အပိုင်း (၅၉)
Viewers 31k

part 59


သူ့သားလေးကို ထိုကိစ္စရှင်းပြရသည်မှာ အဆင်မပြေနိုင်ပေ။ ကံကောင်းထောက်မစွာပင် ဝမ်လေးကထိုမေးခွန်းများကို ဆက်မမေးတော့ပေ။ စုန့်ထင်ရှန်း လည်း သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာရသွားသည်။


 ကလေးလေးက လှဲပြီး အိပ်လိုက်တာနှင့် ချက်ချင်း ပင်အိပ်ပျော်သွားရမည့်အစား မေးခွန်းတစ်ခု ထပ်မးလာသည်။


"ပါပါး... ပါပါးနဲ့မာမားက  နောက်ထပ် ကလေး ထပ်ယူအုံးမှာလား..."


ဝမ်လေးက မင်္ဂလာဆောင်မှမေးသော နောက်ပြောင်သောမေးခွန်းတွေကြောင့် သိသာလွန်းစွာ စိတ်အနှောင့်ယှက်ဖြစ်နေသည်။


စုန့်ထင်ရှန်း ကလေးကို စောင်ခြုံပေးလိုက်ပြီး ...

"သားက ညီလေး ညီမလေး မလိုချင်ဘူးလား..."


ဝမ်လေးက ခေါင်းခါပြီး...

"အဲ့လိုတော့မဟုတ်ပါဘူး ပါပါး...မာမားက အခ ုသားကိုပွေ့ဖက်ပြီး နမ်းတယ်လေ..မားမား မှာသာ နောက် ကလေးရှိရင် သားကို အရင်လိုပဲ ဂရုမစိုက်တော့ဘူးလား ...ပွေ့ဖက်မနမ်းတော့ဘူးလား..."


စုန့်ထင်ရှန်းက အလွန် အံ့သြသွားသည်။ ထိုစကားက သားရဲ့အဖြေဖြစ်လိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။


သို့သော် ကလေး၏နေရာတွင် နေကြည့်ပါက သူဘာကြောင့် ထိုကဲ့သို့ တွေးသည်ဆိုတာကိုနားလည်နိုင်သည်။


ယွမ်ရှသည် ပေါင်ပေါင်လေးကိုမွေးပြီးနောက် မချစ်ခဲ့ပေ။ပေါင်ပေါင်၏ဖခင်အနေဖြင့် 

ယွမ်ရှနှင့်သဘောတူညီထားသောကြောင့် သူမအား မိခင်ကောင်းဖြစ်ရန် တောင်းဆိုခြင်းမရှိချေ။နောက်ဆုံးတွင် သူမသည် သားလေးကိုမချစ်ဘဲ မိခင်ကောင်းတစ်ဦးအဖြစ် ဟန်ဆောင်ကာအတင်းအကြပ်မလုပ်နိုင်ပေ။ 


ထို့ကြောင့် သူသည် အလုပ်သွားချိန်မှလွဲ၍ကျန်တသောအချိန်များတွင် ဝမ်လေးကို အာရုံစိုက်ထားသည်။သူသည် ယွမ်ရှ၏လစ်လပ်နေသောနေရာကိုဖြည့်ရန်အတွက် သားလေးကိုပိုချစ်ပေးချင်ခဲ့သည်။


သို့သော် သူကအရေးကြီးသောအရာတစ်ခုကိုမေ့သွားခဲ့သည်။ကလေးတစ်ယောက် ကြီးပြင်းလာချိန်တွင် အဖေနှင့်အမေ လိုအပ်သည်။ သူတိူ့၏နေရာတွင် ဘယ်သူမှအစားထိုး၍မရပေ။ပေါင်ပေါင်၏နှလုံးသားသည် မိခင်၏မေတ္တာအားတောင့်တသည်။ ယခုအချိန်တွင် ယွမ်ရှသည် ဝမ်လေးအား လိုချင်သောမိခင်မေတ္တာ ကိုပေးနေပြီဖြစ်သောကြောင့် သူ့ပျော်ရွှင်မှုအလယ်တွင် ကြောက်ရွံ့နေလိမ့်မည်။


အရွယ်ရောက်ပြီးသော သူတောင် တစ်ကြိမ်ပိုင်ဆိုင်ပြီးလျှင် တစ်စုံတစ်ခုကို ဆုံးရှုံးရမှာ ကြောက်နေတတ်သောကြောင့် ကလေးတစ်ယောက်သာဆိုလျင်....


သူက ယွမ်ရှကို မကြိုက်သလို ယွမ်ရှကလည်း သူ့ကိုလုံးဝမကြိုက်ပေ။လွန်ခဲ့သောနှစ်များကထဲက သူတို့သည် တစ်ဖက်သားအနှောင့်ယှက်ဖြစ်စေမည့်အရာကိုမလုပ်ဘဲနှင့် မျှတသော အခြေနေကိုထိန်းထားခဲ့သည်။သူတို့၌သာ သားသမီးမရှိခဲ့ပါက ထို အိမ်ထောင်ရေး ဆက်ဆံရေးသည် မဆိုးဟုဆိုနိုင်ပေဦးမည်ယ


စုန့်ထင်ရှန်းက ဝမ်လေးကို ပွေ့ဖက်ပြီး နှိစ်သိမ့်လိုက်သည်။


 "မာမားက အဲ့လိုမလုပ်ပါဘူး...ပြီးတော့  ပါပါးတို့က နောက်ထပ် ကလေးယူဖို့အစီစဉ်မရှိပါဘူး သားလေး..."


ယွမ်ရှသည် ဘယ်လိုလူလဲဆိုတာသူသိသည်။ ထို့ကြောင့် သူမသည် ယခု အနည်းငယ်ပိုကောင်းလာသော်လည်း သူ့အတွက် ထူးခြားမှုမရှိချေ။အမှန်တကယ်တော့ သူက သူမ၏လက်တလောပြောင်းလဲလာသောအပြုအမူအတွက် သူ့ကိုယ်သူ စိတ်ပြင်ဆင်ထားပြီးဖြစ်သည်။ 


ဒါပေမဲ့ ကလေးကိုတော့ အဲ့လိုလုပ်မရဘူး....။


ဝမ်လေးက မျက်လုံးပြူးသွားပြီး ခဏအကြာ၌သူ့အတွေးလေး ကိုထုတ်ပြောလာလေသည်။ "

တကယ်လား...မာမား က သားကိုပွေ့ဖက်ပြီး နမ်းနေမယ်ဆိုရင်တော့ ညီလေး လိုချင်တယ်..." 


စုန့်ထင်ရှန်း မရယ်နိုင်တော့ပေ။ သူ့မျက်နှာက ပေါ့ပေါ့ပါးပါးဖြစ်နေသည်ဟု ထင်ရပေမဲ့ သူ့နှလုံးသားသည် အနည်းငယ်လေးလံနေသည်။


ယွမ်ရှသည် သူတို့သားအဖနှစ်ယောက် စကားပြောနေသည်ကို မသိပေ။ သားဝမ်၏ စကားများမှတဆင့်  စုန့်ထင်ရှန်းတစ်ယောက် အတွေးများနေလိမ့်မည်ဟုလည်း မသိခဲ့ပေ။


သူမက အိပ်ယာပေါ်တွင်ပျော်ရွှင်စွာ လဲလျောင်းနေပြီး ဝေ့ပေါ်ကိုကြည့်ကာ အဲကွန်းမှ အေးမြ သော လေကို ခံစားရင်းဇိမ်ခံနေလေသည်။


ဟုတ်တယ်...သူမက အွန်လိုင်းအစားအစာ မှာယူခြင်း ဝန်ဆောင်မှု ဝက်ဘ်ဆိုဒ်တွေကို အကြိမ်ပေါင်းများစွာကြည့်ခဲ့သည်။ညနက်တဲ့အချိန်မှ သရေစာမှာယူချင်နေသည်။ သို့သော် သူမ၏ချပ်ကပ်သော ဗိုက်နှင့် သေးသွယ်သောခါးကိုကြည့်ရင်း ထိုအတွေးကို စွန့်လွှတ်လိုက်သည်။


ယခုအချိန်မှစ၍ သူမ နှင့် အရသာရှိသော ကယ်လိုရီများသော အစားအစာများသည် ဘယ်တော့ ဆုံတွေ့နိုင်ခြင်းမရှိတော့ပေ။


သူမသည် အရင်ကထက်စောပြီး ဖုန်းကိုပိတ်လိုက်ကာ အိပ်တော့မည့်အချိန်တွင် သူမ၏ဖုန်းက တုန်ခါသွားသည်။ 


ဖုန်းကိုနှိပ်ပြီးဖွင့်ကြည့်လိုက်သောအခါ စာသားမက်ဆေ့ခ်ျတစ်ခုရောက်နေသည်ကိုတွေ့လိုက်ရတော့သည်။