အပိုင်း (၅၆)
Viewers 31k

part 56


စုန့်ထင်ရှန်းက လီကျင်းကို ဘာမှမပြောတော့ပဲ သန့်စင်ခန်းဆီသို့ပြန်လျှောက်သွားလိုက်သည်။


လီကျင်း အလွန်ရှက်ရွံ့သွားပြီး နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်


ထိုအချိန်၌ လီကျင်း၏ညီမဝမ်းကွဲက သူမဆီသို့ ချဉ်းကပ်လာပြီး...


"ဒါ နင်တို့ကုမ္ပဏီရဲ့ စီအီးအို ဟုတ်လား ....စီအီးအို စုန့်....ကျွန်မသူ့မိန်းမ ကို အရင်ကထဲက မြင်ဖူးတယ်သူမက တော်တော်လှတဲ့အမျိုးသမီးဘဲ သူတကယ်ကံကောင်းလိုက်တာ..."


လီကျင်း သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းလိုက်ပြီး  နှုတ်ခမ်းများကို တွန့်ကွေးလိုက်ကာ မေးလိုက်သည်။


 "သူ့မိန်းမက ကံကောင်းတယ်လို့ နင်ပြောတာမဟုတ်လား..."


စုန့်ထင်ရှန်းကဲ့သို့သော အမျိုးသားသည် အလွန်စည်းကမ်းရှိသော အမျိုးသားဖြစ်သည်။ ဒီနေ့ သူမ လိုချင်သော အရာကိုမရခဲ့လျှင်ပင် သူသည် မိန်းကလေးအများစု၏လိုချင်တပ်မက်စရာဖြစ်မည်ဟု ယုံကြည်

ပေ၏။


ညီမဝမ်းကွဲက လီကျင်းကို စိုက်ကြည့်နေလေသည်။


"နင်ဘာတွေ ပြောနေတာလဲ စီအီးအို စုန့်က ကံကောင်းတာဘဲလေ သူ့မိန်းမက အရမ်းလှတယ် နေ့တိုင်းအလုပ်ကပြန်ရောက်တဲ့အခါ သူကြည့်ချင်သလောက်ကြည့်လို့ရတယ်လေ သူမိန်းမက သူနဲ့လက်ထပ်တယ်ဆိုတာ ယုံကိုမယုံနိုင်စရာဘဲ..."


လီကျင်းသည် ဘာမှမပြောနိုင်ပေ။ သူမ၏နှလုံးသားသည် နာကျင်စွာနစ်မြှုပ်သွားတော့သည်။


သူမ၌လည်း အလှအပကို ခံစားတတ်သော မျက်လုံးများရှိလေရာ ယွမ်ရှ မည်သို့ပင် လှသည်ကို သူမသေချာသိသည်။ သို့သော် သူတို့သည် ကောင်းမွန်သော အိမ်ထောင်ရေးမဟုတ်ကြောင်း သူမ၏ ပင်ကိုယ်သိစိတ်က သူမကိုပြောပြခဲ့သည်။ထိုအရာသည် သူမ၏စိတ်ကူးယဉ်မှုမဟုတ်ပေ။


သို့သော် စုန့်ထင်ရှန်းက သူမကို စိတ်မဝင်စားကြောင်းလည်း သူမသိသည်။


သူမ၏အစ်ကိုသည် စုန့်ထင်ရှန်းနှင့် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်သော်လည်း စုန့်ထင်ရှန်း၏ကုမ္ပဏီတွင် အလုပ်သင်ဖြစ်နေရခြင်းမှာ အင်တာဗျူးသောနေ့တွင် အနည်းငယ်လိမ်ညာမိခဲ့သောကြောင့်ဖြစ်သည်။သူမသည် စုန့်ထင်ရှန်းနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်ဟု လူ့စွမ်းအင်ဖွံ့ဖြိုးရေးဌာနနှင့် ငွေကိုင်ဌာနမှ လူများကို လိမ်ညာခဲ့သည်။ သူမသည် ကုမ္ပဏီတွင်အလုပ်ရပြီးသောအခါ စုန့်ထင်ရှန်းနှင့်ရင်းနှီးလာမည်ဟုထင်ခဲ့သော်လည်း မသိရသောအကြောင်းရင်းများကြောင့် စုန့်ထင်ရှန်းသည် သူမအား အခြားဝန်ထမ်းများကဲ့သို့ပင် ဆက်ဆံခဲ့သည်။


သူသည် သူမကိုအပိုစကားထပ်ပြောမည်မဟုတ်ပေ။

သူမသည် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သိသာနေပြီဟုထင်သည့်အချိန်များရှိခဲ့သော်လည်း ကြားအကွာအဝေးကိုထိန်းသိမ်းရာတွင်ပြတ်သားစွာ ရပ်တည်ခဲ့သည်။


သူက လီကျင်း၏အကြံစည်များကို သိသော်လည်း 

လီယွမ်ဟန့်၏ညီမဖြစ်သောကြောင့် သူမကိုကုမ္ပဏီတွင် ဆက်နေရန် ခွင့်တောင်းခဲ့သည်။နောက်ဆုံးတွင် သူသည် သူ့သူငယ်ချင်း၏ခံစားချက်ကို စဉ်းစားပြီး မျက်နှာသာပေးရတော့မည်။


"ကျင်းကျင်း မင်းက အဒေါ်ရဲ့ စကားတွေကို အလေးအနက်ထားနေတာလား..."


အကိုဝမ်းကွဲက ပြောလိုက်သည်။


 "မင်းက ငယ်ငယ်လေးနဲ့  မသိတဲ့လူတွေနဲ့ ချိန်းတွေ့နေတာကို မကြိုက်ပေမဲ့ မင်းမှာသူငယ်ချင်းများများစားစားမရှိတော့ မသိတဲ့လူတွေနဲ့ သူငယ်ချင်းအသစ်တွေရသလို ဆက်ဆံတာ မဆိုးဘူးမဟုတ်လား..."


လီကျင်း က ခေါင်းခါလိုက်သည်။ 

"ငါ အဲ့တာတွေကိုအခုစိတ်မဝင်စားတော့ဘူး..."


ဝမ်းကွဲ အစ်မက စုန့်ထင်ရှန်းထွက်သွားတာကို သေချာကြည့်ပြီး...


 "နားလည်ပါတယ် နင့်အစ်ကို ယွမ်ဟန့်ပဲဖြစ်ဖြစ် စီအီးအိုစုန့်ပဲ ဖြစ်ဖြစ် သူတို့တွေက အရမ်းထူးချွန်ကြတယ် နင်သူတို့နဲ့ မကြာခဏတွေ့ဖြစ်တော့ သေချာပေါက် နင့်ရဲ့အုမင်ကလည်း ပိုမြင့်လာလိမ့်မယ် ဒါပေမဲ့ ငါ့ရဲ့ အကြံဉာဏ်ကိုနားထောင်ပါ ...မိန်းမရှိတဲ့ယောကျာ်းက သူ့မိန်းမကိုတကယ်မချစ်ရင်တောင် ကွာရှင်းမှာမဟုတ်ဘူး ...ယောကျာ်းတွေက ပိုပြီးကိုယ်ချင်းစာစိတ်ရှိတယ် ....ပြီးတော့ ကြည့်လိုက်ရုံနဲ့ စီအီးအို စုန့်က သူ့မိသားစုကို ဂရုစိုက်တယ်ဆိုတာ သိသာနေတာပဲလေ..."


တစ်ခါတစ်ရံ နင်ပွင့်ပွင့်လင်းလင်းပြောလွန်းလျှင်လည်း တစ်ဖက်လူရဲ့ဂုဏ်သိက္ခာကို ထိခိုက်တတ်တယ်ဆိုတာ မသိဘူးလား...


လီကျင်းက အနည်းငယ် စိတ်မကောင်းဖြစ်ကာ ပြုံးလိုက်မိသည်။ 


သူမရဲ့ ရည်ရွယ်ချက်တွေကို သိတဲ့သူတွေအများကြီးရှိနေတာလား...။


သူမ မိုက်မဲခဲ့ပြီးနောက် အရာများစွာကို သိရှိခဲ့ရသည်။


 ဥပမာအားဖြင့် စုန့်ထင်ရှန်းသည် သူမကို မကြိုက်ကြောင်း သိသည်။


 စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့၏ဆက်ဆံရေးသည် မည်မျှပင်ဆိုးရွားနေပါစေ သူတို့ဘယ်တော့မှကွာရှင်းမည်မဟုတ်ကြောင်းကိုလဲ သူမသိသည်။ 


အကယ်၍ကွာရှင်းကြဖို့ အဆင့်သင့်ဖြစ်နေသည်ဆိုလျင်တောင်မှ ..ယခုချိန်အထိတော့ မကွာရှင်းကြသေးပေ။