Part 27
‘’ နင့်အိမ်စာတွေလုပ်ဖို့ အန်တီဝမ်ကနေတဆင့် ငါခေါ်ခိုင်းလိုက်တာ နင် နားမလည်ဘူးလား….’’
ကျန်းယန်ရှန့် အော်လိုက်သည်။
‘’ ဘာလို့ ပတ်ပြေးနေရတာလဲ… နင် ဒီအိမ်ကနေပါ ထွက်ပြေးနိုင်လို့လား..’’
‘’ ငါ မလုပ်ချင်ဘူး… အမေရေ… အမေ…’’
‘’ နင့် အမေကို ကောင်းကောင်းပေးအိပ်လိုက်စမ်း… နင့် မှာ အစ်မရှိတယ်… အခုကစပြီး ဒီအစ်ကြီးက နင့်ကိုကောင်းကောင်းဂရုစိုက်ပေးမယ်…’’
မောင်နှမ နှစ်ယောက်လုံးသည် တစ်ဘဝလုံးမုန်းတီးခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် မောင်နှမဟု မသတ်မှတ်ခဲ့ကြပေ။ ယခုအချိန်တွင် ကျန်းယန်ရှန့်က သူမကိုယ်သူမ အစ်မကြီး ဟုသုံးနှုန်းလိုက်ပြီး အတော်လေးမကောင်းဟု ခံစားလိုက်မိသည်။
ထို့ကြောင့်ပင် ကျန်းရှို့ချန်တစ်ယောက် ရုတ်တရက် ထိတ်လန့်သွားသည်။ သူ့ကိုယ်သူ ကျားရဲတွင်းထဲရောက်သွားတော့မလို ခံစားလိုက်ရပြီး ချက်ချင်းပင် သူမလက်ထဲမှ အားကုန်ရုန်းကန်တော့သည်။ ထို့ကြောင့်ပင် သူမလက်ပေါ်တွင် ခြစ်ရာတစ်ခုပေါ်လာတော့သည်။
‘ အ… အရမ်းနာတာပဲ…’’
ကျန်းယန်ရှန့် ဒေါသထွက်လာပြီး ‘’ နင်က တော်တော် စည်းကမ်းမရှိတာပဲ… လူတွေကို အချိန်တိုင်းကုတ်ဖဲ့နေတယ်ပေါ့…’’
သူမ နေရာမှာတင် ထိုင်ချလိုက်ရင်း ကျန်းရှို့ချန်ကို သူမ၏ဒူးခေါင်းဖြင့်ဖိထားလိုက်သည်။ ဒီတစ်ကြိမ်တွင် ရိုက်စရာမရှိသည့်အတွက် သူမ လက်ဖဝါးကိုအသုံးပြုကာ ကျန်းရှို့ချန် တင်ပါးကို ရိုက်ချလိုက်တော့သည်။
ကျန်းရှို့ချန်က ရှိုက်ကြီးတငင်ဖြင့် အော်ဟစ်လိုက်သည်။
‘’ အမေ… အမေရေ… ကျန်းယန်ရှန့် သားကို ရိုက်နေပါတယ်ဗျို့….’’
နောက်ထပ် ရိုက်ချက်များအောက်တွင် ကျန်းရှို့ချန်တစ်ယောက် နာကျင်စွာဖြင့် အော်ဟစ်နေတော့သည်။
ကျန်းယန်ရှန့်က အေးစက်စွာဖြင့် ‘’ ငါ နင့်ကိုမနေ့က ဘာပြောခဲ့လဲ… ငါ့နာမည်ကို တိုက်ရိုက်ခေါ်လို့ရလား….’’
ကျန်းရှို့ချန် လည်ချောင်းသံဖြင့် ဆက်အော်ဟစ်နေသော်လည်း ခေါင်းစဉ်မှာတော့ ပြောင်းလဲသွားသည်။
‘’ အမေရေ… သားအစ်မက သားကိုရိုက်နေပါတယ်လို့…’’
‘’တိတ်စမ်း…’’ကျန်းရှို့ချန်တစ်ယေက် နောက်နှစ်ချက် ထပ်အရိုက်ခံလိုက်ရပြန်သည်။
သို့သော် ဒီတစ်ကြိမ်မှာတော့ သူ မအော်ဟစ်တော့ပေ။
ထိုအချိန်တွင် တတိယထပ်ရှိ ပြတင်းပေါက်ရုတ်တရက်ပွင်လာပြီး ဆက်စီကျသည့်ညအိပ်ဝတ်စုံ ဝတ်ဆင်ထားသည့် လျန့်ယင်းယင်းထွက်ပေါ်လာသည်။ သူမက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
‘’ ကျန်းယန်ရှန့်… ငါ့သားကို လွှတ်လိုက်စမ်း…’’
ကျန်းရှို့ချန် အော်ဟစ်နေချိန်တွင် သူမ နှစ်ခြိုက်စွာအိပ်ပျော်နေချိန်ဖြစ်သည်။ သူမ အခန်းထဲတွင် အဲကွန်းဖွင့်ထားသည့်အတွက် စောင်ကိုနားအထိခြုံထားပြီး အိပ်ယာမှ မထင်ချင်ပေ။ ထို့အပြင့် ကျန်းရှို့ချန်အော်ဟစ်နေချိန်တွင် အိမ်အကူအဒေါ်ရှိကြီးမှ သွားကြည့်မည်မှာ မလွဲပေ။
ကျန်းရှို့ချန်၏ အော်ဟစ်သံကိုနားထောင်ရင်း ကျန်းယန်ရှန့် အလွန်အကျွံရိုက်နှက်နေမည်ကို တွေးလိုက်မိသည်။
လျန့်ယင်းယင်း ရုတ်တရက်အိပ်ယာမှထပြီး ပြတင်းပေါက်ဖွင့်ကာ ကြည့်လိုက်ချိန်တွင် သူမ မူးလဲမတတ်ဖြစ်သွားသည်။
ကျန်းရှို့ချန်သည် အရိုက်ခံနေရရုံသာမက အကျီများပါအချွတ်ခံထားရလေသည်။
‘အရမ်းကို အနိုင်ကျင့်လွန်းနေပြီ…’’
ကျန်းယန်ရှန့် ခေါင်းမော့ကာ လျန့်ယင်းယင်း၏ ရင်ဘတ်ကိုကြည့်လိုက်ရင်း နှုတ်ခမ်းတွန့်လိုက်မိသည်။
သူမ ခေါင်းကိုငုံ့ကာ ကျန်းရှို့ချန်နားသို့ကပ်လိုက်ပြီး ‘’ နင့်အမေ တတိယထပ်ကနေ့ ဒီအောက်ကိုရောက်ဖို့ အချိန်ဘယ်လောက်လိုမယ်လို့ နင်ထင်လဲ… ငါ နင့်ကိုရိုက်ဖို့ အချိန်ဘယ်လောက်ကြာကြာ ယူမယ်လို့ နင်ထင်လဲ… မနေ့က သင်ခန်းစာကို နင်မေ့သွားပြီလား… နင့်ကိုကယ်ဖို့ နင့်အမေကိုမျှော်နေတာလား… မနေ့က နင့်အမေကို ငါလုပ်လိုက်တုန်းက သူမ ငါ့ကိုပြန်တိုက်ခိုက်နိုင်လို့လား…’’
‘’ အခုကော… နောက်တစ်အရိုက်ခံချင်သေးလား… ဒါမှမဟုတ် နင့်ရဲ့အိမ်စာတွေကို လိမ်လိမ်မာမာနဲ့ လုပ်မလားပြော…’’
‘ဒီမိန်းမက မကောင်းဆိုးရွားပဲ … ဟုတ်တယ် မဟုတ်လား… ကမ္ဘာပေါ်က အဆိုးဆုံး ဗီလိန်မ ကြီးလေ…’ ကျန်းရှို့ချန် တွေးလိုက်မိသည်။
သို့သော် ကျန်းရှို့ချန် တင်ပါးမှာ ယခုအချိန်တွင် အတော်လေးနာကျင်နေပြီဖြစ်သည်။ မနေ့က အကျီချိတ်ဖြင့်အရိုက်ခံရသလောက် မနာသော်လည်း အရိုက်ခံရသည့်အတွက် နာနေတုန်းပင်ဖြစ်သည်။
မနေ့က ရန်ပွဲတွင် သူ့အမေသည် ကျန်းယန်ရှန့်ကို ပြန်မတိုက်နိုင်ကြောင်း ကျန်းရှို့ချန်တွေးလိုက်မိသည်။
‘’ မရိုက်… မရိုက်ပါနဲ့တော့လို့…’’ သူက မျက်ရည်များဖြင့်ဆက်ပြောသည်။
‘’ အိမ်စာတွေလုပ်လိုက်ပါ့မယ်…’’
ကျန်းယန်ရှန့် ပြုံးလိုက်မိသည်။
……………
‘’ ဘယ်မှာလဲ… သူတို့တွေ ဘယ်ရောက်ကုန်ပြီလဲ…’’
လျန့်ယင်းယင်းတစ်ယောက် အနောက်ဘက်ခြံသို့ အပြေးအလွှားရောက်လာချိန်တွင် ကျန်းယန်ရှန့်နှင့် ကျန်းရှို့ချန်တို့ နှစ်ယောက်လုံး မရှိတော့ပေ။ သူမ ဒေါသတကြီးဖြင့် လှည့်ပတ်ကြည့်ရင်း ဆံပင်တွေကိုဆွဲလိုက်မိသည်။ ခဏလောက်တွေးပြီးနောက် အိမ်ထဲသို့ အလောတကြီး ပြန်ဝင်သွားချိန်တွင် ကျန်းယန်ရှန့်နှင့် ထိပ်တိုက်တွေ့တော့သည်။
‘’ ရှို့ရှို့… နင် ရှို့ရှို့ကို ဘာလုပ်လိုက်လဲ.. ကျန်းယန်ရှန့်… ငါ နင့်ကိုပြောမယ်… နင် နောက်တစ်ခါ ငါ့သားကိုထိရဲထိကြည့်… နင်နဲ့ငါ လုံးဝ မပြီးပြတ်စေရဘူး…’’
လျန့်ယင်းယင်း ကျန်းယန်ရှန့်မျက်နှာကို လက်ညှိုးဖြင့်ထိုးရင်း အော်ဟစ်နေတော့သည်။ သူမ၏ လက်ချောင်းများသည် လှပနေပြီး လက်သည်းများမှာ ရှည်လျားလှသည်။ ထိုလက်သည်းများကို ခရစ်စတယ်များဖြင့် အလှဆင်ထားသည့်အတွက် တလက်လက်တောက်ပနေသည်။
ကျန်းယန်ရှန့် မျက်ခုံးပင့်လိုက်ရင်း လက်များကိုဆန့်ထုတ်လိုက်ကာ လျန့်ယင်းယင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အနောက်ဘက်သို့ကွေးချလိုက်သည်။
လျန့်ယင်းယင်း နာကျင်စွာဖြင့်အော်ဟစ်ရင်း ဒူးထောက်ထိုင်ကျသွားသည်။ သူမ၏လက်များမှ နာကျင်မှုများသက်သာစေရန် ကျန်းယန်ရှန့်၏လက်များနောက်သို့ သူမကိုယ်ကိုလိုက်လှည့်လိုက်ရင်း လှေကားပေါ်တွင် လဲကျသွားတော့သည်။
‘’ လွှတ်စမ်း… နင် ငါ့ကိုလွှတ်လိုက်စမ်း… အ…’’ နောက်ဆုံးစကားလုံးအပြီးတွင် သူမ ငိုသံပါလာတော့သည်။
‘ နာလိုက်တာ…’’
ကျန်းယန်ရှန့်က ထိုလက်များဆုပ်ကိုင်ထားရင်း မေးလိုက်သည်။
‘’ ဒီလက်တွေနဲ့ တခြားသူကိုလက်ညှိုးထိုးဖို့ ဘယ်သူက သင်ပေးထားတာလဲ… ရှင့် အမေလား…’’
လျန့်ယင်းယင်းအော်ဟစ်လိုက်သည်။
‘’ အ… နာတယ်.. နာတယ်လို့.. ငါ့ကိုလွှတ်…’’
‘’ ငယ်ငယ်လေးကတည်းက ကိုယ့်ကိုကိုယ်လေးစားတတ်ဖို့ အမေက ကျွန်မကိုသင်ပေးခဲ့တယ်… အဲ့ဒါကြောင့် တခြားသူက ကျွန်မကိုလက်ညှိုးငေါက်ငေါက်ထိုးတာမျိုး သည်းမခံနိုင်ဘူး… ‘’
ကျန်းယန်ရှန့် ဆက်ပြောလိုက်သည်။
‘’ ဒီလိုမျိုး ပညာမတတ်တဲ့အပြုအမူတွေ ဘယ်သူရှင့်ကိုသင်ပေးခဲ့လဲ ကျွန်မ ဂရုမစိုက်ဘူး… ရှင် နောက်တစ်ခါ အခုလိုမျိုးကျွန်မကို လက်ညှိုးထပ်ထိုးမယ်ဆိုရင် ဒီလက်တွေကိုအာမ မခံနိုင်ဘူး…’’
‘’ ကျွန်မ ရှင့်သားကို ဘာမှ ကြမ်းကြမ်းတမ်းတမ်းမလုပ်ထားဘူး… သူ့တင်ပါးကို နည်းနည်းပါးပါးပဲ ရိုက်လိုက်တာ…’’
‘’ကျွန်မ အဖေကပြောတယ် ရှင်က ရှင့်ကလေးတွေကို ဂရုမစိုက်နိုင်ဘူးဆိုမှတော့ ကျွန်မကိုပဲ ဒီကလေးတွေကိုထိန်းခိုင်းလိုက်တယ်… ကျွန်မလဲ သဘောတူလိုက်တယ်… ဒါကြောင့် ကျန်းရှို့ချန်နဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်နေတာ… သူ့ရဲ့အိမ်စာတွေကို မနက်တိုင်းပြီးအောင်လုပ်မှ နေ့လည်မှာ ကစားခွင့်ရှိမယ်.. သူလဲ သဘောတူတယ်… အခု ကျွန်မ အပြင်သွားမလို့… အပြင်ကပြန်ရောက်တာနဲ့ သူ့အိမ်စာတွေ မပြီးသေးဘူးဆိုရင် ကျွန်မ သူ့ကိုနောက်တခေါက် ထပ်ရိုက်ဦးမယ်… ‘’
ကျန်းယန်ရှန့် ပြောပြီးသည်နှင့် သူမလက်ကို လွှတ်ပေးလိုက်သည်။
လျန့်ယင်းယင်း ချက်ချင်း သူမလက်ကိုပြန်ဆွဲယူကာ နာကျင်မှုများကြောင့် အသက်ရှုချောင်အောင် ဆုပ်ကိုင်ထားလိုက်သည်။
ကျန်းယန်ရှန့်က သူမ နားမှဖြတ်ကာ အောက်ထပ်သို့ဆင်းသွားတော့သည်။
xxxxxxx
Part 28
လျန့်ယင်းယင်းသည် လက်မှနာကျင်မှုများကြောင့် နှပ်များပင်ထွက်လာတော့သည်။ သူမ အချိန်အတော်ကြာနာကျင်မှု့ကို ခံစားလိုက်ရသည်။
လျန့်ယင်းယင်းတုန့်ဆိုင်းနေပြီး အသက်ပြင်းပြင်းရှုသွင်းကာ တတိယထပ်သို့ တက်သွားချိန်တွင် ကျန်းယန်ရှန့်သည် တံခါးဝမှထွက်ခွာသွားပြီဖြစ်သည်။
ကျန်းရှို့ချန်သည် သူ၏အခန်းထဲတွင် အမှန်တကယ် အိမ်စာများကိုလုပ်နေပြီး အမေဖြစ်သူကို မြင်သောအခါ ပါးစပ်မှ ‘’ အမေ… သားအစ်မက သားကိုရိုက်တယ်…’’
နှစ်ကြိမ်ခန့် အရိုက်ခံပြီးနောက် သူ့ပါးစပ်မှ ကျန်းယန်ရှန့်အစား အစ်မ ဟုသောစကားထွက်ပေါ်လာတော့သည်။ ကျန်းယန်ရှန့်ဟုလည်း တိုက်ရိုက်မခေါ်ရဲတော့ပေ။
လျန့်ယင်းယင်း စိတ်မချမ်းမြေ့စွာဖြင့် ‘’ အမေ့ကို ပေးကြည့်ပါဦး…’’
ကျန်းရှို့ချန်၏ ဘောင်ဘီကိုချွတ်လိုက်ပြီး တင်ပါးဖြူဖြူလေးကိုစစ်ဆေးလိုက်ချိန်တွင် အနီရောင်အရှိုးရာလေးပင် မကျန်တော့ပေ။ ကလေးများ၏ သဘာဝအလျောက်ပြန်လည်ကောင်းမွန်နိုင်စွမ်းသည် အတော်လေး အားကောင်းလှသည်။
လျန့်ယင်းယင်း ‘’ ….. ‘’
လျန့်ယင်းယင်း အတော်လေး မုန်းတီးလာမိသည်။ မည်သည့်လက်ရာခြေရာမှ မကျန်ခဲ့သည့်အတွက် ကျန်းဟွမ်ကိုသာ သူမတိုင်ကြားလိုက်ပါက အဆင်ပြေပါတယ် ဆိုသည့်စကားသာ ပြန်ကြားရမည်ဖြစ်သည်။
‘’ အမေ… သားအိမ်စာတွေ မလုပ်ချင်ဘူး… အစ်မက သားကိုအိမ်စာတွေအတင်းလုပ်ခိုင်းသွားတယ်… ပြီးတော့ သားအိမ်စာတွေမပြီးရင် ရိုက်မယ်လို့လဲပြောသွားတယ်…’’ ကျန်းရှို့ချန် လျန့်ယင်းယင်းလက်ကို ဆွဲယမ်းနေရင်း တိုင်တန်းတော့သည်။
‘’သူမ လုပ်ရဲတယ်ပေါ့လေ…’’ လျန့်ယင်းယင်း ဆူပူလိုက်သည်။
‘’ သူမကိုမကြောက်နဲ့နော်… အမေ က သားကိုနောက်ထပ် အရိုက်မခံတော့ဘူး…’’
ကျန်းရှို့ချန် မျက်လုံးများတောက်ပလာပြီး ‘’ ဒါဆို ဒီနေ့အပြင်မထွက်နဲ့တော့နော်… အိမ်မှာ သားကို ကာကွယ်ပေးရမယ်…’’
လျန့်ယင်းယင်း နင်သွားသည်။
‘သူမ ဘယ်လိုလုပ်ပြီး မထွက်လို့ရမလဲ… ‘
‘’ အမေက သားရဲ့ ဒေါ်လေးလီဆာနဲ့ ချိန်းထားတယ်…’’
သူမ စကားမဆုံးခင်မှာပင် ကျန်းရှို့ချန်က ကြားဖြတ်ပြောလိုက်သည်။
‘’ အမေအပြင်ထွက်တာနဲ့ အစ်မက သားကိုရိုက်လိမ့်မယ်… အမေ့ကို အပြင်သွားခွင့်မပေးဘူး…’’
သူက လျန့်ယင်းယင်း ညအိပ်ဝတ်စုံကို တင်းကြပ်စွာဆွဲထားလိုက်သည်။
ညအိပ်ဝတ်စုံသည် အလွန်တိုပြီး သူမ၏တင်ပါးများကိုဖုံးအုပ်ရုံသာရှိသည်။ ဆွဲထားသည့်အားကြောင့် လျန့်ယင်းယင်း၏ အတွင်းခံများပေါ်လာတော့သည်။
တကယ်တမ်း ခါတိုင်း သူမ အောက်ထပ်သို့ဆင်းလာလျင် ပိုးသားညအိပ်ဝတ်စုံကို ဝတ်ဆင်ပြီးမှာ ဆင်းလာနေကျဖြစ်သည်။ သို့သော် ဒီနေ့မှာတော့ သူမ အရမ်းဒေါသထွက်သွားသည့်အတွက် အကျီမလဲနိုင်တော့ဘဲ အောက်ထပ်သို့ တိုက်ရိုက်ဆင်းလာခဲ့မိသည်။
ကံကောင်းစွာဖြင့် ဒီအိမ်တွင် တခြားယောကျာ်းသားများမရှိပေ။ ကျန်းရှို့ချန်သည်လည်း ငယ်ရွယ်သေးသည်။
သို့သော် သူမဘေးရှိ့ အန်တီဝမ်မှာ တဖက်သို့ မျက်လုံးကိုအသာလှည့်လိုက်ရသည်။ သူမ စိတ်ထဲမှလဲအတင်းတုပ်လိုက်မိသည်။ ‘ ဒါကြိးက အရမ်းကို မသင့်တော်ဘူးနော်…
ကျန်းရှို့ချန်သည် လျန့်ယင်းယင်းကို အပြင်ထွက်ခွင့်မပေးသည့်အတွက် သူမ အတော်လေးစိတ်တိုလာပြီး သူ့တင်ပါးကို နှစ်ချက်ခန့်ရိုက်လိုက်ကာ ‘’ လွှတ်လိုက်စမ်း… ဟုတ်ပြီလား… သားအမေက လုပ်စရာရှိနေတာကို မသိဘူးလား… ကိုယ့်အလုပ်ကိုယ်လုပ်လေ… ဒီကိုလာ.. အိမ်စာတွေလုပ်တော့…’’
ဒီနေ့သည် ကျန်းရှို့ချန်၏ ကံဆိုးသည့်နေ့တစ်ရက်ပင်ဖြစ်သည်။ ဒီမိသားစုထဲမှ အမျိုးသမီးများ ဘာဖြစ်သွားသည်ကို သူ နားမလည်နိုင်ပေ။ နှစ်ယောက်လုံးက သူ့တင်ပါးကိုရိုက်ပြီး အိမ်စာလုပ်ရန် တွန်းအားပေးကြသည်။ ကျန်းရှို့ချန် ငိုလျက်ဖြင့် မြေပေါ်သို့လှဲချလိုက်ပြီး ပြန်ထရန်ငြင်းဆိုတော့သည်။
ထိုသို့ဆိုလျင် လျန့်ယင်းယင်းတစ်ယောက် အပြင်သို့သွားမည်ကို သူ တားနိုင်ပေလိမ့်မည်။
သို့သော် လျန့်ယင်းယင်းက အန်တီဝမ်ကိုခေါ်ကာ ‘’ သူ့ကိုဂရုစိုက်လိုက်ဦး…. အကြာကြီး မငိုစေနဲ့…’’
သူမ နာရီကိုကြည့်လိုက်ပြီး အလောတကြီးဖြင့် ‘’ ကျွန်မနောက်ကျတော့မယ်… အခုချက်ချင်း မိတ်ကပ်သွားပြင်မှပဲ…’’
သူမ အပေါ်ထပ်သို့ အလှပြင်ရန် အလောတကြီးဖြင့် တက်သွားတော့သည်။
ကြမ်းပေါ်တွင် လှဲချနေသည့် ကျန်းရှို့ချန်တစ်ယောက် သူ့အမေကိုကြည့်ပြီး အော်ဟစ်လိုက်တော့သည်။
ထိုကဲ့သို့ ငိုနေခြင်းကို အသားကျနေသည့် အန်တီဝမ်သည် စိတ်မရှည်တော့ပေ။ သူမက ဘေးတွင်ထိုင်လျက် ဆွယ်တာတစ်ထည်ကိုထိုးနေရင်း ‘’ သား မြန်မြန်လုပ်ရမယ်နော်… မဟုတ်ရင် သားအစ်မကြီးက နေ့လည်မတိုင်ခင်စာတွေအပြီးရေးတာကို စစ်ဆေးဖို့ အစ်မလတ်ကို မှာထားခဲ့တယ်… တကယ်လို့ မပြီးဘူးဆိုရင် အစ်မလတ်က အစ်မကြီးကိုတိုင်လိမ့်မယ်နော်… အဲ့ဒါဆို အစ်မကြီးက သားကို နောက်တစ်ခေါက်ထပ်ရိုက်လိမ့်မယ်…’’
ကျန်းရှို့ချန်က ‘’ သားအမေပြောသွားတယ်.. သူမလုပ်ရဲဘူးတဲ့…’’
အန်တီဝမ်က ‘’ သူမက သားကို မနေ့ကရော ဒီနေ့ရော နှစ်ခါတောင်ရိုက်ပြီးနေပြီနော်… နောက်တစ်ခေါက်ထပ်မရိုက်ဘူးလို့ ထင်နေတာလား…’’
‘’ သားသိပါတယ်… သားအမေ အိမ်မှာရှိနေတာတောင်မှ သားအရိုက်ခံနေရတာပဲကို… အဲ့ဒါကြောင့် အခုလိုက အသုံးမဝင်ဘူးနော်… ‘’
ကျန်းရှို့ချန် အော်ဟစ်နေသည်ကို ရပ်လိုက်တော့သည်။ ‘’….’’
‘’ မြန်မြန်လေး… ဘယ်အချိန်တောင်ရှိနေပြီလဲ ကြည့်ဦး… တရုတ်စာ, သချာ် နဲ့ အဂ်လိပ်စာ သုံးခုတောင် ပြီးဖို့လိုသေးတယ်… ပြီးတော့ အန်တီလဲ သားအတွက် ကူမရေးပေးရဲတောဘူး… သားအစ်မကြီးကပြောတယ်… အဲ့ဒါက ပြစ်မှုတစ်ခုတဲ့… အန်တီသာ သားကိုထပ်ကူမယ်ဆိုရင် ရဲစခန်းကို အပို့ခံရတော့မှာပဲ… အိုး… ကြောက်စရာကြီး… အဲ့လိုလူကြီးကော ကလေးကောကို အခန်းထဲမှာ သောပိတ်ထားပြီး ရဲတွေက အိမ်စာပြီးတဲ့အထိစောင့်ကြည့်နေတယ်လို့ ကြားဖူးတယ်…’’
ကျန်းရှို့ချန် ‘’…..’’
အန်တီဝမ်က ခါးသက်စွာဖြင့် တီးတိုးပြောလိုက်သည်။
‘’ သားဒီလိုသာ ဆက်ပြီးလှဲနေမယ်ဆိုရင်… သား တာ့ကျဲက မကြာခင်ပြန်လာတော့မှာနော်… မြန်မြန်ထလိုက်တော့..’’’
နောက်ဆုံးတွင် ကျန်းရှို့ချန် ဒေါသတကြီးဖြင့် ထလာသည်ကို အန်တီဝမ် ထူးဆန်းစွာတွေ့လိုက်ရသည်။ အတိတ်တုန်းကဆိုလျင် ကျန်းရှို့ချန် ယခုလိုလျင်မြန်စွာနာခံလာအောင် မည်သူမျှ မစွမ်းဆောင်နိုင်ပေ။
‘ဒီ ကျန်းယန်ရှန့်ကတော့ အတော်လေးအင်အားကြီးတာပဲ…’
သူမ တစ်ရှုးတစ်ခုယူကာ ကျန်းရှို့ချန်၏ မျက်ရည်နှင့် နှပ်များကို သုတ်ပေးလိုက်သည်။
‘’ မြန်မြန်လေး ရေးတော့နော်…’’
…………..
လျန့်ယင်းယင်း သူမ မျက်နှာသစ်ပြီးနောက် အဝတ်အစားလဲကာ မိတ်ကပ်ပြင်လိုက်သည်။ သူမသည် တန်ဖိုးကြီးသည့် အိတ်ကိုသယ်ကာ စိတ်အားထက်သန်စွာဖြင့် အပြင်သို့ထွက်လာသော်လည်း ကားကိုသာတွေးပြီး ဒရိုင်ဘာမှာ ပျောက်နေလေသည်။ ထိုဒရိုင်ဘာသည် သူမ နေ့စဉ်သွားသည့်အချိန်ကို သိပြီးဖြစ်သည့်အတွက် ဒီအချိန်ဝန်းကျင်ဆိုလျင် တံခါးဝတွင် စောင့်နေကျဖြစ်သည်။
လျန့်ယင်းယင်း အနည်းငယ်စိတ်တိုသွားပြီး ဖုန်းထုတ်ကာ ဒရိုင်ဘာကိုဆက်လိုက်သည်။
‘’ ဟေး… ရှောင်ကျိုး… ရှင် ဘယ်မှာလဲ… ကားဆီကို မြန်မြန်လာတော့… ကျွန်မ အလျင်လိုနေပြီ…’’
ဖုန်းတဖက်မှ ဒရိုင်ဘာက ကူကယ်ရာမဲ့စွာဖြင့် ‘’ မစ်ယန်ယန်က တစ်နေရာရာကို လိုက်ပို့ခိုင်းနေလို့…’’
ပြောရင်းဖြင့် မသိစိတ်က နောက်ကြည့်မှန်ကို လှမ်းကြည့်လိုက်မိသည်။
အနောက်ခုံတွင်ထိုင်နေသည့် မိန်းကလေးသည် သူ့အားစိုက်ကြည့်နေသည်။ သူမသည် အလယ်တန်းကျောင်းသူတစ်ဦးဖြစ်သော်လည်း သူမ’ အကြည့်များသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းနေလေသည်။
ရှောင်ကျိုး သူ့အကြည့်ကို အလျင်အမြန်ရုတ်သိမ်းရင်း ဖုန်းဆက်ပြောလိုက်သည်။
‘’ ဗျာ… အခုလား… မရဘူးထင်တယ်… ကျွန်တော်တို့ မရောက်သေးဘူး… ဘယ်လောက်ကြာမှာလဲ… ကျွန်တော်လဲ မသိဘူး’’
အနောက်ထိုင်ခုံမှ မိန်းကလေးသည် ရုတ်တရက် အေးစက်စွာဖြင့်ပြောလိုက်သည်။
‘’ သူမဘာသာ ကားမောင်းသွားဖို့ပြောလိုက်… ကျွန်မ ဒီနေ့ ကားသုံးဖို့ရှိတယ်…’’
သူမ၏ ပြန်လည်မွေးဖွားခြင်းကြောင့်သာမဟုတ်လျင် ဆယ်ကျော်သက်အရွယ်သာရှိသေးသော ကျန်းယန်ရှန့်သည် အိမ်ရှိ ဝန်ထမ်းများအားလုံးက သူမပေါ် အလေးအနက်မထားသည်ကို သိမည်မဟုတ်ပေ။
အန်တီဝမ်သည် သူမနှင့်အမြဲတမ်းလိုလို အကွာအဝေးတစ်ခုမှာရှိနေပြီး သူမအပေါ်တွင် ပေါ့ပေါ့တန်တန် သဘောထားသည်။ အတိတ်တုန်းကဆိုလျင် သူမသည် လျန့်ယင်းယင်းနှင့် ကျန်းရှို့ချန်တို့အား စကားမပြောချင်သည့်အတွက် အန်တီဝမ်ကိုလည်း စကားသိပ်မပြောခဲ့ပေ။ ထို့ကြောင့် သူမအားလုံးကို ဂရုမစိုက်ခဲ့ပေ။ ပြန်လည်မွေးဖွားပြီးနောက်မှသာ တစ်ခုခုမှားယွင်းနေမှန်း သူမ သတိထားလိုက်မိသည်။
ဒီနေ့ သူမ အပြင်သို့ထွက်လိုက်သည်နှင့် အသက် ၁၅ နှစ်သာရှိသေးသည့်သူမကိုယ်သူမ သတိထားမိသွားပြီး ကားမောင်းလိုင်စင်မရှိသေးပေ။ ထို့ကြောင့် တခါးဝတွင် ကားရပ်ထားပြီးသားရှိပြီး ဆေးလိပ်သောက်နေသည့် ဒရိုင်ဘာကိုမြင်သောအခါ သူမ ကားသုံးမည်ဖြစ်ကြောင်းပြောလိုက်သည်။
သိုသော်လည်း ဒရိုင်ဘာမှ သူမအား ငြင်းဆန်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
xxxxxx