Part 31
ကျန်းဟယ်လင်း သည် ရက်အနည်းငယ်အတွင်း မိသားစုအိမ်တွင် သက်တောင့်သက်သာရှိသည်ဟု ခံစားလာရသည်။
မနေ့ညက သူမ အစ်မ၏ စိတ်နေသဘောထား ပြောင်းလဲခြင်းမှ အစပြုခဲ့ပုံရသည်။ကျန်းယန်ရှန့်၏ သိမ်မွေ့သောပြောင်းလဲမှုကြောင့် သူမ အလွန်အံ့သြသွားရလေ၏
သူမသည် ပိုက်ဆံကို ဘယ်တော့မှ ကုန်အောင်မသုံးဘဲ အစ်မပေးသော ပမာဏ အတွင်း သေချာပေါက် သိမ်းထားမည်ဟု အကြိမ်ကြိမ် ကတိပေးခဲ့သည်။
ကျန်းယန်ရှန့် က အိတ်များကို ရင်ခွင်ထဲထည့်ကာ သယ်လာတာကိုမြင်တော့ သူမ ဂိမ်းစက်ကို ချပြီးကူညီရန် သွားလိုက်သည်။
"အစ်မ အဝတ်အစား အသစ်ဝယ်လာတာလား ..."
ကျန်းယန်ရှန့် က တံဆိပ်တွေကို ဖြုတ်လိုက်ရင်း...
“အင်း”
ဘာမှမထူးခြားဘဲ ပြန်ဖြေလိုက်သည်။
ကျန်ဟယ်လင်း က သူမကို အင်္ကျီချိတ်တွေ ပေးပြီး အဝတ်တွေ ကူချိတ်ပေးလိုက်သည်။
ကျန့်ဟယ်လင်း က သတိထားပြီးဆက်ပြောလိုက်သည်။
"အစ်မ ဝယ်လာတဲ့ အဝတ်အစားက အစ်မရဲ့အရင် အဝတ်တွေနဲ့ ပုံစံမတူဘူးနော်..."
ဒါကိုကြားတော့ ကျန်းယန်ရှန့် က မျက်လုံးပြူးပြီး ချိတ်ထားတဲ့ အဝတ်တွေကို တစ်ချက်ကြည့်လိုက်သည်။
ဟုတ်တယ်။တကယ့်ကို ကွဲပြားတဲ့ ပုံစံတွေပဲ...
ထိုအချိန်က ကျန်းယန်ရှန့် သည် လိမ္မာသည့်မိန်းကလေး တစ်ယောက် ဖြစ်နေဆဲဖြစ်သဖြင့် ဗီရိုအတွင်းရှိအဝတ်များသည် အလွန်လတ်ဆတ်ပြီး ဖြူစင်ပြီး နုပျိုနေပါသည်။
သို့သော်လည်း နောက်ပိုင်းမှာတော့ ကျန်းယန်ရှန့် ဟာ သူမ၏ ခန္ဓာကိုယ်ပေါ်မှာ တက်တူးများစွာနဲ့ 'ဆိုးသွမ်းတဲ့ မိန်းကလေး' ဖြစ်လာခဲ့သည်။သူမရဲ့ အလှတရားတွေက ဒီခေတ်နဲ့ လုံးဝကို မတူညီပေ။
ထို့ကြောင့်ဒီနေ့မှာ သူမရဲ့ အလှတရားနဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစားတွေကို အထူးဝယ်ယူခဲ့ခြင်းပင်ဖြစ်သည်။
အဝတ်အစားအသစ်များအားလုံးသည် အရောင်တောက်ပပြီး ဒီဇိုင်းပိုင်းအရ ရင့်ကျက်မှုရှိသည့် ပုံစံပင်။ ယခင်က ပုံစံနှင့် လုံးဝကွဲပြားသည်။
ကျန့်ယန်ရှန်း က အဝတ်တစ်ထည်ကို ကောက်ကိုင်လိုက်ပြီး သူ့ကိုယ်မှာ ကပ်ကာ မှန်ကိုကြည့်ရင်း ကျန်းဟယ်လင်း ကိုမေးလိုက်သည်။
"ကြည့်လို့ကောင်းလား..."
"အစ်မနဲ့ အရမ်းလိုက်တယ်..."
ကျန့်ဟယ်လင်း သည် လက်ဝတ်ရတနာ စားပွဲပေါ်မှ ပစ္စည်းများကို ကြည့်ပြီး
"အစ်မ အရင်ကနဲ့ တော်တော်ကွာခြားသွားတယ် လို့ထင်တယ်..." ဟု ပြောလိုက်သည်။
ကျန်းယန်ရှန့် သည် မှန်ထဲတွင် သူ့ကိုယ်သူကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။ သူမသည် အတိတ်က ကျန်းဟယ်လင်း ကို အရင်တုန်းက ဘယ်လိုလဲ လို့ မမေးချင်သလို နောင် ဘယ်လို ဖြစ်မယ်ဆိုတာကို လည်းသူမ မသိချင်တော့ပေ။
သူမ ဒီအချိန်ကို ပြန်ရောက်ကတည်းက အရာအားလုံးကို အသစ်ပြန်စပြီး ပြုပြင်ချင်ခဲ့သည်။
"အစ်မ ဒါဘာလဲ..." ကျန်းဟယ်လင်း အိတ်ထဲက အတွင်းမှ ဝါးအပြားရှည်ကြီးကို ထုတ်ယူလိုက်သည်။
"ဒါက ပေတံလား..."
သို့သော် ၎င်းတွင် အမှတ်အသားမရှိပါ။ သေးငယ်သော စာလုံးများသာ ရေးထွင်းထားသည်။ အနီးကပ်ကြည့်လိုက်လျှင် 'ဂန္တဝင် ဇာတ်ကောင်သုံးမျိုး ' ဟုတွေ့လိုက်ရသည်။
"ဒါက ဘာအတွက်လဲ..."
ကျန်းယန်ရှန့် က သူ့အဝတ်တွေကို ဆွဲလိုက်ပြီး ကျန်းဟယ်လင်း ၏လက်ထဲက အရာကိုယူဖို့ သူမလက်ကို ဆန့်လိုက်သည်။
" လက်ထဲက ဟာကိုပေး..."
ကျန်းဟယ်လင်း နာခံစွာ ပေးလိုက်သည်။
ကျန်းယန်ရှန့် သည် ကျန်းဟယ်လင်း၏ လက်ဖဝါးကို ဖြန့်ခိုင်းလိုက်ပြီး ထိုအရာဖြင့် အသာ ပုတ်လိုက်သည်။
"ဒီလိုလုပ်ဖို့..."
"သိပြီ... ဒါ ဘာကို ခေါ်တာပါလိမ့်...တီဗီထဲမှာ မြင်ဖူးတယ်.."
ကျန်းယန်ရှန့် က သူ့လက်ကို နှစ်ကြိမ်လောက် အသာအယာ ပုတ်လိုက်ပြီး
"နာခံမှုမရှိတဲ့ ကလေးတွေကို ဒဏ်ပေးရာမှာ သုံးရတယ်..."
သူမ ယနေ့ အားကစားကလပ်သို့ သွားစဥ်က သူမ၏ လေ့ကျင့်ဖော်ကို ရှာနေချိန် ဒီအပြားကို ကော်မရှင်ရုံး အောက်ထပ်တွင် တွေ့ရခြင်း ဖြစ်သည်။ အသုံးလိုနိုင်သည် ဟု သူမ တွေးမိပြီး တစ်ခုဝယ်ခဲ့သည်။
သူ ညီမလေး နေ့တိုင်း အချိန်မှန် အိမ်စာလုပ်တယ် လေ...” ဟု ကမန်းကတန်း ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ဒီမိသားစုရဲ့ စည်းကမ်းက မိန်းကလေးတွေကို ရိုက်ဖို့ မဟုတ်ပါဘူး..."
"ညီမတို့မိသားစုမှာ ဒီစည်းကမ်းရှိနေတုန်းပဲလား...ဘယ်သူလုပ်တာလဲ...ကောင်းလိုက်တာ..."
ကျန်းယန်ရှန့် က သစ်သားပေတံကို ဆုပ်ကိုင်လိုက်ပြီး
"ငါလုပ်ခဲ့တာ.."
ယခုအချိန်မှစ၍ ဤမိသားစု၏ စည်းမျဉ်းများကို သူမ ချမှတ်တော့မည်ဖြစ်သည်။
ကျန်းယန်ရှန့် က
"ကျန်းရှို့ချန် အိပ်ပျော်နေပြီလား..."
ကျန်းဟယ်လင်း က မစဉ်းစားပဲ ချက်ချင်းပြန်ဖြေလိုက်သည်။
“သူ မအိပ်လောက်သေးဘူး... ဒီအချိန် သူ ကစားနေတာ သေချာပါတယ်.."
"လာ..အပေါ်ထပ်ကို ငါ့နောက်ကလိုက်ခဲ့..." ကျန်းဟယ်လင်း ၏ မျက်ခွံများ လှုပ်ယမ်းသွားပြီး သူမ စိတ်ထဲ ခန့်မှန်းလိုက်ပြီးကံဆိုးတဲ့ ကျန်းရှို့ချန် တစ်ယောက် တစ်နေ့တည်း နှစ်ကြိမ် ဝေဒနာခံစားရမည်လား ဟုတွေးမိလိုက်သည်။
သို့သော် ကျန်းယန်ရှန့် သည် ရက်စက်ကြမ်းကြုတ်စွာဖြင့် ထွက်သွားပြီး ကျန်းဟယ်လင်း လည်း သူမနှင့်အတူ အပေါ်ထပ်သို့ တက်လာခဲ့သည်။
ကျန်းရှို့ချန်သည် ဤအိမ်သို့ ပထမဆုံး ရောက်သောအခါက အသက်နှစ်နှစ်သာရှိသေးပြီး သူ့မိခင်၏ပြုစုစောင့်ရှောက်မှုကို လိုအပ်နေသေးသည်။ သူ့အခန်းက အခန်းကျယ်ကြီး ဖြစ်ပြီး အန်တီဝမ် နဲ့ အတူနေသည်။
အန်တီဝမ် ရေချိုးခန်းထဲဝင်သွားသည်။ ကျန်းယန်ရှန့် တံခါးကိုဖွင့်လိုက်သောအခါတွင် ကျန်းရှို့ချန် သည် ကော်ဇောပေါ်တွင် ထိုင်ကာ အရုပ်များနှင့် တစ်ယောက်တည်းကစားနေသည်ကို သူမတွေ့လိုက်ရသည်။
ကျန်းယန်ရှန့် ကို မြင်လိုက်သောအခါ ကျန်းရှို့ချန် တစ်ကိုယ်လုံး တောင့်တင့်သွားရသည်။
သူ ထပြီး အတွင်းခန်းထဲသို့ ပြေးဝင်ဟန်ပြုတော့ ကျန်းယန်ရှန့် က သူ့ကို ဖမ်းထားလိုက်သည်။
"နင် ဘယ်ကို ပြေးမလို့လဲ..."
ကျန်းယန်ရှန့် က မေးသည်။
ကျန်းရှို့ချန် က “အန်တီဝမ်ရေ...ကူညီပါဦး...အိမ်စာ ပြီးသွားပြီ...ကျွန်တော်ရေးပြီးသွားပြီ.."
"ဒါဆို နင်ဘာလို့ ပြေးတာလဲ...နင့်မှာအပြစ်ရှိတာ သိတယ်မလား...."
ကျန်းယန်ရှန့် က သူ့ကို ဖမ်းဆွဲပြီး ကျန်းဟယ်လင်း ကိုလှမ်းပြောလိုက်သည်။
"တံခါးပိတ်လိုက်..." ကျန်းဟယ်လင်း တံခါးကို အမြန်ပိတ်လိုက်သည်။
"လော့ခ်ချလိုက်..." ကျန်းဟယ်လင်း လည်း လော့ခ်ချလိုက်သည်။
"နင့်ကို အခု ငါလွှတ်လိုက်မယ်...ဒါပေမယ့် နင် ဒီအခန်းထဲက ထွက်မပြေးနိုင်တော့ဘူး... နင်အော်နေရင်တောင် နင့်အမေက လာလို့မရဘူး...ငါ့လက်ထဲမှာ နင့်ကို ဘယ်သူမှ မကယ်နိုင်ဘူး နားလည်လား..."
ကျန်းရှို့ချန်က ယနေ့နံနက်ခင်း၌ သူ့အမေအိမ်မှာရှိနေစဥ်မှာပင် အရိုက်ခံထားရသဖြင့် နာခံစွာ ခေါင်းညိတ်လိုက်သည်။
ကျန်းယန်ရှန့် က သူ့ကို လွှတ်လိုက်ပြီးမေးလိုက်သည်။
"ဒီမနက် ငါ နင့်ကို ဘာပြောခဲ့လဲ..."
"ကျွန်တော်အိမ်စာတွေ ပြီးသွားပြီ..."
“နေ့လည်မတိုင်ခင် ရေးခိုင်းတယ်ဘယ်တုန်းက ပြီးခဲ့တာလဲ..."
ကျန်းရှို့ချန် စကားပြန် မပြောနိုင်ပေ။
ကျန်းယန်ရှန့် ကျန်းဟယ်လင်းဘက် လှည့်ပြီးမေးလိုက်၏။
"သူဘယ်တုန်းက ရေးထားတာလဲ..."
"နေ့လည်တစ်နာရီကျော်နေပြီ..."
ကျန်းယန်ရှန့် က သူ့ခေါင်းကို နောက်ပြန်လှည့်ပြီး ပြောသည်။
“နေ့လည် ဆယ့်နှစ်နာရီ မထိုးခင် စာရေးခိုင်းထားတာကို ...နေ့ခင်းအထိ အချိန်ဆွဲရသလား လက်ကို ဖယ်လိုက်..."
ကျန်းရှို့ချန် က ချက်ချင်း သူ့လက်တွေကို နောက်ကျောနောက်မှာ ဝှက်ထားပြီး
"ဘာလုပ်မလို့လဲ..."
ကျန်းယန်ရှန့် ၏လက်ကို နှစ်ကြိမ်ဝှေ့ယမ်းလိုက်ရာ လေထဲတွင် အသံတစ်ခုထွက်လာသည်။
“ဒါက နင့် အတွက် အထူးဝယ်ထားတဲ့ အရာပဲ...ပြီးရင် အသုံးပြုပုံကို တွေ့ရမယ် ...နေ့လည်မှာ ပြီးအောင်ရေးခိုင်းပေမယ့် တစ်နာရီမှ ပြီးတယ်...တစ်နာရီကြာအောင် အချိန်ဆွဲတဲ့အတွက် လက်ဖဝါးကို ရိုက်ဖို့လိုတယ်...နင့်လက်ကို ဖြန့်လိုက်..."
ကျန်းရှို့ချန် က ထိတ်လန့်တုန်လှုပ်သွားပြီးအော်လိုက်သည်။
“အမေရေ...အမေ..."
တိုက်ဆိုင်စွာပင် လျန့်ယင်းယင်းကလည်း ကျန်းဟွမ် သူမအား Ferrari ပြိုင်ကားတစ်စီး ဝယ် ပေးမည်ဟု ကတိပေးထားသဖြင့် အပေါ်ထပ်မှာရှိနေသော ကျန်းဟွမ်ကို ခေါ်ကာ အပြင်ထွက်လိုသည်။
သူမ တတိယထပ်သို့ရောက်သည်နှင့် ကျန်းရှို့ချန် ၏အော်ဟစ်သံကိုကြားလိုက်ရသည်။
xxxxxxxxx
Part 32
သာမာန်အချိန်များတွင် ကျန်းရှို့ချန် သာ ဒီလို ထအော်ပါက လျန်ယင်းယင်း အလွန်စိတ်မရှည် တတ်ပေ။
အန်တီဝမ် ရှိတယ်လေ... ဘာလို့ သူမ ကိုဆက်ခေါ်နေတာလဲ ဟု စိတ်အမြဲဆိုးတတ်သည်။
သို့သော် လွန်ခဲ့သော နှစ်ရက်အတွင်း လျန်ယင်းယင်း သည် အနည်းငယ် စိတ်လှုပ်ရှားပြီး ထိလွယ်ရှလွယ်ဖြစ်ခဲ့သည်။ ကျန်းရှို့ချန် ၏ခေါ်သံကို သူမကြားလိုက်ရသောအခါ ရုတ်တရက် ထိတ်လန့်သွားသည်။
ကျန်းရှို့ချန် သည် ကျန်းယန်ရှန့်ကြောင့် ယခုကဲ့သို့ အော်ဟစ်နေမည်ကို သဘောပေါက်လိုက်သည်။
လျန်ယင်းယင်း သည် ကျန်းဟွမ် ၏ လက်ကို လွှတ်လိုက်ပြီး ကျန်းရှို့ချန် ၏ တံခါးဆီသို့ အမြန်လျှောက်သွားသည်။
"ကျန်းရှို့ချန်..."
သူမ တံခါးကို ခေါက်လိုက်ပြီး
"သား ဘာဖြစ်နေတာလဲ...ဘာလို့ တံခါးကို သော့ခတ်ထားတာလဲ..."
"မေမေ...အစ်မ က နောက်တစ်ခေါက် ထပ်ရိုက်တော့မယ်..."
ကျန်းရှို့ချန် က အထဲမှ ပြန် အော်လိုက်သည်။ သူသည် တံခါးဆီသို့ အပြေးအလွှား သွားချင်သည်။
သို့သော်လည်းကျန်းယန်ရှန့် က ဒေါသထွက်စွာဖြင့် သူ့ရှေ့မှာ ပိတ်ဆို့ထားလေသည်။ ကျန်းရှို့ချန် သည် အကြိမ်အနည်းငယ် ဝေဒနာ ခံစားခဲ့ရသောကြောင့် ရှေ့သို့ မတိုးရဲဘဲ မဝံ့မရဲ မတ်တပ်ရပ်နေခဲ့သည်။
"ကျန်းယန်ရှန့်...ဘာလုပ်နေတာလဲ... ကျန်းရှို့ချန် က သူ့အိမ်စာ ပြီးသွားပြီ...အကြောင်းပြချက်မရှိဘဲ သူ့ကို ထပ်ရိုက် မလို့လား...ကျန်းယန်ရှန့် ဒီတံခါးကိုဖွင့်..."
လျန်ယင်းယင်း က အပြင်မှာ အော်နေ၏။
အန်တီဝမ်လည်း ရေချိုးခန်းထဲက အမြန်ထွက်လာသည်။
"ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ...."
သူမ ရိုးရိုးသားသားပြောရရင် လွန်ခဲ့တဲ့နှစ်ရက်က အကြီးဆုံးမမလေးနဲ့ ဘာဖြစ်နေမှန်း မသိတဲ့အတွက် စိတ်ပူစပြုလာပါတော့သည်။
ကျန်းယန်ရှန့် က ဒီလူတွေကို လျစ်လျူရှုပြီး ကျန်းရှို့ချန် ကို ပြောလိုက်သည်။
"လက်ကို ဆန့်လိုက်ရင် ငါ နင့်ကို တစ်ကြိမ်ပဲ ရိုက်မယ်...သုံးအထိရေလို့ မဆန့်ရင် သုံးချက်ရိုက်မယ်...နင်ပြဿနာရှာလို့ နင့်အမေဝင်လာရင် အကြိမ်သုံးဆယ်ရိုက်မယ်..."
သူမက ကျန်းရှို့ချန် ကို စိုက်ကြည့်နေသည်။
"တစ်...နှစ်... သုံး"
ကျန်းရှို့ချန် က စိတ်လှုပ်ရှားစွာ သူ့လက်များကို ဆန့်ထုတ်လိုက်သည်။
ကျန်းယန်ရှန့် သည် နေ့တိုင်း ဒီကောင်လေးနဲ့ အချိန် မဖြုန်းတီးချင်ပေ။
သူမ ကျန်းရှို့ချန် ကို တတ်နိုင်သမျှ အမြန်ဆုံး ဆုံးမချင်သည်။
သူမ သည် မည်သို့ကြောက်ရမည်ကို သိစေလိုသည်။ထိုမှသာ သူသည် နာခံပြီး လိမ္မာ လာနိုင်သည်။ အခုက စပြီး အကျိုးသက်ရောက်မှု ရှိပါလိမ့်မည်။
ကျန်းယန်ရှန့် သည် ကျန်းရှို့ချန် ၏လက်များကို ဆုပ်ကိုင်လိုက်ပြီး ရိုက်ချက်အား မြှင့်တင်လိုက်သည်။ ကျန်းရှို့ချန် သည် အလွန်ကြောက်လန့်သွားပြီး သူ့ပါးစပ်က ညစ်ညမ်းသွားသော်လည်း သူ မငိုနိုင်ပေ။
အန်တီဝမ် သည် ကျန်းယန်ရှန့် ၏လက်ထဲတွင် လက်ကိုင်တုတ် တစ်ချောင်းရှိသည်ကို တွေ့သော်လည်း သူမကို မတားဝံ့ပေ။ ကျန်းဟယ်လင်း က သည်းမခံနိုင်တော့ဘဲ ကျန်းရှို့ချန် ကို မျက်နှာသာပေးချင်သည့်အတွက်
“အစ်မ …မောင်လေးကို ညင်သာပေးပါ…”
ကျန်းယန်ရှန့် သည် မူလက ကျန်းရှို့ချန် ကို ရိုက်ချင်သော်လည်း ကျန်းဟယ်လင်း ၏ အသနားခံချက်ကို သူမကြားလိုက်သောအခါတွင် သူမ၏ နှလုံးသားသည် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။
သူမသည် ပြင်းပြင်းရိုက်ရန် မြှောက်လိုက်သော်လည်း လက်ကပြုတ်ကျမလာမီ ရပ်တန့်ကာ ကျန်းရှို့ချန် ၏ လက်ဖဝါးကို ညင်သာစွာ ပုတ်လိုက်သည်။
အန်တီဝမ် နှင့် ကျန်းဟယ်လင်း နှစ်ယောက်လုံး သက်ပြင်းချမိသည်။ ကျန်းရှို့ချန်:
“…”
"မနာဘူး ဟုတ်တယ်မလား..."
ကျန်းယန်ရှန့် က ကျန်းရှို့ချန် ရဲ့လက်ကို လွှတ်လိုက်ပြီး "ငါက အတင်းမရိုက်တော့တာ ဘာကြောင့်လဲ သိလား"
ကျန်းရှို့ချန် ခေါင်းခါလိုက်သည်။
"နင့် မမက တောင်းပန်နေလို့..."
"နင့် မမမျက်နှာကြောင့် ဒီတစ်ခါ နင့်ကို ငါခွင့်လွှတ်မယ်...ဒါပေမယ့် နောင်မှာ နင့် မမကို နေ့တိုင်း နင့်ရဲ့အိမ်စာတွေကို စစ်ဆေးဖို့ ငါတာဝန်ပေးမှာ ဖြစ်လို့ သူ့စကား နားထောင်ရမယ်...အမှားလုပ်မိရင် သူမ ပြောလိမ့်မယ်...ဒါကြောင့် သူမ စကားကို နားထောင်ရမယ်...နားလည်လား...ငါပြောတာကို နားမထောင်ရင် နင့်ကို ထပ်ပြီး အသနားခံဖို့ ဘယ်သူမှ မလွယ်ဘူး...နားလည်လား..."
အခန်းအပြင်ဘက်တွင်လျန်ယင်းယင်း သည် ကျန်းရှို့ချန် ၏အော်သံကို မကြားရတော့သဖြင့် ပို၍ပင်စိုးရိမ်လာကာ
“တံခါးဖွင့်...ကျန်းဟွမ်...ရှင့်သမီးကို တံခါးဖွင့်ခိုင်းလိုက်ပါ..."
အခန်းထဲတွင် ကျန်းရှို့ချန် က ခေါင်းညိတ်လိုက်သည်။
"ငါ့ကို ပြော...နောက်ဆို ဘယ်သူ့စကားကို နားထောင်မှာလဲ..."
ကျန်းရှို့ချန်; "အစ်မ ပြောတာ နားထောင်မှာ..."
"ဘယ် အစ်မလဲ..."
"အစ်မ...ဟီးဟီး..."
ကျန်းယန်ရှန့် သည် အရုပ်တစ်ရုပ်ကို မြေပြင်ပေါ် ရိုက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကျန်းရှို့ချန် သည် ထိတ်လန့်တုန်လှုပ်သွားသည်။
"ဘယ်အစ်မ ပြောတာကို နားထောင်မှာလဲ..."
"နင်..."
သူမသည် အရုပ်ကို ထပ်ရိုက်လိုက်ရာ ကျယ်လောင်စွာ မြည်လာသည်။
"ဘယ် အစ်မပြောတာကို နားထောင်မှာလဲ.."
“နှစ်ယောက်စလုံး...နှစ်ယောက်စလုံး...”
"အစ်မနဲ့ မမ နှစ်ယောက်လုံးရဲ့ စကားကိုနားထောင်ရမယ်..."
"မင်းပြောခဲ့တာကို သတိရပါ..."
နောက်ဆုံးတွင် ကျန်းယန်ရှန့် ကျေနပ်သွားပြီး ...
"တံခါးဖွင့်လိုက်တော့..."
ကျန်းဟယ်လင်း သည် တံခါးဝတွင်ရပ်နေပြီး သူ့အမေ အော်သံနှင့် တံခါးခေါက်သံကြားသောအခါ သူမ အလွန်ထိတ်လန့်သွားသည်။
နောက်ဆုံးတော့ ကျန်းယန်ရှန့် က သူမကို ခိုင်းတဲ့အတွက် တံခါးကို အမြန်ဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သောအခါ လျန်ယင်းယင်း သည် ကျန်းဟယ်လင်း ကို တွန်းထုတ်လိုက်ပြီး ကျန်းရှို့ချန် ကို သူမ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်။
"ကျမ်းဟွမ်...ကျန်းဟွမ်...ရှင့်သမီးကို မထိန်းဘူးလား...ရှို့ရှို့ဒီနေ့ အရမ်း တော်တယ်...တစ်မနက်လုံး သူ့အိမ်စာတွေ ရေးတယ်...ဒါကို ရှင့်သမီးကဘာလို့ ရိုက်တာလဲ..."
လျန်ယင်းယင်း အော်ဟစ်လိုက်သည်။
သူက ကျန်းယန်ရှန့် ကို ကြည့်လိုက်ပြီး သူ့သားကို ကြည့်ကာ
“သား ထပ်ပြီး အရိုက်ခံရသေးလား...နာနေလား..."
ကျန်းရှို့ချန် က အေးဆေးတည်ငြိမ်စွာ ပြန်ပြောသည်
"မနာပါဘူး..."
လျန်ယင်းယင်း သည် အသက်ပြင်းပြင်းရှူကာ အော်ဟစ်ရန် ပြင်ဆင်နေသော်လည်း သူမ ပြောမထွက်ပဲ ဆွံ့အသွားရသည်။
xxxxxxx