အပိုင်း (၅၅)
Viewers 31k

part-55


သို့သော်လဲ ဝမ်လေးကသာမာန်ကလေးတယောက်မဟုတ်ပေ။သူကပြန်လည်တိုက်ခိုက်နိုင်ပေသည် 


"တခြားကလေးတွေမှာ ညီကိုမောင်နှမတွေရှိတော့ရောဘာဖြစ်လဲ...အဲ့တာကသားမှာလဲ ရှိရမယ်လို့မဆိုလိုဘူးလေအန်တီ...သားကကလေးမဆန်ဘူး..."


"ဟားဟားဟားဟား..."


ယွမ်ရှကလေးလေးအတွက်ကျယ်‌လောင်စွာလက်ခုပ်ဩဘာများပေးချင်သွားလေသည်။လူကြီးများပင်လျှင် ထိုကဲ့သို့စကားလုံးမျိုးစဉ်းစားမိမည်မဟုတ်ပေ။


ထိုအမျိုးသမီးကဆက်ပြောလာလေသည်။


"ကလေးလေးတွေနဲ့ကစားရတာကပျော်ဖို့ကောင်းတယ်လေ မဟုတ်ဘူးလား..."


ဝမ်လေးကထိုစကားများကိုစဉ်းစားနေပြီးပြန်လည်တုန့်ပြန်ပြောဆိုခြင်းမရှိပေ။


ဝမ်လေး ထိုစကားများဖြင့်ဆွဲဆောင်ခံလိုက်ရပြီဟုယွမ်ရှထင်လိုက်သည့်အချိန်မှာပင် သူကရုတ်တရက်ထပြောလာလေသည်။


"သားရဲ့ပါပါးနဲ့မာမားက အရုပ်တရုပ်လိုမျိုးကစားဖို့အတွက် သားကိုနောက်ထပ်ကလေးတယောက်ပေးမှာမဟုတ်ဘူး...တကယ်လို့ပါပါးနဲ့မာမားတို့က နောက်ထပ်ကလေးတယောက်လိုချင်တယ်ဆိုလဲ အဲ့တာသူတို့ကိစ္စပဲ သားကညီလေးညီမလေးတွေမလိုချင်ဘူး အဲ့တာကသားကိစ္စ..."


အရိုးသားဆုံးပြောရမည်ဆိုလျှင် ယွမ်ရှပင်အနဲငယ်အံ့အားသင့်သွားမိသည်။ဝမ်လေးကအလွန်ပင်ထက်မြက်သောကလေးလေးတယောက်ဖြစ်ကြောင်း သူမသေချာသိပြီးဖြစ်သော်လဲ တချို့အရွယ်ရောက်ပြီးသောလူတချို့ထက်ပင် ပို၍တွေးခေါ်ဆင်ခြင်နိုင်စွမ်းရှိလိမ့်မည်ဟုတော့သူမမမျှော်လင့်ထားခဲ့မိပေ။


သူကသုံးနှစ်အရွယ်သာရှိသေးသော ကလေးလေးတယောက်ဖြစ်သောကြောင့် စားပွဲရှိလူအားလုံးအံ့အားတသင့်ဖြစ်သွားကြသည်။


ဝမ်လေး၏အတွေးအခေါ်လေ့ကျင့်မှုပုံစံက ရှင်းလင်းလှပြီးသူ့ရဲ့အတွေးကိုလဲပြည့်ပြည့်ဝဝထုတ်‌ဖော်နိုင်သောကြောင့် အားလုံးအံ့အားသင့်သွားကြခြင်းဖြစ်သည်။

ကလေးငယ်လေးတယောက်အနေဖြင့်ထိုမျှစွမ်းဆောင်နိုင်ခြင်းက အလွန်ပင်ရှားပါးလှသည်။


"ဘာပဲဖြစ်ဖြစ်ပါ နေပါဦး လောင်စုန့်ရေ မင်းတို့ဒုတိယကလေးယူဖို့တကယ်ပဲအစီစဉ်မရှိဘူးလား..."


စုန့်ထင်ရှန်း၏ဘေးတွင်ထိုင်နေသောသူကလဲသိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။


စုန့်ထင်ရှန်းက ပြတ်ပြတ်သားသားခေါင်းခါယမ်းရင်းပြန်ဖြေလိုက်သည်။


"မရှိဘူး..."


တခြားသူများကသူဘာကြောင့် ယတိပြတ် ငြင်းဆိုသည်ကိုနားမလည်နိုင်သော်လဲ ယွမ်ရှကတော့နားလည်ပေသည်။


စုန့်ထင်ရှန်းနှင့် မူလပိုင်ရှင်တို့ကတကြိမ်တခါထဲသာအိပ်ခဲ့ဖူးခြင်းဖြစ်ပြီး ထိုတကြိမ်ထဲနှင့်ကလေးတယောက်ရလာခြင်းဖြစ်သည်။အိမ်ထောင်သက်လေးနှစ်အတွင်း၌ထိုတကြိမ်မှလွဲ၍တခြားရင်းနှီးပတ်သက်မှုလုံးဝမရှိကြောင်းသူမရှာတွေ့ထားခဲ့ပြီးလေပြီ။


သူမ၏လေ့လာတွေ့ရှိချက်များအရ စုန့်ထင်ရှန်းတွင်ကွာရှင်းဖို့ရည်ရွယ်ချက်မရှိပေ။ထို့အပြင်သူ့၏အကျင့်စရိုက်အရ တရားမဝင်သားသမီးများလဲရှိမည်မဟုတ်ပေ။ထို့ကြောင့်သူ့တွင် ဝမ်လေးကသာ တဦးထဲသော သားအဖြစ်ရှိနေမည်ဖြစ်သည်။


....


သူတို့စားသောက်စကားပြောနေရင်း တဝက်လောက်၌ စုန့်ထင်ရှန်းက သန့်စင်ခန်းဘက်ဆီသို့ထသွားလေသည်။


ထိုသန့်စင်ခန်းသို့သွားရာလမ်းကြားလေးတွင်လီကျင်းနှင့် တွေ့ဆုံမိ၏။


လူအားလုံးက စားသောက်နေကြဆဲဖြစ်ကြသောကြောင့် ထိုနေရာကအလွန်တိတ်ဆိတ်နေပေသည်။စုန့်ထင်ရှန်းကနှုတ်ဆက်သည့်သဘောမျိုးဖြင့် သူမကိုခေါင်းတချက်ဆတ်ခနဲ ညိမ့်ပြလိုက်သည်။ထို့နောက်သူမကိုဖြတ်ကျော်၍လျှောက်သွားလိုက်သော်လဲ လီကျင်းကသူ့ကိုလှမ်းခေါ်၍ရပ်တန့်စေလိုက်သည်။


လီကျင်း လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်ရင်း သတ္တိများကိုဆင့်ခေါ်ကာ စုန့်ထင်ရှန်းဆီသို့လျှောက်သွားပြီးစကားဆိုလိုက်သည်။


"စီအီးအိုစုန့် မနေ့ညကကျွန်မရှင့်ကိုဖုန်းခေါ်ခဲ့တယ်..."


ယွမ်ရှ၏ရှေ့၌ သူမက စုန့်ထင်ရှန်းကိုအကိုကြီးစုန့်ဟုခေါ်ခဲ့သော် လဲနှစ်ယောက်ထဲရှိသည့်အချိန်တွင်တော့သူ့ကိုမခေါ်ရဲပေ။စုန့်ထင်ရှန်း၏အမူအယာကပြောင်းလဲမှုမရှိပဲ ပြန်တုံ့ပြန်လိုက်သည်။


"ငါသိတယ်..."


လီကျင်းကသူ့မျက်နှာကိုအကဲခတ်ပြီးနောက်ဆက်ပြောလိုက်သည်။


"အဲ့ဒာ ဘာမှမရေးကြီးတာတော့မရှိပါဘူး... မနေ့က စီအီးအိုရဲ့ကားနဲ့ကျွန်မလိုက်စီးခဲ့တယ်မဟုတ်လား...အဲ့တာကျွန်မအိမ်ရောက်တဲ့အခါကျမှ ဟန်းချိန်းပျောက်နေတာကိုသတိထားမိသွားတယ်...ကျွန်မတွေးလိုက်မိတာကကားထဲမှာကျနေခဲ့တာဖြစ်မယ်လို့လေ...ကျွန်မလဲရုတ်တရက်ဆိုတော့စိုးရိမ်ပူပန်သွားပြီးတော့ စီအီးအိုဖုန်းမဖြေနိုင်လောက်အောင်မူးနေမယ်ဆိုတာကိုမတွေးမိဘူးဖြစ်သွားတယ်...

ကျွန်မဖုန်းခေါ်လိုက်တော့ ရှင့်ရဲ့ဇနီးကဖုန်းဖြေခဲ့တယ်..."


သူမစုန့်ထင်ရှန်းရဲ့အမူအယာပြောင်းလဲမသွားသည်ကိုကြည့်ပြီးနောက် ထပ်ပေါင်းပြောဆိုခဲ့သည်။


"အဲ့တာရှင့်ဇနီး နားလည်မှုလွဲသွားမှာကိုကျွန်မ စိတ်ပူနေခဲ့တာ...အစောပိုင်းတုန်းကကျွန်မရှင်းပြချင်ပေမဲ့လဲ...အရမ်းတွေအလုပ်ရှုပ်နေခဲ့လို့လေ...ပြီးတော့လဲ ကျွန်မစကားပြောဖို့အခွင့်အရေးရှာမရခဲ့ဘူး..."


စုန့်ထင်ရှန်းက လီကျင်းကိုစောင်း၍ကြည့်လိုက်ပြီး ...

"သူမကနားလည်မှုလွဲမှာမဟုတ်ဘူး..."


လီကျင်းကြောင်အသွားမိသည်။


သူပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ ဘာကြောင့်နားလည်မှုမလွဲရတာလဲ...ဘယ်လိုမိန်းမမျိုးမဆိုဒီလိုအခြေအနေမျိုးကြုံရမယ်ဆို ပထမဦးဆုံးတုန့်ပြန်မှုက နားလည်မှုလွဲတာပဲဖြစ်သင့်တယ်လေ...အာ...


သူမ စုန့်ထင်ရှန်းကို ကြည့်လိုက်မိသည့်အချိန်၌ သူ့၏အကြည့်နှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။ထိုခဏ၌ သူမ၏လှည့်ကွက်သေးသေးလေးများကို စုန့်ထင်ရှန်းကထိုးဖောက်မြင်နေရသည်ဟု ထင်မိသွားလေသည်။