Part 29
"ဆရာကတော် လျန့် က ဒီကားကို နေ့တိုင်းသုံးပါတယ်..."
ကားဒရိုင်ဘာက ပြောလိုက်သည်။ သူသည် အသက် ၂၀ အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ၎င်း၏ မျိုးရိုးအမည်မှာ ရှောင် ဖြစ်သည်။ ယေဘူယျအားဖြင့် ယာဉ်မောင်းအဖြစ် လုပ်ကိုင်သူများသည် အထက်တန်းကျောင်း ဒီပလိုမာ ရရှိထားကြသည်။
ကျန်းဟွမ် ၏ရှေ့တွင် သူသည် ယဉ်ကျေးသိမ်မွေ့ပြီး လေးစားဖွယ်ကောင်းလှသည်။
"ဦးရာ လူစနစ်လေ...." သူမက
“သူမ အပြင်မထွက်သေးဘူး မဟုတ်လား...ဒါဆို ကျွန်မအရင်သုံးမယ်..."
“အဲ့ဒီလို လုပ်လို့မရပါဘူး...မမလေး...”
ရှောင်ကျိုး က ပြုံးပြီး
"ကျွန်တော် အဆူခံရလိမ့်မယ်..."
အသက် 15 နှစ်အရွယ် ကျန်းယန်ရှန့် က ထိုအရာကို မသိသော်လည်း အသစ်မွေးဖွားလာသည့် ကျန်းယန်ရှန့် က ဘယ်လိုကိုင်တွယ်ရမည်ကို သဘောပေါက်သည်။
ရှောင်ကျိုး ကိုလည်း လျန့်ယင်းယင်း က ခေါ်ထားခြင်း ဖြစ်သည်။ ကျန်း မိသားစု၏ ကားမောင်းသူသည် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ပြီး သူ့မျက်စိရှေ့တွင် ကျန်းယန်ရှန့် အရွယ်ရောက်လာခဲ့သည်။ကျန်းမိသားစု နှင့် အလွန်ရင်းနှီးသည်။
ဒရိုင်ဘာအဟောင်းသည် ကျန်းယန်ရှန့် ကို အကြိမ်ပေါင်းများစွာ ဦးစားပေးခဲ့ပြီး လျန့်ယင်းယင်းကို ဦးစားမပေးခဲ့ပေ။ထို့ကြောင့် လျန့်ယင်းယင်း က ကျန်းဟွမ် ကို အလုပ်ထုတ်ခိုင်းလိုက်ပြီး နောက်ထပ် ကားဒရိုင်ဘာကို ခေါ်ယူလိုက်သည်။
ကျန်းယန်ရှန့် သည် ထိုအချိန်က ငယ်ရွယ်သေးပြီး ဤကိစ္စနှင့် ပတ်သက်၍ သူမ ဘာမှ မလုပ်နိုင်ခဲ့ပေ။ ထိုအချိန်က လျန့်ယင်းယင်း ၏ လုပ်ရပ်များကို သူမ နားမလည်ခဲ့ပေ။
ယခု သူမသည် အရာရာကို အပြည့် အဝ သဘောပေါက်နေပြီ ဖြစ်သည်။ဤမိသားစုရှိ ၀န်ထမ်းများထဲတွင် အန်တီလော သာ သူမ၏ နှလုံးသားထဲတွင် အမှန်တကယ် ချစ်ခင်လေးစားရသူဖြစ်သည်။အခြား အတွေ့အကြုံနည်းသော ဝန်ထမ်းများသည်လည်း လျန့်ယင်းယင်း ကို မျက်စိစုံမှိတ်၍ လစ်လျူရှုနေရသည်။
"ကျွန်မတို့မိသားစု ငှားထားတဲ့ ယာဉ်မောင်းက ကျွန်မကို ကားသုံးခွင့်မပေးဘူးလား...."
သူမက ရှောင်ကျိုး ကို စိုက်ကြည့်ပြီး
"ဒါဆို ရှင် အလုပ်ပြုတ်နိုင်တယ်..."
ရှောင်ကျိုး ထိတ်လန့်သွားသည်။
ကျန်း မိသားစုတွင် သူမသည် ဒေါသကြီးသည်ဟု ကြားဖူးသော်လည်း ရှောင်ကျိုး သည် ၎င်းကို မတွေ့ကြုံရသေးပေ။ရှောင်ကျိုး သည် သူမအား ကျောင်းသို့ လာကြိုသည် မှလွဲ၍ သူမနှင့် အခြားဆက်ဆံမှုမျိုး မရှိပေ။
ကျန်းယန်ရှန့် သည် အလယ်တန်း တက်ပြီးနောက် မိထွေးနှင့် တစ်ကားတည်း စီးရခြင်းကို မုန်းတီးသောကြောင့် ရှောင်ကျိုးကို မခေါ်ဘဲ အခြားကားကိုသာ သုံးလေ့ရှိသည်။
ထို့ကြောင့် ရှောင်ကျိုး သည် သူမနှင့် ဆက်ဆံမှုနည်းသည်။သူမသည် စကားအများကြီး မပြောတတ်သူ ဖြစ်ပြီး ဝန်ထမ်းများအပေါ် သဘောထားကောင်းသူလည်းဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် သူမသည် ကျန်းရှို့ချန် ထက် သဘောထား များစွာ ကောင်းသည်။
ကျန်းယန်ရှန့် သည် သူမ၏ ဆဲလ်ဖုန်းကို ထုတ်ယူပြီးပြီ
" မင်းရဲ့ လစာကို ကျွန်မ အဖေကို တောင်းပေးမယ်...ရှင်အလုပ်ထွက်နိုင်ပြီ... "
ရှောင်ကျိုး အံသြသွားသည်။ကျန်းယန်ရှန့် သည် ကျန်းမိသားစု၏ သမီးကြီး ဖြစ်၍ ကားအတွက် တောင်းဆိုပိုင်ခွင့်ရှိသည်။
"ခဏလေး...မမလေး...ခဏလေး..." ရှောင်ကျိုး က သူ့သဘောထားကို ပြောင်းလဲလိုက်ပြီးချက်ချင်းပြောလိုက်သည်။
"မမလေး ဘယ်သွားမလို့လဲ...စက်နှိုးတော့မှာမို့ ခဏစောင့်ပါ...လေအေးပေးစက်အရင် ဖွင့်ပေးပါမယ်..."
ကျန်းယန်ရှန့် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဆဲလ်ဖုန်းကို ပိတ်လိုက်ပြီး ကားထဲသို့ ဝင်ထိုင်လိုက်၏။
လမ်းတွင် လျန့်ယင်းယင်း က ဖုန်းဆက်လာ၏။ရှောင်ကျိုး က ကျန်းယန်ရှန့် ၏ ဒေါသကို သိပြီးပြီမို့ သတ္တိကို စုစည်းလိုက်ပြီး
"မမလေးယန်ယန် က ကားကို ဒီနေ့ သုံးမယ်လို့ ပြောပါတယ်...ဆရာကတော်ကိုယ်တိုင် ကားမောင်း....."
လျန့်ယင်းယင်း ၏ အသံက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
နောက်တွင်ထိုင်နေသော ကျန်းယန်ရှန့် သည် ဆဲလ်ဖုန်းမှ လျန့်ယင်းယင်း ၏ ဆဲဆိုသံကို ပီသစွာ ကြားလိုက်ရသည်။
"ဖုန်းချလိုက်တော့..." ကျန်းယန်ရှန့် က ပြောသည်။
ရှောင်ကျိုး က နောက်ကြည့်မှန်ထဲကို ကြည့်လိုက်လျှင် နက်မှောင်သည့် မျက်လုံး တစ်စုံကို တွေ့လိုက်ရလေ၏။
ရှောင်ကျိုးက လျန့်ယင်းယင်းကို ပြောလိုက်သည်။
"ဆရာကတော်...ကျွန်တော် အခု ကားမောင်းလိုက်ပါဦးမယ်...ကျွန်တော်် ဖုန်းဖုန်းချလိုက်ပါတော့မယ် ခင်ဗျာ..."
ကျန်းယန်ရှန့် က အပြင်ဘက်ကိုသာလှမ်းကြည့်နေလေ၏။
သူမသည် လွန်ခဲ့သော ခြောက်နှစ်က အချိန်ကို ပြန်လည် မွေးဖွားခဲ့ပြီး ယခင်ဘဝကပင် အရာအားလုံး တူညီနေသည်။
ထို့နောက် သူမ ရုတ်တရက် တစ်ခုခုကို တွေးမိပြီး
"ကျန့်ရှယ် လမ်းမ ကို အရင်မောင်းပါ...."
ရှောင်ကျိုး က
"ကျန့်ရှယ်လမ်းက ဘယ်နေရာကို သွားမှာလဲ..."
ကျန်းယန်ရှန့် က နေရာကိုအတည်တကျ မပြောပေ။
"အဲ့ဒီကို မောင်းသာမောင်းပါ...."
ရှောင်ကျိုး သည် သူမပြောသည့်အတိုင်း ကျန့်ရှယ် လမ်းမ သို့မောင်းလိုက်သည်။
သူတို့ ထိုလမ်းကို ရောက်သည့်အခါ ရပ်ရမည့်နေရာကို မသိပေ။
ထို့ကြောင့် သူက “ကျွန်တော်တို့ ကျန့်ရှယ် လမ်းမထဲကို ရောက်နေပါပြီ...”ဟု သတိပေးပြီး အရှိန်လျှော့လိုက်သည်။
ကျန်းယန်ရှန့် က ကားပေါ်ကနေ မဆင်းဘဲ
“ဆက်မောင်းလိုက်ပါ...”
ရှောင်ကျိုး အံ့အားသင့်သွားကာ အရှိန်ပြန်မြှင့်ကာ ကျန့်ရှယ် လမ်းတစ်ဖက်မှ အခြားဖက်သို့ မောင်းနှင်သွားသည်။ ကျန်းယန်ရှန့် က အပြင်ကို လှမ်းကြည့်လိုက်သည်။ အဆောက်ဦးနှစ်ခုကြားတွင် ဆယ်ထပ်တိုက်တစ်လုံးကို သူမမြင်လိုက်ရသည်။သို့သော် ထိုအဆောက်အအုံ၏ မျက်နှာစာသည် ယခုအခါ အနည်းငယ် ရှေးရိုးဆန်နေပြီး သာမန်ဈေးဝယ်စင်တာ တစ်ခုမျှသာ ဖြစ်သည်။နောက်ပိုင်းတွင် ကေမြို့ တွင် ရေပန်းစားလာမည့် ကျင်းတင်း KTV သည် ယခုအချိန်တွင် ဖွင့်လှစ်ခြင်းမရှိသေးပေ။
ရှောင်ကျိုး သည် နောက်ကြည့်မှန်မှ ကျန်းယန်ရှန့် ၏ အရိပ်အခြည်ကိုကြည့်ရင်း ဖြည်းညှင်းစွာ မောင်းလာသည်။
ယခုအချိန်တွင် ကျန်းယန်ရှန့် သတိရမိသည်မှာ သူမ,မသေဆုံးမီက သူမနှင့် အတူရှိခဲ့သော သူစိမ်းတစ်ယောက်ဖြစ်ပြီး သူမ၏လက်ကို ဆုပ်ကိုင်ကာ ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည့် သူ ဖြစ်သည်။
ထို့နောက် သူမ၏ ဝိညာဉ် ကွဲကွာသွားသောအခါ သူ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုလူငယ်လေးသည် အသက် ၂၀ ဝန်းကျင်ရှိမည်ထင်ရပြီး သွယ်လျသော မျက်နှာ နှင့် အလွန်ချောမောသူ ဖြစ်သည်။
သူမကို သနားစိတ်များ ပြည့်နေသော မျက်ဝန်းများဖြင့် ငေးကြည့်နေလေ၏။
ကျန်းယန်ရှန့် သည် သူ့မျက်နှာကို နှလုံးသားထဲတွင် အခိုင်အမာ မှတ်မိနေသည်။
"မမလေးယန်ယန် ကျန့်ရှယ် လမ်းဆုံးရောက်နေပြီ..."
ရှောင်ကျိုး သည် လမ်းဆုံးလုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရသောအခါတွင် သူမကို လှမ်းပြောလိုက်သည်။
ကျန်းယန်ရှန့် က သတိ ပြန်ဝင်လာပြီး
"ကောင်းပြီ မူလ နေရာကို သွားကြရအောင်...."
သူမသည် ကျန့်ရှယ် လမ်းမ သို့ လှည့်ပတ်မောင်းနှင်ရန် တောင်းဆိုခဲ့သည်။ ရှောင်ကျိုးသည် ဘယ်လို နားလည်ရမှန်း မသိတော့ပေ။
ကျန်းယန်ရှန့် သည် ထိုနေ့က အိမ်တွင် ညစာမစားပေ။သူမပြန်လာသောအခါ ကျန်းဟွမ် ရောက်နှင့်နေပြီ ဖြစ်သည်။
သူမ ကိုမြင်လျှင် သူက
"သမီး...ပြန်လာပြီလား...ဘယ်သွားခဲ့တာလဲ...စားပြီးပြီလား..."
“ဟုတ်ကဲ့....”
ကျန်းယန်ရှန့် သည် အလယ်တန်းကျောင်းသူတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး မိဘများ၏ ထိန်းချုပ်မှုမှ လုံးဝလွတ်မြောက်ရန် အချိန်မရောက်သေးပေ။ထို့ကြောင့် အဖေဖြစ်သူက ဘယ်သွားသလဲ ၊ဘာလုပ်သလဲ ဟု မေးခြင်းသည် သဘာဝကျ၏။
သူမက ရှင်းပြလိုက်သည်။
" ကျွန်မ ဈေးဝယ်ထွက်ပြီး လက်ဝှေ့လေ့ကျင့်ဖော် အသစ်ရှာခဲ့တယ်....”
သူမသည် ယခင်ဘဝက တွဲဖက်အဖော်ကို ရှာဖွေနခဲ့သည်။
အရင်က သူ့ဖုန်းနံပါတ်ကို ဆဲလ်ဖုန်းထဲတွင် သိမ်းဆည်းထား၍ လိုအပ်လျှင် သူ့ကို တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ယခု ပြန်လည်မွေးဖွားလာချိန်၌ သူမ၏ ဆဲလ်ဖုန်းတွင် ထိုအဖော်ကို ဆက်သွယ်ရန်နံပါတ်မရှိသောကြောင့် သူမကိုရှာရန် သွားခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူ့ကိုတွေ့ခဲ့သည်။
အလယ်တန်းကျောင်းသူက လက်ဝှေ့ထိုးမည်ဖြစ်၍ သူက အနည်းငယ် အံ့သြသွားသော်လည်း ကျန်းယန်ရှန့် က ပိုက်ဆံ တတ်နိုင်သည့်အတွက် ကျေနပ်စွာ လက်ခံလိုက်သည်။
"အို..သမီးရဲ့ လေ့ကျင့်မှု အတွက် တကယ် ကောင်းပါတယ်..."
ကျန်းဟွမ် က ပြောလိုက်သည်။
"အစ်မ ပြန်လာပြီလား"
ကျန်းဟယ်လင်း သည် အပေါ်ထပ်မှ ပြေးဆင်းလာကာ ကျန်းယန်ရှန့် နှုတ်ဆက်လိုက်သည်ယ
"ရှို့ရှို့ က စာရေးတာ အရမ်း နှေးတာပဲ... သူ နေ့လည်စာစား ပြီးတာနဲ့ အိမ်စာတွေ ပြီးသွားတယ်...ညီမ အိမ်စာ အားလုံးကို စစ်ဆေးခဲ့ပြီး သူ့အမှားကိုလည်း ထောက်ပြခဲ့တယ်..."
"တစ်ခြား ဘာများရှိသေးလဲ..."
"အစ်မက သူ့ကို ရိုက်မှာကြောက်လို့ သူ့အခန်းထဲက မထွက်ရဲဘူး...."
ကျန်းဟယ်လင်း က ကြည်နူးစွာပြောလိုက်သည်။
xxxxxxxx
Part 30
"ယန်ယန်...သမီး ဒီနေ့ ရှို့ရှို့ ကို ထပ်ပြီး ရိုက်ခဲ့သေးလား..."
ကျန်းဟွမ်ကမေးလိုက်သော်လည်း စိတ်မဆိုးဘဲ ပြုံးနေ၏
"သူ့ကို မနာကျင်စေပါဘူး...နွေရာသီအားလပ်ရက်မှာ မနက်တိုင်း အိမ်စာလုပ်ပြီး နေ့လည်မှာ ကစားဖို့အတွက် စည်းမျဉ်းတွေ ချမှတ်ထားလိုက်တယ်..."
ကျန်းဟွမ် သည် ကျန်းဟယ်လင်း ထံမှ အရာအားလုံးကို သိထားပြီးဖြစ်သည်။ အကြီးဆုံးသမီး၏ ပြောင်းလဲမှု သို့မဟုတ် သားထွေး၏ အပြောင်းအလဲကြောင့်ပင် အံ့သြဝမ်းသာဖြစ်ကာ စိတ်အခြေနေကောင်း နေသည်။
“ကောင်းတယ်...အရမ်းကောင်းတယ်...သမီး အခု တကယ့်ကို အစ်မတစ်ယောက် ဖြစ်နေပြီပဲ..."
ကျန်းဟွမ်၏ စိတ်ဓာတ်ကို နားလည်ပြီးနောက် ကျန်းယန်ရှန့် သည် ကျန်းဟွမ် နှင့် စကားပြောရန် စိတ်မ၀င်စားတော့ပေ။
သူမ အေးဆေးစွာသာတုံ့ပြန်လိုက်သည်။
"သမီး...အပေါ်ထပ် တက်တော့မယ်...."
လှေကားထိပ်သို့ မရောက်မီ လျန့်ယင်းယင်း ဆင်းလာသည်။ လျန့်ယင်းယင်း သည် ကျန်းယန်ရှန့် ကို စိုက်ကြည့်နေသည်။ ကျန်းယန်ရှန့် က သူမကို ဖျတ်ခနဲ တစ်ချက်သာကြည့်လိုက်သည်။
"အစ်မ...ညီမကိုစောင့်ပါဦး...."
ကျန်းဟယ်လင်း သည် အပေါ်ထပ်သို့ လိုက်သွားသည်။
လျန့်ယင်းယင်း က သူမကို လှမ်းဆွဲလိုက်ရင်း ဆူပူလိုက်သည်။
"ဘာလို့ သူ့နောက်လိုက်နေတာလဲ..."
သို့သော်ကလေးမလေးက သူမ၏ပခုံးကို ရှောင်လိုက်ပြီး ဘေးမှ ပြေးသွားသည်။
ထို့နောက် လျန့်ယင်းယင်း က ကျန်းဟွမ် ထံသို့ ဆင်းလာခဲ့သည်။
"ဒီမိသားစုရဲ့သမီးကြီးက ဘာလို့ ဒီလောက် နောက်ကျနေတာလဲ...."
သူမသည် ကျန်းဟွမ် ၏ပခုံးများကို နှိပ်နယ်လိုက်ပြီး
"ရှင့်သမီးက အခုဆို အပျိုလေးဖြစ်နေပြီ...အပြင်မှာ သူ့ရည်းစားနဲ့တွေ့လာတားမှ မသိတာ..."
“မဟုတ်ဘူး...”
ကျန်းဟွမ် က ချက်ချင်း ငြင်းဆိုလိုက်ပြီး
"ယန်ယန် က လက်ဝှေ့လေ့ကျင့်ဖို့ ထွက်သွားတာ..."
သူ့စိတ်ထဲတွင်ကျန်းယန်ရှန့် ၏ ပညာရေး စွမ်းဆောင်ရည်မှာ မူလတန်းကျောင်းကဲ့သို့ မကောင်းမွန်ခဲ့သော်ငြားလည်း သူမသည် ဖြူစင်သည့် ကလေးအဖြစ် ရှိနေသေးသည်။
လျန့်ယင်းယင်း သည် အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူမက မကျေမနပ် ညည်းညူရင်း
"သူမက ဒရိုင်ဘာနဲ့ အပြင်ထွက်ပြီး ခုမှ ပြန်လာတာ....သူမက ကားကို တစ်နေကုန် ယူထားတော့ ကျွန်မမှာ ကားတစ်စီးမှ စီးစရာ မရှိဘူး...”
"အိမ်မှာ တခြားကားမရှိဘူးလား...မင်းကိုယ်တိုင်မောင်း...လေ....မင်းမှာ ယာဉ်မောင်းလိုင်စင် လည်းရှိရဲ့သားနဲ့....”
လျန့်ယင်းယင်း က အထွန့်တက်လိုက်၏။
“ကျွန်မကိုယ်တိုင် ကားမောင်းရတာထက် ယာဉ်မောင်းတစ်ယောက်ရှိတာက ပိုအဆင်ပြေတယ်..ပြီးတော့ ဈေးဝယ်ထွက်တဲ့ အခါမှာလည်း အိတ်တွေကို သယ်ခိုင်းလို့ရတယ်....”
ကျန်းဟွမ်သည် လျန့်ယင်းယင်း၏ သဘောထားကို လုံးဝ နားလည်သည်။သူမ၏ သူငယ်ချင်းများရှေ့တွင် ကားဒရိုင်ဘာကို အစောင့်အကြပ်ကဲ့သို့ သဘောထားချင်သူ ဖြစ်သည်။
သူက ခဏလောက်စဉ်းစားပြီး
"ယန်ယန် က အခု အသက်ကြီးလာပြီ...အရင်ကထက် မကြာခဏ အပြင်ထွက်ရလိမ့်မယ်...သူမ ကိုယ်တိုင် ကားမမောင်းနိုင်တဲ့ အတွက် အိမ်မှာရှိတဲ့ ကားသမားက သူမ နောက်ကို အနီးကပ်လိုက်မှ ရမယ်...”
လျန့်ယင်းယင်း ဒေါသထွက်ချိန်မရခင်မှာ သူဆက်ပြောလိုက်သည်။
“မင်းမှာ ယာဉ်မောင်းလိုင်စင်ရှိတယ်... အိမ်က ကားက မလှဘူး ထင်လို့လား... ဒါဆို မင်း ဖရာရီ အသစ်တစ်စီး ဝယ်လိုက်...."
လျန့်ယင်းယင်း ဝမ်းသာသွားသည်။
သူမ ကိုယ်ပိုင် ဖရာရီ တစ်စီးရှိရင် မောင်းရတာ ဘယ်လောက်ဂုဏ်သိက္ခာရှိလိမ့်မလဲ....
"လှတာပဲ လိုချင်တာ..."
"ငါသိပါတယ်....မင်း ကားကို နောက်မှ ကိုယ်တိုင်သွားရွေး...ရွေးပြီးတဲ့အခါ ငါ့ကိုပြောပါ...."
ကျန်းဟွမ် ပြောပြီးသည်နှင့်လျန့်ယင်းယင်းက ပွေ့ဖက်ကာ မျက်နှာကို ဘယ်ပြန်ညာပြန် နမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် ချစ်လေး...."
ကလေးများ အားလုံး အပေါ်ထပ်တွင် ရှိနေသောကြောင့် ကျန်းဟွမ် ကလည်း လျန့်ယင်းယင်း ကို ပွေ့ချီကာ နမ်းလိုက်သည်။
..........
ကျန်းဟယ်လင်းက ကျန်းယန်ရှန့် နောက်မှ အပြေးကလေးတက်လာရင်း
"အစ်မရေ..အန်တီလော က အစ်မအတွက် စာတစ်စောင်ရောက်နေတယ်တဲ့..."
"အင်းအင်း..."
"တံခါးလေး ဖွင့်ပါဦး.."
ထို့နောက် ကျန်းယန်ရှန့် က သက်ပြင်းတစ်ချက်ချလိုက်ရင်း တံခါးကို ဖွင်းပေးလိုက်သည်။
"ဝင်ပါ..."
ကျန်းဟယ်လင်း ၏ ခြေထောက်များ က လျင်မြန်စွာ ခုန်ဝင်လာကြသည်။
"အစ်မ...ညီမရဲ့ ဂိမ်းစက်ကဒီမှာလား..."
ထို့နောက် ကျန်းယန်ရှန့် သည် ပုံးထဲမှ ဂိမ်းစက်ကို ထုတ်ယူပြီး သူမထံသို့ ပေးလိုက်သည်။ ကျန်းဟယ်လင်း သည် သေတ္တာကို ပွေ့ဖက်ကာ ပျော်ရွှင်စွာ ခုန်လိုက်သည်။
"အစ်မ ကျေးဇူးပဲ..."
ကလေးမလေးက ထွက်သွားရင်း
“ညီမ အခန်းကို ပြန်တော့မယ်... ညီမ မနှောင့်ယှက်တော့ဘူး....စောစောအနားယူပါ...."
ကျန်းယန်ရှန့် က သူမကို ရပ်လိုက်ပြီး
"ပြန်လာခဲ့..."
ကလေးမလေးက ခြေထောက်ကို လျှောတိုက်ရင်း သူမဆီ ပြန်လာလေသည်။
ကျန်းယန်ရှန့်: “…”
ထို့နောက် ကျန်းယန်ရှန့် သည် အိတ်ထဲက ကဒ်တစ်ကဒ်ကို ထုတ်ယူပြီး ကျန်းဟယ်လင်း ကို ပေးလိုက်သည်။
"နင့်အတွက်..."
"ဘဏ်ကဒ်လား..."
'ဒီကောင်မလေးက လျန်းယင်းယင်းလို မလည်ပါလား...အရမ်းတုံးတယ်'
ကျန်းယန်ရှန့် စိတ်ထဲမှ တွေးမိလိုက်သည်။
"နင် မကြာခင် စတုတ္ထတန်း တက်ရတော့မယ်....နင် မုန့်ဖိုးယူဖို့ အချိန်ရောက်ပြီ..”
ကျန်းဟယ်လင်း ဝမ်းသာသွားသည်။
သူမသည် တဖြည်းဖြည်း ကြီးပြင်းလာ၍ ငွေကြေးသုံးစွဲရန် လိုအပ်လာသည်။ သို့သော် မိခင်ဖြစ်သူထံ မုန့်ဖို့မတောင်းဝံ့ပေ။တောင်းလျှင် သူမ အရိုက်ခံရသည်။
“နင် ဝယ်ချင်တာ မှန်သမျှ ဒီကတ်နဲ့ဝယ်ပါ...နင်လည်း အသက်ကြီးလာပြီမို့ ပိုက်ဆံကို စီမံခန့်ခွဲဖို့ အချိန်တန်ပြီ...."
“ဒါပေမယ့် နင့်ကို မုန့်ဖိုးပေးတာက ပိုက်ဆံကို မဆင်မခြင်သုံးဖို့ မဟုတ်ဘဲ ကိုယ့်ပိုက်ဆံကို ဘယ်လိုသုံးရမယ်ဆိုတာ သင်ယူခွင့်ပေးလိုက်တာ...နားလည်လား..."
ကျန်းဟယ်လင်း က အထပ်ထပ်အခါခါ ခေါင်းညိတ်ပြပြီး
"ညီမ ပိုက်ဆံ မဖြုန်းပါဘူး...စိတ်ချပါ..."
ကျန်းယန်ရှန့် ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။
“ဒီကတ်က နင့်ရဲ့သုံးစွဲမှုမှတ်တမ်းကို ငါမြင်ရအောင်လို့ ငါ့နာမည်နဲ့ဖွင့်ထားတဲ့ အကောင့်ပဲ....နင်က ငယ်သေးတယ်...အဲ့တော့ နင့်ကို ပိုက်ဆံ အများကြီး မပေးဘူး…”
ကျန်းယန်ရှန့် က ခဏမျှ စဉ်းစားပြီး
“နင့်ကို တစ်လ ယွမ် ၁၀၀၀၀ ပေးမယ်..."
xxxxxxxxx