Part 33
ကျန်းဟွမ် သည် ချက်ချင်းပင် ပျော်ရွှင်လာပြီး ကျန်းယန်ရှန့် ကို တစ်ချက်ကြည့်လိုက်ကာကျန်းရှို့ချန် ကို
"သားအစ်မက သားကို မရိုက်ဘူးလား..."
"ရိုက်တယ် ဒါပေမဲ့ မနာဘူး..."
ကျန်းရှို့ချန် ပြန်ဖြေလိုက်သည်။
လျန်ယင်းယင်း စိတ်အေးသွားရပြီး ဒေါသထွက်ကာ ကျန်းရှို့ချန် ၏ ခေါင်းကို ရိုက်လိုက်သည် ။
"သား...အ,လှချည်လား..."
ထိုအချိန်တွင် ကျန်းယန်ရှန့် သည် တုတ်တံအား ဆွဲထုတ်လိုက်ပြီး ရိုက်လိုက်ရာ သူမ၏ လက်ကောက်ဝတ် အလယ်တည့်တည့်တွင် ထိမှန်သွားရသည်။
လျန်ယင်းယင်း အော်လိုက်သည်။
" ကျွန်မကိုရိုက်တယ်! ကျင်းဟွမ် ရှင့်သမီး ကျွန်မကိုရိုက်တယ်..."
သူမက ကျန်းယန်ရှန့် ကို လက်ညှိုးထိုးပြပြီး အော်သည်။
ကျန်းယန်ရှန့် က အေးစက်စွာ ပြောလိုက်သည်။
" တစ်ခုခုပြောချင်ရင် ပြောလေ...ဘာလို့ ကလေးကို ရိုက်ရတာလဲ. ကျန်းရှို့ချန် က ငယ် သေးတယ်...အဲ့တော့ သူ အမှား လုပ်မိတယ်...သူ ဘာအမှားလုပ်တယ်ဆိုတာ ဝန်ခံအောင် သူ့တင်ပါးကို ရိုက် လို့ရတယ်...ဒါပေမယ့် သူ့ခေါင်းကို ဘယ်တော့မှ မထိနဲ့...ကလေးရဲ့ခေါင်းကိုပေါ့ပေါ့ဆဆ ရိုက်တာ ကောင်းသလား..."
"ငါ့သားကိုရိုက်တာ နင့်အလုပ်လား..."
"ဒါက ကျွန်မ အလုပ် မဟုတ်ဘူးလို့ ရှင်ထင်ရင်...ကောင်းပြီ...ဒါဆို သူ့မျိုးရိုးနာမည် ကျန်း မဖြစ်ပါစေနဲ့...ပြီးေတာ့ဒီအိမ်မှာလည်း မထားနဲ့...ဒါဆို သူ့ကို ကျွန်မဘယ်တော့မှ ဂရုမစိုက်မိ အောင်နေမယ်..."
လျန့်ယင်းယင်း အော်ဟစ်လိုက်သည်
"ဘာလို့လဲ...သူက နင့်အဖေရဲ့ သားလေ...သူ့ကို ကျန်း လို့ နာမည်ပေးထားတာ...အဲ့တော့ ဒီမှာနေရမယ်..."
"သူနဲ့ကျွန်မက အဖေ တစ်ယောက်တည်းမွေးတာကို သိတယ်...အဲ့ဒါကြောင့် ကျွန်မအတွက် ဘာလို့ အရေးမပါရမှာလဲ...သွေးသားက သံသယ ဖြစ်စရာ ကောင်းလို့လား...ဒါဆို DNA စစ်ဖို့ မလိုဘူးလား...”
ကျန်းယန်ရှန့် အမေးကြောင့် အန်တီဝမ် မျက်နှာလွှဲကာ ပြုံးလိုက်မိသည်။
စကားများများပြောလေ၊ ဒေါသပိုထွက်လေလေ ဖြစ်လာတာကို မြင်လိုက်ရတော့ ကျန်းဟွမ် ဝင်ပြောလိုက်ရ၏။
"ကောင်းပြီ...စကားကို လွယ်လွယ် မပြောနဲ့...သမီး မောင်လေး နဲ့ ညီမလေး နားထောင်နေတယ်..."
"မင်းက ဒီကလေးနှစ်ယောက်ရဲ့ မိခင်ပဲ...မင်းရဲ့ ကလေးတွေကို ဘယ်လို ပြုစုစောင့်ရှောက်ရမလဲ မသိဘူးလား....သူတို့ ခေါင်းကို ရိုက်လို့မရဘူးဆိုတာ မင်း မသိဘူးလား...သူတို့ ဉာဏ်ထိုင်းသွား ရင် ဘယ်လိုလုပ်မလဲ..."
လျန်ယင်းယင်း၏ အသံ အားပျော့သွားကာ
“ကျွန်မ…”
သို့သော် သူမ ထပ်၍ ဒေါသထွက်လာကာ ထပ်အော်လိုက်ပြန်သည်။
“ညနေစောင်းနေပြီ...ရှို့ရှို့ အခု အိပ်တော့မယ်...ဒါပေမဲ့ သူမက ရှို့ရှို့ ကို အနိုင်ကျင့်ဖို့ တက်လာတယ်လေ...သူမ လုပ်ပုံ က ကျိုးကြောင်းဆီလျော်မှုရှိသလား..."
အရင်တုန်းကတော့ ကျင်းဟယ်လင်း က အဲ့ဒီလိုအချိန်မျိုးမှာ နှောက်ယှက်ဖို့ မဝံ့ရဲခဲ့ပါဘူး။ သူမသာ နှောင့်ယှက်တာနဲ့ လျန်ယင်းယင်း က သူမကို အနိုင်ယူမှာသေချာ၏။
ဒါပေမယ့် ကျန်းယန်ရှန့် က သူမကို တစ်ခုခုပြောချင်တဲ့အခါ ရဲရင့်စွာပြောဖို့ ပြောခဲ့ဖူးသည်။
သူမ တုံ့ဆိုင်းသွားကာ ကျန်းယန်ရှန့် နှင့် လျန့်ယင်းယင်း နှင့် အနည်းငယ်ဝေးသော ခပ်ဝေးဝေးသို့ ရွှေ့လိုက်ပြီး ကျန်းဟွမ် ကိုပြောသည် -
“အစ်မက ဒီနေ့နေ့လယ် မတိုင်ခင် အိမ်စာတွေပြီး အောင်လုပ်ဖို့ ရှို့ရှို့ ကို မနက်က ပြောခဲ့တယ်...ရှို့ရှို့က မွန်းလွဲပိုင်းအထိ အိမ်စာမပြီးသေးဘူး...အစ်မက တစ်နာရီ နောက်ကျတဲ့အတွက် သူ့ ကို ရိုက်လိုက်တယ်...ဒါပေမယ့် အစ်မက လုံးဝ အားမပါဘူး...ရိုက်ချက်က အရမ်း ပေါ့ပါးတယ်...လုံးဝမနာပါဘူး...”
လျန်ယင်းယင်း သည် အယ်လ်ဇိုင်းမားရောဂါလို ရူးသွပ်လုနီးပါး ဖြစ်နေရသည်။
ကျင်းဟွမ် က ပြုံးပြီး ကျန်းရှို့ချန် ၏ နှာခေါင်းကို ချစ်စနိုး ဖျစ်ကာ-
"အစ်မကို ကြောက်တယ် မဟုတ်လား...မင်းအစ်မ စကား နားမထောင်ရင်...နောက်တစ်ခေါက် သူမတကယ်ရိုက်လိမ့်မယ်..."
သူသည် လျန့်ယင်းယင်း ကို သူ့မျက်လုံးများတွင် လေးနက်သော အဓိပ္ပာယ်ဖြင့် ထပ်မံ စိုက်ကြည့်ပြန်၏-
"ယန်ယန် သူ့ မောင်လေးရဲ့ စာကို ဘယ်လောက် ဂရုစိုက်ပေးသလဲ ကြည့်စမ်း..." လျန်ယင်းယင်း ဆို့နင့်သွားရသည်။
သူမသည် ဈေးဝယ်ထွက်ခြင်း၊ ဖဲရိုက်ခြင်း၊ အလှပြင်ဆိုင်သို့သွားကာ နေ့တိုင်း သူ့ရည်းစားများနှင့် ပါတီပွဲလုပ်ရသည်။သူမ အရမ်းအလုပ်များနေတော့ ကလေးတွေရဲ့စာကြည့်ပေးဖို့ အချိန်မရချေ။
ထို့အပြင် သင်တန်းကြေးပေးထားတာ ဘာလုပ်ဖို့လဲ။တာဝန်ခံဆရာမ မသိဘူးလား။စာကောင်းကောင်းမသင်ရင် ဆရာ့တာဝန်ပဲ။
သူမ ကိုယ် သူမ ပြန်ပြောနိုင်စွမ်း မရှိသဖြင့် ကျန်းဟယ်လင်း ကို ခါးခါးသီးသီး စိုက်ကြည့်နေခဲ့ရသည်။
ဒီ သမီးမိုက်ကလည်း ဟိုဖက်ကဝင်ပါနေသေးတယ်။အသုံးမကျတဲ့သမီး...
ကျန်းဟယ်လင်း သည် ကျန်းယန်ရှန့် ၏နောက်သို့ ပုန်းနေလိုက်သည်။
ကျန်းယန်ရှန့် စကားဖြတ်လိုက်သည်။
"စောစောအနားယူရမယ်...ဆင်းရအောင်..."
သူမက ကျန်းရှို့ချန် ကို ထပ်မံ စိုက်ကြည့်ရင်း
“မနက်ဖြန်လည်း စည်းကမ်းအတိုင်းပဲ ဖြစ်ပါစေ...နေ့လည်ဆယ့်နှစ်နာရီမထိုးခင် တစ်နေ့တာ အိမ်စာတွေ ပြီးရမယ်..."
သူမ၏ လေသံသည် သာမန်ဖြစ်သော်လည်း သူမ၏ မျက်လုံးများက စူးရှသည်။ ကျန်းရှို့ချန် သည် ယခု သူမကို တကယ်ကြောက်နေပြီ။ သူ တိုးတိုးလေးပြောပြီး
"သား သိပါတယ်..."
နောင်တွင် သူ့ကို ဖြည်းညှင်းစွာ 'ပညာ' ပေးလိမ့်မည်။
သူမသည် ကျန်းဟယ်လင်း ပခုံးကို ပုတ်လိုက်ရာ ကျန်းဟယ်လင်းက "ကောင်းသောညပါ...အဖေနဲ့အမေ..."ဟုအော်ကာ သူမ နောက်သို့ လိုက်လာသည်။
ကျန်းယန်ရှန့် သည် သူမအား လျန်ယင်းယင်း ထံမှ ခွဲထုတ်ကာ ကာကွယ်ရန် လိုက်သွားကာ အောက်ထပ်သို့ အတူတူ ဆင်းသွားကြသည်။
ကျန်းယန်ရှန့် သည် ကျန်းဟယ်လင်း ကို လုံးဝ လျစ်လျူရှုထားသော်လည်း ယခုအခါ ညီအစ်မနှစ်ယောက် ချစ်ခင်လာပုံရသည်။
ကျင်းဟွမ် စိတ်သက်သာရာရစွာ တွေးလိုက်မိသည်။
"အိပ်ရအောင်..."
"ရှင် အရင်သွားပါ...ကျွန်မ ရှို့ရှို့ နဲ့ စကားပြောလိုက်ဦးမယ်..."
"ဒါဆိုလဲ မြန်မြန်ပြော..."
ထို့နောက် ကျန်းဟွမ်က အခန်းကို အရင်ပြန်သွားခဲ့သည်။
Xxxxxxx
Part 34
ကျင်းဟွမ် ထွက်သွားပြီးတာနဲ့ လျန်ယင်းယင်း က တံခါးကိုပိတ်ပြီး အန်တီဝမ် ကို အပြစ်တင်တော့သည်။
"ရှင်ဘာဖြစ်နေတာလဲ...ကျွန်မ ရှင့်ကို လစာ ပေးတယ်...ဒါပေမယ့် ရှင် ကလေးတွေကို မထိန်းဘူး...ရှို့ရှို့ ကိုတောင် အရိုက်ခံရအောင် လုပ်တယ်..."
အန်တီဝမ် မှားသွားသလို ခံစားလိုက်ရတယ်-
“ကျွန်မ...ရေချိုး နေလို့…”
"ရှင့်ကိုပြောပါရစေ...နောင်မှာ သား ကို သေချာကြည့်ရလိမ့်မယ်..."
လျန်ယင်းယင်း က
"သား ထပ်ပြီး အရိုက်ခံရတာကို မြင်ရင် ရပ်ခိုင်းရမယ်..."
အန်တီဝမ်က
“ဒါဆို ဘယ်လိုတားရမလဲ...ကျွန်မက ကလေးထိန်းတစ်ယောက်ပဲမို့ သူ့ကို မပြောနိုင်ဘူး...သူမက ကျန်း မိသားစု ရဲ့အကြီးဆုံး သမီးပဲ...ကျွန်မ သူမကိုတားရင် သူမ အဖေကို ပြန်ပြောမှာပေါ့...ဆရာကြီးက ကျွန်မကို အလုပ်ထုတ်လိမ့်မယ်...ယန်ယန်ကို သူဘယ်လောက် တန်ဖိုးထား ဆက်ဆံသလဲဆိုတာ ကြည့်လိုက်...သူက သူမကို ကြိမ်းမောင်းတာ မဟုတ်ဘူး..."
ထိုစကားက လျန့်ယင်းယင်း ကို နာကျင်သွားစေသည်။
သူမက ကမန်းကတန်းပြောလိုက်သည်
“ဘာပဲဖြစ်ဖြစ် တားရမယ်...တားနိုင်အောင် တားရမယ်..."
အန်တီဝမ်က
“အစ်မ တစ်ယောက်ဟာ သူ့ မောင်လေးကို ဂရုစိုက်တာ သဘာဝကျတယ်...ယန်ယန် က ဆုံးမရင် ရှို့ရှို့ က နာခံမှုအပြည့်နဲ့ အိမ်စာလုပ်တယ်...မဆုံးမရင် သူ အိမ်စာတွေ ထပ်လုပ်မှာ မဟုတ်ဘူး...ဆရာကြီး သိသွားတဲ့ အချိန်ရောက်ရင် ဆရာကတော် က အိမ်စာမလုပ် ခိုင်းတာ လို့ကျွန်မပြောလိုက်မယ်...”
လျန့်ယင်းယင်း က ဒေါသတကြီးပြောပြီး
"သား ကို အိမ်စာလုပ်ခွင့်မပေးဘူးလို့ ဘယ်သူက ပြောလဲ..."
အန်တီဝမ်က
"ရှို့ရှို့ က သူ့အိမ်စာ ကောင်းကောင်းလုပ်နိုင်သရွေ့ သူ့အစ်မ သူ့ကို ရိုက်နှက်မှာ မဟုတ်ဘူး..."
“မမလေး ယန်ယန်ကို ကြည့်ရတာ မောင်ငယ်တစ်ဦးကို သွန်သင်ရာမှာ စံနမူနာကောင်းများ လိုက်နာစေပြီး မကောင်းတာကို သွန်သင်တယ်..."
လျန့်ယင်းယင်း မကြာခဏဆိုသလို သူ့ကိုမုန်းတီးပြီး အနိုင်ယူချင်ပေမယ့် မတတ်နိုင်ဘူး။
“ဟင်း…”
လျန့်ယင်းယင်း စိတ်ဆိုးသွားသည်။ တကယ့်ကို အိပ်မက်ဆိုးတစ်ခုပါပဲ။
သူတို့အားလုံးက ကျန်းယန်ရှန့် အတွက် ပြောပေးနေကြသည်။
အိပ်ခန်းထဲတွင် သူမကို စောင့်နေဆဲဖြစ်သော ကျန်းဟွမ် အကြောင်းကို တွေးနေသောကြောင့် သူမ ဆက်မငြင်းနိုင်တော့ပေ။သူက သူမ စိတ်နှလုံးအကြွင်းမဲ့ အလျှော့ပေးရမယ့်လူပင်။
သူမက ဒေါသတကြီးထွက်သွားသည်။
အန်တီဝမ်က နှုတ်ခမ်းစူလိုက်သည်။
သူမသည် လျန့်ယင်းယင်း နှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး သူမသည် ဒုတိယဇနီးတစ်ဦးဟုသာ သိထားသောကြောင့် သူမကို စိတ်ထဲတွင် အမှန်တကယ် မကြည်ဖြူပေ။
အန်တီဝမ်က ကျန်းရှို့ချန်ဘက်လှည့်ပြောလိုက်သည်။
“နားလည်လား...အိမ်စာကောင်းကောင်းလုပ်ရင် ယန်ယန်က သားကို ပေါ့ပေါ့ဆဆ ရိုက်နှက်မှာမဟုတ်ဘူး...သားမကောင်း တာလုပ်ခဲ့လို့ ဒီနှစ်ရက်အတွင်း သားကို ရိုက်နှက်တာ..."
ကျန်းရှို့ချန် က စိတ်ဆိုးသွားပြီး
"သား သူ့ကို မုန်းတယ်..."
"ဒါဆို သားအမေကိုပြော...အန်တီ့ကိုပြောလို့ အသုံးမဝင်ဘူး...အန်တီက ကလေးထိန်းတစ်ယောက်ပဲ..."
"သားအမေကို အပြင်မထွက်ဖို့...မင်းကို ဒီမိသားစုထဲမှာ တစ်နေကုန် ကာကွယ်ဖို့နဲ့ မင်းအစ်မကို မရိုက်နှက်စေဖို့ ပြောနိုင်တဲ့ အရည်အချင်း မင်းမှာ ရှိတယ်..."
သို့သော် ကျန်းရှို့ချန် ပင်မဖြစ်နိုင်မှန်းသိသည်။ သူ့အမေသည် အပြင်ထွက်ချင်စိတ် ပြင်းပြပြီး အိမ်ထဲမှာ လုံးဝမနေနိုင်တဲ့ မိန်းမ ဖြစ်သည်။
မိုက်မဲတဲ့ ကလေးတွေဟာ ရဲရင့်လွန်းကြခြင်းမှာ သူတို့နောက်ကွယ်မှာ အရည်အချင်းမရှိတဲ့ မိဘတွေရှိ၍ ဖြစ်၏။
ယခုမူ အရည်အချင်းမရှိသော မိဘ တစ်ဦးဖြစ်သည့်
လျန့်ယင်းယင်း သည် သူမ၏ သားကိုလည်း သတ္တိကြောင်စေသူဖြစ်သည်။
အန်တီဝမ်က
“မနက်ဖြန် အိပ်ရာနိုးတာနဲ့ အိမ်စာအရင်လုပ်ဖို့ မမေ့နဲ့...အိမ်စာတွေပြီးမှ ကစားရင် အစ်မက သားကို ရိုက်မှာ မဟုတ်ဘူး...”
ကျန်းရှို့ချန် သည် နောက်ဆုံးတွင် ဒေါသတကြီး အိပ်ပျော်သွားသည်။
သို့သော် နောက်နေ့ အိပ်ရာက ထသည့်အခါ ပေါ့ပေါ့ပါးပါးနဲ့ ဆော့ကစားနေတော့သည်။
.,
မနက်စာစားပြီးနောက် ကျန်းဟယ်လင်းက ကျန်းယန်ရှန့်ကိုကြည့်ကာပြောလိုက်သည်။
"အစ်မ..ရှို့ရှို့ အိမ်စာလုပ်နေတာကို ညီမကြည့် ပေးမယ်..."
ကျန်းယန်ရှန့် "နင့်ရဲ့အိမ်စာတွေကိုလည်း မနှောင့်နှေးနဲ့..."
လျန့်ယင်းယင်း "မဖြစ်ပါဘူး...တစ်ရက်တည်း အိမ်စာ ၃ ရက်စာ ရေးပြီး နောက် ရက်ပိုင်းအတွင်း နောက်ထပ် အိမ်စာတွေ ပြီးအောင်လုပ်မယ်..."
ဤကလေးသည် အိမ်တွင်မည်သူမျှ ဂရုမစိုက်သော သူ ဖြစ်သည်။ သူမကို စာကျက်ဖို့ ဘယ်သူကမှ မတိုက်တွန်းပေမယ့် သူ့ကိုယ်သူ ကောင်းကောင်း ထိန်းနိုင်ခဲ့သည််။
သို့သော် ကျန်းယန်ရှန့် သည် ကျန်းဟယ်လင်း ၏ ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်ကို အမှန်တကယ် မသိပေ။တကယ်တော့ ဒီညီမလေးကို အရင်က ဂရုမစိုက်ဖူးပေ။
ဘာပဲဖြစ်ဖြစ် သူ့အမေနဲ့ သူတို့ရဲ့ ဖခင်က ကလေးမလေးရဲ့ အတန်းပညာကို အပြစ်မပြော ဘဲ ချီးကျူးခဲ့ကြသည်။ ထို့ကြောင့် သူမ၏ အတန်းများသည် ပျမ်းမျှ အဆင့်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ကျန်းယန်ရှန့် တွေးမိသည်။
"ကောင်းပြီ...သူ စကားနားမထောင်ရင် ငါ့ကိုခေါ်လိုက်..."
ကျန်းဟယ်လင်းက အပေါ်ထပ်သို့ ဒေါသတကြီးဖြင့် တက်လာသော အစ်မကြီး၏ အသွင်အပြင်ကို တွေးမိသောအခါ သူမ၏ မျက်ခွံများ လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရသည်။ဒါပေမယ့် ကျန်းရှို့ချန် အတွက် အမှန်တကယ်အသုံးဝင်ပါ၏။
"ဟုတ်ကဲ့.."
သူမသဘောတူပြီး အပေါ်ထပ်သို့ တက်သွားလိုက်သည်။
ကျန်းရှို့ချန် သည် ကစားနေသည်ကို တွေ့လိုက်သောကြောင့် ကျန်းဟယ်လင်း သူ့ကိုေခြာက်လှန့်လိုက်သည်
“အစ်မက အိမ်စာလုပ်ခိုင်းတာ တွေ့လား...နေ့ခင်းမတိုင်ခင် မပြီးရင် အစ်မက လာရိုက်လိမ့်မယ်...”
ကျန်းရှို့ချန် သည် တခဏမျှ တုံ့ဆိုင်းသွားပြီး တံခါးကို မော့ကြည့်လိုက်သည်။
ကျန်းဟယ်လင်း က သူဘာတွေတွေးနေလဲဆိုတာ သိတဲ့အတွက် ချက်ချင်းပင် အထွန့်တက်လိုက်သည်။ရ
“အမေ မထသေးဘူး...အမေ့ကို နှောင့်ယှက်ရင် ဒေါသအရမ်းထွက်ပြီး ရှို့ရှို့ ကို အော်ဟစ်ပြီး ခေါင်းအုံးနဲ့ ရိုက်လိမ့်မယ်...”
ဤသည်မှာ အမှန်ပင်၊ မောင်နှမ နှစ်ယောက်လုံး ကိုယ်တွေ့ ကြုံဖူးသည်။
ကျန်းရှို့ချန် က အရှုံးမပေးဘဲ
“ဒါဆို သားတံခါးကို သော့ခတ်လိုက်မယ်...မဝင်နိုင်တော့ဘူး..."
ကျန်းဟယ်လင်း က လျင်မြန်စွာတုံ့ပြန်လိုက်သည်။
“ကျောင်းအပြင်ဘက် ဖုန်းတိုင်မှာတင်ထားတဲ့ လော့ခ်ဖွင့်ကြော်ငြာကို မတွေ့ဖူးဘူးလား...လော့ခ်ဖွင့်ရန် ဖုန်းခေါ်ဆိုရုံဖြင့် မည်သည့်လော့ခ်ကိုမဆို ဖွင့်နိုင်သည်တဲ့..."
မောင်နှမများ စကားနိုင်လုနေစဥ် အန်တီဝမ်က ကြားဖြတ်ပြောလိုက်သည်။
“သား စာကောင်းကောင်း မရေးနိုင်ပေမယ့် ကျောင်းမစခင် အိမ်စာတွေ အားလုံးကို ပြီးအောင်လုပ်ရမယ်...သားအခုမရေးရင် သားအတွက် ဘယ်သူမှ လုပ်ပေးမှာ မဟုတ်ဘူး..."
ကျန်းရှို့ချန် သည် နောက်ဆုံးတွင် အလျှော့ပေးလိုက်ပြီး သူ့စားပွဲတွင်ထိုင်ကာ အိမ်စာစာအုပ်များကို ထုတ်လိုက် တော့သည်။
xxxxxxxx