ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
အပိုင်း ၁၄; ကတိပေးရန်
"မဟုတ်ဘူး နည်းနည်း ယားလို့ " မုရှောင်ယက လှည့်မကြည့်ရဲပေ။ ဒီအချိန်မှာ ခေါင်းကနေ ခြေဖျားအထိ ထူးထူးခြားခြား ခံစားနေရသည်။
သူမ တကယ်ပဲ သူ့ကိုယ်သူ ရှုံးသွားသည်။ သူမ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ မုရှောင်ယက ခေါင်းအုံးကို ကိုက်လိုက်သည်။ သူမကြည့်ရတာ ရုပ်ဆိုးပြီး မကျေမနပ်ဖြစ်နေသည်။
မုရှောင်ယ အဆင်ပြေတာကို ပိုင်ချွမ်း ကြားချိန်မှာ သူမကို သူ့လက်နဲ့မကူညီနိုင်စွာ ထပ်ထိမိလိုက်သည်။
မုရှောင်ယက ရုတ်တရက်ခုန်ထပြီး အော်လိုက်သည်။ "အဲ့နားကို မထိနဲ့"
“…” ပိုင်ချွမ်းက သူ့လက်ကို ပြန်ရုတ်လိုက်သည်။ ထိုအချိန်တွင် သူက မုရှောင်ယကိုသာ စိုက်ကြည့်နေသည်။
မုရှောင်ယ ရှက်သွားသည်။ သူမ တုံ့ပြန်မှုက အနည်းငယ်ကြီးမားသည်ကို သူမသိသော်လည်း သူမမှာ ဘာအမှားအယွင်းရှိမှန်း သူမသိပါ။ ပိုင်ချွမ်းရဲ့လက်ချောင်းတွေက သူမခါးကိုထိလိုက်တာနဲ့ သူမ မခံနိုင်တော့ဘူး။ မဟုတ်ဘူး၊ အဆင်မပြေဘူးလို့ ပြောလို့မရဘူး၊ ဆိုလိုတာက ခန္ဓာကိုယ်မှာ ထိန်းချုပ်လို့မရတဲ့ XXX ခံစားချက်ကို ခံစားခဲ့ရပြီး သူမကို အနည်းငယ် စိတ်မသက်မသာနဲ့ ရှက်စရာဖြစ်စေခဲ့သည်။
'ထူးဆန်းတယ်။ ငါ့ခါးက အရမ်းအကဲဆတ်တာကို ငါဘာလို့မသိတာလဲ။'
"ကိုယ်.....တောင်းပန်ပါတယ် " ပိုင်ချွမ်းက ပြင်းထန်ပြီး ကျယ်လောင်စွာအော်တက်တဲ့ မုရှောင်ယကို တစ်ခါမှ မတွေ့ဖူးဘူး။ အချိန်အတော်ကြာ နေပြီးနောက်မှာ တောင်းပန်ဖို့ သတိရလာသည်။
“မဟုတ်ဘူး၊ ရှင့်ကြောင့် မဟုတ်ဘူး၊ အဲဒါ… အရမ်းယားတယ်။ အဲဒီအချိန်မှာ ကျွန်မ မတက်နိုင်ခဲ့ဘူး " မုရှောင်ယက အမြန်ရှင်းပြလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်" ပိုင်ချွမ်းက တောင်းပန်နေတုန်းပဲ။
"ကျွန်မပြောတယ်လေ ရှင်နဲ့ဘာမှမဆိုင်ဘူးလို့ ရှင်အစောက ကျွန်မကိုနာအောင်မလုပ်လိုက်မိဘူး "
"အဲ့ဒါက အပြာရောင်"
"ဘာလဲ။" မုရှောင်ယ ပြန်မပြောခင်မှာ ခဏမျှ တုံ့ဆိုင်းသွားသည်။ ပိုင်ချွမ်းက သူမရဲ့ခါးအကြောင်းပြောနေတာဖြစ်သည်။ "အဆင်ပြေပါတယ် မနာပါဘူး ကျွန်မ အသားက အရမ်ဖြူတယ်။ ဒါကြောင့် အပြာရောင်ပြောင်းဖို့လည်းလွယ်တယ်။ နှစ်ရက်အတွင်း အဆင်ပြေသွားမှာ။ ”
ပိုင်ချွမ်းက ခေါင်းညိတ်ပြလာသော်လည်း သူ့စိတ်ထဲမှာ အနည်းငယ်ပြာနေသော အသားအရည်ကို မဖယ်ရှားနိုင်ပေ။ အပြာရောင်က မုရှောင်ယက ဖြူဖွေးနေတဲ့ ကျောပေါ်တွင် အလွန်တောက်ပနေသည်။
“ ကိုယ်… ကိုယ်…” ပိုင်ချွမ်းက သူ့အနေနဲ့ နောက်ဘယ်တော့မှ အဲ့လို ထပ်မရိုက်တော့ဘူးလို့ ပြောချင်ပေမယ့် ဒီကိစ္စက သူ့ထိန်းချုပ်မှု ကျော်လွန်သွားပြီဆိုတာ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ “အနာဂတ်မှာ ကိုယ့်ရဲ့အခြေအနေက ဖြစ်ပျက်လာမယ်။ ကိုယ့်အတွက်စိတ်မပူနဲ့"
မုရှောင်ယ သူ့အနားမှမရှိသရွေ့ သူမကို ထိခိုက်မည်မဟုတ်ပေ။
“ဟင့်အင်း ” မုရှောင်ယက ဒီကိစ္စကို စဉ်းစားဖို့ ငြင်းဆန်ခဲ့ပြီး သူမ ဆေးရုံတက်နေချိန်မှာ တစ်ခုခုပြောချင်ခဲ့သလိုမျိုးပဲ။
ပိုင်ချွမ်းက အံ့ဩသွားပြီး နားမလည်နိုင်စွာ ခေါင်းကို မော့လိုက်သည်။ မုရှောင်ယက သူ့တောင်းဆိုမှုကို ဘာလို့ ငြင်းလဲဆိုတာကို သူနားမလည်ပေ။ သူ စပြီးနေမကောင်းဖြစ်လာချိန်တွင် သူ့စိတ်ခံစားမှုနှင့် လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ပေ။ သူ မုရှောင်ယကို မထိခိုက်စေချင်ဘူး။ မုရှောင်ယ သူ့ကို မမုန်းစေချင်ဘူး။ မုရှောင်ယက သူ့အခြေအနေကို သည်းမခံနိုင်ဘဲ သူ့ကိုထားခဲ့မှာကို သူကြောက်သည်။
"ရှောင်ချွမ်း ရှင်ကျွန်မကိုဘာလို့ လပ်ထပ်ခွင့်တောင်းတာလဲ။" ပိုင်ချွမ်း နားမလည်တာကို မုရှောင်ယ သိတဲ့အတွက် စိတ်ရှည်ရှည်နဲ့ လမ်းညွှန်ခဲ့သည်။
"ဘာလို့လဲဆိုတော့ မင်းကို ကိုယ့်အဖော်ဖြစ်စေချင်လို့" ပိုင်ချွမ်းက ဒီမေးခွန်းကို မုရှောင်ယကို ဖြေခဲ့ဖူးသည်။
"ဟုတ်တယ်၊ လူတိုင်းက လက်တွဲဖော်လိုတယ်၊ လက်တွဲဖော်တွေက တစ်ယောက်နဲ့တစ်ယောက် တွဲဖက်ပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နိုင်ဖို့ပဲ " မုရှောင်ယက ပြောလိုက်သည်။ "တစ်ယောက်နဲ့တစ်ယောက်က ဘာကိုဆိုလိုတယ်ဆိုတာ ရှင်သိလား။ ဆိုလိုတာက တစ်ဖက်က ဒုက္ခရောက်ရင် တစ်ဖက်က ကူညီဖို့ ပေါ်လာတယ်။ ကျွန်မက ရှင့်ရဲ့အဖော်လေ။ နေမကောင်းတဲ့အချိန်မှာ ကျွန်မက ရှင့်ကို ဂရုမစိုက်ဘူးဆိုရင် ကျွန်မက ရှင့်ရဲ့အဖော်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူး။ အရည်အချင်းမရှိတဲ့ တွဲဖက်က မလိုအပ်ဘူး။ နောက်ဆုံး သူတို့က အခြားတစ်ယောက်ကို ကွာရှင်းသွားမှာဘဲ ရှင်ကျွန်မကို လမ်းခွဲချင်လား။ "
ပိုင်ချွမ်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းယမ်းလိုက်သည်။ ' သူမလိုချင်ဘူး သူမုရှောင်ယနဲ့ မကွာရှင်းချင်ဘူး '
"ရှင်မလိုချင်ဘူးဆို ရှင်ထပ်မပြောရဘူး။ " မုရှောင်ယက တောင်းဆိုခဲ့သည်။
“ဒါပေမယ့် … နေမကောင်းဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘူး။ ကိုယ် မင်းကို မထိခိုက်စေချင်ဘူး။" ပိုင်ချွမ်းက မုရှောင်ယကို မကွာရှင်းစေချင်သလို မထိလည်း မထိခိုက်စေချင်ပေ။ သူက ထိုရွေးချယ်မှုကို မရွေးချယ်ချင်ပေ။ သူနည်းနည်းစိတ်လှုပ်ရှားသွားပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ပိုင်ချွမ်းရဲ့ ရိုးရှင်းတဲ့ တွေးခေါ်မှု ဖြစ်စဉ်က၊ ကားတွေကို ရှောင်ဖို့ လမ်းဆုံလမ်းခွတွင် ပိတ်မိနေတဲ့ တိရစ္ဆာန်ငယ်လေးလိုပဲ သူက ဘယ်လမ်းကြောင်းကို သွားရမယ်ဆိုတာ မသိဘဲ၊ ကားတွေကို ရှောင်ဖို့ ဘယ်တုန်းကမှ ချည်နှောင်ခြင်း မရှိခဲ့ပေ။
"အသက်ပြင်းပြင်းရှူ အသက်ပြင်းပြင်းရှူလိုက် ရှောင်ချွမ်း စိတ်အေးအေးထား "ပိုင်ချွမ်းရဲ့ စိတ်ခံစားချက်က ရုတ်တရက် မှားသွားတာကို မုရှောင်ယ သဘောပေါက်သွားပြီး ထိတ်လန့်သွားသည်။ သူမရဲ့စကားတွေက ပိုင်ချွမ်းရဲ့ စိတ်ခံစားချက်ကို အရမ်းပြောင်းလဲသွားစေလိမ့်မယ်လို့ သူမမထင်ခဲ့မိဘူး။ ပိုင်ချွမ်းရဲ့ နာမည်ကို အော်ဟစ်ပြီး သူ့စိတ်ထဲက ပြန်ခေါ်ဖို့ ကြိုးစားပေမယ့် ပိုင်ချွမ်းကတော့ သူ့အသိစိတ်ထဲမှာ ပိတ်မိနေသည်။ မုရှောင်ယက အရင်က ဖွားဖွားပိုင်ရဲ့ ပုံစံကိုအတုယူဖို့ကလွဲပြီး ရွေးချယ်စရာမရှိချေ။ သူမက ပိုင်ချွမ်းရဲ့ ခေါင်းကို အတင်းဆုပ်ကိုင်ထားပြီး သူတို့နဖူးများကို ထိကာ မျက်လုံးများကို သူမကိုယ်တိုင်ကြည့်ဖို့ အတင်းအကြပ်လုပ်ခဲ့သည်။
" ရှောင်ချွမ်း အဲဒါ ရှောင်ယ ကျွန်မကိုကြည့်၊ ကျွန်မကိုကြည့်" မုရှောင်ယက ထပ်ခါထပ်ခါ အော်လိုက်သည်။ နောက်ဆုံး ပိုင်ချွမ်းက သူ့ရှေ့က ကောင်မလေးကို မှတ်မိနေပုံရပြီး သူ့အသက်ရှူသံက တဖြည်းဖြည်း ငြိမ်သက်သွားကာ သူ့ဗလာကျင်းပြီး စိုးရိမ်သောကရှိနေတဲ့ မျက်ဝန်းတွေက အာရုံပြန်ဝင်လာသည်။
" ရှောင်ယ ~~ " ပိုင်ချွမ်းက မုရှောင်ယရဲ့ နာမည်ကို ခေါ်လာတယ်။ သူ့ပါးပြင်က ချွေးများ စီးကျလာပြီး သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေသည်။
"ရှင့်မျက်လုံးတွေမှိတ်ထားပြီး စိတ်အေးအေးထား"
ပိုင်ချွမ်းက သူ့မျက်လုံးများကို နာခံစွာမှိတ်ထားပြီး မုရှောင်ယ နဖူးပေါ်၌ သူ့အလေးချိန်ကို ထိန်းထားလိုက်သည်။ ဤအချိန်တွင် သူက ထိတွေ့မှုနှင့် ၎င်းတို့ကြားရှိ အကွာအဝေးကို သဘောကျသည်။ သူအသက်ရှူလိုက်တိုင်းရတဲ့ မုရှောင်ယရဲ့ ရနံ့ကို နှစ်သက်သည်။ ဒါက သူ့ကို သက်တောင့်သက်သာ ခံစားရစေပြီး မောပန်းနွမ်းနယ်မှု မရှိတော့ပေ။
"ကိုယ်...ကိုယ်စိတ်ပျောက်လုနီးပါးဖြစ်သွားတာလား။"
အချိန်အတော်ကြာပြီးနောက်မှာ မုရှောင်ယက ပိုင်ချွမ်း အိပ်ပျော်သွားတယ်ထင်နေချိန်မှာ ပိုင်ချွမ်းက ရုတ်တရက် အသံထွက်လာသည်။ သူ့အသံက ပေါ့ပါးပြီး နှေးကွေးသည်။ စိုးရိမ်စိတ်တွေကနေ ကင်းဝေးသွားမှန်း သိသာထင်ရှားပေမယ့် သူ့စိတ်ခံစားချက်က သိပ်မကောင်းတော့ဘဲ နည်းနည်း စိတ်ဓာတ်ကျနေပုံရသည်။
မုရှောင်ယက အသက်ပြင်းပြင်းရှူရင်း လက်ကိုလွှတ်လိုက်ပြီး ပိုင်ချွမ်းကို တိုက်ရိုက်ကြည့်ခွင့်ပေးလိုက်ပြီး ပြုံးပြလိုက်သည်။
"ကြည့် အခု ရှင် ကျွန်မကို နာအောင်မလုပ်မိဘူး။" မုရှောင်ယက အံ့သြစွာပြောသည်။
“…” ပိုင်ချွမ်းက မုရှောင်ယကို စိုက်ကြည့်နေသည်။
"ရှင်မြင်လား အစောက ရှင်နေမကောင်းဖြစ်သွားပေမယ့် ရှင် ကျွန်မကို မထိခိုက်စေဘူးလေ။ " မုရှောင်ယက ဆက်ပြောလာသည်။ "ဒါက ရှင်စတင်ဖြစ်ပွားချိန်တိုင်း ရှင်ထိန်းချုပ်နိုင်စွမ်းမရှိတာကို ဆိုလိုတာပဲ။ ရှင်ကိုယ်တိုင် ထိန်းနိုင်တယ် မဟုတ်လား။ "
ပိုင်ချွမ်းက ဒီအတိုင်း နားထောင်ခဲ့သည်။ သူငယ်ငယ်လေးကတည်းက မှတ်ဥာဏ်ကောင်းသည်။ သူက ကိစ္စများစွာကို ဘယ်တော့မှ မမေ့တက်ပေ။ ဒါပေမယ့် သူစဥ်းစားလိုက်တိုင်း သူ့မှတ်ဉာဏ်က အလွန်မှုန်ဝါးလာသည်။ အရင်က သူ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ အစပြုခဲ့တာလား မမှတ်မိပေမယ့် သူ့မှာ အကြိမ်အနည်းငယ်သာ ရှိတော့မှာ မဟုတ်ရင် အဖွားက သိပ်စိတ်ပူမှာ မဟုတ်ဘူး။
“ဆေးရုံမှာတုန်းက အဲ့ဒီမီးအိမ်က ထူးထူးခြားခြား အသံကြောင့် အဲ့လိုလုပ်ခဲ့တာလို့ ပြောဖူးတယ်မလား ဒီဆူညံသံကြောင့် ခေါင်းကိုက်နေလား။ " မုရှောင်ယက ပိုင်ချွမ်း နှုတ်ဆိတ်နေတာကိုမြင်ပြီး စိတ်ရှည်စွာ ဆက်လက် လမ်းညွှန်ခဲ့သည်။
ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။
"ဒါဆို ရှင်အသံကြားတာနဲ့တင် ရှင်နာတာလား ဒါမှမဟုတ် အသံကြားပြီး ခဏကြာမှ ရှင်နာတာလား။ "
“အသံကြားပြီး ခဏကြာမှ ” ပိုင်ချွမ်းက လမ်းပျောက်ပြီး သူ ခံနိုင်ရည်ရှိဖို့ အမြဲကြိုးစားခဲ့ပေမယ့် ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိပါစေ နောက်ဆုံးတော့ စိတ်တွေ ပျောက်သွားသည်။
"ဒါဆို အသံကြားပြီး မီးတွေပိတ်ထားရင် ရှင်နာလာသေးလား။ " မုရှောင်ယက မေးလိုက်သည်။
ပိုင်ချွမ်း ခေါင်းယမ်းလိုက်သည်။
“ဒါက ဖြေရှင်းချက်ပဲ။ အနာဂတ်မှာ ရှင့်အတွက် မီးတွေပိတ်ပေးမယ်" မုရှောင်ယက ပြောလာသည်။
ပိုင်ချွမ်းက မုရှောင်ယကို တိတ်ဆိတ်စွာ ကြည့်နေသည်။
"ရှောင်ချွမ်း ကတိတစ်ခုပေးရအောင်" မုရှောင်ယက ပြောလာသည်။ "ကျွန်မ ရှင့်ကိုမကွာရှင်းချင်ဘူး၊ ရှင်က ကျွန်မကိုမထိခိုက်စေချင်ဘူး ဟုတ်တယ်မလား။ "
“အင်း” ပိုင်ချွမ်းက လေးနက်စွာ ခေါင်းညိတ်လာသည်။
“ဒါဆို ကျွန်မတို့ ကတိတစ်ခုလုပ်ထားရအောင်။ အနာဂတ်မှာ အဆင်မပြေရင် ချက်ချင်းပြောရမယ်။ နောက်ပြီး မီးအိမ်က ထူးထူးခြားခြား အသံထွက်ရင် ရှင့်အတွက် ကျွန်မပိတ်ပေးမယ်။ မပြင်နိုင်တဲ့ တခြားအရာတွေရှိရင် ရှင့်ကို ခုနက ကျွန်မလုပ်ခဲ့သလိုပဲ ကျွန်မ ရှင့်ကို ထိန်းထားမယ်၊ ဒါဆို ရှင်နာမှာမဟုတ်ဘူး။ " မုရှောင်ယက မျှော်လင့်ချက်အပြည့်နဲ့ပြောလာသည်။ "Ok?"
"မင်း ကိုယ့်ကို မမုန်းစေချင်ဘူး " ပိုင်ချွမ်းက ခက်ခက်ခဲခဲ ပြောလိုက်သည်။
"ရှင့်ကို ဘာလို့မုန်းမယ်ထင်တာလဲ။ " မုရှောင်ယ နားမလည်ဘူး။ ပိုင်ချွမ်းက သူ့ကိုမုန်းမယ်လို့ ဘာကြောင့်ထင်တာလဲ။ သူမ မုန်းမယ်လို့ပြောခဲ့တာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။
"အဖွားကပြောတယ်..." ပိုင်ချွမ်းက ပြောပြလာသည်။ "လူတိုင်းက ငါ့အခြေအနေကို အကန့်အသတ်မရှိ သည်းမခံနိုင်ဘူး။ ဒါကြောင့် ငါ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားပြီး တခြားသူတွေက ငါ့ကို မမုန်းအောင် ကြိုးစားရမယ်။ ဒီနည်းနဲ့ သူထွက်သွားပြီးရင် ငါ တစ်ယောက်တည်း နေနိုင်လိမ့်မယ်။ ဒီနည်းနဲ့ ငါ့မှာ အဖော်ရှိလာပြီးရင်လည်း ငါ့တွဲဖက်က ငါ့ကိုမုန်းမှာ မဟုတ်ဘူး။ "
သူလက်ထပ်ခွင့်တောင်းချိန်ကနဲ့ နှိုင်းယှဉ်ပါက ပိုင်ချွမ်းက စကားကိုကောင်းကောင်းပြောလာပေမယ့် မုရှောင်ယ အလွန်စိတ်မသက်မသာဖြစ်စေသည့် တိကျပြတ်သားသောပုံစံဖြင့် ပြောဆိုခဲ့သည်။
"မင်းငါ့ကို မမုန်းစေချင်ဘူး။ အရင်ကလို အချိန်အကြာကြီး လျစ်လျူရှုထားမှာကို ငါကြောက်တယ်"
မုရှောင်ယက သူမရဲ့ ချဉ်လာနေတဲ့ နှာခေါင်းကို ကိုင်ကာ "ကျွန်မ ရှင့်ကို ဘယ်တုန်းက အကြာကြီး လျစ်လျူရှုခဲ့တာလဲ။ " လို့ မေးလိုက်သည်။
"ငါ အထက်တန်းကျောင်းပြီးချိန်မှာ" ပိုင်ချွမ်းက ပြောလာသည်။ "အဲဒီနေ့က မင်းငါ့အိမ်ကိုလာတော့ ငါနေမကောင်းဘူး အဖွားက မင်းကိုပြန်သွားခိုင်းတယ်။ ပြီးတော့ မင်းနွေရာသီတစ်ခုလုံး မပေါ်လာတော့ဘူး နောက်ပိုင်း ကောလိပ်တက်တဲ့အခါလည်း တစ်ခါတစ်လေမှ လာလည်တယ်”
မုရှောင်ယ သတိရမိသည်မှာ ထိုနေ့က ကောလိပ်ဝင်ခွင့် စာမေးပွဲရမှတ်များ ထွက်လာသည့်နေ့ဖြစ်သည်။ သူမက အထူးကြိုးစားလေ့လာခဲ့ပြီး အမှတ်ကောင်းကောင်းရခဲ့သည်။ သူမမိဘတွေက အရမ်းပျော်ပြီး အတန်းဖော်တွေနဲ့ ခရီးသွားဖို့ ပိုက်ဆံ ပေးလိုက်သည်။ ထိုနေ့တွင် သူမက ပိုင်ချွမ်းကို သတင်းကောင်းပြောပြဖို့ ပြေးသွားခဲ့သည်။ စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ရတဲ့ အကြောင်းရင်းတစ်ဝက်ကတော့ ပိုင်ချွမ်းက သူမကို အဓိကအချက်တွေကို အကျဉ်းချုံးပြီး ကူညီပေးလို့ပဲ။
ဒါပေမယ့် ထိုနေ့က တံခါးဝသို့ ရောက်သောအခါ အတွင်း၌ ထူးဆန်းသော အသံတစ်ခု ကြားလိုက်ရသည်။ ထို့နောက် ဖွားဖွားပိုင်က ထွက်လာပြီး ပြန်သွားခိုင်းသည်။ သူမ သိပ်မတွေးတော့ဘဲ ထွက်သွားသည်။ ထို့နောက်တွင် သူမက စေတနာ့ဝန်ထမ်းအလုပ်၊ ခရီးထွက်ခြင်း၊ ဆွေမျိုးများထံ သွားရောက်တာနဲ့ ကျောင်းတက်ဖို့ ပြင်ဆင်ခြင်းများဖြင့် အလုပ်များခဲ့သည်။ သူမတွင် အလွန်အလုပ်များသော နွေရာသီအားလပ်ရက်ရှိခဲ့သည်။
ကောလိပ်သို့ရောက်သောအခါ ကျောင်းဝင်းတွင် နေထိုင်ခဲ့သည်။ ပိုကြီးသော စက်ဝိုင်းတစ်ခုနှင့် သူမ သင်ယူလိုသော အရာများနှင့်အတူ၊ သူမက ပြန်သွားဖို့အချိန်နည်းလိမ့်မည်။ 'ရံဖန်ရံခါ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ပြန်သွားတဲ့အခါလည်း အဆောတလျင် လမ်းလျှောက်ထွက်ပြီး အချိန်ရသလောက် အဖွားပိုင်အိမ်ဆီ ဘယ်တော့မှ မပြေးသွားဖြစ်တော့ဘူး '
"တောင်းပန်ပါတယ်။" မုရှောင်ယက သူမသေဆုံးချိန်တွင် ပြောခဲ့သည့် ဖွားဖွားပိုင်ရဲ့ စကားများကို ရုတ်တရက် သတိရသွားသည်။
"ရှောင်ယ ရှောင်ချွမ်းရဲ့ကမ္ဘာက သေးသေးလေးဖြစ်ပြီး သူ့ကိုယ်သူဘဲ ထိန်းထားနိုင်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို သူ့နှလုံးသား ဖွင့်ပြလိုက်တဲ့အခါ အဲဒီလူက သူ့ကမ္ဘာကြီးတစ်ခုလုံး ဖြစ်သွားလိမ့်မယ်"
ဒါကြောင့် သူမကို သူ့စိတ်ပျော်ရွှင်မှုအပြည့်ဖြင့် သူ့ကမ္ဘာထဲ ကြိုလိုက်သောအခါတွင်၊ သူမသည်လည်း ပိုင်ချွမ်း ကမ္ဘာကို စွန့်ခွာပြီး ထိုနေရာတွင် တစ်ယောက်တည်းထားခဲ့လေသည်။
မုရှောင်ယက သူမအပြစ်မဟုတ်မှန်းသိသည်။ ဘယ်သူကမှ တခြားသူရဲ့ကမ္ဘာ မဖြစ်သင့်သလို ဘယ်သူကမှ တခြားလူနဲ့ တွဲမမွေးသင့်ဘူး။ ဒါပေမယ့် ပိုင်ချွမ်းက သူ့ကမ္ဘာမှာ တစ်ယောက်တည်းထိုင်ပြီး သူမပြန်လာတာကို စောင့်မျှော်နေသမျှ ကာလပတ်လုံး သူမ ဝမ်းနည်းသလို ခံစားပြီး မသက်မသာ ငိုချင်လာသည်။
ဤဘဝတွင် သူမက ပိုင်ချွမ်းကို လေးနှစ်စောင့်ခိုင်းပြီးနောက် သူမပြန်လာခဲ့သည်။ ဒါပေမယ့် သူမနောက်ဆုံးဘဝတွင် သူမက ပိုင်ချွမ်းကို ရှစ်နှစ်ကြာအောင် စောင့်ခိုင်းခဲ့ပြီး နောက်ဆုံးတွင် သူ့ကမ္ဘာဆီ ပြန်မသွားနိုင်ခဲ့ပေ။
"မငိုနဲ့ " ပိုင်ချွမ်းက မုရှောင်ယ မျက်ရည်များကို သူမမျက်နှာမှ သုတ်လိုက်သည်။
"ရှောင်ချွမ်း ငါမလုပ်ဘူး " မုရှောင်ယက ပိုင်ချွမ်း ရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ပြောလာသည်။ "ငါ နင့်ကို ကတိပေးတယ်၊ နင့်ရဲ့ အခြေအနေကြောင့် ငါမုန်းမှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် နင့်ကို မထားခဲ့ဘူး"
“အင်း ” ပိုင်ချွမ်းက ဝမ်းသာအားရနဲ့ ခေါင်းလေးညိတ်ပြလိုက်သည်။ မုရှောင်ယ ပြောတာကို သူယုံတယ်။ သူမပြောသမျှကို ကျေကျေနပ်နပ်ကြီး ယုံချင်သည်။
"နောက်ပြီး ရှင် အဆင်မပြေတဲ့အခါတိုင်း ကူညီပေးပါ့မယ်လို့ ကတိပေးတယ် "
“အင်း ” ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည် ။' ရှောင်ယက သူ့အခြေအနေကြောင့် သူ့ကို မုန်းမှာ မဟုတ်ဘူး၊ ဒါကြောင့် သူ့ကို တားဆီးဖို့ ကြိုးစားမယ်'
"ကောင်းပြီ လက်သန်းချင်းချိန်ရအောင်။ " မုရှောင်ယက သူမ လက်ချောင်းကို မြှောက်ထားလိုက်သည်။
မုရှောင်ယ လက်ချောင်းလေးကို ကြည့်ပြီး ပိုင်ချွမ်းရဲ့အပြုံးက တဖြည်းဖြည်း ကြီးမားလာသည်။ သူတို့ ပထမဆုံးစတွေ့တုန်းက မုရှောင်ယက အဖွားခြံထဲက ပန်းတစ်ပွင့်ကို မတော်တဆ နင်းမိသွားတာကို သူ သတိရသွားသည်။ သူမက အဖွားကိုမပြောဖို့နဲ့ သူ့ကိုမလှုပ်ဖို့ ပန်းရောင်ကတိတစ်ခုပြုဖို့ အတင်းအကျပ်လုပ်ခိုင်းခဲ့သည်။ မုရှောင်ယက သူ့လက်ချောင်းကို အတင်းဆွဲယူလိုက်သည်။
"မပြောဘူးလို့ ကတိပေးမှာလား။ "
နှစ်ရက်အကြာတွင် ပန်းပွင့်ကပြန်ထွက်လာသဖြင့် အဖွားက သတိမထားမိတာကြောင့် သူ မပြောခဲ့ပေ။
“နင့်စကား နင်ထိန်းထား။ နောက်ကျ သူငယ်ချင်းဖြစ်ကြရအောင်" ထို့နောက် မုရှောင်ယက သူနဲ့ တစ်ဖက်သတ် သူငယ်ချင်းဖြစ်သွားသည်။
“ကတိ ” ဤတစ်ကြိမ်တွင် ပိုင်ချွမ်းက မုရှောင်ယ လက်ချောင်းကို ချိတ်ဖို့ အစပြုခဲ့သည်။
ယခုတစ်ကြိမ်တွင် မုရှောင်ယဘက်ကဘဲ တစ်ဖက်သတ် ကတိကဝတ်မရှိတော့ပေ။