part-52
ဝမ်လေးက ကျယ်လောင်စွာဖြင့်ဖြေလိုက်သည်။
"ဘာလို့လဲဆိုေတာ့ မာမားကအလွဆုံးမလို့..."
"မာမား ဒီအဖြေကိုကြိုက်တယ် ဒါကြောင့် သဘောတူလိုက်ပြီ..."
ကားမောင်းနေသောစုန့်ထင်ရှန်းက အမေနှင့်သားအတွဲ၏အချိတ်ဆက်မိမိပြောဆိုသံများကိုကြားနေခဲ့လေသည်။ယွမ်ရှပေါ်တွင်ထားရှိသော သူ့၏ခံစားချက်များကတူနေသေးသည်ဆိုသော်လဲ သူမ၏ပြောင်းလဲလာသောသဘောထားကြောင့် ကျေနပ်မှုကိုခံစားရသည်ပင်။
အခုသူခံစားနေရတာကကျေးဇူးတင်စိတ်လို့ပြောရင်လဲမမှားဘူး...
ဘာလို့လဲဆိုတော့ သူမကအခုသနားစရာကလေးလေးကိုမေတ္တာတရားအပြည့်နှင့်ဂရုစိုက်မှုတွေပေးနေလို့ပဲ...
ယခုလက်ရှိအချိန်၌ သူ့သားကနေ့တိုင်းပျော်ရွှင်တက်ကြွပြီးလှုပ်ရှားအသက်ဝင်နေလေသည်။သူ့၏သားလေးကို မိခင်မေတ္တာငတ်မွတ်မည်အား စိုးရီမ်နေသောစုန့်ထင်ရှန်းတယောက်နှလုံးသားထဲမှပင် လေးလေးနက်နက်ကျေးဇူးတင်မိလေသည်။
ထိုအချိန်၌စု့န်ထင်ရှန်း၏ဖုန်းမှ ဖုန်းမြည်သံထွက်ပေါ်လာသည်။ ခေါ်ဆိုသူက လီယွမ်ဟန့်ဖြစ်၏။စုန့်ထင်ရှန်း bluetooth သုံး၍ဖုန်းပြန်ဖြေလိုက်သည်နှင့် တခြားတဖက်မှဆူညံသံနှင့်အတူကျယ်လောင်စွာပြောလာသော လီယွမ်ဟန့်၏အသံကိုကြားလိုက်ရသည်။
"မင်း မင်းဘာလို့မရောက်သေးတာလဲ အားလုံးရောက်နေကြပြီးတော့ မင်းတစ်ယောက်ပဲကျန်တော့တာနော် ဘာလဲ လမ်းပိတ်နေလို့လား..."
စုန့်ထင်ရှန်းကနောက်ကြည့်မှန်မှတဆင့်စကားပြောနေဆဲဖြစ်သော ယွမ်ရှနှင့်ဝမ်လေးကိုကြည့်လိုက်သည်။ထို့နောက်သူအသံနိမ့်နိမ့်ဖြင့်ပြန်ဖြေလိုက်သည်။
"ငါတို့ဟိုတယ်ကိုရောက်ဖို့ နောက်ထပ်မိနစ်နှစ်ဆယ်လောက်ကြာဦးမယ်...ယွမ်ဟန့် ငါဒီနေ့ငါ့မိသားစုကိုလဲခေါ်လာတယ်..."
လီယွမ်ဟန့်ကပုံမှန်အတိုင်းပင်တုန့်ပြန်လာလေသည်။
"အိုး...ငါဝမ်လေးကိုမတွေ့ရတာတောင်တော်တော်ကြာနေပြီ...ငါလဲသူ့ကိုလွမ်းနေတာ မင်းဘာလို့စောစောကမပြောတာလဲ...ဒါဆိုရင် ဒီနေ့ပွဲအတွက် ဝမ်လေးကပန်းကြဲမဲ့သူဖြစ်နိုင်တာပေါ့..."
သူကထိုစကားကိုသာမာန်အတိုင်းသာပြောလိုက်ခြင်းဖြစ်သည်။တကယ်တမ်းတွင် သူနှင့်သူ့၏သတို့သမီးကမိသားစုထဲမှ ပန်းကြဲပေးမည့်ကလေးတယောက်ကိုရွေးချယ်ထားပြီးသားဖြစ်သည်။
သူထိုစကားပြောလာသည့်အချိန်၌ စုန့်ထင်ရှန်းအနဲငယ်ကသိကအောက်ဖြစ်သလိုခံစားလိုက်ရသည်။ထို့နောက်သူခဏမျှစဉ်းစားလိုက်ပြီးထပ်ဖြည့်ပြောလိုက်သည်။
"အဲ့ဒါ... ဝမ်လေးတစ်ယောက်ထဲမဟုတ်ဘူး..."
စုန့်ထင်ရှန်းကယွမ်ရှကို သူနှင့်အတူပထမဦးဆုံးခေါ်လာဖူးခြင်းဖြစ်သည့်အပြင် ၎င်းကသူ့သူငယ်ချင်း၏မဂ်လာဆောင်လဲဖြစ်နေသည်။ထို့ကြောင့်သူ့သူငယ်ချင်းကိုကြိုတင်၍အကြောင်းကြားထားရပေမည်။
လီယွမ်ဟန့်"..."သူနားကြားမှားသည်ဟုသာထင်လိုက်မိသည်။
"မင်းမိန်းမလဲ လာမယ်လို့ပြောလိုက်တာလား...ငါကယောင်ချောက်ခြားကြားချင်ရာကြားနေတာမဟုတ်ဘူးမလား..."
သူ့ သူငယ်ချင်း၏ဇနီးသည်ကိုတွေ့ရသည်မှာရှားပါးလှသည်။
စုန့်ထင်ရှန်းကဖုန်းထဲမှ အင်းဟု မသဲကွဲတုန့်ပြန်လာ၏။၎င်းကပင်ဟုတ်မှန်ကြောင်းထောက်ခံသည်ဟုယူဆနိုင်သည်။
"ဟုတ်ပြီ စိတ်မပူနဲ့ ငါမင်းတို့မိသားစုသုံးယောက်အတွက်ခုံနေရာပြင်ထားလိုက်မယ်..."
လီယွမ်ဟန့်က ဖုန်းချပြီးနောက်အနဲငယ်အံ့အားသင့်မှင်သက်နေလေသည်။
လီကျင်းက သူ့ဆီသို့လျှောက်လာပြီးပြောလိုက်သည်။
"အစ်ကိုကြီး...အစ်ကိုစုန့်နဲ့ဖုန်းပြောနေတာလား အခုလေးတင်ဧည့်ခံပွဲမှာကြည့်လိုက်တာ သူ့ကိုမတွေ့ခဲ့ဘူး..."
သူမသည်ပန်းရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားပြီး ယနေ့ထူးထူးခြားခြားကိုလှပအသက်ဝင်နေသည်။
လီယွမ်ဟန့်ခေါင်းညိမ့်ပြီးပြန်ပြောလိုက်သည်။
"အင်း သူလမ်းမှာပဲ ရှိသေးတယ်မကြာခင်မှာရောက်လိမ့်မယ်...အိုး...ဟုတ်သားပဲ နင်ငါ့ကိုကူပြီးတော့သူတို့ကိုသွားကြိုပေး...သူ့ဇနီးလဲပါလာလိမ့်မယ်..."
နောက်ဆုံးစကားကိုကြားသည့်အချိန်၌ လီကျင်းအေးခဲသွားပြီး မယုံနိုင်စွာဖြင့်ပြန်မေးလိုက်သည်။
"မစ္စစုန့်လဲ လာမယ်ဟုတ်လား..."
လီယွမ်ဟန့်ကိုလာရှာကြသောတခြားသူငယ်ချင်းများလဲထိုစကားများကိုကြားလိုက်ကြလေသည်။
သူ့ သူငယ်ချင်းတယောက်ကစကားဆိုလာလေသည်။
"လောင်လီ ဒီနေ့တော့ ဒဏ္ဏာရီလာမစ္စစုန့်ကိုတွေ့ရတော့မယ်ဆိုတော့ မင်းကိုပဲတကယ်ကျေးဇူးတင်ရတော့မယ်...ငါ တံခါးမှာသွားစောင့်နေလိုက်မယ်...သူမကလောင်စုန့်အတွက်ဘယ်လောက်တောင်များလှလို့ သူကရတနာတပါးလိုအမြဲတမ်းဖုံးထားတာလဲဆိုတာကို ငါသိချင်နေပြီ..."
ယခုအချိန်တွင် လီကျင်းကစိတ်လှုပ်ရှားရမလား၊စိုးရိမ်ပူပန်ရမလားမသိတော့ပေ။ထိုမစ္စစုန့်မဂ်လာပွဲသို့ရောက်လာခြင်းမှာ မနေ့ညကသူမ၏ဖုန်းကောကြောင့်ဖြစ်မည်မှန်းခံစားမိနေလေသည်။
ဒီတော့ မစ္စစုန့်ကဘာလာလုပ်တာလဲ...ပိုင်ဆိုင်ကြောင်းပြမလို့လား...ဒီတော့သူမကမစ္စစုန့်ကိုနဲနဲခြိမ်းခြောက်မှုပေးလိုက်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်လား...