Chapter 3
Viewers 846

🏝️ Chapter 3 

သားမက်ရွေးချယ်ခြင်း


နင်ဝေ့တန့်အိမ်တွင်။


နင်ဝေ့တန့်၊ ကျိုးယင်၊ နင်ရွှယ်နှင့် နင်သဲတို့က စားပွဲတစ်ခုတည်းတွင် ထိုင်‌နေကြသည်။ ကျိုးယင်က ကွေ့ဝိုက်မနေဘဲ နင်ရွှယ်ကို တိုက်ရိုက်မေးလိုက်သည်။ 

"ရှန်းလေ့နဲ့ စုကျွင်းယန် ဘယ်သူ့ကိုကြိုက်လဲ…"


နင်ရွှယ်သည် ယခင်က အိမ်ထောင်ပြုခဲ့ဖူးသော်လည်း သူမ မျက်နှာကြီးက နီရဲနေကာ ကျိုးယင်ကိုမေးလိုက်သည်။

 â€œá€Ąá€™á€ą ဘယ််လိုဖြစ်နေတာလဲ… သမီးကတော့ ဘာပြောရမှန်းမသိဘူး…"


နင်သဲက သူ့နားထင်စပ်ကို လက်တစ်ဖက်ဖြင့်ထောက်လိုက်သည်။

"တွန့်ဆုတ်မနေဘဲ မြန်မြန်ပြောပါလို့ မေတ္တာရပ်ခံပါတယ် အစ်မရယ်… ကျွန်တော်လည်း အိပ်ချင်နေပြီ… ကျွန်တော့်အခန်းကို အစ်ကိုရှန်းနဲ့ အစ်ကိုစုကို ပေးလိုက်တယ်… ကျွန်တော် အဖေ့အခန်းက ကော်ဇောပေါ်မှာအိပ်ရတော့မယ်…" 


နင်ဝေ့တန့် : “စစ်တပ်ကိုလည်း သတင်းပို့ထားတော့ သူတို့နှစ်ယောက်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြန်ပြောပြတယ်လေ… ရှန်းလေ့နဲ့ စုကျွင်းယန် နှစ်ယောက်စလုံး အိမ်ထောင်ပြုခဲ့ဖူးကြတယ်… ရှန်းလေ့က ဇနီးဟောင်း ကွယ်လွန်သွားတယ်… အိမ်မှာ ကလေးသုံးယောက်ကျန်ခဲ့တယ်၊ သားနှစ်ယောက်၊ သမီးတစ်ယောက်… စုကျွင်းယန်က ဇနီးဟောင်းနဲ့ ကွာရှင်းခဲ့တယ်… ပြီးတော့ သားအမြွှာနှစ်ယောက်ကို သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တယ်…"


ကျိုးယင် : "နင် သူ့တို့ နှစ်ယောက်စလုံးနဲ့ စကားပြောဖူးတယ်မလား… သူတို့ထဲက ဘယ်သူက ပိုတော်တယ်လို့ထင်လဲ… မနက်ဖြန် သူတို့နဲ့ ထပ်စကားပြောရမယ်…"


နင်ရွှယ် စိတ်ထဲ မဆုံးဖြတ်နိုင်ပေ။ ရာထူးအဆင့်အရ၊ ရှန်းလေ့၏ ရာထူးက ပိုမြင့်သည်။ စုကျွင်းယန်က ထောက်ပံ့ပို့ဆောင်ရေးအရာရှိတစ်ဦးသာဖြစ်၍ လက်ထောက်တပ်ခွဲမှူးရာထူးနှင့် ညီမျှသည်။


အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် ရှန်းလေ့က ပိုမို အလားအလာရှိသောအနာဂတ်ရှိ၏။ သို့သော် ရုပ်ရည်နှင့် စကားအရာတွင် စုကျွင်းယန်က ရှန်းလေ့ထက် ပို၍ သဘောကျစရာ‌ကောင်းသည်။


နင်ရွှယ်က တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။

"အမေရော ဘယ်လိုထင်လဲ…"


ကျိုးယင် ခဏလောက်စဉ်းစားပြီး ပြောလာသည်။

"နင်က ရွေးခိုင်းရင် ငါကတော့ ရဲဘော်စုကို ရွေးမယ်… သူက ပြဿနာကိုဖြေရှင်းတတ်တယ်လို့ အမေ ထင်တယ်… ရဲဘော်ရှန်းက သစ်သားငုတ်တိုကြီးလိုပဲ… စကားလည်း မပြောတတ်ဘူး… သူ စစ်တပ်ထဲ နေရရင်တောင် သူ့မှာ အလားအလာရှိလားဆိုတာ မသိနိုင်ဘူး…"


နင်ရွှယ်က နှုတ်ခမ်းကို ကိုက်လိုက်သည်။

"ဒါပေမယ့် သူ့မှာ အားနည်းချက် တစ်ခုရှိတယ်… သူက အဆင့်နိမ့်ပြီး ထောက်ပံ့ပို့ဆောင်ရေး တာဝန်ခံပဲလေ… ဆိုလိုတာက ရှန်းလေ့ထက် အဆင့်ပိုနိမ့်တယ်…"


ကျိုးယင်က သူမ ပေါင်ကိုရိုက်လိုက်သည်။

"မှားတယ်… ထောက်ပံ့ပို့ဆောင်ရေးတာဝန်ခံဆိုတာ ကောင်းတယ်… ပိုက်ဆံ‌ရပေါက်ရလမ်းရှိတယ်… ဒီနားက သမဝါယမက ဝန်ထမ်းတွေကိုပဲကြည့်လေ… သူတို့အားလုံး ပိုသမျှ အကုန်ရနေကြတာကို… နောက်ပြီး ထောက်ပံ့ပို့ဆောင်ရေး အရာရှိတွေက စစ်မြေပြင်ကို မသွားရဘူး… ပိုလုံခြုံတယ် အခုက တောင်တရုတ်ပင်လယ်က မငြိမ်မသက်ဖြစ်နေတာ မကြာခင် စစ်ဖြစ်တော့မယ်… ရှန်းလေ့က တပ်ရင်းတစ်ခုက ဗိုလ်ကြီးလေ… စစ်ပွဲဆို သူ ပထမဆုံးသွားရမှာ သေချာတယ်… သူနဲ့လက်ထပ်ရင် အချိန်မရွေးမုဆိုးမဖြစ်သွားနိုင်တယ်…"


နင်သဲ : “သူ့ဘာသာသူ စစ်မြေပြင်သွားသွား၊ မသွားသွား၊ စုကျွင်းယန်ရဲ့ ခန်းဝင်ပစ္စည်းတန်ဖိုးက ရှန်းလေ့ထက် ယွမ် ၁၀၀ ပိုများတယ်လေ… စုကျွင်းယန်က ယွမ်၃၀၀ ပေးမှာ၊ ရှန်းလေ့က ၂၀၀ ပဲ ပေးမယ်မလား…"


ကျိုးယင်က သူ့သားငယ်၏ခေါင်းကို အသာပုတ်လိုက်သည်။

“ကြည့်စမ်း နင့်မောင်တောင် ဒါကိုသိတယ်…”


နင်သဲ သူ့နှုတ်ခမ်းကို ဖွဖွကိုက်လိုက်၏။ သူ့အနေဖြင့် ကျိုးယင်၏ စကားကို ငြင်းဆိုရန် မဝံ့ရဲခဲ့ပေ။


နင်ရွှယ်က ကျိုးယင် ပြောသည့်စကားကို သေချာစဉ်းစားရင်း နင်ဝေ့တန့် နှင့် စုကျွင်းယန် စကားပြောနေသည်ကို ပြန်တွေးမိသည်။

 â€œá€’ဍဆို သမီးလည်း စုကျွင်းယန်ကိုပဲ ရွေးလိုက်မယ်…"


စုကျွင်းယန်၏ ခံယူချက်က ရှန်းလေ့ထက် ပိုကောင်းသည်။ ကျိုးယင် နောက်ဆုံးတွင် သက်ပြင်းချကာ ပြောလိုက်သည်။

"သူပဲ အဆင်ပြေတယ်…"


နင်ဝေ့တန့်က ဝါးကျည်တောက်ထဲက မီးခိုးများကို မှုတ်ထုတ်လိုက်သည်။

"ဒီကိစ္စအတွက် သမီးရဲ့ထင်မြင်ချက်တွေကို ထည့်မတွက်ဘူး… ငါတို့က ပြောတော့ရော ဘာထူးမလဲ… အစ်ကိုကြီး၊ အစ်မကြီးနဲ့ နင်ထန်ပဲ ရွေးချယ်ရမှာ… ရဲဘော်ရှန်းနဲ့ ရဲဘော်စုကို နင်ထန်ရဲ့အစ်ကိုက မိတ်ဆက်ပေးခဲ့တာမလား… နင်ထန်က ရဲဘော်စုကိုရွေးရင် ငါတို့က သူနဲ့ ယှဉ်နေလို့မရဘူး…"


နင်သဲ : “အစ်မနင်ထန်ကလည်း သူ့ကို ကြိုက်‌နေရင် ဘယ်လိုလုပ်မလဲ…"


ကျိုးယင် မျက်လုံးပြူးပြီး ပြောလိုက်သည်။

" ဘယ်လိုမှ မဖြစ်နိုင်ဘူး… စုကျွင်းယန်က မင်းအစ်မနဲ့ပဲ စကား ပြောနေခဲ့တာ… နင်ထန်က သူ့ကို တစ်ချက်တောင် စကားပြောဖော်မရဘူး… အဓိပ္ပါယ်က ရှင်းရှင်းလေးမဟုတ်သေးဘူးလား… ထမင်းစားပြီတော့ စုကျွင်းယန် ဘာပြောလိုက်လဲသိလား… 'နင်ရွှယ်ရဲ့လက်ရာက တကယ်ကောင်းတာပဲ…မင်းနဲ့ လက်ထပ်ခွင့်ရတဲ့သူကတော့ သိပ်ကိုကံကောင်းမှာပဲ'တဲ့… အဲဒါ လက်တွေ့ကျကျ ကြေညာလိုက်တာပဲလေ…"


သို့သော် နင်ဝေ့တန့်၏ နောက်ဆုံး ကားတစ်ခွန်းက ကျိုးယင်ကို အာရုံစိုက်သွားစေသည်။ သူမက ခါးထောက်ကာ မတ်တတ်ရပ်နေရင်း ပြောလိုက်သည်။

"နင်ကျွင်းက မိတ်ဆက်‌ပေးခဲ့တာ၊ ဘာညာ ကျွန်မ ဂရုမစိုက်ဘူး… စုကျွင်းယန်က နင်ရွှယ် ယကို သဘောကျပြီး နင်ရွှယ်ကလည်း စုကျွင်းယန်ကို ကြိုက်ရမယ်…"

 

ကျိုးယင် ပြောသာပြောရသည်၊ သူမ စိတ်ထဲ၌ တိတ်တိတ်လေး ဆုတောင်းနေရ၏။ နင်ရွှယ်နှင့် စုကျွင်းယန်သာ တွဲဖြစ်မည်ဆိုလျှင် အကောင်းဆုံးဖြစ်မှာပင်။ နင်ထန်နှင့် ရှန်းလေ့တို့ အဆင်ပြေသွားပါက အတော်လေးပြီးပြည့်စုံလာမည်ပင်။

 

×××××


ထိုအချိန်တွင် နင်ဝေ့ကော၏ အိမ်၌။


မေလတွင်ပင် ရှန်းကန်ရွာ၏ ရာသီဥတုက လုံးဝပူမလာသေးပေ။ စွန်းအိုက်ကျွီက အိမ်မှ မီးဖိုကို မီး‌‌မွှေးပြီး ကန်စွန်းဥကြီးနှစ်လုံး ထည့်လိုက်သည်။


"သမီး ညစာ မစားရသေးဘူးလား…"


နင်ထန် က အေးဆေးစွာပင် ပြန်ဖြေသည်။

"မစားရသေးဘူး…"


နင်ဝေ့ကောက ရယ်လိုက်သည်။

“ ခေါင်းမာတဲ့ကလေး… ဘာလို့ စောစောက မပြောတာလဲ… မဟုတ်ရင် အဖေက သမီးအမေကို ခေါက်ဆွဲတစ်ပန်းကန် လုပ်ခိုင်း‌ပါတယ် ‌သမီးဗိုက်မဆာအောင်ပေါ့… အခုတော့ ကန်စွန်းဥစားနေရပြီမလား…"


နင်ထန်က ကန်စွန်းဥများကို မီးညှပ်ဖြင့် မီးဖိုထဲမှခြစ်ထုတ်လိုက်သည်။

"အဆင်ပြေပါတယ်… ကန်စွန်းဥလည်း အရသာရှိပါတယ်…"


နင်ဝေ့ကောနှင့် စွန်းအိုက်ကျွီက တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

 

သူတို့သမီးကို သူတို့အသိဆုံးပင်။ နင်ထန်က နူးညံ့သိမ်မွေ့သောပန်းပွင့်ကဲ့သို့ ပေါက်ဖွားလာပြီး အရာအားလုံးကို အပိုင်စားရထား၏။ နင်ဝေ့ကောမှာလည်း ချစ်ရသော သမီးလေးတစ်ယောက်သာလျှင် ရှိသည်။ သူ့မှာ ရှေးလူကြီးများလိုမျိုး သမီးထက် သားကို ပိုအရေးပေးသည်ဟူ၍ မရှိခဲ့ပေ။ သူက နင်ထန်ကို အရိုးထဲက ချစ်သည်။


နင်ထန်က ယခု အသက် ၂၄နှစ်ရှိပြီဖြစ်သည်။ နှစ်များကြာလာသည်နှင့်အမျှ သူမနှင့် လက်ထပ်ရန် ရှန်းကန်ရွာကို လာရောက်တောင်းရမ်းသူ အများအပြားရှိခဲ့သည်။ သို့သော် နင်ဝေ့ကောက အမြဲတမ်းငြင်းဆိုခဲ့၏။ 

ဘာကြောင့်လဲ…


သူမကို လက်ထပ်ရန် လာတောင်းသူများက သူမ၏ ချမ်းသာကြွယ်ဝမှုကြာင့် အချောင်ရမလားဟူ၍ လာတောင်းကြသူများပင်ဖြစ်သည်။ 


နင်ထန်က သူတို့နဲ့လက်ထပ်တော့ရော ဘာကောင်းကျိုးတွေ ရနိုင်မလဲ…


မိန်းမဆိုသည်မှာ အိမ်ထောင်ပြုလျှင် အဝတ်အစားနှင့် အစားအသောက်ကို ဆင်ခြင်ရမည်ဟု ဆိုကြသည်။ သူ့ရင်ခွင်ထဲတွင် ကြီးပြင်းလာ‌သော သမီးက အိမ်ထောင်ကျပြီးနောက် အိမ်မှာနေရသည်ထက် ပိုဆိုးအောင် နေထိုင်ရမည်ဆိုလျှင် အိမ်ထောင်ကျလည်း ဘာမှ ထူးမည်မဟုတ်ပေ။ 


နင်ဝေ့ကောက ရေနွေးအိုးကိုယူပြီး ခွက်သုံးခွက်ထဲသို့ ငှဲ့ထည့်လိုက်သည်။

"သမီး အဖေ ကွေ့ဝိုက်မနေတော့ဘူး… ဒီနေ့ ဒီကိုရောက်လာတဲ့လူနှစ်ယောက်ကို ဘယ်လိုမြင်သလဲ… ဘယ်သူ့ကို ကြိုက်လဲ… သမီးမကြိုက်ရင် သမီး အစ်ကိုကို တခြားတစ်ယောက်‌ယောက်နဲ့ ထပ်မိတ်ဆက်ပေးခိုင်းလိုက်မယ်…"


နင်ထန် ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

"တကယ်တော့ ဒီနှစ်ယောက်က တော်တော် အဆင်ပြေပါတယ်…"


နင်ထန် အမှန်အတိုင်းပြောခြင်းဖြစ်သည်။ နင်ကျွင်းက သူ့ညီမအတွက် ရှန်းလေ့နှင့် စုကျွင်းယန်တို့ကို သေချာရွေးကာ မိတ်ဆက်ပေးခဲ့သည်။ သေချာသည်မှာ သူတို့က သူမ ကြုံဖူးသော လူထဲမှ အကောင်းဆုံးဟု ဆိုနိုင်သည်။


သူတို့နှစ်ယောက်စလုံးက အိမ်ထောင်ကျဖူးပြီး ကလေးများလည်းရှိသည်။ နှစ်ယောက်စလုံးက စစ်သားများပင်။ သူတို့နှစ်ယောက်လုံး ရာထူးကြီးပြီး တစ်လကို ယွမ် ၇၀မှ ၈၀ အထိရသည်ဟု ဆိုသည်။


မြို့တွင်းစက်ရုံက တရားဝင်အလုပ်သမားများပင် တစ်လကို ယွမ်လေးဆယ် ဝင်ငွေရလျှင် ကံကောင်းသည်ဟုဆိုနိုင်၏။


ရှန်းကန်ရွာက ရွာသူရွာသားများမှာလည်း တစ်နှစ်ပတ်လုံး မြေကြီးနှင့်ဖက်ကာ အလုပ်ကြိုးစားမှ တစ်နှစ်ကို ယွမ်တစ်ရာ မိုင်ကုန်ပင်။ ထို့ကြောင့် အခြေခံလုပ်သားများ၏ တစ်နှစ်ပတ်လုံးလုပ်အားခက သူတို့အတွက် တစ်လစာဖြစ်နေ၏။

 

ထို့ကြောင့် ရှန်းလေ့၏လစဉ်ဝင်ငွေက လယ်သမားများ၏ တစ်နှစ်လုပ်အားခနှင့် ညီမျှသည်။


စွန်းအိုက်ကျွီလည်း စဉ်းစားဖူးသည်။ လက်မထပ်ရသေးသော စစ်သားများနှင့် နင်ညီအစ်မအား မိတ်ဆက်ပေးရန် နင်ကျွင်းကို ပြောရမည်ဟုပင်။ သို့သော် စစ်တပ်သာမက တစစ်တပ်ဆေးရုံများတွင်လည်း လှပပြီး အချိုးအစားကျသော စစ်သည်များ၊ သူနာပြုများက အမြဲအလုပ်များနေ၍ နင်ညီအစ်မ နှစ်ယောက်စလုံးအတွက် အခွင့်အရေးမရှိခဲ့ပေ။


နင်ထန်နှင့် နင်ရွှယ်တို့က လှပသည်။ သို့သော်လည်း ကမ္ဘာကြီးက လှပသူများကိုဆိုလျှင် မျက်နှာသာမပေးတတ်ပေ။


သူမတို့က ငယ်ငယ်လေးတည်းက သာမန်ရွာသားများသာဖြစ်ခဲ့ပြီး ရှန်းကန်လို တောင်ပေါ်ရွာတွင် ကြီးလာကြသူများပင်။ နင်ထန်နှင့် နင်ရွှယ်မှာ - တစ်ယောက်က အိမ်မှုကိစ္စနိုင်နင်း‌သော်လည်း ကွာရှင်းပြတ်စဲထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး တစ်ယောက်မှာလည်း ပျင်းရိပြီး အဖြစ်မရှိသူဖြစ်သည်။ ထို့ကြောင့် သူမတို့အတွက် အရာရှိနှစ်ဦးကို ဆွဲဆောင်ကာ၊ လူမှုရေးအရ အပေါင်းအသင်းဝင်ဆံ့အောင်လုပ်ရန် မဖြစ်နိုင်ပေ။


နင်ကျွင်းလို ပေါင်းသင်းဆက်ဆံရေးဝင်ဆံ့သူကြောင့်သာမဟုတ်လျှင် သူမတို့အတွက် အရာရှိတစ်ဦးနှင့်လက်ထပ်ရန်ဆိုသည်မှာ ကောင်းကင်ကို တက်ရသလိုပင်။


ယနေ့ထမင်းစားနေစဉ်တွင် နင်ထန်က ရှန်းလေ့နှင့် စုကျွင်းယန် အကြောင်းကို များစွာမပြောခဲ့ပေ။ သူမ အမှန်တကယ်ကို မဆုံးဖြတ်ရသေးသော်လည်း မည်သို့ပင်ဖြစ်စေ ဇာတ်ကြောင်းအရ သူမက သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမည်ဖြစ်သည်။


နင်ဝေ့ကောနှင့် စွန်းအိုက်ကျွီတို့ စုံတွဲက အသက်ကြီးပြီး အတွေ့အကြုံလည်းများသည်။ များသောအားဖြင့်၊ သူမ မိဘစကားကို နားထောင်ခြင်းက မှန်လိမ့်မည်။


သို့ဖြင့် နင်ထန်က နင်ဝေ့ကောနှင့် စွန်းအိုက်ကျွီကို မေးလိုက်သည်။

 "အဖေ အမေတို့ရော ဘယ်လိုထင်လဲ…"


စွန်းအိုက်ကျွီက အေးမြသောရေတစ်ခွက်သောက်ပြီးနောက် ပြောလိုက်သည်။

 "ရှေးက ဆိုရိုးစကားတစ်ခုရှိတယ်… စက်ဝိုင်းကိုရွေးချယ်တဲ့အခါ အားသာချက်ကို ရှာ… ဝက်ကိုရွေးချယ်တဲ့အခါ ချို့ယွင်းချက်တွေကို ရှာဖွေပါ တဲ့…"


နင်ထန် အံ့အားသင့်သွားသည်။ 

ရုတ်တရက် ဝက်မွေးတာက ဘာလို့ပါလာတာလဲ…


"အမေ ဘာကိုဆိုလိုတာလဲ…"


စွန်းအိုက်ကျွီက စိတ်မရှည်စွာဖြင့် မျက်လုံးကို အပေါ်သို့လှန်လိုက်သည်။

 â€œá€œá€°á€á€˝á€ąá€€á€­á€Ż ဝက်နဲ့ ခိုင်းနှိုင်းတာကို ဆိုလိုတာ‌လေ… စက်ဝိုင်းကိုရွေးချယ်တဲ့အခါ အားသာချက်ကိုရှာတယ်ဆိုတာ အဲ့ဒီယောက်ျားရဲ့ မိသားစုနောက်ခံကို ကြည့်ရမယ်… ဝက်ရွေးတဲ့အခါ ချို့ယွင်းချက်ကြည့်ရတယ်ဆိုတာက သူ့အမှားကို သည်းခံနိုင်လား၊ မခံနိုင်လားဆိုတာ စဉ်းစားရမှာကိုပြောတာ…"


နင်ဝေ့ကော : “စာထဲကအတိုင်းဆို စုကျွင်းယန် ရဲ့ မိဘ နှစ်ယောက်စလုံး အသက်ရှင်နေ‌သေးတယ်… သူ့မှာ အသက်နည်းနည်းကြီးနေပြီဖြစ်တဲ့ သားအမြွှာလေးတွေလည်း ရှိတယ်… ရှန်းလေ့ ရဲ့ မိဘနှစ်ယောက်လုံးက ကွယ်လွန်သွားပြီ… သူ့မှာ သားနှစ်ယောက် သမီးတစ်ယောက်ရှိတယ်…"


 "ဒါဆို ရှန်းလေ့ ပေါ့…" 

နင်ထန်က မဆိုင်းမတွပင် ပြောသည်။ သူမ အနေဖြင့် ယောက္ခမကို အစေခံလို ပြုစုပေးနေရန် လုံးဝ မဖြစ်နိုင်ပေ။


သူမ ကြားဖူးသည်မှာ ယောက္ခမများသည် ချွေးမဖြစ်သူ အိမ်တံခါးသို့ ဝင်လာပြီဆိုကတည်းက စည်းမျဥ်းစည်းကမ်းများ ချမှတ်ပြီး အမှားအယွင်းများကို မျက်စိဒေါက်ထောက်ကြည့်တတ်ကြသည်ဟူ၍ပင်။


သူမ မြင်ခဲ့သမျှ၊ ကြားဖူးသမျှကလည်း ထိုအတိုင်းသာဖြစ်၍ သူမက ယောက္ခမဆိုသည့်အရာကို ကြောက်သလို၊ရွံ့သလိုဖြစ်နေတော့၏။


ခင်မင်ရင်းနှီးစရာကောင်းသော စွန်းအိုက်ကျွီလို ယောက္ခမနှင့် တွေ့နိုင်ခြေနည်းလွန်းသဖြင့် သူမ ဘဝကို လောင်းကစားမလုပ်ချင်ပေ။ ကျိုးယင်ကဲ့သို့သောလူနှင့်တွေ့ပါကလည်း သူမ ဒုက္ခရောက်လိမ့်မည်။


စွန်းအိုက်ကျွီက စားပွဲကို လက်ဆစ်ဖြင့်ခေါက်လိုက်သည်။

" အလျင်လိုမနေနဲ့… နင်တို့ညီအစ်မ တကယ်လက်ထပ်လိုက်တာနဲ့ သူတို့တာဝန်ကျရာ ဟိုင်လန်ကျွန်းကို လိုက်ရမှာ… မိဘတွေကို ၈နှစ်၊ ၁၀နှစ်လောက် မြင်ရမှာမဟုတ်ဘူး…"


နင်ထန်က ပြောသည်။

"အမေကလည်း မဟုတ်တာ… အဲ့လောက်ကြီး မတွေ့စရာအကြောင်းမရှိပါဘူး… ဘယ်လိုပဲနေနေ မိဘနဲ့သားသမီး ဆက်ဆံရေးကို အလွယ်တကူဖြတ်ရပါ့မလား…"


နင်ဝေ့ကောကလည်း ဝင်ပြောသည်။

"အမှန်အတိုင်းပြောရရင် ရဲဘော်စုက ရဲဘော်ရှန်းထက် ပိုကောင်းတယ်လို့ အဖေ ထင်တယ်… ရဲဘော်စုက စကားပြောလို့‌ကောင်းတယ်… ရဲဘော်ရှန်းက သစ်သားချောင်းကြီးလိုပဲ… ငါတို့သမီးသာ သူ့ကိုလက်ထပ်လိုက်ရင် သူ့လို သစ်သားချောင်းကြီးကို နေ့တိုင်းကြည့်‌နေရလို့ ရူးသွားနိုင်တယ်…"


စွန်းအိုက်ကျွီက ပြော၏။

"ဟမ်...မဟုတ်တာ… ယောက်ျားဖြစ်ပြီး စကားမပြော၊ လှုပ်ရှားမှုလည်းမရှိဘူးဆိုတာ‌တော့ မဖြစ်နိုင်ပါဘူး… ရှင့်ရဲဘော်စုကမှ နင်ရွှယ်နဲ့ချည်း ပြောနေတာလေ၊ တစ်ယောက်နဲ့တစ်ယောက် အချိန်တိုတိုလေးပဲ သိကြတာတောင် စကားစမြည်ပြောနေကြတာ… ညစာစားနေတုန်းတောင် နင်ရွှယ်က အစ်ကိုစုလို့ခေါ်နေတာ… ကျွန်မတော့ နားကြားပြင်းကပ်တယ်…"


နင်ထန်က စားနေရင်းဝင်ပြောဖြစ်သည်။

"ဟုတ်တယ်… သူက ဒီနေ့ နင်ရွှယ်နဲ့ စကားပြောနေကြတာ… ကွယ်ရာမှာလည်း တခြားမိန်းမနဲ့ ဒီလိုပြောမနေဘူးလို့ အာမမခံနိုင်ဘူး…"

 

"သမီးပြောတာမှန်တယ်…" 


နင်ဝေ့ကောက မငြင်းဆန်နိုင်သော်လည်း စုကျွင်းယန်က ပိုကောင်းသည်ဟု ခံစားမိနေဆဲပင်။


"ရဲဘော်စုမှာလည်း အားသာချက်တစ်ခုရှိတယ်ကွ… သူက စေတနာပိုရှိတယ်လေ… သူက တင်တောင်းငွေ ယွမ် ၃၀၀ ပေးမယ်လို့ ပြောတယ်မလား… ရဲဘော်ရှန်းက ယွမ် ၂၀၀ ပဲပေးတယ်လေ…"



🏝️🏝️🏝️