အပိုင်း ၁၃၆
Viewers 10k

Chapter 136
Extra_(3)



PIAMB၏အတွင်းရေး ကိစ္စများက တဖြည်းဖြည်း လမ်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ စည်းမျဉ်းဟောင်းအချို့ကို ပယ်ဖျက်၍ စည်းမျဉ်းသစ်များ ချမှတ်ခဲ့လေသည်။

ဝူစူးက ယာယီဒါရိုက်တာမှ တရားဝင်ဒါရိုက်တာဖြစ်လာခဲ့သည်။

ညနေပိုင်းတွင်…

ဝူစူးက PIAMB၏ တိုက်ခိုက်ရေးဌာနခွဲအဖွဲ့၀င်များ မဟုတ်သောလူများ၏ ရုံးခန်းသို့ ဝင်သွားလေသည်။

ထိုရုံးခန်းတွင် လူလေးယောက်သာ ရှိ၏။

ယဲ့ကျား၊ ဘလပ်စ်၊ ချန်ချင်းယဲ့နှင့် ဝေ့ရွှယ်ချူးတို့ ဖြစ်သည်။

သူတို့က အလုပ်များသောကြောင့် အတူ‌ဆုံကြရန် ခက်ခဲလေသည်။

ယခု သူတို့အလုပ်များ ပြီးသွားသောကြောင့် ရုံးခန်းထဲတွင် ဆုံနေကြခြင်းဖြစ်သည်။

ယဲ့ကျားက နံရံထောင့်ကို မှီကာ ရပ်နေ၏။

အခြားသုံးယောက်က ဝူစူးကို လေးနက်သော မျက်နှာများဖြင့် ကြည့်နေသည်။

ဘလပ်စ်က လက်မြှောက်လိုက်ပြီး ပြောလိုက်သည်။

"ခင်ဗျားက အခု တရား၀င်ဒါရိုက်တာဖြစ်လာတော့ ငါ့ကို ပိုက်ဆံပိုပေးလို့ရလား…"

ဝူစူး:"..."

ဝူစူး:"မရဘူး…"

ဝေ့ရွှယ်ချူး:"တိုက်ခိုက်ရေးအဖွဲ့၀င်တွေကို ကျွန်မ့နောက် မလိုက်ခိုင်းလို့ရမလား…ကျွန်မ ထပ်ခါ‌ထပ်ခါပြောဖူးတယ်လေ…သူတို့က ကျွန်မ့ရဲ့ စွမ်းဆောင်ရည်တွေကို ထိခိုက်စေတယ်လို့…"

ဝူစူး : "မရဘူး…"

ချန်ချင်းယဲ့:"ကျွန်‌တော့်ကို သီးသန့်ရုံးခန်းပေးလို့ ရမလားဗျ…"

"ဒါက…"

ဝူစူး သဘောတူခါနီးတွင် သတိပြန်၀င်လာလေသည်။

"ခဏနေပါဦး…မင်းက ဘာလို့ သီးသန့်ရုံးခန်း လိုချင်တာလဲ…"

ချန်ချင်းယဲ့:"အားချန်က မကြာခင် အခွံလဲတော့မှာ…သူ့အတွက် နေရာလွတ် လိုတယ်…"

ဝူစူး အင်းဆက်များနှင့် ပြည့်နှက်နေသော ရုံးခန်းကို ‌တွေးမိသွားလေသည်။

အကယ်၍ ထိုသို့ဖြစ်လာလျှင် ၀န်ထမ်း မည်မျှက သူ့ကို လာတိုင်ကြားကြမလဲ သူ မသိပေ။

ဝူစူး:"မရဘူး…"

ယဲ့ကျား:"ကျွန်တော်…"

ဝူစူး:"မဖြစ်နိုင်ဘူး…"

ယဲ့ကျား:ကျွန်တော် ဘာမှ မပြောရသေးဘူးလေ…"

ဝူစူး:"နုတ်ထွက်တာက လွဲပြီး ကြိုက်တာ တောင်းဆိုလို့ရတယ်…"

ယဲ့ကျား : "..."

အချိန်အ‌တော်ကြာပြီးနောက် ယဲ့ကျား ပြောလိုက်သည်။

"ထားလိုက်ပါတော့…"

ဘလပ်စ်:"ဒီလိုဆို ခင်ဗျား ဒါရိုက်တာ ဖြစ်လာတာ ဘာအကျိုးရှိလို့လဲ…"

ဝေ့ရွှယ်ချူးက ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်…ဘာမှလည်း မထူးဘူး…"

ချန်ချင်းယဲ့က သက်ပြင်းချလိုက်သည်။

ဝူစူး:"..."

ဝူစူး:"ငါ ဒီကိုလာတာက အားလုံးကို ဒီည ညစာဖိတ်ကျွေးချင်လို့ပဲ…"

ဘလပ်စ်:"ငါ အိမ်ပြန်ပြီး ဂိမ်းဆော့ရဦးမယ်…"

ချန်ချင်းယဲ့:"အားချန်က အခုတလော ဒေါသကြီးနေတယ်…လူစုလူဝေးနေရာတွေကို သွားလို့ မရဘူး…"

ဝေ့ရွှယ်ချူး:"ဒီည အစီရင်ခံစာ ရေးရဦးမယ်…"

ဝူစူး:"..."

အရှက်မရှိလိုက်ကြတာ…

ဝူစူးက ယဲ့ကျားကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

ထိုအကြည့်အောက်တွင် ယဲ့ကျား၏ အမူအရာက ပျော့ပျောင်းသွားပြီး တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်သည်။

"ဒီည လိုက်လို့တော့ ရပါတယ်…"

၀ူစူး၏ မျက်လုံးများက ‌‌တောက်ပလာလေသည်။

ဝေ့ရွှယ်ချူးက ယဲ့ကျားကို ကြည့်လိုက်သည်။

"အစ်ကိုယဲ့ တကယ်သွားမှာလား…"

ယဲ့ကျား:အင်း…သူက ဒါရိုက်တာ ဖြစ်လာပြီလေ…မျက်နှာသာပေးရမှာပေါ့…"

ဝူစူးက ယဲ့ကျားကို ကြည့်ကာ မျက်ရည်များပင် ဝဲလာလေသည်။

ဟုတ်တယ်…ယဲ့ကျားက သူ့လေးစားမှုနဲ့ ထိုက်တန်တဲ့သူ…သူက အရမ်း ကြင်နာတတ်တာပဲ…

ဝေ့ရွှယ်ချူးက ခေါင်းငြိမ့်လိုက်သည်။

"အိုကေ…ကျွန်မလည်း လိုက်ခဲ့မယ်…"

ဘလပ်စ်:"ဒီည ဂိမ်းဆွဲဖို့ အဖော်မရှိလို့ ငါလည်း လိုက်ခဲ့မယ်…"

ချန်ချင်းယဲ့:"ကျွန်တော် အားချန်ကို အိမ်မှာ ထားခဲ့လိုက်မယ်…"

ဝူစူး:"..."

"ဒါပေမဲ့…"

ယဲ့ကျားက ရုတ်တရက် ထပြောလိုက်သည်။

ဝူစူး မသိစိတ်အရ ထိတ်လန့်စွာ နောက်ဆုတ်လိုက်မိသည်။

ဘာ…ဘာဖြစ်တာလဲ…

တခြားသုံးယောက်ရဲ့ မျက်နှာက ဘာလို့‌ တောက်ပလာတာလဲ…

အရမ်း ကြောက်စရာကောင်းတယ်…

သူ စကားကို ပြန်ပြင်ပြောဖို့ နောက်ကျနေပြီလား…

……

နောက်ကျသွားကြောင်း သိသာလေသည်။

ဝူစူးက ကွပ်မျက်သည့်နေရာသို့ သွားနေရသကဲ့သို့သော မျက်နှာဖြင့် အခန်းထဲ ၀င်လာချိန် အားလုံး ထိတ်လန့်သွားကြသည်။

မူလက မုတ်ဆိတ်မွှေးတကားကားနှင့် အမျိုးသားက မုတ်ဆိတ်များ မရှိတော့ချေ။

ဘာလို့လဲမသိ…ရယ်စရာ ကောင်းနေတယ်…

သူ့အဖွဲ့ဝင်တစ်‌ယောက်က ပြောလိုက်သည်။

"ခေါင်းဆောင်က ဒါရိုက်တာ ဖြစ်သွားတော့ မုတ်ဆိတ်ရိတ်လိုက်ပြီပေါ့…"

ဝူစူး၏ မျက်နှာက နီရဲလာလေသည်။

သူက မုတ်ဆိတ်မွှေးများ မရှိတော့‌သောကြောင့် အ၀တ်မ၀တ်ထားသလို ခံစားနေရလေပြီး ‌မျက်နှာအောက်ခြမ်းက အေးစက်နေသည်။

ယခု မုတ်ဆိတ်မွှေးများ မရှိတော့သောကြောင့် ဝူစူး၏ မျက်နှာနီရဲနေကြောင်း သိသာလေသည်။

အားလုံးရယ်မောလိုက်ကြသည်။

အထူးသဖြင့် ဝူစူး၏ အဖွဲ့၀င်များက မျက်ရည်ကျမတတ် ရယ်မောနေကြလေသည်။

ဝူစူး အော်လိုက်သည်။

"ထပ်ရယ်ရဲရင် လစာဖြတ်ပစ်မယ်…"

သို့သော် အားလုံးက အရယ်မရပ်နိုင်ကြပေ။

စားပွဲကိုပင် ပုတ်၍ ရယ်မောနေကြလေ၏။

……..

ဤအတောအတွင်း PIAMBရှိ ၀န်ထမ်းများက အလွန်အလုပ်များနေကြသောကြောင့် စိတ်တက်ကြွသွားစေရန်အလို့ငှာ ညစာစားပွဲ ကျင်းပရခြင်းဖြစ်သည်။

ဝူစူးက အားလုံးကို ဒကာခံမည်ဟု ပြောထားသောကြောင့် အားလုံး ပျော်ရွှင်နေကြလေသည်။

ဘလပ်စ်က အရက်မူးနေသောကြောင့် အလွန်စိတ်လှုပ်ရှားလွယ်နေသည်။

သူက သူ့နာမည်ရင်းကို ဘယ်သူမှ မမေးကြ‌သောကြောင့် ဒေါသထွက်နေ၏။

ဝေ့ရွှယ်ချူး:"ဒါဆို နင့်နာမည်ရင်းက ဘာလဲ…"

ဘလပ်စ်:"ငါက ဘာလို့ ပြောပြရမှာလဲ…"

ဝေ့ရွှယ်ချူး:"...."

ချန်ချင်းယဲ့သည်လည်း အရက်များစွာ သောက်သော်လည်း ပါးပြင်နီရဲရုံမှလွဲ၍ တည်ငြိမ်နေဆဲဖြစ်သည်။ သို့သော် ဖြတ်သွားဖြတ်လာများကို သူ့အင်းဆက်များအကြောင်း လိုက်ပြောနေလေသည်။

မကြာမီ ချန်ချင်းယဲ့အနားတွင် နေရာလွတ်တစ်ခု ဖြစ်တည်လာလေသည်။

ချန်ချင်းယဲ့က အဘယ်ကြောင့် သူ့ကို လူများ ရှောင်နေမှန်း မသိချေ။

ဝေ့ရွှယ်ချူး သက်ပြင်းချလိုက်သည်။

ယဲ့ကျားကပဲ ပုံမှန်ပဲ…

ခဏနေပါဦး…ယဲ့ကျား ဘယ်မှာလဲ…

ဝေ့ရွှယ်ချူး ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သောအခါ စားပွဲ၏ထောင့်တွင် ခေါင်းငုံ့ကာ ထိုင်နေသည့် ယဲ့ကျားကို တွေ့လိုက်ရလေသည်။

ယဲ့ကျား၏ လက်ထဲတွင် ဝိုင်ခွက်အလွတ်ရှိပြီး ဖန်ခွက်အောက်ခြေတွင် စိမ်းပြာရောင်အရည်များ ကပ်‌ နေလေသည်။

ဝေ့ရွှယ်ချူး ထိုဝိုင်ကို သိသည်။ သူက သစ်သီးဝိုင်ဖြစ်ပြီး ချိုမြိန်လေသည်။ အယ်လ်ကိုဟောများစွာ မပါ၀င်ချေ။ သို့သော် အရက်ကောင်းကောင်း သောက်နိုင်သည့်လူပင်လျှင် သုံးခွက်သာ သောက်နိုင်လေသည်။

ယဲ့ကျား ဘယ်နှခွက် သောက်ထားပါလိမ့်…

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး…

သွားပြီ…

ထိုအချိန်တွင် ဘလပ်စ်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

ဝေ့ရွှယ်ချူးက အသက်ပြင်းပြင်းရှူလိုက်သည်။

ကံကောင်းစွာနှင့် ယဲ့ကျားက အခြား နှစ်ယောက်ကဲ့သို့ မဆူညံချေ။ မဟုတ်လျှင် ထိန်းရခက်မည်ဖြစ်သည်။

၀န်ထမ်းများက တစ်ယောက်ပြီးတစ်ယောက် ပြန်သွားပြီး အခန်းထဲတွင် လူများစွာ မကျန်တော့ချေ။

ဝူစူးက မေးလိုက်သည်။

"အစ်ကိုယဲ့ ဘယ်မှာလဲ…"

ဝေ့ရွှယ်ချူးက ထောင့်ကို ညွှန်ပြလိုက်သည်။

"အဲ့ဒီမှာ…"

မုတ်ဆိတ်မပါသော ဝူစူးက ယခင်ကထက် ဆယ်နှစ်ခန့် ငယ်သွားလေသည်။

ဝူစူး:"မမျှော်လင့်ဘဲ ဒီည အစ်ကိုယဲ့ မူးနေတာကို မြင်ရတယ်…ငါ့မုတ်‌ဆိတ်မွှေးတွေကို စတေးခဲ့ရတာ တကယ်ထိုက်တန်တယ်…"

ထိုအချိန်တွင် တိုက်ခိုက်ရေး၀န်ထမ်းတစ်ယောက်က သူတို့ထံ ချဉ်းကပ်လာလေသည်။

"အစ်ကိုယဲ့ရဲ့ အိမ်က ဘယ်မှာလဲ…ကျွန်တော်တို့ လိုက်ပို့ပေးဖို့ လိုသေးလား…"

ဝူစူး:"ရတယ်…သူ့ကို လာခေါ်ခိုင်းလိုက်မယ်…"

ထိုအခါ အခန်းထဲမှ လူများက တက်ကြွလာကြကာ တီးတိုးပြောနေကြလေသည်။

"အစ်ကိုယဲ့ကို ဘယ်သူ လာခေါ်မှာလဲ…"

"ရည်းစားများလား…"

"အစ်ကိုယဲ့မှာ တကယ် ရည်းစားရှိတာလား…

"ပြောရရင် ငါတို့အဖွဲ့ထဲက မိန်းကလေး တော်တော်များများက အစ်ကိုယဲ့ကို သဘောကျနေကြတာ…ဒါပေမဲ့ ဘယ်သူမှ ဖွင့်မပြောရဲဘူး…"

"ငါတို့ အဖွဲ့လည်း ဘယ်ထူးလို့လဲ…အစ်ကိုယဲ့ အရမ်းသတ္တိရှိပြီး မိုက်တယ်ချောတယ်လေ…ဘယ်သူက မကြိုက်ဘဲ နေမှာလဲ…ဒါပေမဲ့ ငါ အစ်ကိုယဲ့ ကိုယ်ရေးကိုယ်တာအကြောင်းပြောတာ မကြားဖူးဘူး…"

ဝေ့ရွှယ်ချူး: "..."

"အစ်ကိုယဲ့မှာ ကျိန်းသေပေါက် ရည်းစားရှိတယ်…သူ့ရည်းစားက ဌာနထဲကို တစ်ခါ လာဖူးပြီး အစ်ကိုယဲ့ကို ရှာဖူးတယ်…ငါ သူ့မျက်နှာကိုတောင် မှတ်မိသေးတယ်…"

"မင်း တခြားလူရဲ့ရည်းစားကို စိုက်ကြည့်နေခဲ့တာလား…"

"ငါ မလုပ်ပါဘူး…ဒါပေမဲ့ မင်းလည်း မြင်ရင် မှတ်မိမှာပဲ…"

"သူက ချောလား…"

"‌တော်တော်ချောတယ်…ငါ မြင်ဖူးသမျှထဲမှာ အချောဆုံးပဲ…အနုပညာရှင်တွေထက်တောင် ပိုချောသေးတယ်…"

အခြားလူများက ထိုစကားများကို အာရုံစိုက်ကာ နားထောင်နေကြလေသည်။

"တကယ်ကြီးလား…"

"ဟုတ်တယ်…ဒါပေမဲ့ သူက အစ်ကိုယဲ့ထက် အရပ်နည်းနည်း ပိုရှည်တယ်…"

"အစ်ကိုယဲ့က ၁.၈မီတာလောက် ရှည်တဲ့ဟာကြီးကို သူ့ချစ်သူက အဲ့ထက်တောင် ရှည်တာလား…"

ဘေးမှ ဝေ့ရွှယ်ချူး:"..."

ထိုစဉ် တိုက်ခိုက်ရေး၀န်ထမ်းတစ်ယောက်က ယဲ့ကျား၏ ပခုံးပေါ် လက်တင်လိုက်သည်။

"အစ်ကိုယဲ့ ဒီလိုမနေနဲ့လေ…"

ထိုအခါ ယဲ့ကျား၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မျက်လုံးများက ကြောက်စရာ ကောင်းလာလေသည်။

ထိုမျက်လုံးများက ၀န်ထမ်းများကို ချွေးများစို့စေလေသည်။

ဝေ့ရွှယ်ချူးက တိုက်ခိုက်ရေး၀န်ထမ်း၏ လက်ကို ပုတ်ထုတ်လိုက်သည်။

"အဲ့လို မလုပ်နဲ့…"

ဂိမ်းထဲတွင် အနေကြာလာသည်နှင့်အမျှ ထိုကဲ့သို့ အလိုလို တုံ့ပြန်မှုက အကျင့်ဖြစ်လာလေသည်။

ဝေ့ရွှယ်ချူးက ယဲ့ကျားကို ကြည့်လိုက်သောအခါ ယဲ့ကျားက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာလေသည်။

"ဖေဖေ…"

ထို့နောက် သူက ခေါင်းစိုက်သွားလေသည်။

ဝေ့ရွှယ်ချူး: "..."

ယဲ့ကျားက အရက် မသောက်ထားသော်လည်း ကျန်နှစ်ယောက်ထက် ကိုင်တွယ်ရန် ခက်ခဲနေလေသည်။

ဝေ့ရွှယ်ချူးက တစ်ဖက်လူကို အိမ်ပြန်ပို့ရန် အတွက် အကြိမ်ကြိမ်ချဉ်းကပ်ခဲ့သော်လည်းမအောင်မြင်သောကြောင့် ဖုန်းထုတ်လိုက်ပြီး Contactထဲမှ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ကာ ဖုန်းခေါ်လိုက်ရသည်။

………

ကျီရွှမ် ဖုန်းလက်ခံရရှိချိန်၌ အရှေ့တောင်ပိုင်းမှ တစ္ဆေများကို စုဝေးကာ ကိုင်တွယ်နေလေသည်။

အပေါ်မှ ထိုင်နေသည့် ကင်းက အမူအရာပြောင်းသွားပြီး မတ်တပ်ထရပ်လာသောကြောင့် တစ္ဆေများ ထိတ်လန့်သွားကြပြီး ကင်းကို ကြည့်နေကြသည်။

သို့သော် ကင်းက လက်ဝှေ့ယမ်းပြကာ ပျောက်ကွယ်သွားလေသည်။

"သွားပြီ…"

တစ္ဆေများ အချင်းချင်း ကြည့်လိုက်ကြသည်။

"ဘာဖြစ်တာလဲ…"

"ဒီလောက် မြန်မြန် ထွက်သွားပုံထောက်ရင် အရေးကြီးကိစ္စပဲ…"

"အမေ့ရဲ့ လက်အောက်ငယ်သားများလား…"

"မဖြစ်နိုင်တာ…ကင်းက ဒီလိုဖြစ်နေမှတော့ အမေ့ရဲ့ အလောင်းကို ရှာတွေ့တာ ဖြစ်မှာပေါ့…"

"မင်း ပြောတာ ဖြစ်နိုင်တယ်…"

တစ်ဖက်တွင် အားမီက ဘာမှ၀င်မပြောချေ။

ကင်းက ဒီလိုဖြစ်နေမှတော့ သူ့မိန်းမကိစ္စပဲ ဖြစ်မှာပေါ့…

…….

"အစ်မဝေ့ စောစောတုန်းက ဘယ်သူကို ဖုန်းခေါ်လိုက်တာလဲ…"

စပ်စုသည့် ၀န်ထမ်းတစ်ယောက်က မေးလိုက်သည်။

ဝေ့ရွှယ်ချူး:"နင်နဲ့ ဆိုင်လို့လား…"

ဝေ့ရွှယ်ချူးက ယဲ့ကျားကို လက်ညှိုးထိုးပြလိုက်သည်။

"သိချင်ရင် သူ့ကို မေးလေ…"

၀န်ထမ်း:"……"

သူ ဘယ်လိုလုပ် မေးရဲမှာလဲ…

ထိုအချိန်တွင် အခန်းတံခါး ပွင့်လာပြီး ချောမောသည့် အမျိုးသားတစ်ယောက် ၀င်လာလေသည်။

ထိုအခိုက်အတန့်၌ အခန်းက တိတ်ဆိတ်သွားသည်။

ထိုအမျိုးသား၏ အကြည့်က စားပွဲထောင့်မှ ယဲ့ကျားပေါ်သို့ ရောက်သွား၏။

ဝေ့ရွှယ်ချူးက ယဉ်ကျေးစွာ ပြောလိုက်သည်။

"ဒီဘက်မှာပါရှင့်…"

ကျီရွှမ်က ခေါင်းငြိမ့်လိုက်ပြီး ယဲ့ကျားထံ လျှောက်သွားလေသည်။

‌အစောပိုင်းက တိုက်ခိုက်ခံရလုနီးပါးဖြစ်သွားသည့် တိုက်ခိုက်ရေး၀န်ထမ်းက ပြောလိုက်သည်။

"Sir သတိထားနော်…အစ်ကိုယဲ့က…"

သို့သော် သူ ပြော၍ မပြီးသေးမီ တစ်ဖက်လူက ယဲ့ကျားကို ဆွဲထူလိုက်‌လိုက်သည်။

ယဲ့ကျားက ထိုအမျိုးသား၏ခန္ဓာကိုယ်ကို မှီတွယ်ထားလေသည်။

တိုက်ခိုက်မည့် အရိပ်အယောင်များ မရှိချေ။

၀န်ထမ်း:"……"

ဟမ်…

ဘယ်လိုကြီးလဲ…

အခြား၀န်ထမ်းများလည်း ထိတ်လန့်သွားကြလေသည်။

သို့သော် ထိုအမျိုးသားက လက်ရှိအခြေအနေကို သတိထားမိပုံ မပေါ်ချေ။ ယဲ့ကျား၏ ခါးကိုသဘာ၀ကျကျပွေ့ထားပြီး ဝူစူးနှင့်ဝေ့ရွှယ်ချူးကို ခေါင်းငြိမ့်ပြလိုက်သည်။

"ဒုက္ခများစေမိပြီ…"

ထို့နောက် နှစ်ယောက်သား အခန်းထဲမှ ထွက်သွားလေသည်။

ထိုအခါ တိတ်ဆိတ်နေသည့် အခန်းက ပွက်လောရိုက်သွားသည်။

"အစ်မဝေ့…သူက ဘယ်သူလဲ…အစ်ကိုယဲ့က ဘာလို့ သူ့ကို မတိုက်ခိုက်တာလဲ…"

"အားးးးအစ်မဝေ့ရဲ့ အလုပ်ကို တစ်လကူလုပ်ပေးမယ်…ပြောပြပါ…"

ဝေ့ရွှယ်ချူး၏ ဘေးတွင် လူများ ပတ်လည်ဝိုင်းနေလေသည်။

ယဲ့ကျား၏ ရည်းစားကို မြင်ဖူးသည်ဟု ပြောခဲ့သော ‌၀န်ထမ်းက ကြောင်အနေလေသည်။

ယဲကျားရဲ့ရည်းစားကောင်မလေးနဲ့ ဒီလူက ဘာလို့ တူနေပါလိမ့်…

သူ အရက်သောက်တာ များသွားပြီး လျှောက်မြင်နေတာနဲ့ တူတယ်…

…….

"ကောကော…"

ကျီရွှမ်က ခေါင်းငုံ့လိုက်ပြီး သူ့လက်မောင်းထဲမှ ယဲ့ကျားကို ကြည့်လိုက်သည်။

ယဲ့ကျားက အိပ်ပျော်နေဆဲဖြစ်သည်။

ကျီရွှမ် တစ်ဖက်လူထံမှ သစ်သီးဝိုင်နံ့ကို ရနေလေသည်။

သူက လက်မြှောက်လိုက်ပြီး တစ်ဖက်လူ၏ ပါးကို ထိလိုက်သည်။

တစ်ဖက်လူ၏ ၀င်သက်ထွက်သက်များက သူ့လက်ချောင်းထိပ်ကို ရိုက်ခတ်နေလေသည်။

ကျီရွှမ်၏ လည်စေ့ လှုပ်ရှားသွားသည်။

"ကောကော အင်္ကျီလဲပြီးမှ အိပ်လေ…"

ထိုအခါ ယဲ့ကျား၏ မျက်ခွံများက ဖြည်းညှင်းစွာ မြှင့်တက်လာပြီး ကျီရွှမ်ကို ကြည့်ကာ အင်္ကျီကြယ်သီးဖြုတ်လိုက်သည်။

ကျီရွှမ်၏နှလုံးသားက တုန်ရီလာလေသည်။

ဒါ…ဒါက…

အရမ်းခက်လိုက်တာ…