Chapter 2
Viewers 848

🏝️ Chapter 2

ကြင်ဖက်တွေ့ခြင်း



နင်မိသားစုအတွက် အစားအစာများကို နင်ရွှယ်မှ ချက်ပြုတ်ပေးသည်။ သူမ ချက်သည်များက ဆီနှင့် ဟင်းခတ်အမွှေးအကြိုင်များ မပေါများသော်လည်း အရသာရှိနေသေးသည်။


နင်ထန်ကမူ အစားအသောက်ကောင်းကောင်းစားနေရ၍ တဇွတ်ထိုး စားနေမိတော့သည်။ 


နင်ထန် စားသောက်နေစဉ် နင်ရွှယ်လည်း ရှိနေသည်။ သူမလည်း များစွာစားသော်လည်း နင်ထန်နှင့် ယှဉ်လျှင် ယဉ်ကျေးစွာ စားသည်။ နင်ရွှယ်က ဟင်းသီးဟင်းရွက် ကြော်တစ်ဖတ်ကို တူဖြင့် သပ်ရပ်စွာ ကောက်ယူလိုက်ရင်း ထမင်းကိုအငမ်းမရစားနေသော နင်ထန်ကိုကြည့်မိသည်။ထို့နောက် သူမက သက်ပြင်းချလိုက်၏။ ထိုအခါ နင်ထန်က စားသောက်နေရာမှ ခေတ္တရပ်သွားပြီး ပြောလိုက်သည်။

"အစ်မဝမ်းကွဲက ဘာလို့ ကျွန်မကို စိုက်ကြည့်နေတာလဲ…"


နင်ရွှယ် ကြောင်အမ်းသွားသော်လည်း ခွန်းတုံ့ပြန်မနေဖြစ်ပေ။ နင်ထန်က အသက် ၂၄ နှစ်ရှိနေပြီဖြစ်သော်လည်း ထမင်းလည်းမချက်တတ်၊ ဟင်းလည်းမချက်တတ်၊ သူမကို ပြင်ဆင်ပေးမည့်လူကိုသာ အမြဲစောင့်နေတတ်သည်။ အိပ်လိုက်၊ စားလိုက်နှင့် အမှိုက်လိုပင်။ သို့သော် နင်ရွှယ်က အတင်းပြုံးပြီး ပြောလိုက်သည်။

"အိုး ဘာမှမဖြစ်ပါဘူး…" 


နင်ထန်က နင်ရွှယ် ဘာဖြစ်နေမှန်း မသိသော်လည်း မရေမတွက်နိုင်သော အတွေ့အကြုံများကြောင့် အမျိုးသမီးဇာတ်လိုက်နှင့် ဝေးဝေးနေလိုက်ခြင်းက ပိုကောင်းသည်ဟုထင်မိသည်။


ထို့ကြောင့် သူမက နင်ရွှယ်ကို လျစ်လျူရှုပြီး ဆက်စားသည်။ နင်ထန်၏ ဂရုမစိုက်သောဟန်ပန်က နင်ရွှယ်ကို ပို၍ပင် စိတ်ပျက်သွားစေသည်။


ထမင်းစားပြီးနောက် နင်ရွှယ်က ပန်းကန်များကို သန့်ရှင်းရေးလုပ်ရန်အတွက် နင်ထန်ကို အကူအညီတောင်းရန် ပြင်လိုက်သည်။

 "ဝမ်းကွဲ--"


သူမ စကားပင်မဆုံးလိုက်ပေ။ နင်ထန်က သူမ၏ပန်းကန်လုံးကို အမြန်ချလိုက်ပြီး တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးသွားတော့၏။ သူမ ဤမျှအထိ မညံ့သေးပေ။ ယခုခေတ်၌ ပန်းကန်ဆေးစက်မရှိပေ။ သူမလည်း ပန်းကန်များကို လက်နှင့် မဆေးချင်ပေ။ တွေးလိုက်ရုံဖြင့် သူမခါးထဲကသာမက ၊နောက်ကျောကပါ နာကျင်မှုကို ခံစားရစေသည်။


ကျိုးယင်က နင်ထန် ပြေးသွားသောပုံကို ကြည့်လိုက်ကာ ဒေါသထွက်ပြီး အံကြိတ်မိ၏။ သို့သော်လည်း နင်ရွှယ်ကို ကူညီကာ ပန်းကန်ဆေးရန်ကလွဲ၍ သူမတွင် ရွေးချယ်စရာမရှိချေ။ သူမ မကျေနပ်စွာပင် ဗျစ်တောက်ဗျစ်တောက်ပြောလိုက်သည်။


 â€œá€„ဍနဲအ နင့်အဒေါ်(စွန်းအိုက်ကျွီ)က အိမ်မှုကိစ္စတွေကို အလှည့်ကျလုပ်ခဲ့တာ… ဒါပေမယ့် အခု နင် ပြန်လာကတည်းက နင်ချည်း သိမ်းကျုံးလုပ်နေရတော့တာပဲ…" 


နင်ရွှယ်၏နှုတ်ခမ်းများက ခါးသီးသောခံစားချက်ကြောင့် ကွေးညွတ်သွားသည်။ သူမက အလုပ်မလုပ်နိုင်ပေ။ သူမ၏ မိသားစုကလည်း ရွာသူကြီးဦးလေး နင်ဝေ့ကောကို အားကိုးနေရသည်။ သူမက ကွာရှင်းပြတ်စဲပြီး ပြန်လာသော မိန်းမဖြစ်၍ မိဘအိမ်တွင်အလုပ်လုပ်ရန် ပိုလိုအပ်သည်။


ကျိုးယင် စကားတစ်ဝက်မှာပင် ရပ်သွားသည်။ နင်ရွှယ်၏ အခြေအနေကို ကောင်းကောင်းသိ၍ သူမ သက်ပြင်းချလိုက်သည်။

 â€œá€™á€”က်ဖဟန်ကဝ နင်ကျွင်း မိတ်ဆက်ပေးတဲ့ စစ်သားနှစ်ယောက်လာမယ်၊ ကောင်းကောင်းဝတ်စားထားပါ…"


နင်ရွှယ်ကလည်း ကျိုးယင် မပြောမီပင် စဉ်းစားထားပြီးဖြစ်သည်။ သူမ နှုတ်ခမ်းကိုကိုက်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

 "ကျွန်မ သိပါတယ် အမေ…"


ကျိုးယင်က နင်ရွှယ်၏မျက်နှာကိုကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်သည်။  

"ငါ့သမီးလေးက အကောင်းစားတွေ မဝတ်ထားရင်တောင် နင်ထန်ထက် ပိုလှတာ သေချာတယ်… ဟိုကလေးမက အမွေးအတောင် အပြည့်မပေါက်သေးတဲ့ ကောင်မလေးသာသာပဲလေ…"

 

မိခင်တိုင်းက ကိုယ့်ကလေးကိုသာ ချောမောလှပသည်ဟု ထင်ကြသည်ချည်းပင်။ 


စွန်းအိုက်ကျွီက နင်ထန်ကို ပလ္လင်ထက်မှာ ထိုင်နေသည့် နတ်ဘုရားမနှင့်တူသည်ဟု ထင်သည်။ ကျိုးယင်က နင်ရွှယ်ကို ကောင်းကင်ဘုံမှနတ်သမီးနှင့်တူသည်ဟု ထင်သည်။


အမှန်တွင် နှစ်ယောက်စလုံးက မှန်သည်။ နင်ထန် နှင့် နင်ရွှယ် နှစ်ယောက်လုံးက လှသော်လည်း လှပုံချင်း မတူကြချေ။ နင်ထန်က ချိုမြိန်ကာ သန့်စင်တည်ကြည်စွာ လှသည်။ နင်ရွှယ်က ကြည့်၍အတော်ကောင်းပြီး မင်းသမီးလိုလှပသည်။ သူတို့တစ်ယောက်စီမှာ အလှကိုယ်စီရှိကြ၏။


နင်ရွှယ်က သူမမျက်နှာကိုကိုင်ကာ ပြုံးလိုက်သည်။ ရိုးရိုးသားသားပြောရလျှင်၊ သူမမှာသာ ရွေးချယ်ခွင့်ရှိပါက သူမရုပ်ရည်ကို ဝမ်းကွဲ နင်ထန်နှင့် လဲချင်မိသည်။

 

သူမ၏ ရုပ်ရည်အသွင်အပြင်က လှပပြီး ယောက်ျားများက သူမကို ဆွဲဆောင်မှုရှိသည်ဟုမြင်သော်လည်း သူမကိုယ်သူမ မကြိုက်လှပေ။ သူ့ဘာသာ ဘာမှမလုပ်ဘဲ ရပ်နေလျှင်ပင် ပြဿနာတစ်ခုခုတက်သည်အထိ အလှက ဒုက္ခရောက်စေသည်။


သို့သော် နင်ထန်နှင့်တော့ မတူပေ။ သူမက အလွန်ကြည့်ကောင်းသည်ဟု လူတိုင်းပြောသည်။ သူမ အမှားတစ်ခုခုလုပ်မိလျှင်ပင် တခြားသူများက သူမကို ခွင့်လွှတ်ကြလိမ့်မည်။ အကျင့်စာရိတ္တကောင်းသည့် မိန်းကလေးဟု လူတိုင်းစိတ်ထဲတွင် တွေးမိသည်။


နင်ကျွင်းက နင်ဝေ့ကောဆီသို့ ကြိုပြီးစာတစ်စောင်ရေး၍ သူတို့နှစ်ဦးကို အချိန်ပေးအကြောင်းကြားခဲ့ကာ ဘူတာကို သွားကြိုရမည်ဟုဆိုသည်။ သို့တိုင် နင်ဝေ့ကောက ကြင်ဖက်များ လမ်းပျောက်နေမည်စိုး၍ အရုဏ်မတက်မီ ထွက်သွား၏။


နောက်တစ်နေ့တွင် နင်ဝေ့ကောနှင့် သူ့ညီ နင်ဝေ့တန့်တို့က စောစောထပြီး မြို့ထဲက ရထားဘူတာကို သွားသည်။ ကြင်ဖက်လာ တွေ့မည့် စစ်သားနှစ်ယောက်နှင့် တွေ့ဆုံရန်ပင်။

 

ရထားဘူတာသို့ရောက်သောအခါ နှစ်နာရီကြာအောင် စောင့်ပြီးနောက် နင်ဝေ့ကောက ရေတပ်ယူနီဖောင်းဝတ်ထားသော လူနှစ်ယောက် အဝေးက လာနေသည်ကို တွေ့လိုက်ရသည်။ 


ထိုလူနှစ်ယောက်က ရထားပေါ်ကဆင်းလာသည်ကို တွေ့သောအခါ ရေးလိုက်သော စာထဲကအတိုင်း လူပုံစံနှင့် ရေတပ်ဝတ်စုံပုံစံကို ယှဉ်ကြည့်သည်။ ထိုအခါမှ သူတို့ လာစောင့်နေသူများကို တွေ့လိုက်တော့သည်။


နှစ်ယောက်စလုံးက အမျိုးအစား ၇၄ စစ်ယူနီဖောင်း အဖြူလည်ပိတ်အင်္ကျီနှင့် မိုးပြာရောင် ဘောင်းဘီရှည်ကိုဝတ်ထားသည်။ သူတို့က အရပ်မြင့်ပြီး ကြံ့ခိုင်နေကာ လူစည်ကားသော ရထားဘူတာရုံတွင် မတ်တတ်ရပ်နေ၏။


နင်ဝေ့ကော ထိုလူနှစ်ယောက်ဆီသို့ လျှောက်သွားလိုက်သည်။ နင်ဝေ့တန့်က စတင်မေးမြန်းလိုက်သည်။

"တစ်ဆိတ်လောက်… ဒီက ရဲဘော်ရှန်းလေ့နဲ့ ရဲဘော် စုကျွင်းယန်လား…"


ရှန်းလေ့နှင့် စုကျွင်းယန်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


 â€œá€Ÿá€Żá€á€şá€•á€Ťá€á€šá€şâ€Śâ€ 

စုကျွင်းယန်က နင်ဝေ့ကောနှင့် နင်ဝေ့တန့်တို့အား ပြန်ဖြေလိုက်သည်။ 


"ဦးလေးနင် ဖြစ်ရမယ်… ကျွန်တော်က စုကျွင်းယန်ပါ…ရဲဘော် နင်ကျွင်းနဲ့ ခင်ပါတယ်…"


စုကျွင်းယန်တွင် ဖြူဖွေးသော အသားအရေရှိကာ၊ နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိသည်။ မျက်မှန်တပ်ထားပြီး စမတ်ကျသူမှန်းသိသာသည်။ အလွန်ယဉ်ကျေးပျူငှာပုံပေါက်၍ နင်ဝေ့ကောနှင့် နင်ဝေ့တန်တို့လို လူကြီးများကို သဘောကျသွားစေသည်။


နင်ဝေ့တန့်နှင့် နင်ဝေ့ကောတို့လည်း ဖော်ရွေသောလူငယ်ကို ခင်မင်စိတ်ဖြစ်သွား၏။ စုကျွင်းယန်က ဘောင်းဘီအိတ်ထဲမှ လက်ထုတ်၍ တစ်လှည့်စီ နှုတ်ဆက်လိုက်သည်။

 

ရှန်းလေ့ အလှည့်ရောက်ပြီဖြစ်သော်လည်း သူက ခရီးဆောင်အိတ်နှစ်လုံးကို မြှောက်ပြကာ ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

"ရှန်းလေ့ပါ…"


နင်ဝေ့ကောက ရှန်းလေ့ကို မှင်သက်စွာ စိုက်ကြည့်နေကာ သူ့လက်ကို ပြန်ရုတ်လိုက်သည်။

"အို ရဲဘော်ရှန်း... မင်္ဂလာပါ…"

 

သူ့ကိုယ်သူလည်း စိတ်ထဲက တွေးမိသည်။ ရဲဘော်ရှန်းက အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြံခိုင်သည်။ သို့သော်လည်း သူ့အသားအရေက ရဲဘော်စုကဲ့သို့ ဖြူမနေဘဲ အညိုဘက်သွားကာ ကျန်းမာသန်စွမ်းသည့် ကြန်အင်လက္ခဏာမျိုးရှိသည်။ သူက မျက်ခုံးထူထူ၊ မျက်လုံးကြီးသော်လည်း စကားပြောအဆင်မပြေဖြစ်နိုင်သည်ဟု ထင်မိသည်။ 


"ဦးလေးနင် စိတ်မဆိုးပါနဲ့… ရဲဘော်ရှန်းက စကားနည်းလို့ပါ၊ သည်းခံပေးပါနော်…"


နင်ဝေ့တန့် : "ငါတို့ စိတ်မဆိုးပါဘူး ရပါတယ်…" 


အပြန်လမ်းတွင် စုကျွင်းယန်က ပါးနပ်လိမ္မာသူပီပီ နင်ဝေ့ကောနှင့် နင်ဝေ့တန့်တို့အား စကားများပြောကာ အထိန်းအကွပ်မရှိ ရယ်မောစေခဲ့သည်။ ထိုအချိန်တွင် ရှန်းလေ့က စုကျွင်းယန်ပြောသလိုပင်၊ စကားနည်းသူပီပီ ခရီးစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေ၏။


နောက်ဆုံး အိမ်ရောက်သောအခါ နင်ဝေ့ကောက စွန်းအိုက်ကျွီနှင့် ကျိုးယင်ကို လှမ်းခေါ်သည်။

 â€œá€™á€­á€”်းမနဲအ ခယ်မ၊ ငါတို့ဧည့်သည်တွေ လာပြီ…"


စွန်းအိုက်ကျွီ သူတို့နှစ်ယောက်ကိုတွေ့ရသော် အလွန်စိတ်လှုပ်ရှားသွားသည်။ နင်ကျွင်းမိတ်ဆက်ပေးသော ကြင်ဖက်များဖြစ်၍ သမီးအတွက် စိတ်လှုပ်ရှားနေသည်။ စွန်းအိုက်ကျွီက နင်ဝေ့ကော စကားဆုံးအောင်ပင် မစောင့်ဘဲ နှုတ်ဆက်ရန် ထွက်လာခဲ့သည်။

 â€œ ရဲဘော်ရှန်းနဲ့ ရဲဘော်စု ဖြစ်ရမယ်… ကြိုဆိုပါတယ် ကြိုဆိုပါတယ်…"


နင်ဝေ့ကော၏ ကျယ်လောင်သောအသံကြောင့် နင်ရွှယ် တုန်လှုပ်ချောက်ချားသွားသလို ခံစားလိုက်ရသည်။ သူမ ဆံပင်ကိုလည်း ပွယောင်းမနေအောင် အသေအချာ ဖိလိုက်သည်။

 

နင်ထန်ကမူ ဂရုမစိုက်ဘဲ လက်ထဲက မြေပဲကို အခွံနွှာနေသည်။ နင်သဲက နင်ရွှယ်ကို ကြည့်ပြီး နင်ထန်ကို တံတောင်ဖြင့်တွက်ကာ ပြောလိုက်သည်။


"ဝမ်းကွဲက ကြင်ဖက်ကို မသိချင်ဘူးလား… ကျွန်တော့် အစ်မကိုကြည့်… အရမ်းစပ်စုပြီး တစ်ချိန်လုံး အပြင်ကိုပဲ စူးစူးရဲရဲကြည့်နေတာ…"


နင်ထန်က နင်သဲကို မြေပဲနှစ်တောင့်ပေးလိုက်သည်။

"ဘာတွေများ သိချင်နေတာလဲ… သူ့ဘာသာသူ လုံးလုံး၊ ပြားပြား ခဏနေရင် မြင်ရတော့မှာကို…"


သူမ စကားပြောပြီးသည်နှင့် နင်ဝေ့ကောက ရှန်းလေ့နှင့် စုကျွင်းယန်ကို အိမ်ထဲသို့ ခေါ်လာခဲ့သည်။ နင်ဝေ့တန့်က ပြောလိုက်သည်။

 "မိတ်ဆက်ပေးမယ်… ဒီရဲဘော်နှစ်ယောက်က နင်ကျွင်း ပြောတဲ့ ရှန်းလေ့နဲ့ စုကျွင်းယန်ပဲ…"


နင်ထန်၏အကြည့်များက ရှန်းလေ့နှင့် စုကျွင်းယန်ကို လွှမ်းခြုံထားသည်။ စကားပြောကောင်းသူ စုကျွင်းယန်က သူတို့နှစ်ယောက်ကို ယဉ်ကျေးစွာနှုတ်ဆက်သည်။


တစ်ဖက်တွင် နင်ရွှယ်က သူတို့နှစ်ဦးကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ အမျိုးသားများသည် ခေါင်းမှ ခြေဖျားအထိ ဆွဲဆောင်မှုရှိရမည့်အပြင် စကားဝိုင်းတွင်လည်း စကားပြောကောင်းရမည်။ နင်ရွှယ်က ထိုအရာကို အလွန်အလေးထားသည်။ အိမ်ထောင်‌ရေးသည် ဘဝတစ်သက်တာအတွက် ကြီးမားသောကိစ္စဖြစ်၍၊ တစ်စက္ကန့်ကလေးမှ အမှားလုပ်၍မရပေ။


အိမ်ထောင်ရေးက အမျိုးသမီးတစ်ဦး၏ ဒုတိယမြောက် လူပြန်ဝင်စားခြင်းဟု ဆိုကြသည်။ ၎င်းက ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ ထို့ကြောင့် နင်ရွှယ်က တစ်စုံတစ်ယောက်ကို အလေးအနက်ထားပြီး သဘောကျချင်မိသည်။

 

နင်ထန်က ဘာမှမထူးခြားသလိုပင်။


စုကျွင်းယန်က အမြန်ပင် နင်ရွှယ်နှင့် စကားစမြည်ပြောဖြစ်နေတော့သည်။ သို့သော် ရှန်းလေ့ကမူ စကားနည်းနည်းသာ ပြောပြီး နင်ရွှယ် သုံးခွန်းမေးလျှင်မှ မေးခွန်းတစ်ခုသာဖြေသည်။


နင်ထန်ကမူ သူတို့နှစ်ယောက်ကို ဂရုမစိုက်သော်လည်း ရေတပ်ယူနီဖောင်းအကြောင်း သိချင်နေမိသည်။ သူက စကားအများကြီးမပြောဘဲ ယူနီဖောင်းကို ခဏခဏကြည့်မိသည်။


နင်ဝေ့တန့်က နင်ရွှယ်နှင့် စုကျွင်းယန် စကားပြောနေသည်ကိုကြည့်ရင်း ကျေနပ်သွားသည်။ ယခုခေတ်က ယခင်ကလို မဟုတ်တော့ပေ။ ယခင်က မိဘများ၊ လူကြီများကသာ ဆုံးဖြတ်ချက်ချသည်။ သို့သော် ယခုခေတ်က အိမ်ထောင်ရေးအတွက် အမျိုးသားရော အမျိုးသမီးပါ ထိုင်ကာ စကားစမြည်ပြောကြသည်။ တစ်ယောက်နှင့်တစ်ယောက် အခြေအနေအကြောင်း ဆွေးနွေးကြသည်။


ရှန်းလေ့နှင့် စုကျွင်းယန်တို့သည်လည်း အချင်းချင်း မိတ်ဆက်ပြီးဖြစ်သော်လည်း၊ တစ်ဦးကိုတစ်ဦး သင့်တော်မတော်ဆိုသည်ကို စကားစမြည်ပြောရန် လိုနေသေးသည်။


ကျိုးယင်က အပြင်ဘက်ကောင်းကင်ကို မော့ကြည့်လိုက်ရာ မွန်းတည့်ချိန်နီးပြီဆိုသည်ကို မြင်လိုက်ရသည်။ သူမက နွေးထွေးစွာ ပြုံးပြရင်း ပြောလိုက်သည်။


 â€œá€›á€˛á€˜á€ąá€Źá€şá€›á€žá€”်းနဲအ ရဲဘော်စု... အဝေးကနေလာရတာ ထမင်းလည်း မစားရသေးဘူးမလား… သမီး နင်ရွှယ်ရဲ့ အချက်အပြုတ် ကျွမ်းကျင်မှုကို ပြဖို့အချိန်ရောက်ပြီပဲ… သူကလေ အရသာရှိတဲ့စားစရာတွေကို အကုန်ချက်တတ်တယ်…"



🏝️🏝️🏝️