွေကြားနေရသေးတာလဲ"

ယဲ့ကျားက သူ့ဘေးရှိကွန်ပျုတာကိုလက်ညိုးထိုးပြလေသည်။ လက်မည်းလေးကထိုနှစ်ယောက်ကိုလက်ယမ်းပြပြီး သူရွေးချယ်ထားသောရုပ်ရှင်ကိုဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြသနေသည်။

ချန်းချင်းယဲ့: "....."

အော်...ဆိုတော့ဒီလိုကိုး.....

လက်မည်းလေးက...တကယ်ကိုအရမ်းအသုံးဝင်တာပဲ....

ရှော့ခ်ရနေရာမှအနည်းငယ်လျော့သွားသည့်အခါ ချန်းချင်းယဲ့ကမေးမြန်းလာသည်:

"ဒါဆို ခက်ထန်တဲ့အဆင့်တစ္ဆေပြောတာအမှန်ပဲပေါ့"

အမေကသူမ၏အစီအစဉ်အတိုင်းလှုပ်ရှားနေသည့်ကိစ္စ။ အရိပ်မည်းတစ္ဆေက သွက်လက်တက်ကြွစွာဖြင့်လက်များကိုဆန့်တန်းသည်။

"အားမီ"

ချန်းချင်းယဲ့: "ဟမ်?"

အရိပ်မည်းတစ္ဆေ: "ငါ့နာမည်ကအားမီ!"

သူ့အရှေ့မှနှစ်ယောက်က တိတ်ဆိတ်နေသည်။

"....."

ဘယ်လိုနာမည်ကြီးလဲဟ!

အားမီကတခစ်ခစ်ရယ်ပြီး ထူးထူးဆန်းဆန်းမေးလေသည်။

"မင်းတို့...ကြောင်ချစ်လား"

နှစ်ယောက်: "....."

ယဲ့ကျား"... "အချိန်ကိုက်ဖြတ်တောက်လိုက်ခြင်းအတွက်ကျေးဇူးတင်ပါတယ်။

အနှီ အနေရခက်သောတိတ်ဆိတ်မှုသည် ပြတ်တောက်သွားသည်။

"ဟုတ်တယ်၊ အမေကကြာကြာလုပ်နိုင်မှာမဟုတ်ဘူးလို့ငါယုံတယ်"

ထိုစကားကြောင့် ကျန်လူနှစ်ယောက်က မှင်သက်သွားသည်။ တခဏမျှ အခန်းသည်တိတ်ဆိတ်သွားသည်။

"အို့..ဟုတ်သားပဲ!"

ဘလပ်စ်က တခုခုအားတွေးမိပုံရပြီး အခန်းထဲမှချက်ချင်းထွက်သွားသည်။ မကြာမီ အပြင်ဘက်မှဝူးဝူးဝါးဝါးနှင့်တချွတ်ချွတ်အသံများ ထွက်လာပြီး စက္ကန့်အနည်းငယ်အကြာတွင် ဘလပ်စ်သည်ကြိုးတုပ်လျက်သားနှင့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကို တရွတ်ဆွဲခေါ်လာခံသည်၊ သူသည်ထိုသူကိုယဲ့ကျားရှေ့တည့်တည့်သို့ အလွယ်လေးပစ်ချလိုက်၏။

"ဒီမှာ"

ယဲ့ကျားက လန့်သွားလေသည်။ သူသည်အနှီသူ၏ဖူးရောင်နေသောမျက်နှာကို ကြည့်ပြီး ထိုသူကိုမှတ်မိနိုင်ရန် စက္ကန့်အနည်းငယ်ကြာအောင် အချိန်ယူလိုက်ရသည်။ ဒါကအဲဒီ...ဒါရိုက်တာမလား? ဘလပ်စ်နှင့်ချန်းချင်းယဲ့သည် သူတို့လုပ်ခဲ့သမျှနှင့်တွေ့ခဲ့သမျှကို အကျဉ်းချုပ်ရှင်းပြလိုက်ရသည်။

သက်လတ်ပိုင်းအရွယ်လူသည် မြေကြီးပေါ်တွင် လဲနေပြီးတအီးအီးဖြင့်ငိုယိုနေကာ လောက်ကောင်ပမာတွန့်လိမ်နေသည်။ ယဲ့ကျားကသူ့အားတွေးဆဆဖြင့်ကြည့်နေသည်။ အံ့ဩစရာမရှိတော့။ ဤအရာနှင့်သာဆိုပါက ကိစ္စပေါင်းများစွာကိုရှင်းပြနိုင်သည်။

ဌာနခွဲ၏ အစပိုင်းရှိကျေနပ်ရောင့်ရဲသောတုံ့ပြန်မှုသာမက ထိုနေ့ညကတဖက်မှ မမျှော်လင့်ထားသောပူးပေါင်းမှုဖြစ်ပါစေ...ဌာနချုပ်အားတိုက်ရိုက်ဝင်တိုက်ခိုက်ခဲ့သည့်အကျိုးဆက်ဖြစ်နေလျှင်ပင် အားလုံးကို အကြောင်းသင့်စွာရှင်းပြနိုင်သည်။ ထို့နောက် သည်အချိန်တွင် ရှာဖွေတွေ့ရှိခဲ့သမျှကိုအခြေခံပြီး အမေနှင့်သူ၏ကလေးများအကြား ပြင်းထန်သောဆက်သွယ်မှုရှိလင့်ကစား သူတို့လက်ရှိ ရှိနေသည့်နေရာကိုသူမသိရန်မှာမဖြစ်နိုင်ပေ။ တဖက်လူကလူးလှိမ့်နေသောကြောင့် ဘလပ်စ်ကသူ့အားပိတ်ကန်လိုက်၏။

"ငြိမ်ငြိမ်နေစမ်း"

ထို့နောက် သူသည် ယဲ့ကျားကို 'ငါတော်တယ်မလား' ဆိုသောမျက်နှာထားဖြင့်ကြည့်ကာမေးလိုက်သည်။

"ဘယ်လိုလဲ"

ချန်းချင်းယဲ့ကပေါင်းထည့်ပြောသည်။

"ဒါပေမဲ့ သူကပါးစပ်ကိုအသေပိတ်ထားတော့ ငါတို့တချိန်လုံးမေးနေတာတောင်ဘာမှမထွက်လာဘူး"

ယဲ့ကျားကခေါင်းခါသည်။

"ကိစ္စမရှိဘူး"

နှစ်ယောက်လုံးကအံ့ဩသွားကြသည်။

ယဲ့ကျား: "ငါလိုအပ်တဲ့အချက်အလက်တွေကို အကြမ်းဖျင်းရထားပြီးပြီ၊ သူဘာမှမပြောလည်းရတယ်"

ဘလပ်စ်မှာကျရှုံးသွားသောမျက်နှာဖြင့်ပြောလာသည်။

"အဲဒီလိုလား"

သူသည်မကျေမနပ်ဖြင့် ဒါရိုက်တာကိုထပ်ကန်ပြန်သည်။ တဖက်လူကနာကျင်သွားလေရာ ညည်းညူပြီး ကွေးကွေးလေးဖြစ်သွားသည်။ သူ၏ညိုပြီးမည်းနက်သောမျက်လုံးများက ဘလပ်စ်အားစားတော့မယောင်ကြည့်နေသည်။

ဘလပ်စ်: "ဒါဆိုသူကအသုံးမဝင်တော့ဘူးပေါ့?"

သူ၏အမူအရာက စိတ်ပျက်သွားသယောင်ရှိသည်။ ၎င်းအရာအားလုံးက ဘာမှမဟုတ်သေး။ သို့သော် မမျှော်လင့်ဘဲသူတွေးမိသွားသည့်အရာရှိသည်။

ယဲ့ကျား၏မယိမ်းမယိုင်တည်ငြိမ်သောမျက်လုံးများကထိုလူကိုငုံ့ကြည့်နေသည်။ သူထိုလူကိုကြည့်လိုက်ချိန်မှာပင် ကြမ်းပြင်ပေါ်မှလူကတုန်လှုပ်နေပုံရသည်။ သူက ထိုသူထံမှအကြည့်ကိုပြန်ရုတ်သိမ်းပြီး အားမီကိုလှမ်းကြည့်လိုက်သည်။

"သူ့ကိုကျီရွှမ်ဆီပဲခေါ်သွားလိုက်တော့"

"အင်း........"