Chapter 18
Viewers 835

🏝️ Chapter 18 

ဂျူလိုင်လ ၁၀ ရက်၊ နေ့လည်ခင်း



ရှန်းကန်ရွာတွင်


စွန်းအိုက်ကျွီနှင့် ကျိုးယင်တို့က မြေပဲ အခွံခွာနေကြသည်။ယခုက ကောက်ရိတ်သိမ်းချိန်ဖြစ်သည်။ သူမတို့အိမ်က အလုပ်သမားအချို့လည်း ယာတောထဲသို့သွားကြ၍ သူတို့နှစ်ယောက်သာ အိမ်တွင်ရှိနေသည်။


စွန်းအိုက်ကျွီ မတ်တတ်ရပ်လိုက်သောအခါ တံခါးမှ စာပို့သမား၏ စက်ဘီးခေါင်းလောင်းသံကို ကြားလိုက်ရ၏။

 "အိမ်မှာ တစ်ယောက်ယောက်ရှိလား…"


စွန်းအိုက်ကျွီ ကမန်းကတန်း ထွက်သွားသည်။

 "ရှိပါတယ်…"


စာပို့သမားက ဆိုင်ကယ်ပေါ်ကဆင်းကာ ထိုင်ခုံပေါ်တင်လာသည့် အထုပ်ကြီးကြီးနှင့် စာတစ်စောင်ကိုထုတ်ပေးသည်။

 "ဒါက ပို့လိုက်တဲ့ စာနဲ့ အထုပ်ပါ…"


စွန်းအိုက်ကျွီက စာပို့သမားကို ကျေးဇူးတင်စကားဆိုကာ အထဲပြန်ဝင်လာသည်။

 

ကျိုးယင်က သူမ စာတစ်စောင်နှင့် အထုပ်တစ်ထုပ်ကိုင်ထားသည်ကို တွေ့လိုက်ရ၍ ကြည့်နေသည်။ 

 "သားဖြစ်သူက လက်ဆောင်ပေးလိုက်တာလား၊ ဒါပေမယ့် အခုက သူ့လစာထုတ်ချိန် မဟုတ်သေးပါဘူး"


နင်ကျွင်းက အနောက်နယ်စပ်ရှိ စစ်တပ်တွင် အမှုထမ်းခဲ့ပြီး စွန်းအိုက်ကျွီအား သူ့လစာကို လတိုင်းပို့ပေးတတ်၏။


စွန်းအိုက်ကျွီက ရယ်ပြီး ကျိုးယင်၏ မှတ်ချက်ကို မတုံ့ပြန်ပေ။ အမှန်ပင် သူမလည်း မသိသေးပေ။ နင်ကျွင်းက ယခုအချိန်ကြီး သူမကို လစာပို့မည်မဟုတ်သေးပေ။ လစာထုတ်ချိန်မကျဘဲ ဤကဲ့သို့သောအထုပ်ကြီးနှင့် စာအိတ်အား ပို့ခြင်းက အထူးအဆန်းပင်။

 

စွန်းအိုက်ကျွီ အထုပ်ကို စားပွဲပေါ်တင်ကာ စာအိတ်ပေါ်က စာတိုက်ကိုကြည့်ကာ အံ့သြသွားသည်။

ဟိုင်လန်ကျွန်းက ပို့တာလား…


 "ဒါ နင်ကျွင်းဆီက မဟုတ်ဘူး…ဒီစာကို ဟိုင်လန်ကျွန်းကနေ ပို့လာတာ…"


 "ဟိုင်လန်ကျွန်း…" 


ဟိုင်လန်ကျွန်းဆိုသည်နှင့် ကျိုးယင်က မြေပဲများကိုချထားကာ ဖုန်များအား ခါးဝတ်အင်္ကျီဖြင့် သုတ်လိုက်သည်။ထို့နောက် စွန်းအိုက်ကျွီ ထံမှ စာကိုယူ၍ ပြုံးပြုံးလေးပြောလိုက်သည်။ 

 "ဒါ ငါတို့နင်ရွှယ်က ပို့လိုက်တာဖြစ်ရမယ်…"


ကျိုးယင်က ကျောင်းမတက်ဖူးသူဖြစ်၍ စာကိုမဖတ်တတ်ဘဲ ကိုင်သာကိုင်လိုက်ခြင်းပင်။ ထို့နောက် သူမက စာကို စားပွဲပေါ်ပစ်ချလိုက်သည်။

 "ဟာ၊ လောလောဆယ်တော့ မဖတ်ဖြစ်သေးပါဘူး…"


ထို့နောက် အထုပ်ကိုဖွင့်လိုက်သည်။ စွန်းအိုက်ကျွီကမူ စာကို ကောက်ယူလိုက်သည်။ သူမက မူလတန်းအထိ သင်ဖူးသူဖြစ်၍ သေစာရှင်စာလောက် ဖတ်တတ်သည်။ သူမ စာကို ဂရုတစိုက်ဖွင့်ပြီးဖတ်သည်။

 

နင်ထန် ဟိုင်လန်ကျွန်းတွင် အဆင်ပြေပြေနေထိုင်ကြောင်း သိရသောအခါ စွန်းအိုက်ကျွီ အားရဝမ်းသာ ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ နောက်ဆုံးစာမျက်နှာသို့ ရောက်သောအခါ နင်ထန်က ပင်လယ်စာများနှင့် ချက်ပြုတ်နည်းအသေးစိတ်ပါ ရေးပေးလိုက်သည်ဟု ဖော်ပြထားသည်။ စွန်းအိုက်ကျွီ ပြုံးလိုက်သည်။ သူမတို့တစ်မိသားစုလုံး နင်ထန် ဟင်းမချက်တတ်ကြောင်း သိသည်။ ယခုလို ချက်ပြုတ်နည်းအသေးစိတ်အားရေးနိုင်လောက်အောင် နင်ထန် မတော်ပေ။ အခြားတစ်ယောက်ယောက်က သူမကို သင်ပေးခြင်းပင်။

 

သားမက်ဖြစ်သူ ရှန်းလေ့နှင့် နင်ထန်တို့ဆက်ဆံရေးကောင်းသည်ဟု ထင်လိုက်၍ စွန်းအိုက်ကျွီ နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။ သူမ စာဖတ်နေသည့် တစ်ချိန်တည်းမှာပင် ကျိုးယင်က အထုပ်ကိုဖွင့်နေသည်။

ရေနဂါးခြောက်၊ မက်ကရယ်ငါးခြောက်၊ ပြည်ကြီးငါးခြောက်၊ ပုစွန်ခြောက် စသည်တို့က မနည်းမနောပင်။ ကျိုးယင်က ပင်လယ်စာအပုံကြီးကို ရှေ့တွင်ထားထားသည်။


မထွက်သွားမီ စုကျွင်းယန်က ပင်လယ်စာများ ပို့ပေးမည်ဟု ကျိုးယင်ကို ကတိပေးသွားသည်။ သူမ အားရဝမ်းသာ ပြုံးမိသည်။  

"ဒါကို ငါတို့သားမက် ပို့တာပဲ…"


ရုတ်တရက် တံခါးဝဆီက နင်ဝေ့ကော၏ အံ့ဩသံကိုကြားလိုက်ရသည်။

"ဒါတွေအားလုံး ဘယ်ကပို့လာတာလဲ…"


နင်ဝေ့ကော၊ နင်ဝေ့တန့်နှင့် နင်သဲတို့က လယ်လုပ်ငန်း ပြီးသွား၍ ပေါက်ပြားများ ထမ်းပြီး ပြန်လာခဲ့သည်။ သူတို့ အိမ်ထဲကို ဝင်လိုက်သည်နှင့် စားပွဲပါ်မှာ ပင်လယ်စာများ အပြည့်တင်ထားသည်ကို တွေ့လိုက်ရ၏။ စွန်းအိုက်ကျွီက ပြုံးပြီးပြောလိုက်သည်။

"ရှင့်သမီးက ဟိုင်လန်ကျွန်းကနေ ပို့ပေးတာလေ…"


ကျိုးယင် ထိတ်လန့်သွားပြီး မေးလိုက်သည်။

"မဟုတ်ပါဘူး၊ နင်ရွှယ်က ပို့တာမလား…"


သူမ စွန်းအိုက်ကျွီကို သံသယဖြင့်ကြည့်လိုက်ကာ စွန်းအိုက်ကျွီ၏ လက်ထဲက စာကိုယူ၍ နင်ဝေ့တန့်၏ လက်ထဲကို ထိုးထည့်လိုက်သည်။

 "ရှင် စာကိုဖတ်ကြည့်…"


နင်ဝေ့တန့်ကလည်း စာကိုဖတ်ပြီးဖြေသည်။

"မဟုတ်ဘူး…နင်ထန်က ပို့လိုက်တာ…"


ကျိုးယင် ယုံရန်ကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သူမက စိတ်ပျက်လက်ပျက်နှင့်ခုံတွင် ထိုင်ချလိုက်သည်။


နင်ထန်က ဘာလို့ ပို့လိုက်တာလဲ...


"ဒါဆို နင်ရွှယ်ကရော ဘာမှမပို့ဘူးလား…"


နင်ဝေ့တန့်က စားပွဲပေါ်ရှိ ပင်လယ်စာများကို တစ်ချက်ကြည့်လိုက်သည်။


စွန်းအိုက်ကျွီက ဘာမှဝင်မပြောပေ။ ပင်လယ်စာခြောက်များ အားလုံးကို နင်ထန် ပို့ပေးခြင်းပင်။ 


မည်သို့ပင်ဆိုစေ နင်ဝေ့တန့်က နင်ရွှယ် မပို့သည်အတွက် အပြစ်လည်းမတင်သလို နင်ထန်ကိုလည်း အပြစ်မမြင်ပေ။ 

 

"နင်ထန်…ဒီကောင်မလေးက စာထဲမှာ သူ့အစ်မ နေကောင်းသလား၊ကျန်းမာသ‌လားတောင် မရေးထားဘူး…"


နင်သဲက ဝင်ပြောသည်။

"အစ်မနဲ့ ဝမ်းကွဲအစ်မ နှစ်ယောက်စလုံးက တစ်ကျွန်းထဲမှာနေကြတာလေ…အိမ်ထောင်လည်းအတူတူပြုကြတာ… ဝမ်းကွဲအစ်မ နင်ထန်ကလည်း ကျွန်တော့်အစ်မ အကြောင်း စာလေးနှစ်ကြောင်းလောက်တောင် ထည့်ရေးဖော်တောင်မရဘူး…"

 

နင်ဝေ့ကော မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် ။

"နင်ရွှယ်လည်း စာတတ်တာပဲ… သူလည်း စာရေးပြီးမကြာခင် ပို့ချင်ပို့မှာပါ…" 


နင်ဝေ့တန့်က နင်ဝေ့ကောကို စိန်မခေါ်ရဲပေ။ သူက ကျိုးယင်ကို ဟန့်လိုက်သည်။

"မင်း ဒီပင်လယ်စာတွေကို သန့်စင်ပြီး ချက်ပြုတ်လိုက်…ဒီည ညစာကို အစမ်းစားကြည့်တာပေါ့…"


ကျိုးယင် တွန့်ဆုတ်စွာ သဘောတူလိုက်သည်။ စာထဲတွင်မူ မိသားစုအတွက် ပင်လယ်စာပို့ပေးသည်ဟု ပြောထားသည်။


×××××


ဟိုင်လန်ကျွန်း... ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲ။


နေ့လည်ခင်းတွင် အစ်မလောက ရှန်းမိသားစု၏ နေအိမ်သို့ ရောက်ရှိလာသည်။

"ရှောင်နင်… ငါ ပင်လယ်စာသွားဖမ်းမလို့… ညီမရော လိုက်ချင်လား…"


"ပင်လယ်စာဖမ်းမယ် ဟုတ်လား… ဟိုတစ်ခါ အစ်မတို့ကောက်နေသလို လိုက်ကောက်ရမယ်ထင်တယ်… လိုက်မယ်၊လိုက်မယ်…" 

နင်ထန်၏ မျက်လုံးများက စိတ်အားထက်သန်စွာ တောက်ပနေသည်။


အစ်မလော သူမကို ယခင်ကပေးသော ဂုံးကောင်များက အခွံမာသော်လည်း အရသာကိုမြည်းပြီးနောက် မေ့ပင်မမေ့နိုင်တော့ပေ။ ထို့နောက် သူမ ကမ်းခြေကိုသွားချင်သည်။နောက်ဆုံးအကြိမ် သွားရန်ကြိုးစားစဉ်က နင်ရွှယ်ကြောင့် မသွားဖြစ်လိုက်ရပေ။


နောက်ပိုင်းတွင် ရာသီဥတုက တနေ့ထက်တစ်နေ့ ပိုပူလာ၍ သူမ ကမ်းခြေကိစ္စကို မေ့သွားသည်။ ယခု သူမတွင် ပင်လယ်ကမ်းခြေ၌ကစားရန် အခွင့်အရေးရှိလာသည်။


အစ်မလော,က ပြုံးလိုက်သည်။

"ဂုံးက အသားဘယ်များမလဲ… ဒီတစ်ခါ ပင်လယ်ခရုလိုက်ရှာကြမှာ… ဇူလိုင်လနဲ့ သြဂုတ်လဆိုရင် ပင်လယ်ရေက ပူနွေးလာလို့ ခရုတွေက ရေတိမ်ပိုင်းကို ကူးလာတတ်တယ်… ဒီရာသီမှာ သူတို့ကိုဖမ်းဖို့ အကောင်းဆုံးအချိန်ပဲ… ကံကောင်းရင် ငါတို့ ပင်လယ်မျှော့တောင် ရနိုင်တယ်…"


ထိုစကားကြားရုံနှင့်ပင် နင်ထန်၏ပါးစပ်က သွားရည်ကျစပြုလာသည်။ 

"ဘာလို့ ကံမကောင်းရမှာလဲ…ပင်လယ်မျှော့လည်း ရမှာပါ…"


အစ်မလော : "ပင်လယ်မျှော့က ဧပြီလကနေပြီး မေလအထိ၊ ပြီးတော့ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိဆိုပေါတယ်၊ခုချိန်က ဇူလိုင်လရောက်နေပြီမို့ ရှာရခက်တယ်…"


တဝါက ဝင်ပြောသည်။

"အန်တီလော ကျေးဇူးပြုပြီး သားကိုခေါ်သွားပါ…သားက အရမ်းကံကောင်းတယ်… သားပါရင် သေချာပေါက် ပင်လယ်မျှော့ကြီးတစ်‌ကောင်ကို တွေ့နိုင်တယ်…"


အားနူနှင့် စန်းဝါကလည်း အန်တီလောကို ဖက်ထားသည်။

 â€œá€Ąá€”á€şá€á€Žâ€Œá€œá€ąá€Źâ€Śá€žá€™á€Žá€¸á€á€­á€Żá€ˇá€œá€Šá€şá€¸ သွားချင်တယ်…"


အန်တီလောက ပြုံးလိုက်သည်။

"အဲဒါ ငါ့ကိုမမေးနဲ့ မင်းတို့ ဟို့မားကိုမေးကြ…"


ကလေးသုံးယောက်က နင်ထန်ကို မျှော်လင့်ချက်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူတို့က ဤအရပ်တွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း သူတို့အဖေ ရှန်းလေ့ ကြောင့် ပင်လယ်အနီးကို မရောက်ဖူးပေ။ ဖခင်ဖြစ်သူက ကလေးများက ငယ်လွန်းသေး၍ ပေးမသွားပေ။ အမေအရင်းကလည်း သူတို့ကို ပင်လယ်သို့ ခေါ်ဆောင်ဖို့ရာ နေမကောင်း၍ လိုက်မပို့နိုင်ခဲ့ပေ။


နင်ထန် လက်ပိုက်ကာ ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။

" နင်တို့ တကယ်သွားချင်တာလား…"


တဝါ၏ မျက်လုံးများက တောက်ပလာသည်။

"ဟုတ်တယ်၊ ပင်လယ်စာတွေ သားတို့ ကူရှာပေးနိုင်တယ်… ပန်းကန်လည်း ဆေးပေးမယ်…စွန်ပလွံသီးလည်း သားတို့ကို ပေးစရာမလိုပါဘူး…"


အားနူက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... သမီးတို့ ဒီနေ့ အလကား အလုပ်လုပ်မယ်…အသီးလည်း ကျွေးစရာမလိုဘူး…"

 

"ကောင်းပြီ… ဒါပေမယ့် နင်တို့ ငါ့ကို ကတိတစ်ခုပေးရမယ်…"

 

သူမ စကားမဆုံးမီ ကလေးသုံးယောက်က မစောင့်နိုင်တော့ဘဲ ပြောလိုက်၏။

" ဟို့မားက လမ်းလျှောက်လို့ ပြောရင် လျှောက်မယ်… ပြေးလို့ပြောရင် ပြေးမယ်… ဘယ်မှမသွားဘူး စိတ်ချ…"


တဝါက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြသည်။

 "ဟုတ်တယ် ဟို့မားပြောတာကို သားတို့အကုန် နားထောင်မယ်…"


နင်ထန် : "နင်တို့က အခု နားထောင်မယ်လို့ ကတိပေးပေမယ့် ကမ်းခြေကိုရောက်ရင် ဟိုဟိုဒီဒီလျှောက်ပတ်ပြေးကြမှာသိတယ်… ငါ့ကို ဒုက္ခအမျိုးမျိုး မပေးနဲ့နော် ငါကလူ၊လက်နှစ်ဖက်၊ ခြေနှစ်ဖက်ပဲ ပါတာ၊ ကမ်းခြေကျရင် နင်တို့ ကလေးသုံးကောင်ကို အမြဲမစောင့်ကြည့်နိုင်ဘူး…"



🏝️🏝️🏝️