အပိုင်း (၅၇)
Viewers 31k

Part 57


ယွမ်ရှသည် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းကိုမသိသော်လည်း စုန့်ထင်ရှန်း သန့်စင်ခန်းမှပြန်လာပြီးနောက် သူ့အကြည့်များက သူမဆီ အကြိမ်များစွာ ရောက်နေကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။


သူဒီနေ့ မျက်စိအထူးကုဆရာဝန်ဆီသွားပြီး မျက်လုံးတွေကုသလိုက်လို့ သူမဘယ်လောက်လှလဲဆိုတာ အခု

မှသဘောပေါက်သွားတာမဟုတ်လား...။


သူဘာကြောင့် မင်္ဂလာပွဲပြီးတဲ့အထိ တစ်လျှောက်လုံး ထူးထူးဆန်းဆန်း လုပ်နေသလဲဆိုသည့်အဖြေကို  စောင့်မျှော်နေပေမဲ့ ဘာမှဖြစ်မလာခဲ့ပေ။


စုန့်ထင်ရှန်းက အလွန်မူးနေသောကြောင့် ယွမ်ရှက ကားမောင်းတဲ့တာဝန်ကို ယူရပေသည်။


လီယွမ်ဟန့်နှင့်ဇနီးဖြစ်သူတို့ကိုနှုတ်ဆက်စကားပြောကြားရာတွင် မိသားစုဝင် ၃ဦးက ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။


လီကျင်း ဘေးနားတွင်ရပ်နေကာ တစ်ချိန်လုံးတိတ်ဆိတ်နေတော့သည်။


"မင်းမိန်းမကိုလဲ မကြာဏခေါ်လာသင့်တယ်..." 


လီယွမ်ဟန့် လည်း ဒီနေ့ အနည်းငယ်မူးနေပြီး စိတ်ကောင်းဝင်နေသောကြောင့် သူ့စကားများကို အရင်ကလို ဂရုမစိုက်နိုင်ပေ။

 

"ဘာဘဲဖြစ်ဖြစ် ယွမ်ရှ ဒီနေ့မင်းငါ့ကိုမျက်နှာရအောင်လုပ်လိုက်တာဘဲ ငါတို့မင်္ဂလာပွဲတုန်းက အခြားသူတွေလာတယ်လေ သူတို့မင်္ဂလာဆောင်ကိုကျ မလာခဲ့ဘူးလေ..."


ယွမ်ရှ က သူ့စကား၏အဓိပ္ပာယ်ကို နားမလည်သလို ဟန်ဆောင်လိုက်ပြီး တုံ့ပြန်လိုက်သည်။


"အဲ့ဒာကို အပြစ်ပြောလို့မရဘူးလေ သူတို့က ကျွန်မကိုမှမဖိတ်တာ 

ဒီနေ့မင်္ဂလာဆောင်ကိုလဲ အရှက်မကွဲအောင် တူတူတွဲတက်တာဘဲ..."


"လောင်စုန့် ဒါ မင်းအပြစ်ဘဲ မင်းရဲ့ မိသားစု ဝင်တွေကို ခေါ်လာဖို့ မင်းကိုအကြိမ်ကြိမ်ပြောသားဘဲ... ယွမ်ရှ လောင်စုန့်က  ငါတို့ တွေ့ဆုံကြတဲ့ပွဲတွေဆို တစ်ယောက်ထဲအမြဲလာနေတာ သူကို ငါတို့က လူပျိုကြီးလို့တောင်ထင်နေပြီ..."


ယွမ်ရှက သူ့အပေါ်ကိုအပြစ်တင်နေတာ မြင်လိုက်ရသောအခါ စုန့်ထင်ရှန်း သူမဘက်မှ  ဘာမှပြောပေးမယ်မဟုတ်ဘူးလို့ တွေ့းမိသည်။


သို့သော် စုန့်ထင်းရှန်းက သူငယ်ချင်းများရှေ့ ခက်ခဲသောအနေအထားတွင် သူမကို ထားခဲ့မည်မဟုတ်ပေ။


 ထို့ကြောင့်သူက ပြုံးလိုက်ကာ ကာကွယ်ပြောလိုက်သည်။


 "နောက်တစ်ခါ ခေါ်လာခဲ့ပါ့မယ်ကွာ..."


"အဲ့လိုလုပ်မယ်လို့ မထင်မိဘူးနော်..."


လီယွမ်ဟန့် ၏ဇနီးကဖုန်းကိုထုတ်လိုက်ပြီး ယွမ်ရှကို ပြောလိုက်သည်။


"wechat မှာ တစ်ယောက်နဲ့တစ်ယောက်  သူငယ်ချင်းလုပ်ရအောင် 

ဒီလူတွေက တစ်ယောက်နဲ့တစ်ယောက် အရမ်းကာကွယ်ပေးကြတာ ကျွန်မတို့သာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်သာရှိရင် ဒီလူတွေ ဘာဇာတ်လမ်းမှလုပ်လို့ရမှာမဟုတ်ဘူး... "


"ဟုတ်တယ်..."


အမျိုးသမီး၂ယောက်က wechatတွင် အချင်းချင်း သူငယ်ချင်းအဖြစ်လက်ခံလိုက်ကြသည်။ တစ်နည်းအားဖြင့် မဟာမိတ်အဖြစ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်ဟု ယူဆနိုင်သည်။


လီယွမ်ဟန့်၏ဇနီးက စုန့်ထင်ရှန်းကို မျက်စောင်းထိုးလျက်...


 "နင့်ရဲ့ဇနီးကို wechat မှာ ငါထည့်လိုက်တာ နင်စိတ်မဝင်စားဘူးမလား...

နင်တို့တွေ နောက်ရက် တွေ့ဆုံပွဲတွေလုပ်တဲ့အချိန်ကျ ငါသူ့ကို တိုက်ရိုက်ဖိတ်မယ် ..."


စုန့်ထင်ရှန်း က "ကျွန်တော် စိတ်မဆိုးပါဘူး"ဟု ခပ်ပေါ့ပေါ့ပြောလိုက်သည်။


သို့သော်လည်း ယွမ်ရှက သူနှင့်အတူ နောက်တစ်ကြိမ် လိုက်လာရန် ဆန္ဒရှိ မရှိကို  သူမသိခဲ့ပေ။


သူမသည် ဝမ်လေးရဲ့ တိုက်တွန်းမှုကြောင့် ဒီနေ့ဒီကိုရောက်လာပေမဲ့ လာဖို့ စိတ်မဝင်စားပေ။ သို့မဟုတ်ပာက သူမသည် စိတ်အားထက်သန်စွာဖြင့်ထိုနေရာကို လာရန် သဘောတူခဲ့ပေမည်။


စုန့်ထင်ရှန်း၏မိသားစုထွက်ခွာသွားပြီးနောက် လီယွမ်ဟန့်၏ဇနီးသည်က ခင်ပွန်း၏လက်ကိုဆုပ်ကိုင်ထားကာ ပြောလိုက်သည်။


"စုန့်ထင်ရှန်းရဲ့ ဇနီးက တကယ်ကောင်းထယ်လို့ ကျွန်မထင်တယ် သူမက အရမ်းလဲလှတယ်..."


လီယွမ်ဟန့် ကချက်ချင်းပင်သူ့မိန်းမကို မြှောက်ပင့်လိုက်သည်။ 


"သူမက မင်းလောက် မလှပါဘူးကွာ.."


"လူလိမ် ဒီမှာ သူ့ထက် ပိုလှတဲ့သူမရှိဘူး..."


ဘေးမှာရပ်နေသောလီကျင်းက ဘာမှဝင်မပြောဘဲ ပိုက်ဆံအိတ်ကိုသာ ပိုမိုတင်းကျပ်စွာကိုင်ထားလိုက်သည်။


ယွမ်ရှနှင့် စုန့်ထင်ရှန်းတို့သည် လီကျင်း၏ ကိစ္စနှင့်ပတ်သက်၍ ဘာမှမဖြစ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေသည်ဟု ထင်ရသည်။ သူတို့၂ယောက်လုံးသည် လီကျင်း၏ရည်ရွယ်ချက်ကို သိသော်လည်း မသိသလိုဟန်ဆောင်၍ဆက်ဆံခဲ့သည်။


စုန့်ထင်ရှန်းအနေဖြင့်လည်း တစ်ခုခုနားလည်မှုလွဲသွားလျှင်ပင် ယွမ်ရှက ဂရုမစိုက်သည်ကို သိသောကြောင့် မည်သည့်အရာမှရှင်းပြခြင်းမရှိပေ။


လင်မယားနှစ်ယောက် သွားသည့် လမ်းကို ကျောက်တုံးများဖြင့် တည်ဆောက်ထားသလားဟု ထင်ရသည်။ (ကြမ်းတမ်းအေးစက်တာ)


ယွမ်ရှက လီကျင်းအကြောင်းကိုအစဖော်၍မမေးပါက သူကလည်း ရှင်းပြရန် စိတ်မဝင်စားပေ။ သူ၏ စဉ်းစားပုံက အလွန်ရိုးရှင်းလှပါသည်။


သူ့ကို ဂရုမစိုက်သောသူအား တစ်ခုခုကိုရှင်းပြရန် အားထုတ်ခြင်းသည် မိုက်မဲသည်ဟုလက်ခံထားသောကြောင့်ဖြစ်သည်။


စုန့်ထင်ရှန်းသည် ယွမ်ရှက သူ့ကိုနားလည်မှုလွဲပြီး သူ့အငယ်နှောင်းကို ကာကွယ်ပေးတယ်လို့ထင်ခဲ့လျှင်လဲ စိတ်မပူပေ။ 


သူကိုယ်တိုင်လည်း ယွမ်ရှ အပြင်ထွက်တဲ့အခါ ဘယ်လိုလူတွေနဲ့တွေ့တယ် သူဘာတွေလုပ်ခဲ့တယ်ဆိုတာကို ဂရုစိုက်ဘူးလေ....။


သူတို့ရဲ့ ဆက်ဆံရေးပုံစံသည် တစ်ဖက်နှင့်တစ်ဖက် နီးကပ်ခြင်းမရှိသလို ထာဝရပြောင်းလဲခြင်းမရှိပေ။


 ကံမကောင်းစွာပင် ယွမ်ရှ နှင့်စုန့်ထင်ရှန်း နှစ်ယောက်လုံးက   အခြားသောသူများနှင့် ပိုရင်းနှီးရန် ရည်ရွယ်ချက်လုံးဝမရှိပေ။