အပိုင်း ၈
Viewers 552

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၈; ရှင့်ရဲ့ဓာတ်ပုံကိုပေး

နောက်နေ့မှာ မုရှောင်ယက စောစောထပြီး အဝတ်အစားလဲပြီးနောက် ကျောင်းသို့ပြေးသွားသည်။ ဒီနေ့ကကျောင်းမှာ ဒီပလိုမာထုတ်ပေးမယ့်နေ့ဖြစ်ပြီး၊ သူမဘွဲ့ရဓာတ်ပုံရိုက် ဖို့ အခွင့်အလမ်းကို လွဲချော်ခဲ့သည်။ သူမလက်မှတ်ကိုသာမရခဲ့ဘူးဆို ဖန်းဟော်က သူမကိုသတ်လိမ့်မည်။

ရွယ့်ယွမ်လမ်းပေါ်က ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားပေါ်ကနေဆင်းပြီး သူမခြေလှမ်း အနည်းငယ်ဘဲလှမ်းရသေးချိန်မှာ ဖန်းဟော်ကို ကျောင်းတံခါးဝမှာ တွေ့လိုက်ရသည်။ ဖန်းဟော်က နှစ်အနည်းငယ် အကြာကလို အရည်အချင်းပြည့်ဝတဲ့ ထက်မြက်တဲ့အမျိုးသမီး မဟုတ်သေးသလို ဆံပင်သုံးရောင်ထက်ပိုဆိုးတဲ့ မိန်းကလေးလဲ မဟုတ်သေးပေ။ 

"ဖန်းဟော်"

မုရှောင်ယက သူမလက်များနဲ့ ဖန်းဟော်ကို ပျော်ရွှင်စွာဝှေ့ယမ်းပြလိုက်သည်။ ဖန်းဟော်က သူမခေါင်းကို လှည့်လာချိန်မှာ မုရှောင်ယက သူမဆီပြေးလာနေ သည်ကိုတွေ့လိုက်ရသည်။ သူမပါးစပ်က နို့ရည်လက်ဖက်ရည်ကို စုပ်နေတုန်းဘဲ မုရှောင်ယကို ဘာတုံ့ပြန်မှုမှ ပေးဖို့ မရည်ရွယ်ခဲ့ဘူး။ ဒါပေမယ့် မုရှောင်ယက အဲဒါကိုဂရုမစိုက်တော့ဘူး၊ ခုန်ပြီးဖန်းဟော်ကို ရေဘဝဲတစ်ကောင်လို ဖက်ထားခဲ့သည်။

 

"ငါ့အင်္ကျီ။ မုရှောင်ယ နင်သေချင်နေတာလား။" မုရှောင်ယရဲ့ ရုတ်တရက် လှုပ်ရှားမှုကြောင့် ဖန်းဟော်ရဲ့အသစ်ဝယ်ဝတ်ထားတဲ့ အင်္ကျီပေါ်ကို နို့လက်ဖက်ရည် ဖိတ်စင်သွားပြီး အညိုရောင်လက်ဖက်ရည်တွေ စွန်းထင်းစေခဲ့သည်။

"ငါနင့်ကိုမတွေ့တာကြာပြီ၊ ငါနင့်ကိုအရမ်းသတိရတာဘဲ" မုရှောင်ယက ဖန်းဟော်ရဲ့ ညည်းညူသံ ကိုလုံးဝမကြားရတော့ဘဲ သူမသူငယ်ချင်းနှင့်တွေ့ခွင့်ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။

"ငါ့ကိုပေါက်တက်ကရတွေ လာမပြောနဲ့ ငါနင့်ကိုပြောမယ် နင်သာ လက်ထပ်မှတ်ပုံတင်မပြနိုင်ရင် ငါနင့်ကို ဒီအတိုင်လွှတ်ထားပေးမယ်မထင်နဲ့။ " ဖန်းဟော်က သူမအားကြမ်းတမ်းစွာ တွန်းဖယ်ပစ်လိုက်သည်။ 

"ငါ့လက်ထပ်စာချုပ်ကို မယူခဲ့ရဘူး၊ ဒါပေမယ့် ငါ့မှာဓာတ်ပုံရှိသေးတယ် ကြည့်ချင်လား။" မုရှောင်ယကမေးလာသည်။

“ …” ဖန်းဟော်က တွန့်ဆုတ်သွားပြီး သူမခန္ဓာကိုယ်ပေါ်က လက်ဖက်ရည်စက်တွေကိုလည်း မေ့သွားကာ မုရှောင်ယကိုကြည့်ပြီးမေးလိုက်သည်။ “ နင်တကယ် လက်ထပ်လိုက်တာလား။ ”

 

“ အမ်း ” မုရှောင်ယက ယုံကြည်စိတ်ချစွာနဲ့ ဝန်ခံခဲ့သည်။

“ မဟုတ်သေးဘူး…ဘယ်သူနဲ့လဲ။ နင်ဘယ်သူနဲ့လက်ထပ်လိုက်တာလဲ။ နင်ဘယ်တုန်းကချစ်မိသွားတာလဲ။ ငါဘယ်လိုလုပ်မသိတာလဲ။ " ဖန်းဟော်က မုရှောင်ယ လက်ထပ်တဲ့အကြောင်းပြောတာက သူတို့ဘွဲ့ယူဓာတ်ပုံရိုက်ဖို့ အချိန်မရခြင်းအတွက် အကြောင်းပြချက်တစ်ခု ပေးခဲ့တယ်လို့သာ အမြဲထင်ခဲ့သည်။

"ဒါကဇာတ်လမ်းရှည်ကြီးပဲ ငါနင့်ကိုအရင်ပြောခဲ့ဖူးတဲ့ အိမ်နီးချင်းကိုမှတ်မိလား။ "

"ဒါပေါ့ နင်တို့အိမ်နားက အရမ်းချောတဲ့ကောင်လေးတစ်ယောက်ရှိတယ်လို့ နင်ပြောခဲ့တယ်လေ ဒါပေမယ့်ကံမကောင်းစွာနဲ့သူက အော်တစ်ဇင် ဖြစ်နေတယ်"

"အဲဒါက သူပဲ"

"မုရှောင်ယ နင်ရူးနေလား။ " အနုပညာကိုလေ့လာခဲ့တဲ့လူတွေဟာ သူတို့ရဲ့မျက်နှာကို ကောင်းကောင်းထိန်းချုပ်နိုင်သည်။ ဒါပေမယ့် ဘယ်သူကမှမျက်နှာတစ်ခုအတွက်နဲ့ အော်တစ်ဇင်ဖြစ်နေတဲ့လူတစ်ယောက်နဲ့ တွေ့မှာမဟုတ်ဘူး။ (မျက်နှာ = ဂုဏ်သိက္ခာ)

"အရမ်းစိတ်မပူပါနဲ့၊ ငါဖြည်းဖြည်းချင်းပြောပြမယ်။ " ဒါကြောင့်ကျောင်းထဲကို၀င်သွားတဲ့ မုရှောင်ယနဲ့ ဖန်းဟော်တို့ ၂ယောက်က သူတို့ရဲ့ အတွင်းရေးနှင့်အပြင်အကြောင်းများကိုပြောကြသည်။

သူမပြောတာကို နားထောင်ပြီးနောက်မှာ ဖန်းဟော်ရဲ့ အမူအရာက ပိုမိုရှုပ်ထွေးသွားသည်။ သူမက မုရှောင်ယကို စူးစမ်းသလိုကြည့်ပြီးပြောလာသည်။ "ဒါဆို နင်သူ့ကိုလက်ထပ်တာက လူကြီးရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးလား နင့်ဘာသာနင်သူ့ကိုလက်ထပ်ချင်လို့လား။ "

"သူတို့နှစ်ခုလုံး" မုရှောင်ယက ရိုးသားစွာဖြေလာသည်။

“ ဘာနှစ်ခုလုံးလဲ။…ငါမေးခွန်းပြောင်းမယ် ”ဖန်းဟော်က သူမမေးခွန်းက မတိကျဘူးလို့ခံစားမိတာကြောင့် သူမထပ်မေးလိုက်သည်။ " ပိုင်ချွမ်းအဖွားသာ ဒီအချိန်မှာမသေဘူးဆိုရင် ပိုင်ချွမ်းကိုလက်ထပ်ဖို့ နင်သဘောတူမှာလား။ "

“ အင်း ” ခဏလောက်စဉ်းစားပြီးနောက်မှာ မုရှောင်ယက အပြုသဘော ဆောင်တဲ့ အဖြေကိုပေးခဲ့သည်။ အဖွားသေဆုံးခြင်းက ထိုအချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း သူမ မူလရည်ရွယ်ချက်မှာ ပိုင်ချွမ်းရဲ့ နောက်ထပ်အိမ်ထောင်ရေးဖြစ်ရပ်များကို ကာကွယ်ရန်ဖြစ်သည်။ ဟုတ်ပါတယ်၊ အဖွားပိုင်သာ အဲဒီအချိန်တုန်းက နောက်ဆုံးထွက်သက်မဖြစ်ခဲ့ရင် ပိုင်ချွမ်းက သူမကိုလက်ထပ်ခွင့်တောင်းမှာ မဟုတ်ပေမယ့် ဒါက ဖန်းဟော် မေးချင်တဲ့အရာတော့မဟုတ်ခဲ့ပါပေ။

"ဒါဆို ... နင်သူ့ကိုကြိုက်လား။ " ဖန်းဟော်က မေးလာတယ်။

'ကြိုက်လား။ သူမ ပိုင်ချွမ်းကိုကြိုက်လား။ ' မုရှောင်ယက သူမကိုယ်သူမမေးကြည့်သည်။ ' သေချာတာပေါ့ သူမသူ့ကိုကြိုက်တယ်၊ ဒါပေမယ့် အဲ့ဒါက ယောက်ျားနဲ့မိန်းမကြားက ပုံစံမျိုး မဟုတ်ဘူး။ သူမသာသူ့ကိုကြိုက်ရင် သူမအရင်ဘ၀မှာတုန်းက ပိုင်ချွမ်းကို ငြင်းပယ်ခဲ့မှာ မဟုတ်ပေ။ ဒါပေမယ့် ပြန်မွေးဖွားလာပြီးတဲ့နောက်မှာ မုရှောင်ယအတွက် အချစ်ရေးက သိပ်ပြီး အရေးမကြီးတော့ဘူးလို့ ခံစားခဲ့ရတဲ့အတွက် သူမရဲ့အိမ်ထောင်ရေးက ပိုဖြူစင်ပြီးရိုးရှင်းလာသည်။'

“ ကြိုက်တယ်” မုရှောင်ယက ဖန်းဟော်ကို သူမရဲ့တစ်ကယ့်အတွေးတွေကို မပြောပြရဲပေ။ အဲ့လိုသာပြောခဲ့ရင် ဖန်းဟော်ရဲ့ စရိုက်ကို အခြေခံရပြီးပြောရမယ်ဆို သူမဒီမှာ တင်ရပ်သွားလိမ့်မည်မဟုတ်ပေ။

"ဖန်းဟော်၊ မုရှောင်ယ ... " ဖန်းဟော်က တစ်စုံတစ်ခုကိုပြောချင်နေသော်လည်း သူမတို့ အမည်များကိုရုတ်တရက်ရှေ့နားကခေါ်လာသည်။ သူတို့နှစ်ယောက်ကအဝေးကိုကြည့်ပြီး အတန်းဖော် သုံးယောက်ကနေ ၅ ယောက်လောက်က သူတို့ကိုလက်ဝှေ့ယမ်းပြနေတာကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်စကားပြောတာ ရပ်တန့်သွားပြီး ထိုနေရာကိုအမြန်သွားလိုက်သည်။

"မုရှောင်ယ ငါတို့ဘွဲ့ယူဓာတ်ပုံရိုက်တဲ့အချိန်တုန်းက မင်းဘာလို့မလာတာလဲ။" မုရှောင်ယက သူတို့၏ အထက်တန်းကျောင်း ဘွဲ့ရဓာတ်ပုံတွင် ပျောက်ဆုံးနေသည့် တစ်ဦးတည်းသောသူ ဖြစ်တာကြောင့် သူမအတန်းဖော်များက စူးစမ်းချင်လာသည်။

"ဖန်းဟော်ပြောတာတော့ နင်လက်ထပ်လိုက်ပြီဆို တကယ်လား။"

"ဘယ်လိုဖြစ်နိုင်မှာလဲ မုရှောင်ယက နောက်လကို နိုင်ငံခြားသွားမှာမဟုတ်ဘူးလား။ SG အာ အဲဒီနေရာက နေ့ရောညပါငါတို့မက်ခဲ့တဲ့နေရာပဲ "

မုရှောင်ယက သူတို့ကိုပြီးတဲ့ထိ စိတ်ရှည်ရှည်နဲ့စောင့်တယ်၊ ပြီးတော့မှပြောခဲ့သည်။ " ဖန်းဟော်က နင်တို့ကိုမလိမ်ဘူး ငါတကယ်လက်ထပ်လိုက်တာ။"

“ ချီးပဲ မဖြစ်နိုင်တာ ဘယ်သူနဲ့လဲ။”

"ဓာတ်ပုံရှိလား။ ငါတို့ခဏလောက်ကြည့်ရအောင်။ "

တစ်ယောက်ကမေးလိုက်တာနဲ့ လူတိုင်းက သူတို့ရဲ့ဘွဲ့ဓာတ်ပုံအကြောင်းမပြောကြတော့ပေ။ မုရှောင်ယ ယောက်ျားရဲ့ဓာတ်ပုံကို ကြည့်ဖို့အတွက် စာသင်ခန်းတံခါးရဲ့ အ၀င်မှာသူတို့အားလုံး စည်ကားနေ ကြသည်။

"ငါ့ဖုန်းထဲမှာမရှိဘူး " မုရှောင်ယစဥ်စားမိလိုက်သည်။ 'သူမ ပိုင်ချွမ်းကို အရင်က ဘာခံစားချက်မှ မရှိတာက ဖြစ်နိုင်ရင်ဖြစ်နိုင်တယ်၊ သူမရဲ့ဖုန်းမှာ သူ့ရဲ့ပုံကိုခိုးရိုက်ထားတာ လေးတောင်မရှိဘူး။ သူတို့လက်ထပ်မှတ်ပုံတင်သွားလုပ်တုန်းက ပုံပဲရှိတယ်။ ဒါပေမယ့် အဲ့ပုံကို သူမရဲ့အတန်းဖော်တွေကို မပြချင်ဘူး '

"နင်ဘယ်သူကိုလာလိမ်နေတာလဲ။ ကိုယ့်ယောက်ျားပုံတောင်မှ မရှိဘူးတဲ့လား။ "

"မရှိဘူးဆိုရင်လည်း ရိုက်ခိုင်းလိုက် နင့်ယောက်ျားကို sefile တစ်ပုံလောက်ရိုက်ပို့ခိုင်းလိုက်။ "

"မှန်တယ်၊ မှန်တယ်၊ ဘယ်လောက်တောင်ချောလို့ ဘွဲ့ရပြီးတာနဲ့ ငါတို့ရဲ့အလှလေး မုရှောင်ယကို ရသွားခဲ့တာလဲ ကြည့်ရမယ် "

မုရှောင်ယက ဖန်းဟော်ကို အကူအညီတောင်းသလို မျှော်ကြည့်လိုက်ပေမယ့် သူမက စိတ်ဝင်စားစရာ တစ်ခုခုကို ကြည့်နေသလိုပဲ။ အမှန်အတိုင်းပြောရရင် သူမက မုရှောင်ယပြောပြဖူးတဲ့ ပိုင်ချွမ်းရဲ့ချော မောပုံကို တစ်ကယ်မြင်ဖူးချင်သည်။ 

"ဒါဆို ... ငါကြိုးစားကြည့်မယ် "မုရှောင်ယရဲ့ ဖုန်းမှာ ပိုင်ချွမ်းရဲ့နံပါတ်ရှိသည်။ ဒါပေမယ့် သူမ မသုံးဖူးပေ။ သူမအထင်ပြောရရင် ပိုင်ချွမ်းက သူ့ကိုယ်ပိုင်ကမ္ဘာမှာဘဲအနေတာများသည်။ 

တစ်ခါတစ်လေ မင်းသူ့ကိုခေါ်တဲ့အခါသူကမင်းဆီကိုဖုန်းမခေါ်ဘဲ မင်းကိုသေချာပေါက်တုံ့ပြန်လိမ့်မည်။ မုရှောင်ယက ပိုင်ချွမ်း သူမရဲ့ wechat ကို သတိပြုမိပါ့မလားလို့ သံသယဝင်မိသည်။

ထိုသို့တွေးနေသော်လည်း မုရှောင်ယက ပိုင်ချွမ်းရဲ့ wechat ကိုဖွင့်ပြီးမက်ဆေ့ခ်ျတစ်ခုပို့နေဆဲဖြစ်သည်။

"သူကပုံမှန်အားဖြင့် အရမ်းအလုပ်များတာမို့ သူ မမြင်တာလဲဖြစ်နိုင်တယ်"မုရှောင်ယက သူတို့ကိုကြိုပြောထားလိုက်သည်။

"သူ မမြင်နိုင်ဘူးဆိုရင် သူ့ကိုဖုန်းခေါ်လိုက်လေ " သူမရဲ့အတန်းဖော်တွေက သူ့ပုံကိုမကြည့်ရမချင်း ရပ်မယ့်ပုံမပေါ်ဘူး။ 

မုရှောင်ယက သူမနဖူးမှချွေးများ ရုတ်တရက်ထွက်လာတာကိုခံစားလိုက်ရသည်။

ပိုင်မိသားစုအိမ်ကြီးတွင် ပိုင်ချွမ်းက လသာဆောင်မှာ စာအုပ်ဖတ်နေသည်။ သူ့စာဖတ်နှုန်းက အလွန်မြန်သည်။ သူ နောက်စာမျက်နှာကိုလှန်ဖို့ နှစ်စက္ကန့် သုံးစက္ကန့်သာကြာလိမ့်မည်။

ပိုင်ချွမ်းရဲ့ ညာဘက်တွင် စားပွဲသေးသေးလေးတစ်ခုရှိပြီး နံနက်စာများစွာကို သပ်ရပ်စွာစီစဉ်ပေးထားသည်။ ဒါပေမယ့် အစားအစာများကို မထိဘဲ အချိန်ကြာမြင့်စွာထားခဲ့တာကြောင့် ယာဂုက အေးစက်နေပြီဖြစ်သည်။ 

ယခုအချိန်တွင် ပိုင် မိသားစုရဲ့ အိမ်တော်ထိန် ဦးလေးလျိုက တိတ်ဆိတ်စွာလမ်းလျှောက်လာသည်။ သူကမထိရသေးတဲ့ မနက်စာကိုတစ်ချက်ကြည့်လိုက်ပြီး ဒုတိယသခင်လေးက သူ့မနက်စာကို စားဖို့မေ့သွားတယ်လို့ ထင်ပြီး အကူအညီမဲ့စွာခံစားလိုက်ရသည်။

'ဒါကမနက်စာတင်မကဘူး၊ ဒုတိယသခင်လေးက တစ်နေ့သုံးနပ်စားဖို့ လွယ်လွယ်မေ့နိုင်တယ်။ မဟုတ်ဘူး၊ သူကစားဖို့မေ့သွားတယ်လို့ပြောဖို့ လုံလောက်တဲ့တိကျပုံမပေါ်ဘူး။ ဒါပေမယ့် သူကဗိုက်ဆာတဲ့အချိန်မှသာ စားတာ။ ဒုတိယသခင်လေးရဲ့ ခံယူချက်က သာမန်လူများနှင့်ကွဲပြားသည်။ သူကတစ်နေ့လျှင်တစ်ခါအစာစားလေ့ရှိတယ်။ တစ်ခါတစ်ရံ သူလုံးဝမစားခဲ့ပေ။ ထို့အတွက်ကြောင့် ပိုင်မိသားစုမှလူတိုင်းက အလွန်စိုးရိမ်ပူပန်ခံစားခဲ့ရသော်လည်း၊ သူတို့ဘာမျှမတတ်နိုင်တော့ဘဲ အကူအညီမဲ့နေခဲ့သည်။ အကြောင်းမှာ ဒုတိယသခင်လေးက သူ့ကိုယ်ပိုင်ကမ္ဘာ၌ နှစ်မြုပ်နေပြီး ပြောသမျှကိုတုံ့ပြန်မှုမရှိတာကြောင့်ဖြစ်သည်။'

သူလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အစားအစာတွေကို ဒုတိယသခင်လေးရဲ့ ဘေးမှာအဆင်သင့်ရှိနေစေတာကို အမြဲသေချာစေရန်ဖြစ်သည်။ ဒါဆို သူဗိုက်ဆာတဲ့အချိန်မှာ စားစရာကအမြဲရှိလိမ့်မည်။

ဦးလေးလျူက အသစ်ပြင်ဆင်ထားတဲ့ မနက်စာကို မီးဖိုချောင်မှယူလာပြီး အေးသွားတဲ့ အစားအစာတွေနေရာမှာ အစားထိုးခဲ့သည်။ သူကဘာမှမပြောတော့ဘဲ လှည့်ထွက်သွားသည်။ အိပ်ခန်းတံခါးနားရောက်ချိန်မှာ ဦးလေးလျူက ထူးဆန်းသောအသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ သူ မသိစိတ်ကကြည့်လိုက်တော့ ကုတင်ဘေးနားစားပွဲပေါ်က ဖုန်းမြည်လာတာကို တွေ့လိုက်ရသည်။

ဦးလေးလျူက ဒါကိုအလေးအနက်မထားဘူး။ အမှန်အတိုင်းပြောရရင် ဒုတိယသခင်လေးရဲ့ဖုန်းက သူတစ်ယောက်ကို တွေ့ချင်တဲ့အခါသုံးတဲ့တစ်ခုတည်းသော အဆက်အသွယ် တစ်ခုဖြစ်တာ ဖြစ်သည်။ သူ့ကိုယ်ပိုင်ဖုန်းမှ တဆင့်အခြားသူများက သူ့ကိုရှာတွေ့ဖို့က မဖြစ်နိုင်ပေ။ အများအားဖြင့် ပထမ သခင်လေးက သူ့ကိုတွေ့ချင်ရင် အိမ်ဖုန်းကိုခေါ်လိမ့်မည်။ ထို့နောက်သူ (ဦးလေး လျို)ကသွားပြီး သူ့ကို (ပိုင်ချွမ်း) သွားခေါ်လိမ့်မည်။

"Creaak ~"

ဦးလေးလျူ အပြင်ဘက်ကိုခြေလှမ်းလှမ်းလိုက်ချိန်မှာ သူ့နောက်ကြမ်းပြင်ပေါ်မှ ကုလားထိုင်တစ်လုံးပွတ်တိုက်သံနဲ့အတူ ခြေသံကိုကြားလိုက်ရသည်။ ဦးလေး လျိုက သူ့နားကိုမယုံနိုင်ဘဲ လှည့်ကြည့်လိုက်ချိန် ဒုတိယသခင်လေးက စာအုပ်ကိုသူ့လက်ထဲက အမှန်တစ်ကယ်ကိုချလိုက်ပြီး လသာဆောင်ကနေ လမ်းလျှောက်လာသည်။ အိပ်ရာထဲ သွားပြီး ဖုန်းကိုတိုက်ရိုက်ကောက်ကိုင်လိုက်သည်။ 

'မက်ဆေ့ချ်သံကိုကြားပြီး ဒုတိယသခင်လေးက ရောက်လာတာလား။'

'မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ဒုတိယသခင်လေးက ဒီလောက်မြန်မြန် မတုံ့ပြန်တက်ဘူး၊ ဒါကမတော်တဆဖြစ်ရမယ်၊ ဒုတိယသခင်လေးက တခြားတစ်ယောက်ကို ရှာမလို့ဖြစ်ရမယ်။ ဟုတ်တယ်၊ ဒီအတိုင်းဖြစ်ရမယ်။'

ဦးလေးလျူက ဤအကြောင်းကို စဉ်းစားလိုက်ပြီးပန်းကန်ပြားကို ကိုင်ထားကာအိပ်ခန်းမှထွက်သွားဖို့ပြင်လိုက်ပြီး သူ့နှလုံးသားက အနည်းငယ်ငြိမ်သက်သွားသည်။

ဒီအချိန်မှာ ပိုင်ချွမ်းက ဖုန်းကိုကောက်ယူလိုက်ပြီး မုရှောင်ယထံမှ မက်ဆေ့ခ်ျကိုတွေ့လိုက်ရသည်။ "ရှင် ကျွန်မကို ရှင့်ဓာတ်ပုံပို့ပေးပါလား။"

'ဓာတ်ပုံ။' ပိုင်ချွမ်း သူ့နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ဘေးဘယ်ညာကြည့်လိုက်ကာ သူ့ဓာတ်ပုံ ဘယ်မှာထားလဲစဥ်းစားရင်း တံခါးဝမှာထွက်သွားတော့မယ့် ဦးလေးလျူကိုတွေ့သွားသည်။

 

'ဦးလေးလျူ ဘယ်အချိန်ကဝင်လာမှန်း သူမသိဘူး၊ သူဂရုလည်းမစိုက်ဘူး၊ အခုသူက ဦးလေးလျူ ရဲ့အကူအညီကိုလိုနေတယ်ဆိုတာသိတာမို့ သူကသူ့ကိုခေါ်ဖို့သူ့ပါးစပ်ကိုဖွင့်လိုက်တယ်။'

"ဦးလေး လျူ" ပိုင်ချွမ်းက အော်ခေါ်လိုက်သည်။

"ဒု ... ဒုတိယသခင်လေး။" ဦးလေးလျူက စိတ်လှုပ်ရှားလွန်းလို့ သူ့လက်ထဲက ဗန်းတောင် လွတ်ကျမလိုဖြစ်သွားသည်။ 'သူမှားကြားတာမဟုတ်ဘူး ဟုတ်တယ်မလား။ သူကအခုနှစ်မှာ ၅၂ နှစ်သာရှိသေးသည်။ သူကအကြားအာရုံပြသနာရှိဖို့ အသက်မကြီးသေးပေ။ အခု ဒုတိယသခင်လေးက သူ့ကိုခေါ်လိုက်တာမလား။ အဲဒါအမှန်လား။'

'နောက်ပြီး…ဒုတိယသခင်လေးက သူ့နာမည်ကိုတကယ်ကြီးသိတယ်။'

"ကျွန်တော် ဓာတ်ပုံရိုက်ချင်တယ်" ပိုင်ချွမ်းက သူ့ဖုန်းကို ဦးလေးလျိုကို လွှဲပေးလိုက်သည်။

'ဓာတ်ပုံရိုက်ချင်တယ်။ ဒုတိယသခင်လေးက ဓာတ်ပုံရိုက်ချင်တာလား။ ဒုတိယသခင်လေးက သူ့ပုံကိုတကယ်ရိုက်ပေးစေချင်တာလား။ '

ဦးလေးလျိုက လျင်မြန်စွာတုံ့ပြန်လိုက်ပြီး သူ့လက်ထဲက ဗန်းကို ကြမ်းပြင်ပေါ်တွင်ချထားလိုက်ကာ ပိုင်ချွမ်းရဲ့ဖုန်းကိုယူပြီးမေးလိုက်သည်။ "ဒုတိယသခင်လေး သခင်လေးဘယ်လိုရိုက်ချင်လဲ။ "

ဒါကဒုတိယသခင်လေး သူ့ကိုတစ်ခုခုလုပ်ခိုင်းတဲ့ ပထမဆုံးအကြိမ်ဖြစ်သည်။ 'သူကပြီးပြည့်စုံအောင်လုပ်ရမယ်။'

"ကျွန်တော့ပုံကိုရိုက်ပေး " ပိုင်ချွမ်းက ထပ်ပြောလာသည်။ 

'ငါကအရမ်းမိုက်မဲတာပဲ။ ပုံကိုဘယ်လိုရိုက်ချင်လဲလို့ သူ့ကိုဘာလို့သွားမေးတာလဲ။ ဒုတိယသခင်လေးက ဓာတ်ပုံရိုက်ရင်ပို့စ်ပေးတာကို ဘာလိုနားလည်မှာလဲ။ သူ့ကိုဒီလိုရိုက်ခိုင်းတာတောင်မှ ခြေလှမ်းကြီးကြီးလှမ်းလိုက်တာဘဲ။ ခဏနေရင် ငါ သခင်ကြီး၊ သခင်မကြီးနဲ့ ပထမသခင်လေးကို ပြောပြရမယ်။ ' 

"ဒုတိယသခင်လေး အခန်းထဲကအလင်းရောင်မကောင်းဘူး ကျွန်တော်တို့ ဓါတ်ပုံရိုက်ဖို့ လသာဆောင်ကို သွားရင်ကော" ဦးလေးလျူကအကြံပေးလိုက်သည်။

“ အင်း” ပိုင်ချွမ်းက နာခံမှုရှိစွာနဲ့ လသာဆောင်ဆီပြန်လျှောက်သွားပြီး ထိုနေရာတွင် ရုတ်တရက်ရပ်လိုက်သည်။

ဦးလေးလျိုက မူလကကောင်းမွန်သောရိုက်ချက်ကိုလိုချင်ပြီး ပုံကိုသူတတ်နိုင်သလောက် ပြီးပြည့်စုံစေဖို့သာကြိုးစားခဲ့သည်။ ဒါပေမယ့် သူ့မိသားစုရဲ့ဒုတိယသခင်လေးက လသာဆောင်မှာ ခဏရပ်တဲ့အခါ ဦးလေးလျူရဲ့မျက်ရည်တွေက စိတ်ခံစားမှုမှာရုတ်တရက် ပေါက်ဖွားလာသည်။ ' သူ့မိသားစုရဲ့ ဒုတိယသခင်လေးက ပြီးပြည့်စုံသောရှုခင်းတစ်ခုကို ပြီးစလွယ်လုပ်ထားပြီး ထိုနေရာတွင်ရပ်နေသည်။ သူ့က ပိုစ့်ပေးဖို့ ဘယ်မှလိုမှာလဲ။'

ဦးလေးလျူက ကလစ်နှိပ်ပြီး ဓာတ်ပုံများစွာရိုက်ကာအေးစက်တဲ့မနက်စာနဲ့ မဆင်းသွားခင် ဒုတိယသခင်လေးကို ဖုန်းပြန်ပေးလိုက်သည်။

သူ့ဓာတ်ပုံကိုယူပြီး ပိုင်ချွမ်းက မုရှောင်ယရဲ့ wechat ကိုချက်ချင်းဖွင့်လိုက်ကာ သူ့ဓာတ်ပုံကို ပို့လိုက်သည်။ သူကသူ့စာအုပ်ကို ဆက်မဖတ်တော့ဘူး အဲ့ဒီအစား သူက ဖုန်းကိုစိုက်ကြည့်နေပြီး သူမဆီက အဖြေကိုစောင့်နေခဲ့သည်။

တစ်ခြားဘက်က ပိုင်ချွမ်းရဲ့ တုံ့ပြန်မှုမရတာကို ကြိုတင်ပြင်ဆင်ထားတဲ့ မုရှောင်ယက နှစ်မိနစ်ကြာအောင်မစောင့်ရဘဲ သူ့အဖြေကိုရလိမ့်မယ်လို့မမျှော်လင့်ခဲ့ပေ။

“ မြန်မြန် ပုံကိုမြန်မြန်ဖွင့်။” မုရှောင်ယ ရှင်းရှင်းလင်းလင်း မမြင်ရသေးခင် စပ်စုသော အတန်းဖော်အချို့က ဓာတ်ပုံကိုနှိပ်လိုက်သည်။ ရုတ်တရက် ပိုင်ချွမ်းရဲ့ ပုံပန်းသဏ္ဌာန်က လူတိုင်းမျက်စိရှေ့မှာဘဲ ဖုန်း မျက်နှာပြင်အပြည့်ပေါ်လာခဲ့သည်။ 

"အိုး မိုင် ~"

"ရှီးး ~~!"

"မုရှောင်ယ နင့်ရဲ့ဘဝကကောင်းလွန်းတယ်"

ရုတ်တရက် အာမေဋိတ်သံများနှင့် အသက်ရှုသွင်းလိုက်သံတွေက အဆက်မပြတ် ထွက်လာသည်။ အဲ့ဒါက ဓာတ်ပုံလေးတစ်ပုံဘဲဆိုရင်တောင် မုရှောင်ယရဲ့ ရုတ်တရက် လက်ထပ်လိုက်တဲ့ အကြောင်းပြချက် အားလုံးကိုရှင်းပြနိုင်သည်။

ဖန်းဟော်ရဲ့ မျက်လုံးတွေထဲမှာတောင် အံ့သြမှုအပြည့်နဲ့ ဖြစ်သည်။ မုရှောင်ယသာ သူမကိုမနက်က ကြိုပြောထားတာ မဟုတ်ရင် သူမကဒီတောက်ပတဲ့လူငယ်ကို အော်တစ်ဇင် လူ တစ်ယောက်လို့ ထင်မှာမဟုတ်ဘူး။ တစ်စုံတစ်ယောက်က အတင်းပြောစရာတစ်ခုခုပြောရလျှင် ဤမျက်နှာ တစ်ခုတည်းကို အခြေခံ၍ လက်ထပ်ရကျိုးနပ်သည်။

မုရှောင်ယက ပိုင်ချွမ်းကြည့်ကောင်းတာကို အမြဲသိသည်။ ဒါပေမယ့် သူမလည်း သူဓာတ်ပုံစားတာကို ပထမဆုံးသိတာဖြစ်သည်။ ဓာတ်ပုံထဲတွင် ပိုင်ချွမ်းက ပေါ့ပေါ့ပါးပါးချည်သားအင်္ကျီကို ၀တ်ထားသည်။ သူ့ဆံပင်တွေက အနည်းငယ်ရှုပ်ပွနေကာ အခုမှအိပ်ယာထလာသလိုမျိုးပဲ။ သူကအလင်းရောင်ကို ကျောခိုင်းထားပြီး သူ့မျက်လုံးများက မှန်ဘီလူးမှတဆင့် သူမကိုကြည့်သလိုမျိုး ရှေ့ကို စူးစိုက်ကြည့်နေသည်။

လူတိုင်းက သူတို့ရဲ့သိချင်စိတ်တွေ ကျေနပ်သွားပြီးတဲ့နောက်မှာ မုရှောင်ယက သူမရဲ့ဖုန်းကိုပြန်ယူနိုင်ခဲ့သည်။ သူမကဓာတ်ပုံထဲမှာတောင် တိတ်ဆိတ်နေတဲ့ လူငယ်လေးကို ကြည့်လိုက်ပြီး ဓာတ်ပုံရဲ့ ညာဘက်အောက်ထောင့်က နံနက်စာကိုသတိပြုမိသွားသည်။

မျက်မှောင်ကြုတ်လိုက်ပြီး မုရှောင်ယက မက်ဆေ့ခ်ျ ပြန်လိုက်သည်။ 'ဒီဓာတ်ပုံထဲမှာ အရမ်းချောတယ်၊ မနက်စာစားဖို့သတိရပါ' 

'မနက်စာလား။ ' ပိုင်ချွမ်းက စိတ်ရှုပ်ထွေးစွာဖြင့်နောက်ဆုံးသူ့ရှေ့မှာ ထားခဲ့တဲ့ မနက်စာကိုသတိပြုမိသွားသည်။

ပိုင်ချွမ်း: 'အိုကေ'

သူမရဲ့ စာကိုပြန်ဖြေပြီးတဲ့နောက်မှာ ပိုင်ချွမ်းက စားပွဲဆီပြန်လာပြီး ဖြည်းဖြည်းချင်းစားလိုက်သည်။