ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
အပိုင်း ၆; သူတို့သဘောတူအောင် ကိုယ်တို့စောင့်ကြမယ်
မုရှောင်ယရဲ့ မိဘတွေက အထက်တန်းပြ ဆရာများဖြစ်ကြသည်။ သူမအဖေ မုရော့ကျုံးက ချင်းယွမ် အထက်တန်းကျောင်း သင်္ချာဌာနရဲ့ ဒါရိုက်တာဖြစ်ပြီး သူမအမေ ရှန်ချင်းယီက အင်္ဂလိပ်စာဌာနရဲ့ ဒါရိုက်တာဖြစ်သည်။ လင်နှင့်မယားနှစ်ယောက်စလုံးက ချင်းယွမ် အထက်တန်းကျောင်းရဲ့ နာမည်ကြီး ဆရာ ဆရာမ တွေဖြစ်ကြသည်။ သူတို့ရဲ့ ၂၆ နှစ်တာသင်ကြားမှုတွင် နာမည်ကြီးတက္ကသိုလ်များကို တက်ရောက်သွားကြသော ကျောင်းသားများစွာရှိခဲ့သည်။
ဒါပေမယ့် ဒီလိုနာမည်ကြီး ဆရာ ဆရာမတွေရဲ့ ကလေးတစ်ဦးဖြစ်တဲ့ မုရှောင်ယက ငယ်ငယ်ကတည်းက ပညာရေးမှာ စွမ်းဆောင်ရည်မကောင်းခဲ့ပေ။ သူမ အထက်တန်း ကျောင်းသားဘဝတုန်းက သူမမိဘများသင်ကြားနေတဲ့ ချင်းယွမ် အထက်တန်းကျောင်းကိုတောင် ၀င်ခွင့်မရခဲ့ပေ။
ဒီအတွက်လည်း မုရှောင်ယရဲ့မိဘတွေက သူတို့သမီးကိုအပြစ်မတင်ခဲ့ပေ။ မုရှောင်ယအတွက် သူတို့ရဲ့ တစ်ခုတည်းသော လိုအပ်ချက်မှာကျန်းမာ ပျော်ရွှင်ရန်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနဲ့ မုရှောင်ယက သူမမိဘများမျက်နှာပျက်ရတယ်လို့ ခံစားခဲ့ရသဖြင့် အထက်တန်းကျောင်းတက်ပြီးနောက်မှာ အပြင်းအထန်ကြိုးစားကာ နောက်ဆုံးတွင် ကောင်းမွန်တဲ့ တက္ကသိုလ်တစ်ခုကိုတက်ခွင့်ရခဲ့သည်။
မုရှောင်ယက ပိုင်ချွမ်းကို သူမမိဘတွေနောက်ကွယ်မှာ ခိုးပြီးလက်ထပ်ရဲတာလဲ သူမမိဘတွေက အလိုလိုက်ထားလို့ဘဲ ဖြစ်သည်။
ပိုင်ချွမ်းရဲ့ ရုတ်တရက် လာရောက်လည်ပတ်မှုကြောင့် မုပါပါးနဲ့ မာမားက အံ့သြသွားကြသည်။ သူတို့စုံတွဲက ပိုင်ချွမ်းက သူ့အဖွား ဆုံးသွားလို့ အဆင်မပြေဖြစ်နေတာကြောင့် သူတို့သမီးက သူ့ကိုညစာစားဖို့ ခေါ်လာခဲ့တယ်လို့ ထင်တာကြောင့် သူတို့ကအများကြီးမမေးခဲ့ပေ။ မုပါပါးနဲ့ မာမားက ပိုင်ချွမ်း နွေးထွေးစွာကြိုဆိုခဲ့သည်။
ပိုင်ချွမ်းမှာ ပညာရှင်ရောဂါ ရှိတယ်ဆိုတာ သူတို့သိသည်။ သင်္ချာဆရာတစ်ဦး အနေနဲ့ မုရော့ကျုံးက သင်္ချာပုစ္ဆာတွေကို အမြဲလေ့လာလေ့ရှိသည်။ ပိုင်ချွမ်းရဲ့တွက်ချက်မှုစွမ်းရည်က အလွန် ကောင်းမွန်ကြောင်း သူသိသည်။ ဒါကြောင့် ပိုင်ချွမ်းကို သူ မဖြေရှင်းနိုင်တဲ့ မေးခွန်းများစွာကို မေးခဲ့သည်။ ပိုင်ချွမ်းက သင်္ချာပညာကိုလည်း စိတ်ဝင်စားသဖြင့် သူ့ယောက္ခမရဲ့ မေးခွန်းများကို ဖြေခဲ့သည်။
ဒါက မုရော့ကျုံးကို ပျော်ရွှင်စေခဲ့သည်။ ညစာစားပြီးတဲ့အခါ သူကတွက်ချက်တဲ့ ဖော်မြူလာတွေရေးဖို့ ပိုင်ချွမ်း ဆွဲခေါ်ပြီး တွက်ခိုင်းတော့တာပဲ ဖြစ်သည်။
အဲ့တာက သူ့ယောက္ခမဖြစ်ခဲ့ရင်တောင်မှ သူစိမ်းတစ်ယောက်က သူ့လက်မောင်းကိုဆွဲခဲ့တာပဲ။ ပိုင်ချွမ်းက အလွန်အရှက်မဲ့ပြီး မုရှောင်ယ အနောက်ဘက်တွင် ပုန်းနေသည်။ ဒါက မုရော့ကျုံးကို သူကလေးတွေကို ကြောက်ရွံ့နေသလိုမျိုး အနည်းငယ်ရှက်သွားစေသည်။
"ရှောင်ချွမ်း ဦးလေး တောင်းပန်ပါတယ် " မုရော့ကျုံးက အနေခက်စွာနဲ့ ပိုင်ချွမ်း အလွန်တွယ်ကပ်နေတဲ့ သူ့သမီးကိုကြည့်ပြီး မေးလိုက်သည်။ "ရှောင်ယ ရှောင်ချွမ်းကို ပါးအတွက် ပုံသေနည်းတွေ ရေးခိုင်းလို့ရမလား။ "
“ ပါး သူ့ကိုရေးခိုင်းချင်ရင် အနည်းဆုံး စာရွက်နဲ့ဘေပင်လိုသေးတယ်လေ ” မုရှောင်ယက ရယ်လိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ အခုသွားယူလိုက်မယ်" မုရော့ကျုံးက ခေါင်းကိုရိုက်လိုက်ပြီး စာရွက်နဲ့ ဘောပင်ကိုရှာဖို့ စာကြည့်ခန်းထဲ အလျင်အမြန်လှည့်ပြေးသွားသည်။
ရှန်ချင်းယီက သူမခင်ပွန်းပုံစံကို နေသားကျနေပုံရသည်။ သူမခေါင်းယမ်းပြီး ပြုံးလိုက်ကာ စားပွဲကိုသန့်ရှင်းအောင် လုပ်လိုက်သည်။ မုရှောင်ယက သူမကိုလုပ်တာမြင်ချိန်မှာ သူမက လှည့်ကြည့်ပြီး ထမင်းစားပွဲတွင်ထိုင်နေတဲ့ ပိုင်ချွမ်းကို ပြောလိုက်သည်။
“ ရှင်ဆိုဖာပေါ်မှာထိုင်ပြီး ပါးဖော်မြူလာတွေ ရေးနိုင်အောင်ကူညီပေးလိုက်ဦး ကျွန်မ မားပန်းကန်ဆေးတာ ကူညီလိုက်ဦးမယ် "
ပိုင်ချွမ်းက မော့ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ဆိုဖာပေါ်တွင် ဂရုတစိုက်ထိုင်လိုက်သည်။
မုရှောင်ယက မီးဖိုထဲဝင်ပြီး ကျန်ပန်းကန်များကို ကူဆေးပေးလိုက်သည်။
ရှန်ချင်းယီက မီးဖိုကိုသန့်ရှင်းရေးလုပ်နေရင်း သူ့သမီးနှင့်စကားပြောနေသည်။ "ဆရာမကွေ့ ဆုံးသွားတာ ပိုင်ချွမ်းရဲ့ အခြေအနေက သိပ်မဆိုးသွားဘူးပဲ "
ဖွားဖွားပိုင်ရဲ့ မျိုးရိုးနာမည်က ကွေ့ ဖြစ်ပြီး သူမအနားမယူခင်တုန်းက ချင်းယွမ် အထက်တန်းကျောင်းရဲ့ ဆရာမလည်းဖြစ်ခဲ့သည်။ သူမရဲ့သင်ကြားရေးလုပ်ငန်းက ချင်းယွမ် အထက်တန်းကျောင်းရဲ့ သမိုင်းလောက်ကြာပြီမို့ ရှန်ချင်းယီက ဆရာမကွေ့လို့သာ ဖွားဖွားပိုင်ကို အမြဲခေါ်ခဲ့သည်။
"အဆင်ပြေပါတယ် နည်းနည်း ဝမ်းနည်းနေရုံပဲ" မုရှောင်ယက ပြန်ဖြေလိုက်သည်။
"ဝမ်းနည်းတာ ကောင်းပါတယ် " အိမ်နီးချင်းတစ်ဦး အနေနဲ့ ပိုင်ချွမ်းက တိတ်ဆိတ်နေတက်တဲ့ အော်တစ်ဇင် ကလေးတစ်ဦးဖြစ်ပြီး တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာခဲ့သည်။ ဖွားဖွားပိုင်ရဲ့ ဒီကာလအတွင်း သူမရဲ့ကြိုးစားမှုတွေကို သူမထက် ဘယ်သူကမှရှင်းရှင်းလင်းလင်းမသိနိုင်ဘူး။
“ အော်တစ်ဇင် ခံစားနေရတဲ့ကလေးတွေက သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာမှာသာနေထိုင်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ရှောင်ချွမ်းက ဘယ်လိုဝမ်းနည်းရမလဲဆိုတာ သိတယ်။ ဆရာမကွေ့ရဲ့ကြိုးစားအားထုတ်မှုတွေ အလဟသမဖြစ်ဘူးဆိုတာမြင်နိုင်တယ် "
"တကယ်တော့ ပိုင်ချွမ်းက အပြင်လောကနဲ့ တကယ်ဆက်သွယ်နိုင်တယ်"မုရှောင်ယက စကားပြောဖို့အခွင့်ကောင်းယူခဲ့သည်။
"အမှန်တော့ မားလည်း သမီးနဲ့ ဆက်သွယ်တာကောင်းတယ်ထင်တယ် "
"မားရဲ့သမီးကိုအားလုံးက ချစ်ကြတယ်လေ "မုရှောင်ယက အပြုံးတစ်ခုနှင့်ဝါကြွားလိုက်သည်။
"လူတိုင်း သမီးကိုချစ်တာလား။ ကိုယ့်ကိုကိုယ်ကြည့်ပါဦး မရှက်တက်လိုက်တာ ပန်းကန်တွေကို မြန်မြန်ဆေးပြီး ရှောင်ချွမ်းကို ပြန်လိုက်ပို့လိုက်" ရှန်ချင်းယီက အပြုံးနဲ့ပြောလိုက်သည်။
"ဒါဆို သမီး ရှောင်ချွမ်းက ပါးကို ဖော်မြူလာတွေရေးပေးပြီးတာကို စောင့်ရဦးမယ် "
အဲဒီနောက်မှာ အမေနဲ့သမီးက ဧည့်ခန်းကို အတူငေးကြည့်လိုက်သည်။ မုရော့ကျုံးက ပိုင်ချွမ်း ရှေ့မှာစေ့စေ့ဝပ်ဝပ်ရှိခဲ့သည်။ ပိုင်ချွမ်း ဖော်မြူလာများ ရေးနေတာကိုသူကြည့်နေရင် မျောနေခဲ့သည်။ ဒီမြင်ကွင်းကိုကြည့်ပြီး အမေနဲ့သမီးကပြုံးလိုက်ပြန်သည်။ ပြီးတော့ မီးဖိုချောင်ကို သန့်ရှင်းရေး ဆက်လုပ်ခဲ့သည်။ မုရှောင်ယ ဆေးကြောဖို့လုပ်ပြီး ရှန်ချင်းယီက ပန်ကန်တွေသိမ်းသည်။
"ရှောင်ချွမ်းက မားတို့နဲ့ အတူမနေနိုင်တော့ဘူး" ဆရာမကွေ့ သေဆုံးပြီးနောက်မှာ ပိုင်မိသားစုက ပိုင်ချွမ်းကို ဘေးချင်းကပ်လျက်အိမ်မှာ တစ်ယောက်တည်းနေခိုင်းမှာမဟုတ်ဘူးလို့ ရှန်ချင်းယီထင်သည်။
"သမီးမသိဘူးလေ"
“မနေခိုင်းမှာ သေချာတယ် ” ရှန်ချင်းယီက ဆက်ပြောလာသည်။ “ ရှောင်ချွမ်းက သူ့ပတ်ဝန်းကျင်က ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေရှိမရှိ မသိဘူး။ ဘာဘဲဖြစ်ဖြစ် သူ့အခြေအနေက ထူးခြားတယ်လေ ”
"မား ပိုင်ချွမ်းကို စိတ်ပူနေတာလား။" မုရှောင်ယ မျက်ခုံးပင့်လိုက်မိသည်။
“ အဓိပ္ပာယ်မရှိတာ ဒါက မားရှေ့မှာ ကြီးပြင်းလာတဲ့ကလေးတွေကို ကြည့်တာပဲ” ရှန်ချင်းယီက အလွန်တာဝန်ကျေတဲ့ ဆရာမတစ်ဦးဖြစ်ခဲ့ပြီး သူမ၏တပည့်များကို သူမသား သမီး ကဲ့သို့ ဆက်ဆံ ခဲ့သည်။ ပိုင်ချွမ်းရဲ့အခြေအနေကို အထူးတလည်ပြောစရာမလိုပါဘူး။ သူက သူမမျက်လုံး အောက်မှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ပဲ ဖြစ်သည်။
"ဒါဆို သမီး မားကို ပြောစရာရှိတယ် မား အရမ်းဒေါသမထွက်ရဘူး။" ထမင်းစားပြီး ပန်းကန်တွေလည်း ဆေးကြောပြီးလုနီးပါးဖြစ်နေပြီ။ မုရှောင်ယကလည်း အချိန်မှန်ဘဲလို့ ထင်ခဲ့သည်။
"မား ဒေါသထွက်မှာစိုးရိမ်နေရအောင် သမီးဘာလုပ်ခဲ့တာလဲ။ "ရှန်ချင်းယီက စူးစမ်းလိုစိတ်ပြင်းပြခဲ့သည်။
"ဟိုနေ့က သမီးတို့အိမ်ထောင်စုစာရင်းမိတ္တူယူခဲ့တာ"
"အမေတို့ အိမ်ထောင်စုစာရင်းမိတ္တူယူတာ သမီးဘာလုပ်တာလဲ။ "ရှန်ချင်းယီက ဆက်မေးလာသည်။ "သမီး နိုင်ငံခြားသွားဖို့အတွက် ပတ်စ်ပို့နဲ့ဗီဇာက ရပြီးသွားပြီမဟုတ်ဘူးလား။ "
"သမီး ... အဲဒါကိုယူပြီးလက်ထပ်လိုက်တယ်"
“ ဘန်း။” ရှန်ချင်းယီက မတည်မငြိမ်ဖြစ်သွားပြီး အဖြူရောင်ကြွေပန်းကန်က သူမလက်မှပြုတ်ကျကာ ချက်ချင်း အစိတ်စိတ် အမွှာမွှာကွဲသွားသည်။ ပုံသေနည်းမှာမျောနေတဲ့ ဧည့်ခန်းရှိလူနှစ်ယောက်က ထိတ်လန့်သွားပြီး မော့ကြည့်လာသည်။
"ပိုင်ချွမ်းနဲ့"မုရှောင်ယက အသက်ရှုသံတစ်ချက်နဲ့ ပြီးဆုံးအောင်ပြောခဲ့သည်။
“ …”
ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ သတင်းက မု ပါပါးနဲ့ မာမားကို အံ့အားသင့်စေခဲ့သည်။ သူတို့ နှစ်ဦးယောက်က တရားစီရင်ချမယ့်ပုံနဲ့ ဧည့်ခန်းရှိဆိုဖာပေါ်တွင်တိတ်ဆိတ်စွာ ထိုင်နေစဉ် ကျန်နှစ်ယောက်က ပါးနပ်စွာ မတ်တပ်ရပ်နေခဲ့သည်။
အဆုံးမှာတော့ မုရော့ကျုံးက သူ့သမီးကို ပိုင်ချွမ်းကို ကိုအရင်ပြန်ပို့ခိုင်းဖို့ ရွေးတုန်းဘဲ။
"မား၊ ပါး ရှောင်ချွမ်းကို အရင်ပြန်ပို့လိုက်ဦးမယ်။ " မုရှောင်ယက မတ်တပ်ရပ်ပြီး ပိုင်ချွမ်း ကိုခေါ်သွားဖို့ပြင်ဆင်လိုက်သည်။
"မား၊ ပါး နှုတ်ဆက်ပါတယ်" မထွက်သွားခင်မှာ ပိုင်ချွမ်းက သူတို့ရဲ့နာမည်တွေကိုရုတ်တရက် ပြောင်းလိုက်ပြီး သူ့မိဘတွေလို ခေါ်လိုက်မယ်လို့ ဘယ်သူသိမှာလဲ။
“ …” သူ ပါးနဲ့မား လို့ခေါ်တုန်းက မုရော့ကျုံးနဲ့ ရှန်ချင်းယီရဲ့မျက်နှာတွေက ပြောင်းသွားသည်။
ဤယဉ်ကျေးတဲ့ နှုတ်ဆက်မှုကို သူတို့တစ်ဦးတစ်ယောက်မှမတုံ့ပြန်ပါ။ ယခု ပိုင်ချွမ်းက ဘေးအိမ်က အကူအညီမဲ့ သနားစရာလူငယ်တစ်ယောက် မဟုတ်တော့ဘူး သူတို့သမက်ဖြစ်နေပြီ။
လူတွေက ဒီလိုပါပဲ ဘေးမှရပ်ကြည့်သူ တစ်ဦးကပြိုင်ဘက်ကင်းသော သည်းခံစိတ်နှင့် စာနာမှုကို ပြသပြီးအခြားသူများကို ကူညီရန်ပင်အစပြုလိမ့်မည်။ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာဖို့ အစပျိုးလိုက်တာနဲ့စိတ်ဓာတ်က လုံးဝကွဲပြားသွားခဲ့သည်။ ယခုအချိန်တွင် မုမိသားစု၏ မိဘများ တွင်လည်း မဖော်ပြနိုင်သောစိတ်ထားရှိသည်။
မုရှောင်ယလည်း သူမမိဘများက စိတ်တည်ငြိမ်ရန်အချိန်နှင့်နေရာလိုအပ်တာကို သိတာကြောင့် သူမမိဘများကို မလှုံ့ဆော်တော့ဘဲ ပိုင်ချွမ်းနှင့်အလျင်အမြန်ထွက်ခွာသွားသည်။
သူ မု အိမ်မှထွက်လာသောအခါ ပိုင်ချွမ်းက မသိစိတ်ကရပ်တန့်သွားပြီး နောက်ကိုပြန်ကြည့်လိုက်သည်။
"ဘာမှားလို့လဲ။ တစ်ခုခု မေ့ခဲ့လို့လား။ " မုရှောင်ယ မေးလိုက်သည်။
"စောက ... ပါးနဲ့မားက ငါ့ကိုနှုတ်ဆက်စကားမပြောလိုက်ဘူး"
ပိုင်ချွမ်းကကအလွန်အလေးအနက်ပြောခဲ့သည်။
ဟူး…
မုရှောင်ယ ရုတ်တရက် ရှက်ရွံ့သွားသည်။ ပိုင်ချွမ်းက အလွန်လေးနက်ပြီး ဖြောင့်မတ်တဲ့ ကောင်လေးလို့သူမမမျှော်လင့်ခဲ့ပေ။
“ သူတို့မေ့သွားတာ။ ကျွန်မ သူတို့ကို နောက်မှသတိပေးလိုက်မယ်။ အနာဂတ်မှာ ဒါမျိုးထပ်မဖြစ်စေဖို့ ငါကတိပေးပါတယ် ” မုရှောင်ယက နှစ်သိမ့်လိုက်သည်။
"သူတို့သဘောမတူဘူးလား။ "
"ဘာကိုလဲ။"
"ငါတို့လက်ထပ်တာကို သဘောမတူဘူး။" ပိုင်ချွမ်းက လေးနက်စွာမေးလိုက်သည်။
မုရှောင်ယ အံ့သြသွားသည်။ ဆက်သွယ်နိုင်တာမရှိတဲ့ ပိုင်ချွမ်းက သူမမိဘတွေရဲ့စိတ်ခံစားမှုကို သိသိသာသာခံစားနိုင်လိမ့်မယ်လို့သူမမျှော်လင့်ခဲ့ဘူး။
"ဘာလို့ အဲဒီလိုထင်ရတာလဲ။" မုရှောင်ယ မေးလိုက်သည်။
“ ငါငယ်ငယ်ကတည်းကနေ ခုထိ မင်းအိမ်ကို ၂၆ ကြိမ်ရောက်ဖူးတယ်။ ငါထွက်သွားတိုင်း သူတို့ကငါ့ကိုအပြုံးနဲ့နှုတ်ဆက်တယ်၊ ဒါပေမယ့် ဒီတစ်ခါသူတို့မလုပ်ခဲ့ဘူး " ပိုင်ချွမ်းက သူ့ကိုယ်ပိုင် ထူးခြားတဲ့ ယုတ္တိဗေဒနဲ့ရှင်းပြသည်။“ ဒီနေ့မှာအရင် ၂၅ ကြိမ်နဲ့မတူတာနှစ်ခုပဲရှိတယ်။
အဘွားဆုံးသွားတာနဲ့ ငါမင်းကိုလက်ထပ်လိုက်တယ်။ ပြီးတော့ သူတို့နှစ်ယောက်ထဲက ငါတို့လက်ထပ်လိုက်တာ သိသွားတယ် ”
"ရှင် ... တစ်ခါတည်း အများကြီးပြောနိုင်တယ်" မုရှောင်ယက ပိုင်ချွမ်းရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကို အံ့သြသွားပြီးတစ်ချိန်တည်းမှာပင် သူမအမေကိုစိတ်ထဲမှကြိမ်းမောင်းမိသည်။ ပိုင်ချွမ်းမှာ အသိဥာဏ် နဲ့စိတ်ခံစားမှုအတားအဆီးတွေရှိတယ်လို့ ဘယ်သူပြောလဲ။ လာကြည့်လိုက်ဦး သူ့ယုတ္တိကျတဲ့ ကောက်နုတ်ချက်တွေက စုံထောက်များနှင့်တန်းတူနီးပါးဖြစ်သည်။
“အင်း ” မုရှောင်ယ အတွေးတွေကို ပိုင်ချွမ်းမကြားလိုက်ဘူး ဒါပေမယ့် သူက အလေးအနက် ပြန်ဖြေလာသည်။
"ဒါဆိုဘာလို့ အရင်က စကားမပြောတာလဲ။"
"မလိုအပ်ဘူး။"
"ရှင်လိုအပ်တဲ့အခါမှ အများကြီးပြောတာလား။ "
“ အင်း ”ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။ "ငါစကားပြောရတာမကြိုက်ဘူး။"
“ မင်းစကားပြောတာကို မကြိုက်ဘူးဆို မပြောနဲ့ သွားကြစို့၊ ကျွန်မ ရှင့်အိမ်ကိုလိုက်ပို့မယ် ” မုရှောင်ယက ပိုင်ချွမ်းရဲ့ မူလမေးခွန်းကို လျစ်လျူရှုပြီး အိမ်အပြင်ဘက်ခေါ်သွားသည်။ သူမက တက္ကစီတစ်စီးကိုခေါ်ပြီး ပိုင်ချွမ်း အိမ်ကြီးကိုမောင်းသွားခဲ့သည်။
"သူတို့ကဘာလို့သဘောမတူတာလဲ။" ဒါပေမယ့် ပိုင်ချွမ်းက သာမန်လူတစ်ယောက်မဟုတ်ဘူး။ မုရှောင်ယရဲ့ ရည်ရွယ်ချက်ရှိရှိ ရှောင်ကြဉ်မှုကြောင့် သူကမေးခွန်းကိုရှောင်လွှဲမည်မဟုတ်ပါ။ မဟုတ်ဘူး၊ ကားစထွက်တာနဲ့သူကထပ်မေးတော့တာဘဲ။
' ဘာလို့မဖြစ်ရမှာလဲ။ ဘာလို့လဲဆိုတော့ ငါ့မိဘတွေရဲ့အမြင်မှာ ရှင်ကသူတို့ရဲ့သမီးနဲ့မလိုက်ဖက်တဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိသူလေ '
“ သူတို့သဘောမတူဘူး သူတို့စဉ်းစားနေတုန်းဘဲ။ သူတို့ရှင်းရှင်းလင်းလင်း တွေးပြီးတဲ့အခါမှာ သူတို့သဘောတူလိမ့်မယ် ” မုရှောင်ယက နှစ်သိမ့်လိုက်သည်။
ပိုင်ချွမ်းက မုရှောင်ယရဲ့ရှင်းပြချက်ကို လက်ခံခဲ့သလို မျက်တောင်ခတ်ပြီးဆက်မမေးခဲ့ဘူး။
ပိုင်မိသားစုအိမ်ကြီးရဲ့ တံခါးဝမှာကားက အမြန်ရပ်လိုက်သည်။ မုရှောင်ယက ကားမောင်းသူကို သူမကိုခဏစောင့်ခိုင်းပြီး ပိုင်ချွမ်းကိုလိုက်ပို့ဖို့ ဆင်းသွားခဲ့သည်။
"ငါတို့လက်ထပ်ပြီးပြီ။" တံခါးနားမှာ ပိုင်ချွမ်းကမဝင်သေးဘဲ ပြောလာသည်။
"ကျွန်မသိပါတယ် အာ "
"ဒါဆိုငါတို့ဘယ်အချိန်အတူနေမှာလဲ။" ပိုင်ချွမ်းက မေးလာသည်။
“ …” မုရှောင်ယက အေးခဲသွားသည်။ “ အတူတူနေတာလား။ ”
“ လက်ထပ်ပြီးနောက်မှာ လင်နှင့်မယားနှစ်ဦးစလုံးအတူနေထိုင်သင့်တယ်။ ”
“ …” ဒါကို ရှင်တကယ်သိတယ်ပေါ့။ မုရှောင်ယက သူမနဖူးကိုထောက်ပြီး ပြောလာသည်။“ ငါ့မိဘတွေကသဘောမတူသေးဘူး”
"ငါတို့အတူတူနေဖို့ သူတို့သဘောတူရမယ် မဟုတ်လား။" ပိုင်ချွမ်းကထပ်မေးလာသည်။
ရိုးရိုးသားသားပြောရလျှင် မုရှောင်ယက ပိုင်ချွမ်းနဲ့ အတူနေဖို့တောင် မတွေးခဲ့ပေ။ ဤအချိန်၌ သူမက ခပ်တောင့်တောင့်လေးသာ ပြောလာသည်။“ အိုကေ...ကောင်းပြီ ”
"ဒါဆို ငါသူတို့သဘောတူတာ စောင့်နေမယ်" အပြုသဘောဆောင်သောအဖြေတစ်ခုရလိုက်သောအခါ ပိုင်ချွမ်း ကျေနပ်သွားသည်။
ယနေ့ညမှာ ပိုင်ချွမ်းရဲ့ အပြုအမူက ပုံမှန်ဖြစ်ကောင်းဖြစ်နိုင်ပြီး မုရှောင်ယက မကူညီနိုင်စွာဘဲ မေးလိုက်မိသည်။ “ ငါ့မိဘတွေသဘောမတူရင် ဘယ်လိုလုပ်မလဲ။ ”
"ငါတို့လက်ထပ်ပြီးပြီ။ " ပိုင်ချွမ်းက အလေးအနက် ပြောလာသည်။"သူတို့သဘောမတူရင်တောင် အဲဒါကအသုံးမဝင်ဘူး။"
“ !!!” မုရှောင်ယက လန့်ဖျပ်သွားပြီး သူမကြားလိုက်တဲ့ အရာကိုမယုံနိုင်ခဲ့ပေ။
"ဒါဆို ... သူတို့သဘောတူသင့်တယ်"
“ …” သဘောမတူတာက အသုံးမဝင်တာမို့လို့ သူတို့သဘောတူရမယ် ဟုတ်လား။ သူ့အဖြေက ယုတ္တိရှိလွန်းလို့ မုရှောင်ယတောင် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။