Chapter 12
Viewers 847

🏝️ Chapter 12

ကလေးစုတ်လေးတွေ



ယမန်နေ့က ရှန်းလေ့ နင်ထန်နှင့်အတူ ထမင်းဟင်းချက်မည့်အကြောင်း ဆွေးနွေးရာတွင် ကလေးသုံးယောက်ကို အနားမှာရှိနေစေ၍ ကလေးသုံးယောက်လုံး ကြားလိုက်ရသည်။

  

အလုပ်မသွားမီတွင် ရှန်းလေ့က တဝါ၊ အားနူ နှင့် စန်းဝါကို ယနေ့ နေ့လည်စာအား နင်ထန် ချက်မည်ဟု သတိပေးလိုက်သည်။

  

ထို့ကြောင့် သူတို့သုံးယောက်က နင်ထန်မှာ နေ့လယ်စာချက်ပြုတ်ရန်တာဝန်ရှိသည်ကို သိကြသည်။ သူတို့ သိသော်လည်း နံနက် 11 နာရီအထိ နင်ထန်က ဟင်းမချက်ရသေးပေ။ ကလေးသုံးယောက်၏ ဗိုက်များမှာလည်း ဆာလောင်မှုနှင့်အတူ တဂွီဂွီ အော်မြည်နေကြသည်။


တဝါတို့၏ နှောင့်ယှက်ခြင်းကို ခံရပြီးနောက် နင်ထန်က ကလေးများအား လှည့်ကြည့်လိုက်သည်။

 "ငါသာ နင်တို့ရဲ့ မိထွေးမဟုတ်ရင် နင်တို့ကို ရိုက်ပစ်ပြီးပြီ…"


သို့သော် ယမန်နေ့က နေ့လည်စာအတွက် ဟင်းချက်မည်ဟု သဘောတူညီပြီးကတည်းက နင်ထန် စကားကို ပြန်ပြောဖို့ရာ မစွမ်းသာတော့ပေ။


သူမ အိပ်ရာထ၍ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး စျေးသွားဖို့ပြင်ဆင်သည်။ နင်ထန်က ရှန်းလေ့၏ပိုက်ဆံကို ယူလိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ နေရောင်ခြည်က ပုံမှန်အတိုင်း တောက်ပနေ၏။

 

သူမ သက်ပြင်းချလိုက်ပြီး ကောက်ရိုးဦးထုပ်ကို ဆောင်းလိုက်သည်။ တဝါက သူမထွက်ခွာသွားသည်ကို ကြည့်ပြီး လက်ပြလိုက်သည်။

"ဟို့မား မြန်မြန်သွားပါ… သားနဲ့ အားနူက တောင့်ခံနိုင်ပေမယ့် စန်းဝါကတော့ အဆာမခံနိုင်ဘူး…"


နင်ထန် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရှန်းလေ့ ပြောဖူးသည်ကို ရုတ်တရက် သတိရသွားသည်။ ကုန်စုံဝယ်ချင်ပါက၊ အနောက်ဘက်ဈေးကို သွားရမည်ဟုကြားဖူးသည်။ သို့သော် သူမက လမ်းကြောကို မသိသေးပေ။ ထို့ကြောင့် အိမ်ကိုတစ်ဖန်ပြန်လာကာ တဝါကို ခေါ်သွားလိုက်သည်။ 

"ငါ လမ်းမသိဘူး… နင် ငါ့ကို ခေါ်သွားပေးလို့ရမလား…"

 

တဝါက မြည်နေသောဗိုက်ကို ပွတ်လိုက်ကာ သက်ပြင်းချပြီး လူကြီးတစ်ယောက်လို ပြောလိုက်သည်။

"သား နောက်ကို လိုက်ခဲ့…"


နာရီဝက်လောက်ကြာသော် နှစ်ယောက်သား ဈေးကို ရောက်လာသည်။ ဟိုင်လန်ကျွန်းရှိ ဈေးက ဘောလုံးကွင်းတစ်ခုခန့်အကျယ်အဝန်းရှိပြီး အထဲ၌ အကန့်များစွာရှိသည်။


တံငါသည်များနှင့် ဟင်းသီးဟင်းရွက်ရောင်းချသူများက ဝါးဦးထုပ်နှင့် လက်အစွပ်များ ဝတ်ဆင်ထားသည်။ နင်ထန်က အလျင်စလို မဝယ်သေးဘဲ အသီးအရွက်များအား တစ်ချက်ကြည့်လိုက်သည်။


မွန်းတည့်ချိန်ဖြစ်၍၊ နံနက်ဈေးကလို မစည်တော့ပေ။ လူတော်တော်များများက အသီးအရွက်များဝယ်နေကြသည်။


နင်ထန်က ဈေးဝယ်သူများအား သတိထားမိသည်။ သူတို့က ပင်လယ်စာဝယ်လျှင် လက်မှတ်မပေးကြချေ။ သူမက တဝါကို မေးလိုက်သည်။ 

" ဒီမှာ ငါးဝယ်ရင် လက်မှတ်တွေ မလိုဘူးလား…"


တဝါက မကြာခဏ အသီးအရွက်ဝယ်ရန်မဆ်ိုနှင့် ဈေးကိုပင် မရောက်ဖူးပေ။ ထို့ကြောင့် သူက ခေါင်းယမ်းကာ အမှန်အတိုင်းပြောလိုက်သည်။

 â€œá€™á€žá€­á€˜á€°á€¸â€Śâ€ 


နင်ထန် သူ့ဆီက အဖြေမရ၍ တံငါသည်တစ်ယောက်ဆီသို့ လျှောက်လာခဲ့သည်။

"ကဏန်း တစ်ကီလိုဂရမ်လိုချင်ပါတယ်… လက်မှတ်လိုသေးလား…"


တံငါသည်က ပြုံးပြလိုက်သည်။

"ကဏန်း တစ်ကီလိုဂရမ်လို ရှစ်ဆင့်ပါ…လက်မှတ်မလိုပါဘူး…"


"ဘယ်လောက်…"  


နင်ထန်က နားကြားမှားသည်ဟု ထင်ကာ အံ့အားသင့်သွားသည်။ ဂဏန်းတစ်ကီလိုဂရမ်လျှင် ရှစ်ဆင့်သာ ရှိသည်။တံငါသည်က စိတ်ရှည်ရှည်ပြန်ဖြေသည်။ 


"တစ်ကီလိုဂရမ်ကို ရှစ်ဆင့်ပါ…လက်မှတ်မလိုပါဘူး…"


သူက နင်ထန် ကိုကြည့်လိုက်ရာ မျက်နှာစိမ်းဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမက မြောက်ပိုင်းလေယူလေသိမ်းနှင့်ဖြစ်ကယ တော်တော်လည်း လှ၍ သူ ဆက်ပြောပြသည်။

“ဒီက ပင်လယ်စာက ကုန်းတွင်းပိုင်းက ဈေးတွေနဲ့ မတူဘူး… ဟိုမှာ ပင်လယ်စာက ဈေးကြီးတဲ့အပြင် လက်မှတ်နဲ့ဝယ်ရတယ်… ဟိုင်လန်ကျွန်းက ပင်လယ်နားမှာဆိုတော့ နေ့တိုင်း ငါး၊ပုစွန်တွေ ဖမ်းလို့ရတယ်… ကျွန်တော်တို့လည်း စစ်တပ်ကို ထောက်ပို့ပြီးရင် ကျန်တာကို ရောင်းပြီး မိသားစုအတွက် ငွေရှာလို့ရတယ်…” 


ဟင်းသီးဟင်းရွက်ရောင်းသူ တစ်ယောက်က အော်ဟစ်လိုက်သည်။

“ကဏန်းတင်မကဘူး… ပင်လယ်စာလည်း အတူတူပါပဲ…တစ်ခုရှိတယ် ပင်လယ်စာလေးတွေက ဇွန်လမှာဆို အရမ်းနည်းလို့ ဖမ်းမိတဲ့ ကဏန်းတွေကို တစ်ကီလိုကို ရှစ်ဆင့်နဲ့ ရောင်းတယ်… ဒါပေမယ့် သြဂုတ်လနဲ့ စက်တင်ဘာမှာဆို မလိုချင်အောင်ကို ပေါတယ်… ဒီတော့ တစ်ကီလိုကို ငါးဆင့်နဲ့ပဲ‌ ရောင်းရတယ်…"


ကြက်၊ ဘဲ၊ အမဲသား၊ သိုးသား၊ ဟင်းသီးဟင်းရွက်နှင့် လယ်ယာထွက်ကုန်များက စျေးကြီးပြီး လက်မှတ်လိုအပ်သည်။ တစ်ဖက်မှာလည်း ပင်လယ်စာများမှာ စျေးသက်သက်သာသာနှင့်ရရှိနိုင်ပြီး လက်မှတ်မလိုပေ။


ထို့ကြောင့် ရှန်းလေ့ ယမန်နေ့ကချက်သော ဟင်းပွဲအများစုက ပင်လယ်စာများပင်။ နင်ထန်က သူမပေါင်ကို ရိုက်လိုက်သည်။ သူမ နေရာမှန်ကိုရောက်လာခြင်းပင်။ သူမက ရွှံ့ကဏန်းများကို ကြည့်ကာ တော်တော်ကြီးပြီး ကောင်းသော အကောင်များအား ရွေးကာ ငါးကျင်း(ပေါင်နှင့်တူသော တရုတ်အခေါ်အဝေါ်) ချိန်ခိုင်းလိုက်သည်။ ထို့နောက် ပုစွန်ထုပ်များနှင့် မက်ကရယ်ငါးများအား ဝယ်သည်။ သူမ ဈေးဝယ်ရသည်ကို အတော်ပျော်နေကာ ပြန်ပင်မပြန်ချင်တော့ချေ။


တဝါက နင်ထန် ဈေးတစ်ခုလုံးဝယ်တော့မလို လုပ်နေသည်ကို မြင်သောအခါ တားလိုက်သည်။


" ဟို့မား ဒါဆို သားတို့ စားဖို့ လုံလောက်တယ်ထင်တယ်…"


နင်ထန်က ထိုအခါမှ ဈေးဝယ်ခြင်းကို တုံ့ဆိုင်းစွာ ရပ်လိုက်သည်။ အိမ်ပြန်ရောက်သော် သူမ ပင်လယ်စာ အားလုံးကို ဟင်းချက်လိုက်သည်။ အများစုကို ပေါင်းလိုက်ခြင်းပင်။


ပါဝင်ပစ္စည်းများက နင်ထန်ကဲ့သို့ အချက်အပြုတ် အတွေ့အကြုံမရှိသေးသူအတွက်ပင် ရိုးရှင်းသည်။ သူမ မြန်မြန်ပင် မီးဖိုကို မည်သို့သုံးရမလဲဆိုသည်အား စဉ်းစားကာ နာရီဝက်ခန့်ကြာ‌သော် ဟင်းသုံးပွဲက ကျက်သွားသည်။


 á€›á€˝á€žá€śá€ˇá€€á€á€”်းပ္ဍင်း၊ပုဇွန်ပဟုတ်၊မက်ကရယ်ငဍးကဟ္ဏ်...


နင်ထန်က အများကြီးဝယ်ထား၍ ဟင်းသုံးမျိုးက စားပွဲပေါ်တင်သည့်အခါ အတော် ကြည့်ကောင်းသည်။


ကလေးသုံးယောက်လုံး အတော်ဗိုက်ဆာနေကြသည်။ သူတို့က ကျွန်းတွင် မွေးဖွားကြီးပြင်းလာခဲ့၍ ပင်လယ်စာ စားတတ်သည်။ မည်သည့်ညွှန်ကြားချက်မပါဘဲ တဝါက ရွှံ့ကဏန်းကို အမြန်ယူလိုက်သည်။


အားနူက မက်ကရယ်ငါးကို စိုက်ကြည့်နေသည် ။ငါးသည် အရိုးများစွာရှိ၍ မစားရဲဖြစ်နေခြင်းပင်။ နင်ထန်က အရိုးများကိုနွှင်ပေးလိုက်ရာ အားနူလည်း စားနိုင်သွား၏။

 

စန်းဝါက ငယ်ငယ်ရွယ်ရွယ်နှင့် လောဘကြီးသူပင်။ သူက ပုစွန်ကို အခွံပင် မခွာဘဲ ပါးစပ်ထဲထည့်ပြီးနောက် ပုစွန်ခေါင်းကို အကြိမ်အနည်းငယ်ကိုက်လိုက်သည်။ ထွက်လာသော အရည်များက သူ့ပါးစပ်တစ်ခုလုံးကို ရွှဲသွားတော့သည်။

 

နင်ထန် မနေနိုင်တော့ဘဲ သူ့လက်သေးသေးလေးမှ ပုစွန်ကို ယူ၍ အခွံခွာကာ၊ အသား အနီနှင့် အဖြူတို့ကို ပေးလိုက်၏။ စန်းဝါက ငယ်ရွယ်သော်လည်း၊သွားကောင်း၍ ပုစွန်တစ်ကောင်ကို သုံးကိုက်သာစားသည်။


နင်ထန်က တဝါကို လျစ်လျူရှုလိုက်ပြီး အားနူနှင့် စန်းဝါကိုသာကြည့်ရှုခဲ့သည်။ သူမက ပုစွန်ကို အခွံနွှာလိုက်၊ တစ်ခါတရံ ငါးအသားနွှင်ပေးကာ ကဏန်းပါ နွှာပေးသည်။ နင်ထန်က ဂရုစိုက်နေချိန်တွင် အားနူ တစ်ယောက်တည်း စကားစမြည်ပြော‌နေသည်။


" တော်သေးတယ်… ဟို့မားက အသိတရားရှိနေသေးလို့…"


နင်ထန်က မျက်လုံးပြူးပြီးပြန်ကြည့်လိုက်သည်။

" ချီးကျူးတဲ့အတွက် ကျေးဇူးပါ…"


တဝါက သူ့ပါးစပ်ထဲတွင် ဂဏန်းအသားကို ဝါးနေရင်းတွေးလိုက်သည်။


ဘာလို့ ဟို့မားကို ချီးမွမ်း‌ နေတာလဲ… ဒါက သူ လုပ်သင့်တာပဲမလား… မနက်ကဆို ဆယ့်တစ်နာရီထိအောင် အိပ်ပျော်နေတာလေ...


နင်ထန်က တကယ်ပင် မှားသည်။ ရှန်းလေ့အား သူမက ဆယ်နာရီတွင် ကုန်ခြောက်သွားဝယ်မည်ဟု ကတိပေးထားသည်။ သို့သော် သူမက မနက် ဆယ့်တစ်နာရီထိ မထသေးသည့်အပြင် နှစ်နာရီနီးပါး ဈေးဝယ်ထွက်ခဲ့ရသေး၏။ဟင်းချက်သည်နှင့်ဆို နေ့ခင်း ၁နာရီမှ နေ့လယ်စာ စားရတော့သည်။


"ငါ့အပြစ်လို့ နင်တို့က ထင်နေကြတာ... ဟုတ်လား…" 

နင်ထန် ကဏန်းကို ကောက်ယူပြီး သက်ပြင်းချလိုက်သည့်အခါ တဝါက ခေါင်းညိတ်သဘောတူသည်။

“အဲဒါမှန်ပါတယ်…” 


သူမ သက်ပြင်းချလိုက်ပြန်သည်။ ကဏန်းနှင့် ပုဇွန်များကို အခွံဆက်ခွာနေရင်း ပြောလိုက်သည်။

"ငါက မနက်အစော ဆယ်နာရီကတည်းက ကုန်ခြောက်သွားဝယ်ရမှာလား… ဒါက‌ ငါ့ဘဝအတွက်တော့ တကယ်ကို ထိခိုက်စေတယ်…"


တဝါက ပြောသည်။

"ဆယ်နာရီမှ မဝယ်ရင် ဘယ်လိုလုပ်မလဲ… တစ်နာရီလောက်က ကုန်ခြောက်သွားဝယ်၊ ချက်ပြုတ်တာက တစ်နာရီဆို နေ့လည် ဆယ့်နှစ်နာရီမှာ စားရမှာ‌လေ…"


နင်ထန်က တဝါ နှင့် အားနူကို စိုက်ကြည့်နေလိုက်သည်။ ခဏကြာသောအခါ နှစ်ယောက်လုံး ကြောက်လာပြီး အားနူ က ချွေးများကို လက်နှစ်ဖက်နှင့် ပွတ်သုတ်လိုက်သည်။


နင်ထန် သက်ပြင်းချလိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

" နင်တို့နှစ်ယောက် မကြာခင် ကြီးလာတော့မယ်လို့ မျှော်လင့်တယ်… ဒါဆို ငါ့အတွက် ဟင်းချက်စရာတွေ သွားဝယ်လို့ရတယ်…"


အားနူက ပြောင်စပ်စပ် လုပ်ပြလိုက်သည်။ ထမင်းစားပြီးနောက် နင်ထန်က သူ့အင်္ကျီလက်များကို လှန်ပြီး ပန်းကန်များအား ဆေးကြောသည်။


နေ့လယ်စာအတွက် သူမနှင့် ကလေးသုံးယောက်က ပန်းကန်ခွက်ယောက်အနည်းငယ်သာသုံး၍ စားသောက်ကြသည်။ ပင်လယ်စာကလည်း ဆေးကြောရ လွယ်ကူသည်။ပန်းကန်များ ဆေးပြီးသောအခါ ညနေ ၃ နာရီမထိုးသေးပေ။ ကလေးများလည်း အိပ်ငိုက်နေပြီဖြစ်သည်။


တဝါက တံခါးနောက်မှ အေးမြသော ဖျာတစ်ချပ်ကို ထုတ်ယူလိုက်ပြီး ဧည့်ခန်းကြမ်းပြင်တွင် ခင်းထားလိုက်သည်။ ကလေးများကလည်း လှဲအိပ်ကာ သူတို့ကိုယ်သူတို့ စောင်ပါးပါးလေးခြုံ၍ တစ်ရေးတစ်မော အိပ်လိုက်သည်။


နင်ထန်က ကလေးများ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်ကိုမြင်ပြီး သူမပါ ငိုက်မျည်းလာသလို ခံစားလိုက်ရသည်။ သူမလည်း ပြတင်းပေါက်ရှေ့မှ ကုလားထိုင်တွင် ထိုင်နေရင်း တဖြည်းဖြည်း အိပ်ပျော်သွားသည်။


ရှန်းလေ့ ပြန်ရောက်သောအခါ ဤမြင်ကွင်းကို မြင်လိုက်ရသည်။ နင်ထန်က ကုလားထိုင်တွင် အိပ်နေပြီး ကလေးသုံးယောက်ကလည်း အေးမြသော ဖျာပေါ်တွင် အိပ်နေကြသည်။ တဝါက လက်ကြီးဆန့်ထုတ်ကာ အိပ်ပျော်နေသလို၊ အားနူက နှာခေါင်းကိုပွတ်နေပြီး စန်းဝါက တဝါ၏ ကိုယ်ပေါ်တွင် ခြေထောက်များတင်ထားသည်။


"ပြန်လာပြီလား…" 


နင်ထန်က သူ့ခြေသံကို ကြားသောအခါ နိုးလာသည်။ ရှန်းလေ့က ကလေးသုံးယောက် မနိုး‌စေရန် သူ့အသံကို လျှော့လိုက်သည်။

 "အင်း…"

 

နင်ထန် တိုင်ကပ်နာရီကို တစ်ချက်ကြည့်လိုက်သည့်အခါ လေးနာရီခွဲသာ ရှိသေးသည်။

"ဒီနေ့ စောတယ်နော်…"


ရှန်းလေ့က နင်ထန်နှင့် ကလေးသုံးယောက်ကို စိတ်ပူပြီး အလုပ်မြန်မြန်ဖြတ်ကာ ကုန်စုံဝယ်ရန် ဈေးကို ဝင်ခဲ့သေးသည်။

"လေ့ကျင့်ရေးက စောစောပြီးတယ်လေ.…"


နင်ထန်က ပြောသည်။

"ကဲ ရှင် ပြန်လာပြီဆိုတော့ ထမင်းချက်ကြရအောင်…"


နေ့လယ်စာအတွက် ပင်လယ်စာက အရသာလတ်ဆတ်သော်လည်း သူတို့ပါးစပ်ထဲ၌ တစ်ခုခုလိုနေသလိုမျိုး ပေါ့ရွှတ်ရွှတ်နိုင်နေသေးသည်။ ထို့ကြောင့် ရှန်းလေ့ ပြန်လာသောအခါ နင်ထန်က သူ့ကိုချက်ပြုတ်ရန် တိုက်တွန်းရခြင်းပင်။


ရှန်းလေ့ မီးဖိုချောင်ထဲသို့ဝင်သွားရာ ယမန်နေ့ကလို ပန်းကန်အပေများ စုပုံမနေ၍ သူ အတော်စိတ်ချမ်းသာသွားသည်။ သူ ဗီရိုကိုကြည့်လိုက်ရာ ဆေးကြောထားသော ပန်းကန်များအား တွေ့ရသည်။  


စားစရာနံ့ကြောင့် ကလေး သုံးယောက်ထဲမှ တဝါက ဦးစွာနိုးလာပြီး မျက်လုံးဖွင့်ကြည့်သည်။ ရှန်းလေ့ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသော် သူ့မျက်လုံးများက တောက်ပလာပြီး အော်လိုက်သည်။

 "အဖေ…"


ရှန်းလေ့က သူ့ကို ပန်းကန်တစ်လုံးပေးပြီး ပြန်ဖြေသည်။

"ဟင်၊ နိုးပြီလား၊ ဒီမှာ တစ်ခုခုစား…"

 

တဝါ ပန်းကန်ကိုယူလိုက်ရာ ဝက်ဆီဖတ်ကြော်အား သကြားဖြူးထည့်ထားသည်ကို မြင်လိုက်သည်။ သူက ပြုံးပြီး မေးလိုက်သည်။

"ဒီ‌နေ့က တရုတ်နှစ်သစ်ကူးလား…"


"မဟုတ်ဘူး၊ တရုတ်နှစ်သစ်ကူးထက်တောင် ပိုကောင်းတယ်… သားတို့ဟို့မားကို ကြိုဆိုဖို့ ဒီနေ့ ဟင်းကောင်းကောင်းချက်ရမယ်လေ…"

တဝါက အကြောင်းပြချက်ကို သဘောပေါက်ကာ နှုတ်ခမ်းစူလိုက်သည်။ ရှန်းလေ့ သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။

"ဘာဖြစ်နေတာလဲ… ဟို့မားကို မကြိုဆိုချင်ဘူးလား…"


"အင်း၊ အဲ့လိုရယ်လို့တော့ မဟုတ်ပါဘူး…"

တဝါက ဝက်ဆီဖတ်အား သူ့ပါးစပ်ထဲကို ထည့်ရင်း စကားဆက်မပြောရအောင် ကြိုးစားလိုက်သည်။


ရှန်းလေ့ ဧည့်ခန်းကို လှည့်ပတ်ကြည့်ရာ နင်ထန်က သူတို့ပြောသည်ကိုမကြားဘဲ ကလေးများအိပ်ထားသော ဖျာများအားသိမ်းရင်း အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။ သူကဝါကို ဆွဲခေါ်ပြီး အေးအေးဆေးဆေးမေးသည်။

" သား ဟို့မားကို ဘယ်လိုထင်လဲ…"


"အဆင်ပြေပါတယ်…"  

တဝါက ဝက်ဆီဖတ်ကို မျိုချလိုက်သည်။


"သားတို့ နေ့လည်က ဘာစားလဲ…"


တဝါက သူ့လက်ချောင်းများကိုချိုး၍ ရေတွက်လိုက်သည်။

" ကဏန်းပြုတ်၊ မက်ကရယ်ငါးကြော်၊ ပုစွန်ပေါင်း…" 


ရှန်းလေ့ မျက်ခုံးပင့်လိုက်သည်။ အားလုံးက ပေါင်းထားသော်လည်း စျေးကြီးသော ပင်လယ်စာချည်းပင်။ အိမ်တွင် လူကြီးတစ်ယောက်နှင့် ကလေးသုံးယောက်ဖြစ်၍ နင်ထန်က ပေါ့ပေါ့ပါးပါး ချက်ပြုတ်ထားမည်ဟု သူ ထင်ခဲ့သည်။ယခုလို ဟင်းသုံးမျိုးချက်မည်ဟု မမျှော်လင့်ထားပေ။


 "သား ပြောသလိုဆို အဆင်ပြေပါတယ်… သူက သားတို့ကို ကောင်းကောင်းဆက်ဆံတယ် မဟုတ်ဘူးလား…"


တဝါက နင်ထန် ဈေးဝယ်နေပုံကို တွေးကာ ပြန်ပြေလိုက်သည်။

" ‌ကောင်းပါတယ်… သူက တော်တော်စေတနာပါပေမယ့်-"


သူက ရှန်းလေ့မျက်နှာလေးကို လှည့်ကြည့်လိုက်ပြီး ပြောသည်။

"ဒါပေမယ့် အဖေက ဆယ်နာရီမှာ ဟင်းချက်စရာတွေ ဝယ်ဖို့ ပြောထားပေမယ့် သူက ဆယ့်တစ်နာရီအထိ အိပ်နေတာ… စျေးဝယ်တာရော ချက်ပြုတ်ပြီးတာ‌ရောဆို သားတို့ တစ်နာရီအထိ နေ့လယ်စာ မစားရသေးဘူး…"



🏝️🏝️🏝️