အပိုင်း ၁၃၄
Viewers 10k

Chapter 134
Extra-(1)



တိုက်ပွဲပြီးသွားသော်လည်း လူသားများက ခက်ခဲသည့် ခရီးကို လျှောက်လှမ်းနေရဆဲဖြစ်သည်။

PIAMBကို ပြန်လည်ဖွဲ့စည်းရန်၊ မြို့များကိုပြန်လည်တည်‌ဆောက်ထူထောင်ရန်၊ ကမ္ဘာပေါ်တွင် ကျန်ခဲ့သော တစ္ဆေများကို ရှင်းလင်းပစ်ရန် စသည်ဖြင့် မဖြေရှင်းရသေးသည့်ပြဿနာများစွာ ကျန်သေးလေသည်။

ပထမလအနည်းငယ်တွင် ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေခဲ့သော်လည်း အချိန်ကြာလာသောအခါအားလုံးက လမ်းမှန်ပေါ်သို့ တဖြည်းဖြည်း ပြန်ရောက်သွားလေသည်။

ကပ်ဘေးကြောင့် အပျက်စီးဆုံးဖြစ်ခဲ့သော Mမြို့က ယခုချိန်ထိ ပြီးပြည့်စုံစွာ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးချေ။

ထို့ကြောင့် Mမြို့ရှိ PIAMBဌာနခွဲကို မြို့စွန်တွင် ယာယီတည်ဆောက်ထားလေသည်။

သို့သော် ယခုအချိန်တွင်မူ PIAMBကို ပြည်သူများထံမှ ဖုံးကွယ်ထားရန် မလိုသောကြောင့်အဆောက်အအုံတစ်ခုလုံးကို ဌာနများ ခွဲဝေသတ်မှတ်နိုင်ခဲ့လေသည်။

ချန်စဲကျစ်က အတည်မပြုရသေးသည့်စာရွက်စာတမ်းများကို ကိုင်ကာ တံခါးအပြင်ဘက်မှ ၀င်လာပြီး တစ်စုံတစ်ခုကို ရှာနေလေသည်။

ထိုစဉ် မလှမ်းမကမ်းမှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

"မင်း ဘာရှာနေတာလဲ…"

ချန်စဲကျစ် အသံကြားရာသို့ လှမ်းကြည့်လိုက်သောအခါ အထူးစားပွဲ၏နောက်ရှိ လက်မဲလေးက သူ့ကို တက်ကြွစွာ လက်ဝှေ့ယမ်းပြနေလေသည်။

"ဒီမှာ…ဒီမှာ…"

ချန်စဲကျစ် အနည်းငယ် အံ့ဩသွားသည်။

"မင်း ဒီမှာ ဘာလုပ်‌နေတာလဲ…"

လက်မဲလေးက ဂုဏ်ယူစွာ မတ်တပ်ရပ်လိုက်ပြီး သူ့စားပွဲပေါ်မှ တံဆိပ်ပြားကို ညွှန်ပြလိုက်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။

"ငါက အခု PIAMBရဲ့ အထူး၀န်ထမ်းဖြစ်သွားပြီ…"

ချန်စဲကျစ်က လက်မဲလေး ညွှန်ပြသည့် တံဆိပ်ပြားကို ကြည့်လိုက်သည်။

Reception…

ချန်ချင်းယဲ့ : "..."

ချန်စဲကျစ် တစ်ခုခုကို တွေးမိသွားပြီး မေးလိုက်သည်။

"မင်း အစ်ကိုယဲ့ဆီက ထွက်လာတာလား…"

လက်မဲလေး:"ဟုတ်တယ်…မင်း မသိဘူးလား…"

ယဲ့ကျားထံမှ အမေ့၏ အစိတ်အပိုင်းကို ထုတ် ယူပြီးနောက် ယဲ့ကျားက လူသားပြန်ဖြစ်သွားပြီး သူနှင့် ဆက်နွယ်မှုလည်း ပြတ်တောက်သွားခဲ့လေသည်။

ယဲ့ကျားက သူ့ကို တစ်ပတ်ကြာပြီးမှ သတိရလာလေသည်။

ထိုကိစ္စကြောင့် လက်မဲလေး ယဲ့ကျားကို နှစ်ပတ်ခန့် စိတ်ကောက်ခဲ့သည်။

ယဲ့ကျားက သူ့ကို ဖုန်းသုံးရန် သဘောတူသောအခါမှ သူ စိတ်ပြေခဲ့ခြင်းဖြစ်သည်။

သို့သော် Skinဖိုးများအတွက် သူက အချိန်ပိုင်း
အလုပ်လုပ်ရန် လိုအပ်ခဲ့လေသည်။

ယခုအချိန်တွင် ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်နှင့်အတူ တစ္ဆေသရဲများပါ အတူနေထိုင်နေကြလေသည်။ အမေ့ဘက်မှ ‌တစ္ဆေများ၊ အမေ့ကိုထောက်ခံအားပေးခဲ့သော ယုတ်ညံ့သည့်တစ္ဆေများကို အကျဉ်းချခြင်း၊ ရှင်းလင်းခြင်းများ ပြုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုသော တစ္ဆေများကမူ PIAMB၏ စည်းမျဉ်းများအောက်တွင် လူသားများနှင့် အတူယှဉ်တွဲနေထိုင်ကြလေသည်။

ထို့ကြောင့် လက်မဲလေးက ထိုကဲ့သို့သောတစ္ဆေများနှင့် ဆက်ဆံရန် PIAMBက အထူးခန့်အပ်လိုက်သော ၀န်ထမ်းဖြစ်လာလေသည်။

"အဲ့လိုကို…"

လက်မဲလေး၏ စကားများကို နားထောင်ပြီးနောက် ချန်စဲကျစ် သဘောပေါက်သွားလေသည်။

လက်မဲလေး:"ဒါက မကောင်းဘူးလား…"

ချန်စဲကျစ်:"ကောင်းတာပေါ့…"

လက်မဲလေး :"မင်း ၀တ်ကျေတမ်းကျေ ဖြေနေတာလား…"

ချန်စဲကျစ် :"မဟုတ်ပါဘူး…ပြောကာမှ အစ်ကိုယဲ့ အခု ဘယ်မှာလဲ…"

လက်မဲလေး :"မင်း ကံကောင်းတယ်…ဘော့စ်က အခုလေးတင် မစ်ရှင်က ပြန်လာတာ...အခုဒါရိုက်တာရုံးခန်းမှာ…"

ချန်စဲကျစ်: "ကျေးဇူးပါ..."

ထို့နောက် ချန်စဲကျစ်က ရုံးခန်းသို့ အမြန်သွားလိုက်လေသည်။

လက်မဲလေး နောက်မှ လှမ်းပြောလိုက်သည်။

"ငါ့ကို သူငယ်ချင်းစာရင်းထဲ ထည့်ဖို့ မမေ့နဲ့ဦး…အချိန်ရရင် ဂိမ်းအတူ ကစားရအောင်…"

ချန်စဲကျစ်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"အိုကေ…"

သူ ရုံးခန်းရှေ့ရောက်သွားပြီး တံခါးခေါက်တော့မည့် အချိန်တွင် အထဲမှ အသံကို ကြား လိုက်ရလေသည်။

"အစ်ကိုယဲ့ မရှိရင် ကျွန်တော်တို့ အသက်မရှင်နိုင်ဘူး…အစ်ကိုယဲ့ ဘာမှလုပ်စရာ မလိုပါဘူး…"

ချန်စဲကျစ်၏ လက်က လေထဲတွင် ရပ်တန့်သွားလေသည်။

ဖြတ်သွားဖြတ်လာ၀န်ထမ်းများက အခန်းကိုတစ်ကြိမ်ထက်မနည်း လှည့်ကြည့်သွားကြလေသည်။

ချန်စဲကျစ်က ချောင်းဟန့်လိုက်ပြီး တံခါးကိုခေါက်လိုက်သည်။ ထိုအခါ တံခါးက စေ့ရုံစေ့ထားသောကြောင့် ပွင့်သွားလေသည်။

ပိန်ပါးပြီး အရပ်ရှည်သော လူငယ်လေးကအခန်းထဲတွင် ကူရာမဲ့စွာ မတ်တပ်ရပ်နေပြီးနေရောင်အောက်တွင် ဆံပင်များက တောက်ပနေလေသည်။

"အရင်ထလိုက်..."

ဝူစူးက ယဲ့ကျား၏ ပေါင်ကို ဆုပ်ကိုင်ကာ ငိုနေလေသည်။

"မထဘူး…"

ချန်စဲကျစ်: "..."


ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်ပြီးလက်မြှောက်ကာ နှာခေါင်းရိုးကို ညှစ်လိုက်သည်။

"ခင်ဗျားက ဒါရိုက်တာ မဟုတ်ဘူးလား…"

ဝူစူးက အမှန်ပြင်ပေးလိုက်သည်။

"ယာယီ ဒါရိုက်တာပါ…"

သူက ယဲ့ကျား၏ ဘောင်းဘီကို ဆွဲလိုက်လေသည်။

"ကျွန်တော် အစ်ကိုယဲ့ကို ဒါရိုက်တာ ဖြစ်စေချင်တယ်…"

ယဲ့ကျား:"မလုပ်ဘူး…"

ဝူစူး:"ဒါဆို ဒီမှာနေပြီး ကျွန်တော်တို့ကို ကူညီလေ…အဲ့လို မလုပ်ပေးရင် မလွှတ်ပေးဘူး…ထလည်း မထဘူး…"

ချန်စဲကျစ်: "..."

ဒီမြင်ကွင်းက ထူးဆန်းနေတယ်…

ဘယ်တုန်းက ဒါရိုက်တာရာထူးက အာလူးပူဖြစ်လာတာလဲ…

ယဲ့ကျားက တံခါးဘက်လှည့်ကြည့်လိုက်သောအခါ ချန်စဲကျစ်ကို မြင်သွားလေသည်။

"ချန်စဲကျစ် မင်းက ဒါရိုက်တာကို လာရှာတာလား…"

ချန်စဲကျစ်: "ကျွန်တော် အစ်ကိုယဲ့ကို လာရှာတာ..."

ယဲ့ကျား : "..."

ဝူစူးက ကြမ်းပြင်ပေါ်မှ ထလိုက်ပြီးဘောင်းဘီ ပေါ်ရှိ ‌ဖုန်မှုန့်များကို ခါလိုက်သည်။

"ဘာကိစ္စလဲ…"

ချန်စဲကျစ်က လက်ထဲမှ စာရွက်စာတမ်းများကို ယဲ့ကျားကို လှမ်းပေးလိုက်လေသည်။

"မြို့တော်မှာ Sအဆင့် အတက်အကျနှစ်ခုကိုထောက်လှမ်းမိတယ်…အစ်ကိုယဲ့ ကူညီပေးဖို့မျှော်လင့်ပါတယ်…"

ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်သည်။

"ဝေ့ရွှယ်ချူးနဲ့ ချန်ချင်းယဲ့က ဘယ်မှာလဲ…"

ချန်စဲကျစ်:"သူတို့က Mမြို့ကို ရှင်းလင်းနေတယ်…"

ယဲ့ကျား :"ဘလပ်စ်ကရော…"

ချန်စဲကျစ် :"သူက မစ်ရှင်လုပ်နေပါတယ်…"

ယဲ့ကျားက ဆက်လက် ရုန်းကန်နေလေသည်။

"ဒါဆို…"

ဝူစူး:"အစ်ကိုယဲ့ ကျွန်တော်ကို ဒူးထောက်တောင်းဆိုဖို့ တွန်းအားမပေးနဲ့နော်…"

ယဲ့ကျား : "..."

သူက ချန်စဲကျစ် လှမ်းပေးသော အချက် အလက်များကို လှမ်းယူလိုက်ရလေသည်။

"ကောင်းပြီ…"

………

ယဲ့ကျားက တံခါးဖွင့်လိုက်သောအခါ ပုံရိပ်တစ်ခုက သူ့ကို ပွေ့ဖက်လာလေသည်။

ထိုအမျိုးသား၏ ခန္ဓာကိုယ်က အေးစက်နေပြီး သူ့ကို တင်းတင်းဖက်ထားလေသည်။

ထိုအမျိုးသားက သူ့လည်ပင်းဆီ ခေါင်းမြှုပ်လာပြီး နှာသီးဖျားကို သူ့ကို ပွတ်သပ်နေကာနား နားကပ်ကာ ပြောလာလေသည်။

"ကောကော ဘာလို့ နောက်ကျနေတာလဲ…"

ယဲ့ကျားက မျက်နှာကို စောင်းလိုက်ပြီး ကျီရွှမ်ကို ထိလိုက်သည်။

"မင်းက ဘာလို့ ဒီလောက် ချွဲပျစ်နေတာလဲ…"

ကျီရွှမ်က ယဲ့ကျား၏ ပခုံးကို ပွတ်သပ်လိုက်သည်။

"ကျွန်တော်က လူသားမှ မဟုတ်တာ…ကပ်ချွဲချွဲ တစ္ဆေလေးလေ…"

ယဲ့ကျား : "..."

သူ ရယ်မောလိုက်သည်။

"ငါ့ကိုလွှတ်ပေး…ငါ အခုထိ အင်္ကျီမလဲရသေးဘူး…"

ကျီရွှမ် : "မလွှတ်ပါဘူး…"

ယဲ့ကျားက ကျီရွှမ်၏ ပခုံးကို တွန်းလိုက်လေသည်။

ထိုအခါ ကျီရွှမ်က ငြီးတွားလာသည်။

ယဲ့ကျားက လှုပ်ရှားမှုကို ချက်ချင်းရပ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"ဘာလို့လဲ…ဒဏ်ရာကို ထိမိသွားလို့လား…"

တိုက်ပွဲတွင် ကျီရွှမ်က ဒဏ်ရာအများဆုံးရခဲ့သူ ဖြစ်သည်။

တိုက်ပွဲပြီးသွားသောအခါ ကျီရွှမ်၏ ဒဏ်ရာများက လျင်မြန်စွာ မပျောက်ကင်းတော့ပေ။သူက အမေ့ထံမှ လက်ဆောင်ကို ဆုံးရှုံးခဲ့ရပြီးတစ္ဆေများကိုလည်း တစ်‌ယောက်တည်း တိုက်ခိုက်ခဲ့ရလေသည်။

ထို့အပြင် ကျီရွှမ်က အမေနှင့် တိုက်ရိုက် ဆက်သွယ်နေသူဖြစ်သည်။

အမေက မသေသွားသော်လည်း ဒဏ်ရာပြင်းထန်စွာ ရသွားသောကြောင့် ယင်းက ကျီရွှမ်အပေါ် မည်သို့သက်ရောက်မှုရှိမှန်း ယဲ့ကျား မခန့်မှန်းနိုင်ပေ။

ကျီရွှမ်က ခေါင်းခါလိုက်သည်။

"အဆင်ပြေပါတယ်…"

ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်ပြီး အမူအရာက လေးနက်လာလေသည်။

သူက ကျီရွှမ်၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်သည်။

"လာ…ငါ ကြည့်ကြည့်မယ်…"

ကျီရွှမ်က ယဲ့ကျား‌နောက် နာခံစွာ လိုက်သွားပြီး ကုတင်စွန်းတွင် ထိုင်လိုက်သည်။

ယဲ့ကျားက ကြယ်သီးများကို ဖွင့်ကြည့်လိုက်သောအခါ ပခုံးမှ ခါးအထိ စည်းနှောင်ထား‌ သော ပတ်တီးများက သွေးများစွန်းထင်းနေလေသည်။

ပတ်တီးက ဒဏ်ရာကို ကုသနိုင်စွမ်း ရှိသော် လည်း တစ္ဆေများအတွက် ထိရောက်မှု ရှိမရှိက တစ်ကဏ္ဍ ဖြစ်လေသည်။

သို့သော် ယဲ့ကျားက သူ့ကို စည်းပေးထားသောကြောင့် ကျီရွှမ်က ပတ်တီးစည်းထားခြင်းဖြစ်သည်။

ယဲ့ကျားက ပတ်တီးကို ဂရုတစိုက် ဖြည်လိုက်လေသည်။

ကျီရွှမ်၏ မျက်လုံးများက နက်မှောင်သွားလေသည်။

ယဲ့ကျားက ကျီရွှမ်၏ ဒဏ်ရာများကို သေချာစစ်ဆေးလိုက်သည်။

ရင်ဘတ်ရှိ ဒဏ်ရာက သွေးများ စိမ့်ထွက်နေလေသည်။

ကြည့်ရတာ သက်သာလာတဲ့ အရိပ်အယောင် မရှိဘူး…

ယဲ့ကျားက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ကျီရွှမ်၏အခြားဒဏ်ရာသေးများကို စစ်ဆေးကြည့်သောအခါ အများစုက သက်သာလာပြီဖြစ်သော်လည်း ယဲ့ကျား၏ နှလုံးသားထဲမှ စံနှုန်းကို မရောက်ရှိသေးပေ။

ယဲ့ကျားက ကျီရွှမ်၏ လည်ပင်းဘေးရှိ အမာရွတ်ကို ထိတွေ့လိုက်ပြီး စိုးရိမ်စွာ မေးလိုက်သည်။


"ဘယ်လို ခံစားရလဲ…"

ကျီရွှမ်က ယဲ့ကျား၏ လက်ကောက်၀တ်ကိုဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။

"နွေးတယ်…"

ယဲ့ကျား :"သေချာဖြေ…"

ကျီရွှမ်က တစ်ဖက်လူ၏ လက်ကို သူ့နှုတ်ခမ်းဆီ ဆွဲယူလိုက်ပြီး နမ်းလိုက်သည်။

"သေချာဖြေနေတာပါ…"

သူ့၏ နီရဲနေသော မျက်လုံးများက တစ်ဖက်လူကို ဝါးမျိုမတတ် စိုက်ကြည့်နေလေသည်။

ယဲ့ကျား ထိုအကြည့်ကြောင့် ပူလာလေသည်။

သူက ချောင်းဟန့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။

ထို့နောက် လက်ကို ပြန်ဆွဲယူလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"‌သေချာထိုင်…ငါ ဒဏ်ရာကို ပြန်စည်းပေးမယ်…"

ကျီရွှမ်က နာခံစွာ ထိုင်လိုက်လေသည်။

"ကျွန်တော် အဆင်သင့်ဖြစ်ပြီ…"

ယဲ့ကျားက တစ်ဖက်လူ၏ မရိုးသားသည့်စိတ်ထားကို ဂရုစိုက်ရန် ပျင်းသောကြောင့်ဒဏ်ရာကိုသာ ပတ်တီးစည်းပေးလိုက်လေသည်။

ထိုအချိန် ကျီရွှမ်က ရှေ့တိုးလိုက်ပြီး တစ်ဖက်လူ၏ လက်မောင်းကို ဆွဲလိုက်လေသည်။

သူ့၏ ၀င်လေထွက်လေများက တစ်ဖက်လူ၏ လည်ပင်းပေါ် ကျရောက်နေလေသည်။

ကျီရွှမ်၏ လည်စေ့က အပေါ်အောက် ရွေ့လျားသွားလေသည်။

သူ့အကြည့်က တစ်ဖက်လူ၏ အင်္ကျီလိပ်တက်နေ‌သော နေရာကို ရောက်သွားလေသည်။

အလုပ်များသောကြောင့် ယဲ့ကျားက အနည်းငယ်ပိန်သွားပြီး ဘောင်းဘီက ခါးအောက် ရောက်နေလေသည်။

ပျော့ပျောင်းသော ခါးက အလွယ်တကူ ကွေးညွှတ်နိုင်ပုံရ၏။

ကျီရွှမ်၏ စိတ်ထဲ၌ ပုံရိပ်များစွာ ပေါ်လာလေသည်။

သူက တစ်ဖက်လူ၏ ခါးကို ဆုပ်ကိုင်လိုက်ပြီးလက်များကို အင်္ကျီအောက်သို့ လျှိုသွင်းလိုက်သည်။

ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်သည်။

"မလုပ်နဲ့…"

သို့သော် တစ်ဖက်လူ၏ လှုပ်ရှားမှုက မရပ်သွားပေ။ ပိုမို ရဲတင်းလာလေသည်။

ယဲ့ကျား၏ ပါးများက ရှက်ရွံ့မှုကြောင့်လားဒေါသကြောင့်လား မသိသော်လည်း နီရဲလာလေသည်။

"ကျီရွှမ် မင်း မရပ်သေးဘူးလား…"

ကျီရွှမ်က ယဲ့ကျား၏ခါးကို ပွေ့ဖက်လိုက်ပြီးပြောလိုက်သည်။

"မရပ်ပါဘူး…"

ထို့နောက် နှာသံဖြင့် ပြောလိုက်လေသည်။

"ကောကောက ‌အိုဗာတိုင်းဆင်းနေတာ ရက်တွေကြာနေပြီ…"

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။

"မရဘူး…ငါ မနက်ဖြန် မစ်ရှင်ရှိသေးတယ်…"


တစ်ဖက်လူ၏ လက်ချောင်းများက အပေါ်သို့ တရွေ့ရွေ့တက်လာလေသည်။

"ကျွန်‌တော် ကောကောကို စောစော အိပ်ခိုင်းမယ်လေ…"

ယဲ့ကျားက ကျီရွှမ်၏ပခုံးကို ပြတ်သားစွာ တွန်းထုတ်လိုက်သည်။

"မရဘူး…"

ကျီရွှမ်:"အ…"

ယဲ့ကျား:"နာသွားလို့လား…"

ကျီရွှမ်:"မနာပါဘူး…"

ထို့နောက် သူက တစ်ဖက်လူ၏ နှုတ်ခမ်းကိုနမ်းလိုက်သည်။

ယဲ့ကျားက အလိမ်ခံရမှန်း သိသွားပြီး မျက်နှာကို လှည့်ကာ ရှောင်တိမ်းလိုက်သည်။

"မရဘူး…ငါ တကယ် မစ်ရှင်ရှိတာ…ဟမ်…"

ယဲ့ကျား၏ဆက်‌ပြောမည့် စကားလုံးများကိုတစ်ဖက်လူ၏ နှုတ်ခမ်းက ဝါးမျိုလိုက်လေသည်။

ယဲ့ကျားက တစ်ဖက်လူ၏ ဒဏ်ရာကို စိုးရိမ်သောကြောင့် ပြင်းထန်စွာ မရုန်းရဲချေ။ သို့သော် ထိုအခြေအနေက ကျီရွှမ်အတွက် အကောင်းဆုံးဖြစ်နေလေသည်။

မကြာမီ ယဲ့ကျား၏ မျက်လုံးများက မျက်ရည် ဝဲလာပြီး အသက်ရှူသံများက မတည်ငြိမ်တော့ချေ။

ရုန်းကန်သည့် အကြံက သူ့မျက်လုံးထဲတွင်ပေါ်လာလေသည်။

"တကယ် မရဘူး…"

ကျီရွှမ်က တစ်ဖက်လူ၏ အောက်နှုတ်ခမ်းကို
ကိုက်လိုက်သည်။

"ရပါတယ်…"

ထိုစဉ် ဖုန်းမြည်သံထွက်ပေါ်လာလေသည်။

ယဲ့ကျားက ချက်ချင်းသတိပြန်၀င်သွားပြီး ဖုန်းကို ကိုင်လိုက်သည်။

တစ်ဖက်လူ၏အသံက မြန်ဆန်ပြီး တိုးညှင်းလေသည်။

ယဲ့ကျား၏ အမူအရာ လေးနက်လာသည်ာ

"အင်း…အင်း…ငါ မကြာခင်ရောက်မယ်…"

ဖုန်းကျသွားလေသည်။

ယဲ့ကျား၏ မျက်နှာက နီရဲနေပြီး အောက်နှုတ်ခမ်းထက်တွင် ကိုက်ရာရှိနေသော်လည်းအကြည့်က ပြတ်သားလာလေသည်။

ကျီရွှမ်၏ မျက်နှာက အုံ့မှိုင်းနေလေသည်။

ယဲ့ကျားက ကျီရွှမ်ကို လှည့်ကြည့်လိုက်သည်။

"ဆောရီး…ဗျူရိုမှာ တစ်ခုခု ဖြစ်သွားလို့…"

ကျီရွှမ်:"ငတုံးတွေ…ကောကောမပါဘဲ ဘာမှ မလုပ်တတ်ကြဘူးလား…"


ယဲ့ကျား သက်ပြင်းချလိုက်သည်။

"ဒီကာလက အရေးကြီးတဲ့ကာလပဲ…ငါ နားလည်ရမှာပေါ့…ပြီးတော့ အချိန်ပိုဆင်းခပိုက်ဆံအများကြီးရတယ်လေ…"

ကျီရွှမ်က စိတ်ဓာတ်ကျသွားလေသည်။

"ကျွန်တော့်မှာ မရှိလို့လား…"

ယဲ့ကျား :"မင်းက ချို့တဲ့နေလို့ မဟုတ်ပါဘူး…"

သူက ကျီရွှမ်၏ နှုတ်ခမ်းကို ငုံ့နမ်းလိုက်သည်။

"ဂွတ်နိုက်…ငါ တတ်နိုင်သမျှ မြန်မြန် ပြန်လာ
ခဲ့မယ်…"

ထို့နောက် အခန်းထဲမှ ထွက်သွားလိုက်သည်။

အခန်းက တစ်ဖန် တိတ်ဆိတ်သွားလေသည်။

ကျီရွှမ်က လက်မြှောက်ကာ နှုတ်ခမ်းကို ထိလိုက်သည်။

နှုတ်ခမ်း‌ပေါ်ရှိ အနွေးဓာတ်က အချိန်ကြာလာသည်နှင့်အမျှ မရှိတော့ချေ။

ကျီရွှမ်က နှုတ်ခမ်းကို သပ်လိုက်သည်။

ဒီအချိန်ပိုကိစ္စတွေကို ဖြေရှင်းရဦးမယ်…

သူက နေ‌မကောင်းချင်ယောင် ဆောင်ထားရတာမလား…