အပိုင်း (၅၃)
Viewers 31k

part-53


လီယွမ်ဟန့်၏မင်္ဂလာပွဲကို ကြယ်ငါးပွင့်ဟိုတယ်တွင်ကျင်းပခြင်းဖြစ်သည်။ယွမ်ရှက ဝမ်လေး၏လက်ကိုကိုင်ဆွဲကာ စုန့်ထင်ရှန်းနောက်မှလိုက်၍ဓာတ်လှေကားထဲသို့ဝင်လိုက်သည်။


သူတို့အဓိကခန်းမဆောင်ထဲကိုရောက်သည်နှင့် ဒီနေ့တွင်မဂ်လာဆောင်သူကလီယွမ်ဟန့် နှင့်သူသတို့သမီးတို့စုံတွဲသာမဟုတ်ကြောင်းတွေ့လိုက်ရသည်။


ထို့ကြောင့်ဟိုတယ်ခန်းမတခုလုံးကလူအများအပြားနှင့်ပြည့်ကြပ်စည်ကားနေလေသည်။ထို့ကြောင့်ပင်လူပိတ်ဆို့မှုဖြစ်နေပြီးသူတို့လီယွမ်ဟန့်တို့မင်္ဂလာပွဲခန်းမဆီသို့ရောက်ရှိရန်တဖြေးဖြေးချင်းသာရွေ့သွားနိုင်ခဲ့သည်။


ခန်းမ၏တဖက်တချက်စီတွင် သတို့သားနှင့်သတို့သမီးတို့၏ဆွေမျိုးမိဘများကဧည့်သည်တော်များကိုကြိုဆိုနေကြ၏။


ယွမ်ရှ၏ပုံရိပ်နှင့်မျက်နှာလေးသည် အလွန်တရာပင်တန်ဖိုးရှိလှသည်။သူမမည်သည့်နေရာကိုသွားသွားလူအများ၏အာရုံကိုဆွဲဆောင်လိမ့်မိမည်သာဖြစ်သည်။အခုသည်လဲထိုကဲ့သို့ပင်။


 လီကျင်းကစုန့်ထင်ရှန်း‌ဘေးမှအမျိုးသမီးကိုချက်ချင်းပင်သတိပြုမိလိုက်သည်။သူမ၏အကိုလီယွမ်ဟန့်က စုန့်ထင်ရှန်း၏အမျိုးသမီးသည်တကယ့်ကိုအလှစစ်တပါးဖြစ်ကြောင်းပြောခဲ့ဖူးသော်လဲ သူမသူ့ကိုမယုံကြည်ခဲ့ပေ။


သို့မဟုတ် သူ့၏မသိစိတ်မှာ မယုံကြည်ချင်ခြင်းလဲဖြစ်ကောင်းဖြစ်နိုင်ပေသည်။သူမကိုသူမကောင်းမွန်သည်ဟုထင်မြင်နိုင်စေဖို့ မစ္စစ်စုန့်ကိုသနားစရာကောင်းလှသည်ဟုတွေးထင်ကာ ကိုယ့်ကိုကိုယ်လှည့်စားနေခြင်းမျိုးလဲဖြစ်နိုင်ပေသည်။သို့မှသာသူမကစုန့်ထင်ရှန်းနောက်သို့ရဲရဲဝံ့ဝံ့လိုက်နိုင်ပြီး တနေ့တွင်သူ့ဘေးနားတွင်ရှိမည့်လူဖြစ်လာလိမ့်မည်ဟုယုံကြည်နိုင်မည်သာဖြစ်သည်။


တခြားအရာများ မည်သို့ပင်ဖြစ်ပျက်နေပါစေ ယွမ်ရှသည်စုန့်ထင်ရှန်း၏အမည်ခံဇနီးတယောက်ဖြစ်နေသောကြောင့်တခြားသူများရှေ့တွင် သင့်တင့်လျှောက်ပတ်စွာမိတ်ဆက်ပေးဖို့လိုအပ်နေပေသည်။သူကကျောင်းနေဖက်သူငယ်ချင်းများနှင့်ယွမ်ရှကို တယောက်ပြီးတယောက်မိတ်ဆက်ပေးလိုက်သည်။


ယွမ်ရှ၏တုန့်ပြန်မှုကလဲချီးကျူးဖို့ထိုက်တန်ပေသည်။

သူမက သိမ်မွေ့ကျော့ရှင်းပြီးသက်တောင့်သက်သာဖြစ်စေမည့်အပြုံးလေးဖြင့်ပြုံးပြနှုတ်ဆက်နေလေသည်။စုန့်ထင်ရှန်းတို့ဇနီးမောင်နှံက အလွန်ပင်လိုက်ဖက်လှသည်ဟုအားလုံးခံစားကြသည်။ထပ်ပေါင်း၍ပြောရလျှင် သူတို့၏သားလေးက လဲချစ်စရာကောင်းလှပေသည်။


ဒီစုံတွဲရဲ့ဆက်ဆံရေးက ဆိုးရွားတယ်လို့များ ဘယ်လိုလုပ်ပြီးပြောရဲကြတာလဲ...ဒီလိုယုတ္တိမရှိတဲ့အကြောင်းအရာကိုဘယ်လိုလုပ်ပြီးတော့ လက်လွတ်စပါယ်နဲ့ပြောရဲကြတာလဲ...


စုန့်ထင်ရှန်းက ယွမ်ရှကို လီကျင်းနှင့် မိတ်ဆက်ပေးခြင်းမရှိပေ။သူ့၏တွေးခေါ်ပုံကရိုးရှင်းလှပေသည်။ပြောရမည်ဆိုလျှင် သူနှင့်လီကျင်းက ပုဂ္ဂိုလ်ရေးအရရင်းနှီးကျွမ်းဝင်မှုမရှိပေ။သူ့ သူငယ်ချင်းလီယွမ်ဟန့်နှင့်ပတ်သတ်၍သာသိရသည့်သူဖြစ်သည်။တခြားတဖက်မှဆိုရမည်ဆိုလျှင်လဲ သူမသည် သူ့၏အလုပ်သမားဖြစ်နေသည်။


ထို့အပြင် ရာထူးမြင့်သည့်အလုပ်အမှုဆောင်မဟုတ်ပဲသာမာန်ဝန်ထမ်းမျှသာဖြစ်သည်။ထို့ကြောင့်သူမကိုမိတ်ဆက်ပေးရန် ပုဂ္ဂိုလ်ရေးအရဖြစ်စေ စီးပွားရေးအရဖြစ်စေအကြောင်းပြချက်မရှိဟုသာခံစားမိလေသည်။


သို့သော်လဲ လီကျင်းကထိုကဲ့သို့တွေးထင်ထားပုံမရပေ။သူကစုန့်ထင်ရှန်းတို့ဇနီးမောင်နှံဆီသို့အစပြု၍ ချဉ်းကပ်လာကာအပြုံးလေးဖြင့်နှုတ်ဆက်လိုက်သည်။


"ဟယ်လို မစ္စစ်စုန့် ကျွန်မကလီကျင်းပါ...ကျွန်မတို့မနေ့ကတုန်းကဖုန်းပြောခဲ့ကြတယ်လေ...ပြီးတော့ကျွန်မက အကိုကြီးစုန့်ရဲ့ဝန်ထမ်းတွေထဲကတယောက်ပါ...ဒါတွေအားလုံးကအကိုကြီးစုန့်ကိုကျေးဇူးတင်ရမှာတွေပါ...သူကကျွန်မကိုအများကြီးကူညီစောင့်ရှောင့်ပေးခဲ့တယ် ဒါကြောင့်မို့လဲသူ့ကုမ္ပဏီကိုအလုပ်သင်အနေနဲ့ဝင်နိုင်ခဲ့တာပေ့ါ..."


ယွမ်ရှ လီကျင်းကိုမသိမသာအကဲခတ်ကြည့်လိုက်သည်။


အာ...ဒီတော့ ဒါလီကျင်းပေါ့ သူမကတော်တော်လေးတော့လှတာပဲ...အင်း သူမဝတ်ထားတဲ့ပန်းရောင်ဝတ်စုံကြောင့်ပိုငယ်ရွယ်ပြီးတော့ လှပ‌တောက်ပနေတယ်လို့ပြောရင်ပိုမှန်မယ်...


ထိုသူမ၏စကားလုံးရွေးချယ်မှုကတကယ့်ကိုကျွမ်းကျင်ပိုင်နိုင်လှပေသည်။အကယ်၍သူသာမနေ့ညကဖုန်းခေါ်ဆိုမှုမပြုလုပ်ခဲ့ရင်သူ့ရဲ့လာရောက်နှုတ်ဆက်မှုကဘာမှမှားယွင်းနေလိမ့်မည်မဟုတ်ပေ။


အခုတော့သူက မနေ့ညကလဲဖုန်းခေါ်ခဲ့ရုံနဲ့မကျေနပ်နိုင်သေးဘူး...သူမဆီလာပြီးတော့တောင်မှသူမယောက်ျားကဘယ်လောက်တောင်ဂရုစိုက်တဲ့အကြောင်းကိုလာပြောပြနေသေးတယ်...ဟွန့် ဘယ်လောက်တောင်စိတ်ဝင်စားစရာကောင်းလိုက်လဲ...


အကယ်၍ သူမနှင့်စုန့်ထင်ရှန်းတို့သာ စုံတွဲအစစ်အမှန်များဖြစ်လျှင် သူမတို့ကြားထဲ၌မည်မျှဆက်ဆံရေးကောင်းစေကာမူ ထိုစကားလုံးများကိုကြားသည့်ခဏ၌ မပျော်မရွှင်ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ထိုလီကျင်းနှင့်သူမခင်ပွန်းစုန့်ထင်ရှန်းတို့ကြားထဲ၌တစုံတရာရှိနေသည်ဟု ကျိန်းသေပေါက်အထင်လွဲသွားပေလိမ့်မည်။


ဒီနေ့ခေတ်ငယ်ရွယ်တဲ့လူတွေကလေ ဘယ်လိုလုပ်ပြီးများတယောက်ယောက်ရဲ့တိတ်တိတ်ပုန်းမယားငယ်ဖြစ်ဖို့အရေးကိုအလျင်လိုနေကြတာပါလိမ့်...ဘယ်လိုတောင်ရီစရာကောင်းတဲ့လူငယ်တွေပါလိမ့်...


ယွမ်ရှအပြုံးလေးဖြင့်ပြန်လည်နှုတ်ဆက်လိုက်သည်။


"ဟယ်လို..."


သူမ၏အမူအယာကမည်သို့မှပြောင်းလဲနေခြင်းမရှိပေ။လီကျင်းကမနေ့ညကဖုန်းခေါ်ဆိုသည့်အကြောင်းကိုပင်စတင်ထည့်ပြောလာခဲ့သော်လဲ ယွမ်ရှကသူမ၏လှည့်ကွက်ထဲလိုက်ပါမျောပါလိုခြင်းမရှိပေ။


လီကျင်းကလဲ သူမနှင့်စုန့်ထင်ရှန်းတို့ကိုအမည်ခံစုံတွဲဟုထင်ထားလိမ့်မည်မဟုတ်ကြောင်းသူမခန့်မှန်းမိလေသည်။


အကယ်၍စုန့်ထင်ရှန်းကအပြင်တွင် အငယ်အနှောင်းများစွာထားထားသည်ဆိုလျှင်တောင်မှ သူမကစိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။သူနှင့်ပတ်သက်နေသောတစုံတယောက်သို့မဟုတ် အငယ်အနှောင်းများစွာကသူမကိုလာရောက်မပတ်သက်မချင်းသူမက မသိချင်ယောင်သာဆောင်ထားပေလိမ့်မည်။


၎င်းကသူမအားနည်းကြောက်တတ်သောကြောင့်မဟုတ်ပေ။


၎င်းကမူလပိုင်ရှင်ကိုယ်တိုင် အစကထဲကရွေးချယ်ထားသည့်အိမ်ထောင်ရေးပုံစံဖြစ်နေသောကြောင့်ပေ။ထို့နောက် သူမပြောင်းလဲလာခဲ့ပြီးမူလပိုင်ရှင်၏ခန္ဓာကိုယ်ကိုသိမ်းယူနေထိုင်ခဲ့သည်။


ဒါပေါ့...သူမစုန့်ထင်ရှန်းနဲ့ကွာရှင်းဖို့ရွေးချယ်နိုင်တယ်လေ...ပြီးတော့ ပိုင်ဆိုင်မှုတစိတ်တပိုင်းကိုယူပြီးတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးဘဝကိုနေထိုင်နိုင်တယ်...ဒါပေမဲ့အခုလဲသူမဘဝကပေါ့ပေါ့ပါးပါးသာသာယာယာဖြတ်သန်းနေရတာပဲမဟုတ်ဘူးလား...ဘာကြောင့်များလွန်လွန်ကျူးကျူးတုန့်ပြန်ပြီးကွာရှင်းဖို့ရွေးချယ်နေရဦးမှာလဲ...