အပိုင်း (၅၈)
Viewers 31k

Part 58


ညနေပိုင်းတွင် ယွမ်ရှက ဝမ်လေးကို စုန့်ထင်ရှန်း၏အခန်း၌ တစ်ညလောက် အိပ်ရန် ပြောခဲ့သည်။


ပေါင်ပေါင်က မအိပ်ချင်သော်လည်း သဘောတူလိုက်သည်။


ဝမ်လေးက ကာတွန်းအတွင်းခံကိုသာဝတ်ထားသည်။

သူ၏ခြေထောက်ကိုဖြေးညှင်းစွာ ရွေ့လျားကာ ကြည့်နေခဲ့သည်။


"မာမား သားနဲ့တကယ်မအိပ်ချင်ဘူးလား သားမရှိရင် မာမား မကြောက်ဘူးလား..."


ယွမ်ရှက တစ်ကိုယ်ကောင်းဆန်စွာဖြင့် ခေါင်းခါလိုက်သည်။


 "မလိုပါဘူး သားရဲ့ မာမား မကြောက်ဘူး ပေါင်ပေါင်ရဲ့ ပါပါးကိုဘဲသွားရှာပါ"


ဝမ်လေးက လူကြီးတစ်ယောက်ကဲ့သို့ပင် လေးနက်စွာသက်ပြင်းချလိုက်သည်။


"မာမား ကသားနဲ့မအိပ်ချင်ဘူးဆိုလဲ ရပါတယ် သားသွားလိုက်မယ်"


ထိုစကားကိုပြောပြီးနောက် သူသည် ချက်ချင်းထွက်သွားတော့သည်။


ယွမ်ရှက ပေါင်ပေါင်၏ အပြုအမူကြောင့်အလွန်ပျော်နေခဲ့သည်။


ယွမ်ရှ၏အမူအကျင့်များ မပြောင်းမီ အချိန်ကထဲက ဝမ်လေးနှင့် စုန့်ထင်ရှန်း တို့သည် အလွန်ကောင်းသော ဆက်ဆံရေးရှိခဲ့သည်။သို့သော် မိဘနှင့်သားသမီးဆက်ဆံရေးတွင် ဖခင်သည် မိခင်၏နေရာတွင် အစားထိုး၍မရနိုင်ပေ။ကလေးတစ်ယောက်၏စိတ်တွင် မိခင်ကို လွမ်းဆွတ်သောချစ်ခြင်းမေတ္တာ နှင့်မွေးရာပါ မှီခို မှုခံစားခဲ့ရသည်။


ထို့ကြောင့် ယွမ်ရှ ပြောင်းလဲသွားကာ ဝမ်လေးနှင့် နီးစပ်ရန် ဆန္ဒရှိလာချိန်၌ ဝမ်လေး၏နှလုံးသားရှိ စုန့်ထင်ရှန်း၏နေရာသည် အနည်းငယ် အေးစက်သွားခဲ့သည်။


ဟုတ်ပါတယ်....ဝမ်လေး၏နှလုံးသားထဲ၌ အဖေနှင့်အမေ တို့နှင့်အတူတူအိပ်နိုင်ပါက အကောင်းဆုံးဖြစ်မည်ဆိုသောဆန္ဒလေးရှိနေလေသည်။


သားဝမ်လေးက အိပ်ယာပေါ်တွင်ထိုင်ပြီးခေါင်းအုံးပေါ် လှဲကာ ဒီနေ့ မင်္ဂလာပွဲအကြောင်း တွေးရင်း...ပာပားနဲ့မားမားတို့ရော မင်္ဂလာဆောင်ဖူးလား "ဟုမေးလိုက်သည်။


ထိုအချိန်၌ စုန့်ထင်ရှန်း က စားပွဲခုံကို သန့်ရှင်းရေးလုပ်နေသည်။ ထိုစကားကိုကြားလိုက်သောအခါ သူက ခေါင်းညိမ့်ပြလိုက်သည်။


 "ဆောင်ဖူးတာပေါ့..."


ယွမ်ရှနှင့် သူ၏မင်္ဂလာပွဲက လီယွမ်ဟန့် ကဲ့သို့ နွေးထွေးပြီး ရိုမန်တစ်ဆန်ခြင်းမရှိခဲ့ပေ။သူတိူ့၂ယောက်သည် 

တစ်ယောက်နှင့်တစ်ယောက်တကယ်မချစ်ကြသောကြောင့် ကတိသစ္စာပြုသည့်အချိန်၌လည်း စာအုပ်တစ်အုပ်ကိုဖတ်နေသကဲ့သို့ပင်။ ခံစားချက်အစစ်အမှန်ကို ခံစားခွင့်မရှိခဲ့ကြပေ။ အခုတော့ သူတို့၏မင်္ဂလာပွဲက လုံးဝမကောင်းခဲ့ကြောင်း စဉ်းစားနေခဲ့သည်။


"ပာပားက ဘာလို့ သား ကိုမခေါ်တာလဲ...


ဝမ်ငယ်လေးက မေးလိုက်သည်။


စုန့်ထင်ရှန်း ရယ်မောရင်းပြန်ဖြေလိုက်၏။


"သားမှ မမွေးသေးတာ မင်္ဂလာဆောင်ကိုမတွေ့ခဲ့ရဘူးလေ ဒာကြောင့် ပါပါတို့က သားကို မခေါ့်နိုင်ဘူးပေါ့..." ပြန်ဖြေလိုက်သည်။


"ဒါဆို သားက ဘယ်မှာလဲ..."


၃နှစ်အရွယ် ကလေးများသည် အသစ်အဆန်းများကို လေ့လာရန် စိတ်အားထက်သန်ကြသည်။ထိုအရွယ်၌ ကလေးများက အရာအားလုံးကို စိတ်ဝင်စားလာသည်။ တစ်ခါတစ်ရံလူကြီးများသည် သူတို့မေးသောမေးခွန်းကို ဘယ်လိုဖြေရမှန်းမသိကြပေ။


ဝမ်လေးသည် ၃နှစ်သာရှိသောကြောင့် သူ့ကိုလိမ်ညာရန် လွယ်ကူသော်လည်း စုန့်ထင်ရှန်း က သားလေးကို မလိမ်ညာချင်ပေ။


"အဲ့အချိန်တုန်းက ပေါင်ပေါင်က မေမေရဲ့ ဗိုက်ထဲမှာဘဲရှိသေးတယ်လေ..."ဟု ပြန်မဖြေခင် သူက လေးနက်စွာ စဉ်းစားလိူက်သည်။


တိတ်တဆိတ်မင်္ဂလာပွဲသည် ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် ဆန်းသစ်သော အရာမဟုတ်....။

လင်မယား၂ယောက် လက်ထပ်ပြီးသောအခါ နှစ်ဖက်မိဘဆွေမျိုးများက အမျိုးသမီးမှာ ကိုယ်ဝန်ရှိမရှိမေးကြသည်။ ဆန့်ကျင်ဘက်အနေနှင့် ကိုယ်ဝန်ဆောင်ခြင်းသည် မိသားစုများအတွက် ဂုဏ်ပြုရမည့် အရာဖြစ်သည်။ 


သို့သော် စုန့်ထင်ရှန်းက သူ့သားလေးကို မိဘတွေ လက်မှတ်ဝယ်ထားပေးပြီး ဘတ်စ်ကားပေါ်တင်ထားသလိုမျိုးပင်ခံစားမိသည်။


ဝမ်လေးက နောက်ထပ် မေးခွန်းတစ်ခုမေးလိုက်သည်။ 


"ဦးလေး လီရဲ့ သတို့သမီးမှာလည်း ဗိုက်ထဲမှာ ကလေးရှိလား..."


စုန့်ထင်ရှန်း "...မဟုတ်ဘူး"


ဝမ်လေး "အိုး ....ဟမ် ဒါဆို မာမား ရဲ့ ဗိုက်ထဲမှာဘာလို့ သားကရှိနေတာလဲ..."


ပြောသည့်အတိုင်း သတို့သမီးတိုင်းက ၎င်းတို့ဗိုက်ထဲတွင် ကလေးမရှိကြပေ။


စုန့်ထင်ရှန်းက "အဲ့ဒာက...."


ပြောရင်း သူခဏရပ်လိုက်ပြီး အပြစ်ကင်းစင်သော သားကို ကြည့်ရင်း ဖြေးဖြေးချင်းပြောလိုက်သည်။


" သားက ကျွမ်းကျင်မြန်ဆန်တဲ့ရေကူးသမားလေးပဲ တက်တက်ကြွကြွ ရှိတယ်လေ

အရမ်းအံ့သြဖို့ကောင်းတာပဲ..."(ယူတို့သိတယ်ဟုတ်)