Chapter 13
Viewers 840

🏝️ Chapter 13

ဒေသထွက်ကုန်ပစ္စည်းများ



တဝါ၏ မျက်လုံးများက ရှန်းလေ့ကို မကြည့်ဘဲ ဟိုဟိုသည်သည်ကြည့်နေတော့သည်။ ရှန်းလေ့က သူ့ပါးလေးကို ပုတ်လိုက်သည်။

"သွား… တစ်ယောက်တည်း ခွဲပြီး စားမနေနဲ့ ညီလေး၊ညီမလေးတွေဖို့ရော ကျွေးလိုက်ဦး…"


တဝါက သူ့ပန်းကန်ကိုယူကာ ရှန်းလေ့၏စကားကို ပြန်မဖြေဘဲ ပြေးထွက်သွားသည်။ ရှန်းလေ့က တဝါကို နောက်ပြောင်ခြင်း မဟုတ်ပေ။ သူက အမှန်ပင် နင်ထန်ကို ကြိုဆိုရန် အရသာရှိသော ဟင်းလျာများအား စားပွဲအပြည့် ပြင်ဆင်ထားသည်။

 

နင်ထန် စားပွဲတွင်ထိုင်လိုက်သောအခါ၊ ဟင်းငါးမျိုးပြင်ထားသည်ကို မြင်လိုက်၏။ ဝက်သားမွှေကြော်၊ ငါးအချဉ် ကြော်၊ ဂျင်းနှင့် ကြက်သွန်နီ နိုင်နိုင်ထည့်ချက်ထားသော ဘဲသားဟင်း၊ ခရမ်းချဉ်သီးမွှေကြော်နှင့် ငါးအသားလုံးစွပ်ပြုတ်တို့ဖြစ်သည်။


နင်ထန်က ဟင်းတစ်ပန်းကန်ကို ယူလိုက်ပြီး ရှန်းလေ့ကို ပေးလိုက်သည်။

"ဒီနေ့ လစာရလာတာာလား…"


ရှန်းလေ့က ဟင်းချိုပန်းကန်ကို ယူလိုက်ပြီးပြောသည်။

"မဟုတ်ပါဘူး… လတိုင်း ၈ ရက်နေ့ဆို လစာရတာလေ… ဒီနေ့က ၁၅ရက်ပဲရှိသေးတာဆိုတော့ လစာထုတ်ပြီးခါစလေ…"


"ဒါဆို ဘာလို့ ဟင်းတွေ ဒီလောက်အများကြီးချက်ထားတာလဲ…"

နင်ထန်က မေးသည်။ ရှန်းလေ့က သူမကို ကြိုဆိုသည့်အနေဖြင့်ဟု ဝန်မခံချင်ပေ။

 

"ကိုယ် စိတ်ကောင်းဝင်နေတယ်လေ… ဒါကြောင့် နည်းနည်းပိုချက်ထားတာ…"


နင်ထန်က ပြုံးလိုက်မိသည်။

"ဒါဆိုလည်း ရှင်အမြဲစိတ်ကောင်းဝင်နေပါစေလို့ ကျွန်မ မျှော်လင့်တာပဲ…"


ရှန်းလေ့က ယောက်ျားကြီးပင်ဖြစ်သော်လည်း အစားအသောက်ကောင်းကောင်း အလွန်ချက်တတ်သည်။သူ ချက်သမျှက အလွန်စားကောင်းသည်။

အရင်ကတည်းက သူက ရှန်းမိသားစုမှာ အမြဲတမ်း ထမင်းဟင်းချက်နေတဲ့သူမလို့လားမသိဘူး…


နင်ထန်က ဘဲပေါင်တစ်ချောင်းကိုယူကာ ကိုက်လိုက်သည်။

"ရှင်က အမြဲ ဟင်းချက်တာလား…"


ရှန်းလေ့က သူမကို ကြည့်ပြီးပြောသည်။


"တဝါတို့အမေက ကျန်းမာရေးသိပ်မကောင်းဘူးလေ…ကိုယ်ကပဲ အိမ်အလုပ် အကုန်လုပ်ရတယ်…"


ရှန်းလေ့၏ ကျွမ်းကျင်ပိုင်နိုင်သော လုပ်ကိုင်ရည်ကိုကြည့်ပါက အံ့ဩစရာတော့မဟုတ်ပေ။


ရက်များစွာကြာသောအခါ ရှန်းလေ့နှင့် နင်ထန်တို့က ဤအတိုင်းပင် ပုံမှန်လည်ပတ်နေတော့၏။ နင်ထန်က နေ့လည်စာချက်သလို၊ ရှန်းလေ့က ညစာချက်သည်။ အဝတ်များကိုလည်း သပ်သပ်စီ ခွဲလျှော်ကြသည်။ နင်ထန်က သူမ အဝတ်ကိုသာ လျှော်ပြီး၊ ရှန်းလေ့က သူ့အဝတ်သာမက ကလေးများ၏အဝတ်ကိုပါ လျှော်သည်။


နောက်နှစ်ရက်ခန့်ကြာသောအခါ နင်ထန်က နေ့လည်စာစားပြီး၍ တရေးအိပ်မည်ကြံနေစဉ် အပြင်မှ ခေါ်သံကိုကြားလိုက်ရ၏။


"ရှောင်နင်၊ အိမ်မှာလား…"

နင်ထန်က အိမ်မှာသာနေ၍ ကလေးများကိုကြည့်လိုက်၊ ဈေးသွား၍ နေ့လည်စာပြင်ဆင်ချက်ပြုတ်လိုက်သာ လုပ်နေ ‌သောကြောင့် သူမကို မည်သူခေါ်နေမှန်း စဉ်းစားမရပေ။ ၎င်းက နင်ရွှယ်၏ အသံလည်းမဟုတ်သလို၊ နင်ရွှယ်ကလည်း သူမကို ရှောင်နင်ဟု မခေါ်ချေ။


နင်ထန် အမြန်ထ၍ ခြံတံခါးဖွင့်လိုက်သောအခါ ပြုံးနေသော အစ်မလောကို မြင်လိုက်ရသည်။ အစ်မလောက တစ်နေ့က ကမ်းခြေတွင် တွေ့ရသလိုမျိုး၊ အဖြူအပြာ အကွက်လက်ရှည်ကို ဝတ်ဆင်ထားကာ သစ်သားခြင်းတောင်းလေးကို သူမ လက်တွင်ချိတ်ထား၏။


"အစ်မ လမ်းလျှောက်ထွက်လာရင်းနဲ့ ညီမကိုတွေ့ချင်လို့ ဝင်လာတာ… ဘယ်လိုလဲ ဒီ‌မှာ ပျော်ရဲ့လား…"


"ဟုတ်ကဲ့ မဆိုးပါဘူး…"

နင်ထန်က ပြောရင်း အစ်မလောအား အိမ်ထဲဝင်ရန် ဖိတ်လိုက်သည်။

"လာလေ အစ်မ အထဲဝင်ပြီး စကားပြောရအောင်…"


အစ်မလောက လက်ကိုယမ်း၍ ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

"နေပါစေ… အစ်မ လုပ်စရာရှိသေးတယ်၊နောက်မှ လာလည်မယ်..."


ထို့နောက် သူမ လက်ထဲက ခြင်းတောင်းလေးအား ကမ်းပေးလိုက်သည်။

"ဒါက ခြံထွက်သီးနှံတွေလေ… သိပ်အများကြီးတော့ မဟုတ်ပါဘူး… စားစရာသောက်စရာတွေထဲ ထည့်ချက်ရင် အရသာပိုကောင်းတာပေါ့…"


"အန်တီလော…"

ရုတ်တရက် တဝါ၊အားနူနှင့် စန်းဝါတို့အသံက နင်ထန်၏နောက်မှ ထွက်လာကြသည်။


သုံးယောက်လုံးက နင်ထန်ကို ကျော်ဖြတ်၍ အန်တီလောအား ဝိုင်းထားလိုက်ကြသည်။


"အန်တီလောက အခုတလော မလာဘဲ ဘယ်ပျောက်နေတာလဲ…"


"ဟုတ်တယ်၊သမီးတို့ အန်တီလောကို လွမ်းနေတာ…"


အစ်မလောက ကလေးများအား ပြုံးကြည့်နေရင်း တစ်ယောက်စီ၏ ခေါင်းများကို လက်ဖြင့်ထိကြည့်လိုက်သည်။ထို့နောက် အိတ်ထဲက ချိုချဉ်တစ်ထုပ်အားပေးရင်း ပြောလိုက်သည်။

"သွား၊ဟိုမှာ သွားစားကြ...အန်တီ မင်းတို့ရဲ့အမေကို စကားပြောလိုက်ဦးမယ်…"


တဝါက ချိုချဉ်ကိုယူရင်း ပြောလိုက်သည်။

"သူက အမေ မဟုတ်ဘူး…ဟို့မား(မိထွေး)လေ…"


အစ်မလောက နောက်ဆုတ်ပြီး နင်ထန်ကို အားနာဟန်ဖြင့် ကြည့်လိုက်သည်။ နင်ထန်က လက်ယမ်းပြသည်။

"ရပါတယ်…ညီမက ခေါ်ခိုင်းထားတာပါ…"


အစ်မလော,က ထိုအကြောင်းကိုဆက်မပြောတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ရှန်းလေ့ ညီမတို့ရွာကိုသွားတုန်းက အစ်မပဲ ကလေးတွေကို ကြည့်ပေးလာတာလေ… ဒါကြောင့် သူတို့က အစ်မကို ခင်နေကြတာ…"


ထိုမှသာ နင်ထန် သဘောပေါက်သွားသည်။ ရှန်းလေ့က ကလေးများအတွက် စစ်သားတစ်ယောက်ကို ထမင်းလာပို့ခိုင်းသည်ဟုဆိုစဥ်က သူမ တစ်ယောက်တည်းတွေးကာ ဘဝင်မကျဖြစ်နေခြင်းပင်။ အကယ်၍ ထိုသူက ထမင်းလာပို့ပေးသည်ဆိုလျှင်ပင် သူက ထမင်းပို့ပြီးပြန်သွားမည်ပင်။ကလေးများအား တစ်နေကုန် တစ်နေခမ်း အိမ်မှာသာ‌နေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အစ်မလော ပြောပုံအရ ကလေးများက သူမ အိမ်တွင်သာ နေကြပုံပေါ်၏။


"ထားလိုက်ပါတော့ ဒါကို ယူပါ..."

အစ်မလောက ခြင်းကို ကမ်းပေးလိုက်၍ နင်ထန် ငြင်းမနေဘဲ ခြင်းကို ယူလိုက်သည်။ အစ်မလောက ပြုံးပြီး နှစ်ထပ်အဆောက်အဦးကို လက်ညှိုးထိုးပြလိုက်ရင်း ဆက်ပြောသည်။

"ဟိုမှာ အစ်မနေတာ… ဘာပဲလိုလို ခေါ်လိုက်နော်…"


နင်ထန်၏ အကြည့်များက အစ်မလော၏ လက်ဆီသို့ လိုက်သွားကြည့်သည်။ ၎င်းက သူမတို့၏ အိမ်နှင့် လေးငါးအိမ်သာ ခြားသော နှစ်ထပ်အိမ်တစ်ခုပင်။ လမ်း‌လျှောက်ထွက်လာသည်ဟု ဆိုခြင်းက အစ်မလော၏ ဆင်ခြေသာဖြစ်မည်။ အစ်မလောက သူမကို တမင်တကာ လာတွေ့ခြင်းပင်။


အစ်မလောက ပေးပြီးနောက် စိတ်ချမ်းသာစွာဖြင့် ထွက်သွားမည်ပြုပြီး တဝါ၊အားနူ နှင့်စန်းဝါကို လက်ပြနှုတ်ဆက်လိုက်သည်။

 "ကလေးတို့ တာ့တာ…"


နင်ထန်က အစ်မလောကို တားထားလိုက်သည်။

 â€œá€á€á€”္ပဍဌး အစ်မလော…” 


အစ်မလောက နင်ထန် ဘာကြောင့်တားမှန်းမသိသော်လည်း သူမ စောင့်နေဆဲဖြစ်သည်။ နင်ထန်က အိမ်ထဲတွင် ခဏလောက် ရှာဖွေခဲ့ပြီးနောက် အနီရောင် စွန်ပလွံသီးအိတ်ကို ထုတ်ယူလာသည်။

 

" ဒါတွေက အနောက်မြောက်ပိုင်းကနေ ယူလာတဲ့ အထူးထုတ်ကုန်တွေပါ…အစ်မလော အိမ်ကိုယူသွားပြီး စားပါ…"


အစ်မလောက အနီရောင်စွန်ပလွံသီးများပါသော အိတ်ကို ငုံ့ကြည့်သည်။ နင်ထန်က သူမကိုပေးလာသည်မှာ နှစ်‌ပေါင်ခန့် ရှိသည်။ အနီရောင်စွန်ပလွံသီးများက အလွန်အဖိုးတန်ပြီး တစ်ပေါင်ကို ခုနစ်ဆင့်ခန့်ဖြင့် ရောင်းနိုင်သည်။ ထိုမျှသာမက အနီရောင်စွန်ပလွံသီးကို ဟိုင်လန်တွင် အလွယ်တကူမရနိုင်ပေ။ ဟိုင်လန်ကျွန်းမှာ ပင်လယ်စာသာပေါများပြီး ကုန်းတွင်းပိုင်း ကုန်စည်များ မရှိပေ။


"မဟုတ်ဘူး၊ အစ်မ မယူပါရ‌ စေနဲ့… ဒါက အဖိုးတန်လွန်းတယ်…"


နင်ထန်က စွန်ပလွံသီးများကို အစ်မလော လက်ထဲသို့ အတင်းအကြပ် ထိုးထည့်‌ပေးသည်။

"ဒီလောက် အဖိုးမတန်ပါဘူး… အစ်မက ညီမကို ကမာကောင်တစ်အိတ်‌တောင် ပေးခဲ့တာလေ၊ အသီးအရွက်လည်းပေးသေးတယ်…အစ်မက ပိုများတာပါ…"


အစ်မလောက ခေါင်းကို ထပ်ခါတလဲလဲ ယမ်းပြသည်။

 "မဟုတ်ပါဘူး…ဒီက ခရမ်းချဉ်သီးကို နေရာတိုင်းမှာ တွေ့နိုင်တယ်… ဟိုက သန္တာကျောက်တန်းပေါ်မှာလည်း စိုက်ကြတာပဲ… ဒီအသီးအရွက်တွေက အစ်မကိုယ်တိုင် ဥယျာဉ်ထဲမှာစိုက်ထားတာ…သိပ်တန်ဖိုးမရှိပါဘူး…"


နင်ထန်က အစ်မလောကို အနီရောင်စွံပလွံသီးများ ပေးပြီးထပ်ပြောသည်။

 â€œá€Ąá€…á€şá€™á€œá€ąá€Ź မယူရင် ဒီအသီးအရွက်တောင်းကိုလည်း ညီမ လက်မခံဘူးနော်…"


အစ်မလောလည်း နင်ထန်က သူမကို တကယ်ပေးချင်‌နေမှန်း သဘောပေါက်သွားသည်။

"ကောင်းပြီ‌လေ…"


အစ်မလောက ကလေးသုံးယောက်ကို ရက်ပေါင်းများစွာ စောင့်ရှောက်ထားသည်။ ထို့ကြောင့် နင်ထန်က လက်ဆောင်ပေးလိုက်ခြင်းပင်။ 


"ဒါဆို ညီမ အသီးအရွက် တစ်ခုခု စားချင်တာရှိရင် အစ်မ ခြံထဲလာပြီးခူးလှည့်…"


အစ်မလောက စွန်ပလွံသီးအနီရောင်များကို လက်ခံလိုက်သည်။


နင်ထန်က ပြုံးပြီး ပြောသည် ။

"စွန်ပလွံသီးက အရမ်း ကောင်းတယ်… ဟင်းချိုချက်လည်းရတယ်၊ ဒါမှမဟုတ် သရေစာစားလို့လည်းရတယ်…"


ဤအနီရောင်စွန်ပလွန်သီးများကို နင်မိသားစု၏ ခြံတွင် နှစ်စဉ်နှစ်တိုင်းစိုက်ပျိုးခဲ့သည်။ မှည့်လာလျှင် နင်ဝေ့ကော၊ နင်သဲ နှင့် နင်ဝေ့တန့်တို့က ခူးသည်။ စွန်းအိုက်ကျွီ နှင့် ကျိုးယင်က နေလှန်းပေးသည်။ ဟိုင်လန်ကျွန်းကို မလာခင် စွန်းအိုက်ကျွီက နင်ထန်ကို အိတ်ပေါင်းများစွာ ထည့်ပေးလိုက်သည်။


နင်ထန် နှင့် အစ်မလော တို့သည် ခြံတံခါးဝမှာ ရပ်ကာစကား‌ေပြာနေကြပြီး၊အစ်မလောသည် စွံပလွံသီးများဖြင့် ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။


နင်ထန်က အစ်မလော လမ်းလျှောက်ထွက်သွားသည်ကို တံခါးမပိတ်သေးဘဲ ကြည့်နေသည်။ သူမ တံခါးမပိတ်ခင် အဝေးက မျက်လုံးတစ်စုံက စွန်ပလွံသီးများအား ကြည့်နေသည်ကို သူမ သတိမထားမိပေ။



🏝️🏝️🏝️