အပိုင်း ၃၅-၃၆
Viewers 28k

Part 35


ကျန်းယန်ရှန့်  တစ်မနက်လုံး အခန်းထဲတွင် စာကျက် နေခဲ့သည်။ နွေရာသီ အားလပ်ရက် မကုန်မီ အလယ်တန်းကျောင်းမှ ဗဟုသုတများအားလုံးကို ပြန်လည် ယူဆောင်လာရန် သူမကိုယ်တိုင် စီစဉ်ခဲ့သည်။ 


အခြေခံပညာရေးအဆင့်တွင် အလွတ်ကျက်မှတ်ရမည့် ဘာသာများစွာရှိသည်။ သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒအားလုံးသည် ဖော်မြူလာများဖြစ်သည်။


ကျန်းယန်ရှန့် သည် ထိုဘာသာများကို နှုတ်ဆက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သောကြောင့် အခုအချိန်မှာ သူမ အခြေခံမှစ၍ သင်ယူ‌နေရသည်။ 


လွန်ခဲ့သည့် နှစ်ရက်က သူမ စိတ်ထဲတွင် စာများ ဖြည့်သွင်းခဲ့ပြီး ခေါင်းများပင်နာကျင်ခဲ့ရသည်။ ထို့နောက် သူမ၏ ဦးနှောက်မှ အပိတ်ခံထားရသည့်  နေရာများ ခက်ခက်ခဲခဲ ပွင့်သွားသလိူ ခံစားလိုက်ရသည်။ ယခုမှ သူမ တဖြည်းဖြည်း မှတ်ရသည်မှာ ပိုလွယ်ကူလာသည်။


နေ့လယ်စာ စားချိန်ရောက်သောအခါ အောက်ထပ်မှ အိမ်အကူအဒေါ်တစ်ယောက်က သူမဆီဖုန်းဆက်၍ စားရန်အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်းပြောလာသည်။ သူမ ဖုန်းကိုချပြီး အောက်ထပ်သို့ဆင်းလာစဉ် ပိုးညအိပ်ဂါဝန်ကို ၀တ်ထားသည့် လျန့်ယင်းယင်း ကို လမ်းတွင်တွေ့လိုက်ရသည်။


ကျန်းယန်ရှန့်  သူမ ဒီနေ့ အပြင်မထွက်သည်ကို အံ့သြသွားသည်။


 လျန့်ယင်းယင်းက သူမ၏ ဆံပင်ရှည်များကို လည်ပင်းကို မော့ပြီး တမင်တကာ ဖွလိုက်သည်။ သူမ၏ လည်ပင်းနှင့် ရင်ဘတ်ပေါ်ရှိ အရေပြားတွင် စတော်ဘယ်ရီ အမှတ်အသားများဖြင့် ဖုံးလွှမ်းနေပြီး ယနေ့ သူမ အိပ်ရာထရခြင်း အကြောင်းရင်းကို ညွှန်ပြနေသည်။


သူမသည် ပျင်းရိစွာဖြင့်"မနေ့ညက ငါ ပင်ပန်း လိုက်တာ...ငါ နေ့လည်စာ မြန်မြန်စားရမယ်...နေ့ခင်းဘက် ဈေးဝယ်ထွက်ဖို့ ချိန်းထားတာ..." 


သူမ၏ ချစ်စရာကောင်းသော မျက်လုံးများက ကြည်လင်နေပြီး အပူငွေ့များက သူမ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ 


ကျန်းယန်ရှန့် သည် စတော်ဘယ်ရီသီး အမှတ်အသားများကို စိုက်ကြည့်ရင်း ရုတ်တရက် သတိရသွားသည်။ အရင်က ပိတ်ရက် သို့မဟုတ် အားလပ်ရက်များတွင် လျန့်ယင်းယင်း အိပ်ရာထ နောက်ကျသည့်အချိန်များ ရှိခဲ့သည်။ 


သူမ အိပ်ရာထနောက်ကျလျှင် မကြာခဏ ပေါ်လွင်သည့် အဝတ်အစားများ ၀တ်စားဆင်ယင်ပြီး လည်ပင်းမှာ စတော်ဘယ်ရီ အမှတ်အသားများနှင့်ကျန်းယန်ရှန့် ရှေ့တွင် တမင်တကာ ပြနေခဲ့သည်။


ဤအခြေအနေသည် ဟိုးယခင် ကတည်းက ရှိခဲ့ခြင်းပင်။ ကျန်းယန်ရှန့် ယခုအချိန်အထိ နားမလည်ခဲ့ပေ။ အထက်တန်းရောက်တဲ့အထိ သူမ နားမလည်ခဲ့ပေ။


အကယ်၍ သူမသာ ထိုအရာများကို ကျန်းဟွမ် ချန်ထားခဲ့သော အမှတ်တစ်ခုမှန်း သိလျှင် သူမ ဖျားပင်ဖျားသွားနိုင်သည်။


၎င်းသည် မသတီစရာ‌ ကောင်းလှ၏။ကျန်းယန်ရှန့် သည် သူမ တမင်တကာ ပြပါမှ နားလည်ခဲ့ခြင်းဖြစ်သည်။လျန့်ယင်းယင်းမှ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း ဖြစ်သည်။


သူမနှင့် ကျန်းဟွမ် တို့ရခဲ့သာ အမှတ်အသားများကို ကျန်းယန်ရှန့် မြင်ပြီး စိတ်ပိုင်းဆိုင်ရာ အရ ပြိုကွဲသွားစေရန် တမင်ပြုမူခဲ့ခြင်း ဖြစ်သည်။


အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ်ဦးသည် အရွယ်မရောက်သေးသော မိန်းကလေးကို ရွံမုန်းရန် အမျိုးသားတစ်ဦးနှင့် လိင်မှုကိစ္စများကို အသုံးပြုခဲ့သည်။ ထိုအမျိုးသားက မိန်းကလေး​၏အဖေဖြစ်သည်။


ကျန်းယန်ရှန့် သည် လျန့်ယင်းယင်း ကို စိုက်ကြည့်နေသည်။ ယခုဆိုလျှင် သူမသည် အမျိုးသားနှင့် အမျိုးသမီး လိင်မှုဆိုင်ရာ အမှတ်များကြောင့် ရှက်ရွံ့ခြင်း သို့မဟုတ် ရွံရှာခြင်း မရှိတော့ပေ။


သို့သော်လည်း လျန့်ယင်းယင်း ၏ စိတ်ထားနှင့် အပြုအမူကြောင့် သူမ နာကျင်ခံစားရသည်။


ကျန်းယန်ရှန့် သည် သူမ၏ ဖုန်းကို  ထုတ်ယူကာ လျန့်ယင်းယင်း ၏ ရင်ဘတ်နှင့် လည်ပင်းပုံ အနည်းငယ်ကို ရိုက်ယူလိုက်သည်။


 ရုတ်တရက် လျန့်ယင်းယင်း က အံသြသွားပြီး “ဟေး...နင်က ဘာလို့ ငါ့ကို ဓာတ်ပုံရိုက်နေတာလဲ...”


ကျန်းယန်ရှန့် ထေ့ငေါ့​ပြောလိုက်သည်။


 "ရှင် ရင်ဘတ်ဗလာနဲ့ ကျွန်မကိုပြနေတာမဟုတ်လား..ကျွန်မ ဓာတ်ပုံတွေ ရိုက်ထားတော့...ရှင်မပြလည်း ကောင်းကောင်း ကြည့်လို့ရတာ‌ပေါ့...” 


 လျန့်ယင်းယင်း သည် ရင်ဘတ်ပွင့်နေသော ပိုးသားညဝတ်ဂါဝန်၏ ဘယ်ညာနှစ်ဖက်ကို ပတ်ရစ်ပြီး သူမ၏ခါးပတ်ကို ချည်ကာ 


 "နင် ငါ့ပုံတွေကို အခုချက်ချင်းဖျက်လိုက်စမ်း..."


ကျန်းယန်ရှန့် က သူမကို တစ်ချက်ကြည့်လိုက်သည်။ 


သူမ က “ကျွန်မ ရှင့်ကို အကြံပေးမယ်… မီတာဝက် အတွင်း ကျွန်မနားကို မချဉ်းကပ်တာ အကောင်းဆုံးပဲ...လူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး ယန္တရားရှိတယ်...ရွံမုန်းစရာကောင်းတဲ့ အရာတစ်ခုက ကျွန်မဆီ ချဉ်းကပ်လာတဲ့အခါ သဘာဝကျကျနဲ့ တုန့်ပြန်တတ်တယ်...ဒါသဘာဝပဲ...”


လျန့်ယင်းယင်း သည်  ကျန်းယန်ရှန့်  သူမအား လည်ပင်းအားညှစ်ခဲ့သည်ကို သတိရသွားသည်။


 ထိုအချိန်တွင် ဘာလိုဖြစ်သွားသည်ကို သူမ အတိအကျ မသိသော်လည်း 15 နှစ်အရွယ် မိန်းကလေးတစ်ယောက်၏ ခွန်အားနှင့် မတူသည်ကိုတော့ သိပေသည်။ ထို့ကြောင့် သူမ ကျန်းယန်ရှန့် နှင့် ခပ်ဝေးဝေးသို့ အလိုလို ရွှေ့သွားလိုက်သည်။


"ငါပြောနေတယ်...နင်ဘာတွေ ရိုက်ခဲ့လဲ...ငါ့ပုံတွေ ဖျက်ပစ်လိုက်..." ကျန်းယန်ရှန့် က သူမကို ဂရုမစိုက်ဘဲ ထမင်းစားခန်းသို့ ဝင်သွားလေသည်။


အိမ်အကူအဒေါ်တွေက ဟင်းပွဲနဲ့ စားစရာများ ပြင်ဆင်ထားပြီးဖြစ်သည်။ကျန်းယန်ရှန့် သည် တည့်တည့်သို့ လျှောက်သွားပြီး ပင်မထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။


  


လျန့်ယင်းယင်း လည်း စားပွဲရှည်၏တစ်ဖက်စွန်းတွင် ထိုင်လိုက်၏။ သူမ နိုးလာပြီး ဗိုက်က မဆာသေးတာကြောင့် တခြားသူတွေလို ထမင်းနဲ့ ဟင်းကို မစားနိုင်သေး။ အိမ်အကူက “ဆရာကတော် ဘာစားချင်လဲ...” ဟု မေးလိုက်သည်။


လျန့်ယင်းယင်း က "ပုံမှန်ပါပဲ...နို့...အုတ်ဂျုံ နဲ့ ဟင်းသီးဟင်းရွက်သုပ်..." အိမ်အကူက ပြင်ဆင်ဖို့ ထွက်သွားခဲ့သည်။


ကျန်းယန်ရှန့် သူမကို မော့မကြည့်ဘဲ ဆဲလ်ဖုန်းကို ဖွင့်ကာ လျန့်ယင်းယင်း ၏ဓာတ်ပုံများထဲမှ သူမ၏ မျက်နှာမပါဘဲ၊လည်တိုင်ပုံများ ကိုသာရွေးကာ Moments အဖွဲ့ ပေါ်တင်လိုက်၏။သူမသည် အခြားလူများ မမြင်ရန် ပြုလုပ်ထားသဖြင့် ဆွေမျိုးများသာ မြင်နိုင်သည်။


သူမက ဤစာသားကိုပါ ရေးခဲ့သည်– 


“ကျွန်မအဖေရဲ့ ဇနီးက ဒီအချိန်မှ အိပ်ရာထပြီး သူ့မှာ ခွန်အားမရှိတော့သလို ပင်ပန်းလွန်းလို့ ကျွန်မကို ဆက်တိုက် ဆူပူနေတယ်...သူမ ရင်ဘတ်ပေါ်က အဖုအပိန့်ကို စစ်ဆေးဖို့ ဆေးရုံကို လိုက်ပို့ လိုက်ရမလား...စမ်းသပ် ကြည့်တာ ကောင်းမယ်ထင်တယ်...” 


 


ကျန်းဟယ်လင်း နှင့်ကျန်းရှို့ချန် လည်း ဆင်းလာခဲ့ချိန်၌ ကျန်းယန်ရှန့်  သူမ၏ လက်ကိုင်ဖုန်းကို ဖယ်လိုက်ပြီး ဘာမှ မပြောဘဲ ကျန်းရှို့ချန် ကို စိုက်ကြည့်နေသည်။


 "ဘေဘီ~အခု ထမင်းစားရအောင်..." 


ထင်ရှားသည်မှာ သူမ၏ သားသမီးများ အားလုံးသည် သူ့ရှေ့တွင် ရှိနေကြသော်လည်း သူမမျက်လုံးထဲတွင် သူမ​၏သားလေးသာ ရှိသည်။


ကျန်းယန်ရှန့် ..ကျန်းဟယ်လင်း ၏ အမူအရာ ဘာမှမထူးခြားသည်ကို တွေ့လိုက်ရသည်။ သူမသည် ဤကဲ့သို့ လျစ်လျူရှုခံရခြင်းကို အချိန် အကြာကြီး ကျင့်သားရလာဟန်တူသည်။


ကျန်းရှို့ချန်က လျန့်ယင်းယင်း ကို လျစ်လျူရှုကာ ကျန်းယန်ရှန့် ကို စိုက်ကြည့်ပြီး ယုံကြည်မှုအပြည့်ဖြင့် လျှောက်သွားကာ ပြောလိုက်သည်။


"ဒီနေ့ အိမ်စာတွေ ပြီးပြီ...သား အရမ်းဂုဏ်ယူတယ်...အခု သားကို အနိုင်ယူဖို့ အကြောင်းပြချက် မရှိ‌တော့ဘူး မဟုတ်လား..." 


ကျန်းယန်ရှန့် က ဖြည်းညှင်းစွာမေးသည် "လူတွေနဲ့ပြောဆိုဆက်ဆံနည်းကို မလေ့လာခင် နင်အရိုက်ခံချင်လို့လား..."


ကျန်းဟယ်လင်း က သူ့နောက်ကျောကို တွန်းလိုက်ပြီး "အစ်မလို့ ခေါ်လိုက်ပါ..."


လျန့်ယင်းယင်း က အော်ဟစ်လိုက်သည်။


"အရည်မရ အဖတ်မရ ဘာလုပ်နေတာလဲ... ရှို့ရှို့...သူ့ကို ဂရုစိုက်မနေနဲ့..." 


ကျန်းယန်ရှန့် က ပြုံးပြီးပြောလိုက်၏။


 "ယုံချင်ယုံ မယုံချင်နေ...ထမင်းစားပြီးရင် နင့်အမေ လုပ်မယ့် ပထမဆုံးအရာက မိတ်ကပ်လိမ်း...အဝတ်အစားလဲပြီး အပြင်ထွက်တာပဲ..."


ကျန်းရှို့ချန် လျန့်ယင်းယင်း ကိုကြည့်လိုက်ရာပြန်မချေပနိုင်သည်ကို တွေ့လိုက်ရသဖြင့် ကျန်းယန်ရှန့်​၏ပြောစကားမှာ မှန်ကန်ကြောင်း သိလိုက်သည်။ 


ကျန်းဟယ်လင်း က သူ့ကို နောက်ကနေ ထပ်ပြီး တိုက်တွန်းလိုက်သည်။ ကျန်းရှို့ချန်  နောက်ဆုံးတွင် သူ့ဒေါသကို မျိုချလိုက်ကာ "အစ်မ...ဒီနေ့ အိမ်စာတွေ ပြီးပြီ..."ဟု ပြောလိုက်သည်။ 


ကျန်းယန်ရှန့်  ကျန်းဟယ်လင်း ကို မျက်လုံးပြူးပြီး စိုက်ကြည့်လိုက်သည်။


ကျန်းဟယ်လင်း က နားလည်ပြီး ကမန်းကတန်း ပြောလိုက်၏


 " သူရေးပြီးပြီ အစ်မ ... ညီမလေးစစ်ပြီးပြီ...အမှားတွေ အများကြီးရှိပေမယ့် အဲဒါတွေကို ပြန်ပြင်ပေးဖို့ ညီမလေး ပြောခဲ့ပါတယ်...” 


ကျန်းယန်ရှန့် က ခေါင်းညိတ်လိုက်ပြီး


 “မဆိုးပါဘူး...နေ့ခင်းကျရင် နင်ကြိုက်သလို ကစားလို့ရတယ်...စားကြရအောင်..." 


Xxxxxxx


Part 36


ကျန်းရှို့ချန် သည် စိတ်သက်သာရာရပြီး ရွှင်လန်းသွားသည်။ ကျန်းဟယ်လင်း သည် သူမ၏ ကြီးကျယ်သော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သော ခံစားချက်ဖြင့် ပြုံးနေခဲ့သည်။


သူတို့နှစ်ဦးသည် ကျန်းယန်ရှန့် ၏ ညာဘက် နှင့်ဘယ်ဘက်တွင်ထိုင်လိုက််ကြသည်။သူတို့သုံးယောက် မနက်စာစားပြီးကတည်းက နေ့လည်စာကို ကောင်းကောင်းစားနေကြပြီ။ 


လျန့်ယင်းယင်း သည် သူမဗိုက်ကိုကောင်းစေရန် ပေါ့ပါးသော အစာကိုသာ စားရလေသည်။


 လျန့်ယင်းယင်း က လှည့်ကြည့်လိုက်ပြီး ကျန်းရှို့ချန် ကို


 "ရှို့ရှို့...သားရဲ့ ဂိမ်းစက်ကို ကစားချင်တာလား..."


ကျန်းရှို့ချန် ၏ ဂိမ်းစက်များ၊ ဆဲလ်ဖုန်း နှင့် လက်ကိုင်ကွန်ပြူတာ အားလုံးကို ထိုညတွင် ကျန်းဟွမ် က ဒေါသတကြီး သော့ခတ်ခဲ့၏။


ကျန်းရှို့ချန် က သူတို့ကို မထိရတာ သုံးရက်ရှိပြီ။ 


သူ့မျက်လုံးတွေ တောက်ပလာပြီး 


“ဟုတ်ကဲ့..."သို့သော် သူက တုံ့ဆိုင်းသွားပြန်သည်။ 


"ဒါပေမယ့် အဖေ သော့ခတ်ထား..." လျန့်ယင်းယင်း တုန်တုန်ယင်ယင် ပြုံးကာ ပြောသည်။ 


" အမေ့မှာ သော့ရှိတယ်...သား.ခဏစောင့်...ထမင်းအရင်စား...နောက်မှ သားကို အမေ လာပေးမယ်..." 


ကျန်းယန်ရှန့် က လျန့်ယင်းယင်း စကားကို ဝင်နှောက်ယှက်လိုက်သည်။ 


"ကျွန်မအဖေက ဂိမ်းစက်ကို တစ်ပတ်လောက်ထိ မဆော့ရဘူးလို့ ပြောထားတယ်...အဖေ့ စကားက အမှိုက်လား... " 


"ဟေ့...မင်းအဖေက ရှို့ရှို့ရဲ့အဖေ...ငါက ရှို့ရှို့ရဲ့အမေ...သူ့အဖေက မကစားရဘူး လို့ ပြောပေမယ့် အခု သူ့အမေက ဆော့လို့ ရတယ်လို့ ပြောနေတယ် မဟုတ်လား...” 


လျန့်ယင်းယင်း က ပြောသည်။


သူမ နောက်တစ်ကြိမ် စကားပြန်မပြောမီ ကျန်းယန်ရှန့် ၏ ဆဲလ်ဖုန်းမြည်လာသည်။ 


ကျန်းယန်ရှန့် သည် ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ဆန့်တန်းကာ လျန့်ယင်းယင်း ကို


 'ပါးစပ်ပိတ်ထား' ရန် ပြောကာ ဖုန်းကိုင်လိုက်သည်။ ဖုန်းဆက်သူက အဖေပင်။


 Moments အဖွဲ့ မှာ ကျန်းယန်ရှန့် ​၏ ပို့စ်ကို ပထမဆုံးမြင်ရတဲ့သူက ဦးလေးရဲ့သား ဖြစ်သည်။ 


ထိုအချိန်တွင် သူ့ညီဝမ်းကွဲက coke သောက်နေပြီး သီးကာ စားပွဲတစ်ခုလုံးကို မှုတ်ထုတ်မိသွားသည်။


ကျန်းယန်ရှန့် ၏ဦးလေး၊ ကျန်းဟွမ် ၏အကြီးဆုံးအစ်ကိုဖြစ်သည့် သူ့အဖေကို အလျင်အမြန်ခေါ်လိုက်သည်။


 "အဖေ Moments...ယန်ယန်ရဲ့ Moments မှာ တင်ထားတဲ့ ပို့စ်ကိုကြည့်ပါ...အဲဒါဘာလဲ မမေးနဲ့...ကြည့်လိုက်စမ်းပါ....” 


ကျန်းဟွမ် သည် ရုံးရှိ အစ်ကိုအကြီးဆုံးထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိပြီး  


"ဘာ‌တွေလဲ...အမြန်ဖျက်လိုက်ပါ...မင်းအမေသာတွေ့သွားရင် မင်း အဆုံးသတ်မကောင်းဘူးမှတ်..."


ကျန်ဟွမ် Moments ကို နှိပ်လိုက်တာနဲ့ ဒေါသတကြီးဖြစ်သွားရသည်။


 ထို့နောက် သူက ကျန်းယန်ရှန့် ကို အမြန်ဖုန်းဆက်လိုက်၏။


ကျန်း မိသားစု၏ ထမင်းစားပွဲ၌ လျန့်ယင်းယင်း၊ ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန် တို့သည် ကျန်းယန်ရှန့် ၏ အသံကို အလွန်တည်ငြိမ်အေးစက်စွာ ကြားလိုက်ရသည်။


 "ဖျက်ရမယ်...ဘာလို့လဲ..."


 "သူများတွေ မြင်လို့ မရဘူးလား...ဒါဖြင့် သူက ကျွန်မကို ဘာလို့ ရည်ရွယ်ချက်ရှိရှိ ပြရတာလဲ...”


" တခြားသူမမြင်သင့်တာမျိုး သမီးတခါမှမတွေ့ဖူးဘူး... အရွယ်အားလုံးနဲ့ သင့်တော်ပြီး အလယ်တန်းကျောင်းသားတစ်ယောက် အနေနဲ့ မြင်သင့်တဲ့ အရာက ဘာများလဲ"


 “ဟုတ် ...အဲ့ဒါကြောင့် တခြားလူတွေက ဘာလို့ မြင်လို့ မရတာလဲဆိုတာကို သမီးနားမလည်တာ... သမီးက လူသားတစ်ယောက်မဟုတ်ဘူးလား..." 


"ကောင်းပြီ... သမီး ကတိပေးတယ်..." 


ကျန်းယန်ရှန့် က ဖုန်းချလိုက်ပြီး ဘာမှ မပြော‌ပေ သူမက တူကိူကိုင်ကာ စားရန်ပြင်လိုက်သည်။


"ငါပြောတာကို နင်ကြားလား..."


လျန့်ယင်းယင်းက ယခုလေးတင်ပြောနေသည့် ထိုအကြောင်းအရာကို ဆက်ပြောသည်။ 


သူမသည် 'တရားဝင်မယား' ဆိုသည့် ဂုဏ် ကိုပြနိုင်သည့် ဘယ်အရာကိုမဆို လုပ်ဆောင်ရန် ပျော်ရွှင်နေသူဖြစ်သည်။


 သူမက ကျန်းယန်ရှန့် ကို ဆက်ပြောလိုက်သည်။


 "နင်အဖေလား...နင့်အဖေ ဘာဖြစ်လို့လဲ...နင့်အဖေက ငါ့ခင်ပွန်းဆိုတာ နားလည်ရမယ် …နင့်ရဲ့ အဖေအိုကြီးကလေ......"


 ထိုစဉ် လျန့်ယင်းယင်း ၏ လက်ကိုင်ဖုန်းသည်လည်း ရုတ်တရက် မြည်လာပြန်၏။ 


 သူမ ကြည့်လိုက်ပြီး ဆဲလ်ဖုန်းကို ကောက်ကိုင်လိုက်ကာ ကလေးတွေရှေ့မှာပင်


 “ ယောက်ျား...” 


ကျန်းဟယ်လင်း သည် ယောက်ျား' ဟူသော စကားကိုကြားလျှင် ကြက်သီးထသွားကာ သူမ အမေကို စကားမပြောချင်တော့ပေ။


 သူမသည် သူမ၏အတန်းဖော်များ၏ မိခင်များနှင့် တွေ့ဆုံခဲ့ဖူးသည်။သူတို့သည် သူမ၏မိခင်နှင့် မတူကြပေ။


"မင်းဘာဝတ်ထားတာလဲ...သွားပြီး အဝတ်အစားလဲလိုက်...မင်းရဲ့ ကိုယ်ပေါ်က အရာတွေကို ကလေးတွေကို ပြမလို့လား... "


 "မြန်မြန် အဝတ်အစားလဲလိုက်...မိသားစုထဲမှာ မိန်းကလေးနှစ်ယောက်ရှိတယ်...သူတို့ကို လမ်းလွဲ မ‌ရောက်စေနဲ့....လျန့်ယင်းယင်း...မင်းက အခု ငါ့မိန်းမ... မင်းက ငါ့ကလေးတွေရဲ့အမေပဲ...မင်းဟာ လေးနက်တဲ့ လူတစ်ယောက်ဖြစ်ရမယ်...ငါ့သမီးတွေရှေ့မှာ ဒီအကျင့်ကို ထပ်ပြရင် မင်းထွက်သွားတော့..."


Xxxxx