အပိုင်း ၂၁-၂၂
Viewers 28k

Part 21


ကျန်းယန်ရှန့်တွင် မူလက နက်နဲသော မျက်နှာ အသွင်အပြင်ရှိပြီး သေသပ်သည့် မျက်ခုံးများနှင့် ကြည်လင်တောက်ပသော မျက်လုံးများရှိသည်။သို့သော်လည်း ငယ်ရွယ်မှုကြောင့် သူမ၏ အသားအရေသည် အခွံခွာထားသည့် ကြက်ဥပြုတ်သဖွယ် ဖြူဖွေးနေသည်။သူမရဲ့ ခန္ဓာကိုယ်မှာလည်း သေးသွယ်ကာ သူမရဲ့ အသွင်အပြင်ကို အားနည်သည်ဟု ထင်ရစေသည်။


သို့သော် ယခုအခါ မျက်ခုံးများဟာ ရန်လိုမှုကြောင့် တွန့်ချိုးနေပြီး သူမဆီမှ ငြင်သာ သိမ်မွေ့သည့် အငွေ့အသက်မှာ ပျောက်ကွယ်သွားသည်။ သူမ၏ ပြတ်သားကြည်လင်မှုမှာ ရက်စက်ကြမ်းကြုတ်နေလေသည်။ အိမ်တွင် ရှိနေသည့် လူများအားလုံး အံ့သြထိတ်လန့် သွားခဲ့သည်။ ရှေ့ထွက်ပြောရန် သတ္တိ လူတိုင်းတွင် ပျောက်ကွယ်ကုန်သည်။


သို့သော်လည်း လျန့်ယင်းယင်းမှာ မျက်စိများပြာလာပြီး သေတော့မလို ခံစားရရင်း သူ့လျှာမှာလည်း ကပ်နေတော့သည်။ ကျန်းယန်ရှန့် ပုံစံက အရမ်း ကြောက်ဖို့ ကောင်းလွန်းသည်။ အိမ်ထောင်ဦးစီး တစ်ယောက် အနေဖြင့် နောက်ဆုံးတွင် ကျန်းဟွမ် ပါးစပ်ဖွင့်လာတာ အော်လိုက်သည်။


 “ ယန်ယန်… ယန်ယန်…. အရင် လွှတ်လိုက်တော့…”


ကျန်းယန်ရှန့်လည်း လျန့်ယင်းယင်း၏ သေတော့မလို ပုံစံကို မြင်လိုက်သည်။ထို့ကြောင့် သူမလက်ကို ပြန်ရုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။


သူမ​၏ ဒေါသဟာ ပျောက်ကွယ်သွားပြီး ငြိမ်သက်သည့်ပုံစံ ပြန်ရောက်လာလေသည်။ သူမ ထိုနေရာတွင် ရပ်နေကာ အေးစက်စက်ကြည့်နေလိုက်သည်မှာ ခုနက ဆူဆူညံညံ လုပ်ခဲ့သူ မဟုတ်သလိုပင်။ သို့သော်လည်း မကြာခင်က သူမ​၏စိတ်ဖိစီးမှု အများအပြားမှာ အနည်းငယ် ပိုအဆင်ပြေလာပြီ ဖြစ်သည်။


လျန့်ယင်းယင်း လည်ချောင်းရှင်းလိုက်ပြီး စိတ်အားတက်ကြွစွာအသက်ရှူသွင်းလိုက်သည်။သို့သော်လည်း သူမလေပြွန်ထဲသို့ ဝင်လာသော လေအမြောက်အများကြောင့် သီးသွားကာ ချောင်းဆိုးတော့သည်။


 “အဟွတ်.. အဟွတ်..အဟွတ်..”


ကျန်းရှို့ချန် အတော်လေး ကြောက်လန့်နေခဲ့သည်။ ကျန်းဟွမ် နှင့် ကျန်းဟယ်လင်းတို့က လျန့်ယင်းယင်း မတ်တပ်ရပ်ရန် ကူညီပေးလိုက်သည်။ သူမ ဒေါက်ဖိနပ်ကြောင့် ခြေချော်ကာ ဆံပင်များရှုပ်ပွနေသည်မှာ သူမကို အရှက်ကွဲစေသည်။


သူမ တုန်ယင်စွာ ကျန်းယန်ရှန့်ကို လက်ညိုးထိုးလိုက်သည်။ သူမ နောက်ဆုံးတွင် အနည်ငယ် တည်ငြိမ်အောင် လုပ်နိုင်တော့သည်။သူမ အော်ငိုလိုက်ရင်း ကျန်းဟွမ်ကို စူးစူးဝါးဝါးအော်လိုက်သည်။


 “ရှင့်သမီး… ရှင့်သမီးက ကျွန်မကို သတ်ချင်နေတာ…သူ ကျမကို သတ်တော့မှာ…”


ကျန်းဟွမ် စိတ်တိုတိုဖြင့် ပြောလိုက်သည်။ 


“ဘယ်သူက မင်းကို အဲ့လို အဓိပ္ပါယ်မရှိတာတွေ ပြောလိုက်တာလဲ…”


နောက်ဆုံးတော့လည်း သူမသည် သူနှင့်တစ်အိပ်ယာထဲ အတူအိပ်သည့်သူသာဖြစ်သည်။ နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှု ရှိ၍ သူလက်ထပ်ပြီး အိမ်ခေါ်လာခဲ့သည့် မိန်းမသာဖြစ်သည်။ သူ့နောက်လိုက်၍ သူ့ကို အားပေးထောက်ခံတာ သူမပဲ ဖြစ်သည်။


လျန့်ယင်းယင်း ပါးစပ်ကနေ သွေးတစ်ပွက် အန်တော့မလို ဖြစ်သွားသည်။ ငိုညည်း၍ တုန်ယင်နေကာ “ ကျွန်မ တကယ်ကို သေတော့မလို့….”


“ရှင် သေလို့ မဖြစ်ဘူးလေ…” ကျန်းယန်ရှန့် ပြောလိုက်သည်။ “ ရှင်သာ ရှင့်အသက်ကို ဆုံးရှုံးလိုက်ရရင် ဘယ်လိုလုပ် တန်ပါတော့မလဲ….”


“နောက်ကျရင် ဒီအိမ်မှာ လူတွေ ဆူဆူညံညံ လုပ်နေတဲ့ အသံတွေ မကြားချင်ဘူး…” သူမ ကျန်းရှို့ချန်ကို လှမ်းကြည့်လိုက်ရင်းအေးစက်စက် ပြောလိုက်သည်။ 


“ အနာဂတ်မှာ မင်း ပိုပြီး ရိုးသားရင် ကောင်းမယ်…”


ကျန်းရှို့ချန် တသိမ့်သိမ့် တုန်နေခဲ့သည်။


သူ့ရဲ့ အမြင်သုံးခုက ဒီနေ့ တကယ်ကို အကျိုးသက်ရောက်မှု ရှိခဲ့သည်။


သူ့ကမ္ဘာတွင် သူ့မိဘတွေရှိနေသရွေ့ သူ စိတ်ရှိတိုင်း ပြုမူလို့ရနိုင်သည်။ထို့ကြောင့် သူ ဘယ်တုန်းကမှ ကျန်းယန်ရှန့်ကို မကြောက်ရွံ့ခဲ့ခြင်း ဖြစ်သည်။


သို့သော် ဒီနေ့ ကျန်းယန်ရှန့်က သူ့ကမ္ဘာကို ဖျက်စီးပစ်လိုက်ပြီး ပထမဆုံးအကြိမ် သူ့မိဘတွေကို ယုံကြည်အားထားလို့ မရနိုင်မှန်းသဘောပေါက်ခဲ့သည်။


ကျန်းယန်ရှန့်ရဲ့ အေးစက်သည့် မျက်လုံးများက လျန့်ယင်းယင်းအပေါ် ထပ်မံကျရောက်လာကာ 


“ ရှင် ဘယ်လို စကားကောင်းကောင်း ပြောရမယ်မသိရင်… ပါးစပ်ပိတ်နေလိုက်… ကျွန်မ နောက်တစ်ခါ ထပ်ပြီး ဆိုးဆိုးရွားရွား ပြောနေတာကြားရင်… ရှင် အဲ့လိုပြောတာရဲ့ အကျိုးဆက်ကို ခံစားရစေမယ်…..”


ကျန်းယန်ရှန့် ပြောလို့ပြီးသွားတဲ့အခါ သူမ ထိုလူတွေကို ထပ်ကြည့်မနေပဲ လှည့်ထွက်ကာ အပေါ်ထပ်သို့ တက်သွားတော့သည်။


ကျန်းဟယ်လင်း ချီတုံချတုံဖြစ်နေပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်ကာ ​ပြောလိုက်သည်။


“ အဖေ…ရှို့ရှို့ရဲ့ ဂိမ်းစက်ကို သိမ်းလိုက်ပြီးတဲ့နောက် သူ သမီးဂိမ်းစက်ကို လာလုပြီး ဖျက်စီးပစ်လိုက်တယ်… နောက်ပြီး မမ နေ့လည်စာ စားနေတုန်း…သူ မမအခန်းထဲဝင်ပြီး မမ ဂိမ်းစက်ကို ခိုးတယ်.. မမက အဲ့တာကို မြင်လိုက်တာ…သူခိုးတာကို သူကိုယ်တိုင်ဝန်ခံပြီးသွားပြီ…သူအဲ့လိုလုပ်လို့ နောင်တရတယ်လို့လည်း မမကို ပြောလိုက်ပြီးသား… ဒါပေမယ့် အခု သူက မမဆီကနေ ခိုးတာကိုသူမဟုတ်ဘူးလို့ အတင်းငြင်းနေတာ…”


လျန့်ယင်းယင်း ကြမ်းပြင်ပေါ်က သူမ​၏ ဒေါက်မြင့်ဖိနပ်ကို ကောက်ပြီး လှမ်းပေါက်လိုက်သည်။


 “တိတ်စမ်း…”


ကျန်းဟယ်လင်း လန့်သွားပြီး ဖိနပ်ကို ရှောင်လိုက်သည်။


လျန့်ယင်းယင်း သူမကို ဒီလိုမျိုး အော်လိုက်ပါက ဝမ်းနည်းသွားပြီး သူမ မှားပါတယ်လို့ ပြောမိမည်သာ ဖြစ်သည်။ သို့သော် ဒီနေ့မှာတော့ သူမ​၏ စိတ်ခံစားချက်ဟာ ထိုသို့ ပြင်းထန်ခြင်းများ ရှိမနေပေ။ သူမ အမေသည် အရမ်း အင်အားကြီးသည် ဟူ၍ သူမနှလုံးသားထဲမှ ခံစားရခြင်းရှိမနေသောကြောင့်လည်း ဖြစ်နိုင်သည်။ သူမ တစ်ဖက်သို့လှည့်ပြီး လှေကားပေါ်သာ ပြေးတက်သွားခဲ့သည်။


လျန့်ယင်းယင်း ထပ်ငိုလိုက်ပြီး ကျန်းဟွမ်ကို ဆွဲထားလိုက်သည်။


 “ ရှင် တစ်ခုခု ပြောမှ ဖြစ်မယ်… ရှင့်သမီး ဘယ်လောက်တောင်ရန်လိုသလဲ ရှင်ကြည့်ပါအုံး…အကြီးတွေကို သူမ ဒီလို ဆက်ဆံသင့်တာလား…ကျွန်မ သူ့ကို မိထွေးတစ်ယောက်အနေနဲ့  ဘာလို့ ဆူမရတာလဲ… မိထွေးဆိုတာကလည်း အမေပဲလေ…”


စိတ်ခံစားချက် ကောင်းမနေသည့် ကျန်းဟွမ်က “ငါ့မျက်နှာထောက်ပြီး ပါးစပ်ပိတ်ထားလိုက်စမ်းပါ… ထပ်မပြောတော့နဲ့..မင်းကယန်ယန့်ကို နာကျင်အောင်လုပ်နေတာ..သူမင်းကို လည်ပင်းညှစ်ချင်ပါတယ်လို့ မင်းထပ်ပြောရဲရင် နောက်တစ်ခါ ငါ့ဆီလာငိုမပြနဲ့…သူမက အခု တော်တော်လေး လေ့ကျင့်ပေးခံရပြီးသား…”


သူ ကျန်းရှို့ချန်ကို လက်ညှိုးထိုးလိုက်ပြီး “ ကိုယ့်အခန်းကိုယ် ပြန်‌တော့… အန်တီဝမ် ဘယ်မှာလဲ…အန်တီဝမ်….”


အန်တီဝမ်က လျှောက်လမ်းတွင် ပုန်း၍ ကြည့်နေသည်။သူအော်လိုက်တဲ့ အသံကို ကြားလိုက်ပြီးနောက် သူမ အလျင်အမြန် ပြေးထွက်လာခဲ့သည်။


”ကျွန်မ ဒီမှာပါ…”


ကျန်းဟွမ် ပြောလိုက်သည်မှာ “ သူ့ကို သူ့အခန်းသူ ပြန်ပို့လိုက်… ပြီးရင် သူ့ကို စောင့်ကြည့်နေ… နွေရာသီပိတ်ရက်မှာ သူ အိမ်စာဘယ်လောက်လုပ်ထားလဲ….သူစာရေး မရေး အသေအချာ စောင့်ကြည့်ထား…”


နွေရာသီအိမ်စာအကြောင်း သူကြားလိုက်ရတဲ့အခါ ကျန်းရှို့ချန် မျက်နှာပျက်သွားသည်။ အန်တီဝမ် ရောက်လာပြီး သူ့ကို လှေကားပေါ်သို အတင်းဆွဲခေါ်သွားတော့သည်။


“ထပြီး မျက်နှာသစ်.. ကိုယ်လက်သန့်စင်လိုက်…” ကျန်းဟွမ်ပြောလိုက်သည်။


 ”မင်းကိုယ်မင်း ဒီလို အရူးလုပ်ရပ်တွေ လုပ်နေတာ လူတွေ မမြင်စေနဲ့….”


လျန့်ယင်းယင်း၏ စကတ်မှာ တွန့်ကြေနေပြီး ဆံပင်တွေက ရှုပ်ပွနေသည်။ သူမခြေထောက်တွင် ဖိနပ်တစ်ဖက်သာစီးထားပြီး သူမမျက်နှာက မိတ်ကပ်မှာလည်း အခု အရမ်းကို ကြောက်စရာကောင်းနေပြီ ဖြစ်သည်။


လျန့်ယင်းယင်း မျက်နှာ ဖြူဖျော့သွားကာ စိတ်ဆိုးစွာဖြင့် “ ရှင်တကယ် စိတ်မပူဘူးလား…”


“ ငါက ဘာကို စိတ်ပူရမှာလဲ…မင်းပါးစပ်ကို မင်း လုံအောင်ပိတ်နိုင်ရင် ငါ့မှာ ဘာမှ စိတ်ပူစရာမရှိတော့ဘူး...ယန်ယန်က အခုမှ ဘယ်အရွယ်လဲ…မင်းကရော ဘယ်အရွယ်‌ေရာက်ပြီလဲ..မင်းဘာလို့ ကလေးတစ်ယောက်နဲ့ အချိန်ပြည့် ရန်ဖြစ် ဒေါသထွက်နေတာလဲ…” ကျန်းဟွမ် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။


လျန့်ယင်းယင်း တုန်လှုပ်သွားခဲ့သည်။သူမသည် ယောကျ်ားများအပေါ် စားသောက်ဖို့ မှီခိုသည့်လူစားမျိုးဖြစ်သောကြောင့် ကျန်းဟွမ်​၏ သူမအပေါ်သဘောထားများ ပြောင်းလဲသွားသည်ကို ချက်ချင်းသတိထားမိသည်။


သူမ နှလုံးသားထဲမှ အနည်းငယ် ခါးသက်သက် ခံစားလိုက်ရပင်သော်လည်း သူမ မစ္စကျန်းအဖြစ် ဒီနှစ်တွေမှာ ဘာတွေလုပ်နေခဲ့လဲဆိုသည်ကို ပြန်သုံးသပ်နေတော့သည်။ သူမ အနည်းငယ် အတည်တကျနေခြင်း မရှိတာကို သိလိုက်သည်။


 သူမ အမူအရာကို အလျင်အမြန် ထိန်းလိုက်ရင်း နူးညံ့ငြင်သာစွာ ပြောလိုက်သည်။


 “အဲ့ဒါဆို သူမလည်း ဘာမှမလုပ်စေနဲ့…ကြည့်ပါအုံး…ကြည့်ပါအုံး.. ကျွန်မလည်ပင်းမှာ အနီမှတ်တွေများ ရှိနေမလားလို့…”


သူမ နှုတ်ခမ်းကို စူထော်၍ ကလေးတစ်ယောက်လို ပြုမူနေသည်။ သူ့သဘောထားမှာ အနည်းငယ် ပျော့ပျောင်းလာတော့သည်။


ကျန်းဟွမ် သူမ ဟန်ဆောင်နေတာကို မသိချင်ယောင်ဆောင်ပြီး လည်ပင်းကို အသေအချာကြည့်ကာ ပြောလိုက်သည်။


”မရှိပါဘူး…ဒီမှာ ဘာမှမရှိဘူး…ယန်ယန်က ဘယ်လောက် အားသန်မှာမလို့လဲ..ဒီမှာ လက်ရာသိပ်မထင်ပါဘူး…”


တကယ်တော့ အနီမှတ်တွေ တကယ်ရှိသည်။လက်ရာတွေဟာ မြင်လိုက်တာနဲ့ အနည်းငယ် လန့်သွားလောက်အောင်  ဒါကို ပြောမပြချင်သောကြောင့် ဖြစ်သည်။ လျန့်ယင်းယင်းက သူနဲ့ အဆင်ပြေရန် လမ်းစဖောက်ပေးနေသည်။ ထို့ကြောင့်သူမကို သူချော့လိုက်ဖို့သာ လိုသည်။


xxxxxxxx


Part 22


သူ့အမူအယာ ပျော့ပျောင်းသွားမှသာ လျန့်ယင်းယင်း စိတ်သက်သာရာရတော့သည်။ အရင်က လျန့်ယင်းယင်း ကျန်းယန်ရှန့်ကိုအနိုင်ကျင့်ရဲသည်မှာ ကျန်းဟွမ်က မသိချင်ယောင်ဆောင်နေ၍သာ ဖြစ်သည်။ထို့ကြောင့် သူမ ပိုပိုပြီး အတင့်ရဲလာခဲ့သည်။


အခုတွင် ကျန်းဟွမ်​၏ သဘောထား ရုတ်တရက် ပြောင်းလဲသွားသောကြောင့် လျန့်ယင်းယင်း သူမ​၏အပြုအမူများကို ပြန်ရုတ်သိမ်းလေသည်။လှေကားပေါ်တွင် သူမ အနည်းငယ် ရှိုက်ငိုနေသည်။


ကျန်းဟွမ် သက်ပြင်းချလိုက်သည်။သူ လျှောက်လမ်းကို ပတ်၍ ဒုတိယထပ်သို့ သွားလိုက်သည်။


သမီးနှစ်ယောက်လုံးဟာ ဒုတိယထပ်တွင် နေသည်။တစ်ဦးတည်းသော သားဖြစ်သူကတော့ သူတို့စုံတွဲနှင့် တတိယထပ်တွင်နေသည်။


ကျန်းဟွမ် ရောက်လာသောအခါ သူ့သမီး၏ အခန်းတံခါးမှာ စေ့စေ့ပိတ်ထားသည်ကို မြင်လိုက်ရသည်။သူ လျှောက်သွားလိုက်ပြီးကျန်းယန်ရှန့် အခန်းတံခါးကို ခေါက်လိုက်သည်။


“ယန်ယန်…အဖေပါ…ယန်ယန်..”


သိပ်မကြာခင် ကျန်းယန်ရှန့် လာကာ တံခါးဖွင့်ပေးသည်။သို့သော်လည်း သူမ တံခါးတွင်သာရပ်နေပြီး ကျန်းဟွမ်ကို အထဲဝင်ရန် မဖိတ်ခေါ်ပေ။


“အဖေ့ မိန်းမအတွက် ပြောပေးဖို့ လာတာဆိုရင် မလိုတော့ဘူး…” သူမ အေးစက်စက်ပြောလိုက်သည်။


ကျန်းယန်ရှန့်​၏ သဘောထားကြောင့် ကျန်းဟွမ် အံ့သြသွားခဲ့သည်။


အရင်ချိန်များတွင် ကျန်းယန်ရှန့်သည် အမြဲ မလိုမုန်းတီးခြင်းနဲ့ သဘောမကျခြင်းများဖြင့်သာ ပြည့်နှက်နေသည်။ လျန့်ယင်းယင်းနှင့်ပတ်သက်သည့် အကြောင်းအရာဖြစ်နေသရွေ့ သူမ အလွယ်တကူ စိတ်ဆိုး ဒေါသထွက်လာပြီး ရန်လိုလာမည်ဖြစ်သည်။သူမကို သူစကားတောင် ကောင်းကောင်းပြောလို့ရသည့် အချိန်ရှားသည်။


သို့သော် သူမ အခု အလယ်တန်းကျောင်းသာ ပြီးသေးသည်။ဘယ်လိုကြောင့် သူမ လူကြီးတစ်ယောက်လို ရုတ်တရက် ကြီးပျင်းလာသည်ကို စဉ်းစားမရပေ။


သူမ မျက်နှာအမူအရာမှာ အနည်းငယ် အေးစက်နေသော်ငြား ပြင်းထန်သည့် စိတ်ခံစားချက်များ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည်မှာ မရှိတော့သလိုပင် ဖြစ်သည်။ကျန်းဟွမ် စိတ်သက်သာရာရသွားသည်။


သူ့ဇနီး မဆုံးခင်ကတည်းကပင် အပြင်တွင် မိန်းမတစ်ယောက် ရှိနေခဲ့သည်။ထို့နောက် အစဥ်အလာမဟုတ်သော တရားမဝင် ကလေးများ မွေးဖွားခဲ့သည်။သူသည် လုံးဝမကောင်းသည့် တစ်ယောက်တော့ မဟုတ်ခဲ့သောကြောင့် သူ့သမီးအပေါ် အပြစ်ရှိကြောင်းခံစားခဲ့ရသည်။ကျန်းယန်ရှန့်၏ အပြုအမူများသည် သူ့အပြစ်များကြောင့် ဖြစ်သည်။


သို့သော်လည်း မည်သူမှ နေ့တိုင်း အသိတရားရကာ တုန်လှုပ်နေမည် မဟုတ် ကျန်းဟွမ်သည် နေ့တိုင်း အပြစ်ရှိစိတ်ဖြင့် မနေချင်သူဖြစ်သည်။ သူသည် အသက်ငါးဆယ်ပြည့်တော့မည်ဖြစ်ကာ ဘဝကို အဆင်ပြေပြေ နေသွားချင်သည်။


ကျန်းယန်ရှန့်သည် အရွယ်ရောက်လာသော ကလေးတစ်ယောက်ဖြစ်သည်။ သူမ စိတ်ဆိုးမည်၊မကျေမချမ်းဖြစ်မည် ၊ ရွံမုန်းမည်ဆယ်ကျော်သက်များသည် ထိုအရာများကို နှစ်ဆတိုးမည် ပုံကြီးချဲ့လိမ့်မည် ဖြစ်သည်။ ကျန်းယန်ရှန့်သည် လွန်ခဲ့သည့် နှစ်နှစ်ကထက် ပို၍ ပြောရဆိုရ ခက်လာသည်ဟု ကျန်းဟွမ် ခံစားလိုက်ရသည်။


ယခုအခါ သူမ ကြီးပျင်းလာပြီ သူမ အကုန်သိနားလည်လာပြီ ဖြစ်သည်။ သို့ဖြစ်၍ အဆင်ပြေလာရန်မှာ ပိုမဖြစ်နိုင်ပေ။


“မဟုတ်ပါဘူး….” ကျန်းဟွမ် ပြုံးကာ ပြောလိုက်သည်။


 “သူက အရမ်းလေကြီးတယ်…အဲ့တော့ ဒါက သူနဲ့တန်တယ်..အဖေ သူ့ဘက်က ကူမပြောပေးပါဘူး…အဖေ့ကို အထဲပေးဝင်ပါလား…အဖေနဲ့သမီး စကားပြောကြတာပေါ့…”


ကျန်းယန်ရှန့်ရဲ့ ပြောင်းလဲမှုများမှာ ကျန်းဟွမ်ကို အံ့သြစေသည်။ ကျန်းဟွမ်ရဲ့ အပြုအမူမှာလည်း ကျန်းယန့်ရှန့်ကို အံအားသင့်စေပြန်သည်။


ကျန်းယန်ရှန့်၏ မှတ်ဉာဏ်များထဲတွင် ကျန်းဟွမ်သည် သူမနဲ့ပြောဆိုဆက်ဆံရန် တက်ကြွခြင်း ဘယ်တော့မှ ရှိမနေခဲ့ပေ။သူသည်အမြဲ သူမကိုမြင်သည်နဲ့ ခေါင်းကိုက်လာသည်သာဖြစ်သည်။ ထို့ကြောင့် သူမနဲ့ဝေးရာတွင်သာ နေလိုသည်။


ကျန်းယန်ရှန့် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းဟွမ်ကို ဝင်ခွင့်ပေးလိုက်သည်။


ကျန်းဟွမ်နှင့် ကျန်းယန်ရှန့် ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။


“ သမီး ဘာလို့ ဒီနေ့ စိတ်တိုလွယ်နေတာလဲ…”


 ကျန်းဟွမ် ပြောလိုက်သည်။


 “ သမီးရဲ့ အန်တီလျန့်က ငယ်သေးပေမယ့် သူမက သမီးထက် အကြီးလေ..အဲ့တာကြောင့် သမီး အကြီးတွေကို လုပ်လို့ မဖြစ်ဘူးလေ…”


ကျန်းယန်ရှန့် မျက်ခုံးပင့်လိုက်ကာ 


“ လျန့်ယင်းယင်းက သမီးရဲ့ အကြီး ဖြစ်ချင်တာလား….သူ့နောက်ဘဝမှာတော့ ဖြစ်နိုင်ပါတယ်…အဖေလည်း သူဘာပြောလဲ သေချာကြားလိုက်တာပဲ… သူက အဲ့လိုဖြစ်ဖို့အရင် စခဲ့တာလေ..အဲ့တာကြောင့် သမီး သူ့ကို လည်ပင်းညှစ်လိုက်တာ…”


ကျန်းဟွမ် ချောင်းဆိုးသွားသည်။ 


“သူမက ဟုတ်တယ်ထင်ရင် ပြောတတ်တဲ့သူ မလို့ပါ..”


“သူမ စကားကောင်းကောင်း မပြောနိုင်ရင် ပါးစပ်ပိတ်နေသင့်တယ်လေ..” ကျန်းယန်ရှန့် မျက်ခုံးများ ထပ်၍တွန့်ချိုးနေပြန်သည်။


“အမေက ဆုံးသွားပြီလေ…သူ့လို မယားငယ်တစ်ယောက်က ဒါမျိုးပြောဖို့ တန်လို့လား…သူမက အရမ်းမျက်နှာပြောင်တယ်..သူကိုယ်တိုင်က မျက်နှာသာပေးချင်စရာကောင်းအောင် မနေဘူးလေ...အဲ့တာဆို သမီးက သူ့ကို မျက်နှာသာမပေးပါဘူးဆိုပြီး မတိုက်ခိုက်နဲ့လေ…”


ဒီအကြောင်းအရာသည် လျန့်ယင်းယင်းကို မျက်နှာသာမပေးခြင်းသာ မဟုတ်ပဲ ကျန်းဟွမ်ကိုပါ မျက်နှာသာမပေးခြင်း ဖြစ်သည်။


ကျန်းဟွမ် လည်းချောင်းရှင်းပြီး ထပ်မေးလိုက်သည်။


 “ဒီနေ့ ရှို့ရှို့နဲ့ ဘာဖြစ်တာလဲ…ဟယ်ဟယ်က သူ သမီးရဲ့ ဂိမ်းစက်ကို ယူသွားတယ်လို့ပြောတယ်…”


“အဲ့တာကြောင့် သမီး သူ့ကို ရိုက်လိုက်တာလေ..”


“သူက အခုထိ ငယ်သေးတယ်လေ..”


 ကျန်းဟွမ် ထိုသို့ပြောလိုက်သောအခါ ကျန်းယန်ရှန့် သူ့ကို စိုက်ကြည့်နေသည်။နက်မှောင်ပြီးတောက်ပတဲ့ မျက်လုံးများတွင်လှောင်ပြောင်နေမှု အပြည့်ပါရှိသည်။


ကျန်းဟွမ် ကသိကအောက် ဖြစ်လာခဲ့သည်။


“သူ့အတန်းဖော်တွေထက် သူအရပ် ပိုရှည်တာ အဖေသိလား…” ကျန်းယန်ရှန့် မေးလိုက်သည်။


ထိုအရာသည် ကျန်းဟွမ် ဂုဏ်ယူရသည့် အချက်တစ်ချက် ဖြစ်သည်။


 “သူ့အမေကလည်း အရပ်ရှည်တယ်လေ…”


“သူအလယ်တန်းကျောင်းကို ရောက်ရင် သမီးထက် အရပ်ပိုရှည်နေလောက်ပြီ ထင်တယ်…” ကျန်းယန်ရှန့် ပြောလိုက်သည်။


”သူကလူကြီးတစ်ယောက်လို အရပ်ရှည်ပြီး သန်မာလာလိမ့်မယ်..”


ကျန်းဟွမ် ပျော်ရွှင်စွာဖြင့် “သူ နောက်ကျ 1.85 m ထက်ပိုပြီး ရှည်လာမယ်လို့ အဖေတော့ထင်တယ်..”


ကျန်းယန်ရှန့် ပြောလိုက်သည်။” ဒါဆို အဖေ သူ အနာဂတ်မှာ ဘယ်လိုပုံစံဖြစ်လာမယ် တွေးကြည့်ဖူးလား…”


ကျန်းဟွမ် ပြောလိုက်သည်။


”သူက အဖေနဲ့တူလိမ့်မယ်… အဖေတို့ မိသားစုထဲမှာ ရုပ်ဆိုးတဲ့သူတစ်ယောက်မှ မရှိဘူး..သမီးမောင်လေးက ကြီးလာရင် သေချာပေါက် ချောတဲ့သူဖြစ်လာလိမ့်မယ်…”


”ကျန်းယန်ရှန့် သက်ပြင်းချလိုက်ရင်းပြောသည်။


 “သူက အခု ပထမတန်းပဲ ရှိသေးပေမယ့် ပစ္စည်းတွေ ခိုးရဲနေပြီ…”


“ကိုယ့်အိမ်က ပစ္စည်း ကိုယ်ယူတာကို ဘာလို့ ခိုးတယ်လို့ ပြောတာလဲ…”


“မမေးမြန်းပဲ ယူရင် အဲ့တာက ခိုးတာပဲ..သမီး အဲ့တာကို မူကြိုတုန်းက တရုတ်အတန်းမှာ သင်ရတာလေ…” ကျန်းယန်ရှန့် စိတ်တိုစွာပြောလိုက်သည်။ 


“နောက်ပြီး သူ့ကို သမီးအခန်းထဲ ဝင်ခွင့်ပြုလို့လား..”


အခန်းထဲတွင် ဆွေးနွေးနေသော အကြောင်းအရာမှာဆယ်ကျော်သက် ကောင်မလေး၏ ဆတ်ဆတ်ထိမခံသည့် အကြောင်းအရာများသို့ ဦးတည်နေသည်။ကျန်းဟွမ် သူမကို ပြောလိုက်သည်။ 


“ အဖေ သူ့ကို နောက်ကျ ဆူလိုက်မယ်..”


ကျန်းဟွမ် သူမပြောသမျှ စကားများကို သေချာနားမထောင်မှန်း ကျန်ယန်ရှန့် သိသည်။ သူသည် သတ်လတ်ပိုင်း အမျိုးသား ဖြစ်ပြီးသားတစ်ယောက်ရှိသည်။ ကျန်းရှို့ချန်ကို သူ အရမ်း အလိုလိုက်ထားသည်။


သူသည် ကလေးထိန်းကျောင်းရာတွင် သိပ်စိတ်မဝင်စားသော အဖေတစ်ယောက် ဖြစ်သည်။ ကျန်းယန်ရှန့် ငယ်ဘဝမှတ်ဉာဏ်များမှာ သူ့အမေပုံရိပ်များသာ အပြည့်ရှိသည်။ကျန်းဟွမ် သူမကို ထိန်းသည်မှာ သူမ လှလှပပဝတ်စားထားချိန်များနှင့် သူ့သူငယ်ချင်းများ သူတို့ ကလေးအကြောင်းပြောသောအခါ သူမ ဘယ်လိုတော်ပြီး ဘယ်လိုချစ်စရာကောင်းကြောင်း ပြရန်သာ ဖြစ်သည်။ 


သူသည် မုဆိုးမ ကလေးထိန်းနည်းကို လက်ကိုင်ထားသူဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ကျန်းယန်ရှန့်၏ အမေကဲ့သို့ ကလေးကို တစ်ယောက်တည်း မထိန်းကျောင်းနိုင်သည့် ဇနီးများရှိသည်။


လျန့်ယင်းယင်း သူမ သားသမီးတွေကို “ အမေ မင်းတို့အတွက် ချမ်းသာတဲ့ အဖေတစ်ယောက် ရှာပေးထားတယ်… သူက မင်းတို့ကိုအိမ်အကြီးကြီးမှာ နေခိုင်းတယ်… ကိုယ်ပိုင်ကျောင်း ကောင်းကောင်းမှာ ထားပေးတယ်… နောက်ပြီး ကျောင်းဆင်းရင် မင်းကို ကားနဲ့လာကြိုတယ်လေ.. အဲ့တာ မကောင်းဘူးလား..” ထိုသို့ပြောနေသည်များကို ကျန်းယန်ရှန့် ကြားခဲ့ရသည်။ .


လျန့်ယင်းယင်း တွေးသည်မှာ မစ္စကျန်းဖြစ်လာမည်ဆိုလျှင် ပင်ပန်းစွာ အလုပ်လုပ်ရန် မလိုတော့ကာ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပြီ ဟူ၍သာ ဖြစ်သည်။ ကလေးတွေအတွက်လည်း ကလေးထိန်းဖြင့်သာ လွှတ်ထားလို့ရသည်။သူတို့ကိုတစ်ယောက်ယောက်က ဂရုစိုက်နေလျှင် သူမ ဘာကိုမှ မပူမပင် နေနိုင်ပေသည်။


မိဘနှစ်ပါးလုံး ရှိမည်ဆိုလျှင် ကျန်းဟယ်လင်းမှာ လူကောင်းတစ်ယောက် အဖြစ် ကြီးပြင်းလာမည် ဖြစ်သည်။


သို့သော်လည်း ကျန်းရှို့ချန်အတွက်တော့ အဆင်ပြေနိုင်မလား စိုးရိမ်မိသည်။ အရွယ်ရောက်လာသော ကောင်ငယ်လေးတွေ၏ အရပ်နဲ့ ကိုယ်အလေးချိန်မှာ လူကြီးတစ်ယောက်ကဲ့သို့ ဖြစ်သည်။


သူ့ဆရာမရဲ့ စကက်ကို လှန်ကြည့်တဲ့အခါ ကျန်းဟွမ်က သူအခုထိ ငယ်သေးလို့ လုပ်မိတာဟု ပြောသည်။ သူ့အတန်းဖော်မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်မှာ အပြင်မှာ လမ်းပိတ်ထားသည့်အခါတွင်လည်း ကျန်းဟွမ်က သူအခုထိ ငယ်သေးလို့ ဟုပြောပြန်သည်။


နောက်ဆုံးတွင် သူ မုဒိန်းကောင် ဖြစ်လာသည့်အခါ ကျန်းဟွမ်မှာ သူအခုထိ ငယ်သေးလို့ ဟူ၍ ပြောရန် အခွင့်အရေး ရှိလာမည်မဟုတ်တော့ပေ။


xxxxxxxxx