အပိုင်း ၁၃၅
Viewers 10k

Chapter 135
Extra_(2)


ယဲ့ကျားက မစ်ရှင်ကို သုံးကြိမ်ဆက်တိုက် ကျရှုံးကာ ပြန်လာခဲ့ရလေသည်။

ယေဘုယျအားဖြင့် အလွန်အန္တရာယ်များသော မစ်ရှင်များကိုသာ သူ့ကို ပေးခြင်းဖြစ်သည်။

သို့သော် သူ ထိုနေရာများသို့ ရောက်သောအခါ အတက်အကျများက ပျောက်ကွယ်သွားပြီးထောက်လှမ်းရေးကိရိယာကလည်း ပုံမှန်ဖြစ်နေလေသည်။

ဒါက တကယ် တိုက်ဆိုင်မှုလား…

ယဲ့ကျား ရှုပ်ထွေးနေသည်။

တစ်ခုခု‌လွဲနေတယ်လို့ ခံစားနေရတယ်…

ယဲ့ကျား၏ အလိုလိုသိစိတ်က မှန်းလျှင် လွဲခဲလေသည်။ လက်ရှိအခြေအနေက တည်ငြိမ်နေသော်လည်း သူ ပေါ့ပေါ့တန်တန် သဘောမထားဝံ့ချေ။

ယင်းက ပူးပေါင်းကြံစည်မှု၏ ရှေ့ပြေးနိမိတ် သို့မဟုတ် ကသောင်းကနင်းဖြစ်ရပ်၏ အရိပ်အယောင် ဖြစ်နိုင်လေသည်။ နိမိတ်က ပြနေပြီဖြစ်သည်။

…….

ကျီရွှမ်က ရှေ့မှ ဖုန်းစခရင်ကို မျက်မှောင်ကြုတ်ကာ မက်ဆေ့ခ်ျတိုလေးကို ထပ်ခါတလဲလဲ ဖတ်‌နေလေသည်။

'ဆောရီး…ငါ ဒီနေ့လည်း အိုဗာတိုင်းရှိလို့ နောက်ကျမှ ပြန်လာမယ်…"

"ကလက်…"

ဖုန်းစခရင်က ကွဲအက်သွားပြီး ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာလေသည်။

အောက်မှ တစ္ဆေများက မသိစိတ်အရ ကျုံ့သွားပြီး ကျီရွှမ်၏ အာရုံအား ဆွဲဆောင်မိမည့်ကို ကြောက်ရွံ့သောကြောင့် ခေါင်းကို ငုံ့ထားလေသည်။

"ဘာလို့လဲ...ဘာလို့ ငါ့ကောကောက အိုဗာတိုင်းဆင်းနေရတာလဲ…"

အခန်းထဲမှ အပူချိန်က ချက်ချင်း ထိုးကျလာလေသည်။

တစ္ဆေ ငိုပင် ငိုချင်လာလေသည်။

ဒါ…ဒါက အရမ်း ရှက်ဖို့ကောင်းတယ်…

သူတို့က ကျီရွှမ်၏ အမိန့်ကို တစ်သွေမတိမ်း လိုက်နာပြီး ထောက်လှမ်းရေးကိရိယာမှ မြင့်မားသည့် အချက်ပြထွက်လာသည်နှင့် PIAMBမရောက်မီ သူတို့ ထိုနေရာကို သွားရှင်းလင်းခဲ့ကြသည်။

အဲ့ဒီနတ်ဆိုးကြီးက ဒါတောင် အချိန်ပိုဆင်းရမယ်မှန်း သူတို့ ဘယ်လိုလုပ် သိမှာလဲ…

ကျီရွှမ်က စားပွဲကို လက်ချောင်းများဖြင့် ပုတ်ကာ တည်ငြိမ်စွာ စဉ်းစားနေလေသည်။

သို့သော် အောက်မှ တစ္ဆေများက ထိုသို့ မတွေးကြချေ။

ကင်း၏ ခန္ဓာကိုယ်မှ ၀င်သက်ထွက်သက်က ပိုမိုအုပ်မှိုင်းလာပြီး ကြောက်စရာကောင်းလာလေသည်။

ကင်း၏ စိတ်နေစိတ်ထားက တိုက်ပွဲပြီးနောက် ပိုမိုကောင်းမွန်လာပြီး စကားပြောရ ပိုလွယ်ကူလာသော်လည်း ကင်း၏ ဩဇာလွှမ်းမိုးမှုက မပျောက်သေးချေ။ ကင်းက အမေ့ကို မောင်းထုတ်ခဲ့သောကြောင့် တစ္ဆေအားလုံးထက် စွမ်းအားကြီးသည်မှာ သံသယ၀င်စရာပင် မလိုချေ။

ထို့ကြောင့် ကင်းက သူတို့နှလုံးသားထဲတွင် သရဖူမဆောင်းထားသည့်ဘုရင် ဖြစ်လာခဲ့သည်။

အမေ့ကို သစ္စာရှိနေတဲ့ တစ္ဆေအုပ်စုက လွဲရင်ပေါ့…

အရိပ်တစ္ဆေက အခြားအပေါင်းအပါတစ္ဆေများထံမှ အကြည့်များကို ရသောအခါ လည်‌‌ချောင်းရှင်းပြီး ပြောလိုက်သည်။

"ကင်း…ကျွန်တော် PIAMBမှာ ရှိတဲ့ သူငယ်ချင်းဆီက ကြားခဲ့တာ…ထောက်လှမ်းရေးကိရိယာက အချက်ပေးလာတိုင်း တစ္ဆေရှိရှိ မရှိရှိ ၀န်ထမ်းတွေက အဆင့်တွေ အများကြီး လုပ်ရတယ်တဲ့…"

ထိုအချိန် အရိပ်တစ္ဆေပြောသည့် သူငယ်ချင်းက ဂိမ်းဆော့နေလေသည်။

"သေစမ်း….PIAMBက သောက်အထက်လူကြီးတွေ…"

ကျီရွှမ်၏ မျက်လုံးများက မှေးစင်းသွားပြီး တစ်ခုခုကို တွေးနေပုံ ပေါ်လေသည်။

…….

ယဲ့ကျားက ရုံးခန်းထဲတွင် ထိုင်နေလေသည်။

သူက စားပွဲပေါ်မှ အစီရင်ခံစာများကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ဤရက်အတောအတွင်း အခြေအနေများက ပိုမိုထူးဆန်းလာလေသည်။အခြားCအဆင့်မှ Aအဆင့်ထိ အချက်ပြများက ရှိနေသေးသော်လည်း Sအဆင့်အချက်ပြများက ပျောက်ကွယ်သွားသည်။

ထို့အပြင် ဤအတောအတွင်း အချက်ပြက မမြည်လာတော့ပေ။ ထိုသို့ တိတ်ဆိတ်နေသော အခြေအနေကယဲ့ကျားကို စိုးရိမ်စေ၏။

ဒီတစ္ဆေက အချက်ပြမမြည်အောင် လုပ်ဖို့နည်းကိုတောင် ရှာတွေ့သွားပြီလား…

ထိုအခြေအနေက အလွန်ကြောက်စရာကောင်းလေသည်။

ယဲ့ကျားက တိုက်ခိုက်ရေးဌာနခွဲကို ဖုန်းခေါ်လိုက်ပြီး ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက် မတ်တပ်ရပ်လိုက်ပြီး ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

……

ကျီရွှမ် အိမ်ပြန်ရောက်လာပြီး အခန်းထဲကို မြင်သောအခါ သူ့မျက်လုံးများ တောက်ပလာလေသည်။

ကောကော အိမ်ပြန်ရောက်နေပြီ…

အပြင်တွင် အလင်းရောင်က ရှိနေသေးလေသည်။

ကောကော ဒီအချိန် အိမ်ပြန်ရောက်တာ ပထမဆုံးပဲ….

သူ အခန်းတံခါးကို ဖွင့်လိုက်သည်။

ယဲ့ကျားက ကုတင်ဘေးတွင် ရပ်ကာ တစ်ခုခုကို ထည့်နေပုံပေါ်လေသည်။

ကျီရွှမ်က ယဲ့ကျားဆီ လျှောက်သွားလိုက်ပြီး ယဲ့ကျား၏ ခါးကို နောက်မှ ဖက်လိုက်သည်။

ယဲ့ကျားက‌ ခေါင်းလှည့်ကြည့်လိုက်ပြီး ယင်းကို အံ့ဩသွားပုံ မပေါ်ချေ။

"ကောကော ပြန်လာပြီလား..."

ဒါပေမဲ့ အခြေအနေက နည်းနည်း ထူးဆန်းနေပုံပဲ…

နေ့စဉ်အ၀တ်အစားကို သေသေသပ်သပ် ခေါက်ထားပြီး ဘေးတွင် ရှုံ့အိတ်အသေးက ပွင့်နေလေသည်။ ရှုံ့အိတ်ထဲတွင် အ၀တ်အစားအနည်းငယ် ရှိ၏။

ယဲ့ကျား :"လတ်တလော PIAMBဘက်က အခြေအနေတွေက ထူးဆန်းနေတယ်…ငါ တိုက်ခိုက်ရေးဌာနခွဲကိုလည်း ပြောပြီးပြီ…ငါ ဒီရက်ပိုင်း ကင်းလှည့်အဖွဲ့နဲ့ အတူတူ နေမှာ…"

ကျီရွှမ်: "..."

ယဲ့ကျား:''ငါ တောင်းပန်ပါတယ်…ငါ လက်ရှိ အခြေအနေကို စိုးရိမ်လို့ပါ…"

ယဲ့ကျားက သူ့ရှေ့မှ တိတ်ဆိတ်နေသည့် ကျီရွှမ်ကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ…"

ကျီရွှမ်က ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး…"

ယဲ့ကျားက ကျီရွှမ်ကို သံသယရှိစွာ ကြည့်လိုက်ပြီး ကျန်ရှိနေသည့် အ၀တ်အစားများကို ဆက်ထည့်လိုက်သည်။

ယဲ့ကျား အကြည့်လွှဲသွားသောအခါ ကျီရွှမ်၏ အမူအရာက ချက်ချင်းအုံ့မှိုင်းလာလေသည်။

သူ့ကို ဘယ်သူက ဒီအကြံပေးခဲ့တာလဲ…

"ဟပ်ချိုး…"

အရိပ်တစ္ဆေ နှာချေလိုက်သည်။

လက်မဲလေး ဂိမ်းကစားနေသည်ကို ရပ်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ…"

အားမီ နှာခေါင်းကို ကုတ်ကာ ပြောလိုက်သည်။

"ငါလည်း မသိဘူး…"

တစ္ဆေသရဲတွေက အအေးမမိနိုင်ပါဘူး…

ထူးဆန်းသည့်အရာကို နောက်တွင် ထားလိုက်ပြီး ဖုန်းကို ငုံ့ကြည့်လိုက်သည်။

"တာဝါကို မတွန်းနဲ့...အလယ်ကို လာလေ…"

…….

ကျီရွှမ်က ယဲ့ကျား၏ အကြံကို ဖယ်ရှားရန် ကြိုးစားသော်လည်း ယဲ့ကျားက အလွန် ပြတ်သားလှလေသည်။

သူ မသွားမီ ကျီရွှမ်၏ ပတ်တီးကို ပြောင်းပေးလိုက်သည်။

သူ ထွက်မသွားမီ ကျီရွှမ်၏ အထီးကျန်နေသော မျက်နှာကို ကြည့်လိုက်ပြီး ‌စိတ်ပျော့ပျောင်းသွားသည်။ သူက တစ်ဖက်လူ၏ ခေါင်းကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

"စိတ်မပူနဲ့…ငါ တတ်နိုင်သမျှ မြန်မြန် ပြန်လာခဲ့မယ်…"

ကျီရွှမ်က တစ်ဖက်လူ၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်သည်။

"ဘယ်လောက်ကြာမှာလဲ…"

ယဲ့ကျားက တစ်ခဏလောက်တွေးကာ ပြန်ဖြေလိုက်သည်။

"ဆယ်ရက်လောက်ပေါ့…."

ကျီရွှမ်:"မရဘူး…"

ယဲ့ကျား:ဇွတ်တရွတ် လုပ်မနေနဲ့…"

ကျီရွှမ်:"ကျွန်တော် အတူ လိုက်ခဲ့မယ်…"

ယဲ့ကျားက ချက်ချင်း ငြင်းဆန်လိုက်သည်။

"မရဘူး…မင်း ဒဏ်ရာက အခုထိ မကောင်းသေးဘူး…လျှောက်လုပ်မနေနဲ့…မင်း ငါ့‌နောက်ကို တိတ်တိတ်လေး လိုက်လာတာကို သိရင် ငါ ပြန်မလာတော့ဘဲနေမှာ…"

ကျီရွှမ်:"..."

သူက ယဲ့ကျား၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော နောက်ကျောကို ရပ်ကြည့်နေရလေသည်။

ကိုယ့်ခြေထောက်ကို ကျောက်တုံးနဲ့ ထုမိတာလား…

ကမ္ဘာပေါ်မှာ ဒီလောက်ဆိုးတဲ့အရာ ရှိနေသေးလား…

………

ယဲ့ကျားက တိုက်ခိုက်ရေးဌာနခွဲ၏ ကင်းလှည့်အဖွဲ့တွင် ပါ၀င်လာပြီးနောက် အဖွဲ့၀င်များ၏ စိတ်ဓာတ်များက တက်ကြွလာလေသည်။ အလုပ်ကိုလည်း မြန်မြန်ဆန်ဆန်နှင့် ဂရုတစိုက်လုပ်လာကြလေသည်။

သို့‌သော် ယဲ့ကျား အဖွဲ့သို့ ၀င်ပြီး‌နောက်တွင် အခြေအနေက ပုံမှန်ဖြစ်နေလေသည်။

ထူးဆန်းသည့် အခြေအနေများ မဖြစ်တော့ပေ။

ယဲ့ကျားက ပတ်၀န်းကျင်မှ စွမ်းအားကြီးတစ္ဆေများစွာကို ရှင်းပစ်လုနီးပါး ဖြစ်ခဲ့သော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ သဲလွန်စ မရခဲ့ပေ။

တကယ် ထူးဆန်းတယ်…

ယဲ့ကျား စိတ်ရှုပ်ထွေးနေလေသည်။

သို့သော် တစ်ပတ်ခန့်ကြာပြီးဖြစ်သောကြောင့်

ကျီရွှမ်၏ အခြေအနေကို စိုးရိမ်မိလေသည်။

ထို့ကြောင့် ဖုန်းထုတ်ကာ ကြည့်လိုက်သည်။

ကျီရွှမ်က နောက်ထပ်မက်ဆေ့ခ်ျတစ်စောင် ပို့ထားလေသည်။

ဘေးမှ ဖြတ်သွားသည့် အဖွဲ့၀င်များက ယဲ့ကျား၏ မျက်နှာကို မြင်သောအခါ အံ့ဩသွားကြ၏

"အစ်ကိုယဲ့…ချစ်သူလား…"

ယဲ့ကျားက ထိတ်လန့်သွား၏။

"ဘာလဲ…"

"အခုအမူအရာက ချစ်သူမဟုတ်ရင် ဘာလဲ…"

ယဲ့ကျားက အဖွဲ့ထဲတွင် ရှိနေသော်လည်း သူနှင့် အဖွဲ့၀င်များနှင့် အတားအဆီးတစ်ခုရှိနေလေသည်။

သို့သ်ော ယခု ယဲ့ကျားက ဖုန်းကို ကြည့်နေသောအခါ မျက်နှာအမူအရာက ပျော့ပျောင်းသွားသည်။သူ့နှုတ်ခမ်းက ကွေးညွှတ်နေပြီး ပယင်းရောင် မျက်လုံးများက တောက်ပနေ၏။

အဖွဲ့၀င် တစ်ယောက်က ပြောလိုက်သည်။

"ကျွန်တော် အိမ်ထောင်ကျတာ ကြာပြီ…ဒါက ချစ်သူဆီက မက်ဆေ့ခ်ျ ဖြစ်ကို ဖြစ်ရမယ်…"

ယဲ့ကျားက အနည်းငယ် ရှက်ရွံ့သွားလေသည်။

သူက ချောင်းဟန့်လိုက်ပြီး နားရွက်များနီရဲကာ ပြောလိုက်သည်။

"အဲ့လိုမဟုတ်ဘူး…"

"ဟုတ်ပါပြီ…ဟုတ်ပါပြီ…ဒါက တကယ်ပဲ အစ်ကိုယဲ့ရဲ့ ချစ်သူသာဆိုရင် အစ်ကိုယဲ့ သူ့ကို ချော့သင့်တယ်…"

ယဲ့ကျားက တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။

"ဘာလို့ ချော့ရမှာလဲ…"

အဖွဲ့၀င်:"အစ်ကိုယဲ့ပဲတွေးကြည့်….အလုပ်ကြောင့် အိမ်မပြန်နိုင်တာ ကြာပြီလေ…ကျွန်တော့်မိန်းမသာဆိုရင် အိမ်မှာ အထီးကျန်ပြီး ၀မ်းနည်းနေတော့မှာ…"

အဲ့လိုလား…

သူ ဤအတောအတွင်း အလုပ်များနေသောကြောင့် ကျီရွှမ်ကို ဂရုမစိုက်နိုင်ပေ။

ကျီရွှမ်ရဲ့ ခံစားချက်တွေကို ဂရုမစိုက်သလိုများ ဖြစ်သွားလား…

ထို့ကြောင့် တိုက်ခိုက်ရေးဌာနခွဲကို ပြောကာ တစ်ရက် ပြန်လာခဲ့လေသည်။

သူက ပန်းဆိုင်ရှေ့ဖြတ်သွားသောအခါ ပန်းစည်းတစ်စည်းကို ၀င်လိုက်ပြီး ကျီရွှမ်အံ့ဩသွားစေရန် သူ့အသက်ရှူသံကို ဖျောက်ထားလိုက်သည်။

သူက အိမ်ကို ပြန်လာသော်လည်း အိမ်တွင် မည်သူမှ မရှိချေ။

ဒဏ်ရာတွေနဲ့ ဘယ်တွေသွားနေတာလဲ…

ထို့ကြောင့် သူက ကျီရွှမ်နှင့် တစ္ဆေများ မကြာခဏတွေ့ဆုံသည့်နေရာသို့ သွားလိုက်လေသည်။

သူက အစောင့်များကို ချောမွေ့စွာ ဖြတ်ကျော်ပြီး အခန်းသို့ သွားလိုက်သည်။

သို့သော် တံခါးကို မဖွင့်မီ အခန်းထဲမှ အသံများကို ကြားလိုက်ရလေသည်။

"ကောကောအလုပ်က မပြီးသေးဘူးလား…"

အားမီ:"ကင်း စိတ်မပူပါနဲ့…မကြာခင် ပြီးတော့မှာပါ…"

ကျီရွှမ် :"မကြာခင်တဲ့လား…အဲ့ဒါက ဘယ်တော့လဲ…"

အားမီ: "..."

ကျီရွှမ်၏ အမူအရာက အုပ်မှိုင်းလာလေသည်။

"ထပ်မစောင့်နိုင်တော့ဘူး…"

အားမီ ငိုချင်လာလေသည်။

ထိုအကြံပေးခဲ့သည့်အတွက် အပြစ်ပေးခံရပြီးနောက် သူ အကြံထပ်မပေးဝံ့တော့ချေ။ ဖြောင်းဖြရန်သာ ကြိုးစားနေလေသည်။

"ကင်း စိတ်ရှည်ရှည်ထားပါ…"

ကျီရွှမ်က အံကြိတ်ကာ ပြောလိုက်သည်။

"ငါဒဏ်ရာတွေက သက်သာနေပြီ…ဘယ်လိုလုပ်ကြမလဲ…"

အားမီ:"ဒဏ်ရာကို ဖန်တီးပေးတဲ့ တစ္ဆေကို သွားရှာရင်ရော…"

ကျီရွှမ်:"အဲ့ဒါက အချိန်ကြာတယ်…ကောကောက…"

"ငါက ဘာဖြစ်လဲ…"

တံခါးက ပွင့်လာပြီး လူငယ်လေးတစ်ယောက်၀င်လာလေသည်။ သူက လူများကို ကြောက်ရွံ့စေသည့် ခံစားချက် ပေးစွမ်းနေသည်။

ကျီရွှမ် အေးခဲသွားလေသည်။

"မင်း ဘာလုပ်မလို့လဲ…"

အားမီက အားတင်းကာ ပြောလိုက်သည်။

"တကယ်တော့…"

ယဲ့ကျားက အားမီကို ကြည့်လိုက်သည်။

အားမီ:"ငါ အခုသွားတော့မယ်လို့ ပြောမလို့ပါ…"

အရိပ်တစ္ဆေက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

အခန်းထဲတွင် ယဲ့ကျားနှင့် ကျီရွှမ် နှစ်ယောက်တည်းသာ ကျန်တော့သည်။

ကျီရွှမ်က တုန်ရီစွာ ပြောလိုက်သည်။

"ကောကော ကျွန်တော် ရှင်းပြတာကို နား‌ထောင်ပေးပါ…"

ယဲ့ကျား :"အိုကေလေ…ငါ့မှာ အချိန်ရှိတယ်…"

…….

ထိုညတွင် ကင်း၏အိမ်ထဲမှ ငိုရှိုက်သံများ ထွက်ပေါ်လာလေသည်။

သူတို့ ထိုအသံမျိုးကို မကြားရသည်မှာ ကြာပြီဖြစ်သည်။

တစ္ဆေများက ကင်းကို ဒေါသထွက်အောင် လုပ်သည့် တစ္ဆေကို တွေးနေကြသည်။

သို့သော် အားမီသာ သိ၏။

ကင်းရဲ့ဒဏ်ရာတွေက အစစ်ဖြစ်လာတော့မယ်…