အပိုင်း (၆၀)
Viewers 31k

Part 60


ထိုမက်ဆေ့သည် ကပ်လျက်အခန်းတွင်ရှိသော စုန့်ထင်ရှန်းမှ ပေးပို့သော စာတို ဖြစ်သည်။


မှန်ပာတယ် ....။

သူတို့အချင်းချင်း wechat တွင်သူငယ်ချင်းဖြစ်မနေပေ။တစ်ခြားသူများသာ ထိုအကြောင်းကြားပါက အလွန်ထူးဆန်းသွားပေလ်ိမ့်မည်။


စုန့်ထင်ရှန်း -[တနင်္လာနေ့ မနက်ကျ နာရီဝက်လောက်အားမလား ....မင်းနဲ့ ဆွေးနွေးစရာ တစ်ခုရှိလို့]


သတင်းစကားက အလွန်စိမ်းသက်ပြီး စီးပွားရေးအလုပ်အကြောင်းပြောသည်နှင့် တူနေပေသည်။ကံကောင်းစွာဖြင့် ယွမ်ရှက ဂရုမစိုက်ခဲ့ပေ။ သူမသည် သူ၏မက်ဆေ့ခ်ျ ကိုချက်ချင်းပြန်မဖြေခဲ့ပေ။


 စုန့်ထင်ရှန်းက

သူမနှင့် တစ်စုံတစ်ခုဆွေးနွေးလိုသည့် အကြောင်းရင်းမှာ အဘယ်နည်း။တစ်ယောက်နဲ့တစ်ယောက် ပြောစရာမရှိသလို သူတို့ကြားထဲတွင် ဆွေးနွေးရမဲ့ အရာတစ်ခုမှ မရှိပေ။


ယွမ်ရှ၏မျက်လုံးများပင် လည်သွားသည်။ လျှပ်တပြက်အတွင်း သူမအတွက် ဖြစ်နိုင်ချေရှိသော အကြောင်းအရာတစ်ခုကို တွေးလိုက်မိသည်။


သူက သူမကို ကွာရှင်းချင်နေတာ ဖြစ်နိုင်လား...။


ဒါ ဖြစ်နိုင်တယ်...။ မဟုတ်ရင် သူဘာလို့ ထူးထူးခြားခြား မက်ဆေ့ခ်ျပို့တာလဲ...။ ဝမ်လေးနှင့် ပတ်သက်ပြီး တစ်ခုခုပြောချင်ရင် သူ အိမ်မှာဘဲ ပြောလို့ရတယ်လေ။ဒီလို တရားဝင်လေးလေးနက်နက် ပြောစရာမလိုဘူး...


သူမက မျက်နှာကိုအရိုက်ခံလိုက်ရသကဲ့သို့ခံစားလိူက်ရသည်။ယခင်က သူမသည် ဟန်ဆောင်လက်ထပ်သောအတွဲသည် ကွာရှင်းမည် မဟုတ်ကြောင်း နှင့် သူတို့၏အပေါ်ယံ သဟဇာတဖြစ်အောင် ထိန်းထားမည်ဟု ယူဆခဲ့သည်။


သို့သော် သူက ကွာရှင်းချင်တယ်ဆိုရင် ကွာရှင်းဖို့ ငြင်းဆိုရန် အကြောင်းပြချက်မရှိဘူး မဟုတ်လား...။သူမက ကွာရှင်းဖို့ မစဉ်းစားထားသည့် တစ်ခုထဲသော အကြောင်းရင်းမှာ ကွာရှင်းသည်ဖြစ်စေ မကွာရှင်းသည်ဖြစ်စေ သူ့ဘဝက ဒီတိုင်းဘဲရှိနေမည်ဟု တွေးထားသည်။ ထို့အပြင် သူမသည် သူဌေးမယားအဖြစ် သက်တောင့်သက်သာ နေထိုင်ရခြင်းသည် အလွန်ကောင်းမွန်ကာ ဇနီးမယားတာဝန်ပင် လုပ်ဆောင်ရန် မလိုအပ်ပေ။


သူက သူမကို ကွာရှင်းချင်တယ်ဆိုပါက ထိုအရာသည် သူမအတွက် ကြီးကြီးမားမား မဟုတ်...။သူ့အတွက် ခံစားချက်မရှိခဲ့...။ထို့အပြင် စုန့်ထင်ရှန်း အပော် နားလည်ထားမှု အရ ကွာရှင်းခဲ့လျှင် သူမအား ကောင်းမွန်စွာဆက်ဆံနိုင်မည်ဟုယုံကြည်သည်။ နောက်ဆုံးတွင် သူမက သူ့ကလေးရဲ့ မိခင်ဖြစ်နေဆဲပင်...။ထို့ကြောင့် သူက ကွာရှင်းလိုက်လျှင် သူမအား ပိုင်ဆိုင်မှုများစွာ ပေးလိမ့်မည်။ချမ်းသာတဲ့ တစ်ခုလပ် တစ်ယောက်ဖြစ်ရတာ အရမ်းကံကောင်းတယ်မဟုတ်လား...။


သူက သူမနှင့် စကားပြောချင်ပေမဲ့ သူမကလဲ မငြင်းဆန်ပေ။


ယွမ်ရှ၏အချိန်ဇယားသည် မကြာသေးမီကပင် 

ပြည့်နေပြီးဖြစ်သည်။


တနင်္လာနေ့မှ သောကြာနေ့အထိ  သူမသည် အင်္ဂလိပ်စကားပြောစွမ်းရည်ကိုမြှင့်တင်ရန် အတွက် နိုင်ငံခြားသားဆရာတစ်ဦးနှင့် တစ်ဦးချင်း နှုတ်တိုက် အင်္ဂလိပ်စာများ လေ့လာနေခဲ့သည်။နောက်ပြီး သူမသည် မုန့်ဖုတ်သင်တန်းများလည်း တက်ဖို့ရှိသေးသည်။ထိုအလုပ်များသည် အလုပ်ရဖို့ထက် အများကြီးပိုလွယ်သည် ။သူမ၏စာသင်ချိန်ကို တစ်နာရီကြာအောင်ရွှေ့ပေးဖို့ နိုင်ငံခြားသားဆရာကို တောင်းဆိုနိုင်သည်ဟု သူမတွေးမိသည်။


စုန့်ထင်ရှန်းက ယွမ်ရှအိပ်ပျော်သွားပြီဟု ထင်နေသည်။ သို့သော် သူမသည် ဆယ်မိနစ်လောက်ကြာသောအခါ စာတစ်စောင်ပို့ပြီး ပြန်ဖြေလိုက်သည်။


[ကောင်းပြီ ...တနင်္လာနေ့မှာ ပောင်ပောင်ကို ကျောင်းပို့ပြီးရင် နာရီဝက်လောက်တော့ အားလပ်ချိန်ရှိတယ်..]


သူတို့နှစ်ယောက်သည် နောက်ထပ် စာအနည်းငယ် အပြန်အလှန်ပို့ကြပြီးနောက် တနင်္လာနေ့တွင် 

သားဝမ်လေးကို ကျောင်းကို အတူတူလိုက်ပို့ ရန် ဆုံးဖြတ်ခဲ့လိုက်ကြသည်။ထို့နောက် သူတို့သည် ကားထဲတွင် ဆွေးနွေးရန် သို့မဟုတ် နာရီဝက်ခန့်ဆွေးနွေးရန် နေရာရှာနိုင်သည်။သူတို့စကားပြောပြီးနောက် သူက သူမကို နိုင်ငံခြားသားဆရာနှင့်တွေ့ရန် လိုက်ပို့နိုင်သည်။


အရွယ်ရောက်ပြီးသူများလောကတွင် ကွာရှင်းခြင်းသည် ကြီးမားသော ကိစ္စမဟုတ်ပေ။ ထိုအရာသည် ယွမ်ရှအတွက် ပိုမှန်သည်။ 


ထို့ကြောင့် စုန့်ထင်ရှန်းသည် ကွာရှင်းခြင်းနှင့်ပတ်သက်၍ သူမနှင့်စကားပြောလိုကြောင်း သေချာနေပြီဖြစ်သောကြောင့် သူမအား အတွေးမများစေပဲ  ဖုန်းကိုချလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်ကာ အမြန်အိပ်ပျော်သွားတော့သည်။


ဆန့်ကျင်ဘက်အားဖြင့် စုန့်ထင်ရှန်းက အိပ်ပျော်နေသော ပေါင်ပေါင်လေးကို ကြည့်ရင်းအိပ်မပျော်ဖြစ်နေသည်။


မနေ့ညက မင်္ဂလာပွဲကို သွားခဲ့တာကြောင့် ပေါင်ပေါင်ကို အနီးရှိ ကုန်တိုက် ကိုခေါ်သွားမည့်အစီစဉ်ကို 

ရွှေ့ဆိုင်းလိုက်ကာ ယွမ်ရှက ဒီနေ့ သူ့ကိုခေါ်သွားရန် ဆုံးဖြတ်လိူက်သည်။ စုန့်ထင်ရှန်းလည်း ဝမ်လေးကြောင့် သူတို့နှင့်အတူလိုက်ပါသွားခဲ့သည်။


မကြာသေးမီကပင် ထိုမိသားစု ၃ယောက် အတူတူအပြင်ထွက်သည်အကြိမ်အရေအတွက်သည်ပို၍များလာတော့သည်။


ယွမ်ရှသည် စုန့်ထင်ရှန်း လိုက်လာသည်ကို စိတ်မဝင်စားပေ။ သူနှင့်အတူတူ ရှိနေသော သားဝမ် ကို ခေါ်ရန် သူ့ကိူတာဝန်ပေးလိုက်ပါက သူမသည် အနားယူနိုင်ပြီး အဆင်ပြေလိမ့်မည်။


သုံးနှစ်အရွယ် ကလေးများသည် အလွန် တက်ကြွလွန်းကြသည်။ ကုန်တိုက် ရောက်ပြီးနောက် ဝမ်လေးက စိတ်လှုပ်ရှားကာ မငြိမ်မသက်ဖြစ်နေတော့သည်။


တစ်စက္ကန့်လောက် မျက်စိမှိတ်ထားလိုက်ပါက သူက ဘယ်ကိုပြေးသွားမှန်း ဘယ်သူသိမှာလဲ...။


အနီးတွင် လူကြီးတစ်ယောက်ရှိနေသောကြောင့် ဝမ်လေးကို စောင့်ကြည့်နေသည့်မျက်လုံးတစ်စုံရှိတော့မည် ဖြစ်သည်။ 


ဆိုလိုသည်မှာ သူမသည် အနည်းငယ် အနားယူနိုင်မည် ဖြစ်၏။