အပိုင်း ၆.၁
Viewers 13k

Chapter-6.1
ကျိုးကျင်ဟမ့်က ယီဟွေ့၏ဖုန်းကိုကိုင်ရန် ကျရှုံးခဲ့သည့်အလျောက် S မြို့သို့ ညတွင်းချင်းပြန်ရလေသည်။
အိမ်တွင်မည်သူမှရှိမနေခဲ့။ နောက်ဆုံးတစ်ခေါက် သူပြန်လာစဉ်က အသုံးပြုခဲ့သည့်ခွက်မှာ ခွက်တစ်ဝက်မျှရေများ ပြည့်နှက်လျှက် သူချန်ထားခဲ့စဉ်ကအတိုင်းပင် စားပွဲပေါ်၌ ရှိနေလေသည်။
သူက လိပ်စာများရေးသားထားသည့် စာအုပ်ကို ဖွင့်လိုက်ကာ နှစ်ကြိမ်သုံးကြိမ်ခန့် လှန်လျောကြည့်လိုက်သည်။ သို့သော် ခေါ်ဆိုနိုင်မည့် နံပါတ်တစ်ခုကိုပင် ရှာမတွေ့ခဲ့ချေ။
ယီဟွေ့သွားနိုင်မည့်နေရာအား သူ မသိရှိပဲဖြစ်နေခဲ့၏။
သို့သော်လည်း မရင်းနှီးသည့် အခြေအနေမျိုးမဟုတ်သည့်အလျောက် ကျိုးကျင်ဟမ့်က သူမေ့လုနီးပါးဖြစ်နေခဲ့သည့် အရာတစ်ခုကို သတိရသွားခဲ့သည်။ အရင်တစ်ခါကဲ့သို့ မည်သည့်ကတိစကားမှမဆိုပဲ သူ့ကိုစောင့်စေခဲ့ခြင်းကြောင့် အရူးလေး မပျော်ရွှင်တော့ခြင်းဖြစ်ရမည်။ အရူးလေး၏ စိတ်အခြေအနေမကောင်းတော့သည့်အတွက် အိမ်မှထွက်ပြေးသွားခဲ့ခြင်းပင်။ သူက သူ၏အစ်ကိုအားရှာရန် မြို့တော်သို့မသွားခဲ့သလို S မြို့ရှိအခြားအိမ်များသို့လည်း မသွားခဲ့ချေ။ ထို့အပြင် ဖုန်းမှာလည်းပိတ်ထားသည့်အလျှောက်သူ မည်သည့်နေရာသို့သွားမှန်း မည်သူမှမသိကြပဲဖြစ်ခဲ့ဖူး၏။
ကျိုးကျင်ဟမ့်က မျိုးမစစ်အိုကြီးနှင့် မြို့တော်၏အဝေးသို့ရောက်နေသော ယောက်ဖတို့၏ နှစ်ဖက်ညှပ်တိုက်ခြင်းကိုခံခဲ့ရသည်။ သူက စိတ်ရှုပ်သွားကာ သူ၏သူငယ်ချင်းများအား စောင့်ကြည့်ကင်မရာများကို စစ်ဆေးပေးရန် တောင်းဆိုခဲ့၏။ သတင်းအချို့ရသည့်နောက် သန်းခေါင်ယံအချိန်တွင် မြို့အလယ်ရှိ ကုန်စုံဆိုင်သို့ မောင်းနှင်သွားခဲ့သည်။ထိုဆိုင်၏ လှေကားထစ်များပေါ်တွင် ကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ သနားစဖွယ်ကွေး၍ ဒိုရေမွန်အရုပ်ကိုလက်မောင်းကြားတွင်ပိုက်ထားသည့် အရူးလေးအား ငုတ်တုတ်ကလေးထိုင်လျှက် တွေ့လိုက်ရလေသည်။
နောင်အချိန်များတွင် ကျိုးကျင်ဟမ့်က အဲ့ဒီတုန်းကဘာလုပ်နေတာလဲ ဟုမေးသည့်အခါ သူက တစ်ဖက်သို့လှည့်ရင်း ပြန်ဖြေရန်ငြင်းဆန်ခဲ့သည်။ ကျိုးကျင်ဟမ့်မှာ ထပ်မေးနိုင်လောက်အောင် စိတ်မရှည်သည့်အလျောက် ကလေးဆန်သည့်စိတ်ကောက်မှုအဖြစ်သာ မှတ်ယူလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ၊ အရူးလေးစိတ်တွင်းရှိ အရာများကို သူ မခန့်မှန်းနိုင်ချေ။ ဘုရားသာသိပေလိမ့်မည်။
ဒါပေါ့….ဒီအကျင့်ကြီးပါသွားလို့တော့ ဘယ်ဖြစ်မလဲ….
ထိုအချိန်ကသာ သူ သွားခေါ်လိုက်မိပါက အရူးလေး နောက်တစ်ခါ အိမ်မှထွက်ပြေးဦးမည်ကို ကျိုးကျင်ဟမ့် ကြိုမြင်မိ၏။ အကျင့်ဆိုးကို အားပေးအားမြှောက် လုပ်ရာကျပေလိမ့်မည်။
ထို့ကြောင့် သူက ဘာကိုမှမတွေးတော့ပဲ စိတ်အေးလက်အေးဖြင့် ရေချိုးကာ အိပ်ရာဝင်ရန်ပြင်လိုက်လေသည်။ နောက်နေ့မနက်စောစောတွင် အရူးလေးဖုန်းဖွင့်သည့်အခါ သူ၏ယောက်ဖဖြစ်သူနှင့် ဖုန်းအဆက်အသွယ်ရပေလိမ့်မည်။ သူပြန်ရောက်နေကြောင်းသိပါက သူ့ဟာသူ အိမ်ပြန်လာလိမ့်မှာပင်။
အိပ်ရာထက်တွင်လဲလျောင်းလျှက် လှောင်ပြုံးပြုံးနေသည့် ဒိုရေမွန်ရုပ်ကိုထိလိုက်ရင်း ၎င်း၏မျက်နှာပြားကပ်သွားသည်အထိ ကျိုးကျင်ဟွမ့် ဖျစ်ညှစ်လိုက်ကာ ခံစားချက်များကို ဖောက်ခွဲလိုက်သည်။ သူ စိတ်သက်သာရာရသွားခါမှ ၎င်းကိုလွှတ်ပေးလိုက်၏။ သူက ဒိုရေမွန်အား ယီဟွေ့၏ခေါင်းအုံးပေါ်ပစ်တင်လိုက်ကာ တစ်ဖက်သို့လှည့်လျှက် ခြုံစောင်ကိုဆွဲယူရင်း အိပ်မောကျသွားခဲ့၏။
ကျိုးကျင်ဟမ့် အိမ်မက်မက်ခဲ့လေသည်။ ၎င်းမှာ နွေဦးအိမ်မက်တစ်ခုဖြစ်၏။ အိမ်မက်ထဲရှိပုံရိပ်မှာ ပြတ်သားခြင်းမရှိပဲ သူ့ရှေ့တွင် အမျိုးသားတစ်ဦး လဲလျောင်းနေသည်ကိုသာ ကောက်ချက်ချနိုင်၏။ အမျိုးသားတွင် သွယ်လျသောပုံရိပ်ရှိကာ အရိုးများကိုဖုံးနိုင်ရုံသာ အသားရှိလေသည်။
သူ၏အသားအရည်မှာမူ တောက်ပသော အဖြူရောင်အလင်းဖြင့် ရေချိုးသန့်စင်ထားသကဲ့သို့ အနက်ရောင်ခြုံစောင်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ တည်ရှိနေခဲ့သည်။
သူက မနေနိုင်စွာဖြင့် လက်ကိုဆန့်ထုတ်ကာ ထိတွေ့လိုက်မိသည်။ နူးညံ့ချောမွတ်လှသည့် အထိအတွေ့အား ခံစားလိုက်ရပြီး ညည်းညူသံလေးအချို့က သူ့နားထဲသို့ဝင်ရောက်လာ၏။ သူ့လက်ဖဝါးအောက်ရှိ တုန်ယီနေသောခန္ဓာကိုယ်နှင့်အတူ သူ၏စိတ်အစဉ်မှာလည်း ပေါက်ကွဲသွားခဲ့ကာ မည်သည့်အရာကိုမှ မတွေးနိုင်တော့ချေ။ အမျိုးသားငယ်၏ ခြေအစုံကို ပင့်မလျှက် ထိုသူ့အပေါ်သို့ အုပ်မိုးလိုက်တော့၏။
နိုးလာခဲ့ချိန်တွင် ကျိုးကျင်ဟမ့်က အသက်ပြင်းပြင်းရှူ၍ ခြုံစောင်ကို ဖယ်ရှားလိုက်သည်။ သူ့အောက်ပိုင်းရှိ ရှုပ်ယှက်ခတ်နေမှုများကို တွေ့လိုက်ရချိန်ဝယ် သူ၏မျက်နှာမှာ အရုပ်ဆိုးလာခဲ့၏။
ရေချိုးခန်းအတွင်းရှိ မှန်ကိုကြည့်ရင်း သူဤကဲ့သို့ဖြစ်လာရသည့် အကြောင်းရင်းကို ရှာတွေ့သွားခဲ့ရသည်။ ဥပမာအားဖြင့် ရုပ်ရှင်ရိုက်ခြင်းနှင့် အလုပ်များနေသည့်အလျောက် စိတ်ပင်ပန်းမှုအား ဖြေလျော့ရန် အချိန်မရှိခဲ့၍ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် အချိန်အတော်ကြာမှ စောစောအိပ်ရာဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အိပ်မောကျခြင်းက ထူးဆန်းသောအိမ်မက်များ မက်စေသည်ပင်။
မည်သို့ပင်ဖြစ်စေ မှန်ထဲရှိ ရေတစက်စက်ကျနေသော အမျိုးသား၏မျက်နှာကိုကြည့်ပါက သူ၏မှိုင်းညို့နေသော မျက်ဝန်းများထဲတွင် မှတ်ဉာဏ်အချို့ထင်ဟပ်နေဆဲဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။ ကျိုးကျင်ဟမ့်က ယီဟွေ့ခန္ဓာကိုယ်၏ ညှို့ယူခြင်းခံနေရကြောင်းဝန်ခံရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်လေသည်။
သူက လွန်ခဲ့သည့်သုံးနှစ်အတွင်း အိမ်သို့အကြိမ်အနည်းငယ်သာ ပြန်လေ့ရှိသဖြင့် ယီဟွေ့နှင့်လည်း ခဏခဏတွေ့ရခြင်းမရှိချေ။
အစက ယီဟွေ့ သူ့ကိုစတင်ဆွဲဆောင်လာခဲ့သည်။ ထိုနည်းလမ်းများအား အရူးလေး မည်သည့်နေရာမှ သင်ယူလာသည်ကို သူ မသိချေ။ အရူးလေးက ရေချိုးပြီးခါစ ဆံပင်ရေစိုများဖြင့် သူ့အိပ်ရာထက်သို့ တွားသွား၍ တက်လာတတ်သည်။ ကျိုးကျင်ဟမ့်က သူ့ကိုမောင်းထုတ်သည့်အခါ ခြုံစောင်အားဆွဲယူလျှက် မျက်ဝန်းနီနီကလေးများဖြင့် ကြည့်လာလေ့ရှိ၏။
ကျိုးကျင်ဟမ့် စိတ်မရှည်ဖြစ်လာခဲ့ကာ ခေါင်းအုံးကိုဆွဲယူ၍ အခြားအခန်းသို့ သွားအိပ်ရန်ပြင်လျှင် အရူးလေးက စိုးရိမ်တကြီးဖြင့် အိပ်ရာအစွန်းနားသို့ လေးဘက်ကလေးထောက်လာတတ်ပြီး သူ၏အင်္ကျီအစွန်းကို ဆွဲတတ်၏။ ထိုအချိန်မှသာ ခြုံစောင်အောက်ရှိ အရူးလေး၏ ခန္ဓာကိုယ်ပေါ်၌ အင်္ကျီတစ်စပင် ကပ်နေခြင်းမရှိကြောင်း ကျိုးကျင်ဟမ့် တွေ့လိုက်ရသည်။ သူ၏ ခါးသွယ်သွယ်က ပါးလွှာသည့်ခြုံစောင်ဖြင့် တစ်ဝက်တစ်ပျက်ဖုံးကွယ်နေကာ မျက်နှာမှရင်ညွန့်တစ်လျှောက် ရှက်ရွံ့မှုဖြင့် ကြက်သွေးရောင်ဖြာလျှက်ရှိလေသည်။
ဤကဲ့သို့ပုံရိပ်မျိုးက အခန်းတံခါးရှေ့သို့ရောက်လာခဲ့ခြင်းဖြစ်ရာ မစားသုံးရန်အကြောင်းမရှိချေ။
ထို့အပြင် ကျိုးကျင်ဟမ့်က လက်ထပ်ရန်အတွက် တွန်းအားပေးခံခဲ့ရခြင်းဖြစ်ရာ စိတ်အခြေအနေမကောင်းလှချေ။ ထို့ကြောင့် သူက ဒေါသပုံချရန် တစ်စုံတစ်ဦးကို လိုအပ်နေခဲ့သည်။
အရူးလေးနှင့် အချစ်ကိစ္စများပြုလုပ်ခြင်းက နှစ်ဉီးနှစ်ဖက်လုံးအတွက် အံ့သြဖွယ်ခံစားချက်များ ရရှိစေ၏။ အရူးလေးက သူ့ထက် နှစ်အနည်းပိုကြီးသော်လည်း အိပ်ရာထဲတွင်မူ တုံးအလှသဖြင့် ကျိုးကျင်ဟမ့်အား ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသည်ဟူ၍ပင် ခံစားမိစေသည်။
အရူးလေး၏ နူးညံ့သောအသားအရည်ကြောင့် သူ၏ထိတွေ့မှုအနည်းငယ်နှင့်ပင် ငိုလုနီးနီးဖြစ်သွားတတ်သည်။ သို့သော် ငိုရန်မဝံ့ရဲချေ။ သူ၏နှုတ်ခမ်းကို ကိုက်ဆွဲကာ အသက်လုရှူလေ့ရှိ၏။ သက်တောင့်သက်သာမရှိသည့်အခါမှသာ သူ၏ပုခုံးကိုမှီတွယ်လျှက် တီးတိုးဆိုတတ်သည်။
“လောင်ကုန်း...ဖြည်းဖြည်း...ဟွေ့ဟွေ့နာတယ်...”
အများစုသိကြသည့်အတိုင်းပင် ထိုကဲ့သို့စကားလုံးများက အိပ်ရာထက်ရှိ လှုပ်ရှားမှုများကို ပံ့ပိုးရာ၌သာ အသုံးပြုလေ့ရှိကြလေသည်။ ပင့်မခံထားရသော ခြေတံသွယ်သွယ်များ၊ ပါးပြင်ပေါ်သို့ စီးဆင်းနေသည့် မျက်ရည်စလေးများ၊ အပင်ပေါ်မှ လတ်လတ်ဆတ်ဆတ်ခူးထားသည့် ချယ်ရီသီးသဏ္ဍာန် နီရဲရဲနှုတ်ခမ်းလွှာများနှင့်အတူ အရူးလေးက ထိုစကားများကို အမှတ်တမဲ့ဆိုလာသည့်အခါ ထိုသူအား တစ်လုတ်ထဲနှင့်မြိုချချင်သည်မှလွဲ၍ ကျိုးကျင်ဟမ့် မည်သည့်အရာကိုမှမလိုချင်တော့။
အဆိုပါမြင်ကွင်းမှာ စွဲမက်ဖွယ်ဖြစ်သော်လည်း အရူးလေး၏ အပြစ်ကင်းစင်သော မျက်ဝန်းများက သန့်စင်မှုများကို ဖြည့်စွက်လျှက်ရှိသည်။ အဆိုပါ အပြစ်ကင်းစင်မှုမှာ အရူးလေး၏ ပင်ကိုယ်သဘာဝဖြစ်ပြီး ကျိုးကျင်ဟမ့်အား အကြိမ်ပေါင်းများစွာ အရသာတွေ့စေ၏။
မှန်ထဲရှိအမျိုးသားက နက်မှောင်သော မျက်ဝန်းများကိုကြည့်လျှက် သူထပ်မံ၍ တုံ့ပြန်လာခဲ့မှန်း သဘောပေါက်သွားကာ စိတ်တိုလာခဲ့ပြန်သည်။ သူက ဖုန်းကိုထုတ်ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်မှာ ရှင်းလင်းနေပြီး အရူးလေးထံမှ ဖုန်းခေါ်ထားခြင်းမျိုးမရှိချေ။ အောက်ထပ်မှတံခါးသည်လည်း စေ့ပိတ်လျှက်ရှိပြီး တစ်စုံတစ်ဉီးပြန်လာသည့် အရိပ်အယောင်မျိုးရှိမနေခဲ့။
ဤကဲ့သို့ တစ်စုံတစ်ရာ၏ ခြိမ်းခြောက်ကန့်သတ်ခံရသော ခံစားချက်က ကျိုးကျင်ဟမ့်ကို ကသိကအောက်ဖြစ်စေသည်။ သူ၏လွတ်လပ်မှုအား ထိပါးခံရချိန်တွင် ဖြစ်ပေါ်လာလေ့ရှိသော ခံစားချက်နှင့် အတူတူပင်။
သူက “ပြန်လာရဲပြန်လာကြည့်…” ဟု စိတ်ဆိုးဆိုးဖြင့်တွေးလိုက်၏။ တစ်ချိန်ထဲမှာပင် ဒေါသအားဖြေဖြောက်သည့်အနေဖြင့် တံခါးနားရှိ ပန်းအိုးကို ကန်ကျောက်လိုက်သည်။
သို့သော် ပန်းအိုးမှာ တစ်ချက်ထိရုံနှင့်ပင် ကွဲကြေသွားခဲ့လေသည်။ ရွှံ့များက ကြမ်းပြင်ပေါ်တွင် ပျံ့ကျဲသွားကာ သေးသွယ်သည့်ပင်စည်သည်လည်း ထွက်ပေါ်လာခဲ့၏။ သစ်ရွက်နှစ်ရွက်ပင် ကြွေသွားခဲ့လေသည်။
ဆယ့်ငါးမိနစ်မျှအကြာ၌ ကျိုးကျင်ဟမ့်က သူ၏လက်ထောက်ရှောင်လင်းထံမှ ဖုန်းပြန်လည်ခေါ်ဆိုမှုအား လက်ခံရရှိခဲ့သည်။
“ကျွန်တော်စီစဉ်ပြီးပြီ…တစ်ယောက်ယောက်က နှစ်နာရီအတွင်းရောက်လာလိမ့်မယ်…”
ကျိုးကျင်ဟမ့် မကျေမနပ်ဖြစ်သွားခဲ့၏။
“မရဘူး…တစ်နာရီအတွင်းရောက်လာရမယ်…”
ရှောင်လင်းက အကူအညီမဲ့စွာဖြင့် ဆိုလာခဲ့သည်။
“လောလောဆယ် ပန်းအိုးဝယ်လို့မရသေးဘူးလေ… ပန်းမျိုးစိတ်တွေရှိသေးတယ်…မျိုးစိတ်မတူရင် စိုက်ရမယ့်မြေကြီးလည်းမတူပါဘူး…အခု အဲ့ဒီ့လူက ပန်းဆိုင်ဖွင့်တာကိုစောင့်နေပါတယ်...ပြီးတာနဲ့သူချက်ချင်းလာစိုက်ပေးမှာပါ...”
ကျိုးကျင်ဟမ့်က ဟွန့်ကနဲ့အသံပြုကာ ငုတ်တုတ်ထိုင်လိုက်ရင်း စိတ်ညစ်ညစ်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် မြေကြီးများနှင့်ရောနေသည့် ပင်စည်နှင့်သစ်ရွက်များကို ထိလိုက်မိသည်။
(T/N - ပန်းအိုးကွဲသွားလို့ အသစ်ပြန်အစားထိုးခိုင်းတာပါ...ရှောင်လင်းကို ပန်းစိုက်တတ်တဲ့လူ ရှာခိုင်းနေတာ)