အပိုင်း (၆၁)
Viewers 34k

Part 61


မကြာမီပင် သူတို့၏ကွာရှင်း ပြတ်စဲတော့မည်ဖြစ်သော်လည်း  ထိုကွာရှင်းမှုမှ ပိုင်ဆိုင်မှု မည်မျှရရှိမည်ကို ယွမ်ရှ မသိပေ။ 


တစ်ခြားတစ်ဖက်မှစဉ်းစားကြည့်လျင်... စုန့်ထင်ရှန်းသည် 

သူမနှင့်လက်မထပ်ခင်ကထဲက စည်းစိမ်ဥစ္စာများ ရရှိထားသောကြောင့် သူမ၌ မည်သည့် မျှော်လင့်ချက်မှမရှိဘဲ လောဘကြီးရန်လည်းမတတ်နိုင်ပေ။


အခြားတစ်ဖက်တွင်လည်း စုန့်ထင်ရှန်းသည် ရက်ရောသူဖြစ်သောကြောင့် ကွာရှင်းပြီးနောက် သူမသည် ချမ်းသာသော အမျိုးသမီး တစ်ယောက်ဖြစ်လာမည်မှာ သေချာ လေသည်။ သို့သော်...သူတို့သည် မကွာရှင်းရသေးဘဲ ကုန်တိုက်တွင် ရှိနေသောကြောင့်ယွမ်ရှက မိုက်မဲသော အသုံးစရိတ် ဖြစ်ရန် ထိုအခွင့်အရေးကို အခွင့်ကောင်းမယူတော့ဘဲ အခုဖြုန်းတီး လိူက်မည်ဟု ဆုံးဖြတ်ခဲ့သည်။


ယောကျာ်းလေးများသည်အကုန်အတူတူပင်ဖြစ်သည်။ သူတို့သည် အသက် ၃နှစ်အရွယ်ပင်ဖြစ်ဖြစ် အသက်၃၀ကျော်ပင်ဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်နှင့် စျေးဝယ်ဖို့ လိုက်ရန် စိတ်ရှည် သည်းခံနိုင်မှုမရှိကြပေ။ ယွမ်ရှ၏အပျော်အပါးစျေးဝယ်ထွက်ခြင်းမှ သားအဖနှစ်ယောက်က နုတ်ထွက်သွားသည်။


---ဒါ....အဲ့ဒါ...သူမ အကုန်သာ ဝယ်လိုက်ချင်တယ်....


ယွမ်ရှ၏စျေးဝယ်နိုင်စွမ်းသည် အလွန် ပြင်းထန်သည်။ 


သူမက အလွန်ပင်စိတ်အားထက်သန်လေသည်။

မည်သို့ပင်ဆိုစေ၎င်းက ပုံမှန်သာဖြစ်သည်။ လမ်းဘေးမှ ကြုံရာအမျိုးသမီးကို ဆွဲခေါ်ပြီး လိုချင်တာ မှန်သမျှဝယ်ဟုပြောလိုက်ကာ သူဝယ်သမျှ အားလုံးအတွက် ငွေပေးချေပေးမယ် ဆိုပါက ပင်ပန်းမှုမရှိဘဲ အချိန်ကုန်သွားသည်အထိ စျေးဝယ်နိုင်မည်ဖြစ်သည်။


ကံကောင်းထောက်မစွာဖြင့် ကုန်တိုက်၌ ဧည့်သည်များ အနားယူရန် ဆိုဖာထိုင်ခုံများရှိနေသည်။ 


ဆိုဖာပေါ်တွင်ထိုင်နေသော ဝမ်လေးနှင့် စုန့်ထင်ရှန်းတို့သားအဖ အတွဲ၏ ပုံရိပ်က အမျိသမီးဝန်ထမ်း အများစု၏အာရုံကို ဆွဲဆောင်ထားလေသည်။


ထိုမိသားစု ၃ယောက် ပေါင်းစပ်သွားသော မြင်ကွင်း၏တန်ဖိုးသည်မည်မျှမြင့်မြားကြောင်း ပြောစရာမရှိချေ။ ဝမ်လေးနှင့် စုန့်ထင်ရှန်းတို့၏တူညီသောအပြုအမူများသည် ရယ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။


စုန့်ထင်ရှန်းက လက်ကိုမြှောက်လိုက်ရင်း နာရီကိုကြည့်လိုက်သည်။ ယွမ်ရှ စျေးဝယ်ထွက်နေသည်မှာ အချိန်နှစ်နာရီ ရှိပြီဖြစ်သောကြောင့် မကြာမီ စျေးဝယ်ပြီး သွားနိုင်ပုံပော်လေသည်။


ဝမ်လေးက အလွန်ပျင်းလာသောကြောင့် စုန့်ထင်ရှန်းကို မေးလိုက်သည်။ 


 "ပာပား...မာမား  စျေးဝယ်ထွက်တာ ဘယ်ချိန်ပြီးမှာလဲ..."


ဝမ်လေးသည် သူ့အရွယ် ကလေးတစ်ယောက်အနေဖြင့် အကျင့်ကောင်းမွန်သောကလေးဖြစ်သည်။ အနည်းဆုံးတော့ သူက ဝုန်းဒိုင်းကြဲမနေပေ...။


စုန့်ထင်ရှန်းက လက်ကိုမြှောက်လိုက်ပြီး သားလေးရဲ့ခေါင်းကိုပွတ်လိူက်သည်။


သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ့သားကို ချောက်ထဲ ပစ်ချမည့်အစီစဉ်ကို အကောင်ထည်ဖော်လိုက်သည်။


 " အဲ့ဒာက သားမာမား ကို မေးရမှာ အဲ့အဝတ်စားတွေဝတ်ပြီးလို့ မာမား ထွက်လာရင် သွားမေးလိုက်နော်..."ဟု ညှင်သာစွာပြောလိုက်သည်။


ကံမကောင်းစွာပင် သူကိုယ်တိုင် ယွမ်ရှကို သွားပြီး စျေးဝယ်တာရပ်ရန်ပြောဖို့မဖြစ်နိုင်ပေ။


သူ၏မျှော်လင့်ချက်တွေက ဝမ်လေးပေါ်မှာဘဲ မူတည်တော့၏။


ပေါက်စီလုံးလေးက လိမ္မာပါးနပ်သော မြေခွေး၏လှည့်စားခြင်းကိုခံလိုက်ရသည်။ အချိန်အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။


"ဟုတ်ကဲ့..."


ယွမ်ရှက အဝတ်လဲခန်းမှထွက်လာပြီးနောက် မှန်ထဲမှာ သူမကိုယ်သူမ ကြည့်လိုက်သည်။ မှန်ထဲမှ ပိုင်ရှင်သည် အမှန်ပင် သဘာဝအတိုင်းလှပသော မော်ဒယ်ဖြစ်သည်။


 မဟုတ်ဘူး....အဲ့ဒာမှားတယ်....။ မင်းရဲ့ ပုံစံကောင်းနေသရွေ့အရာအားလုံး ကောင်းနေလိမ့်မည်...။


သူမက သားအဖနှစ်ယောက်ဆီကို လျှောက်သွားရင်း စက်ပိုင်းပုံစံလှည့်ကာ ဝမ်လေးကိုမေးလိုက်သည်။


 "ဒါ ကြည့်ကောင်းလား..."


ဝမ်လေးက သူမအား စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။


 "မာမား ဘယ်အချိန်အိမ်ပြန်ရမှာလဲ အိမ်ပြန်ချင်တယ်..."


ယွမ်ရှက အပေါ်မှမိုး၍ ဝမ်လေး၏ခေါင်းကို တိုက်လိုက်ပြီး...


 "ဝမ်လေး သားရဲ့ မာမားကို လှစေချင်လား.."


ဝမ်လေးက ခေါင်းညိမ့်လိုက်သည်။


" လှစေချင်တယ်.."


"မာမား ကို ပျော်စေချင်လား..."


"ဟုတ်..."


ယွမ်ရှက မတ်တပ်ရပ်လိုက်ကာ ဆက်ပြောလိုက်သည်။


"ဘာဘဲဖြစ်ဖြစ် ဒီကုန်တိုက်က ဆိုင်တွေမှာ အဲကွန်းဖွင့်ထားတဲ့ အနားယူစရာနေရာရှိတယ်လေ မာမား နဲ့ ခဏလောက်ကြာအောင် နေပေးဦး ဟုတ်ပြီလား ..မာမားက က စျေးဝယ်ထွက်ရင် အရမ်းပျော်နေတာလေ... ဝမ်လေး...သားက မာမားကိုချစ်တယ်လို့ ပြောတယ်မလား...မာမားရဲ့ ဆန္ဒသေးသေးလေးကိုတောင် မဖြည့်ဆည်းပေးချင်ဘူးလားဟင်..."


ထိုစကားကိုကြားပြီးနောက် ဝမ်လေးသည် ယွမ်ရှ၏ပေါင်ကို ချက်ချင်း ဖက်လိုက်ပြီး...


"မဟုတ်ပါဘူးမာမား ပစ္စည်းတွေဝယ်လို့ရပါတယ် မာမား ပျော်နေသရွေ့ ဝယ်လို့ရတယ်..."


ယွမ်ရှက ဝမ်လေးရဲ့ နဖူးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။


 "ကောင်းတယ် ပေါင်ပေါင်က အကောင်းဆုံး...မာမား က သားကို ချစ်တယ်.."


စုန့်ထင်ရှန်းတစ်ယောက် သူ့နှလုံးသားထွှဲာပင်သက်ပြင်းချလိုက်မိသည်။


 သူ့သားဝမ်လေးက ပျော့ညံ့လွန်းတာကို ဘာကြောင့် သတိမထားမိတာလဲ...။ သူ့မှာ ဘာစည်မျဉ်းမှ ရှိမနေဘူး...။