အပိုင်း ၇
Viewers 533

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၇; သူ့ကိုချစ်တယ်

မုရှောင်ယ ပြန်သွားချိန်မှာ ပိုင်မိသားစုက ပိုင်ချွမ်းသက်တောင့်သက်သာဖြစ်မယ့် နေရာမှစုဝေးပြီး မု မိသားစုမှာ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာစုံစမ်းမေးမြန်းခဲ့ကြသည်။

"ရှောင်ချွမ်း အာ ရှောင်ယရဲ့မိဘတွေကဘာပြောလဲ။" ပိုင်ကောယွိက သူ့ကုမ္ပဏီစျေးကွက်တွင် စာရင်းဝင်ချိန်ကတောင် ဒီလောင်မစိုးရိမ်ခဲ့ဖူးပေ။ 

"သူတို့က ရှောင်ယနဲ့မင်းတို့လက်ထပ်တာကို သဘောတူလား။ " လီရုန်ကပိုတိတိကျကျမေးလာသည်။

သူမေးချင်သောအရာအားလုံးကို ပါးပါးပိုင်နဲ့ မာမားပိုင်က မေးခဲ့သဖြင့် ပိုင်ကျန့်က တိတ်ဆိတ်စွာနေပြီး သူ့ညီရဲ့ အဖြေကိုစောင့်နေခဲ့သည်။

ပိုင်ချွမ်းက ဧည့်ခန်းကိုဖြတ်၍ လမ်းလျှောက်သွားကာ ဒုတိယထပ်ကိုတက်ရင်း လှေကားထစ်များပေါ်ကနေ စကားသုံးခွန်းသာပြောခဲ့သည်။ "သူတို့သဘောမတူဘူး " ဒီလိုပြောပြီးတဲ့နောက်မှာ သူကရှေ့ဆက်သွားပြီး သူ့အိပ်ခန်းဝင်ကာ လော့ချထားခဲ့သည်။

"သဘောမတူဘူးလား။" ပိုင် မိသားစုမှလူသုံးယောက်က လှေကားအောက်ခြေ၌ စက်ဝိုင်း တစ်ခုလိုဝိုင်းဖွဲ့ခဲ့ကြသည်။

"အင်း၊ အမှန်တော့ နားလည်နိုင်ပါတယ်" ပိုင်ကောယွိရဲ့ ရင်ထဲမှာအနည်းငယ်ခါးသက်နေပေမယ့် ရှောင်ယ မိဘတွေရဲ့ရှုထောင့်ကနေတွေးနိုင်တုန်းဘဲ။ သူ့သမီးဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ မူမမှန်သူ တစ်ယောက်ကိုလက်ထပ်စေချင်မှာမဟုတ်ဘူး။

"အစောထဲကပြောသားဘဲ ရှောင်ချွမ်း တစ်ယောက်တည်း အဲ့ဒီကိုမသွားသင့်ဘူးလို့ " ပိုင်ကျန့် အနည်းငယ်နောင်တရသွားသည်။

ပိုင်ချွမ်းက တိတ်ဆိတ်ငြိမ်သက်သူတစ်ဦးဖြစ်ပြီး သူ့ ဦးနှောက်က သာမန်လူ တစ်ယောက်နှင့် ကွဲပြားသည်။ တစ်ယောက်ယောက်က သူ့ကိုဆူပူရင်တောင် သူက ဘာမှတုံ့ပြန်စရာမလိုဘူး။ ပိုင်ကျန့်က သူ့ညီကို မု မိသားစုဆီကနေ အပြစ်တင်မှုတွေ ရခဲ့လားဆိုတာမသိဘူး။ ပုံမှန်အားဖြင့် ပိုင်ကုမ္ပဏီ၌ရှိနေရင်တောင် ပိုင်ချွမ်းရဲ့ ရုံးခန်းကို သူ့မျက်စိရှေ့တွင်သာနေရာချခဲ့တာဖြစ်သည်။ 

“ပိုင်ကျန့် သင့်တော်သောလက်ဆောင်တွေ ပြင်ဆင်ဖို့တစ်စုံတစ်ယောက်ကိုစီစဥ်ခိုင်းလိုက် ငါနဲ့မင်းအမေက မု မိသားစုကို ကိုယ်တိုင်သွားလည်မယ် " ပိုင်ကောယွိက ခဏစဉ်းစားလိုက်ပြီး ထိုနေရာကို ကိုယ်တိုင်သွားဖို့ ဆုံးဖြတ်လိုက်သည်။

"ဒါဆိုသူတို့သဘောမတူရင်ဘာဖြစ်မှာလဲ။ " ပိုင်ကျန့်ကမေးလာသည်။

“အဲ့ဒါဆိုရင် ငါတို့ကအရှုံးပေးရုံဘဲလုပ်နိုင်တယ်။ တစ်ဖက်သူရဲ့သမီးကို ငါတို့မိသားစုနဲ့ လက်ထပ်ဖို့ ငါတို့အတင်းမလုပ်နိုင်ဘူးလေ ” ဤဖြစ်နိုင်ခြေက အကြောင်းပြချက်မရှိတာလည်း မဟုတ်ပေ။

"ဒါဆို ရှောင်ချွမ်းကော ရှောင်ချွမ်းက ရှောင်ယကို တကယ်ချစ်တာ၊ သူပြန်လာတဲ့အချိန်က သူစိတ်ပျက်နေပုံကို ရှင်မမြင်ဘူးလား။ " ဤဖြစ်နိုင်ခြေကိုစဉ်းစားရင်း လီရုံက မကူညီနိုင်ဘဲ စိတ်ပူနေခဲ့သည်။

"ရှောင်ချွမ်းက စိတ်ပျက်နေတာလား။" ပိုင်ကောယွိ အံ့သြသွားသည်။ သူ့သားကပုံမှန်အတိုင်းဘဲမဟုတ်ဘူးလား။

"ဒါပေါ့ သူစိတ်ပျက်နေတယ် ရှင်တို့ယောက်ျားတွေက ပေါ့ပေါ့ဆဆနဲ့ ရှင်းရှင်းလင်းလင်းကိုမမြင်ဘူး"

ဒါကိုမမြင်ခဲ့တဲ့ ပိုင်ကျန့်ကလည်း တိတ်ဆိတ်စွာသာ ကြည့်နေခဲ့သည်။

“ဘာဘဲဖြစ်ဖြစ် မုမိသားစုဘက်ကို ငါတို့ကငါတို့ရဲ့ရိုးသားမှုကို အပြည့်အဝပေးရမှာပဲ ” ပိုင်ကောယွိက ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

မုရှောင်ယက အိမ်ပြန်လာပြီး သူမမိဘတွေက ဧည့်ခန်းထဲမှာမရှိတော့ဘူး။ သူမကခဏရပ်လိုက်ပြီး ပထမထပ်က သူမအဖေရဲ့ စာကြည့်ခန်းထဲကို သွားခဲ့သည်။

သူမလက်ကိုမြှောက်လိုက်ပြီး သူမ မ၀င်ခင်တံခါးကို နှစ်ကြိမ်ခေါက်လိုက်သည်။

"ပါး မေးစရာတစ်ခုခုရှိရင်မေးပါ " သူမက သူမအဖေ စားပွဲရှေ့ကို အေးအေးဆေးဆေး လမ်းလျှောက်သွားခဲ့သည်။ မုရှောင်ယ ပိုင်ချွမ်းကိုသွားပို့ချိန်မှာ သူမမိဘတွေက ရှုပ်ထွေးသော အတွေးများကို ဖြေရှင်းပြီးသားဖြစ်သည်။

"သမီး ပိုင်ချွမ်းနဲ့ လက်ထပ်လိုက်တယ်ဆိုတာအမှန်လား။ " ယခုအချိန်ထိ ရှန်ချင်းယီက သူ့သမီးအိမ်ထောင်ကျသွားပြီဆိုတဲ့ အချက်ကိုမယုံနိုင်သေးပေ။

"အဲဒါအမှန်ပါပဲ" မုရှောင်ယ အလေးအနက်ထားပြီး ပြောလာသည်။ “ ဖွားဖွားပိုင်ဆုံးတဲ့နေ့မှာ သမီးနဲ့ပိုင်ချွမ်းလက်ထပ်မှတ်ပုံတင်ခဲ့တာ။ အဲဒီနေ့ကအရမ်းအလုပ်များတယ်လေ။ အမေတို့က ကျောင်းမှာ စာမေးပွဲတစ်ခု ကြီးကြပ်ဖို့လိုတယ်။ ဒါကြောင့် သမီးအမေတို့ကိုပြောဖို့အချိန်မရှိခဲ့ဘူး ”

"ဆရာမကြီးကွေ့ ဆုံးသွားတဲ့နေ့လား။ ဒါဆိုဒါကလွန်ခဲ့တဲ့ ရက်အနည်းငယ်က မဟုတ်ဘူးလား။ အမေတို့ဆရာမကြီးကွေ့ရဲ့ နာရေးသွားတုန်းကတောင် ပိုင်မိသားစုက ဘာမှမပြောဘူး " မုရော့ကျုံးကလည်း မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့လဲ ရုတ်တရက်မို့လို့ဖြစ်နိုင်တယ်"

"ဘာကိုဆိုလိုတာလဲ။" ရှန်ချင်းယီက အံ့သြသွားသည်။

“ ဒီရက်ပိုင်းတွေမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေ အများကြီးရှိတယ်။ သူတို့က သမီးနဲ့ ပိုင်ချွမ်း ရုတ်တရက် လက်ထပ်ခဲ့တာကို သိတယ်။ နောက်ပြီး ဖွားဖွားပိုင်က အဲဒီနေ့မှာသေသွားတာ သူတို့ကကိစ္စတွေကို စီစဉ်ဖို့ အချိန်မရှိတာဖြစ်နိုင်တယ်” မုရှောင်ယလာ ရှင်းပြလိုက်သည်။

"ဒါဆို ပိုင်မိသားစုကကော မင်းရဲ့အိမ်ထောင်ရေးကိုဘယ်လိုထင်လဲ။ " မုရော့ကျုံးက မေးလိုက်သည်။ အကယ်၍ သူတို့က(ပိုင်မိသားစု) သူတို့လို ရုတ်တရက်သိလိုက်ရတယ်ဆို သူတို့ကော ဘယ်လိုတွေးကြလဲ။

“ တကယ်တော့…”မုရှောင်ယက ခါးသီးစွာပြုံးလာသည်။ "သမီးတို့သင်္ချိုင်းမှာရှိတုန်းက ပိုင်ချွမ်းရဲ့အမေက သမီးဒီအိမ်ထောင်ရေးကို ရှေ့ဆက်ချင်လား ရှေ့မဆက်ချင်ဘူးလားလို့ သမီးကိုမေးခဲ့တယ်။ "

"သူမဘာကိုဆိုလိုတာလဲ။ " ရှန်ချင်းယီက ဂရုတစိုက်မေးလာသည်။

"ပိုင်ချွမ်းရဲ့မားက ပိုင်ချွမ်းရဲ့ဘ၀မှာလက်တွဲဖော်ရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဆန္ဒမရှိတဲ့ ဘယ်သူကိုမှအတင်းအကျပ်ဖိအားပေးမှာမဟုတ်ဘူး "

“ …” သူတို့သမီးရဲ့ စကားကိုကြားပြီး မုပါပါးနဲ့ မားမားရဲ့ နှလုံးသားက ပိုလေးလံလာသလို ခံစားလိုက်ရသည်။ ပိုင်ချွမ်းနဲ့လက်ထပ်တာက သူတို့က သူမကိုမစည်းရုံးထားဘူး အဲ့ဒါက သူတို့သမီးရဲ့ဆန္ဒသာဖြစ်သည်။

"ပိုင်ချွမ်းကိုဘာလို့လက်ထပ်ချင်ရတာလဲ။ ရှန်ချင်းယီက ဒါကို နားမလည်နိုင်ဘူး။ အဲဒါကဆရာမကြီးကွေ့ရဲ့ နောက်ဆုံးဆန္ဒကြောင့်လား။"

နှစ်ပေါင်းများစွာ အိမ်နီးချင်းဖြစ်လာတာကြောင့် ဖွားဖွားပိုင်နဲ့ ရှန်ချင်းယီတို့ရဲ့ ဆက်ဆံရေးက အမြဲကောင်းမွန်ခဲ့ပြီး ဖွားဖွားပိုင် ဘာတွေတွေးနေလဲဆိုတာကိုသူမသိသည်။ အတိတ်မှာ ဖွားဖွားပိုင်က ပိုင်ချွမ်းရဲ့အနာဂတ်အကြောင်းပြောတဲ့အခါမှာ ရှန်ချင်းယီက ဖွားဖွားပိုင်ကို ပိုင်ချွမ်းကို နားလည်ပြီးကြင်နာမယ့်သူတစ်ယောက်ရှိလာလိမ့်မယ်လို့ အကောင်းမြင်စိတ်နဲ့ပြောခဲ့ဖူးသည်။

ဒါပေမယ့် လူ့သဘာဝကအမြဲတမ်းဒီလိုပါပဲ။ ဘေးမှရပ်သူတစ်ဦးဖြစ်ခြင်းနှင့် ပါဝင်ပတ်သက်သူ ဖြစ်ခြင်းတို့ကြောင့် သဘောထားကွဲလွဲမှုများရှိလိမ့်မည်။ သူမကပိုင်ချွမ်းရဲ့ ဘ၀အခြေအနေအား နားလည်ပြီး ကြင်နာမယ်သူကိုလေးစားပေမယ့်လည်း အဲ့ဒီသူက သူမသမီးဖြစ်မှာကိုတော့ မလိုလားပေ။ 

ရုပ်ရှင်များတွင် လှပသောနှလုံးသားရှိသော သူရဲကောင်းကဲ့သို့ လူတိုင်း စိတ်၀င်စားသော အမေရိကန်သင်္ချာပညာရှင် John Nash (သူမအပေါ်စိတ်ဝင်စားသောသင်္ချာပညာရှင်) (သင်္ချာပညာရှင်က စိတ်ပြဿနာရှိနေတာပါ) ကိုတန်ဖိုးထားသော်လည်း လူတိုင်းက သူမ ဖြတ်သန်းခဲ့ရသောဒုက္ခများကိုတွေ့ကြုံခံစားဖို့သတ္တိမရှိပေ။

"သမီး ပိုင်ချွမ်းကိုချစ်တယ်" ဒါကသူမရဲ့မိဘတွေကို မုရှောင်ယ ပေးခဲ့တဲ့အဖြေပဲ။

သူမမိဘများအနေနှင့် ဤအကြောင်းထက်ကျော်လွန်နိုင်သောအရာမရှိသည်ကို သူမသိသည်။ သူမမိဘများကိုယုံကြည်စေဖို့ မုရှောင်ယက ဆက်ပြီးပြောခဲ့သည်။ “ အမှန်တော့ သမီးသူ့ကိုအရင်ကတည်းကကြိုက်ခဲ့တာကြာပြီ။ သမီး ပိုင်ချွမ်း အိမ်ကိုအများဆုံးသွားဖူးတာကို အမေတို့လည်း သိတာဘဲ အဲ့ဒါကြောင့် လွန်ခဲ့တဲ့ရက်အနည်းငယ်က ပိုင်ချွမ်း ဒီကိုပြေးလာပြီး သမီးကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ သမီးအရမ်းပျော်သွားပြီး မစဉ်းစားဘဲနဲ့ သဘောတူခဲ့တာ "

"ပိုင်ချွမ်းက သမီးကိုရုတ်တရက်လက်ထပ်ခွင့်တောင်းတာက သူ့အဖွားအတွက်ပဲဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဖူးလား။" မုရော့ကျုံးက သူမကိုသတိပေးလာသည်။

"သမီးစဉ်းစားမိလို့ သူ့ကိုမေးပြီးပြီ "

"ဒါဆိုသူ့အဖြေကဘာတဲ့လဲ။"

"ပိုင်ချွမ်းက ဖွားဖွားပိုင်က သူကြိုက်တဲ့သူကိုလက်ထပ်ဖို့တောင်းဆိုခဲ့တယ် အဲ့ဒါကြောင့် သူမသမီး ဆီလာခဲ့တာတဲ့ "မုရှောင်ယက ပြန်ဖြေလာသည်။

မုမိသားစုရဲ့ လင်မယားနှစ်ယောက်လုံး တိတ်ဆိတ်သွားပြန်သည်။ ပိုင်ချွမ်းက အော်တစ်ဇင် ကလေးတစ်ဦးဖြစ်ပြီး အော်တစ်ဇင်ကလေးများ၏ အဓိကလက္ခဏာမှာ သူတို့သည်အခြားသူများနှင့် ဆက်သွယ်လိုစိတ်မရှိတာကြောင့် ဖြစ်သည်။ သို့သော်သူတို့က လိမ်မည်မဟုတ်သလို ဆင်ခြေအတွက် အကြောင်းပြချက်များကိုလည်း ရှာမည်မဟုတ်ပေ။ သူတို့ပြောခဲ့တဲ့အရာက သူတို့ရင်ထဲမှာခံစားရတဲ့ အမှန်ကန်ဆုံး ခံစားချက်ဘဲ။ ပိုင်ချွမ်းက သူ ရှောင်ယကိုကြိုက်တယ်လို့ပြောခဲ့တယ်ဆို သူ့ရင်ထဲမှာအဲ့လိုခံစားမိလို့ပဲ။ 

"ရှောင်ယ ပိုင်ချွမ်းနဲ့ နေရတာခက်ခဲလိမ့်မယ်ဆိုတာကို သမီးတွေးမိရဲ့လား။" မုရော့ကျုံးက သူမကိုထပ်ပြီး သတိပေးလာသည်။ 

"ဟုတ်တယ် ရှောင်ချွမ်းက လိမ္မာပြီး ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်ပေမယ့် အဆုံးမှာသူက အော်တစ်ဇင်ဖြစ်နေတဲ့သူ တစ်ယောက်ဖြစ်နေတုန်းဘဲ။ သူကသာမာန်လူတစ်ယောက်လို သူ့ခံစားချက် တွေကိုထုတ်မပြနိုင်ဘူး။ သမီးပြောတဲ့ ချစ်တဲ့ ကြိုက်တဲ့ကိစ္စတွေ အဲဒါကိုရက်အနည်းငယ်အကြာမှာ လက်တွေ့က ဖျက်ဆီးပစ်တာဖြစ်နိုင်တယ်။ အဲ့ဟာက အဲဒီအချိန်မှာ သမီးတို့နှစ်ယောက်လုံးကို မထိခိုက်စေနိုင်ဘူးလား။" ရှန်ချင်းယီက သူမခင်ပွန်းစကားနောက် ဆက်ပြောခဲ့သည်။ 

“ ပါး၊ မား၊ ဒါတွေကိုသမီးစဉ်းစားပြီးပြီ၊ ဒါပေမယ့် သမီးကြိုးစားကြည့်ချင်သေးတယ်”မုရှောင်ယ ဆက်ပြောလာသည်။ "သမီးဂရုတစိုက်စဉ်းစားပြီးမှ အမေတို့ကို ပြောတာပါ "

မုရှောင်ယက သူမမိဘတွေရဲ့ စိုးရိမ်သောကကိုနားလည်နိုင်သည်။ ဒါပေမယ့် သူမက ပြန်လည် မွေးဖွားခြင်းကို ဖြတ်သန်းခဲ့ပြီးဖြစ်တာကြောင့် မုရှောင်ယစိတ်ထဲမှာတော့ သူမနဲ့ပိုင်ချွမ်းရဲ့ ဘဝက အရင်ဘဝထက်ပိုဆိုးသွားဖို့က မရှိနိုင်ဘူး။ တစ်ယောက်ကသေပြီး တစ်ယောက်က တစ်ခုလပ် ဖြစ်ခဲ့ရသည်။ မဟုတ်သေးဘူး။ သူမနဲ့သာဆို အနည်းဆုံးတော့ ဒီ့ထက်ပိုကောင်းရမယ် ပိုင်ချွမ်းရဲ့ ရုပ်ရည်ချောမောနေပြီး သူရဲ့ကံကြမ္မာကိုရှောင်ရှားနိုင်သည်။

"ဒါဆိုနိုင်ငံခြားမှာ ကျောင်းတက်ဖို့ကကော " ရှန်ချင်းယီက ထပ်မေးလာသည်။

"သမီးမသွားတော့ဘူး " မုရှောင်ယက အစကတည်းက နိုင်ငံခြားမှာကျောင်းတက်ဖို့ အစီအစဉ်မရှိတော့ပေ။

"မသွားဘူးလား။ SG ကိုသွားပြီး ဒီဇိုင်းလေ့လာဖို့က သမီးရဲ့အိပ်မက်မဟုတ်ဘူးလား။ " ရှန်ချင်းယီက မယုံနိုင်ခဲ့ဘူး။

"မား ဒီအကြောင်းကို သမီးနောက်မှရှင်းပြမယ်"

မုရှောင်ယအနေနဲ့ သူမရဲ့ပြောင်းလဲမှုက အလွန်ရုတ်တရက် ဖြစ်သွားတယ်ဆိုတာကိုသိသည်။ သူမက သူတို့ကိုချက်ချင်း လက်ခံခိုင်းဖို့ကခက်ခဲလိမ့်မည်။ ဒါပေမယ့် သူမကအမှန်အတိုင်းမပြောနိုင်ခဲ့ဘူး။ လေးနှစ်အကြာမှာ ပေါ်လာမယ့် သူမရဲ့မျိုးရိုးဗီဇဆိုင်ရာရောဂါက ယခုအချိန်တွင် ရှာမတွေ့နိုင်သေးပေ။ သူမလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက သူတို့နှင့်အချိန်ပိုပေးဖို့သာဖြစ်သည်။

"မား သမီးပိုင်ချွမ်းကို တကယ်လက်ထပ်ချင်တယ်။ မား ပါးနဲ့လက်ထပ်သလိုပဲလေ သဘောတူ ပေးပါလားဟင် နော် " အကြောင်းအရင်းမှာ အတူတူပင်ဖြစ်သည် မုရှောင်ယက သူမရဲ့ ချစ်စရာကောင်းတဲ့အမူအရာလက်နက်ကို ထုတ်သုံးခဲ့သည်။

"နင်တို့လက်ထပ်မှတ်ပုံတောင်တင်ပြီးမှတော့ ငါတို့သဘောတူဖို့လိုသေးလို့လား။" ရှန်ချင်းယီက သူမသမီးကို စိတ်မကြည်တာကြောင့် တွန်းထုတ်လိုက်သည်။

"သမီးလုပ်တာက မမှန်ဘူးဆိုတာသိပါတယ်။ ဒါပေမယ့် အဲ့ဒါက အရမ်းအလျင်လိုသွားလို့ပါ။ နောက်တော့သမီးက မေ့သွားတာ တောင်ပန်ပါတယ်နော် ~ " မုရှောင်ယက သူမ အမေ စိတ်မကြည်တာကို လျစ်လျူရှုပြီး အရှက်မဲ့စွာနဲ့ကပ်ချွဲနေခဲ့သည်။ 

ရှန်ချင်းယီက သူမခင်ပွန်းကို အကူအညီမဲ့စွာကြည့်လိုက်သော်လည်း မုရော့ကျုံးရဲ့ မျက်လုံးတွေထဲမှာလဲ အကူအညီမဲ့မှုများနှင့် ပြည့်နေသည်။ သူ့မိန်းမကခုနကပြောသလိုပဲ သူ့သမီးနဲ့ ပိုင်ချွမ်းတို့က လက်ထပ်မှတ်ပုံတောင်တင်ပြီးသွားပြီ။

သူတို့သမီးကိုလက်ထပ်ထားတယ်ဆိုတဲ့အချက်ကပြောင်းလို့မရဘူး။ ထို့ပြင် သူတို့က ဆရာများ ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ၊ ကလေးများ ကိုယ်တိုင်တွေ့ကြုံရမည့် အချို့အရာများ ရှိနေကြောင်းကို ကောင်းစွာသိသည်။ အဲ့လိုမဟုတ်ဘဲ ဆရာများကသူတို့ကို သင်ပေးရင်း အတင်းအကျပ် ပြောလျှင်တောင် သူတို့နားဝင်ကြမှာမဟုတ်ဘဲ သူတို့ကိုယ်တိုင် ခံစားရမှသာ သိမှာဖြစ်သည်။ 

ဒါပေမယ့် မိဘတစ်ယောက်အနေနဲ့ သူ့သမီးက ဒီအခြေအနေအောက်မှာ အိမ်ထောင်ကျသွားပြီ ဆိုတာကိုသိလိုက်ရတော့ သူတို့ရဲ့နှလုံးသားထဲမှာ ခါးသီးမှုတွေနဲ့ ပြည့်နေခဲ့သည်။ 

"ပါးနဲ့ မား ဒါကိုစဥ်းစားဖို့အချိန်လိုတယ် "

"ပါးတို့ ဒီကိစ္စကိုဘယ်လောက်ကြာကြာ စဉ်းစားမှာလဲ။ " မုရှောင်ယက မေးလိုက်သည်။

"ပါးတို့အဲဒါကို သေသေချာချာစဉ်းစားပြီးတဲ့အခါမှ သမီးကိုပြောမယ်။ " ဒီစကားကိုပြောအပြီးမှာ မုရော့ကျုံးကဘာမှမလုပ်ဘဲမတ်တပ်ရပ်ပြီး အခန်းထဲကထွက်သွားသည်။

ခင်ပွန်းဖြစ်သူ ထွက်သွားတာကို မြင်ပြီးနောက်မှာ ရှန်ချင်းယီက သူ့သမီးကိုပြုံးပြပြီးလိုက်သွားခဲ့သည်။

လွတ်နေတဲ့စာကြည့်ခန်းကို မျက်နှာမူလျက် မုရှောင်ယက သူမ၏နဖူးကို တိတ်တဆိတ် ကုတ်လိုက်ပြီး ရုတ်တရက်ရယ်လိုက်မိသည်။ သူမမိဘတွေက တစ်ဘဝလုံး ဆရာတွေအနေနဲ့ ရှိခဲ့တာကြောင့် သူတို့ကအကြောင်းပြချက်တွေ အမြဲသုံးပြီးသူတို့ကလေးတွေကို တစ်ခုခုလုပ်ဖို့ အတင်းမလုပ်ခိုင်းဘူး။ သူတို့၏စိတ်ထဲတွင် တစ်ခုတည်းသောအရာက သူမဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ ဆုံးဖြတ်ချက်ချဖို့အချိန်လိုအပ်ရုံသာဖြစ်သည်။ 

သူတို့ကတစ်ညလုံးစဉ်းစားပြီး သူမကိုမေးခွန်းများစွာမေးခဲ့ပေမယ့် ပိုင်ချွမ်းနဲ့လမ်းခွဲဖို့ ဘယ် စာကြောင်းကိုမှ သူတို့ထုတ်မပြောခဲ့ဘူး။ သူတို့ကအားသာချက်နဲ့အားနည်းချက်တွေကို ထပ်ခါထပ်ခါ လေ့လာပြီး အဲဒါကိုသူတကယ်စဉ်းစားဖူးလားမေးသည်။

တကယ်တော့ သူမသေသေချာချာစဉ်းစားကြည့်ရင်၊ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိတာ၊ သူ့မိဘတွေနဲ့အတူနေဖို့အချိန်မရှိတာ၊ သူမဘဝရဲ့ ၂၆ နှစ်တာကို သေသေချာချာ စဉ်းစားကြည့်ရင် သူမဘဝက မဆိုးဘူးလို့သူမထင်ခဲ့သည်။

 

ညနေခင်းလေပြင်းက ပြတင်းပေါက်အပြင်ဘက်မှ တိုက်ခတ်လာပြီး စားပွဲပေါ်မှစက္ကူများက တုန်ခါလာသည်။ မုရှောင်ယက သူမအဖေရဲ့ အဖိုးတန် ရွှယ် စက္ကူကို စက္ကူဖိတဲ့တုံးနဲ့ဖိလိုက်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်သည်။ 

စာကြည့်ခန်းရဲ့ ပြတင်းပေါက်က ဖွားဖွားပိုင်ရဲ့ အိမ်နောက်ဖေးဝင်းနံဘေးတွင်ရှိသည်။ အခုဖွားဖွားပိုင် မရှိတော့တဲ့အတွက် အိမ်ဝင်းထဲမှာအလင်းရောင်မရှိတော့ဘူး။

သူမနောက်လေးနှစ်အကြာမှာ သေသွားခဲ့ရင် သူမမိဘတွေက သူမဖွားဖွားပိုင်ရဲ့ အိမ်ဝင်းကိုကြည့်နေသလိုမျိုး သူမအိပ်ခန်းကိုကြည့်နေမှာလား။

..........

စာရေးသူမှတ်ချက်

ပါပါးမု နဲ့ မာမားမုက သဘက်ခါမှာသဘောတူလိမ့်မယ်၊ Grumpy Crab က ကလေးလေးချွမ်းကိုအနိုင်ကျင့်မှာမဟုတ်ဘူး။