Chapter 14
Viewers 836

🏝️ Chapter 14

ဈေးညှိနှိုင်းခြင်း



ရှန်းမိသားစု နှင့် စုမိသားစု၏ အိမ်များက မျက်နှာချင်းဆိုင်အိမ်များဖြစ်၍ အချိန်တိုင်းမြင်တွေ့နေကြရသည်။ ရှန်းမိသားစုတွင် တစ်ခုခုဖြစ်ပါက၊ တစ်ဖက်မှ စုမိသားစုကလည်း မြင်နေရသည်။ 


အစ်မလောက နင်ထန်ဆီသို့ ဟင်းသီးဟင်းရွက်များ ယူဆောင်လာသည်ကို နင်ရွှယ်က အတိုင်းသားမြင်သွားပြီး စိတ်မကောင်းဖြစ်နေသည်။ နင်ထန်က ရွာမှ ဟိုင်လန်ကျွန်းသို့ ရောက်သည်မှာ မကြာသေးသော်လည်း သူမ ထက်ပင် နာမည်ကျော်ကြားနေသည်။


နင်ထန် ဘယ်လိုဖန်တီးခဲ့တာလဲ…


နင်ရွှယ် အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး ရှန်းမိသားစု၏ တံခါးကို မီးပွင့်မတတ် စိုက်ကြည့်နေသည်။


နေ့ခင်းဘက်ရောက်သော် ရှန်းလေ့ အိမ်ပြန်ရောက်လာရာ၊စားပွဲပေါ်တွင် ဟင်းသီးဟင်းရွက်များထည့်ထားသော တောင်းတစ်လုံးကို တွေ့လိုက်ရ၏။ ရှန်းလေ့က ခရမ်းသီးတစ်လုံးကို ကောက်ကိုင်လိုက်ကာ နင်ထန်ကို မေးသည်။


"ဒီဟာကို မင်း ဝယ်ခဲ့တာလား…"


"မဟုတ်ဘူး…အစ်မလော ပေးတာ… သူ့အိမ်က လိုချင်တာရှိရင် ကျွန်မကို လာယူဖို့လည်းပြောတယ်…"


ရှန်းလေ့က အစ်မလောတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းရှိမှန်းသိသည်။ သို့သော် အစ်မလောက သူ့ဟင်းသီးဟင်းရွက်များအား အထိမခံပေ။ တစ်ခါက ကလေးတစ်ယောက်က သူမ အိမ်မှ သခွားသီးအနည်းငယ်ခိုးသည်ကိုပင် တစ်နာရီလောက် ဆူပူကြိမ်းမောင်းခဲ့ဖူးသည်။ ထို့ကြောင့် အစ်မလောက နင်ထန် ကိုအသီးအရွက်များအား စိတ်တိုင်းကျယူစေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

 

နင်ထန်က အစ်မလော အကြိုက်ကို လိုက်နိုင်ခဲ့ပေသည်။ ရှန်းလေ့က နင်ထန်ကို အလေးအနက်ကြည့်လိုက်သည်။


"ဘာလို့ ကျွန်မကိုကြည့်နေတာလဲ…"


 "မင်း ကျွန်းပေါ်မှာ ကိုယ့်ဘာကိုယ် မနေတတ်လောက်ဘူးလို့ ကိုယ် ထင်ခဲ့တာ…မမျှော်လင့်ထားခဲ့ဘူး… ကြည့်ရတာ ရုပ်ရည်သွင်ပြင်က လှည့်စားနိုင်တယ်နဲ့တူတယ်…"

ရှန်းလေ့က ခေါင်းယမ်းကာ ပြောသည်။


ရှန်းလေ့ ယခုလို တွေးသည်ကလည်း အံ့သြစရာမဟုတ်ပေ။ နင်ထန်က မနက် နေမြင့်သည်အထိ အိပ်၏။ တစ်နေ့ကုန်၊ယ အိမ်မှာနေမှတစ်ပါး ဈေးကိုသာ သွားသည်။ထို့ကြောင့် သူမက ပေါင်းသင်းဆက်ဆံရေးကောင်းမည်ဟုမထင်ရပေ။ 


 "ဟားဟား… ရှင်က ကျွန်မကို လျှော့တွက်တာပဲ ကျွန်မ ပြောပြပါရစေ၊ ကျွန်မ ဈေးသွားတဲ့အခါ အမြဲလိုလို အပိုနည်းနည်းရတယ် သိလား… ဒါဘာကြောင့်လဲဆိုတာ သိလား"


 "ဘာလို့လဲ…"  


ရှန်းလေ့က မေးသည်။ နင်ထန်က သူမ မျက်နှာကိုပုတ်ပြီး ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်မက ရုပ်ချောလို့လေ…"


ရှန်းလေ့က နင်ထန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာက ကြွေသားသဖွယ် ဖွေးဥနေကာ၊ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများ၊ ပါးပြင်နီနီလေးများနှင့် သူမ၏နဖူးပေါ်မှ မှဲ့ကလေးကလည်း ချစ်စဖွယ်ပင်။ 


"မင်းက အတော်ကြွားတာပဲ…"


နင်ထန်က မတုံ့ပြန်ဘဲ တအံ့တသြနေဟန်ဖြင့် ရှန်းလေ့ကို တစ်ပတ်ပတ်လိုက်သည်။ 


 "မင်း ဘာလုပ်နေတာလဲ…"


"ရှင် တစ်ယောက်ယောက်နဲ့ လူစားလဲလိုက်တာလား… ကျွန်မ ရှင် ရှန်းကန်မှာရှိတုန်းကပုံစံကို မှတ်မိတယ်… ရှင် အရမ်းစကားနည်းတာ… ကျွန်မအဖေက ရှင့်ကို သစ်သားချောင်းလို့တောင် ခေါ်တယ်"


"မင်းကမှ သစ်သားတုံး…"

ရှန်းလေ့က မဆိုင်းမတွ ပြန်ဖြေသည်။ 

"ကိုယ်က လူပါ... ဘာလို့ စကားမပြောရမှာလဲ… ကိုယ် ပြောတာမပြောတာကတော့ တစ်ဖက်လူအပေါ်မှာမူတည်တာပေါ့… အရင်ကတော့ သိပ်မပြောဖြစ်ဘူးဆိုတာက မင်းတို့ မိသားစုနဲ့ မရင်းနှီးဘူးလေ… ပြီးတော့ စုကျွင်းယန်ကပဲ နေရာတိုင်းစွာနေတာဆိုတော့ ကိုယ် ဘယ်လိုလုပ်ဝင်ပြောသာပါ့မလဲ… ဒါပေမယ့် အခုက မတူဘူး…"


နင်ထန် သည်လည်း ရှန်းလေ့ နှင့် ပေါင်းသင်းနေထိုင်ရန် စကားများများပြောမှသာ အဆင်ပြေမည်ဟု တွက်ဆမိသည်။


 "အဖေ ဗိုက်ဆာလို့…"  

တဝါကြောင့် သူတို့ စကားစပြတ်တောက်သွားသည်။ရှန်းလေ့က နဖူးကို နှိပ်နယ်လိုက်ရင်း ထပ်ခါတလဲလဲ တိုးတိုးလေးရွတ်နေ၏။

“ငါ ဒီကလေးတွေအပေါ်မှာ အကြွေးတင်ထားလို့ပဲ… ငါ အကြွေးဆပ်နေရတာ…ဆပ်နေရတာ…" 


ရှန်းလေ့ မီးဖိုချောင်ကို သွားပြီး ထမင်းချက်ရာ ခဏကြာသော် စားပွဲထက်သို့ ဟင်းပွဲအချို့ ရောက်လာလေသည်။သူက ယနေ့ အစ်မလော လက်ဆောင်ပေးထားသော ဟင်းသီးဟင်းရွက်များသုံးကာ ဟင်းတစ်ခွက်ချက်သည်။ ပင်လယ်စာလည်း ချက်သည်။ 


-ကြက်သွန်ဖြူနှင့် ခရမ်းသီးစိမ်းမွှေကြော်

-ခရုစွပ်ပြုတ်

-ပဲသီးကြော်


နင်ထန်က တူကိုကိုင်ရင်း ပဲသီးကြော်တစ်ဖတ်ကို စားလိုက်သည်။ 


"ဗိုလ်ကြီး... ဘယ်လိုလဲ… နောင်ဆို နေ့လည်စာပါ ချက်လိုက်ပါလား…"

 

ရှန်းလေ့ ၏ ဟင်းချက်စကေးကို သူမ အစားစားတိုင်း ချီးကျူးဖြစ်သည်။ ထို့နောက် ရှန်းလေ့က တူကိုကောက်ကိုင်ကာ ကြက်သွန်ဖြူ ခရမ်းသီးစိမ်းမွှေကြော်ကို သူမ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။

 "မင်း အိပ်မက်မက်နေတာလား…"


နောက်တစ်နေ့တွင် ရှန်းလေ့ စစ်တပ်သို့သွားချိန်အတွင်း နင်ထန်က ကုန်စုံဝယ်ပြီး ချက်ပြုတ်သည်။ စားသောက်ပြီးသောအခါ နင်ထန် တစ်ရေးတစ်မော အိပ်ရန်ပြင်နေစဉ် ကလေးများက သူမ ကုလားထိုင်အနီးကို တိုးကပ်လာကြသည်။

 "ဘာဖြစ်တာလဲ…"


တဝါ၏ မျက်နှာက မဝံ့မရဲ ဖြစ်နေသည်။ သူမကို တစ်ချက်ကြည့်လိုက်၊ နံရံထောင့်မှ အထုပ်ကို တစ်ချက်ကြည့်လိုက် လုပ်နေေလသည်။

 

ယမန်နေ့က နင်ထန်က ထိုအထုပ်ထဲက အနီရောင်စွန်ပလွံသီးများကို ယူကာ အစ်မလောကို ပေးခဲ့သည်။


နင်ထန်က တဝါ ဘာတွေးနေမှန်း ချက်ချင်း သဘောပေါက်သွားသည်။ သူမက ပြုံးလိုက်သည်။

"မင်း အနီရောင် စွန်ပလွံသီးတွေ စားချင်တယ်၊ ဟုတ်တယ်မလား…"


တဝါက အားနူကို တံတောင်ဖြင့် တွတ်လိုက်သည်။

 "မဟုတ်ပါဘူး အားနူက စားချင်တာပါ…"


အားနူက စန်းဝါကို တစ်ဖန် တွန်းလိုက်သည်။

"မဟုတ်ပါဘူး၊ စန်းဝါ စားချင်တာပါ…"


စန်းဝါက သူ့အစ်ကိုနှင့် အစ်မကို ကြည့်ကာ နားမလည်ဘဲ သူ့လက်ကို မြှောက်ပြီးပြောသည်။

"ဟုတ်တယ် သား စားချင်တယ်…"


နင်ထန်က သူတို့ကိုကြည့်ရင်း ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ ထို့နောက် အထုပ်ထဲမှ စွန်ပလွံသီးတစ်လုံးထုတ်ကာ စန်းဝါအား ပေးလိုက်သည်။

"ရိုးရိုးသားသားပြောတဲ့ ကလေးကို ဆုချတာ…"


စန်းဝါက စွန်ပလွံသီးကိုမြင်သော် သူ့မျက်လုံးများ တောက်ပလာပြီး လက်သေးသေးလေးနှင့် ဖမ်းဆုပ်လိုက်သည်။ ပြီးလျှင် ပါးစပ်ထဲကိုတန်းထည့်လိုက်၏။ ဤအနီရောင်စွန်ပလွံသီးက အစေ့များဖယ်ပြီးဖြစ်၍ စန်းဝါ ပါးစပ်ထဲတွင် သီးသွားမည်ကို နင်ထန် စိတ်မပူဘဲ လွှတ်ထားလိုက်သည်။


စန်းဝါက အနီရောင်စွန်ပလွံသီးအား စားနေသည်ကိုကြည့်ပြီး တဝါနှင့် အားနူတို့ အလွန်မနာလိုဖြစ်နေကြသည်။ နင်ထန်ကိုကြည့်ရင်း တောက်ပနေသည့် စွန်ပလွံသီးနီနီကို ကြည့်ကာ သွားရည်ကျနေသည်။ တစ်ခါမှ မစာဖူးသော်လည်း၊ စားကောင်းမည်က သေချာနေ၍ သွားရည်များပင်မထိန်းနိုင်ကြတော့ပေ။


နင်ထန်က ပြုံးပြီး နောက်ထပ် နှစ်လုံးကို ယူလိုက်သည်။

"ကဲ ဒီစွန်ပလွံသီးတွေကို ဘယ်သူစားချင်လဲ…"


တဝါနှင့် အားနူတို့က အလျင်အမြန် လက်မြှောက်ကြသည်။

"စားချင်ပါတယ်…"


နင်ထန်က တစ်ယောက်ကိုတစ်ခုစီ ပေးခဲ့သည်။

"နောက်တစ်ခါ စားချင်ရင် စားချင်တယ်လို့ပြော… စန်းဝါကို သွားမလွှဲချနဲ့... သူက သုံးနှစ်ပဲရှိသေးတာ…ဘာမှနားမလည်ဘူး..."


စန်းဝါနှင့် အားနူတို့က စွန်ပလွံသီးများကို ပါးစပ်ထဲထည့်ကာ ခေါင်းတညိတ်ညိတ်နှင့် စားတော့သည်။ တစ်လုံးစားပြီးသွားသော တဝါက မကျေနပ်နိုင်ဘဲ နင်ထန်၏ လက်ထဲမှ စွန်ပလွံသီးအိတ်အကြီးကြီးကို စိုက်ကြည့်နေသည်။


 "ဟို့မား သား စားချင်သေးတယ်…"


အားနူ : "သမီးလည်းစားချင်တယ်…"


နင်ထန်က ထပ်ပေးမည်ဟု ထင်ခဲ့သော်လည်း သူမက ခေါင်းယမ်းပြလိုက်သည်။

"မရှိတော့ဘူး…"


တဝါ : "ဟိုမှာ အိတ်တစ်ခုလုံးကျန်သေးတယ်လေ…"


အားနူက ခါးထောက်ထားလိုက်သည်။

" ဟို့မား မရဘူး သမီးတို့စားချင်တယ်… လိမ်မနေပါနဲ့၊ကျန်သေးတာကို…" 


နင်ထန် : “ငါက လိမ်တာ မဟုတ်ပါဘူး… စားချင်ရင် စားလို့ရတယ်… ဒါပေမယ့် ငါက ပေးမယ်လို့ ပြောခဲ့လို့လား…"


တဝါ၊ အားနူ နှင့် စန်းဝါ တို့က တစ်ယောက်နှင့်တစ်ယောက် အချက်ပြသလိုကြည့်ကာ ကြမ်းပြင်ပေါ်၌ ခေါင်းမာစွာ ထိုင်လိုက်လေသည်။ 

 â€œá€™á€›á€˜á€°á€¸ စားချင်သေးတယ်…” 


နင်ထန် က သူတို့ ခေါင်းမာစွာ ပြုမူနေသည်ကို မတုန်လှုပ်ပေ။ သူမက စွန်ပလွံသီးများကို ဗီရိုအမြင့်ပေါ်တွင် တင်ထားသည်။ ထို့နောက် ဗီရိုကို မှီ၍ တဝါ၊ အားနူ နှင့် စန်းဝါတို့ ဂျီကျနေသည်ကို ကြည့်နေလိုက်သည်။


နင်ထန်၏ သဘောထားကို မြင်လိုက်ရပြီးနောက် ကလေးများက ဇွတ်အတင်းလုပ်ရုံဖြင့် စွန်ပလွံသီးများကို မရနိုင်မှန်းသိလိိုက်ကြ၏။ ကလေးများက ကြမ်းပြင်ပေါ်မှထကာ ဘောင်းဘီများအားခါ၍ စိတ်မချမ်းမသာဖြစ်နေကြသည်။


နင်ထန်က ရယ်မောလိုက်သည်။

 â€œá€”င်တိုအ စားချင်ရင် စားလို့ရတယ်..."


သူမက စားပွဲပေါ်မှ မဆေးရသေးသော ပန်းကန်များကို လက်ညှိုးထိုးပြသည်။ ထို့နောက် လက်ချောင်းတစ်ချောင်း ထောင်ပြကာ ပြော၏။ 

" ပန်းကန်တစ်ချပ် ဆေးရင် စွန်ပလွံသီးတစ်လုံးရမယ်... အဆင်ပြေလား…"


တဝါက စွန်ပလွံသီး၏ ချိုမြိန်သောအရသာကို သတိရမိကာ လက်နှစ်ချောင်းထောင်ပြလိုက်၏။

 â€œá€•á€”်းကန်နသစ်ခဝပ်ဆို နှစ်လုံး…” 


ထို့နောက် အားနူက အော်သည်။

"မဟုတ်ဘူး၊ စွန်ပလွံသီးသုံးလုံး… ဟုတ်တယ်၊ ပန်းကန်တစ်ချပ်ဆေးရင် သုံးလုံးလိုချင်တယ်…" 


စန်းဝါက ဗိုက်ပြည့်သွားသောကြောင့် စွန်ပလွံသီးတစ်လုံးက သူ့အတွက် လုံလောက်သည်။ သူ ဆက်ပြီးပြောမနေတော့ပေ။


 "မင်းတို့နှစ်ယောက်က ဘာလို့ဈေးတက်လိုက်တာလဲ… မဟုတ်ဘူး အများဆုံး နှစ်လုံးပဲရမယ်…"


တဝါက သူ့လက်ကို ကျောနောက်သို့ ပစ်ထားလိုက်ကာ ခေါင်းခါသည်။

 "မရဘူး သုံးလုံးပဲယူမယ်…"


နင်ထန် : "ဒါဆို ထားလိုက်တော့… ငါ့ဘာသာ ပန်းကန်ဆးလိုက်မယ်…"


ထိုစကားကိုကြားသည်နှင့် တဝါ၊ အားနူ နှင့် စန်းဝါတို့က အထိတ်တလန့်ဖြစ်ကာ နင်ထန်ကို အမြန်တားထားလိုက်သည်။

"ကောင်းပြီ…နှစ်လုံးလည်းရတယ်…"


 "ဟင်း… ငါ အခု စိတ်ပြောင်းသွားပြီ… တစ်လုံးပဲ ပေးမယ်…"


တဝါက ထိတ်လန့်တုန်လှုပ်သွားသည်။

"မရဘူးလ စောစောကပြောတော့ နှစ်လုံးဆို…"


နင်ထန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။

"ငါက မိန်းမလေ… မိန်းမတွေက စိတ်အပြောင်းအလဲမြန်တယ်ဆိုတာ နင် မသိဘူးလား…"



🏝️🏝️🏝️


ဒီအပိုင်းဖတ်ပြီး စွန်ပလွံသီးတောင် စားချင်လာပြီ🥹