Chapter 15
Viewers 844

🏝️ Chapter 15

အနီရောင် စွန်ပလွံသီးများ



"ငါက မိန်းမလေ… မိန်းမတွေက စိတ်အပြောင်းအလဲမြန်တယ်ဆိုတာ နင် မသိဘူးလား…"


"အရင်က မသိပေမယ့် အခုသိသွားပါပြီ…"


တဝါက ငြီးတွားလိုက်သည်။ နင်ထန်က ခဏလောက်စဉ်းစားပြီး ထပ်ပြောသည်။

 "ဒါဆို ဘယ်လိုလဲ နင်တို့က ငါ့ကို ပန်းကန်ဆေးပေး… ဒါဆို ငါက စွန်ပလွံသီး တစ်လုံးပေးမယ်… မနက်ဖြန် ပန်းကန်ဆေးပေးရင် နှစ်လုံးပေးမယ် ဘယ်လိုလဲ…"


အားနူက တဝါကိုကြည့်လိုက်ပြီး သူ့ထင်မြင်ချက်ကို စောင့်နေသည်။ သူမ စိတ်ထဲတွင်လည်း မြန်မြန်ဖြေစေချင်နေ၍ မရိုးမရွဖြစ်နေ၏။ ဤသည်ကိုမြင်သော် နင်ထန်က ထပ်ပြောသည်။ 

“စဉ်းစားကြည့်… နင်တို့က သုံးယောက်ရှိတယ်… ဒီနေ့ ငါက စွန်ပလွံသီးသုံးလုံး ပေးရမယ်…မနက်ဖြန်ဆို ငါက ခြောက်လုံးပေးရမှာ…ငါက ဒီမှာ ရှုံးတဲ့သူပဲ၊ ဟုတ်တယ်မလား…"

 

တဝါလည်း အလားအလာကို တွေးကြည့်သည်။ မနက်ဖြန် သူတို့စားရန် စွန်ပလွံသီး ခြောက်လုံး ရရှိမည်ဖြစ်သည်။


နင်ထန်က ပြုံးလိုက်သည်။

"ကောင်းပြီ ဒါဆို သွားတော့… စားပွဲကို ရှင်းပစ်လိုက်…"


တဝါက အားနူကို ခေါ်ကာ ပန်းကန်များကို ရှင်းလင်းတော့သည်။ ကလေးသုံးယောက်က နာရီဝက်မပြည့်သေးခင် ပန်းကန်အပေအကျံများကို ရှင်းလင်းပြီးသွားကြ၏။ 


စကားအတိုင်း နင်ထန်က လက်ခံလိုက်ပြီး စွန်ပလွံသီးတစ်လုံးစီကို ကလေးတစ်ဦးစီအား ပေးသည်။ တဝါက ချက်ချင်းပင် စွန်ပလွံသီးအား သူ့ပါးစပ်ထဲသို့ ထည့်ပစ်လိုက်၏။ ချိုမြိန်သောအရသာက သူ့လျှာဖျားပေါ်မှာ စွဲနေလေသည်။

 

အားနူက လက်ထဲတွင် စွန်ပလွံသီးကို ကိုင်ထားပြီး တစ်ခါတည်း စားရန် ဝန်လေးနေမိသည်။ သူမက အသာလေး တစ်ကိုက်ကိုက်ပြီး ချက်ချင်းဝါးမစားဘဲ အသားပျော့ကာ မျိုးချ၍ရသည်အထိ နေလိုက်၏။


စန်းဝါကမူ စွန်ပလွံသီးကို မြန်မြန်ပင်ဝါးစားလိုက်ရာ၊ ထွက်လာသော အရည်များက သူ့ပါးစပ်တစ်ခုလုံး ရွှဲနေသည်။


စွန်ပလွံသီးများက သူတို့၏ လုပ်အားကိုအခြေခံပြီး ရလာ၍ ပိုချိုသလို ခံစားရသည်။ နင်ထန် ပေးလိုက်သော်လည်း သူတို့အားလုံး တုံ့ဆိုင်းသွားကြကာ စားရန် အချိန်ယူနေရသည်။


နင်ထန်က ခါတိုင်းလို တစ်ရေးအိပ်ရန် ကုလားထိုင်ပေါ်မထိုင်မီ ပျင်းရိစွာ အကြောများဆန့်လိုက်သည်။ ယနေ့ အိမ်မှုကိစ္စများအား ကူညီမည့်သူရှိ၍ သူမ ပို၍ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မည်ဖြစ်သည်။


ထိုနေ့ညနေက မိသားစုလိုက် ညစာစားပြီးသွား၍ ရှန်းလေ့ က ခါတိုင်းလို ပန်းကန်ဆေးရန် ပြင်နေစဉ်၊ တဝါ၊ အားနူ နှင့် စန်းဝါတို့က စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာသည်။ ရှန်းလေ့က ငြီးနေသော သီချင်းကို ရပ်လိုက်သည်။

 "ဘာလဲ…"


တဝါက ရှန်းလေ့ လက်ထဲက ပန်းကန်များကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရှန်းလေ့ကို စိတ်အားထက်သန်စွာကြည့်ပြီး ပြောသည်။ 

"အဖေ၊ သားတို့ ပန်းကန်ဆေးပေးလို့ရမလား…"


အားနူကလည်း လက်ကို မြှောက်လိုက်သည်။

"သမီးလည်း အဖေ့ကို ပန်းကန်ဆေးပေးချင်တယ်…"


စန်းဝါက ရှန်းလေ့၏ခြေထောက်ကို ပွေ့ဖက်ထားသည်။

“သားလည်း ကူညီချင်တယ်…” 


ရှန်းလေ့ "..."

မဟုတ်သေးပါဘူး၊ ဒီနေ့ နေက အနောက်ကနေ ထွက်လာတာလား…

 

ရုတ်တရက် ရှန်းလေ့ စိတ်ဝင်စားလာသည်။

"ဘာလို့ အဖေ ပန်းကန်ဆေးတာကို မင်းတို့က ကူညီချင်တာလဲ…"


တဝါက ဧည့်ခန်းတွင်ထားသော စွန်ပလွံသီးများကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ 


"သားတို့က ပန်းကန်ဆေးပေးမယ်လေ… ဒါဆို သားတို့စားဖို့ အနီရောင်စွန်ပလွံသီး ပေးရမယ်…"


အားနူက မနက်ဖြန်အထိ မစောင့်နိုင်တော့ပေ။ ချိုမြိန်သော အနီရောင်စွံပလွံသီး၏ အရသာက သူမ လျှာပေါ်၌ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် သူတို့သုံးယောက်သား ညစာစားပြီးသည်အထိ တောင့်တနေကြခြင်းပင်။ 

 

ရှန်းလေ့က တဝါ၏အကြည့်နောက်သို့ လိုက်သွားရာ ဗီရိုပေါ်ရှိ အနီရောင်စွန်ပလွံသီးများအား တွေ့လိုက်ရ၍ သူ ့ယောက္ခမကို သတိရမိသွားသည်။ စွန်းအိုက်ကျွီက စွမပလွံသီးများကို နင်ထန်နှင့်အတူ ထည့်ပေးလိုက်ခြင်းပင်။ 


"ပန်းကန်တွေ ဆေးပေးတာက ကောင်းပေမယ့် စွန်ပလွံသီးက မင်းတို့ဟို့မားဟာလေ… သူ့ကို စားလို့ရလားလို့ မေးရမယ်…"


 â€œá€Ąá€Ź...” 

တဝါက စိတ်ပျက်လက်ပျက်ခေါင်းငုံ့သွားသည်။


"နင်တို့သာ ပန်းကန်ကူဆေးပေးရင် ငါက စွန်ပလွံသီး တစ်ယောက်ကို တစ်လုံးစီပေးမယ်…" 

နင်ထန် ပြောလိုက်သည်။


 "တကယ်လား…"

အားနူက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


 "ငါ ဘယ်တုန်းကလိမ်ဖူးလို့လဲ… ဒီနေ့ နေ့လည်ကလည်း စွန်ပလွံသီးတွေ ပေးခဲ့တယ်မဟုတ်ဘူးလား…"

 

တဝါက ချက်ချင်းပင် ပန်းကန်များကို အမြန်ယူလိုက်သည်။

 " အဖေ သားတို့ ပန်းကန်ဆေးပေးမယ်… သားတို့ကို စွန်ပလွံသီးပေးဖို့ မမေ့နဲ့နော်…"


ရှန်းလေ့က သူ့အား မတုံ့ပြန်သေးသော်လည်း လက်ထဲက ပန်းကန်ကို ပေးလိုက်၏။ သူ နင်ထန့်ကို မေးလိုက်သည်။ 

"မင်း သူတို့ကို ဒီနေ့ နေ့လည် ပန်းကန်ဆေးဖို့ ခွင့်ပြုခဲ့တာလား…"


နင်ထန်က ၎င်းကို ဖုံးကွယ်ထားရန် အစီအစဉ်မရှိပေ။

“ဟုတ်တယ်၊ ကျွန်မနဲ့ သူတို့ သဘောတူထားတယ်…သူတို့ ပန်းကန်ဆေးပေးရင် တစ်ယောက် တစ်လုံးစီ ပေးတယ်လေ… ရှင်က စိတ်ဆိုးနေတာလား…"


ရှန်းလေ့က ပြုံးလိုက်သည်။

"ဘာလို့ မင်းကို စိတ်ဆိုးရမှာလဲ…"


 â€œá€›á€žá€„á€şá€ˇá€€á€œá€ąá€¸á€á€˝á€ąá€€á€­á€Ż ကျွန်မက ခိုင်းလို့များစိတ်ဆိုးနေသလားလို့ပါ…"


ရှန်းလေ့က ရယ်မောလိုက်သည်။

"မဟုတ်ပါဘူး… ပန်းကန်ဆေးတာပဲဟာ အလုပ်ကြီးအကိုင်ကြီးမှ မဟုတ်တာ… နွမ်းပါးတဲ့ ကလေးတွေဆို ဒီ့ထက်တောင်လုပ်ရသေးတာ… ကိုယ် ငယ်ငယ်က တဝါအရွယ်တူတုန်းကဆို မီးဖိုဘေးက ထိုင်ခုံလေးမှာထိုင်ပြီးထမင်းချက်ရတယ်… ပြီးတော့ ပန်းကန်ကူဆေးပေးတော့ ကိုယ် နားရတာပေါ… အဲဒါအတွက် မင်းကို ကျေးဇူးတောင် တင်ရဦးမယ်…"


နင်ထန်လည်း ရယ်မောပြီး ရှန်းလေ့၏ပခုံးကို ပုတ်လိုက်သည်။

"ရှင် နားလည်တာကို ကျေးဇူးတင်ပါတယ်…"


 â€œá€Ąá€›á€„်က သူတို့ကို အလုပ်တွေ ကူလုပ်ပေးဖို့ ပြောခဲ့ဖူးပေမယ့် သူတို့အားလုံး ငြင်းနေတတ်ကြတာ… အခု သူတို့ အချိုးပြောင်းနေကြပြီ… တအား ကူလုပ်ချင်နေကြတာလေ… မင်း သူတို့ကို ဆေးများကျွေးထားတာလား…"


ရှန်းလေ့က ဇနီး ကွယ်လွန်ပြီးနောက်၊ သူ့ကလေးသုံးယောက်ကို ပြုစုစောင့်ရှောက်ခဲ့သည်။ တဝါနှင့် အားနူ ကြီးပြင်းလာပြီး အိမ်မှုကိစ္စ၊ အလုပ်ကိစ္စများအား ကူညီနိုင်သည့်အရွယ်ရောက်လာသောအခါ၊ တစ်ခါတစ်ရံ ရှန်းလေ့ က သူတို့ကို ကူညီခိုင်းသည်။ သို့သော် သူတို့က ကလေးပီပီ အမြဲတမ်းခေါင်းရှောင်ကာ ငြင်းတတ်ကြ၏။


နင်ထန် : "အရင်က သူတို့ကို ဘယ်လိုကူညီခိုင်းတာလဲ…"


ရှန်းလေ့ ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

"ရှင်းပါတယ်… သူတို့ကို ကိုယ်က ဆုချတယ်… ဥပမာ၊ ပဲပိစပ်ဝယ်ခိုင်းချင်ရင် တဝါကို တစ်ယွမ်ပေးပြီးခိုင်းတယ်… ပြီးတော့ သကြားလုံးဝယ်ဖို့ မုန့်ဖိုးပေးတယ်၊ ဘာလို့လဲ၊ အဲဒါမှားနေလား…"

 

"ဘာမှမဖြစ်ပါဘူး… တကယ်လို့ တဝါက ပဲပိစပ်ဝယ်ဖို့ မကူညီခဲ့ဘူးဆိုရင် ရှင် သူ့ကို သကြားလုံးဝယ်ဖို့ ပိုက်ဆံပေးဦးမလား…"


"ပေးမှာပေါ့... မဟုတ်လည်းပေးမှာပါပဲ… ကိုယ် ကလေးတွေကို မတရားသက်သက်မခိုင်းချင်ဘူး…သူတို့လည်း သရေစာ မက်ကြမှာပေါ့…"


 "အင်း ဟုတ်ပြီ… သူတို့က စိတ်ထဲကနေ သိနေတာလေ…ရှင့်ကို သူတို့အလုပ်မကူဘူးဆိုရင်တောင် ရှင်က မုန့်ဝယ်ကျွေးမယ်၊ ပိုက်ဆံပေးမှာပဲလေ… ဒါပေမယ့် ကျွန်မက မတူဘူး… သူတို့ရဲ့ ပြုမူပုံက အရမ်းအလိုလိုက်ခံထားရတာ… ကျွန်မကို ကူညီဖို့ ငြင်းရင် အလုပ်မဖြစ်ဘူး… သူတို့ ကျွန်မကို တကယ်ကူညီမှ ကျွန်မက ဆုပေးမှာ…"


ရှန်းလေ့က နင်ထန်ကို လေးလေးနက်နက် ကြည့်သည်။

"မင်းပဲ သူတို့ကို ကိုင်တွယ်နိုင်မယ်ထင်တယ်…"


နင်ထန် လက်ကို ဝှေ့ယမ်းလိုက်သည်။ ရှန်းလေ့က သက်ပြင်းချရင်း ထပ်ပြောသည်။

" အခုတော့ ကိုယ်လည်း စိတ်ချမ်းသာသာနဲ့ ပင်လယ်ပြင်ကို သွားလို့ရပြီ…" 


"ဘာကို ဆိုလိုတာလဲ… ရှင် ပင်လယ်ထဲသွားမလို့လား…"

 

ယခုအခါ စစ်တပ်က ပင်လယ်ကမ်းစပ်၌ တပ်စွဲထား၍ များသောအားဖြင့် ပင်လယ်ပြင် လေ့ကျင့်ရေးများကို ခြောက်လတစ်ကြိမ်လုပ်ကြရသည်။ သို့သော် ယခင်က ထိုသို့ မလုပ်ဖြစ်ပေ။ ယခုမူ တောင်တရုတ်ပင်လယ် အခြေအနေမှာ မကြာသေးမီက မတည်မငြိမ်ဖြစ်ခဲ့သည်။အထက်အမိန့်အရ ပင်လယ်ပြင်လေ့ကျင့်ရေးများကို လုပ်ရပေမည်။


"ဘယ်လောက်ကြာအောင် သွားမှာလဲ…"

နင်ထန်က မေးသည်။


"အခြေအနေပေါ်မူတည်ပြီး အနည်းဆုံး နှစ်လလောက်ပေါ့…"


 "ဒါဆို ကျွန်မက နေ့လည်စာလည်းချက်ရဦးမယ်… ညစာကိုလည်း ချက်ရမယ်ပေါ့… တစ်လ နှစ်လလောက် အိမ်အလုပ်တွေ လုပ်ရမှာလား…" 


နင်ထန် တခဏမျှ တွေးလိုက်မိရုံဖြင့် မူးလဲလုနီးပါးပင်။



🏝️🏝️🏝️