အပိုင်း ၁၃၇
Viewers 10k

Chapter 137
Extra_(4)



ကျီရွှမ်က သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ထိန်းနေလေသည်။

အနည်းဆုံး အခုတော့ မဟုတ်ဘူး…

ကောကောက စိတ်မပြေသေးဘူး…

ကျီရွှမ်က ခါးကိုင်းကာ ယဲ့ကျား၏ ဖိနပ်များကို ချွတ်ပေးလိုက်လေသည်။ သူ့၏လက်များက တစ်ဖက်လူ၏ သွယ်လျသော ခြေချင်း၀တ်ကို ဆုပ်ကိုင်ထားသည်။

ခေါင်းပေါ်မှ အသံ ထွက်လာလေသည်။

ကျီရွှမ် ခေါင်းမော့ကြည့်လိုက်၏။

ထိုအခါ ယဲ့ကျားက သူ့ကို မျက်လုံးများ မှေးစင်းပြီး ကြည့်နေလေသည်။ တစ်ဖက်လူ၏ ဆံပင်များက မီးရောင်အောက်တွင် တောက်ပနေ၏။

ကျီရွှမ်က တစ်ဖက်လူ၏ ခြေသလုံးကို ကိုင်လိုက်သည်။

"ဘာလဲ…"

ယဲ့ကျားက မေးလိုက်သည်။

ကျီရွှမ်:"ကောကော ကျွန်တော်က ဘယ်သူလဲ…"

ယဲ့ကျား:"ကျီရွှမ်~~~"

ကျီရွှမ်:"ကောကော ကျွန်တော့်ကို ဘယ်လို ခေါ်သေးလဲ…"

သာမန်အချိန်သာလျှင် ယဲ့ကျားက ဆွဲထိုးလိုက်ပြီဖြစ်သည်။

သို့သော် ယခု ယဲ့ကျားက တစ်ခဏခန့် တွေးပြီးနောက် ပြန်ဖြေလာလေသည်။

"အားရွှမ်…"

ကျီရွှမ်၏ မျက်လုံးများက စူးရှလာလေသည်။

ယဲ့ကျား ထူးဆန်းသည့် အခြေအနေကို ခံစားမိသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအခါ ကျီရွှမ်၏ မျက်လုံးများက ပိုမိုနီရဲလာလေသည်။

သူက ခါးပြန်မတ်လိုက်ပြီး လက်ဖြင့် တစ်ဖက်လူ၏မျက်ခုံးကို ပွတ်သပ်လိုက်သည်။

"မျက်မှောင်မကြုတ်ပါနဲ့…"

ယဲ့ကျားက မျက်‌တောင်ခတ်လိုက်ပြီး တစ်ဖက်လူ၏ လက်ကို ဆွဲယူလိုက်ကာ ပါးဖြင့် ပွတ်သပ်လိုက်သည် ။


ကျီရွှမ် ထိတ်လန့်သွားသည်။

ပူနွေးသည့် ပါးပြင်က သူ့လက်ကို ပွတ်သပ်နေလေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ယဲ့ကျား ပြောလိုက်သည်။

"အေးတယ်…"

ကျီရွှမ်က သည်းမခံနိုင်တော့သောကြောင့် လက်ကို ဆွဲယူလိုက်လေသည်။

ယဲ့ကျားက အအေးဓာတ်ပျောက်ကွယ်သွားသည်ကို ခံစားမိသောကြောင့် ကုတင်သို့ လျှောက်သွားလိုက်သည်။

ကျီရွှမ်က နေရာတွင် ရပ်နေဆဲဖြစ်ပြီး ယဲ့ကျားကို စိုက်ကြည့်နေလေသည်။

အချိန်ကြာပြီးနောက် သူက အံကြိတ်ကာ ပြောလိုက်သည်။

"အိပ်ကြတာပေါ့…"‌

ထိုအချိန် ယဲ့ကျားက ကုတင်ပေါ်တွင် ထထိုင်လာပြီး သူ့ကို ပြောလိုက်သည်။

"ငါ သွားမတိုက်ရသေးဘူး…"

ကျီရွှမ် "..."

ကျီရွှမ်က ယဲ့ကျားကို အိပ်ရာပေါ်မှ ထရန် ကူညီလိုက်လေသည်။

တစ်ဖက်လူ၏ခါးက သေးသွယ်ပြီး ပွေ့ဖက်ရန် သင့်တော်လေသည်။

သူက ယဲ့ကျားကို ရေချိုးခန်းထဲ ပို့ပေးလိုက်သည်။

ယဲ့ကျားက ရေချိုးကန်အစွန်းတွင် ခေါင်းစိုက်ကာ ထိုင်နေလေသည်။

ကျီရွှမ်က ယဲ့ကျားရှေ့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သေးသွယ်‌သော လက်ချောင်းများက သွားပွတ်တံကို ကိုင်ထားလေသည်။

သူက သွားတိုက်ဆေးကို သွားတိုက်တံပေါ် ညှစ်လိုက်ပြီး ပြောလိုက်သည်။

"ပါးစပ်ဟ…"

ယဲ့ကျား ပါးစပ်ဟလိုက်သည်။

ယဲ့ကျား၏ နှုတ်ခမ်းပါးများက ဖြူဖျော့သော်လည်း ယခု သစ်သီးဝိုင်ကြောင့် ရွှန်းစိုနေလေသည်။

ကျီရွှမ် သည်းခံနိုင်စွမ်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

သူက သွားတိုက်တံကို ယဲ့ကျား ပါးစပ်ထဲ ထည့်လိုက်လေသည်။

"တိုက်လိုက်…"

ယဲ့ကျားက မျက်တောင်ခတ်လိုက်ပြီး တစ်ဖက်လူ၏ တင်းမာနေသော အခြေအနေကို ဂရုမစိုက်ပေ။ လက်မြှောက်ကာ သွားတိုက်တံကို ဆုပ်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ တိုက်နေလေသည်။

ကျီရွှမ်က ယဲ့ကျားနှင့် အကွာအဝေး ခြားလိုက်သည်။

ကျီရွှမ်၏ နှလုံးသားက စစ်ဖြစ်နေပြီဖြစ်သည်။

မူးနေသော ယဲ့ကျားကဲ့သို့ မဟုတ်၊ သူ့စိတ်ထဲတွင် ပုံရိပ်များစွာ ပေါ်လာသောကြောင့်သူ့ခနွာကိုယ်က ပူလောင်လာပြီး လောင်ကျွမ်းမတတ် ဖြစ်နေလေသည်။ ထိန်းချုပ်မှု လွတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ထိုစဉ် အသံတစ်သံကို ကြားလိုက်ရသည်။

"ရွှီး…"

သူ လှည့်ကြည့်လိုက်သောအခါ ရေပန်းက ပွင့်နေပြီး ယဲ့ကျား၏ အ၀တ်အစားများက စိုရွှဲနေလေသည်။

ယဲ့ကျားက ကျီရွှမ်၏ အကြည့်ကို သတိထားမိသောကြောင့် ပြောလိုက်သည်။

"ရေချိုးမလို့…"

ပါးလွှာသော ရှပ်အင်္ကျီက ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိနေပြီး ကြွက်သားလိုင်းကို ပေါ်လွင်စေလေသည်။

ကျီရွှမ်၏ ထိန်းချုပ်မှု လွတ်ထွက်သွားပြီဖြစ်သည်။

…………

ယဲ့ကျား သတိပြန်၀င်လာချိန်၌ သူ့အ၀တ်အစားများက စိုရွှဲနေပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးက တင်းကြပ်စွာ အဖက်ခံထားရလေသည်။

သူ့နှုတ်ခမ်းများက ပြင်းပြင်းထန်ထန် အနမ်းခံနေရပြီး အသက်ရှူမ၀တော့ချေ။

ယဲ့ကျားက မျက်ခွံများကို ခက်ခက်ခဲခဲ ပင့်တင်လိုက်လေသည်။

ထိုအခါ ကျီရွှမ်၏ မျက်နှာက သူနှင့် အလွန် နီးကပ်နေလေသည်။

"လွှတ်…"

ကျီရွှမ်က တစ်ဖက်လူ၏ အသံကို ကြားလိုက်ရလေသည်။

"ကောကော ‌နိုးပြီလား…ဒါပေမဲ့ လွှတ်ဖို့နောက်ကျသွားပြီ…"

ယဲ့ကျားက တစ်ဖက်လူ၏ ရင်ဘတ်ကို တွန်းလိုက်သည်။

သို့သော် သူ တစ်ခုခုကို ခံစားလိုက်ရလေသည်။

ကျီရွှမ်က သူ့၏စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သောကြောင့် ရင်ဘတ်ရှိ ဒဏ်ရာက ပျောက်ကင်းသွားပြီး အမာရွတ်ကြီး ရှိနေလေသည်။

ယဲ့ကျား မေးလိုက်သည်။

"ဒါက နာလား…"

တစ်ဖက်လူ၏ လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့်သွားလေသည်။

အချိန်အတော်ကြာပြီးနောက် တိုးတိုး ပြောလိုက်သည်။

"ကောကောထိရင် ကျွန်တော် မနာတော့ဘူး…ကောကော ထိကြည့်ချင်လား…"

ယဲ့ကျားက အဖြေပြန်မပေးချေ။

သူက လက်ကို ပြန်ရုတ်လိုက်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ နားများနှင့် လည်ပင်းက နီရဲနေလေသည်။

သူ ခေါင်းငြိမ့်လိုက်သည်။

……

ယဲ့ကျား အလုပ်မလာသည်မှာ နှစ်ရက် ရှိပြီဖြစ်သည်။

တိုက်ခိုက်ရေးဌာနခွဲခေါင်းဆောင်က ဖုန်းဆက်မေးရန် လုပ်သော်လည်း ဝေ့ရွှယ်ချူးက တားလိုက်သည်။

"စိတ်မပူပါနဲ့…အစ်ကိုယဲ့ ဘာမှ မဖြစ်ပါဘူး…"

အဲ့လို ဖြစ်လောက်ပါတယ်…

သုံးရက်မြောက်နေ့တွင်…

အရိပ်တစ္ဆေသည် ကင်းထံမှ လျှို့ဝှက်အမိန့်ကို ရရှိခဲ့သည်။

PIAMB၏ ညစာစားပွဲတွင် ပါ၀င်ခဲ့သော ဝိုင်များအားလုံးကို ရှာယူလာရန်ဖြစ်၏။